← Chapters

ငါမင်းနဲ့အဆုံးအထိ တိုက်ခိုက်မယ်

Vol. 3 Ch. 40

ငါမင်းနဲ့အဆုံးအထိ တိုက်ခိုက်မယ်

Vol. 3 Ch. 40

ဆေးရုံခန်းတစ်ခုတွင်။

ခန္တာကိုယ် အချိုးအစားလှပပြီး၊ သွယ်လျသည့် မိန်းကလေးတစ်ယောက်ဟာ ဆေးရုံကုတင်ပေါ်တွင် လှဲနေခဲ့ပါတယ်။သူမရဲ့ ခြေထောက်မှာတော့ ကျောက်ပတ်တီး စည်းထားခဲ့သည်။

"အစ်မ ယွန် အများကြီးမတွေးပါနဲ့၊ နောက်ထပ်အခွင့်အရေးတွေ ရှိလာမှာပါ"

သူမရဲ့ အေးဂျင့်ဟာ သူမကိုနှစ်သိမ့်ပေးနေခဲ့ပါတယ်။

ဒီလို မတော်တဆမူ ဖြစ်တာကအတော်ကံဆိုး သွားတာပါ။လေယာဥ်လှေကားပေါ်က ပြုတ်ကျတာတင် အတော်ကံဆိုးနေခဲ့ပါပြီ၊ အခုလို ခြေထောက်ပါ ကျိုးသွားတာကတော့ ပိုတောင်ဆိုးရွားတဲ့အရာပါ။

သူမရဲ့ ခြေထောက်မှ​ကျောက်ပတ်တီး ကြီးနဲ့အတူ သူမဟာအတော် လှုပ်ရှားဖို့တောင်ခက်နေခဲ့ပါတယ်။သူမရဲ့ ဖက်ရှင်ရှိုးပွဲအတွက် မျှော်လင့်ချက်တွေကတော့ ပျက်စီးသွားခဲ့ရပါပြီ။

သူမဟာ အစောကြီးကတည်းက ဒီဖက်ရှင်ရှိုးပွဲအတွက် ကြိုးစားပြီးပြင်ဆင်ထား ခဲ့ရတာပါ။အခုတော့ ဖြုန်းတီးမူတစ်ခု ဖြစ်သွားခဲ့ရပါပြီ

"အစ်မ ယွန်.."

သူမရဲ့ အေးဂျင့်ဟာ လက်ကိုင်ပုဝါတစ်ထည် အလျင်အမြန်ပဲ ကမ်းပေးလိုက်ပါတယ်။သူမကိုဘယ်လို နှစ်သိမ့်ပေးရမလဲ ဆိုတာမသိတော့ပါဘူး။

ရုတ်တရက် ကျို့လီယွန် ဟာပြောလိုက်သည်။

"ဖုန်းလေး လှမ်းလိုက်ပါ"

အေးဂျင့်ဟာ သူမဘာလုပ်ချင်မှန်း မသိပေမဲ့ သူမရဲ့ ဖုန်းကိုလှမ်းပြီး ကမ်းပေးလိုက်ပါတယ်။

အခုချိန် ကျို့လီယွန် ရဲ့စိတ်ထဲမှာ ရှိတာကတော့ ဝိုက်ဘို ပေါ်က မှတ်ချက်တစ်ခုပါပဲ။သူမ ဆော့ဝဲကိုဖွင့်လိုက်တာနဲ့ ပထမဆုံးမြင်လိုက်တာက

"မင်းရှိုးပွဲသွားနိုင်မှာမဟုတ်ဘူး ....မင်းမသွားနိင်ဘူး"

ကျို့လီယွန် ဟာဒီ ဝိုက်ဘိုပေါ်က မှတ်ချက်ကို အစောကြီးကတည်းက မြင်ထားပြီးပါပြီ။သူမ၏ မှတ်ချက်ကို ပထမဆုံး မြင်တဲ့ အချိန်မှာ သူမသိပ်ပြီး အလေးမထားပါဘူး။

ပုံမှန်အားဖြင့် ဒီမှတ်ချက် က သူမကိုစိတ်မပျော်မရွင် ဖြစ်စေပါတယ်။ဒါကြောင့် သူမဟာ ဒီမှတ်ချက်ကို ကျော်သွားဖို့သာ စဥ်းစားခဲ့သည်။

သို့ပေမဲ့ မတော်တဆ မူတစ်ကယ်ဖြစ်လာတဲ့ အချိန်မှာ သူမဟာငိုတောင်ငိုမိခဲ့ပါသည်။အေးဂျင့် ဟာလည်း ဝိုက်ဘို ပေါ်က မှတ်ချက်ကို မြင်ကာ သူမကို နှစ်သိမ့်လိုက်ကါတယ်။

"အစ်မ ယွန် ၊ ဒါက တိုက်ဆိုင်သွားတာဖြစ်မှာပါ၊

ဒါတွေကို ယုံကြည်လို့ မရဘူး"

ကျို့လီယွန် ဟာခေါင်းယမ်း လိုက်ပါတယ်။တစ်ခါတစ်လေ ဒီလိုအရာတွေဟာ မယုံကြည်လို့မရပါဘူး။ဒီ မာစတာလင်း ဟာတစ်ခြားစူပါးစတားတွေရဲ့ အကောင့်တွေ မှာလည်း မှတ်ချက်တွေ ထားခဲ့ပါတယ်။

သို့ပေမယ့် ပထမဆုံးကြုံတွေ့ရမယ့် သူက သူမဖြစ်သွားလိမ့်မယ် လို့မထင်ထားမိခဲ့ပါဘူး။သူမတစ်ခြားလူတွေ ဘာဖြစ်မလဲ ဆိုတာကိုတောင် စိတ်ဝင်စား မိပါတယ်။

"ဒါက ဘိုင်လီ ရဲ့ ရူးသွပ်နေတဲ့ လဖြစ်လိမ့်မယ်"

(မင်မင်လည်း ဘာအဓိပါယ်လဲ နားမလည်ဘူး)

........

အိမ်တစ်အိမ် ထဲတွင်။

လျိုဒန်ဟာ အံ့သြစွာပြောလိုက်ပါတယ်။

"ရှင်းယီ ဒီခေါင်းစဥ်ကို ကြည့်လိုက်ဦး၊မာစတာ လင်း ကျို့လီယွန်ကို ကြိုတွက်ချက်ထားတဲါ ဟာက တကယ်ဖြစ်လာတယ်"

ရှင်းယီဟာ သူမရဲ့ ဇာတ်လမ်းစာရွက်ကို ကြည့်နေခဲ့တာပါ။သို့ပေမယ့် မာစတာ လင်းရဲ့ အကြောင်းကို ကြားတဲ့ အချိန်မှာ ဇာတ်ညွှနိးစာရွက်ကို ချပြီး ဖုန်းထဲက အကြောင်းအရာကိုလာကြည့်လိုက်ပါတယ်။

သူမဟာ စာကိုဖတ်ပြီး၊ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ပါတယ်။

"သူတကယ် ကြိုဟောထားတယ်...မာစတာလင်းကတကယ်ကြောက်ဖို့ကောင်းတယ်"

ရှင်းယီဟာ မယုံကြည်နိုင်စွာ ပြောလိုက်ပါတယ်။

"ဒါက ကြောက်ဖို့ကောင်းတာ မဟုတ်ဘူး၊ နတ်ဘုရားလိုပဲ"

လျိုဒန် ဟာမယုံကြည်နိုင်စွာ ပြောလိုက်ပါတယ်။

သူမတို့နှစ်ယောက်ဟာ အရင်တစ်ခေါက် အဖြစ်အပျက်ပြီး ကတည်းက အဓိက မင်းသမီးနဲ့ ဒုတိယ မင်းသမီး ဖြစ်လာခဲ့ပါတယ်။

ဆရာမ ထာအို ဟာတည့်တည့် နဲ့ တိုက်ရိုက် အလုပိလုပ်တတ်တဲ့ စတိုင်ဖြစ်ပြီးတော့ အကုန်သေချာပြင်ဆင်ပြီးသားပါ။ဒါကြောင့် သူမတို့ ဇာတ်ကား စရိုက်နေပြီ ဖြစ်သည်။

"မာစတာ လင်းရဲ့ အကောင့်ကို သွားကြည့်ရအောင်၊ မာစတာ လင်းကို ဆဲဆိုနေကြတဲ့ လူတွေတော့ ဆွံ့အနေကြလောက်ပြီ"

ချန်ရှင်းယီ ဟာပြောလိုက်ပါတယ်။

"ငါ ကြည့်ပြီးသွားပြီ ၊ မာစတာ လင်းက တကယ်

ပရို ဆန်တယ်နော်။သူက ဒါတွေကို ကြိုသိလို့ ဝေဖန်သူတွေကို လွတ်ပေးထားတာ ပဲဖြစ်မယ်"

.........

ညအချိန်

လင်းဖန်ဟာ အလုပ်ကနေ အိမ်ကိုပြန်လာခဲ့ပြီး အိပ်ယာထက်မှာ သာသာယာယာ ကြည့်နေခဲ့ပါတယ်။

ဟားဟား အခုတော့ မင်းတို့ မာစတာ လင်းဘယ်လောက် စွမ်းတယ်ဆိုတာ သိပြီလား...

လင်းဖန်ဟာ ဝိုက်ဘိုပေါ်မှာ ဖြစ်ပျက်နေတာတွေကို ကြည့်ပြီး ပြုံးနေခဲ့ပါတယ်။

ကျို့လီယွန် ရဲ့ အဖြစ်အပျက်က သူဟောခဲ့တဲ့ စူပါစတား တွေထဲကမှ ပထမဆုံးတစ်ယောက်ပဲ ရှိပါသေးသည်။တခြား လူတွေပါ မှန်လာတဲ့ အချိန်ကျရင် အကုန်လုံး ဆွံ့အကြမှာ မြင်ယောင်နေပါသေးတယ်။

မာစတာ လင်းရဲ့ ဝိုက်ဘို ဆော့ဝဲ မှာတော့...

"မာစတာ လင်း ၊ ခင်ဗျားက နတ်ဘုရားလိုပဲ ကျုပ်ခင်ဗျားကို ယုံကြည်တယ်နော်"

"မာစတာ လင်း ကျွန်တော်ကို ချမ်းသာအောင် ကူညီပေးပါ"

"တိုက်ခိုက်နေကြတဲ့ ကောင်တွေ ဘယ်ရောက်သွားပြီလဲ? တွင်းအောင်း ကုန်ပြီလား"

"အပေါ်ကကောင် မင်းကြည့်ရတာ မာစတာလင်း ကိုတော်တော်ချစ်နေသလိုပဲ"

"စောက်ရမ်းမိုက်တယ် နိမ့်ချပြီးနေခဲ့တာ"

...

ဆောင်းဦးဓားနဲ့ ငါးသတ်တဲ့ ကောင်လေးအကောင့်ပိုင်ရှင်ဟာ ဒီလှုပ်ရှားမူကို ဦးဆောင်တဲ့ လူတစ်ယောက်ပါ။သူ အင်တာနက် သုံးစွဲသူတွေကို လင်းဖန်ကို အပြစ်တင်ဖို့ အရောက်ပို့ခဲ့သူဖြစ်သည်။

သူ့ နောက်ကိုလိုက်နေတဲ့ လူအများအပြားရှိပြီး၊ ဒီတစ်ခေါက်အလုပ်ကို အောင်မြင်မယ်လို့ထင်ထားခဲ့တာပါ။

အခုတော့ တစ်ချို့သုံးစွဲသူ များဟာ ဆောင်းဦးဓား အ​ကောင့်ကို အကြောက်အလန့်မဲ့ စွာလာစိန်ခေါ်နေကြသည်။

အဲ့အချိန်မှာပဲ သူ့ကောင်လေးတွေ စာတွေတက်လာတာတွေ့လိူက်ရပါတယ်။

"**ပဲ တကယ်ကြီးလား? ငါ့အဲ့ကောင်လေးရဲ့ ဝိုက်ဘို အကောင့်မှာ ဆဲထားတဲ့ မှတ်ချက်တွေ အခုတစ်ရာလောက်ရှိတယ်..

"အမြန် အကို ဆောင်းဦးဓားကို ပြောလိုက် သူဒီသတင်းကို သိမှဖြစ်မယ်"

"ငါတို့ သူ့ကိုဆက်သွယ်ရမယ် သူလည်း လိုင်းစိမ်းနေတယ်"

ဆောင်းဦးဓား အကောင့်ပိုင်ရှင်ဟာ အခြေအနေတွေကိုကြည့်နေပြီး စိတ်တိုလွန်းလို့ ခန္တာကိုယ်တောင် လှုပ်နေခဲ့ပါတယ်။သူဟာ သူ့လက်ချောင်းများကိုတောင် ပြန်ကိုက်နေခဲ့သည်။

မင်း ခန့်မှန်းတာက မှန်သွားတယ်ပေါ့ ..သိပ်ပြီးလည်း အပျော်မစောနဲ့ဦး ဒါပေမဲ့ ငါက ဆောင်းဦးဓားကွ ဒါကို ငါရအောင် ပြောင်းလဲပြမယ်..

"ကောင်လေးတို့ ငါလည်း သိပြီးသွားပြီ။အခုငါတို့မှာ မစ်ရှင်တစ်ခုရှိတယ် အဲတာက မာစတာလင်းရဲ့ ကောင်းကြောင်းပြောတာတွေ ရပ်တန့်သွားဖို့ပဲ၊ ငါတို့ ဆောင်းဦးဓား စစ်တပ် ဘယ်လောက် အစွမ်းထက်လဲ ပြလိုက်ကြရအောင်"

"အစ်ကို ဆောင်းဦးဓား ပြောတဲ့ အတိုင်းပဲ လုပ်ကြဟေ့"

"မာစတာ လင်း ကိုအဆုံးသတ်ဖို့ တိုက်ပွဲစလိုက်ကြရအောင်"

......

အဲ့အချိန်မှာပဲ လင်းဖန်ရဲ့ ဝိုက်ဘိုမှာ တိုက်ခိုက်မူတွေ ပြန်စတင်လာခဲ့ပါတယ်။

"ဒါကံကောင်းသွားတာ ပါကွာ ၊ ကျို့လီယွန်ရဲ့ ခြေထောက်မှာ အစောကတည်းက ဒဏ်ရာရှိပြီးသား ဒါက ကိစ္စကြီးမဟုတ်ဘူး"

"သူက အခုမှ တစ်ခုထဲမှန်သေးတာလေ ၊ ကျန်တဲ့ဟာတွေမှန်မယ်ထင်လို့လား ဆုတောင်း"

"အပေါ်က တစ်ယောက်ပြောတာ သဘောတူတယ်"

"ပုံမှန် သဘောတရားအရ ပြောရမယ် ဆိုရင်တော့ သူကံကောင်းသွားတာပဲ"

...

လင်းဖန်ဟာ သူ့ဝိုက်ဘိုရဲ့ အခြေအနေတွေကိုစောင့်ကြည့်နေခဲ့တာပါ။ခနကြာလာတဲ့ အချိန်မှာ အခြေအနေတွေ မှားနေပြီးမှန်း သိလိူက်ပါတယ်။

သူ့ကို တိုက်ခိုက်တဲ့ လူတွေ ပြန်ပေါ်လာကြပါပြီ။ယင်းနောက်သူ့ကို တစ်ယောက်ယောက်က သီးသန့် စာပို့တာကို တွေ့လိုက်ရပါတယ်။

ဆောင်းဦးဓားနဲ့ ငါးသတ်တဲ့ကောင်လေး

"အခြေအနေ ဘယ်လိုလဲ မာစတာ လင်း၊ ကျုပ်ရဲ့ စစ်တပ် ကသန်မာတယ်မလား။ငါမင်းကိုတစ်ခုပြောလိုက်မယ် ငါရှိနေသ၍ မင်းအကောင့် ဘယ်တော့မှ နလန်မထူစေရဘူး"

"မအလေိုး"

လင်းဖန် ချက်ချင်းပဲစာပြန်လိုက်ပါတယ်။

ဆောင်းဦးဓားဟာ လင်းဖန်ရဲ့ စာကိုမြင်လိုက်ပြီးပိုတောင် စိတ်တိုလာခဲ့ပါတယ်။ဒီတစ်ခါ သူ့ရဲ့ လူတွေအကုန်လုံးကို လင်းဖန် ဝိုက်ဘို မှာတိုက်ခိုက် ခိုင်း ထားတာပါ။

သူဟာ အသေအ​ကြေတိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပြီဖြစ်သည်။

အဲ့အချိန်မှာပဲ လင်းဖန်ဟာ သူ့ပိုစ်အောက်မှ လူတစ်ယောက်ကို ဆောင်းဦးဓားသူ့ဆီပို့ထားတဲ့ စာသားတွေကို စခရင်ရှော့ရိုက်ထားတဲ့ပုံနဲ့ စာပြန်လိုက်ပါတယ်။

"စောင့်ကြည့်ကြရအောင် ကောင်လေးတို့"

လင်းဖန်ရဲ့ ဝိုက်ဘိုလေးဟာ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ပရိတ်သတ်တောင် တစ်သောင်းလောက်ရှိလာခဲ့ပါပြီ။လင်းဖန် အတွက်တော့ ဒါက ကောင်းမွန်တဲ့ တိုးတက်မူပါ။

ဆောင်းဦးဓား အကောင့်ပိုင်ရှင်ဟာ ဒါကိုမြင်ပြီး အတော် ဒေါသထွက်နေခဲ့ပါသည်။

"မအိမ်လုံး မင်းကများ ငါ့ကိုစိန်ခေါ်ရဲတယ်ပေါ့

မင်းသေဖို့အတွက် ငါဘာမဆိုလုပ်ပြမယ်"

* ဘန်း *

ဆောင်းဥိးဓား အကောင့်ပိုင်ရှင်ဟာ စိတ်တိုပြီး

စားပွဲကို ရိုက်လိုက်ပါတယ်။သူ့ရဲ့ ဒေါသကြောင့် ခန္တာကိုယ်ဟာ တုန်ခါနေပြီး သူထိုင်နေတဲ့ ခုံတောင် လှုပ်နေခဲ့ပါတယ်။

သူ၏ ကြီးမားလှတဲ့ ခန္တာကိုယ်မှ အငွေ့တွေထွက်နေသည်ဟုတောင် ထင်ရသည်။

"ချီးပဲ"

.............

နောက်တစ်နေ့တွင်။

လူတိုင်းကို အံ့သြစေမဲ့ အကြောင်းအရာ တစ်ခုထပ်ဖြစ်ခဲ့ပါပြီ။

လင်းဖန်ဟာ သူ့ဆိုင်လေးမှာ ထိုင်ပြီး သတင်းတွေ ဖတ်နေခဲ့ပါတယ်။သူဟာ သတင်းတစ်ခုကိုမြင်လိုက်ပြီး လှောင်ရယ်လိုက်သည်။

သို့ပေမဲ့ လင်းဖန်ရဲ့ အကောင့်ကို အနီးကပ်စောင့်ကြည့်နေတဲ့ လူတွေအတွက်ကတော့ လုံးဝကို အံ့သြစရာ သတင်းတစ်ခုဖြစ်နေခဲ့ပါတယ်....

All Chapters