အားလုံး တစ်နေရာတည်းကို စုသွားကြပြီ
Vol. 3 Ch. 39
Apple တံဆိပ် i phone လေးရဲ့ စခရင်ဟာ လူများစွာရဲ့ အာရုံကို ဖမ်းစားထားပါတယ်။ခရီးသွား အေဂျင်စီရဲ့ နာမည်နဲ့ ဆက်သွယ်ထားသည့် အချက်အလက်များဟာ ဖုန်းစခရင်ပေါ်တတွင်တွေ့နေရသည်။
ဟွန်ဟန်ရော်ဟာ အားလုံးကို သူမရဲ့ ဖုန်းကိုကြည့်ခိုင်းလိုက်ပြီး ပြောလိုကိပါတယ်။
"အလိမ်အညာ ဟုတ်လား မဟုတ်လား ဆိုတာသေချာကြည့်ထားကြ"
သူတို့ဟာ အမှန်တကယ်ကို ကံကောင်းတဲ့မိသားစုပါ။ သူမသာ လင်းဖန် လို မာစတာ အစစ်အမှန်နဲ့ မတွေ့ခဲ့ရင် ဒီကပ်ဆိုးကြီးကို ရှောင်လွှဲဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး။
ဘေးနားမှ လူများဟာလည်း မယုံကြည်နိုင်စွာကြည့်နေကြသည်။သူတို့အစတုန်းက မယုံကြည်ပဲ လင်းဖန်ကိုတောင် ဒေါသထွကိနေကြတာပါ။
မတော်တဆမူကို ကျော်ကြားဖို့အတွက်အသုံးချတာမှန်ရင် လင်းဖန်ကို ပညာပေးဖို့တောင် စဥ်းစားပြီးထားပါပြီ။
သူတို့ ဖုန်းစခရင် ကိုကြည့်လိုက်တဲ့အချိန်မှာ ပြောဖို့ပြင်နေတဲ့ စကားတွေကို ပြန်မျိုချလိုက်ရသည်။
"ဒါမဖြစ်နိုင်ဘူး....ဘယ်လိုတောင် ကောင်းလိုက်တဲ့ကံလဲ?"
"တကယ် ကြိုပြောနိုင်တယ် ဆိုရင်တော့၊စောက်ဆန်းကြီးနော်"
လူများဟာ လင်းဖန်ကို မှော်ဆရာတစ်ယောက်လို ကြည့်နေကြပါတယ်။သူတို့ ဖုန်းထဲက သက်သေကို မြင်လိုက်တဲ့ အချိန်မှာ ဒါအမှန်တရားမှန်း သိသွားကြပြီဖြစ်သည်။
လူလိမ်ထျန် ဟာ လည်း လူအုပ်ကြီးနှင့်အတူ ရောပြီး ဆွံ့အစွာ လင်းဖန်ကို ကြည့်နေခဲ့ပါတယ်။
မဂ်လာ လက်ထပ်ပွဲက မသင့်တော်ဘူး???
အပြင်သွားစရာ ရှိတဲ့ကိစ္စတွေ အကုန်လုံးကို ဖျက်သိမ်းလိုက်ပါ.....
အရာရာတိုင်းက မာစတာ လင်းရဲ့ကြိုမြင်နိုင်မူကနေ ပြေးမလွတ်နိုင်ပါဘူး။လူလိမ် ထျန် အတွက်ကတော့ လင်းဖန် ကိုပိုမိုလေးစား လာခဲ့ပါသည်။
"မာစတာ လင်း ကျွန်မတို့ မိသားစုရဲ့ ကျေးဇူးတင်မူကို လက်ခံပေးပါ"
ဟွန်ဟန်ရော် တို့မိသားစုဟာ လင်းဖန်ရှေ့မှာရပ်လိုက်ပြီး နောက်တစ်ကြိမ် ဂါရဝပြုလိုက်ကြပါတယ်။
"ရပါတယ် ရပါတယ်..ဒါတွေ အကုန်လုံးက ခင်ဗျားတို့ ကျွန်တော်ကို ယုံကြည်မူရှိလို့ပါ မဟုတ်ရင် ဒီလိုမျိုး ကျော်လွှားနိင်မှာ မဟုတ်ပါဘူး"
လင်းဖန်ဟာ တည်ငြိမ်စွာပြော လိုက်ပါတယ်။
သူကို နတ်ဘုရား တစ်ပါးလို ဝိုင်းပြီး ဆက်ဆံနေကြတာဟာ အတော်ခံစားလို့ ကောင်းပါတယ်။
"မာစတာ လင်း ဒီဆိုင်းဘုတ်ကို လက်ဆောင်အဖြစ်လက်ခံပေးပါ"
ဟွန်ဟန်ရော် ဟာပြောလိုက်ပါတယ်။
"ကောင်းပါပြီ ကောင်းပါပြီ"
လင်းဖန် သူတို့နဲ့ ငြင်းခုန်ပြီး အချိန်မဖြုန်းတော့ပဲ အလျင်အမြန် လက်ခံလိုက်ပါတယ်။
ဟွန်ဟန်ရော် တို့မိသားစု ဟာပြန်ခါနီး တွင် ဒေါ်လာ တစ်သောင်း ပါဝင်တဲ့ အနီရောင် စာအိတ်တစ်အိတ် ကို လင်းဖန်ကို ပေးခဲ့ပါသည်။
လင်းဖန်ဟာ ငြင်းဖို့ ကြိုးစားပေမဲ့လည်း ဟွန်ဟန်ရော် ရဲ့စိတ်အားထက်သန်မူ ကြောင့်မငြင်းနိုင်တော့ပေ။
လင်းဖန် သူတို့မိသားစု ကိုအပြင်လိုက်ပို့ ပြီးတဲ့နောက်မှာ ဘေးနားမှာရှိသည့် လူတွေဟာ မပြန်သေးကြောင်း သတိထားမိလိုက်ပါတယ်။
"ကြည့်ရတာ တကယ်အလိမ်အညာမဟုတ်ဘူး ထင်တယ်၊ ကျွန်တော့်ကို ဗေဒင်တွက်ပေးပါလား"
"မာစတာ လင်း ကျွန်တော်ကို လည်း ဗေဒင်ဟောပေးပါဦး"
လူအုပ်ကြီးဟာ စတင်ပြီး လှုပ်လှုက်ရှားရှား ဖြစ်လာပြီးတော့ လင်းဖန်ကို ယုံကြည်လာကြပါပြီ။သူတို့ဟာ ဗေဒင်မေးဖို့ အလုအယက်ပြောဆိုနေကြသည်။
"အားလုံးပဲ မလောကြပါနဲ့၊ တစ်ယောက် ချင်းဆီ ဟောပေးပါမယ်"
လင်းဖန်ဟာ ဒီလူတွေ အပြောင်းလဲ မြန်လိမ့်မယ်လို့ မထင်ထားမိခဲ့ပါဘူး။အချိန်အနည်းငယ် အတွင်းမှာပဲ သူစတင်ပြီး အလုပ်များလာတော့သည်။
လူလိမ်ထျန်ဟာ လည်းသူတို့ရဲ့ ရုတ်တရက်ကောင်းမွန်လာတဲ့ စီးပွားရေးကြောင့် ပျော်ရွင်နေခဲ့ပါတယိ။
ပြီးခဲ့တဲ့ ရက်တွေကနဲ့ စာရင် အလုပ်အကိုင်တွေဟာကောင်းမွန်လာခဲ့ ပါပြီ။ဒီတိုင်းသာဆိုရင် သူတို့ ငွေကြေးအတွက်ကို သိပ်စိတ်ပူစရာ မလိုတော့ပေ။
မာစတာ လင်းရဲ့ ဗေဒင်ဆိုင်ခန်းလေးမှာ လူတွေပြည့်နေတာ ကိုကြည့်ပြီး တစ်ခြားဆိုင် မှလူတွေဟာ မနာလိုဖြစ်နေခဲ့ပါတယ်။
.............
လင်းဖန်ဟာ တစ်ချိန်လုံးအလုပ်များနေခဲ့ပြီး နောက်ဆုံး ကာစတန်မာပြန်သွားတဲ့ အချိန်ကျမှ သူလည်း အနားယူရပါတော့တယ်။
လူလိမ် ထျန်ဟာ ပိုက်ဆံတွေရေတွက် ရင်းအလုပ်ရှုပ်နေခဲ့သည်။သူဟာ မောပန်းနေပေမဲ့လည်း ပျော်ရွင်မူကို ခံစားနေခဲ့ရပါသည်။
"အခြေနေ ဘယ်လိုလဲ?"
လင်းဖန်ဟာ ကုလားထိုင်ပေါ်မှာ အမောဖြေရင်း လူလိမ် ထျန်ကို မေးလိုက်ပါတယ်။
"အချိန်အတိုလေး အတွင်းမှာ"
လူလိမ် ထျန်ဟာ ဂုဏ်ယူနေခဲ့ပါတယ်။
"မနက်ပိုင်း ကာစတန်မာတွေနဲ့တင် ငါတို့ဒေါ်လာနှစ်ထောင်လောက် ဝင်ငွေရခဲ့တယ်။ဒီလိုသာ နေ့တိုင်းဆိုရင် တော့ ငါတို့ချမ်းသာတော့မယ်"
"ဘာ..နေ့တိုင်းဒီလိုမျိုး ဟုတ်လား? ခင်ဗျားကျုပ် မောပြီးသေသွားတာကို မြင်ချင်နေတာလား"
လင်းဖန်ပြောလိုက်ပါတယ်။သူထပ်ပြီး မပြောချင်တော့ပါဘူး။တမနက်ခင်းလုံး သူစကားပြောရလွန်းလို့ အာခေါင်တွေလည်း ခြောက်နေခဲ့ပါပြီ။
"ဟီးဟီး"
လူလိမ် ထျန်ဟာ ပြုံးကာ ပြန်ဖြေလိုက်သည်။
"ငါတို့ ပိုက်ဆံရအောင်ပိုပြီး ကြိုးစားမှ ရမယ်လေ"
လူလိမ်ထျန်ဟာ လူတွေကို ဆွဲဆောင်တဲ့ နေရာမှာ ကျွမ်းကျင်ပါတယ်။သူ့စိတ်ထဲမှာ လည်းအလုပ်ပိုပြီး ကြိုးစားဖို့ စိတ်ပိုင်းဖြတ်ပြီဖြစ်သည်
"တစ်ခုခု ထူးခြားတာ ဖြစ်ဖို့ ရက်အနည်းငယ်လောက်စောင့်လိုက်ဦး၊ အဲ့ချိန်ကျရင် ကျုပ်တို့ ဆိုင်ရဲ့ စည်းမျဥ်းတွေကို သတ်မှတ်ရမယ်"
"မဟုတ်ပဲ ဒီလိုသာဆက်ဖြစ်နေရင် ၊ ကျုပ်မောပြီး သေသွာလိမ့်မယိ"
"ဘာစည်းမျဥ်းတွေလဲ"
လူလိမ် ထျန်ဟာ သိချင်စွာမေးလိုက်သည်။
လင်းဖန်ဟာ ထူးဆန်းစွာပြုံးပြီး ပြန်ဖြေလိုက်ပါတယ်။
"အချိန်ကျလာတဲ့ အခါကျရင် ခင်ဗျားသိရပါလိမ့်မယ်"
..............
လင်းဖန်ရဲ့ဆိုင်မှာ ဟောခဲ့ကြတဲ့ လူများဟာ ဒီမနက် ဘာတွေဖြစ်ခဲ့လည်း ဆိုတာကို သူငယ်ချင်းတွေကို တဆင့်ပြန်ပြော ခဲ့လိုက်ကြပါတယ်။
"အဲတာအကုန်လုံး အမှန်အကန်တွေပဲ၊မာစတာလင်းက ကပ်ဆိုးကြီးကနေ မိသားစုတွေကို ကူညီပေးလိုက်တာ"
လင်းဖန်တို့အဖြစ်အပျက်ကို ဖုန်းနဲ့ ရိုက်ထားပြီး အင်တာနက်ပေါ်တင်တဲ့ လူအနည်းငယ်လည်းရှိကြသည်။
သူတို့ဟာ ခေါင်းစဥ်အမျိုးမျိုးနဲ့ လူစိတ်ဝင်စားအောင် တင်ကြတာပါ။သို့ပေမဲ့ လူအများစုဟာ သိပ်မယုံကြည် ကြပါဘူး။
"သူက လူတွေကို ဆွဲဆောင်ဖို့ ဇာတ်လမ်းဆင်နေတာလေ"
"တစ်ချက်ကြည့်ရုံနဲ့တင် အဲ့ဗေဒင်ဆရာ ဦးနှောက်လွတ်နေတယ်ဆိုတာ ငါပြောနိုင်တယ်"
"ဒါကို ယုံတဲ့ လူအကုန် စောက်ပေါကွာ"
"ဒီလို နတ်ဘုရားဆန်တဲ့ မာစတာ မျိုးက တွေ့ရခဲတယ်နော်။ဖုန်းထဲက သက်သေတွေက နည်းနည်း ဝါးနေပေမဲ့ မြင်နေရသေးတယ်။ဒီမိသားစုသုံးယောက်က တကယ် ကံကောင်းတာပဲ"
..............
ဒီလိုတွေဖြစ်နေတာ ကိုလင်းဖန်ဟာ မသိပါဘူ။လင်းဖန်ဟာ ပုံမှန်အတိုင်း ဟောပြောလိုက်ပေမယ့်လည်း တစ်ချို့လူတွေရဲ့ ဘဝဟာ အတော်အကျိုးကျေးဇူး ရသွားခဲ့ကြတာပါ။
လင်းဖန်ဟာ သူ့ရဲ့ ဖုန်းလေးကို ထုတ်ပြီးဖျော်ဖြေရေး နဲ့ပတ်သက်တဲ့ သတင်းတွေကို ဖတ်ဖို့ လုပ်လိုက်ပါတယ်။
စဖွင့်ဖွင့်ချင်းပဲ လင်းဖန်ဟာ ခေါငိးစည်းပိုင်းသတင်းတစ်ခုကို မြင်ကာ ကျေနပ်သွားခဲ့သည်။
"နိုင်ငံတကာ မော်ဒယ် ကျို့လီယွန် ဟာ လေယာဥ်ပျံ လှေကားပေါ်မှ ပြုတ်ကျပြီး ခြေထောက်ကျိုးသွားခြင်း"
"ကျို့လီယွန်ဟာ ယခု ရက်သတ္တပတ်မှာ ကျင်းပမယ့် ဖက်ရှင်ရှိုးပွဲကို နှုတ်ဆက်ရတော့မှာပါ"
...........
ကျို့လီယွန်ဟာ အရမ်းအောင်မြင်တဲ့ စူပါစတားတစ်ယောက် မဟုတ်ပေမဲ့လည်း၊ များပြားလှတဲ့ ပရိတ်သတ်တွေရှိပြီး နိုင်ငံတကာ အဆင့်မှီတဲ့ မော်ဒယ်တစ်ယောက်ပါ။
အထူးသဖြင့် သူမရဲ့ တောင့်တင်းတဲ့ ကိုယ်လုံးကိူယ်ပေါက်နဲ့ လှပတဲ့ ရုပ်ရည်ကြောင့် ယောက်ျားလေး ပရိတ်သတ်အများစု ဟာ နတ်သမီး အဖြစ်သတ်မှတ်ထား ခဲ့ပါတယ်။
မော်ဒယ် လောကမှ လူများဟာလည်း ဒီသတင်းကိုဖတ်ပြီး၊ စိတ်ပျက်နေကြရပါသည်။အခုလာမယ့် ဖက်ရှင်ရှိုးပွဲက အထူးရှိုးပွဲပါ။
ဒီတစ်ခါ ကျင်းပမည့် ရှိုးပွဲဟာ အရင်ရှိုးပွဲများထက် ကြီးမားပြီး လွမ်းမိုးနိုင်စွမ်းရှိသည်။လူအများဟာ မှတ်ချက်များ ရေးသားနေကြပါတယ်။
"ချီးပဲ ဘယ်လို ဖြုန်းတီးမူလဲ"
"ဒါက ကံတရားပဲလေ၊အခု ကျို့လီယွန် ဘယ်လိုခံစားနေရမလဲ ဆိုတာသိချင်မိတယ်"
"ငါ့ဖင်ကြီးက ကံတရားလား၊ ဒီအဖြစ်အပျက်ကို မာစတာ တစ်ယောက်က ကြိုတင်သတိပေးထားပြီးသား??? ငါ ဖန်ဟုရှင်း အဲ့မာစတာ တပည့်လက်ခံသေးလား သိချင်မိတယ်"
"ကျို့လီယွန်တော့ နောင်တရနေလောက်ပြီ၊ သူမသာ ဒီလို အန္တရာယ် ရှိမှန်းသိရင် ရှောင်လွှဲဖို့ကိုပြင်ဆင်မိမှာပဲ"
"မာစတာ ကျွန်တော်မှားသွားပါတယ်၊ ကျွန်တော်ခင်ဗျားကို နောက်ဘယ်တော့မှ မစော်ကားတော့ပါဘူး။နောက်တစ်ပတ် ထီထွက်မယ့် နံပါတ်လေး ပို့ပေးပါခင်ဗျာ"
"ငါ အဲ့မာစတာ ရဲ့ဝိုက်ဘို အကောင့်ကို သွားကြည့်သေးတယ်၊ လူတွေအများကြီး သူ့ကိုတိုက်ခိုက်နေကြတာလေ အဲ့ထဲကတစ်ယောာက်က ကျို့လီယွန် ဘက်ကနေ ဆဲပေးနေတာ"
"အမြန်သွားပြီး မာစတာ လင်းကို ဖော်လို လုပ်ရအောင်၊ အခုကစပြီး ငါက မာစတာ လင်းရဲ့ ပရိတ်သတ်ပဲ"
.......
လင်းဖန်ဟာ ဒီသတင်းတွေကို အောင်နိုင်သူ အပြုံးနဲ့ ဖတ်နေခဲ့ပါသည်။ဒါပေမဲ့ အခုက အချိန်ကောင်း မဟုတ်သေးပါဘူး။သူ ဒီလိုအကွက်တွေကို ကြိုသိလို့ ထောင်ချောက်ဆငိထားတာပါ။
လူလိမ် ထျန်ဟာတော့ သူရှေ့မှာ ဖုန်းကြည့်ပြီးတပြုံးပြုံးနဲ့ ဖြစ်နေတဲ့ လင်းဖန်ကို စိတ်ဝင်စားစွာ ထိုင်ကြည့်နေခဲ့ပါသည်.......