အရိပ်မဲ့ ကန်ချက်
Vol. 3 Ch. 42
"မင်းဘာတွေ ကြည့်နေတာလဲ ၊ မင်းကြည့်ရတာ အတော်ပျော်နေတဲ့ ပုံပဲ"
လူလိမ် ထျန်ဟာ လင်းဖန် ထိုင်ခုံပေါ်မှာထိုင်ပြီးသဘောကျစွာပြုံးနေတာကို ကြည့်ပြီးပြောလိုက်ပါတယ်။
"ဘာမှမဟုတ်ဘူး သတင်းတွေဖတ်နေတာ"
လင်းဖန်ဟာ ပြန်ပြောလိုက်သည်။
အင်တာနက်က အတော်ကိုပျံ့နှံ့လွယ်ပါတယ်။အထူးသဖြင့် ဆောင်းဦးဓား ဦးဆောင်တဲ့ တပ်ဖွဲ့တွေ သူ့ကို တိုက်ခိုက်တာဟာ သူ့ရဲ့ ဝိုက်ဘိုအကောင့် အောင်မြင်မူအတွက် အဓိကအချက် မှာပါဝင်ခဲ့သည်။
လင်းဖန်ကိုယ်တိုင် လည်း သူ့ဝိုက်လို အကောင့်ဒီလောက်ထိအောင်မြင် သွားလိမ့်မယ် လို့မမျှော်လင့်ထားခဲ့ပါဘူး။
ကျို့လီယွန် ရဲ့အဖြစ်အပျက်ပြီးတဲ့ နောက်မှာသူ့ဝိုက်ဘို ဟာ လူတစ်သောင်းခန့် ပရိတ်သတ်တိုးလာခဲ့ပါတယ်။
ချန်ယုရဲ့ ကိစ္စဖြစ်ပျက်သွားခဲ့သည့်အချိန်တွင် နောက်ထပ် ပရိတ်သတ် နှစ်သောင်းခန့် တိုးလာခဲ့သည်။
သူ့ဘဝ အတက်အကျဟာ အလွန် လျင်မြန်နေခဲ့ပြီးတော့ သူကိုယ်တိုင်တောင် မနည်းလိုက်ထိန်းနေရပါတယ်။
လင်းဖန် လူလိမ်ထျန်ကို တစ်ခုခုပြောဖို့လုပ်လိုက်တဲ့ အချိန်မှာ မိန်းကလေးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။
"ဗေဒင်ဆရာ ၊ ကျွန်မကို ဗေဒင်တွက်ပေးလို့ရမလား ရှင့်"
လင်းဖန်ဟာ ဖုန်းကို ချလိုက်ပြီး အသံလာရာကို ကြည့်လိုက်သည့်အချိန်တွင် ဆွံ့အသွားခဲ့ပါတယ်။
"ဘုရားရေ....ကမ္ဘာကြီးက သောက်ရမ်းကျဥ်းနေတာလားကွာ"
လူလိမ် ထျန်ဟာ သူ့ဟာသူစာအုပ်လေးကို ပြန်ဖတ်နေခဲ့တာပါ။သို့ပေမဲ့ ရုတ်တရက် မိန်းကလေး အသံကိုကြားပြီး ခေါင်းမော့ကြည့်လိုက်ရာ ချက်ချင်းအမူအရာပြောင်းသွားခဲ့သည်။
"ဒီတော့ နင်တို့က ဒီရောက်နေတာပေါ့ ၊ ငါနင်တို့ကို ဘယ်လောက် ခက်ခက်ခဲခဲ ရှာလိုက်ရလဲ သိရဲ့လား"
မျက်နှာမှာ မိတ်ကပ်ထူထူ လိမ်းခြယ်ထားသည့် မိန်းကလေးဟာ ဒီရက်ပိုင်း ကံဆိုးလာတယ်လို့ ထင်ပြီး သူမကို ကူညီဖို့ ဗေဒင်ဆရာ မေးဖို့ ထွက်လာခဲ့တာပါ။
သို့ပေမဲ့ သူမဆိုင်ထဲ ရောက်ရောက်ချင်း မြင်လိုက်ရတဲ့ မျက်ခွက်တွေကြောင့် ဒေါသဟာ ငယ်ထိပ်အထိရောက်လာခဲ့သည်။
ကျန်းဝမ်ချင် ဟာ ဒီနှစ်ယောက်ကို အသေအကြေလိုက် ရှာနေခဲ့တာပါ။သို့ပေမဲ့ ရှန်ဟိုင်း မြို့ရဲ့ အကျယ်အဝန်းကြောင့် တော်တော်ခက်ခဲခဲ့ပေသည်။
ဒီနေ့မှာတော့ ကံကြမ္မာဟာ မျက်နှာသာမေးခဲ့ပြီး ဒီနှစ်ကောင်ကို သူမရှေ့အရောက်ပို့ပေးခဲ့ပါပြီ။ဒီတစ်ခေါက်တော့ သူမလုံးဝ အလွတ်မပေးနိုင်တော့ပေ။
ကျန်းဝမ်ချင် ဟာအလျင်အမြန် ဖုန်းကိုထုတ်ကာဖုန်းခေါ်လိုက်ပါတယ်။
"အစ်ကို ဂျန် ဒီကိုအမြန်လာခဲ့ပေးပါ။ညီမ ဖင်ကိုအဲ့နေ့က ကန်ခဲ့တဲ့ ကောင်တွေကိုတွေ့ပြီ"
ဖုန်းကို ချပြီးသည့်နောက်တွင် ၊ ကျန်းဝမ်ချင်ဟာလင်းဖန်တို့ နှစ်ယောက်ကို လက်ညိုးထိုးပြီး စိတ်တိုစွာပြောလိုက်ပါတယ်။
"ခွေးသားတွေ ၊ ငါနင်တို့ကိုပြောလိုက်မယ် ..နင်တို့တော့ သေပြီပဲ"
"မိန်းကလေး မင်းတစ်ခုခုမှားနေပြီ ထင်တယ် ၊ ငါတို့ အခုမှ ပထမဆုံးတွေ့ဖူးတာနော်"
လင်းဖန်ရော လူလိမ် ထျန်ရောဟာ အားနည်းတဲ့လူတွေပါ။သူတို့သာ တိုက်ခိုက်ရမယ် ဆိုရင် ခံရတဲ့လူတွေက သူတို့ပဲဖြစ်ပါလိမ့်မယ်။
"ဟုတ်တယ် မိန်းကလေး၊ ငါတို့က လူရိုးလေးတွေပါ။ညီမ ကြည့်ရတာ အသားအရေတွေ နီနေတယ်နော် ၊ ကောင်းမွန်တဲ့ ကံတရားရောက်လာ နိုင်ချေရှိတယ် ၊ ဘာလို့ ငါတို့ကို ဗေဒင်မဟော ခိုင်းတာလဲ"
လူလိမ် ထျန် ဟာလည်း သူ့ရှေ့က မိန်းကလေးကို ဆွဲဆောင်ဖို့ကြိုးစားလိုက်ပါတယ်။
"ဘေးဖယ်စမ်း"
ကျန်းဝမ်ချင် ဟာ လူလိမ်ထျန် ကိုဘေးဘက်သို့ စောက်ကန်လိုက်သည်။
"ခွေးအို တစ်ခြားဟာ ဆိုရင်ငါ လွတ်ပေးလိုက်လို့ရသေးတယ်၊ ဒီတစ်ခါတော့ ငါ့ဖင်ကို ကန်တဲ့အတွက် ဘယ်လိုခံစားရမလဲ ဆိုတာကို ပြပေးမယ်"
"ခနနေ အစ်ကို ဂျန်ရောက်လာရင် နင်ဒူးထောက်ပြီး ငါ့ဖိနပ်ကို လျာနဲ့ လျက်ဖို့ပြင်ထားလိုက်"
ကျန်းဝမ်ချင် စကားပြောတဲ့ အချိန်မှာ ရူးသွပ်မူတွေ ၊ ယုတ်မာတော့မယ့် အရိပ်အယောင်တွေကို ခံစားနေရ ပါတယ်။
လူလိမ် ထျန်ဟာ အလျင်အမြန် မတ်တတ်ရပ်လိုက်ပြီး လင်းဖန်ကို ကြည့်လိုက်သည်။
"ကျုပ်တို့တော့ သေပြီ" လင်းဖန်ဟာပြောလိုက်သည်။
"ငါတို့ ခနနေဘာလုပ်ကြ မလဲ"
လူလိမ်ထျန် ဟာတိုးတိုးလေး မေးလိုက်ပါတယ်။
"ဘာလုပ်ရမလဲဆိုတာ ကျုပ်ကဘယ်လိုသိမှာလဲ၊ ဒါပေမဲ့ တစ်ခုတော့ ပြောလိုက်မယ် ခနနေကြရင် ကျုပ်ကို ကာကွယ်ပေးဖို့ သတိရဦး"
လင်းဖန်ဟာ ခနနေ အခြေမကောင်းနိုင်ဘူးဆိုတာ ရိပ်မိနေခဲ့ပါပြီ။
ငါဒိီနေ့ အခြေနေဆိုးမှာကို ကြိုမမြင်နိုင်ခဲ့ဘူး..?
သူစွယ်စုံကျမ်းရပြီး ကတည်းက တစ်ခြားလူတွေကို တွက်ချက်ပေးလာခဲ့တာပါ။ဒါပေမဲ့ ဒီနေ့အခြေနေကို ကြည့်ရတာ သူ အကြီးအကျယ် သမ ခံရတော့မယ့်ပုံပါပဲ။
ကျန်းဝမ်ချင်ဟာ သူ့လူတွေ ရောက်လာတာမြင်တဲ့အချိန်ဟာ မသမာတဲ့ အပြုံးနဲ့ပြုံးလိုက်ပါတယ်။
ယင်းနောက် သူမဟာ လူတစ်ယောက်ကို ဆိုင်ထဲခေါ်လာခဲ့ပြီး လင်းဖန်နှင့် လူလိမ်ထျန်ကို လက်ညိုးထိုးပြလိုက်ပါတယ်။
"အစ်ကို ဂျန် အဲတာသူတို့ပဲ ၊ ဒီနှစ်ကောင်က ညီမ တင်ပါးကို ကန်ပြီးထွက်ပြေးသွားတဲ့ကောင်တွေ"
ဝူဘိုင်ဂျန် ဟာ အရပ် 1.89 စင်တီမီတာခန့်မြင့်ပါတယ်။သူ့ရဲ့ ကိုယ်ခန္တာဟာ ကြွက်သားတွေ အမြောင်းလိုက် အမြောင်းလိုက်ရှိနေခဲ့ပြီး အကြောက်အလန့် ကင်းသည့် မျက်လုံးတစ်စုံကိုပိုင်ဆိုင်ထားသည်။
ထပ်ပြောရရင် ဝူဘိုက်ဂျန်ဟာ လူမိုက် ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ပါ။တိုက်ခိုက်တယ် ဆိုတာက သူ့အတွက်တော့ ထမင်းစားရေသောက်ပါပဲ။သူဟာ ဒီလို ကိစ္စတွေအတွက် အတွေအကြုံရှိပြီးသားဖြစ်သည်။
ဘေးနားပတ်ဝန်းကျင်မှ လူများဟာလည်း ဒီကိစ္စဟာ သူတို့ဝင်ပါလို့ ရတဲ့အရာ မဟုတ်မှန်းသဘော ပေါက်လိုက်ကြပါသည်။
"ဒီတော့ မင်းတို့ ခွေးသားနှစ်ကောင်က ငါ့ကောင်မလေး ကို စော်ကားသွားတာပေါ့"
ဝူလိုင်ဂျန်ဟာ အော်ပြောလိုက်သည်။သူ့ရဲ့ လူများဟာ ဆိုင်ဝင်ပေါက်ကို ပိတ်ဆို့ထားလိုက်ကြပါသည်။
သူတို့ထဲက တစ်ချို့ဟာ အရပ်သိပ်မရှည်ကြပါဘူး၊ သို့ပေမဲ့ သူတို့ကို သူတို့ ဂုဏ်ယူစွာ ခေါင်းကို မော့ထားခဲ့ကြသည်။
"အစ်ကို ဂျန်က မင်းကိုပြောနေတာလေ၊ မင်းနားလေး နေတာလား"
ဆယ်ကျော်သက်အရွယ် ကောင်လေးဟာ လင်းဖန်ကို အော်ပြောလိုက်ပါတယ်။သူ့ပုံစံက လင်းဖန်တို့ တစ်ခုခုပြန်မပြောဘူး ဆိုရင် ချက်ချင်းတိုက်ခိုက်တော့မယ့် အတိုင်းပါပဲ။သူ့ရဲ့ ပုံစံဟာ မာနကြီးပြီး ၊ ခက်ထန်ပါတယ်။
လင်းဖန်ဟာ ကြောက်ရွံ့ပြီး ဘာမှတောင်ပြန်မပြောနိုင်တော့ပါဘူး။တကယ်တိုက်ခိုက်ကြရင် သူတို့ခံရမယ် ဆိုတာ ကလေးသွားမေးရင်တောင် ပြောနိုင်ပါတယ်။
သို့ပေမဲ့ သူတို့က ပြသနာလာရှာပြီ ဆိုကတည်းက သည်းခံပြီးတော့ မနေနိုင်ပါဘူး။သူတို့တိုက်ခိုက်လို့ မနိုင်ရင်တောင် အနည်းဆုံးမကြောက်ဘူး ဆိုတာတော့ ပြရပါမယ်။
အစ်ကို ဂျန်ဟာ အတော် စွမ်းဆောင်နိုင်စွမ်း ရှိပုံပေါ်ပါသည်။သူက လင်းဖန်တို့ လှုပ်ရှားတဲ့ အချိန်ကိုစောင့် နေခဲ့တာပါ။
"ဟေး ညီအစ်ကိုတို့ သိပ်လည်းဒေါသထွက်မနေပါနဲ့။ငါတို့ အေးအေးဆေးဆေး ဖြေရှင်းလို့ရပါတယ်။ဒါက နားလည်မူလွဲနေတာ လို့ငါထင်တယ်နော်"
လူလိမ် ထျန်ဟာသွားတွေ ပေါ်အောင် ပြုံးလိုက်ပြီး စီးကရက် ဘူးထဲက ဆေးလိပ် တစ်လိပ်ကိုထုတ်ပေးကာ ပြောလိုက်ပါတယ်။
"မအိမ်လုံး မင်းက ဒီလို အဆင့်မရှိတဲ့ ဆေးလိပ်ကို ငါ့ရဲ့မှာထုတ်ရဲတယ်လား? ငါတို့ ဒီကို ကစားဖို့ရောက်နေတယ် ထင်နေလား ဟမ်"
ဆယ်ကျော်သက် အရွယ်ကောင်လေးဟာ စိတ်တိုစွာ အော်ဟစ်လိုက်ပါတယ်။ယင်းနောက်သူဟာ ရုတ်တရက် လက်ကို မြောက်ကာ လူလိမ်ထျန်ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
ဘန်းးး
လူလိမ်ထျန်ဟာ ဘာမှ မတုန့်ပြန်နိုင်ပဲ ကြမ်းပြင်ပေါ်လဲကျ သွားခဲ့ပါသည်။ကောင်လေးဟာ လူလိမ်ထျန် ရဲ့ ဆေးလိပ်ဗူးကို ခြေထောက်နှင့် နင်းခြေကာပြောလိုက်ပါတယ်။
"ခွေအိုကြီး ၊ မင်းနောက်ထပ် စောက်အဓိပါယ် မရှိတဲ့ စကားတစ်ခွန်ထပ်ပြောရဲရင် ငါ့တို့ခေါင်းဆောင်က မင်းမျက်နှာကို ဖျက်ဆီး လိမ့်မယ်"
ကောင်လေးဟာ လူလိမ်ထျန်ရဲ့ နှာခေါင်းကိူ လက်ညိုးဖြင့်ထိုးကာ ပြောလိုက်ပါသည်။
လူလိမ်ထျန်ဟာ အလျင်အမြန်ပြန်ထလိုက်ပြီး ခေါင်းငြိမ်လိုက်ပါတယ်။ယင်းနောက် သူဟာ ရှက်ကိုးရှက်ကန်း နဲ့ ရယ်ပြီး ပြောလိုက်သည်။
"ကောင်းပါပြီ ၊ ငါဘာမှ ထပ်မပြောတော့ပါဘူး"
လင်းဖန်ဟာ ဒီကောင်လေး လူလိမ်ထျန်ကို အရှက်ခွဲနေတာ ကိုကြည့်ပြီး ထပ်သည်းမခံနိုင်တော့ပါဘူး။
မင်းကများ ငါ့ရှေ့မှာ ငါ့လူကို ထိရဲတယ်လား..?
သူဒီလူတွေကို တိုက်ခိုက်လို့ မနိုင်ရင်တောင်မှ အကောင်းဆုံး ကြိုးစားပြီး ပြန်တိုက်ခိုက်ဦးမှာပါ။
"မင်းမေ#လိုက်..မင်းကများ ငါ့ရှေ့မှာ ငါ့လူကို စော်ကားရဲ့တယ်လား ငါမင်းတို့နဲ့ သေတဲ့အထိတိုက်ခိုက်ပြမယ်"
လင်းဖန်ဟာ အမြဲတမ်း တည်ငြိမ်ပြီး ၊ သိမ်မွေ့တဲ့ လူကောင်းတစ်ယောက်ပါ။ဒါပေမဲ့ ဒီနေ့အခြေအနေတွေဟာ သူ့ကို အစွန်းအထိ တွန်းပို့နေခဲ့ပါတယ်။
လင်းဖန်ဟာ ဆေးလိပ်ပြာခွက်ကို ကောက်ကိုင်လိုက်ကာ ဆယ်ကျော်သက်အရွယ် ကောင်လေးရဲ့ ခေါင်းကို လွဲရိုက်လိုက်ပါတယ်။
သို့ပေမဲ့ လင်းဖန်ရဲ့ လျင်မြန်နှုန်းဟာ နှေးကွေးနေခဲ့ပါတယ်။အတွေ့အကြုံရှိတဲ့ ကောင်လေးဟာ အချိန်မီတုန့်ပြန်နိုင်ခဲ့ပြီး အော်ဟစ်လိုက်သည်။
"မအလေိုး"
သူဟာ လင်းဖန်ရဲ့ ဗိုက်ကို စောက်ကန်လိုက်ပါသည်။
"ချီးပဲ စောက်ရမ်း မြန်လွန်းတယ်"
လင်းဖန်ဟာ သူပြာခွက်ကို ကိုင်ထားတယ် ဆိုတာကို ချက်ချင်းပဲ သတိထားမိလိုက်ပါတယ်။ဒီကောင်လေး ဒီလောက်မြန်မြန် တုန့်ပြန်နိုင်မယ်လိူ့ သူမထင်ထားမိခဲ့ပါဘူး။
"ယီးပဲကွား ၊ သေလိုက်စမ်း"
လင်းဖန်ဟာ အော်လိုက်ပါတယ်။ကြည့်ရတာ ဒီနေ့က သွေးထွက်များမယ့်နေ့ပါပဲ။
အဲ့အချိန်မှာပဲ လင်းဖန်ဟာ အရိပ်တစ်ခုကို မြင်လိုက်ပါတယ်။ဒါဟာ တစ်စုံတစ်ယောက်ရဲ့ ခြေထောက်ဖြစ်ပြီး သူ့ဆီလာနေတဲ့ ခြေထောက်ကို ရပ်တန့်လိုက်ပါတယ်။
"လူလိမ် ထျန် ၊ ခင်ဗျား"
လင်းဖန်ဟာ အံ့သြနေခဲ့သည်။သူဟာ လူလိမ် ထျန်ကို ဆွံ့အစွာကြည့်လိုက်ပြီး တစ်ခုခု ထူးဆန်းနေသလို ခံစားလိုက်ရပါတယ်။
လူလိမ်ထျန်ဟာ ရုတ်တရက် အကြောက်အလန့်ကင်းသည့်ပုံစံ ဖြစ်သွားပြီး အရင်ကပုံစံနဲ့ တစ်ခြားစီပါပဲ။
"ငါ့ရဲ့ လက်သီးရှစ်ကွက်ကို မြည်းကြည့်လိုက်၊ ငါက ၁၃ ယောက်မြောက် ထျန်ပဲ ..တွေ့ရတာ ဝမ်းသာပါတယ်"
* ရိုက်နှက်သည့် အသံများ *
လူငယ်လေး ရဲ့လက်ဟာ အသံတွေမြည်ပြီး ကျိုးသွားခဲ့ပါတယ်။ယင်းနောက် သူဟာ နာကျင်စွာအော်ဟစ်လိုကိသည်။
ဝူဘိုင်ဂျန်ဟာ ဒီမြင်ကွင်းကို မြင်တဲ့အချိန်မှာ ဆွံ့အနေခဲ့ပါတယ်။
"ယီး"
ဝူဘိုင်ဂျန် နဲ့ သူ့လူတွေဟာ ရှေ့ကို တက်လာလိုက်ကြပါတယ်။
ဒါပေမဲ့ လင်းဖန်ကို အံ့သြသွားစေတဲ့ အရာက ဒီလူတွေ အကူန်လုံးပေါင်းပြီး ချတာတောင် လူလိမ်ထျန်ကို မယှဥ်နိုင်ပါဘူး။လူလိမ်ထျန်ဟာ ဒီလူတွေ အကုန်လုံးကို အမှန်တကယ် ထိန်းထားနိုင်ပါတယ်။
"ချီးပဲ ၊ လူလိမ်ထျန် ခင်ဗျားက စောက်ဆန်းကြီးပဲ။ဟုတ်တယ် ..အဲ့ကောင်ကို ဖြတ်ရိုက်လိုက် ..ဟုတ်တယ်....ချ"
လင်းဖန်ဟာ လူလိမ် ထျန်ရဲ့ ကျွမ်းကျင်လှတဲ့တိုက်ခိုက်မူတွေကို ကြည့်ကာ အံ့သြနေခဲ့ပါတယ်။အခုချိန်မှာ လူမိုက် တွေအကုန်လုံး သမ ခံနေရပါပြီ။
* ရိုက်နှက်သည့် အသံများ*
"စောက်ကျိုးနဲ့"
လင်းဖန်တောင်မှ လူလိမ်ထျန် ရိုက်နှက်နေတာ တွေကို ကြည့်ပြီး ထိတ်လန့်နေခဲ့ပါတယ်။ယင်းနောက် လင်းဖန်ဟာ ထောင်လွားနေတဲ့ ဆယ်ကျော်သက်လူငယ် လေးကို တစ်ချက် လှမ်း ကြည့်လိုက်သည်။
လူငယ်လေး ဟာ လင်းဖန်နဲ့ အကြည့်ချင်းဆုံသွားပြီးတော့ အော်လိုက်ပါတယ်။
"မအေလိုး ..မင်း..."
တကယ်တော့ ကောင်လေးဟာ နာကျင်မူကြောင့်ချွေးတွေထွက်နေပြီး မလှုပ်နိုင်တော့ပေ။ဒါတောင် ကောင်လေးက မာန်တက်ပြီး လင်းဖန်ကို အော်ဟစ်ချင်နေဆဲ ပါ။
"ဒီမှာ အရိပ်မဲ့ ကန်ချက်..."
လင်းဖန် ဒီကောင်လေးရဲ့ စောက်ရေးမပါတဲ့ စကားတွေကို နားထောင်ချင်စိတ်မရှိပါဘူး။ဒါကြောင့် သူဟာ အော်ဟစ်ပြီး အမြန်ပြေးကာ မျက်နှာကို ဆက်တိုက် ကန်ကြောက်လိုက်ပါတယ်။
"အားး"
"မကန်ပါနဲ့တော့ ...မကန်ပါနဲ့တော့..."