ဒါသတင်းပေါက်ကြားတာပဲ ဖြစ်ရမယ်
Vol. 3 Ch. 41
ဖျော်ဖြေရေး လောကထဲမှာ ဝမ်ချန်ဟာထိပ်တန်း သတင်းထောက်တစ်ယောက်ပါ။သူ့မှာစပွန်ဆာ ကုမ္ပဏီတွေမရှိပေမဲ့လည်း များပြားလှတဲ့ စူပါစတားတွေရဲ့ နောက်ကွယ် ဇာတ်လမ်းရှုပ်တဲ့သတင်းတွေကို သူဖော်ထုတ်နိုင်ခဲ့ပါတယ်။
သူနောက်ဆုံးဖော်ထုတ်ခဲ့တဲ့ သတင်းက အောင်မြင်တဲ့ ယောက်ျားလေး စူပါစတား တစ်ယောက် အပျော်မယ် ဆီကိုသွားခဲ့တဲ့ သတင်းပါ။
သတင်းပျံ့နှံ့သွားတဲ့ အချိန်မှာ တစ်နိုင်ငံလုံး အုံးအုံးကျတ်ကျတ် ဖြစ်သွားပြီး၊ ဒေါသတွေထွက်ခဲ့ကြပါတယ်။
နောက်ဆုံးမှာ အခြေအနေတွေဟာ ဝရုန်းသုန်းကားဖြစ်ကုန်ပါတယ်။ဘာလို့လဲဆိုတော့ နိုင်ငံသားတွေဟာ အဖြစ်အပျက်အမှန်ကိုသိသွားကြပြီး ဝိုင်းတိုက်ခိုက်ကြလို့ပါ။
ဝမ်ချန်ကတော့ နောက်ဆက်တွဲ ဖြစ်ပျက်မဲ့ဟာတွေကို စိတ်ကိုမဝင်စားပါဘူး။သူ့အတွက်က ပိုက်ဆံတွေ အများကြီးရပြီးသွားပါပြီ။
ဒါပေမဲ့ ဖျော်ဖြေရေးလောကက လူတွေအကုန်လုံး ဒီစူပါစတားဟာ ညစ်ညမ်းတဲ့ မာဆတ်ခန်း ကိုသွားခဲ့တယ်ဆိုတာ သိပါတယ်။
ဒီနေ့မှာတော့ ဝမ်ချန် ဟာစိတ်အားထက်သန်နေခဲ့ပါသည်။ဘာလို့လဲဆိုတော့ သူဒီနေ့ သတင်းအသစ်တစ်ခုကို ဖော်ထုတ်တော့မှာပါ။
သူဒီသတင်းကို ပြင်ဆင်နေတာ အချိန်အတော်ကြာပြီဖြစ်သည်။ဒီသတင်းက အကုန်လုံးကို ဂယောင်ချောက်ချား ဖြစ်စေဖို့ လုံလောက်ပါတယ်။
သူပိုပိုပြီး အောင်မြင်လာမှာ ကိုတွေးရင်း မစောင့်နိုင်တော့ပါဘူး။
သူ၏ ကွန်ပြူတာ ရှေ့တွင်။
ဝမ်ချန်ဟာ သူ့ USB ထဲမှာရှိတဲ့ အထောက်အထားတွေ အကုန်လုံး ကိုကွန်ပြူတာထဲကို ပြောင်းကာ တင်လိုက်ပါတယ်။
သူ့ရဲ့ အထောက်အထားတွေ နဲ့ဆိုရင် သူဖော်ထုတ်မယ့်သူဟာ ငြင်းချင်ရင်တောင် ငြင်းလို့မရပါဘူး။
ကွန်ပြူတာ ထဲပြောင်းပြီးတဲ့ အချိန်မှာ ဝမ်ချန်ဟာ သူ့ရဲ့ မောက်စ်ကနေ ကလစ်ကိုနိပ်လိုက် ပြီးသတင်းတစ်ခုအဖြစ် အလျင်အမြန်တင်လိုက်ပါတော့တယ်။
နှစ်နာရီ ကြာပြီးနောက်။
ဝမ်ချန်ဟာ သတင်းအခြေအနေကို စောင့်ကြည့်ရင်း သူဝင်ထားတဲ့ စပ်စုသော သတင်းထောက်များ ဂရုက စာတွေကို ဖတ်လိုက်ပါတယ်။
"အစ်ကို ဝမ် ၊ မိုက်တယ်ကွာ ဒီသတင်းက တကယ့် ထိပ်တန်း သတင်းပဲနော်"
"အစ်ကို ဝမ် ဒီသတင်းက အမှန်ပဲလား၊ အမှားမလုပ်မိစေနဲ့ဦးနော် မဟုတ်ရင် လွယ်လွယ်ပြီးသွားမယ့်အရာ မဟုတ်ဘူး"
"ငါ ဝမ်ချန် က နှစ်ပေါင်းများစွာကြာအောင် ဂုဏ်သိက္ခာကို ထိန်းသိမ်းလာခဲ့တာ။ငါ အမှားလုပ်တာကို မြင်ဖူးလို့လား"
ဝမ်ချန်ဟာ စာပြန်လိုက်ပါတယ်။
ယင်းနောက် ဝမ်ချန်ဟာသူ့ရဲ့ ဝိုက်ဘို အကောင့်ကို ပြန်ဖွင့်ပြီး ကြည့်လိုက်ရာ တစ်ခုခု မှားနေပြီဆိုတာ သတိထားမိလိုက်ပါတယ်။
သူသတင်းတင်လိုက်တဲ့ ဟာက အခုအချိန်လောက်ဆိုရင် ထိပ်တန်းရှာဖွေမူ နေရာမှာ ပထမဖြစ်နေသင့်တာပါ။သို့ပေမယ့် သူ့သတင်းဟာ နံပါတ် သုံးနေရာမှာသာ တွေ့လိုက်ရပါတယ်။
မဖြစ်နိုင်တာ...
ဒါက သူထင်ထားတာနဲ့ တစ်ခြားစီပါပဲ။ယင်းနောက် သူဟာ ရှာဖွေခံရမူ အများပြားဆုံး နှစ်ခုကို ကြည့်လိုက်ပါတယ်။
"လွန်ခဲ့တဲ့ ၆ ရက်က မာစတာလင်းဟာ ချန်ယု နဲ့ ထျန်ရှင်း ကို ဘာတွေကြိုဟောခဲ့သလဲ"
"တစ်ချက်ဟောပြောလိုက်ယုံဖြင့် ကျို့လီယွန် ရှိုးပွဲနှင့် လွဲချော်သွားခြင်း"
ချီးပဲ ဒါကဘာသတင်းတွေ မို့လို့လဲ??
ဝမ်ချန်ဟာ စိတ်တိုစွာအော်ဟစ် လိုက်ပါတယ်။ယင်းနောက် သူ သတင်းနှစ်ခုကို ဖတ်ကြည့်ကာ အံ့သြသွားခဲ့သည်။
"ဒါကြိုပြီး ပေါက်ကြားလာခဲ့တာပဲ ဖြစ်မယ်၊ဘ
ယ် ဗေဒင်ဆရာက ဒီလောက်ထိ အတိအကျကြီး ဟောနိုင်လို့တုန်း"
ဝမ်ချန်ဟာ သူ့ရဲ့ ဝိုက်ဘိုတွင် တင်ထားသည့်ပို့စ်ကိုကြည့်လိုက်ရာ စိတ်တိုလွန်းလို့ သတိလစ်ချင်သလိုတောင် ဖြစ်သွားခဲ့သည်။
"မာစတာ လင်းက ဒါကိုကြိုဟောထားမယ်လို့ မထင်ထားအမိခဲ့ဘူး၊ တကယ် မယုံနိုင်ဘူး"
"ချီးပဲ ငါမာစတာ လင်းကြိုဟောထား တုန်းက တကယ်မယုံကြည်ခဲ့ဘူး။ဒါက ငါ့မျကိနှာငါ ပြန်ရိုက်လိုက် သလိုပဲ"
သူပို့စ် မှာရှိနေတဲ့ မှတ်ချက် ၁၀ ခုမှာ ၉ ခုဟာ လင်းဖန် အကြောင်းပါနေတာကို မြင်တဲ့ အချိန်မှာ ဝမ်ချန်ဟာ သွေးအန်မလိုတောင် ဖြစ်သွားခဲ့ပါတယ်။
သူ့ရဲ့ သတင်းကို မာစတာလင်းက ခိုးသွားခဲ့တာပါ။ဝမ်ချန်ဟာ ထပ်ပြီးသည်းမခံနိုင်တော့ ပဲ ဝိုက်ဘိုမှာ မှတ်ချက် ရေးလိုက်ပါတယ်။
"@ အနာဂတ်ကို ဟောပြောတဲ့ ကုန်းမအို မာစတာလင်းဖန် ၊ စောက်ရှက်မရှိ ငါသတင်းကို ခိုးရဲတယ် ဟုတ်လား ငါဒီသတင်းကို လိုက်နေတာ နှစ်နဲ့ချီနေပြီ ...မင်းငါ့ရှေ့နေ ဆီက ဆက်သွယ်တာသာစောင့် နေလိုက်တော့"
ဝမ်ချန်ဟာ ထပ်ပြီးသည့်မခံနိုင်တော့လို့ မှတ်ချက်ရေးလိုက်တာပါ။သို့ပေမဲ့ ခနအကြာတွင် သူကြောင်အသွားခဲ့သည်။
ဒီဘဲ က ငါဘယ်သူလဲဆိုတာတောင် မသိဘူးလား...?ပြီးတော့ ငါ့ရဲ့ သတင်းကို ငါ USB ထဲမှာထည့်ထားတာလေ သူဘယ်လိုခိုး သွားတာလဲ?
ဒီလူ ဒီသတင်းကိုဘယ်က နေရခဲ့တာ ဖြစ်နိုင်မလဲ?
ငါ့မိန်းမ ဆီကနေပဲ ဒီကောင်သိသွားတာလား?
ဝမ်ချန်ဟာ လင်းဖန်ရဲ့ ဝိုက်ဘိုပေါ်က မှတ်ချက်တွေကို ကြည့်ရင်း အတွေးလွန်ကာ သူ့မိန်းမကိုတောင် သံသယ ဖြစ်လာခဲ့ပါတယ်။
"စောက်ကျိုးနဲ့ မာစတာလင်းရေ ခင်ဗျားဟာက တိကျလှချည်လား"
"ငါမှားသွားပါတယ် မာစတာ လင်း၊ ဒီစောက်သုံးမကျတဲ့ ကောင်တွေနဲ့ရောပြီး မင်းကို မတိုက်ခိုက်ခဲ့သင့်ဘူး"
"အပေါ်ကကောင် မင်းနည်းနည်းတော့ ရှက်တတ်စမ်းပါ။မာစတာ လင်းကို မင်းအရင်ဆုံး စပြီးဆဲတာ ငါမှတ်မိသေးတယ်"
"ဒီနေ့က စပြီး ငါ မာစတာ လင်းစကားကိုပဲယုံမယ်ကွာ တစ်ခြားလူတွေပြောတာ မယုံတော့ဘူး"
"မာစတာ လင်း ရေ ကျွန်တော့်ကို လိပ်စာလေးပေးဖို့ တောင်းပန်ပါရစေ။ကျွန်တော် ကိုယ်တိုင် လာတွေ့ချင်လို့ပါ"
လင်းဖန်ရဲ့ အကောင့်မှာ များပြားလှတဲ့ အင်တာနက်သုံးစွဲသူတွေ စုဝေးနေခဲ့ပါတယ်။သို့ပေမဲ့ ဒီတစ်ခါမှာတော့ ဝိုင်းပြီး အပြစ်တင်ကြတာ မဟုတ်ပဲ ချီးမြောက်နေခဲ့ကြပါသည်။
သူက တကယ်ကိုနတ်ဘုရားပဲ....
.........
ဆောင်းဦးဓားနဲ့ ငါးသတ်တဲ့ ကောင်လေး အကောင့်ပိုင်ရှင်ဟာ သတင်းတွေကို ဖတ်လိုက်ပြီး သူ့မျက်နှာ ပြောင်းလဲသွားခဲ့ပါတယ်။
ဒီလောက်အထိ တိကျတာက ဖြစ်နိုင်လို့လား?
ကျို့လီယွန် ရှိုးပွဲနဲ့ လွဲသွားတာ တစ်ခုတည်းဆိုရင်တော့ ကံကောင်းသွားတာလို့ ပြောလို့ရပါတယ်။
ဒါပေမဲ့ အခုဟာက...
သူသာ အခုချိန်လင်းဖန် ကို သွားပြီအပြစ်တင်ရင် သူ့အကောင့် ဘယ်လိုပျောက်သွားလဲ ဆိုတာတောင် သိလိုကိမှာ မဟုတ်ပါဘူး။
ဒါ ...ဒါ
ဆောင်းဦးဓား အကောင့်ပိုင်ရှင်ဟာ ဝမ်ချန်ရဲ့ ဝိုက်ဘိုကို မြင်တဲ့ အချိန်မှာ ပိုပြီးဆွံ့အသွားခဲ့ပါတယ်။
"သတင်းပေါက်ကြားတာပဲ ဖြစ်ရမယ် ၊ ဒါလုံးဝ မဖြစ်နိုင်ဘူး"
ယင်းနောက် ဆောင်းဦးဓားဟာ သူ့လူတွေနဲ့အတူ တိုက်ခိုက်ဖို့ အတွက်ပြင်ဆငိလိုကိပါတဟ်။
သူလင်းဖန်ကို အရိုးထဲအထိကို မုန်းနေခဲ့တာပါ။သူလင်းဖန်ကြောင့် စောက်ရှက်ကွဲခဲ့တာတွေ များနေခဲ့ပါပြီ။လင်းဖန်ကို တိုက်ခိုက်လိုက်တိုင် သူမျက်နှာပျက်စရာ နဲ့ပဲ ကြုံရပါတယ်။
ဒါတွေအကုန် အဲ့ခွေးသားလေး ကြောင့်ပဲ.....
..........
ဆိုင်ထဲတွင်။
လင်းဖန်ဟာ သူ့ ဝိုက်ဘိုအကောင့် မှာဖြစ်နေတဲ့ အခြေအနေတွေကို ကြည့်ရှုနေခဲ့ပါတယ်။ဒါတွေအကုန်လုံးက သူစီစဥ်ထားတဲ့ အရာတွေပါပဲ။
ဆောင်းဦး ဓား အကောင့်ပိုင်ရှင်ဟာ သူ့ကို ဒုက္ခတွေ လာပေးပေမယ့်လည်း ဒါဟာ အချိန်ခနလောက်ပါပဲ။
ဝမ်ချန်က ရှေ့နေဆီကနေ စာပို့မယ်ဆိုတာ ဘာကိုပြောတာလဲ? ငါက ငါ့ဟာငါ ဗေဒင်ဟောနေတာလေ...
ဒင် ဒင်
ဝီချပ်ကနေ တစ်ယောက်ယောက် မက်ဆေ့ ပို့တဲ့ အသံဟာ ကျလာခဲ့ပါတယ်။
"မာစတာ လင်း အရမ်းတော်တာပဲ၊ တကယ်ကြိုပြီးတော့ ဟောနိုင်ခဲ့တယ်"
"ဝမ်ချန်က မာစတာ လင်းကို သူ့သတင်းခိုးတယ်လို့ပြောနေတယ် ၊ ဘယ်လောက်အရှက်မရှိလိုက်လဲ"
ချန်ရှင်းယီဟာ လင်းဖန်ကို စာနှစ်ကြောင်း ပို့ထားတာ တွေ့လိုက်ရပါတယ်။
ချန်ရှင်းယီဟာ လင်းဖန် ဒီလောက်တိတိကျကျ ဟောနိုင်တာကို အံ့သြနေခဲ့တာပါ။ဒါပေမဲ့ ပိုပြီးအံ့သြဖို့ ကောင်းတာက ထျန်ရှင်း အေကြာင်းအရာဟာ လင်းဖန်ကြောင့် ထိပ်တန်း ရှာဖွေမူကို မရောက်ခဲ့ခြင်း ဖြစ်သည်။
လူအများစုဟာ လင်းဖန်အကြောင်းပဲ ပြောကြပြီးတော့ ထျန်ရှင်းနဲ့ ချင်းယု အေကြာင်းကို မပြောကြပါဘူး။
ဘာပဲဖြစ်ဖြစ် ဒီ စူပါစတား နှစ်ယောက်ဟာအပြင်မှာ မျက်နှာ ပြရဲမှာ မဟုတ်ပါဘူး။
လင်းဖန်ဟာ ချန်ရှင်းယီကို စာပြန်လိုက်သည်။
"စိတ်မပူပါနဲ့ အမှန်တရားက သူ့ဟာသူပေါ်လာပါလိမ့်မယ်"
လင်းဖန် ဝိုက်ဘိုက အခြေအနေတွေကို ကြည့်ရင်း တစ်ခုခုထပ်လုပ်ဖို့ လိုအပ်တယ် လို့ခံသားမိလိုက်ပါတယ်။
အခုဖြစ်နေတဲ့ အခြေအနေတွေ၊ လူတွေစိတ်ဝင်စားနေတာက သူ့ရဲ့ ကျော်ကြားတဲ့ လုပ်ရပ်တွေကြောင့်ပါ။ဒီလူတွေကို သာ သူ့ရဲ့ ပရိတ်သတ်တွေ အဖြစ်ပြောင်းလဲနိုင်ရင် တော်တော် အဆင်ပြေပါလိမ့်မယ်။
"အမှန်တရား ပေါ်လာတဲ့ အထိသာ စောင့်လိုက်၊မာစတာ လင်း ဟောတဲ့ အရာတွေက အမြဲတမ်းတိကျတယ်"
"ဝမ်ဘင်ယန် ဟာ "မပြောနိုင်သော မနက်ဖြန် ဇာတ်ကားမှာ သရုပ်ဆောင်တော့မှာ မဟုတ်ဘဲမျိုးရိုးနာမည် ယန် အမည်ရှိ မင်းသမီး တစ်လက်
နှင့်အစားထိုးမည်"
"နိုင်ငံ ဘောလုံးအသင်းဟာ3 - 0 ဖြင့် ရှုံးနိမ့်နိုင်သည်"
"ယန် ရှောင်လိန်ဟာ ရိုက်နက်ခံရပြီး ဆေးရုံးတက်ရနိုင် ကိန်းရှိသည်"
လင်းဖန်ဟာ လွဲချော်သွားမှာကို လုံးဝစိတ်မပူပဲ သူ့ရဲ့ ဝိုက်ဘို ဆော့ဝဲမှာ ပို့စ်တွေ တစ်ခုပြီးတစ်ခု တင်လိုက်ပါတယ်။
အရာရာ တိုင်းက ကောင်းကင်ဘုံရဲ့ ဆန္ဒ အတိုင်းပဲ......
ဝိုက်ဘို သုံးစွဲကြတဲ့ လူများဟာတော့ လင်းဖန်ထပ်တင်တဲ့သတင်းတွေ အမှန်တကယ်ဖြစ်လာနိုင်မလားဆိုတာ စိတ်လှုပ်ရှားပြီး စောင့်ဆိုင်းနေခဲ့ကြပါတယ်......