← Chapters

ဖြတ်လမ်း..

Vol. 1 Ch. 11

ဖြတ်လမ်း..

Vol. 1 Ch. 11

ကျန်ခဲ့တဲ့ သုံးယောက်လုံးဟာ ခံစားချက်မဲ့စွာ ရပ်နေခဲ့ကြတယ်..။သူတို့ အောက်ကို တိတ်တဆိတ်ပဲ ကြည့်နေခဲ့ကြပါတယ်..။ခိုးကြောင်ခိုးဝှက် ကြုံတွေ့ခဲ့ရတာက အံ့ဩစရာ ကိစ္စတော့မဟုတ်ပေမယ့်..စိတ်ထဲမှာ လက်ခံဖို့ ခက်ခဲနေတုန်းပါပဲ..။

သူတို့ရဲ့ အပေါင်းအပါ တစ်ယောက်သေဆုံးသွားတာကို ကြည့်ပြီး..သူတို့အလှည့်ဘယ်တော့ရောက်လာမလဲ ဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်..။

ဘယ်သူမှ ဘာပြောရမလဲ မသိပေ..။

မိနစ်အနည်းငယ်ကြာမှ ပညာရှင်ဟာ သက်ပြင်းချလိုက်တယ်..။

"သူသယ်ထားတဲ့..ပစ္စည်းအများစုကို ယူထားလိုက်လို့ တော်သေးတယ်.."

'နည်းနည်းတော့ အကြင်နာကင်းမဲ့ပေမယ့် မမှားဘူး'

ဆန်နီ..အစေခံအိုကြီးကို ဂရုတစိုက်ကြည့်လိုက်ပြီး..မှတ်ချက်ချလိုက်တာပါ..။

ပညာရှင်ဟာ..သူ့ရဲ့ ကြင်နာတတ်တဲ့ နှလုံးသား ပုံစံ မျက်နှာဖုံး..တစ်ခနလောက် ကွာကျသွားတာကို သတိထားမိလိုက်ပြီး..အမြန် ထပ်ပြောလိုက်တယ်..။

"အေးချမ်းစွာ အနားယူပါ မိတ်ဆွေလေး.."

"ဝိုး..အကယ်ဒမီ ရှော့ပဲ..."

အမှန်တကယ်ပဲ..ဆန်နီဟာ ဒီလူရဲ့ သရုပ်ဆောင်မူကို မယုံကြည်ခဲ့ပါဘူး..။အကြောင်းပြချက်မရှိပဲ ကောင်းပြနေတဲ့လူက ကြောက်ဖို့ပိုကောင်းတယ် ဆိုတာ မြို့ပြင်မှာ ရှိတဲ့ ကလေးတိုင်းသိကြပါတယ်..။

သူတို့က အရူးတွေ မဟုတ်သလို..မွန်းစတားတွေလည်း မဟုတ်ကြပေ..။ပညာရှင်က..အရူးတစ်ယောက်ပုံစံတော့ ဟုတ်ပုံမရပါဘူး..။ဒါကြောင့် ဆန်နီ ဒီလူကို စတွေ့တဲ့ အချိန်ကတည်းက သိချင်နေခဲ့တာပါ..။

"ငါတို့ ဆက်သွားမှ ရမယ်.."

သူရဲကောင်းလေး အောက်ကိုတစ်ချက် ထပ်ကြည့်လိုက်ပြီး ပြောလိုက်တာပါ..။

သူ့အသံက ပုံမှန်ပဲ ဆိုပေမယ့်..ဆန်နီဟာ နောက်ကွယ်က ခံစားချက်တစ်ချို့ကို ခံစားနေမိခဲ့တယ်..။ဘယ်လို ခံစားချကိမျိုးလဲ ဆိုတာကိုပဲ သူ မပြောနိုင်ခဲ့တာပါ..။

ပညာရှင်လည်း သက်ပြင်းချပြီး ..အကြည့်ကို လွှဲလိုက်တယ်..။ဆန်နီကတော့ သွေးပေနေတဲ့ ကျောက်တုံးတွေကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေခဲ့ပါတယ်..။

"ငါက ဘာလို့ အပြစ်ရှိသလို ခံစားနေရတာလဲ.."

သူ မမျှော်လင့်ထားတဲ့ ခံစားချကိကြောင့် အံ့ဩသလိုဖြစ်သွားခဲ့တယ်..။

"သူက..ထိုက်တန်တဲ့အရာကို ရခဲ့တာပဲ.."

စိတ်ကို အတတိနိုင်ဆုံး စုစည်းပြီး..ဆန်နီ နောက်ထပ် နှစ်ယောက် နောက်ကိုလိုက်သွားခဲ့ပါတယ်..။

ဒီလိုနဲ့ပဲ..ခိုးကြောင်ခိုးဝှက်ကို ထားခဲ့ကာ..ဆက်ပြီး တက်လာခဲ့ကြတယ်..။

အခုချိန်မှာတော့ တောင်ပေါ်တက်ရတာ ပိုပိုပြီး ခက်ခဲလာခဲ့ပါပြီ..။ကြမ်းတမ်းလှတဲ့ လေက...ဂရုမစိုက်တဲ့လူတွေအတွကိ..ဟန်ချက်ပျက်ဖို့ လုံလောက်စေပါတယ်..။ခြေလှမ်း တစ်လှမ်းချင်းစီတိုင်းက..လောင်းကစား လုပ်နေရသလိုပါပဲ..။

လေထုက အပေါ်ရောက်လေ..အောက်စီဂျင် နည်းလာလေကြောင့် အသက်ရူရတောင် ခက်ခဲလာခဲ့ပါတယ်..။ဆန်နီ ခေါင်းမူးလာသလိုတောင် ခံစားလိုက်ရတယ်..။

တောတောင်ထဲမှာဖြစ်တဲ့ ဖျားနာမူမျိုးက ခွန်အားသုံးပြီး ဖြေရှင်းလို့ ရတဲ့အရာမဟုတ်ပေ..။တကယ်လို့သာ..ကံဆိုးမယ်ဆိုရင် နိုင်ငံအဆင့် အားကစားသမားလည်း..လမ်းဘေးက လူထက်..အရင် သေသွားနိုင်ပါတယ်..။

ဒါက မင်းရဲ့ ခန္တာကိုယ် အတွင်းအစိတ်အပိုင်းတွေ..ဘယ်လောက်အထိ အလုပ်လုပ်နိုင်မလဲ ဆိုတဲ့ မေးခွန်းတစ်ခုလိုပါပဲ..။ကံကောင်းတဲ့လူတွေကတော့..လက္ခဏာ အနည်းငယ် လောက်သာပြပြီး အဆင်ပြေသွားကြတယ်..။တစ်ချို့ကတော့ ရက်ပေါင်းများကြအောင် သက်ရောက်မူတွေ ခံစားကြရတာပါ..။တစ်ချို့ဆိုရင် အသက်ပါ ဆုံးရှုံးကြရတာပါ..။

ဒါတွေ အားလုံးက သိပ်ပြီး မဆိုးသေးပေမယ့်ရာသီဥတုကတော့ ပိုပိုပြီး အေးလာခဲ့တယ်..။သူတို့ ဝတ်ထားတဲ့ အဝတ်အစားတွေကလည်း ရာသီဥတုကို..တောင့်ခံဖို့ မလုံလောက်တော့ပါဘူး..။ဆန်နီကတော့ အခုချိန်မှာ ဆုံးဖြတ်ချက် တစ်ခုချငိးစီက သူ့အသက်နဲ့ သက်ဆိုင်နေသလို ခံစားနေခဲ့ရတယ်..။

ဒီတောင်ကြီးက လုံးဝ လူသားတွေအတွက် နေရာမဟုတ်ပါဘူး..။

ဒါတောင်မှ သူတို့ဒီမှာ ရှိနေကြရပါသေးတယ်..။

နာရီ အနည်းငယ် ကုန်သွားခဲ့တယ်..။ရှင်ကျန်သူ သုံးယောက်ကတော့..ဆက်လက်ရုန်းကန်နေကြပြီး..အပေါ်ကို ဖြည်းညှင်းစွာ တက်နေကြပါတယ်..။ပညာရှင် ပြောထားတဲ့ လမ်းကြောင်း ကတော့ သိပ်မဝေးလောက်တော့ပေ..။

ဒါက ဆန်နီ စောင့်မျှော်နေတဲ့အရာပါပဲ..။

သို့ပေမယ့် တစ်ခါတစ်လေ..ဒီလမ်းကြောင်းက တကယ်ရော ရှိသေးရဲ့လားလို့တောင် သူသံသယဖြစ်မိပါတယ်..။ဒီ လူအိုကြီး လိမ်နေတာရော မဖြစ်နိုင်ဘူးလား..။လမ်းကြောင်းက အစောကတည်းက ပျက်ဆီးသွားခဲ့တာတောင် ဖြစ်နေနိုင်ပါတယ်..။

သူတို့ သတိမထားမိပဲ ကျော်လာတာလည်း ဖြစ်နိုင်တာပါပဲ..။

သူထပ်ပြီး အတွေးလွန်နေတုနိးမှာပဲ..သူတို့ လမ်းကို တွေ့လိုက်ကြရတယ်..။

ဒါက အရမ်းကို ကျဥ်းမြောင်းတဲ့ လမ်းတစ်ခုဖြစ်ပြီး..လူတစ်ယောက် ဘေးချငိးယှဥ်လျောက်ဖို့တောင် သိပ်မလွယ်ကူလှပေ..။ဒီလမ်းကြောင်းက သေချာဖောက်ထားတာ မဟုတ်ပေမယ့်..​ကျောက်တုံးတွေ မပိတ်နေအောင်..ဖြတ်တောက်ထားပါသေးတယ်..။

ဒါက တောင်ကြီးကို အိပ်ပျော်နေတဲ့ နဂါးအမြီးလို ပတ်ထားခဲ့တယ်..။နှင်းတွေရဲ့အောက် ဟိုနားဒီနားမှာ လမ်းကို မြင်နေကြရပါတယ်..။သို့ပေမယ့် ပိုပြီး အရေးကြီးတာက..ဖြောင့်ဖြူးနေတာပါ..။

လမ်းဖြောင့်တစ်ခုကို မြင်ရလို့ ဒီလောက်အထိ ပျော်ရွှင်ရမယ်လို့ ဆန်နီ မထင်ထားခဲ့ပါဘူး..။

စကားတစ်ခွန်းမှ မပြောပဲ..ပညာရှင်ဟာ သူ့ အထုတ်တွေကို ချကာ..ထိုင်ချလိုက်တယ်..။သူ့ကြည့်ရတာ အတော်ဖြူဖျော့နေပြီး..ငါးလေးတစ်ကောင် ရေထဲကနေ အသက်ရူဖို့ တက်လာသလိုပါပဲ..။

သူ့မျက်နှာပေါ်မှာ တော့ အပြုံးတစ်ခု ရှိနေခဲ့တယ်..။

"ငါ ပြောသားပဲ.."

သူ ရဲကောင်းလေးဟာ..ခေါင်းညိမ့်ပြလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်..။စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာ .သူ ပြန်လှည့်လာပြီး ပြောလိုက်ပါတယ်..။

"ထတော့...နားဖို့ အချိန်မကျသေးဘူး.."

ပညာရှင်ဟာ မျက်တောင်အနည်းငယ် ခတ်လိုက်ပြီး..တောင်းပန်တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်တယ်..။

"နည်းနည်း...ငါ့ကို မိနစ်နည်းနည်းလောက် အနားပေးပါဦး..."

လူငယ် စစ်သည်လေးဟာ..တစ်ခုခုပြောဖို့ လုပ်လိုက်ပေမယ့်..ဆန်နီ သူ့ ပုခုံးကို ရုတ်တရက် ပုတ်လိုက်တယ်..။

"ဘာဖြစ်လို့လဲ.."

"မရှိတော့ဘူး.."

"ဘာ မရှိတော့တာလဲ.."

ဆန်နီ သူတို့လာခဲ့တဲ့ လမ်းကြောင်းကို ညွှန်ပြလိုက်ပါတယ်..။

"ခိုးကြောင်ခိုးဝှက် ရဲ့ ခန္တာကိုယ် မရှိတော့ဘူး.."

သူရဲကောင်းလေးဟာ သူ့ကို စိုက်ကြည့်နေပြီး..ဘာပြောချင်တာလဲ ဆိုတာကို နားလည်ဖို့ ကြိုးစားနေခဲ့ပါတယ်..။

"အ်ိုး..ဟုတ်သားပဲ..။သူတို့က ခိုးကြောင်ခိုးဝှက်ရဲ့နာမည်ကို ခိုးကြောင်ခိုးဝှက်လို့မှ မသိကြတာ..ဒါက ရှက်စရာပဲ.."

သူ ရှင်းပြဖို့လုပ်လိုက်ပေမယ့် ပညာရှင်ရော သူရဲကောင်းလေးရောက နားလည်ပြီးနေကြပါပြီ..။အလျင်အမြန်ပဲ သူတို့ကျောက်တုံး အစွန်နားကို သွားကာ..ခိုးကြောင်ခိုးဝှက်ရဲ့ ခန္တာကိုယ် ရှိခဲ့တဲ့နေရာကို လှမ်းကြည့်လိုက်တယ်..။

အမှန်တကယ်ပဲ သွေးစွန်းရာ အနည်းငယ်ကလွဲလို့..အလောင်းကောင်ကို မတွေ့ကြရတော့ပါဘူး..။

သူတို့ သုံးယောက် အကြည့်ချင်းဖလှယ်လိုက်ပြီး..ခိုးကြောင်ခိုးဝှက်ရဲ့ အလောင်းက ဘာလို့ ပျောက်သွားလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိနေကြပါတယ်..။

"သားရဲကြီးပဲ.."

ပညာရှငိဟာ ပိုပြီး ဖြူဖျော့တဲ့ မျက်နှာနဲ့ ပြောလိုက်တယ်..။

"ငါတို့နောက် လိုက်လာနေပြီ.."

သူရဲကောငိးလေးဟာ အံကို ကြိတ်လိုက်တယ်..။

"မင်းပြောတာ မှန်တယ်..။တကယ်လို့ အရမ်းနီးလာပြီဆိုရင် ရွေးချယ်စရာ မရှိပဲ ပြန်တိုက်ခိုက်ကြရလိမ့်မယ်..!"

သားရဲကြီးနဲ့ ပြန်တိုက်ခိုက်မယ် ဆိုတဲ့ အကြံဥာဏ်က ရူးသွပ်တဲ့ အလုပ်တစိခုပါပဲ..။ငါတို့ မကြာခင် သေကြရတော့မယ်လို့ ပြောလိုက်တာကမှ..ပိုပြီး ယုတ္တိရှိပါသေးတယ်..။

သို့ပေမယ့် အံ့ဩသင့်စွာပဲ အစေခံအိုကြီးဟာ ထိပ်လန့်မနေခဲ့ပေ..။သူ ခေါင်းကို တိတ်ဆိတ်စွာ ငုံ့ထားရင်း ပြောလိုက်တယ်..။

" ဒီလိုလုပ်ဖို့ မလိုပါဘူး..."

သူရဲကောင်းနဲ့ ဆန်နီဟာ..သေချာနားစိုက်ထောင်နေခဲ့ကြတယ်..။သူရဲကောင်းလေးဟာလည်း..မျက်ခုံးပင့်တင်လိုက်ပြီး..

"ဘာကို မလိုတာလဲ.."

" ဒီလိုရှိတယ်.."

ပညာရှင်ဟာ သက်ပြင်းချလိုက်တယ်..။

"သားရဲက ဒီလောက်အဝေးကြီးကနေ ငါတို့ကို တစိရက်အတွင်းပဲ ခြေရာခံနိုင်ခဲ့တယ်..။ဒါက ဖြစ်နိုင်ချေ နှစ်ခု ရှိတယ်လို့ ဆိုလိုတာပဲ..။သူက ငါတို့ ဘယ်သွားတယ်ဆိုတာ သိနိုင်လောက်အောင် ဥာဏ်ကောင်းနေတာပဲဖြစ်ဖြစ်..ဒါမှမဟုတ်..သွေးနံ့ကို ခံပြီး လိုက်နေတာပဲဖြစ်ဖြစ်ပေါ့.."

ခနလောက် တွေးပြီးတဲ့ နောက်မှာတော့..သူရဲကောင်းလေးဟာ..ဖြစ်နိုင်ချေရှိကြောင်း ခေါင်းညိမ့်လိုက်တယ်..။အစေခံအိုကြီးဟာ..အနည်းငယ်ပြုံးပြီး ထပ်ပြောလိုက်ပါတယ်..။

"ဘယ်တစ်ခုပဲဖြစ်ဖြစ်..ငါတို့ သူ့ကို လမ်းကြောင်းလွှဲပြီး အချိန်တစ်ချို့ယူ လို့ရတယ်လေ.."

"ဘယ်လိုလုပ်ရင် ရမလဲ.."

သူရဲကောင်းလေးရဲ့ အသံက အရေးပေါ်ဖြစ်နေပေမယ့်လည်း..ပညာရှင်ဟာ တွေဝေပြီး အသံတိတ်နေခဲ့တယ်..။

"ဘာလို့ ပြန်မဖြေတာလဲ..ဆက်ပြောလေ.."

အစေခံအို ဟာ..သူ မတတ်သာလို့ ပြောရတော့မယ့် ပုံစံနဲ့ ဖြည်းညှင်းစွာ သက်ပြင်းချလိုက်တယ်..။ဆန်နီကတော့ ဒီအဖြေကို..စောင့်နေတာ အတော်ကြာပါပြီ..။

"ငါတို့ လုပ်ဖို့လိုတာက..ကောင်လေးကို သွေးထွက်အောင် လုပ်ဖို့ပဲ..။သူ့ကို တစ်ခြားလမ်းကြောင်းမှာ ငါးစာအဖြစ်ထားခဲ့ပြီး..ငါတို့ကတော့..အပေါ်ကို ဆက်တက်ကြမယ်..။သူ့ရဲ့ ..အနစ်နာခံမူက..ငါတို့ အသက်တွေကို ကယ်တင်နိုင်မှာပါ.."

"အချိန်ကိုက်ပဲ.."

ဆန်နီသာ..ကြောက်ရွံ့နေတာမဟုတ်ဘူးဆိုရင် အခြေအနေကို ကြည့်ပြီး ရယ်မောမိမှာပါ..။သူ့ရဲ့ အစောပိုင်းက ခန့်မှန်းချကိတွေက မှန်ကန်လာခဲ့ပါပြီ..။ဟန်ဆောင်တတ်တဲ့လူတွေက..အမြဲတမ်းကောင်းပြ နေတတ်ပေမယ့်..အခုလို အခြေအနေမျိုးမှာတော့ မဖြစ်နိုင်တော့ပါဘူး..။

ဆန်နီဟာ..အစောပိုင်းက ခိုးကြောင်ခိုးဝှက် သူ့ကို သတ်ဖို့ပြောတော့..ပညာရှင်ပြောခဲ့တဲ့ စကားကိုတောင် ပြန်အမှတ်ရလိုက် မိပါတယ်..။

"အရမ်းအလျင်မလိုပါနဲ့ မိတ်ဆွေ...။ကောင်လေးက နောက်ပိုင်းကျရင်..အသုံးဝင်လာနိုင်တယ်လေ "

ဒီစကားလုံးတွေက အဲ့အချိန်တုန်းက သူတော်ကောငိး ပုံစံပေါက်ပေမယ့်..အခုတော့ နောက်ကွယ်က အဓိပ္ပါယ် တွေပေါ်လာခဲ့ပါပြီ..။

"ဘယ်လို ခွေးသားမျိုးလဲ.."

အရာရာတိုင်းက ပညာရှင်ရဲ့ အကြံအစည်တွေအတိုင်း ဖြစ်လာမှာလားဆိုတာကတော့ အခုချိန်မှာ သူရဲကောင်လေးရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်ပါတော့တယ်..။

လူငယ် စစ်သည်လေးဟာ မျက်တောငိ အကြိမ်အနည်းငယ် ခတ်ပြီး အံ့ဩသင့်နေခဲ့တယ်..။

"သူ့ကို သွေးထွကိအောင် လုပ်ရမယ် ဆိုတာ ဘာကို ပြောချင်တာလဲ. "

ပညာရှင်ဟာ..ခေါင်းခါယမ်းလိုက်တယ်..။

"ဒါက ရိုးရှင်းပါတယ်..။တကယ်လို့ သားရဲကြီးက ငါတို့ ဘယ်ကိုသွားနေတာလဲ ကြိုသိနေတယ်ဆိုရင်..ငါတို့ တောင်ပေါ်ဆက်တက်မယ့် အကြံကို လက်လွှတ်လိုက်ရမယ်..။တကယ်လို့ သားရဲကြီးက သွေးနံ့ကို ခံပြီး လိုက်နေတာဆိုရင်..ငါတို့ထဲက တစ်ယောက်က ငါးစားအဖြစ်နဲ့ လမ်းမှားရောက်အောင် လုပ်ရလိမ့်မယ်.."

သူ ခနရပ်လိုက်တယ်..။

"လမ်းကြောင်းနဲ့ ဝေးကွာတဲ့ နေရာမှာ သွေးထွက်နေတဲ့ လူတစ်ယောက်ကို ထားခဲ့မှ ငါတို့နောက်ကို ဆက်လိုက်နေတာကို ရှောင်ရှားနိုင်လိမ့်မယ်လေ.."

သူရဲကောင်းလေးဟာ ခံစားချက်မဲ့စွာ ရပ်နေခဲ့တယ်..။သူ့မျက်လုံးတွေကတော့..ပညာရှင် နဲ့ ဆန်နီကို တစ်ယောက်တစ်လှည့်စီ ကြည့်နေခဲ့ပါတယ်..။စက္ကန့်အနည်းငယ် ကြာပြီး နောက်မှာတော့ သူ မေးလိုက်တယ်..။

"ဒီလောက် စက်ဆုပ်ဖို့ကောင်းတဲ့ အကြံကို ဘယ်လိုလုပ် ခင်ဗျား ပါးစပ်က ပြောထွက်ရတာလဲ.."

အစေခံအိုကြီးဟာ..ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်တဲ့ ပုံစံကို ကျွမ်းကျင်စွာပဲ သရုပ်ဆောင်လိုက်ပါတယ်..။

"ဒါပေါ့..ဒီအရာက ငါ့ကိုလည်း နာကျင်စေတာပဲ..။ဒါပေမဲ့ ငါတို့ ဒီလိုမလုပ်ဘူးဆိုရင် အကုန်သေကြရလိမ့်မယ်.။ဒီနည်းလမ်းနဲ့ဆိုရင် အနည်းဆုံးတော့ ကောင်လေးရဲ့ သေဆုံးမူက ငါတို့နှစ်ယောက်ကို ကယ်တင်ပေးနိုင်သေးတယ်..။ဘုရားသခင်က သူ့ရဲ့ နစ်နာမူ အတွက် ဆုလာဒ်ပေးသနားမှာပါ.."

"ဟမ့်..ဘယ်လောက်တောင် ကောက်ကျစ်တဲ့ လျာ လဲ..။ငါတောင်..သိမ်းသွင်းခံရတော့မလို့.."

ဆန်နီတွေးလိုက်တာပါ..။

သူရဲကောင်းလေးဟာ..တစ်ခုခုပြောဖို့ လုပ်လိုက်ပေမယ့် ပြန်ပြီး စဥ်းစားနေခဲ့ပြန်ပါတယ် ..။

ဆန်နီဟာ တစ်ခြား ရှင်ကျန်သူ နှစ်ယောက်ကို ကြည့်ပြီး ..မကြာခင် ဖြစ်လာနိုင်တဲ့ တိုက်ပွဲတစ်ခု အတွက်ပြင်ဆင်ထားခဲ့ပါတယ်..။ပညာရှင်က..အတော်လေးကို ခြေကုန်လက်ပမ်းကျနေပြီ ဖြစ်တာကြောင့် ဒီလူကို ရင်ဆိုင်ရတာက ပြသနာ တစ်ခုမဟုတ်ပါဘူး..။

ဒါပေမယ့်..သူရဲကောင်းလေးကတော့...သူ့အတွက် အနှောက်အယှက်ကြီး တစ်ခုပါပဲ..။

All Chapters