သူက ငါတို့ရဲ့ ကယ်တင်ရှင်ပဲ
Vol. 3 Ch. 38
လင်းဖန်နဲ့ ချန်ရှင်းယီရဲ့ ဝီချပ်(wechat) ထဲမှာ စကားပြောနေတာဟာ အလျင်အမြန်ပဲ ပြီးဆုံးသွားခဲ့ပါတယ်။
လင်းဖန်က သူတို့ရဲ့နှလုံးသားထဲမှာ ဗေဒင်ဆရာတစ်ယောက်ပါ။ထပ်ပြောရရင် သူတို့က သူငယ်ချင်းတွေလည်း မဟုတ်တော့ ပြောစရာသိပ်မရှိပါဘူး။
သို့ပေမဲ့ လင်းဖန်ကို တကယ် စိတ်အနှောက်အယှက်ဖြစ်စေတာက လူငယ်မဂ္ဂဇင်းဌာန က မိန်းမလှလေး ဟော်ဟန်ပါ။
သူမဟာ လင်းဖန်ကို နေ့တိုင်း မရေမတွက်နိုင်အောင် စာပို့နေခဲ့ပါတယ်။
"hello" စာကြောင်း ၂၀xxx
"ငါကို စာပြန်ပါဦး သူဌေးလေး" စာကြောင်း ၁၅x
"ပန်ကိတ်စားချင်တယ် ပန်ကိတ်စားချင်တယ် ပန်ကိတ်စားချင်တယ်"
စာကြောင်း ၅၀xxx
ဟော်ဟန် ရဲ့ စာတွေက လင်းဖန်ရဲ့ စိတ်ကိုတောင် နည်းနည်း ယိမ်းယိုင်လာစေပါတယ်၊ သို့ပေမဲ့ သူ ပန်ကိတ် ထပ်မရောင်းတော့ဖို့ကို ဆုံးဖြတ်ပြီးပါပြီ။
ဒါကြောင့် သူမကို လျစ်လျူရှုထားဖို့သာ တတ်နိုင်ပါတော့တယ်။
.........
လင်းဖန်ဟာ သူ့ဆိုင်လေးကို ပုံမှန်လေးနေ့တိုင်းဖွင့်နေခဲ့ပါတယ်။သူ့ဆိုင်လေးမှာ ကာစတန်မာတွေ အများကြီးမရှိပေမယ့်လည်း တစ်နေ့ သူချမ်းသာ လာမယ်လို့ ယုံကြည်ပါတယ်။
သူလိုအပ်တာက အချိန်တစ်ခုအထိ စောင့်နေပြီး ဗေဒင်ပညာ အောင်မြင်လာတဲ့ အထိစောင့်ဖို့ပါ။
သူ့ဆိုင်လေးမှာ တစ်နေ့ကို ကာစတန်မာ တစ်ယောက် နှစ်ယောက်ခန့်ရှိပေမယ့်လည်း သူတို့မှာ မေးစရာ ထွေထွေထူထူး မရှိကြပါဘူး။သူတို့ အများစုက ပုံမှန်အကြောင်းအရာတွေကိုပဲ သိချင်ကြတာပါ။
သူတို့၏ ဘဝတွင်လည်း ထူးထူးခြားခြား အကြောင်းအရာ မရှိပေ။
လေးရက်မြောက်နေ့မှာတော့ လင်းဖန်ဟာ ကုလားထိုင်လေးပေါ်မှာ ဇိမ်နဲ့ ထိုင်နေပြီး ဖုန်းထဲက ဂိမ်းကို အသည်းအသန် ဆော့နေခဲ့ပါတယ်။
လူလိမ်ထျန် ကတော့ဘေးနားမှာ ထိုင်နေပြီး ပျင်းလွန်းလို့ အရည်တောင် ပျော်ပါတော့မယ်။
သို့ပေမဲ့ ဘေးနား ပတ်ဝန်းကျင်မှ ဆိုင်များဟာ လင်းဖန်တို့ရဲ့ သာယာနေပုံများကို ကြည့်ပြီး ဝေဖန် နေကြပါတယ်။
သူတို့ထဲက တစ်ခုက မျက်နှာချင်းဆိုင်မှာရှိနေတဲ့ အဝတ်အထည်ဆိုင်ကပါ။
"ဒီ ဗေဒင်ဟောဆိုင်ခန်းကို ကြည့်ဦး ဖွင့်ထားတာ ရက်အနည်းငယ် ရှိပြီ၊ ငါသေချာလိုက်ရေထားတာ လာတဲ့ ကာစတန်မာ အရည်အတွက်က ဆ
ယ်ယောက်တောင် မပြည့်ဘူး"
"ဘယ်သူသိမှာလဲ ၊ သူတို့ လပိုင်းတောင် ခံမှာမဟုတ်ဘူး။ေနာက်ရက် အနည်းငယ် ဆိုရင် သူတို့ ကျိန်းသေပိတ်ရလိမ့်မယ်"
"ငါလည်း နားမလည်နိုင်တော့ဘူး၊ ဒီလို အသက်အရွယ်နဲ့များ ဗေဒင်ဟောစားဖို့ စျေးကြီးကြီးပေးပြီး ဆိုင်ခန်း ငှားထားရတယ်လို့"
"ဒီနေ့ခေတ်မှာ လူတွေက ဗေဒင်ဟော ကြရင် အိမ်ကနေပဲ ဟောကြတာများတယ်"
.............
လင်းဖန်ကတော့ သာသာယာယာ ပါပဲ။သူတို့ပြောနေတာတွေကို လုံးဝ စောက်ဂရုမစိုက်ပါဘူး။
သို့ပေမဲ့ လူလိမ်ထျန်ဟာ ဒါမျိုးတွေကြားရင် မနေနိုင်ပေ။ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလည်း လူတစ်ယောက်နဲ့ လူလိမ် ထျန်ဟာ အပြင်းအထန် ငြင်းခုန် ကြပါသေးတယ်။
တစ်နေ့ တစ်နေ့ ဘာမှလုပ်စရာမရှိတော့ လင်းဖန်လည်း လူလိမ်ထျန်ကို တားမနေတော့ပါဘူး။တစ်ခါတစ်လေ ပျင်းနေရင် တစ်ခြားလူတစ်ယောက်နဲ့ ငြင်းခုန်ရတာလဲ ဆိုးရွားတဲ့ အကြံတော့မဟုတ်ပေ။
ရုတ်ရက် ဆူညံ့ဆူညံ့အသံတစ်ချို့ ကိုအပြင်ဘက်ကနေ ကြားလိုက်ရပါတယ်။
လင်းဖန်ဟာ အနည်းငယ် ခေါင်းထောင်ကြည့်လိုက်ပြီးတော့ ၊ ထပ်စိတ်မဝင်စားတော့ပဲ ခေါင်းပြန်ငုံကာ ဂိမ်းထပ်ဆာ့နေလိုက်ပါတယ်။
သူဆော့နေတဲ့ ဂိမ်းက နောက်တစ်ဆင့်ကို တက်ရတော့မှာပါ။သို့ပေမဲ့ သူ့ဖုန်းလေးဟာ အနည်းငယ် စုတ်နေခဲ့ပြီး တစ်ခါတစ်ခါ ရွေ့လို့တောင် မရပေ။သူဖုန်းလဲဖို့တော့ လိုနေပါပြီ။
လူလိမ်ထျန်ဟာတော့ အနည်းငယ် ပျော်ရွင်သွားခဲ့ပြီး ဆိုင်ဝ ကိုထွက်ကာ မတ်တတ်ရပ်ပြီး ကြည့်နေခဲ့ပါတယ်။
"ဟင် ဒါကထူးဆန်းတယ် ? သူတို့က ဒီဆိုင်းဘုတ်ကြီးနဲ့ ဘာလုပ်မလိူ့လဲ"
"တမလွန်ဘဝမှ အနာဂတ်ဟောပြောသူ"
ဆိုင်းဘုတ်အကြီးကြီးကို လူနှစ်ယောက်က သယ်လာကြပြီး ဒါက ဒီနားဝန်းကျင်က လူများကို စိတ်ဝင်စားစေပါတယ်။
"မာစတာ လင်း"
"မာစတာ လင်း"
အဲ့အချိနိမှာပဲ သက်လတ်ပိုင်း မိန်းမကြီးဟာ စပြီး လှမ်းအော်နေခဲ့ပါတယ်။သူမရဲ့ အသံဟာတော့ လေးစားမူတွေ အပြည့်နဲ့ပါ။
"လင်းဖန် ၊ ဒီလူတွေက ငါတို့ဆီကို လာတာဟ"
လူလိမ်ထျန်ဟာ မိန်းမကြီးရဲ့ အသံကို ကြားလိုက်ပြီးတော့ ဆွံ့အ စွာပြောလိုက်ပါတယ်။
လင်းဖန်ဟာ ပဟေဠိ ဖြစ်သွားခဲ့ပါတယ်။
ဒီလိုတိတ်ဆိတ်ပြီး အေးချမ်းတဲ့နေရာမှာ ဘယ်လိုဖြစ်ပြီး ဒီလောက်စိတ်လှုပ်ရှား စရာရှိနေတာလဲ...?
သက်လတ်ပိုင်း မိန်းမကြီး သူ့ဆိုင်ရှေ့အထိရောက် လာတဲ့အချိန်မှာတော့ လင်းဖန် ဖုန်းကို လက်ထဲကနေ ချလိုက်ပြီး အံ့သြစွာမေးလိုက်ပါတယ်။
"မဒမ် ဟွန် ၊ ဘယ်လိုဖြစ်လာတာ တုန်း"
ဟွန်ဟန်ရော်ဟာ ဆိုင်ထဲထိ ဝင်လာပြီးလင်းဖန်လက်ကို ကိုင်ကာပြောလိုက်ပါတယ်။
ဟွန်ဟန်ရော် ရဲ့ဘေးမှာတော့ ယောက်ျားလေးနှစ်ယောက်ကို တွေ့နေရပါတယ်။တစ်ယောက်ဟာ မစ္စဟန် နဲ့ သက်တူရွယ်တူဖြစ်ပြီးတော့ နောက်တစ်ယောက်ဟာ တော့ လူငယ်လေးတစ်ယောက်ပါ။လူငယ်လေးက လင်းဖန်နဲ့တောင် အသက်ရွယ်ချင်း တူပါတယ်။
သူတို့နှစ်ယောက်ဟာတော့ လင်းဖန်ကို သိပ်မသေချာတဲ့ မျက်နှာတွေနဲ့ ကြည့်နေခဲ့ပါတယ်။
ဘေးနားက ဆိုင်များနဲ့ ဖြတ်သွားဖြတ်လာလူတွေဟာလည်း ဘာတွေဖြစ်နေလည်းဆိုတာ စပ်စုချင်နေကြပါတယ်။သူတို့ဟာ တဖြည်းဖြည်းလင်းဖန်တို့ ဆိုင်ထဲမှာ စုဝေးလာကြပြး ဘာတွေဖြစ်နေလည်း ေစာင့်ကြာ့်နေကြသည်။
"မာစတာလင်း၊ ဒါက ကျွန်မရဲ့ ယောက်ျားနဲ့ ကျွန်မရဲ့ သားလေ။ကျွန်မတို့ မိသားစု ဒီကိုလာပြီး မာစတာလင်းကို ကျေးဇူးလာတင်တာ"
ဟွန်ဟန်ရော်ဟာ လင်းဖန်ကို မိတ်ဆက်ပေးလိုက်ပါတယ်။
"မဒမ် ဟွန် ၊ ဒီလောက်ထိလုပ်ဖို့ မလိုပါဘူးဗျာ"
လင်းဖန် ဒီလောက်အထိ မမျော်လင့်ထားပါဘူး။
လူလိမ် ထျန်ကတော့ ဘေးနားကနေ အံ့သြပြီးစောင့်ကြည့်နေကြပါတယ်။
ဘာတွေဖြစ်နေတာလဲ...?
သေချာကြည့်မှ လူလိမ် ထျန်ဟာ မဒမ် ဟွန်ကိုမှတ်မိလိုက်ပါတယ်။လင်းဖန်သူမကို ဟောလိုက်တုန်းက သူမရဲ့သား မဂ်လာပွဲဟာ မသင့်တော်ဘူးလို့ပဲ ဟောခဲ့တာပါ။
လင်းဖန်ဟောတာ မှန်တယ် ဆိုရင်တောင် ဒီလောက် အထိဖြစ်ဖို့ မလိုဘူးမဟုတ်လား...?
"မဟုတ်ဘူး ၊ မာစတာလင်း ရှင်က ကျွန်မတို့ မိသားစုရဲ့ ကယ်တင်ရှင်ပဲ"
မဒမ် ဟွန် ဟာပြောလိုက်ပါတယ်။
"မာစတာ လင်း ကြောင့်သာမဟုတ်ရင် ကျွန်မတို့
အသက်ရှင်တော့မှာတောင် မဟုတ်ဘူး"
မဒမ် ဟွန်အိမ်ကို ပြန်ရောက်တဲ့ အချိနိမှာ သူမရဲ့ ယောက်ျားနဲ့ သေချာတိုင်ပင်ခဲ့ပါတယ်။
သူမတို့ရဲ့ ချွေးမကို နောက်ကြောင်းစစ်ဆေးဖို့ဆုံးဖြတ်လိုက်ကြပြီး နောက်မှာ အမှန်တရားကို သိရှိခဲ့ကြရပါတယ်။
သူမရဲ့ ချွေးမဖြစ်မယ့်သူက အမှန်တော့ ကင်ဆာ နောက်ဆုံးအဆင့်မှာပါ။သူမရဲ့ ဆေးရုံးစရိတ်တွေကို ဆပ်ဖို့ဆိုရင် ရှိသမျှအိမ်တွေ ရောင်းရင်တောင် မလောက်သေးပါဘူးသိုပေမဲ့ နောက်တစ်နေ့မှာ သူမဟာ ရုတ်တရက် ထွက်သွားခဲ့ပါသည်။
မဒမ် ဟွန်ရဲ့ သားဟာ ဒီကိစ္စအတွက် အတော်ပူဆွေးခဲ့ရပါတယ်။ဒါကြောင့် သူမယောက်ျားဟာစိတ်ပြေ လက်ပျောက် ခရီးတစ်ခုခု ထွက်ကာ သူတိုသားလေး ပူဆွေးမူတွေပျောက်ဖို့ အွန်လိုင်း ကုမ္ပဏီ ခရီးသွား ကုမ္ပဏီ တစ်ခုကို ဆက်သွယ်ခဲ့ပါတယ်။
မဒမ်ဟွန်ဟာ လည်း ဒီကိစ္စကို သဘောတူညီခဲ့ပါတယ်။သို့ပေမဲ့ ရုတ်တရက် မဒမ် ဟွန်ဟာ လင်းဖန်ရဲ့ စကားကို ပြန်မှတ်မိလိုက်ပါသည်။
လင်းဖန် ပထမဆုံးဟောလိုက် တဲ့အရာက အမှန်တကယ်ကို တိကျ လှတာပါ။
ဒါကြောင့် ဟွန်ဟန်ရော်ဟာ လင်းဖန်ကို သံသယထပ်ပြီး အဖြစ်တော့ပါဘူး။ဒါကြောင့် သူမရဲ့ ယောက်ျားကို ခရီးအတွက် ပယ်ဖျက်ခိုင်းလိုက်ပြီး အိမ်မှာပဲ နေဖို့ ဆုံးဖြတ်လိုက်ပါတယိ။
ပထမတော့ သူ့မရဲ့ သားနဲ့ ယောက်ျားဟာ သိပ်သဘောမတူကြပေ။နောက်ဆုံးမှာတော့ သူတို့ ခရီးစဥ်ကို ပယ်ဖျက်လိုက် ကြပါတယိ။
ယင်းနောက်မှာလည်း ခရီးသွား အေဂျင်စီ ဟာဖုန်းမကြာခန ဆက်ပေမဲ့ မဒမ်ဟွန် ဟာ လျစ်လျူရှုထားခဲ့သည်။
ပြီးခဲ့တဲ့ ရက်တုန်းက သူမရဲ့ယောက်ျားဟာ သတင်းကြည့်နေတုန်း သူမတို့ ဘိူကင်လုပ်ထား တဲ့ ခရီးသွား အေဂျင်စီမှာ မတော်တဆ မူဖြစ်တာတွေ့လိုက်ရပါတယ်။
မတော်တဆ မူကြောင့် လူအနည်းငယ်သေဆုံးခဲ့ကြပါတယ်။မဒမ် ဟွန်ရဲ့ ယောက်ျားဟာ ဒါကိုမြင်ပြီး သတိလက်လွတ်ရေ ရွတ်နေမိခဲ့သည်။
"ငါတို့ ကံကောင်းလို့၊ ငါတို့ကံကောင်းလို့"
မဒမ် ဟွန်ဟာ ကျေးဇုးတင်လွန်းလို မျက်ရည်တွေတောင် ကျလာခဲ့ပါတယ်။ဒါက ကမ္ဘာပေါ်မှာရှိနေတဲ့ နတ်ဘူရား တစ်ပါးပါပဲ။
ဒါကြောင့်သူမတို့ဟာ လက်ဆောင်တွေ ထုတ်ပိုးပြီး လင်းဖန်ကို ကျေးဇူးတင်ဖို့ လာခဲ့ကြတာပါ။
"မာစတာလင်း ကျွန်မ ဘယ်လိုကျေးဇူးတင်ရမလဲတောင် မသိတော့ဘူး၊ ဘယ်လို ကျေးဇူးတင်ရမလဲတောင် မသိတော့ဘူး"
ဟွန်ဟန်ရော်ဟာ ထပ်ကာထပ်ကာ ပြောနေခဲ့ပါတယ်။
ယင်းနောက် သူမရဲ့ယောက်ျားဟာလည်း လင်းဖန်ကို လာပြီး ကျေးဇူးတင်လိုက်ပါတယ်။သူ့ရဲ့ စိတ်ထဲမှာ အဖြစ်အပျက်တွေဟာဟလတ်ဆတ်နေတုန်းပါပဲ။
လင်းဖနိခေါင်း ကိုသာယမ်းလိုက်ပြီး သိပ်မအံ့သြတော့ပါဘူး။ဘာပဲဖြစ်ဖြစ်ဒါက သူတို့ရဲ့ အသက်တွေနဲ့ သက်ဆိုင်နေတဲ့ အရာပါ။
သေဆုံးသွားတဲ့ လူတွေအတွက်ကတော့ လင်းဖန် စိတ်မကောင်းယုံပဲ တတ်နိုင်ပါတော့တယိ။သူကကယ်တင်ရှင်တစ်ယောက် မဟုတ်ပါဘူး၊ ဗေဒင်ဆရာ တစ်ယောက်သာသာပဲ ဖြစ်ပါတယ်။
ဘေးနားက ဝိုင်းနေတဲ့ လူများဟာ သူတို့ကို ကြောင်တောင်တောင်နဲ့ ကြည့်နေခဲ့ပါတယ်။
"ခင်ဗျား ဘာတွေပြောနေတာလဲ ? ဗေဒင်ဆရာက ဘယ်လိုဖြစ်ပြီး ကယ်တင်ရှငိဖြစိနိုင် မှာလဲ"
ဟွန်ဟန်ရော်ဟာ သူမဖြစ်ပျက်တာတွေအကုန်လုံးကို ရှင်းပြခဲ့ပေမယ့် လူအုပ်ကြီးဟာ သူမတို့ကို မယုံကြည်ခဲ့ကြပါဘူး။
"စောက်ကျိုးနဲ့ ခင်ဗျားဟာက ဟုတ်ရော ဟုတ်လို့လားဗျာ"
"မဖြစ်နိုင်တာ ခင်ဗျားက ကျုပ်တို့ကြည့်နေလို့ ဇာတ်လမ်းဆငိနေတာလား"
တစ်ချို့သံသယ ရှိတဲ့လူများဟာလည်း စပြီးစိတိတို လာကြပါတယ်။
"ခင်ဗျား မတော်တဆမူကို အသုံးချပြီး ကျုပ်တို့ကို လိမ်ညာဖို့ကြံနေတာလား"
"ဟုတ်တယ် သူကဘယ်လိုဖြစ်ပြီး အဲလောက်အတိအကျ သိနိုင်မှာလဲ ၊ ဒါတကယ် အလိမ်အညာဆိုတာ ကျိန်းသေတယ်"
"သူတို့ကို တိုင်ရမယ် ၊ သွားတိုင်ရမယ်"
"ဘာ တမလွန်မှ အနာဂတ်ဟောပြောသူလည်း၊မင်းက လိမ်ညာဖို့ လောက်ပဲ သိတယ်၊ ငါမင်းကိုလာပြီးတောင် ရိုက်ချင်နေပြီ"
ဒေါသထွက်လွယ်တဲ့ လူများဟာ စပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာကြပါတယ်။
ယနေ့ခေတ်လူများဟာ တရားမျှတမူကို အလွန်ပဲ တန်ဖိုးထားကြပါတယ်။အထူးသဖြင့် ဒီလို အသက်တွေ ဆုံးရှုံးရတဲ့ မတော်တဆ မူမျိုးတွေမှာပါ။
တခြားလူတွေရဲ့ ဝမ်းနည်းမူကို အကျိုးအမြတ်အဖြစ်ပြန်အသုံးချ တာဟာ လက်မခံနိုင်စရာ ကိစ္စပါပဲ....
လင်းဖန်ဟာ ဆွံ့အနေခဲ့ပါသည်။သူ ရုတ်တရက်ကြီး ဒီလိုအခြေအနေတွေ ထဖြစ်မယ် လို့မထင်ထားမိခဲ့ပေ။
သို့ပေမဲ့ ဟွန်ဟန်ရော် ဟာလင်းဖန်ကို ဒီလိုမျိုး အထင်လွဲမခံနိုင်ပါဘူး။
"အားလုံးပဲ စိတ်အေးအေးထားပါဦး ၊ ကျွန်မတို့ မိသားစုက ဘယိသူ့ကိုမှလည်း မလိမ်ဘူး ရှင်တို့ကိုလည်း ဘယ်သူမှ အနားလာ မကြည့်ခိုင်းဘူး။
ဒါပေမဲ့ ရှင်းအောင်လုပ်ပေးလိုက်မယ် ဒီမှာသက်သေပဲ"
ဟွန်ဟန်ရော်ဟာ သူမရဲ့ ဖုန်းကို ဖွင့်ကာ ခရီးသွား အေဂျင်စီကို ခရီးစဥ်ပယ်ဖျက်ခဲ့တဲ့ အချက်အလက်တွေ ကို လူအုပ်ကြီးဆီကို ပြလိုက်ပါတယ်။
စိတ်ဆိုးနေတဲ့ လူများဟာ ခရီးစဥ် ပယ်ဖျက်သည့် အချက်အလက်များ မြင်သည့်အချိန်တွင် မီးကို ရေးနဲ့ ငြိမ်းလိုက်သလို တိတ်ဆိတိသွားခဲ့သည်။
"မဖြစ်နိုင်တာ"
"စောက်ကျိုးနဲ"
အခုချိန်မှာတော့ လူတိုင်းဟာ ပါးစပ် အဟောင်းသားနဲ့ပါ......