သတင်းတွေပြန့်ရင် ပြန့်ပါစေ
Vol. 3 Ch. 37
လင်းဖန်ရဲ့ ဆိုင်လေးဟာတော့ ဘာအလုပ်မှမရှိပါဘူး။
လင်းဖန် သူ့ရဲ့ ဝိုက်ဘို(weibo) ဆော့ဝဲလေးကိုဖွင့်ကြည်လိုက်တဲ့အချိန်မှာ သူကိုမုန်းတီးတဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်နေကြတဲ့ လူပေါင်းများစွာကို တွေ့လိုက်ရသည်။
သူတို့ပိုပြီး မယုံကြည်လေလေ ၊ အဆုံးသတ်ကျရင် ပိုပြီးအံ့သြစရာ ကောင်းလေလေပါပဲ...
ကိုယ်အလုပ်ကို ဆက်လုပ်ရမှာပဲ..
အဲ့အချိန်မှာပဲ လူလိမ်ထျန်ဟာဆိုင်အပြင် ဘက်မှာ ခါးကိုလှည့်ကာ ကိုယ်ခံပညာလေ့ကျင့်နေတာကို တွေ့လိုက်ရပါတယ်။
လင်းဖန်အတွက်ကတော့ လူလိမ်ထျန်ဟာ အမှန်တကယ်မတတ်ပဲ ဟန်ပြနေတယ်လို့သာ တွေးလိုကိပါတယ်။
"လူလိမ်ထျနိ ခင်ဗျား ဘာလုပ်နေတာလဲ?"
လင်းဖန် ဟာမေးလိုက်သည်။
"ကိုယ်ခံပညာ လေ့ကျင့်နေတာလေ"
လူလိမ်ထျန် ဟာလင်းဖန်ကို ပြန်တောင်မကြည့်ပဲ ပြန်ဖြေလိုက်ပါတယ်။သူ့မျက်နှာဟာ ခက်ထန်နေပြီး၊ သူ့ပုံစံဟာ ပုံမှန်အချိန်နဲ့ အတော်ကွဲပြားနေခဲ့ပါသည်။
"ဟမ့် ခင်ဗျားကလား?"
ဘယ်လောက်တောင် စောက်ကျိုးနဲတဲ့ အရာလဲ?လူလိမ်က ကိူယ်ခံပညာလေ့ကျင့်ပြီး ဘာလုပ်ဖို့လဲ.......?
လူလိမ် ထျန်ဟာ ပြုံးလိုက်ပြီး လင်းဖန်ရှေ့မှာ ကိုယ်ခံပညာ စတိုင်တစ်မျိုးကို ဖော်ထုတ်ပြလိုကိပါတယ်။
"သုံးဆယ် ထျန် ကဒီမှာပဲ"
လင်းဖန် တစ်ခုခုထပ်ပြောဖို့လုပ်လိုက်တဲ့ အချိနိမှာပဲ ကောင်လေးတစ်ယောက်ဟာ ပြတင်းပေါက်တစ်ခုကနေ ခိုးကြောင်ခိုးဝှက် ထွက်လာတာ တွေ့လိုက်ရပါတယ်။ကောင်လေးဟာ သူ့ကိုသူ အားတင်းပြီး လင်းဖန်ရဲ့ ဆိုင်လေးဆီကို လျောက်လာနေခဲ့သည်။
"သူဌေး ကျွန်တော် ဗေဒင်တွက်ချင်လို့"
ကောင်လေးဟာ အသက် ၁၁ ၊ ၁၂ နှစ် ခန့်သာရှိပါသည်။
"မင်းက ဘာသိချင်တာလဲ?"
လင်းဖန်ပြုံးလိုက်ပြီး စိတ်ဝင်စားစွာမေး လိုက်သည်။
"ကျွန်တော် မနက်ဖြန် စာမေးပွဲဖြေရမှာ၊ အဲတာ ခိုးချပြီး ဖြေမလို့။ကျွန်တော် သိချင်တာက မနက်ဖြန် အဖမ်းခံရနိုင် လားဆိုတာပဲ"
ကောင်လေးဟာ ရှင်းပြလိုက်ပါတယ်။
လင်းဖန်ဟာ မထင်ထားစွာပဲ အံ့သြသွားခဲ့ပါတယ်။သို့ပေမဲ့ ဒီလိုကိစ္စက သူ့အတွက် အသေးအမွှားလေးပါ။
""သူဌေး ကျွန်တော် ဖမ်းခံရနိုင်လား?"
လင်းဖန်ဟာ အလျင်အမြန်ပဲ ကောင်လေးကို ကြည့်ပြီး အချက်အလက်တွေ ကြည့်လိုက်ပါတယ်။သို့ပေမဲ့ ရလာဒ်က ကောင်လေးလိုချင်တဲ့ အတိုင်း မဟုတ်ပါဘူး။
"မင်းအဖမ်းခံရမှာ သေချာတယ်၊ မင်းငါကို မယုံဘူးဆိုရင်တော့ ကြိုးစားကြည့်ပေါ့"
လင်းဖန်ဟာ အနည်းငယ်ရယ်မောပြီး ဖြေပေးလိုကိပါတယ်။
ကောင်လေးဟာ ကြည့်ပြီး လင်းဖန်ကိုပြောလိုက်သည်။
"ကြည့်ရတာ ကျွန်တော် နောက်တစ်ကြိမ်ပြန်လာရတော့မယ် ထင်တယ်"
ယင်းနောက် ကောင်လေးဟာ သူ့အိပ်ကပ်ထဲမှ ဒေါ်လာ ၅၀ ထုတ်ကာ စားပွဲခုံပေါ်တင်လိုက်ပါတယိ။
"ပိုက်ဆံ ပြန်ယူသွားကောင်လေး ၊ မင်းကိုအလကား ဟောပေးလိုက်တာ"
လင်းဖန် ဒေါ်လာ ၅၀ ကိုမြင်တဲ့အချိန်မှာ အနည်းငယ်အံ့သြသွားခဲ့ ပါသည်။
ကောင်လေးက ချမ်းသာလှချည်လား....
ကောင်လေးဟာ လက်ကို ဝှေ့ယမ်းလိုက်ကာ လင်းဖန်ကို ပြန်ဖြေလိုက်သည်။
"မလိုအပ်ပါဘူး၊ ဒါက ပမာဏ သေးသေးလေးပဲလေ"
လင်းဖန်ဟာ အဝေးကို တဖြည်းဖြည်းရောက်သွားတဲ့ ကောင်လေးရဲ့နောက်ကျောကို မျက်တောင် မခတ်ပဲကြည့်နေခဲ့ပါတယ်။ခနအကြာမှ သူစတင်ပြီး ရယ်မောလိုက်သည်။
"ဒီနေ့ခေတ်ကောင်လေး တွေက ပိုက်ဆံချမ်းသာနေကြပါလား၊ ငါတို့ ကျောင်းရှေ့မှာ ဆိုင်သွားဖွင့်ရင်တောင် ကောင်းမယ် ထင်တယ်။ပိူက်ဆံ လိမ်စားလို့ ရတယ်"
လူလိမ် ထျန်ဟာ အနည်းငယ်ပြုံးကာ ပြောလိုက်ပါတယ်။
"အကြံကောင်းပဲ"
လင်းဖန်လညိး ထောက်ခံစွာ ပြောလိုက်ပါသည်။
..........
ညအချိန်အခါ။
ချန်ရှင်းယီနဲ့ လျိုဒန် နှစ်ယောက်စလုံးဟာ အောင်မြင်မူ အတွက် အောင်ပွဲခံပြီးမှ ပြန်လာခဲ့ကြပါတယ်။အထူးသဖြင့် လျိုဒန်ဟာ စိတ်လှုပ်ရှားမူကို မထိန်းနိုင်သေးပါဘူး။
"ရှင်းယီ ဒီနေ့က ငါတို့ရဲ့အောင်မြင်မူကြီးမားတဲ့
နေ့တစ်နေ့ပဲ။ပထမဆုံး ငါ ဒါရိုက်တာနဲ့ငြင်းခုံတဲ့ အချိန်တုန်းကဆို ကုမ္ပဏီရဲ့ အပြစ်ပေးခံရဖို့တောင် တွေးပြီးသွားပြီ၊ စူပါစတား အိပ်မက်ကိုလည်း ငါမေ့ထားလိုက်ပြီးပြီ သိရဲ့လား.."
လျိုဒန်ဟာ ဒီလိုမျိုးကြီးမားတဲ့ ပြောင်းလဲမူကြီးဖြစ်သွားလိမ့်မယ် လို့မထင်ထားခဲ့ပါဘူး။ဒီအင်တာဗျူး အတွက် ကုမ္ပဏီဟာအတော်ကြိုးစားထားရ တာပါ။
သူမစိတ်ခံစားချက် ကိုမထိန်းနိုင်ပဲ ဒါရိုက်တာနဲ့ ငြင်းခုံတုန်းက ဆိုရင် အဆိုးဆုံး အခြေနေထိတောင် ပြင်ဆင်ထားပြီးပါပြီ။
ဒါပေမဲ့ ဆရာမ ထာအို အကုန်လုံးကို မြင်နေလိမ့်မယ်လို့ဘယ်သူမှ မထင်ထားမိခဲ့ပါဘူး။
အခုချိန်မှာ ဒီအဖြစ်အပျက်တွေဟာ သူမရဲ့ဦးနှောက်ထဲမှာ လတ်ဆတ်နေတုန်းဖြစ်ပြီး သူမမေ့ချင်ရင်တောင် မေ့လို့မရနိုင်သေးပေ။
"နားထောင် ရှင်းယီ၊ ဆရာမ ထာအို လာတဲ့အချိန်မှာ ဟွာလုဟို ရဲ့မျက်နှာက ဖြူဖျော့သွားတာပဲ။အထူးသဖြင့် ဆရာမ ထာအို အဲ့ကောင်ကို လက်ညိုးထိုးပြီး ပြောတုန်းကဆို ပိုဆိုးသေး"
လျိုဒန်ဟာ မြိန်ရေယှက်ရေ ပြန်ပြောပြနေခဲ့ပါတယ်။သူ့တို့နှစ်ယောက်လုံး အဖြစ်အပျက်တွေကို အတူတူမြင်ခဲ့တယ်ဆိုတာ မေ့သွားတဲ့ပုံပါပဲ။
သူမဟာ ဆရာမ ထာအိုရဲ့ အမူအရာအတိုင်းတောင် လိုက်ပြီး တုပြောနေခဲ့ပါတယ်။
"ဟွာလုဟို ၊ နင်ငါ့ရှေ့က အခုထွက်သွားစမ်း။ငါ့ ဝတ္ထုတွေက နင့်လို လူလိမ်ကောင်နဲ့ မထိုက်တန်ဘူး"
လျိုဒန်ဟာ လက်ညိုးကို ထိုးလိုက်ပြီး ဆရာမ ထာအိုရဲ့ လေသံနဲ့ အမူအရာ အတိုင်း ပြောနေခဲ့သည်။
"ကောင်းပြီ ကောင်းပြီ ၊ လျိုဒန် ဆရာမ ထာအိုက ငါတို့ရဲ့ အလားအလာကို အကြည့်တစ်ချက်နဲ့တင်တွေ့သွားခဲ့တယ်၊ နောက်ဆိုရင် ငါတို့ အဓိက ဇာတ်ဆောင်တွေတောင် ဖြစ်နိုင်တယ်နော်"
ချန်ရှင်းယီ ဟာပြောလိုကိပါတယ်။
"ဒါပေမဲ့ ငါလက်မခံနိုင်ပါဘူး။နင်က အဓိကနေရာမှာ သရုပ်ဆောင်ပြီး ငါက ဒုတိယ ဇာတ်ဆောင်နေရာ ကနေပဲ သရုပ်ဆောင်ပါ့မယ်။နင့်လို နတ်ဆိုး မိန်းကလေးကို ငါဘယ်လိူ ကျော်လွားနိုင်ပါ့မလဲ ကွယ်"
လျိုဒန်ဟာ စနောက်ပြီး ပြောလိုကိပါတယ်။
"နင်ဘာတွေ ပြောနေတာလဲ၊ နင်တစ်နေ့လုံး သောက်လိုက်စားလိုက် လုပ်နေပြီးတော့ ပိုက်ဆံရှင်းတဲ့ အချိန်ကျ ငါဘဲရှင်းရတာလေ။ဒါကို ဆရာမ ထာအိုတောင် ပြောတယ်။နင့်ရဲ့ အကျင့်စရိုက်ကိုက ဒုတိယ ဇာတ်ဆောင်နေရာ နဲ့ ကွတ်တိ ပဲတဲ့"
ချန်ရှင်းယီ ဟာပြောလိုက်သည်။
"အာ အောင်မြင်တာ ၊ ကျရှုံးတာက ကံတရားအပေါ်မှာပဲ မူတည်တာလေ။ဘာလို့ ငါရဲ့ အကျင့်စရိုက်က ဒုတိယ ဇာတ်ဆောင်နေရာ နဲ့တူရမှာလဲ၊ တကယ်တော့ အဓိက ဇာတ်ဆောင် စရိုက်နဲ့ တူနေရမှာ"
လျိုဒန်ဟာ မပျော်ရွှင်စွာပြောလိုက်ပါတယ်။သူမဟာ မမျှမတ ဆက်ဆံခံရသလို ခံစားလိုက်ရပါသည်။
"ဟားဟား ဒါတွေက ဘုရားသခင် အလိုတော်အတိုင်းပဲ နင်ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"
ချန်ရှင်းယီ ဟာပြောလိုက်ပြီး ရုတ်တရက် လျိုဒန်ရဲ့ ခါးကို ကိုင်ကာ လှန်လိုက်ပါတယ်။
"နင်ဘာလုပ်တာလဲ ရှင်းယီ ၊ ငါကို လန့်ပြီးသေသွားအောင် ကြံစည်နေတာလား"
လျိုဒန်ဟာ ထခုန်ပြီးတော့ ပြောလိုက်ပါတယ်။
"မာစတာ လင်း"
ချန်ရှင်းယီ ရဲ့အသံဟာ တစ်ခုခုကို သတိရပြီး လေးနက်သွားခဲ့သည်။ယင်းနောက် သူမဟာ လျိုဒန် ပြန်ဖြေတာတောင် မစောင့်တော့ပဲ ဖုန်းကို ထုတ်ကာ ဝိုက်ဘို ဆော့ဝဲကို ဖွင့်လိုက်ပါတယ်။
ချန်ရှင်းယီဟာ မာစတာ လင်းရဲ့ အကောင့်ကို မြင်လိုက်တဲ့ အချိန်မှာ အနည်းငယ် ကြောင်အသွားခဲ့ပါတယ်။
"လျိုဒန် ကြည့်လိုက်ဦး"
"ဘာဖြစ်လို့လဲ ..ဒါပေမဲ့ မာစတာလင်း ဟောတာတွေက အမှန်တကယ် တိကျ..တယ်နော်.."
လျိုဒန်ဟာ မာစတာလင်းရဲ့ ဝှိုက်ဘို အေကာင့်ကို မြင်လိုက်တဲ့ အချိန်မှာ အံ့သြလွန်းလိူ့ ပါးစပ်တောင် ပြန်မစေ့နိုင်တော့ပေ။
"မာစတာ လင်းက သူ့ ဝိုက်ဘို အကောင့်ကို ဒီလောက်လူတွေ အများကြီး ဝိုက်ပြီးတိုက်ခိုက်အောင် ဘယ်လိုစောက်ကျိုးနဲ ကိစ္စတွေ လူပ်ထားလို့လဲ"
လျိုဒန်ဟာ တစ်ခြားကိစ္စတွေ ဂရုမစိုက်တော့ပဲ မှတ်ချက်တွေ ကိုလိုက်ဖတ်ကြည့်လိုက်ပါတယ်။
"ငါကြည့်ရအောင်"
"ရှင်းယီ ငါသိပြီ၊ မာစတာလင်းက ဆယ်လီတွေအများကြီးရဲ့အောက် မှာ မကောင်းတာဖြစ်မယ့် မှတ်ချက်တွေ ထားခဲ့တယ်၊ ဒါကြောင့်သူတိုက်ခိုက် ခံနေရတာ"
"ကြည့် ဒီဘောလုံး စတားက မာစတာ လင်းကို ပြန်ဆဲ နေတယ်"
"ဒီ ကျို့လီယွန် က တရုတ်ဖက်ရှင် ရက်သတ္တပတ်မှာ ပါဝင်မှာလေ။သူမက မာစတာ လင်းရဲ့ မှတ်ချက်ကို ရီပို့တင်လိုက်ပြီး လူသိများသွားတာ ထင်တယ်"
ချန်ရှငိးယီ နဲ့ လျိုဒန်ဟာ ဘာလုပ်ရမလဲဆိုတဲ့ အမူအရာနဲ့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပါတယ်။
"မာစတာ လင်းကဘယ်နှစ်ယောက်ရဲ့ ကံကြမ္မာကို လိုက်ဟော ခဲ့တာလဲ မသိဘူ"
"အထူးသဖြင့် ချန်ယုဖန် ရဲ့ မတော်တဆ ဖြစ်မယ် ဆိုတာ။ဒါက သူပြသနာ ရှာခံမှာ ကျိန်းသေတဲ့ ကိစ္စပဲ"
ချန်ရှင်းယီနှစ်ယောက်ဟာ ဆွံ့အနေခဲ့ပါတယ် တကယ်တော့ သူမတို့ မာစတာလင်းကို ကျေးဇူးတင်စကားပြောချင်ကြတာပါ။
သို့ပေမဲ့ လက်ရှိအခြေအနေက သိပ်ပြီးတော့ အဆင်မပြေပါဘူး။
"ရှင်းယီ လောလောဆယ်က သိပ်ပြီး အခြေနေမကောင်းဘူးနော် နင်သာ အခုချိန်သွားပြီး ကျေးဇူးတင်စကား ပြောလိုက်ရင် နင့်ကိုပါ ဝိုငိးပြီး တိုက်ခိုက်ကြလိမ့်မယ်၊ နင်သီးသန့် စာပဲပို့ရင် ပို့လိုက်"
လျိုဒန်ဟာ ပြောလိုက်သည်။
"ကောင်းပြီလေ"
ချန်ရှင်းယီ ဟာ သဘောတူစွာနဲ့ ခေါင်းညိမ့်လိုက်ပါတယ်။
အင်းတာနက်ပေါ်မှာ တစ်စုံတစ်ယောက်ဟာ လုပ်ချင်တာ လုပ်လို့ရပါတယ်။ဒါပေမဲ့ လုပ်လို့မရတာ တစ်ခုက အင်တာနက် အသုံးပြုကြတဲ့ လူအုပ်ကြီး ကို သွားမဆွမိဖို့ပါ။
ချန်ရှငိးယီ ရဲ့အမြင်မှာတော့ လင်းဖန်ရဲ့ မှတ်ချက်တွေဟာ လူအုပ်ကြီးကို သွားဆွ သလိုဖြစ်နေပေမဲ့ လည်း သူမ လင်းဖန်ကို ယုံကြည်ပါသေးသည်။
.......
အိမ်ထဲတွင်။
လင်းဖန်ဟာ ဝိုက်ဘို ဆော့ဝဲကို ကြည့်နေခဲ့သည်။သူ့ရဲ့ ဝိုက်ဘို အကောင့်ထဲရှိ မှတ်ချက်တွေကို ဖတ်နေတာ အချိန်အတော် ကြာနေပါပြီ။
အထူးသဖြင့် အကောင့်ပိုင်ရှင်
-ဆောင်းဦး ဓားနဲ့ငါးသတ်တဲ့ကောင်လေး ဟာ
သူ့မှတ်ချက်အပေါ် အတော်ဒေါသ ထွက်နေတာ တွေ့ရပါတယ်။
သီးသန့် စာပို့သည့်နေရာတွင်။
ဆောင်ဦးဓားနဲ့ ငါးသတ်တဲ့ကောင်လေး
"ခွေးသား မာစတာ တိုက်ခိုက်ကြရအောင်ကွာ၊ ငါမင်းကို ငါ့ရဲ့ ခွန်အားတွေပြပေးမယ်၊ မင်းကစောက်ခြောက်ပဲ"
ဆောင်းဦး ဓားနဲ့ ငါးသတ်တဲ့ကောင်လေး
"ငါမင်းကိုပြောလိုက်မယ် အကုန်လုံးက အခုမင်းအကောင့်ကို သိနေပြီ ၊ မင်းရဲ့ ဝိုက်ဘို အကောင့်တော့ ဇာတ်သိမ်းပြီ"
ဆောင်းဦးဓားနဲ့ ငါးသတ်တဲ့ကောင်လေး
"မင်းလုပ်နိုင်တာက ငါကို စိန်ခေါ်ပြီး ထိုးဖို့ပဲ မင်းကိုငါ မသေမရှင် ဖြစ်အောင်လုပ်ပြမယိ"
........
ဆောင်းဦးဓား ဟာ သူ့ကို စုစုပေါင်း သီးသန့် စာစောင် ၃၀ လောက် ပေးပို့ခဲ့ပါတယ်။
လင်းဖန် ထပ်ပြီး သည့်မခံနိုင်တော့ ပါဘူး၊ဒီခွေးသား ရဲ့မျက်နှာကို သူဖြတ်ရိုက်ချင်နေခဲ့ပါပြီ။သူပိုပြီး အာရုံစိုက်မိလေ ပိုပြီးစော်ကားခံရသလို ခံစားရလေပါပဲ။
သူထပ်ပြီး ဆက်ဖတ်နေရင် ထပ်ပြီး စော်ကားခံရဦးမှာပါ။
ဒီခွေးသား ငါ့ရှေ့ မှာပေါ်လာလို့ကတော့ စောက်ခွက်ကို ဖြတ်ရိုက်လိုက်မယ် ပြီးရင်၊ သူ့အမေ အိမ်ငိုပြီး ပြန်သွားရအောင် စောင့်ကန်ပစ်မယ်.....
*တင်*
နောက်ထပ် စာတစ်စောင်ဟာ ကျလာခဲ့ပါတယ်။
လင်းဖန်ဟာ နောက်ထပ် လာပြီးစော်ကားတဲ့ စာလို့ပဲထင်ထား ခဲ့တာပါ။သို့ပေမဲ့ စာကို သူမြင်လိုက်တဲ့ အချိန်မှာပဲ ပြုံးမိသွားပါတယ်။
"မာစတာ လင်း၊ အရမ်းကျေးဇူးတင်ပါတယ်နော်။ဒီနေ့ အင်တာဗျုးက အတော်လေး အဆင်ပြေခဲ့တယ်..ဖြစ်နိုင်ရင် ညီမ ဝီချပ်မှာ အကောင့်အပ် လို့ရနိုင်မလား"
လင်းဖန် : သေချာတာပေါ့
ဝီချပ်(wechat) နံပါတ်က g06xxxxx"
လင်းဖန် နံပါတ်ကို မှတ်ထားလိုက်ပြီး ဝိုက်ဘိုဆော့ဝဲကို ပိတ်လိုက်ပါတယ်။ယင်နောက် ဝီချပ်(wechat)ဆော့ဝဲကို ဖွင့်ကာ နံပါတ် ရိုက်ထည့်ပြီး သူငယ်ချင်းအဖြစ် ခွင့်တောင်းလိုက်ပါတယ်။
သူပို့ပြီး လို့ သုံး စက္ကန့်အကြာမှာပဲ ဟိုဘက်က လက်ခံသွားခဲ့သည်။
ချန်ရှင်းယီ : မာစတာ လင်းလားမသိ?
လင်းဖန် : ဟုတ်
ချန်ရှင်းယီ : မာစတာ လင်း ၊ ရှင်ဟောတာ အရမ်းတိကျ တာပဲသိလား၊ ညီမတို့ သူငယ်ချင်းနှစ်ယောက်လုံး အင်တာဗျုး အောင်တယ်။
ချန်ရှင်းယီ အတွက်ကတော့ ဒီလောက်တိကျပြီးသေချာဟောပြောနိုင်ဖို့ဆိုရင် မာစတာလင်းက အသက်ကြီးနေပြီ လိူ့ထင်ထားခဲ့တာပါ။
သို့ပေမဲ့ ဖန်သားပြင်ပေါ်က မာစတာ လင်းရဲ့ ဓာတ်ပုံကို မြင်ပြီး အံ့သြသွားခဲ့သည်။
ချန်ရှင်းယီ : မာစတာလင်း ရှင်က အတော်ငယ်သေးတာပဲနော်။
လင်းဖန် : ဟုတ်။
လင်းဖန်ဟာ ဗေဒင်ဆရာ တစ်ယောက်အနေနဲ့ တည်ငြိမ်ချင်ယောင် ဆောင်နေခဲ့တာပါ။သို့ပေမဲ့ သိပ်မဟုတ်သေးဘူး ထင်ပြီး စာအနည်းငယ် ထပ်ရိုက်လိုက်သည်။
iလင်းဖန် : မင်းတို့ ဗေဒင်မမေးဖြစ်ဘူးဆိုရင်တောင် အင်တာဗျူးအောင်မှာပါပဲ၊ ဒါက ကံတရားပဲလေ။
ရှင်းယီတို့နှစ်ယောက်ဟာတော့ အိပ်ယာထဲမှာ လှဲရင်း လင်းဖန်ရဲ့ ဓာတ်ပုံကို ကြည့်နေခဲ့ပါတယ်။
"ဒီမာစတာ လင်းက ငယ်ရွယ်ပြီး ရုပ်ချောတယ်နော် ၊ ဒါပေမဲ့ သူစာပြန်ရင် ဟုတ် လို့ပဲပြန်နေတယ်။ဒါက ငါတို့ရဲ့ လှပတဲ့ ရှင်းယီလေးရဲ့ နှလုံးသားကို လှုပ်ခတ်ဖို့ မလုံလောက်ဘူး"
"လျောက်မပြောနဲ့ မာစတာ လင်းက သိက္ခာရှိတဲ့ လူတစ်ယောက်ပဲ ဖြစ်မယ်၊ဒါပေမဲ့ သူ့ ဝိုက်ဘို အကောင့်က လောလောဆယ် ကြောက်ဖို့ကောင်းနေတယ်နော် ၊ ငါမေးကြည့်လိုက်ဦးမယ်"
ရှင်းယီဟာ ပြန်ပြောလိုက်ပြီး လင်းဖန်ကို စာထပ်ပို့လိုက်ပါတယ်။
"မာစတာ လင်း ၊ ရှင့်ရဲ့ ဝိုက်ဘိုက......"
လင်းဖန် :: ဘာမှ မဖြစ်ဘူး အဲလိုဖြစ်အောင် တမင်တကာ လုပ်ထားတာ။
ရှငိးယီ :::: .............