← Chapters

ပထမတစ်ယောက် သေဆုံးခြင်း

Vol. 1 Ch. 10

ပထမတစ်ယောက် သေဆုံးခြင်း

Vol. 1 Ch. 10

သူတို့ ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ..ဆန်နီဟာ သတိလစ်ချင်သလိုတောင် ဖြစ်နေခဲ့ပါပြီ..။နာရီပေါင်းများစွာ ကြာအောင်..ကြမ်းတမ်းတဲ့ လမ်းအတိုင်း တက်လာပြီး နောက်မှာတော့..သူ့ခန္တာကိုယ်ဟာ အကန့်အသတ်ကို ရောက်နေခဲ့တယ်..။

သို့ပေမယ့် တစ်ခြားလူတွေအတွက် အံ့ဩစရာကောင်းတာက..ခိုးကြောင်ခိုးဝှက်က သူ့ထက် အခြေအနေဆိုးနေခဲ့တာပါ..။

ဆိုးယုတ်တဲ့ အမူအရာနဲ့ အစေခံဟာ..ပတ်ဝန်းကျင်ကို ဦးတည်ချက်မရှိပဲ ကြည့်နေခဲ့တယ်..။သူ့ အသက်ရူသံတွေက နက်ရှိုင်းနေပြီး..တစ်ခုခုက သူ့အဆုတ်ပေါ်ကို ဖိအားပေးထားသလိုပါပဲ..။

သူရဲကောင်းလေး..စခန်းချဖို့ သင့်တော်တဲ့ နေရာကို တွေ့ပြီဆိုတာနဲ့ ခိုးကြောင်ခိုးဝှက် အစေခံဟာ မြေကြီးပေါ်ကို လဲကျသွားခဲ့ပါတယ်..။သူဟာ ခံစားချက်မဲ့စွာ လဲလျောင်းနေခဲ့တယ်..။အသက်ရူတိုင်း နိမ့်ချည် မြင့်ချည်ဖြစ်နေတဲ့ ရင်ဘတ်ကြောင့်သာ မဟုတ်ရင်..သေနေပြီလို့တောင် ထင်မိကြမှာပါ..။

ခနကြာပြီးတဲ့နောက်မှာတော့..သူ ရေအိတ်ကို ဖွင့်လိုက်ပြီး..လောဘတကြီးပဲ သောက်လိုက်တယ်..။

"မင်းရဲ့ ရေကို ချွေတာဦး.."

သူရဲကောင်းလေးဟာ..စိုးရိမ်စိတ်အနည်းငယ်နဲ့အတူ သတိပေးလိုက်တယ်..။

ဒီစကားလုံးတွေကို ဂရုမစိူက်စွာပဲ ခိုးကြောင်ခိုးဝှက်က ရေကို ကုန်တဲ့ အထိ သောက်လိုက်ပါတယ်..။

ပညာရှင်လည်း..သူ့ထက် ပိုပြီး အခြေနေ ကောင်းမနေခဲ့ပေ..။အေးစက်တဲ့ ရာသီဥတု အောက်မှာပဲ..သူက ချွေးတွေထွက်နေခဲ့တာ..နီရဲနေတဲ့ မျက်လုံးတွေ ရှိနေခဲ့တယ်..။

သူတို့သုံးယောက်ထဲမှာ အားအနည်းဆုံးဖြစ်ပေမယ့်လည်း ဆန်နီကတော့ အကောင်းဆုံး တောင့်ခံနေနိုင်ပါသေးတယ်..။

"ငါတို့ ရေလိုတဲ့အချိန်ကျရင် နှငိးတွေကို အရည်ဖျော်လိုက်လို့ မရဘူးလား.."

သူရဲကောင်းလေးဟာ ပညာရှင်ကို ရှုပ်ထွေးတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။

"ငါတို့ မလိုလားအပ်တဲ့ အာရုံစိုက်မူ မရှိရအောင် မီးမမွှေးနိုင်တဲ့ အချိန်တွေ ရှိလာနိုင်တယ်.."

မလိုလားအပ်တဲ့ အာရုံစိုက်မူက ဘာလဲ ဆိုတာကို လူတိုင်း သဘောပေါက်ကြပါတယ်..။တောင်ဘုရင်ရဲ့ ရက်စက်မူတွေက အခုထိ သူတို့စိတ်ထဲမှာ လတ်ဆတ်နေတုန်းပါပဲ..။

ကံကောင်းစွာပဲ ဒီနေ့မှာတော့..သူရဲကောင်းလေးဟာ တောင်နံရံ မှာ ကျဥ်းမြောင်းစွာ ဖြစ်တည်နေတဲ့ သဘာဝ အခန်းငယ် တစ်ခုကို ရှာတွေ့ခဲ့တယ်..။မီးပုံကို ကျောက်တုံးတွေက ကောင်းစွာ ကွယ်ထားတာကြောင့် တစ်စုံတစ်ခုရဲ့ သတိထားခံရမူ မရှိပဲ နွေးထွေးမူကို ရခဲ့ကြပါတယ်..။

အခုချိန်မှာ တစ်ယောက်မှ စကားပြောချင်စိတ် မရှိကြပေ..။အဲဒီအစား နွား အသားတွေကိုသာ မီးပုံပေါ်ကင်ပြီး တိတ်တဆိတ် စားသောက်နေခဲ့ကြပါတယ်..။

ကောင်းကင်တစ်ခုလုံး..မှောင်မိုက်သွားတဲ့ အချိန်မှာတော့ ..ပညာရှင်နဲ့ ခိုးကြောင်ခိုးဝှက်ဟာ အိပ်ပျော်သွားကြပါပြီ..။သူရဲကောင်းလေးဟာ ဓားကို ထုတ်ပြီး ကျောက်တုံးအခန်းငယ်လေးရဲ့ အစွန်းကို သွားလိုက်တယ်..။

"အနားယူလိုက်ဦး..ငါ အရင်ဆုံး စောင့်ကြည့်ထားပေးမယ်.."

ဆန်နီ ခေါင်းညိမ့်ပြလိုက်ပြီး..မီးပုံဘေးမှာပဲ..ပင်ပန်းစွာ လဲလျောင်းလိုက်ပါတယ်..။အိပ်မက်ကမ္ဘာထဲမှာ ထပ်အိပ်ရတာက ပထမဆုံးအကြိမ်ဖြစ်ပေမယ့် ပုံမှန်လိုပဲ ခံစားနေခဲ့ရတယ်..။သူ့ခေါင်းနဲ့မြေကြီး ထိသွားပြီဆိုတာနဲ့ တန်းပြီး အိပ်ပျော်သွားခဲ့ပါတယ်..။

အချိန်ဘယ်လောက်မှ မကြာသလို ခံစားလိုက်ရတဲ့ အချိန်မှာပဲ..တစ်စုံတစ်ယောက်ရဲ့ သိမ်မွေ့စွာ နှိုးတာကို ခံလိုက်ရတယ်..။အိပ်ချင်မူးတူး ဖြစ်နေတဲ့ ဆန်နီ မျက်တောင် အနည်းငယ် ခတ်လိုက်ပါတယ်..။

နောက်ဆုံးမှာတော့ သူ့အထက်မှာ ရှိနေတဲ့ သူရဲကောင်းလေးကို မြင်လိုက်ရပါပြီ..။

"ဒီ နှစ်ယောက်က သိပ်အခြေအနေကောင်းတာ မဟုတ်ဘူး..။ဒီတော့ သူတို့ကို အချိန်နည်းနည်းပေးထားတာ ကောင်းလိမ့်မယ်..။မီးကို အပြင်ကနေ မတွေ့စေနဲ့...နေထွက်လာတဲ့ အချိန်ကြမှ ငါတို့ကို နှိုးလိုက်..။ဒါမှမဟုတ်..တကယ်လို့ သားရဲကြီး ပေါ်လာခဲ့ရင်..."

သူရဲကောင်းလေးဟာ..ဆန်နီ နဲ့ လူစားလဲလိုက်ပြီး ခနအကြာမှာပဲ အိပ်ပျော်သွားခဲ့ပါတယ်..။

ဆန်နီ မီးပုံထဲကို ထင်းစ အနည်းငယ် ထည့်လိုက်တယ်..။နာရီ အနည်းငယ်ကြာအောင် သူ တစ်ယောက်တည်းပဲ ရှိနေတော့မှာပါ..။

ကောင်းကင်ပေါ်မှာတော့ မှိန်ပြပြ ကြယ်တွေနဲ့အတူ လ ပါ ထွက်ပေါ်နေခဲ့တယ်..။သို့ပေမယ့် သူ့ရဲ့ အလင်းရောင်က တောင်ပေါ်က အမှောင်ထုကို ထိုးဖောက်ဖို့အတွက် မလုံလောက်ပါဘူး..။

ဆန်နီရဲ့ မျက်လုံးတွေကသာ..ထိုးဖောက်မြင်ဖို့ လွယ်ကူနေခဲ့တာပါ..။

ဆန်နီ တိတ်တဆိတ် ထိုင်နေရင်းက သူတို့ လာခဲ့တဲ့နေရာကို ပြန်ကြည့်နေခဲ့တယ်..။မနေ့က တစ်နေ့လုံး သူတို့ ပင်ပင်ပန်းပန်း တက်လာခဲ့ပေမယ့် သားရဲကြီးနဲ့ တိုက်ခိုက်ခဲ့တဲ့ နေရာကို ပြန်မြင်နေရတုန်းပါပဲ..။

ကျောက်တုံးပေါ်တွေမှာရှိတဲ့ အစက်အပျောက်လေးတွေက..အစေခံတွေရဲ့ အလောင်းတွေပါ..။

သူ ကြည့်နေတုန်းမှာပဲ..အနက်ရောင် အရိပ်တစ်ခုဟာ ချောက်ကမ်းပါးကနေ ဖြည်းညှင်းစွာ တက်လာခဲ့တယ်..။ဒီအကောင်ကြီးဟာ ခနလောက် ခံစားချက်မဲ့စွာ ရပ်နေလိုက်ပြီးမှ..လက်သည်းကြီးနဲ့ မြေကြီးတွေကို လိုက်ခြစ်နေခဲ့ပါတယ်..။

လက်သည်းနဲ့ အလောင်းတစ်ခုနဲ့ ထိတဲ့အချိနိတိုင်း ပါးစပ်ထဲကို ထည့်နေခဲ့တယ်..။

အရိုးတွေကို ဝါးစားလိုက်အသံတွေကို လေထုက ဆန်နီရဲ့ နားဆီ သယ်ဆောင်လာနေခဲ့တယ်..။ဆန်နီ တုန်ရီစွာပဲ အမှတ်တမဲ့..ကျောက်တုံးတစ်ခုကို တိုက်လိုက်မိပါတယ်..။ကျောက်တုံးက တောင်အောက်ကို လှိမ့်ဆင်းသွားကာ အသံတစ်ချို့ ထွက်ပေါ်လာခဲ့တယ်..။

ကျောက်တုံးပြုတ်ကျတဲ့ အသံက တိတ်ဆိတ်နေတဲ့ ညအလယ်မှာတော့..မိုးခြိမ်းသံတစ်ခုလိုပါပဲ..။

အောက်ဘက်တော်တော် ဝေးဝေးမှာ ရှိနေတဲ့ သားရဲကြီးဟာ..ချက်ချင်းပဲ ဆန်နီ ရှိနေတဲ့ အရပ်ကို ခေါင်းလှည့်လာခဲ့ပါတယ် ..။

ဆန်နီ အေးခဲသွားခဲ့တယ်..။သူ အသံ သေးသေးလေးကိုတောင် မထွက်ရဲခဲ့ပါဘူး..။အချိန်အတော်ကြာတဲ့ အထိ ..သူ အသက်ရူဖို့တောင် မေ့နေခဲ့တယ်..။နတ်ဘီလူးကြီးက ဘာမှမလုပ်ပဲ..သူရှိနေတဲ့ နေရာကိုပဲ ကြည့်နေခဲ့တာပါ..။

စက္ကန့်အနည်းငယ် ကုန်သွားသည့်တိုင်အောင်..အဆုံးမရှိကြာရှည်တဲ့ ခံစားချက်တွေဖြစ်နေခဲ့တယ်..။နတ်ဘီလူကြီးကတော့..ဆန်နီကို မမြင်သလိုပဲ ခေါင်းကို ပြန်လှည့်ကာ..အလောင်တွေကို ပြန်စားသုံးနေခဲ့ပါပြီ..။

"ကန်းနေတာလား.."

ဆန်နီ ရုတ်တရက် နားလည်သွားခဲ့တယ်..။

သူ တောင်ဘုရင်ကို ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်..။ဒါက အမှန်ပါပဲ..။သားရဲကြီးက အမြင်အာရုံ မရှိပေ..။

အစောက အဖြစ်အပျက်တွေကို ပြန်တွေးကြည့်လေ သူတွေးထားတာက ပိုပြီးသေချာလေပါပဲ..။အဲဒီ ခံစားချက်မဲ့နေတဲ့ မျက်လုံးတွေ..။ဆန်နီ အနေနဲ့ ဒီမျက်လုံးတွေ လှုပ်တာကို တစ်ခါမှ မမြင်ခဲ့ရပေ.။

ဆန်နီ ကုန်လှည်းကြီးကို တွန်းချနေတုန်းကလဲ..သားရဲကြီးက ကုန်လှည်းပြုတ်ကျသွာပြီးမှသာ တုန့်ပြန်ခဲ့တာပါ..။

ဒါပေါ့..ဒါတွေ အကုန်လုံးက အခုတော့ အဓိပ္ပါယ် ရှိနေပါပြီ..။

***

ခနအကြာမှာတော့ ဆန်နီ အကုန်လုံးကို လိုက်နှိုးလိုက်တယ်..။သူရဲကောင်းလေးဟာ..ပညာရှင်နဲ့ ခိုးကြောင်ခိုးဝှက်တို့ကို တစ်ညလုံးနားစေချင်ပေမယ့် အခုတော့ မဖြစ်နိုင်တော့ပေ..။မတူညီစွာပဲ အစေခံ နှစ်ယောက်က အရင်ထက်တောင် ပိုဆိုးလာခဲ့ပါပြီ..။

မနေ့က တောင်ပေါ် တက်လာရတာက..ပညာရှင်ကို ပါ အတော်လေး အားကုန်စေခဲ့သလိုပါပဲ..။

သို့ပေမယ့် ခိုးကြောင်ခိုးဝှက်ရဲ့ ပုံစံက ရှင်းပြဖိုတောင် မလွယ်ကူခဲ့ပေ..။သူက သေလောက်အောင် ဖြူဖျော့ပြီး တုန်ရီနေခဲ့ပါပြီ..။

"သူက ဘာဖြစ်နေတာလဲ.."

သူ့ဟာ သူတောင် အခြေအနေ မကောင်းတဲ့ ပညာရှင်ဟာ ခေါင်းခါယမ်းလိုက်တယ်..။

"ငှက်ဖျား မိတာ ဖြစ်နိုင်တယ်..။ဒါက မတူညီတဲ့ လူတွေကို မတူညီသလို သက်ရောက်နိုင်တယိလေ.."

သူ့အသံကလည်း အားနည်းနေခဲ့ပါပြီ..။

"ငါ အဆင်ပြေတယ် အရူးတွေ..ငါ့မျက်နှာရှေ့က ဖယ်ကြ.."

ခိုးကြောင်ခိုးဝှက်ဟာ စကားပြောဖို့တောင် အခက်တွေနေပေမယ့်..အဆင်ပြေတယ်လို့ ​ငြင်းနေတုန်းပါပဲ..။

သူရဲကောင်းလေးဟာ မျက်မှောင်ကျုတ်လိုက်ပြီး ..အစေခံသည်ရမယ့် ရိက္ခာအချို့ကို သူ့ဆီကို ပြောင်းထည့်လိုက်တယ်..။ခနလောက် တွေဝေပြီးကာမှ ဆန်နီအထဲကိုပါ ထပ်ထည့်ပေးလိုက်ပါတယ်..။

"ငါတို့ အိပ်နေတုန်း တစ်ခုခုဖြစ်လို့လား.."

ဆန်နီသူ့ကို စက္ကန့်အနည်းငယ် စိုက်ကြည့်လိုက်ပြီး..

"သားရဲကြီးက အလောင်းတွေကို စားနေတယ်.."

သူရဲကောင်းလေးဟာ မျက်မှောင်ကျုတ်လိုက်တယ်..။

"မင်းက ဘယ်လိုသိတာလဲ.."

"အသံကြားခဲ့တာ.."

သူရဲကောင်းလေးဟာ..ကျောက်တုံးအစွန်းနားကို သွားပြီး အောက်ဘက်ကို ကြည့်လိုက်တယ်..။သူ့ မျက်နှာပေါ်မှာတော့ ပထမဆုံးအကြိမ် မသေချာ မရေရာမူ တွေ ဖြစ်ပေါ်လာခဲ့ပါတယ်..။

"ဒါဆိုလည်း အမြန် ခရီးဆက်ကြရအောင်..။တကယ်လို့ သားရဲကြီးသာ အကုန်စားလို့ပြီးသွားရင် နောက်ထပ်က ငါတို့ပဲ ဖြစ်လိမ့်မယ်..။ငါတို့ မနက်မရောက်ခင်မှာ..လမ်းဟောင်းကို ရှာမှဖြစ်မယ်.."

ထိပ်လန့်မူ..မခံမရပ်နိုင်မူ တွေနဲ့အတူပဲ..သူတို့ တောင်ပေါ်ကို ထပ်တက်လိုက်ကြတယ်..။ဆန်နီကတော့..ပ်ိုပြီး တိုးလာတဲ့..အလေးချိန်ကြောင့်..နှေးကွေးနေခဲ့ပါပြီ..။ကံကောင်းစွာပဲ..ပညာရှင်နဲ့ ခိုးကြောင်ခိုးဝှက်တို့ဟာ ရေအများကြီး သောက်ထားတာကြောင့်..အနည်းငယ် ပေါ့နေခဲ့တယ်..။

'ဒါက တကယ် ငရဲပဲ.."

သူတွေးလိုက်တယ်..။

သူတို့ ပိုပိုပြီး အမြင့်ကို ရောက်အောင် တက်နေခဲ့တယ်..။တဖြည်းဖြည်း နဲ့ နေကလည်း သူတို့နဲ့အတူ မြင့်တက်လာနေခဲ့ပါပြီ..။

စကားပြောသံ...ရယ်မောသံတွေ လုံးဝရှိမနေခဲ့ပဲ..အသက်ရူသံ တွေကိုသာ ကြားနေခဲ့ရတယ်..။အသက်ရှင်ကျန်သူ တစ်ယောက်ချင်းစီတိုင်းက..ကိုယ့်ခြေလှမ်းကိုယ်စီကို အာရုံစိူက်ထားခဲ့ကြပါတယ်..။

သို့ပေမယ့် ခိုးကြောင်ခိုးဝှက်ဟာ တဖြည်းဖြည်း နောက်မှာ ကျန်ကျန် နေခဲ့တယ်..။သူ့ အင်အားတွေက တော့ သူ့ကို ဆန့်ကျင်နေခဲ့ပါပြီ..။

ခနအကြာမှာပဲ..ဆန်နီဟာ..ကျယ်လောင်တဲ့ အော်သံတစ်ခုကို့ကြားလိုက်ရတယ်..။ပြန်လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ ထိပ်လန့်နေတဲ့ မျက်နှာတစ်ခုကိုသာ မြင်လိုက်ရပါတယ်..။

ယင်းနောက် ခိုးကြောင်ခိုးဝှက်ဟာ နောက်ပြန်လန်ကျသွားခဲ့တယ်..။သူ့ခြေထောက်က..ရေခဲတွေ ဖုံးနေတဲ့ ကျောက်တုံးကို နင်းမိပြီး ဟန်ချက် မထိန်းနိုင်ခဲ့တော့တာပါ..။

သူ့ ခန္တာကိုယ်ဟာ မြေကြီးနဲ့ ရိုက်မိပြီး အောက်ကို လိမ့်ကျသွားပေမယ့်..တစ်ခုခုကို ဆုပ်ကိုင်ဖို့ ကြိုးစားနေတုန်းပါပဲ..။

သို့ပေမယ့် နောက်ကျသွားခဲ့ပါပြီ..။

အခုလို အေးစက်နေတဲ့ ရာသီဥတုအောက်မှာတော့ ကျန်တဲ့လူတွေဟာလည်း ကြည့်နေရုံသာ တတ်နိုင်ခဲ့ကြတယ်..။တစ်စက္ကန့်ချင်းစီတိုင်းမှာပဲ..ခိုးကြောင်ခိုးဝှက်ဟာ..လူတစ်ယောက်နဲ့ မတူပဲ..အသားချောင်းနဲ့သာ ပိုပိုတူနေခဲ့ပါတယ်..။

အချိန်အတော်ကြာတဲ့ အထိအောက်ကို လိမ့်ကျသွားခဲ့ပြီး ကျောက်တုံးကြီး တစ်တုံးနဲ့ တွေ့မှသာ ရပ်တန့်သွားပါတော့တယ်..။

ခိုးကြောင်ခိုးဝှက်ကတော့ သေဆုံးသွားခဲ့ပါပြီ..။

All Chapters