← Chapters

ဖြစ်ချင်တဲ့ အတွေးများ

Vol. 1 Ch. 9

ဖြစ်ချင်တဲ့ အတွေးများ

Vol. 1 Ch. 9

ပြသနာ တစ်ခုရှိနေခဲ့တယ်..။

သူတို့က တောင်တက်လမ်းအတိုင်းသွားပြီး..ညမရောက်ခင် တိုက်ပွဲနေရာနဲ့ ဝေးနိုင်သမျှဝေးအောင် သွားဖို့ စီစဥ်နေခဲ့တာပါ..။သို့ပေမယ့်..လမ်းက နောက်ထပ် မရှိတော့ပေ..။

ကျောက်တုံး ပြိုကျမူ ဖြစ်ပေါ်ပြီးနောက်မှာ..လမ်းရဲ့ တစ်ခြားအပိုင်းတွေ ပျောက်ကွယ်သွားတဲ့ပုံပါပဲ.။ဆန်နီ ချောက်ကမ်းပါးကြီး အစွန်းမှာ ရပ်နေပြီး..အောက်ဘက်ကို ခံစားချက်မဲ့တဲ့ အမူအရာနဲ့ ကြည့်နေခဲ့တယ်..။

"ငါတို့ အခု ဘာလုပ်ကြမလဲ.."

ပညာရှင်ရဲ့ အသံဟာ..သူ့ရဲ့ သားမွှေးအင်္ကျီ ကော်လံကြောင့်ဗလုံးဗထွေး ဖြစ်နေခဲ့တယ်..။

သူ့ရဲ့ နောက်လိုက် ခိုးကြောင်ခိုးဝှက်ကတော့..ပတ်ပတ်လည်ကို ဒေါသ တကြီး ကြည့်နေခဲ့ပါတယ်..။သူ့အကြည့်တွေက..ဆန်နီအပေါ်ရောက်တဲ့အခါမှာတော့..အသင့်တော်ဆုံး သားကောင် တစ်ကောင်လို ရပ်တန့်သွားခဲ့တယ်..။

"ငါတို့ ဘာလုပ်ဖို့လိုလဲ ဆိုတာကို ပြောပြမယ်..။လူ ပိုတွေကို လျော့ချလိုက်..."

သူ ဆန်နီရဲ့..ပြီးပြည့်စုံတဲ့ ဖိနပ်တွေကို ကြည့်ပြီး သူရဲကောင်းလေးဘက် လှည့်လိုက်တယ်..။

"နားထောင်ပါဦး..အရှင်..။ဒီကောင်လေးက အရမ်းကို အားနည်းနေတယ်..။သူက ကျုပ်တို့ကို..နောက်နှေးစေနေတာလေ..။ထပ်ပြောရရင် သူက ထူးဆန်းတယ်..။သူက ကျောချမ်းစေတဲ့ ခံစားချက်မျိုး ပေးနေတယ်လို့ မထင်ဘူးလား.."

သူရဲကောငိးလေးဟာ မျက်မှောင်ကျုတ်ပြီး အဖြေပြန်ပေးလိုက်ပေမယ့်..ခိုးကြောင်ခိုးဝှက်ကတော့ ရပ်မသွားခဲ့ပါဘူး..။

"ကြည့်..ကြည့်..သူ ကျွန်တော်ကို စိုက်ကြည့်နေတာကို ကြည့်ပါဦး..။ကျိန်ဆိုပြီးပြောရရင်..သူ ခရီးသည်တန်းနဲ့ ပါလာကတည်းက အရာရာတိုင်း မူမမှန်တော့တာ..။လူအိုကြီး ပြောတာ မှန်နေလောက်တယ်..။ဒီကလေးက..အရိပ်နတ်ဘုရား ကျိန်စာတိုက်တာကို ခံထားရတာပဲ.."

ဆန်နီ မတု့န်ပြန်မိအောင် ထိန်းချုပ်ထားနေရတယ်..။သူက ကံမကောင်းဘူးဆိုတာ မှန်ပေမယ့်..ဒီလူပြောနေတာ တွေကတော့ အမှန်တရားနဲ့ အဝေးကြီးပါပဲ..။

သူက ခရီးသည်တန်းဆီ ကံဆိုးမူတွေယူလာတာ မဟုတ်ပဲ..သူတို့က..နဂိုထဲက ဒီလိုဇာတ်သိမ်းဖို့ ကံပါလာခဲ့တာပါ..။

ပညာရှင်ဟာ လည်ချောင်းကို ရှင်းလိုက်ပြီး..

"ဒါပေမဲ့..ငါ ဘာမှ မပြောခဲ့ပါဘူး.."

"ဘာပဲဖြစ်ဖြစ်လေ..ကျုပ်တို့ သူ့ကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ထားခဲ့သင့်တယ်..။သူ့ပုံစံကလည်း ထပ်ပြီး မလျောက်နိုင်လောက်တော့ဘူး."

ပညာရှငိဟာ..ဆန်နီကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။ဒီကလေးရဲ့ မျက်လုံးထဲမှာ အေးစက်တဲ့ တွက်ချက်မူတွေကို သူ မြင်နေရပါတယ်..။နောကိဆုံးမှာတော့..ပညာရှင် ခေါင်းခါယမ်းလိုက်ပြီး..

"အရမ်း အလျင်မလိုနဲ့ မိတ်ဆွေ..။ကောင်လေးက နောက်ပိုင်းမှာ အသုံးဝင်လာနိုင်တယ်လေ. "

"ဒါပေမဲ့.."

သူတို့ ငြင်းခုန်မူကို အဆုံးသတ်ပေးတဲ့ အနေနဲ့ သူရဲကောင်းလေးဟာ ဝင်ပြောလိုက်တယ်..။

"ငါတို့ ဘယ်သူ့ကိုမှ..နောက်မှာ..မချန်ထားခဲ့ဘူး..။သူ ဘယ်လောက်အထိ ဆက်လျောက်နိုင်မလဲ ဆိုတာကတော့..ကိုယ့်အတွက်ကိုပဲ စိတ်ပူကြ.."

ခိုးကြောင်ခိုးဝှက်ဟာ..အံကိုကြိတ်လိုက်ပေမယ့်..လက်ဝေ့ယမ်းလိုက်တယ်..။

"ကောင်းပြီ..ဒါဆို ဘာဆက်လုပ်ကြမလဲ.."

သူတို့လေးယောက်ဟာ..ပျက်ဆီးနေတဲ့ လမ်းကိုကြည့်ပြီး..တောင်ပေါ်ကို မော့ကြည့်လိုက်ကြတယ်..။ခနလောက် တိတ်ဆိတ်နေပြီးမှ..ဆန်နီဟာ ပြောလိုက်ပါတယ်..။

"အရင်တုန်းကတော့..တောင်ထိပ်ကို တက်တဲ့ လမ်းတစ်လမ်းတော့ရှိတယ်..။အဲ့လမ်းက..ခရီးသွားတဲ့လူတွေ အသုံးပြုကြတာလေ..။နောက်ပိုင်းမှာ အင်ပါယာက..ပြန်လည် ပြုပြင်ပေးခဲ့တယ်လေ.."

သူ ကြည့်လိုက်ပြီး..

"မူလ လမ်းဟောင်းကတော့ ငါတို့အပေါ်က တစ်နေရာရာမှာ ရှိနေဦးမှာပဲ..။တကယ်လို့..ငါတို့ အဲ့ကိုရောက်ရင် ဒီလမ်းရဲ့ မပျက်ဆီးတဲ့ အပိုင်းကို ပြန်ရှာနိုင်မှာပဲ.."

လူတိုင်းဟာ..သူ့အကြည့်နောက်ကို လိုက်ကြည့်လိုက်တဲ့ အချိန်မှာတော့..အတော်လေးကို ဆိုးဆိုးရွားရွား တက်ရမယ့် လမ်းကို တွေ့လိုက်ကြရပါတယ်..။ဒါပေါ့..သူရဲကောင်းလေးကလွဲပြီး ဘယ်သူမှ..သူတော်စင် တစ်ယောက်လို မတည်ငြိမ်နေနိုင်ပါဘူး..။

ကျောက်တုံးတွေ ပြိုကျမူကြောင့်..လမ်းက လုံးဝ မပျက်ဆီး သွားပေမယ့်..တောင်စောင်းတွေကတော့ အတော်လေး ချွန်ထက်နေခဲ့ပါတယ်..။

ခိုးကြောင်ခိုးဝှက်ကတော့ ပထမဆုံး စပြောတဲ့ လူပါပဲ..။

"ဒါကို တက်ရမှာလား..။ရူးနေတာတော့ မဟုတ်ပါဘူးနော်.."

ပညာရှင်ဟာ အကူညီမဲ့စွာပဲ ပုခုံးတွန့်လိုက်တယ်..။

"မင်းမှာ ပိုကောင်းတဲ့ အကြံရှိလား.."

ဘယ်သူ့မှာမှ မရှိပေ..။အနည်းငယ် ပြင်ဆင်ပြီးတဲ့နောကိမှာတော့ သူတို့ စတက်လိုက်ကြပါတယ်..။ခိုးကြောင်ခိုးဝှက် နဲ့ ပညာရှင်ကတော့..သူတို့ အလောင်းတွေ ဆီက ကောက်ယူခဲ့တဲ့ ဓားတွေကို ခေါင်းမာစွာပဲ ဆက်သယ်လာခဲ့ကြတယ်..။

သို့ပေမယ့် ဆန်နီကတော့..သူ ယူလာခဲ့တဲ့ ဓားအတိုလေးကို ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ပါပြီ..။ဒီ အတက်က သူတို့ရဲ့ ခံနိုင်ရည်အားကို စမ်းသပ်တော့မှာ အသေအချာပါပဲ..။

ဓားတစ်ချောင်းက အခုချိန်မှာ ဘယ်လောက်မှ မလေးပေမယ့် ခနနေကြရင်..၁ ဂရမ်လောက် အလေးချိန်ကတောငိ တန်ပေါင်းများစွာ လေးသလို ခံစားရပါလိမ့်မယ်..။

အဖွဲ့ထဲက အားအနည်းဆုံး..အဖွဲ့ဝင်ဖြစ်နေတာကြောင့် သူ့မှာ ရွေးချယ်စရာမရှိပေ..။အလေးချိန် အနည်းငယ် လျော့ချလိုက်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ..။

ရိက္ခာတွေကို သယ်ပြီးတောင်တက်ရတာကတင် ဆိုးဝါးနေပြီ ဖြစ်ပေမယ့်..အခုလို တွယ်ပြီး တက်နေရတာကတော့..နိပ်စက်မူ တစ်ခုပါပဲ..။နာရီ ဝက်လောက် အကြာမှာတော့..သူ့ကြွက်သားတွေ အရည်ပျော်ကျပြီး..အဆုတ်တွေ ပေါက်ကွဲထွက်မတတ်ခံစားနေခဲ့ရတယ်..။

အံကို ကြိတ်ထားရင်းပဲ ဆန်နီ ထပ်ပြီး တက်နေခဲ့တယ်..။သူ့ ခြေထောက်တွေကို သတိထားဖို့လည်း ကိုယ့်ကိုကို..သတိပေးနေခဲ့ရပါတယ်..။ဒီလို ရေခဲတွေ ဖုံးလွှမ်းနေတဲ့ အတက်မှာ..ခြေတစ်လှမ်းမှားတာကတင် အသက်ကို ဆုံးရှုံးဖို့ လုံလောက်စေပါတယ်..။

"ကောင်းတာ တစ်ခုခုကိုပဲ တွေးနေစမ်းပါ.."

သူတွေးလိုက်တယ်..။

ဒါပေမဲ့ ငါ့မှာ ဘာပျော်ရွှင်စရာ ရှိလို့လဲ..။

ဆန်နီ အနည်းငယ် တွေးလိုက်ပြီး..စမ်းသပ်မူ အဆုံးမှာ ဘယ်လို ဆုလာဒ်ရနိုင်မလဲ စဥ်းစားလိုက်ပါတယ်..။ပထမဆုံး အိပ်မက်ဆိုးကပဲ..နိုးထသူတွေအတွက် အရေးကြီးဆုံး အရာတွေကို ပေးတာပါ..။

နောက်ပိုင်း စမ်းသပ်မူတွေမှာတော့ သူတို့ရဲ့ ခွန်အားတွေကို တိုးတက်စေမယ့် အရာတွေပဲ ပေးပါတော့တယ်..။ပထမဆုံးအကြိမ်မှာတော့..နိုးထသူဟာ ဘယ်အခန်းဂဏ္ဍမှာ ကစားရမလဲ..ဘယ်လောက်အလားအလာ ရှိလဲ ဆိုတာ သိရမှာပါ..။

ပထမအိပ်မက်ဆိုးရဲ့ ဆုလာဒ်က ..ရိုးရှင်းပြီး အရေးကြီးတဲ့ အရာဖြစ်ပါလိမ့်မယ်..။အိပ်မက်ဆိုး ပြီးသွားရင်..သင့်တော်သူတွေကို စိတ်ဝိဥာဥ် အမြုတေကို အာရုံခံနိုင်စွမ်း ရှိအောင် ချီးမြင့်ခံရမှာပါ..။စိတ်ဝိဥာဥ် အမြုတေဟာ..တစ်စုံတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ စွမ်းဆောင်နိုင်စွမ်း တွေအတွက် အခြေခံပါပဲ..။

မင်းရဲ့ အမြုတေက သန်မာလေလေ..မင်းရဲ့ အဆင့်တက်နိုင်စွမ်း မြန်လေလေ ဖြစ်လာမှာပါ ..။

အိပ်မက်ဆိုးသားရဲတွေ အတွက်ကတော့ လူသားတွေနဲ့ မတူပဲ..များပြားလှတဲ့ စိတ်ဝိဥာဥ် အမြုတေတွေကို ပိုင်ဆိုင်နိုင်ပါတယ်..။အနိမ့်ဆုံး သားရဲက တစ်ခုလောက်သာ ပိုင်ဆိုင်နိုင်ပေမယ့်..တောင်ဘုရင်ဆိုရင် ငါးခုလောကိရှိပါ လိမ့်မယ်..။

တိုက်ဆိုင်စွာပဲ..မင်းရဲ့ စိတ်ဝိဥာဥ် အမြုတေကို တိုးတက်ချင်တယ် ဆိုရင်တော့..အိပ်မက်ကမ္ဘာထဲက သားရဲတွေရဲ့ အလောင်းက စိတ်ဝိဥာဥ်တွေကို စုပ်ယူတာက တစ်ခုတည်းသော နည်းလမ်းပါပဲ..။

ဒါကြောင့်ပဲ..နိုးထသူ တွေဟာ..အသက်ကို ရင်းပြီး..အိပ်မက်ဆိုးသားရဲတွေနဲ့ ပြန်လည် တိုက်ခိုက်နေကြတာပါ..။

ပထမ အိပ်မက်ဆိုးကို ကျော်ဖြတ်ပြီးရင်တော့..သင့်တော်သူတွေကဟာ အိပ်မက်သူတွေရဲ့ စာရင်းမှာ ဝင်သွားခဲ့ပါပြီ..။ပထမအိပ်မက်ဆိုး ပြီးသွားပြီး..နောက်တစ်ခေါက် အိပ်မက်ဆိုးကမ္ဘာထဲ ပြန်မဝင်ခင် အချိန်က အရမ်းကို အရေးကြီးပါတယ်..။

ဒါက ကိုယ့်ကိုကို ပြန်ဆင်ဖို့ နောကိဆုံး အခွင့်အရေးတစ်ခုလိုပါပဲ..။

ဆန်နီရဲ့ အမြင်မှာတော့..တစ်လလောက်သာ အချိန်ရနိုင်ပြီး..အတတ်နိုင်ဆုံး ရသလောက် ပြင်ဆင်ရပါလိမ့်မယ်..။

သင့်တော်သူတိုင်း..စမ်းသပ်မူကို ကျော်ဖြတ်ပြီးချိန်မှာ ရရှိတဲ့ စွမ်းရည်တွေလည်း ရှိပါသေးတယ်..။

ဒါက မှော်စွမ်းအင်တွေဖြစ်ပြီး..နိုးထသူတွေကို သာမန်လူတွေထက် သာလွန်စေတဲ့ အရာပါ..။စွမ်းရည်တွေက ပြိုင်ဘက်ကင်းပြီး အင်းအားကြီးလှပါတယ်..။ဒီစွမ်းရည်တွေနဲ့ပဲ..နိုးထသူတွေဟာ..ကမ္ဘာမြေကြီးဆီ အိပ်မက်ဆိုး သားရဲတွေ ဝင်ရောက်လာမူကနေ ကာကွယ်ပေးနေခဲ့ကြတာပါ..။

သို့ပေမယ့် လုပ်နိုင်စွမ်းတွေမှာလည်း ထိန်းချုပ်မူတွေ ရှိနေစမြဲပါပဲ..။နိုးထသူတိုင်းမှာ ပြန်လည်ထိုးနှက်ချက် အဖြစ် အားနည်းချက် ကိုယ်စီ ကိုပါ..ထည့်သွင်းပေးခဲ့ပါတယ်..။အားနည်းချက်တွေက..စွမ်းရည်အလိုက်ကွဲပြားပြီး..ထိခိုက်မူ..မသန်စွမ်းဖြစ်မူ ကနေ အဆိုးဆုံး အသက်ပါ သေစေနိုင်တဲ့ အထိ ဖြစ်စေတာပါ..။

'ကျောင်းတော် အစေခံက ဘယ်လိုစွမ်းရည်တွေ ရနိင်မလဲ.'

ဆန်နီ စိတ်ကူးယဥ်နေခဲ့တယ်..။တစ်ဖက်မှာလည်း အားနည်းချက်ဆိုတဲ့ အရာက ကန့်သတ်ချကိတွေ ထားထားသလိုပါပဲ..။

'ငါ ရမယ့် စွမ်းရည်တွေက အကောင်းဆုံး ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ.."

တကယ်လို့သာ သင့်တော်သူက စွမ်းဆောင်ရည် ကောင်းမယ် ဆိုရင်..အစောပိုင်း ပြောင်းလဲနိုင်မူ အဆင့်တွေကို ရောက်ဖို့ အခွင့်အရေးရှိပါတယ်..။သင့်တော်သူတွေကို..စိတ်ဝိဥာဥ် အမြုတေရဲ့ အလားအလာနဲ့ တိုးတက်နိုင်စွမ်းကို မူတည်ပြီး..အဆင့်ခွဲထားပါသေးတယ်..။

အနိ့မ်ဆုံးအဆင့်က ပြောင်းလဲမူ ဖြစ်ပြီး နောက်ကနေ ..န်ိုးထမူ ၊ တက်ရောက်မူ ၊ အထွပ်အထိပ် ကြီးမြတ်မူ ၊ မြင့်မြတ်သူ နဲ့ နောက်ဆုံး ဘယ်သူမှ မမြင်ဖူးတဲ့ နတ်ဘုရား အဆင့် အထိ ရှိပါတယ်..။

"ငါ ကျော်ဖြတ်ခဲ့ရတာတွေနဲ့ ဆိုရင်..အခိုက်အတန့်က အနည်းဆုံး နိုးထမူ အဆင့်ကို ပေးလောက်တယ်မလား..။ဒါမှမဟုတ်ရင် တက်ရောက်မူ အဆင့်တောင် ဖြစ်နိုင်လောက်တယ်.."

နောက်ဆုံးမှာ အခိုက်အတန့်က..သဘောကျတဲ့ နိုးထသူတွေကိုသာ ပေးတဲ့ အစစ်အမှန်နာမည် တောင် ရနိုင်ချေရှိပါတယ်..။ဒီ နာမည်တစ်ခုတည်းက ဘာ ကောင်းကျိုးမှ မရှိပေမယ့်..ကျော်ကြားတဲ့ နိုးထသူတိုင်းမှာ နာမည် တစိခုစီတော့ ရှိတာ အသေအချာပါပဲ..။

သို့ပေမယ့် အိပ်မက်ဆိုးကနေ နာမည်အစစ်အမှန်ကို ရတဲ့ လူအရေအတွက်က အတော်ကို နည်းလှတာပါ..။

"ဘယ်သူက အမှတ်ကောင်းကောင်း လိုချင်မှာလဲ..။စွမ်းအားတွေသာ ပေးစမ်းပါ.."

ဆန်နီကတော့..ဖြစ်ချင်တာတွေကို ဆက်တိုက်တွေးနေခဲ့တယ်..။

သို့ပေမယ့် ဆန်နီ ဒီလိုတွေ တွေးနေတာက အသုံးမဝင် တော့ မဖြစ်ခဲ့ပါဘူး..။သူ့ခြေထောက် အောက်က ချော်နေတဲ့ကျောက်တုံးကို ကြည့်လိုက်ရင်း..မကြာခင် နေဝင်တော့မယ် ဆိုတာကို သတိထားမိလိုက်တယ်..။အသိစိတ်ပြန်ဝင်လာတဲ့ အချိန်မှာတော့ လေထုကလည်း အတော်ကို အေးစက်လာခဲ့ပါပြီ..။

'အနည်းဆုံးတော့ ဒါက ငါ့က်ို အချိန်ကုန်မြန်စေတာပဲ.."

ဆန်နီ တွေးလိုက်တာပါ..။

ညအချိန်က တဖြည်းဖြည်း ရောက်လာခဲ့တယ်..။

All Chapters