ဒါက ကြမ်းလွန်းတယ်
Vol. 3 Ch. 43
ဆိုင်ထဲမှာ လူတွေအများကြီးဟာ နာကျင်မူကြောင့်အော်ဟစ်နေခဲ့ပါတယ်။ဘယ်လောက်တောင် ကြမ်းတမ်းလိုက်လဲ..?
ဖြတ်သွား ဖြတ်လာလူများဟာလည်းဆိုင်ထဲမှ မြင်ကွင်းကြောင့် အံ့သြနေခဲ့ကြသည်။
စောက်ကျိုးနဲ ဒါက ရုပ်ရှင်ထဲကအတိုင်းပဲနော်?
လူလိမ် ထျန်ဟာ လူဆယ်ယောက်လောက်ကို တစ်ယောက်ထဲ တိုက်ခိုက်ပြီး အကုန်လုံးကို အမှောက်သိပ်နိုင်ခဲ့ပါတယ်။
သူဟာဘာမှတောင် မထိခိုက်ပဲ အောက်မှာလဲနေတဲ့ လူမိုက်များဟာတော့ ခေါင်းတွေ၊ လက်တွေ၊ခြေထောက်တွေကို ကိုင်ကာ နာကျင်မူကြောင့် အော်ဟစ်နေခဲ့ပါတယ်။
လူလိမ်ထျန်ဟာ ခုနကထောင်လွား နေတဲ့လူငယ်လေးဆီသွားပြီး ခြေထောက်ဖြင့်တက်နင်း လိုက်သည်။ယင်းနောက် ကောင်လေး၏ အိပ်ကပ်ထဲရှိ ဆေးလိပ်ဗူးမှ ဆေးလိပ်တစ်လိပ်ကို ထုတ်ကာမီးညှိလိုက်ပါသည်။
သူဟာ ဆေးလိပ်ကို ခပ်ပြင်းပြင်းရှိုက်လိုက်ပြီး အငွေ့များကို ပြန်မှုတ်ထုတ်လိုက်ပါတယ်...
"ဒီ ဆေးလိပ်က အရသာ မဆိုးဘူး"
လူလိမ်ထျန်ဟာ ဆေးလိပ်သောက်နေရင်း အေးဆေးစွာ ပြောလိုက်သညါ။
"စောက်ကျိုးနဲ သူက လက်စားပြန်ချေနေတာဟ"
လင်းဖန်ဟာ လူလိမ်ထျန်ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့ပါတယ်။လူလိမ် ထျန်မှာ ဒီလို ဘက်ခြမ်း ရှိလိမ့်မယ်လိူ့ သူမထင်ခဲ့ပါဘူး။သူက တကယ်ကို ကိုယ်ခံပညာရှင်တစိယောက်ပါ။
သူဆေးလိပ် သောက်နေတဲ့ပုံစံဟာ အတော်တည်ငြိမ်ပြီး အထီးကျန်မူကို ပြသနေခဲ့ပါတယ်။
"နင်.....နင်တို့"
ကျန်ဝမ်ချင်ဟာ မြင်ကွင်းကို မြင်ပြီး အနည်းငယ် ဆွံ့အသွားခဲ့ပါတယ်။သူမ၏ ထူထဲတဲ့ မိတ်ကပ်တွေရဲ့ အောက်မှာ ရှိတဲ့ မျက်နှာဟာတော့ ပိုပိုပြီး ဖြူဖျော့လာခဲ့ပါပြီ။
"ငါနင့်ဆီ ကအကုန်ပြန်ယူမယ်"
ကျန်းဝမ်ချင် ဟာ လင်းဖန်ဆီးကို ပြေးသွားလိုက်ပြီး တစ်ခုခုလုပ်ဖို့ လုပ်လိုက်ပါတယ်။
လင်းဖန်ဟာနောက်ကို အမြန်ပြန်ဆုတ် လိုက်သည်။ယင်းနောက် သူဟာ ခေါင်းကိုမော့ကာ ဒေါသထွက်တဲ့ အကြည့်တွေနဲ့ ကြည့်ပြီး လူလိမ်ကို အတုယူကာအော်လိုက်ပါတယ်။
"မြေပေါ်ဆင်းလာတဲ့ နဂါးရဲ့ လက်သီး ၁၈ ကွက်"
*ဘန်းး*
"ငါ့ကို မှတ်ထားလိုက် ၊ငါလည်း တစ်ကိုယ်တော် ကိုယ်ခံပညာရှင်ပဲ။ငါ့ကို အထင်မသေးနဲ့"
ရှုံးနိမ့်သွားတဲ့ ကျန်းဝမ်ချင်ဟာ ကြမ်းပြင်ပေါ်မှာ ခံစားချက်မဲ့စွာ လဲနေခဲ့ပါတယ်။သူမဟာ ရှုံးနိမ့်သွားပြီးနောက်တွင် မျက်နှာကြီး နီရဲကာ စတင်ပြီး ငိုကြွေးပါတော့တယ်။
သူမရဲ့ မိတ်ကပ်ထူထူကြီးတွေဟာ မျက်ရည်ကြောင့် တဖြည်းဖြည်းပျက်လာပြီး သရဲမ ကြီးနဲ့တောင် တူနေခဲ့ပါသည်။
"ရဲတွေ လာပြီဟေ့..."
ဘေးနားက ကြည့်နေကြတဲ့ လူအုပ်ထဲက တစ်ယောက်ဟာ အော်ဟစ်လိူက်ပါတယ်။
"တောင်းပန်ပါတယ် ၊ စိတ်မရှိကြပါနဲ့"
ရဲတွေ သူ့တို့ဆီကို မရောက်ခင်မှာ လူလိမ်ထျန်ဟာ စီးကရက် ကိုအဝေးကို လွင့်ပစ်လိုက်ပြီး ကြမ်းပြင်ပေါ်မှာ လူမိုက်တွေနဲ့ အတူတူလှဲလိူက်ပါတယ်။ယင်းနောက် သူ၏ ပေါင်ကို ကိုင်ပြီး နာကျင်စွာ အော်နေလိုက်သည်။(lol)
"ကယ်ကြပါဦး မာဖီးယားတွေ လာရိုက်နှက်နေကြတယ်"
"ငါ့လက် နဲ့ ခြေထောက် တော့ ကျိုး..ကျိုးနေပြီထင်တယ်"
လင်းဖန်ဟာ လူလိမ်ထျန် ရဲ့အမူအရာကို ကြည့်ပြီး ဆွံ့အနေခဲ့ပါတယ်။သူ့မျက်နှာဟာ အကယ်ဒမီ ပေးလိူ့ရတဲ့ အဆင့်တောင် ရောက်နေခဲ့ပါပြီ။
"အံ့သြစရာ ပဲ"
လင်းဖန်လဲ ကြမ်းပြင်ပေါ်လှဲ ချလိုက်ပြီး အပြင်းအထန် နာကျင်နေသလို ဟန်ဆောင်လိုက်ပါတယ်။
"ချီးပဲ"
ဝူဘိုင်ဂျန်ဟာ ဒီနှစ်ကောင်ရဲ့ စောက်ရှက်မရှိတဲ့ပုံကို ကြည့်ပြီး ဆွံ့အသွားခဲ့သည်။ဒီလူတွေဟာ အတော်ရက်စက် တဲ့လူတွေပါ။
အရိုက်ခံရတာက ငါတို့လေကွာ ..မင်းကြီးတော် မလို့ မင်းတို့က နာချင်ယောင်ဆောင်နေကြတာလား..?
............
လီရှောင်ရှမ်းဟာ ဒီနေ့အထက်လူကြီး ရဲ့ ချီးကျူးမူကို ခံရပြီး စိတ်ကောင်းဝင်နေခဲ့တာပါ။သူ ပြည်သူတွေဆီက တိုက်ခိုက်မူ တိုင်ကြားချက်ရပြီး ချက်ချင်း ထွကိလာခဲ့ခြင်းဖြစ်သည်။
သူရောက်လာတဲ့ အချိန်မြင်ရတဲ့ မြင်ကွင်းကြောင့် အံ့သြသွားခဲ့ပါတယ်။
"သူဌေးလေး..သူဌေးလေး မင်းဘာဖြစ်လိူ့လဲ"
လင်းဖန်ဟာ နာကျင်ဟန်ဆောင် နေရင်း ခေါင်းဆောင်လီရဲ့ အသံကိုကြားလိုက်ရပါတယ်။သူစိတ်ထဲတွင် ကြိတ်ပျော်သွားခဲ့သည်။
ငါသိတဲ့ အရာရှိလာလို့ တော်သေးတယ်..
"ခေါင်းဆောင်လီ ကယ်ပါဦး ၊ ဒီလူမိုက်တွေက ငါ့ဆိုင်ထဲကိုလာပြီး ငါ့ကိုရိုက်နှက်ပြီး ဆိုင်ကိုဖျက်ဆီးဖို့ လုပ်နေကြတယ်"
လင်းဖန် သရုပ်ဆောင်ပြီး ပြောလိုက်ပါတယ်။
"အရာရှိ ဒီကောင်တွေက ထောင်လွှားပြီး၊ အတော်မိုက်ရိုင်းကြတယ်။သူတို့က ငါ့လို အဖိုးကြီးကိုတောင် နေ့ဘက်ကြီးမှာ အရှက်ခွဲကြတယ်..ငါတို့ ရှန်ဟိုင်းမှာ ဥပဒေ ရော တည်ရှိသေးရဲ့လား.."
လူလိမ် ထျန်ဟာ ပြောလိုက်ပါတယ်။သူဒီလို အခြေအနေတွေ နဲ့ အတွေ့အကြုံရှိပြီးသားပါ။
လီရှောင်ရှမ်းဟာ အကုန်လုံးကို တစ်ချက်ကြည့်လိုက်ပြီး နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်ပါတယ်။သူ ဝူဘိုင်ဂျန် ကို မြင်တဲ့ အချိန်ကြမှ အနည်းငယ် သဘောပေါက်လိုက်သည်။
"ဝူဘိုင်ဂျန် မင်းပဲဖြစ်ပြန်ပြီလား..ဒီတစ်ကြိမ် မင်းက အပြစ်ကင်းတဲ့လူတွေကို လူမြင်ကွင်းမှာ ရိုက်နှက်ခဲ့တာပဲ။မင်းက ငါတို့ကို ရည်ရွယ်ချက်ရှိရှိ ရန်စနေတာလား"
လီရှောင်ရှမ်းဟာ ဝူဘိုင်ဂျန်နဲ့ ရင်းနှီးပါတယ်။
သူ စည်ပင်အရာရှိဘဝ ကတည်းက ဝူဘိူင်ဂျန်ကို သိတာပါ။ဝူဘိုင်ဂျန်နဲ့ သူ့လူတွေဟာ အတော်ဆိုးဆိုးဝါးဝါး တွေ လုပ်ခဲ့ကြပါတယ်။
အခုလီရှောင်ရှမ်းဟာ ရဲဌာနက ခေါင်းဆောင် တစ်ယောက်ဖြစ်နေပါပြီ။ သူဒီ ဝူဘိုင်ဂျန်ကို နည်းနည်း တော့ ဆုံးမချင်မိပါတယ်။
"ခေါင်းဆောင်လီ မတရားခံရတာက ငါတို့ပါ..
ဒီလူ..."
ဝူဘိုင်ဂျန်ဟာ ငိုတောင်ငိုချင်နေပါပြီ။
ငါတို့ သူတို့ကို ဘယ်နားရိုက်ခဲ့လိူ့လဲ? ရောက်ကတည်းက ငါတို့ပဲ အရိုက်ခံနေရတာလေ..ငါတို့ ပြန်ချဖို့ အခွင့်အရေးတောင် မရှိဘူး...
"မင်းဘာမှ ထပ်ပြောစရာမလိုဘူး ..အကုန်လုံးကို ဖမ်းလိုက်"
လီရှောင်ရှမ်းဟာ သူ့လူတွေကို အမိန့်ပေးလိုက်ပြီး လင်းဖန်ဆီကို လျောက်သွားလိုက်ပါတယ်။
"သူဌေးလေး ငါတို့နဲ့ လိုက်ခဲ့ပါဦး။မင်းရဲ့ နစ်နာမူတွေ အတွက်ကတော့ စိတ်မပူပါနဲ့...ငါတို့ မင်းကျေနပ်တဲ့ အထိ ဖြေရှင်းချက်ပေပါ့မယ်"
လီရှောင်ရှမ်းဟာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာတော့ အနည်းငယ် သံသယရှိပါတယ်။ဒီလူမိုက်တွေအကုန်လုံးမှာ တစ်ယောက်မှ အကောင်းအတိုင်းမရှိပါဘူး။
ဒါပေမဲ့ ဝူဘိုင်ဂျန်က လူမိုက်ခေါင်းဆောင်ပါ။ဒါကပဲ လုံလောက်ပါပြီ။သူ့ရဲ့ အရင်ကျူးလွန်ခဲ့တဲ့
မှတ်တမ်းတွေနဲ့တင် သူ့ကို ထောင်ချလိုက်လို့ ရပါတယ်။
နာကျင်စွာ ညဥ်းညူသည့် အသံများကို ကြားနေရသည်။အစောက ထောင်လွားနေတဲ့ လူငယ်လေးဟာတော့ လင်းဖန်ရဲ့ ကန်ချက်တွေကြောင့် မျက်နှာ တစ်ခုလုံး ဖူးရောင် နေခဲ့ပါပြီ။သူနာကျင်စွာ ညဥ်းညူဖို့ပဲ တတ်နိုင်ပါတော့တယ်။
ရဲဌာန တွင်။
ဒီအမူကို လီရှောင်ရှမ်း ကိုင်တွယ်ထားခြင်းဖြစ်ပေသည်။သူအလျင်အမြန်ပဲ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
ဝူဘိုင်ဂျန်နဲ့ သူ့လူတွေဟာ ရန်ပွဲစတင်သူတွေ ဖြစ်ပြီး သူတို့ပဲ ဒဏ်ရာရခဲ့ပါတယ်။ထပ်ပြောရရင် ရဲတွေဟာ ဝူဘိုင်ဂျန် တို့အဖွဲ့ဆီက အန္တရာယ်များသည့် ဓားနှင့် လက်နှက်များပါ တွေ့ရှိခဲ့ပြီး အခြေအနေလေးနက်လာခဲ့သည်။
လင်းဖန်ဟာ ဒဏ်ရာ အနည်းငယ်ရနေခဲ့ပြီး လူလိမ်ထျန် ဟာ တော့ လက်နဲ့ခြေထောက်ဟာ အဆစ်လွဲနေခဲ့ပါတယ်။
သူတို့ကို ဥအဒေအတိုင်း ဆက်လုပ်ကြမလားလိူ့မေးသည့် အချိန်တွင် ဝူဘိုက်ဂျန်ဟာ ကြောက်လန့်နေခဲ့ပါသည်။
ဒီအတော်တဆ မူက ငွေကြေးနဲ့ သီးသန့်ဖြေရှင်း
လို့ရပါတယ်။ဒါပေမဲ့ သူတို့ ဥပဒေအတိုင်းသာ ရင်ဆိုင်ရရင် ထောင် သုံးလကနေ တစ်နှစ်အထိ ကျနိင်ပါသည်။ပြီးတော့ သူ့မှာ အရင်မဖြေရှင်းရတဲ့ အမူတွေလည်းရှိပါသေးတယ်။ဒါတွေပါ ပေါင်းရင် သူထောင်ထဲမှာ အကြာကြီး နေသွားရမှာ သေချာပေသည်။
သို့ပေမဲ့ လင်းဖန်ဟာ ကြင်နာတတ်တဲ့ လူတစ်ယောက်ပါ။သူကိုယ်တိုင်လည်း ဥပဒေတွေအတိုင်း မလုပ်ချင်ပဲ သီးသန့်ပဲဖြေရှင်းခဲ့လိုက်ပါတယ်။
အမှန်တကယ်တော့ လီရှောငိရှမ်းဟာလည်း သီးသန့်ဖြေရှင်းရန် အကြံဥာဏ်ပေးခဲ့ခြင်းဖြစ်သည်။ဘာပဲ ဖြစ်ဖြစ် ဝူဘိုင်ဂျန်က နယ်ခံမြွေတစ်ကောင်ပါ။သူနဲ့ သာ အဆက်သွယ်ကာင်းရှိရင် နောင်ပြသနာတွေ ကြုံရင် အဆင်ပြေနိုင်ပါတယ်။
ဒါကြောင့် နှစ်ဖက်စလုံး ပြသနာတွေ အကျယ်ချဲ့ဖို့ မလိုအပ်ခဲ့ပါဘူး။အဆုံးမှာတော့ လင်းဖန်တို့ဟာ လျော်ကြေး ဒေါ်လာ နှစ်သောင်းရခဲ့ပြီး ၊ လီရှောင်ရှမ်းဟာ ဝူဘိူင်ဂျန်ကို သတိပေးခံဝန်ထိုးခိုင်းခဲ့သည်။
ဝူဘိုင်ဂျန်ရဲ့ စိတ်ထဲမှာတော့ သူတို့ဟာ မတရားခံရတဲ့ သူတွေပါ။သို့ပေမဲ့ သူတို့မှာ ပြစ်မူမှတ်တမ်းဟောင်းတွေ ရှိပြီး ဘာမှ လုပ်လို့မရပေ။
လီရှောင်ရှမ်းဟာ လင်းဖန်ကို ရဲဌာန ဝင်ပေါက်အထိ လိုက်ပို့ပေးခဲ့သည်။
"သူဌေးလေး ငါရဲ့ခေါငိးဆောင်က အရင်တစ်ခေါက်က စာအတွက် ကျေးဇူးတင်တယ် လို့ပြောခိုင်းလိုက်တယ်"
"ကောင်းပါပြီ၊ ခေါင်းဆောင်လီ နောက်တစ်ခေါက်မှ သွားသောက်ရအောင်၊ ဒီနေ့ကူညီပေးတာ ကျေးဇူးတင်ပါတယ်"
လင်းဖန်ဟာပြောလိုက်ပ့တယ်။
"ဒါက ကျွန်တော်လုပ်ရမဲ့ တာဝန်ပါပဲ ထည့်ပြောမနေပါနဲ့"
..........
အိမ်အပြန်လမ်းတွင်။
"လူလိမ် ထျန် ခင်ဗျားက အတော်ကြမ်းတာပဲ၊ ဘာလို့ ကျုပ်ကို အရင်က မပြောတာလဲ"
လင်းဖန်ဟာ လူလိမ်ထျန်ကို အံ့သြစွာဖြင့်မေးလိုကိသည်။
အရင်တုန်းက သူလူလိမ်ထျန်ရဲ့ အကြောင်းအရာတွေကို ကြည့်တော့ သတိမထားမိခဲ့ပါဘူး။ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ရေးထားတဲ့ စာသားတွေက အများကြီးပါ။သူအဓိက အချက်တွေပဲ ဖတ်ခဲ့ခြင်းဖြစ်သည်။
အခုလင်းဖန်ဟာ လူလိမ်ထျန်ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။အရင်တုန်းက လူလိမ်ထျန်ဟာ မတော်တဆမူတစ်ခုဖြစ်ထား တာတွေ့လိုက်ရပါတယ်။
"နိမ့်ချနေတာပေါ့ နိမ့်ချနေတာ"
လူလိမ်ထျန်ဟာ တည်ငြိမ်စွာပြောလိုက်ပါတယ်။ယင်းနောက် သူဟာ လင်းဖန်လက်ထဲက ဒေါ်လာ နှစ်သောင်းကို မြင်ကာေပြာလိုက်သည်။
"ငါမင်းကို အများကြီးကူညီ ခဲ့တယ်နော် ၊ ဒေါ်လာ နှစ်သောင်းကို တွေ့တယ်မလား"
လူလိမ်ထျန်ဟာ လက်သီးကို စုပ်ကာပြောလိုက်ပါတယ်။သူပြောချင်တာက သူအများကြီးကူညီလို့ ဝေစုလိုချင်တယ် လိူ့ ဆိုလိုတာပါ။
"သေချာတာပေါ့ ခင်ဗျားကြောင့်မဟုတ်ရင် ကျုပ်ဒီနေ့ သေတော့မလို့ ၊ ဒါပေမဲ့ ကျုပ်တို့ရဲ့ ဆိုင်လေး တိုးတက်နေတာကိုကြည့်လေ နောက်ပိုင်း တိုးချဲ့ဖို့ ပိုက်ဆံသုံးစရာတွေ လိုလာနိုင်တယ်"
"ဒါကြောင် ကျွန်တော် ခင်ဗျားကို ဒေါ်လာနှစ်ထောင် အရင်ပေးထားမယ် ၊ ကျန်တာကိုတော့ နှစ်ကုန် ဘောနပ်ကြမှ ပေါင်းပေးတာပေါ့"
လင်းဖန်ဟာ ဒေါ်လာနှစ်သောင်းထဲမှ နှစ်ထောင်ကို နာကျင်စွာ ထုတ်လိုက်ပြီး လူလိမ်ထျန်ကို ကမ်းပေးလိူက်သည်။
လင်းဖန်ဟာ ပိုက်ဆံပေးလိုက်ပြီး နောက်တွင် လူလိမ်ထျန်ကို ထပ်တောင်းဖို့ အခွင့်အရေးမပေးပေ။သူစကားလမ်းကြောင်းပြောင်းကာ မေးလိုက်သည်
"လူလိမ် ထျန် ခင်ဗျား လက်နဲ့ ခြေထောက်ကို ရုတ်တရက်ကြီး ဘယ်လိုလုပ်လိုက်တာလဲ"
"ဒါက လှည့်စားမူသေးသေးလေးပါ ဟားဟား"
"ဒါဆို..."
လင်းဖန်ဟာ လမ်းလျောက်ရင်း မေးခွန်းတွေ ဆက်တိုက်ဆက်တိုက် မေးနေခဲ့ပါတယ်။သူ့စိတ်ထဲမှာတော့ လူလိမ်ထျန် ပိုက်ဆံအကြောင်း ထပ်မပြောလို့ ဝမ်းသာနေခဲ့ပါသည်။