နောက်ဆုံးတော့ မင်းတို့ငါကို ယုံကြည်လာကြပြီ မဟုတ်လား
Vol. 3 Ch. 44
လင်းဖန် သတိမထားမိလိုက်တဲ့ အချိန်မှာပဲ သူ့ဝိုက်ဘိုမှာ များပြားလှတဲ့ပရိတ်သတ်တွေ စုဝေးနေခဲ့ပါပြီ။
တစ်ချို့ပွဲကြည့်ချင် ကြနဲ့လူများလည်း ရှိပါသေးတယ်။ပရိတ်သတ်များ ၊ သတင်းထောက်များ၊ စူပါစတား များ......အကုန်စုံလင်လို့ပါ။
အဓိက အချက်က လင်းဖန် ကြိုတင်ဟောထားတဲ့ အရာတွေဟာအမှန်တကယ် ဖြစ်လာလို့ပါ။
တစ်ချို့အရာတွေဟာ အနည်းငယ် အငြင်းပွားစရာတွေ ဖြစ်နေသေးပေမယ့်လည်း ၊လူအများစုဟာ လင်းဖန်ကို ယုံကြည်နေကြပါပြီ။
လင်းဖန် အိမ်ကိုပြန်ရောက်လို့ ဖုန်းကိုဖွင့်လိုက်တဲ့ အချိန်မှာ လူအများကြီးဟာ သူ့ကို သီးသန့် စာတွေ ပို့ထားတာ တွေ့လိုက်ရပါတယ်။
ပို့ထားတဲ့ စာအများစုဟာ သိပ်အရေးမကြီးပေမဲ့လည်း အရေးကြီးတဲ့ စာနှစ်စောင်တော့ရှိနေပါသေးတယ်။
ကျို့လီယွန် :: ဗေဒင်ဆရာ ကျွန်မ ရှိုးပွဲနဲ့လွဲချော်မှာကို ရှင်ဘယ်လိုလုပ်ပြီး ကြိုသိတာလဲ။
လင်းဖန် ဒီစာကို မြင်တဲ့အချိန်မှာ မျက်မှောင်ကျုတ်လိုက်ပါတယ်။ဒီမော်ဒယ်ဟာ သူ့အပေါ်ကို မယဥ်မကျေး ဆက်ဆံချင်နေတဲ့ ပုံစံပါ။
ဒါကြောင့် သူချက်ချင်း စာပြန်လိူက်သည်။
"ကျေးဇူးပြုပြီး ယဥ်ကျေးပါ၊ မာစတာ လင်း လို့သုံးနှုန်းပေးပါ"
နောက်ထပ် စာကိုကြည့်လိုက်တဲ့ အချိန်မှာ ဝမ်ချန် ဆိုတဲ့ လူဆီက ဖြစ်နေတာတွေ့လိုကမရပါတယ်။
ဒီ ဝမ်ချန် ဆိုတဲ့ကောင်က ဘယ်ကလဲ..?
လင်းဖန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပေမဲ့ သူပို့ထားတဲ့ စာကို တွေ့လိုက်တဲ့ အချိန်မှာ ရယ်မောမိပါတော့တယ်။
တကယ့်စောက်ပေါပဲ ဟားဟားး.......
"မင်းငါ့သတင်းတွေကို ခိုးသွားတယ် ၊ ငါမင်းကို တရားစွဲရမယ်။မင်းရဲ့ နာမည်နဲ့ လိပ်စာက ဘာလဲ ငါကိုပြော? မင်းက စောက်ရှက်မရှိတဲ့ သူခိုးပဲ..."
လင်းဖန် အလျင်အမြန်ပဲ စာပြန်လိုက်ပါတယ်။
"နာမည် : ဘဝင်မြင့်တဲ့ ကောင်လေး၊ လိပ်စာ : မြောက်လတ္တီကျု ၃၈ ၊ ၅၄ မိနစ် ၊ ၂၆.၃၇ စက္ကန့်ပြီးတော့ တောင်လတ္တီကျု ၁၁၆ ဒီဂရီ ၊ ၂၃ မိနစ်
၂၈.၂၂ စက္ကန့်"
ဝမ်ချန်ဟာ အတော်ဝေးတဲ့ နေရာတစ်ခုကနေ ကွန်ပြူတာ စခရင်ကို ကြည့်နေခဲ့ပါတယ်။သူလင်းဖန် စာပြန်တာကို မြင်တဲ့ အချိန်မှာ သူ့ကို နောက်နေတယ် လို့မထင်ပါဘူး။
"ဘဝင်မြင့်နေတဲ့ကောင်လား? ဒါက ဘယ်လို နာမည် မျိုးလဲ"
ယင်းနောက် သူ စာကို ဆက်ဖတ်လိုက်ပြီး ပြုံးလိုက်ပါတယ်။
မင်းကများ ငါ့ရဲ့ ပထဝီဝင် စကေးကို စမ်းရဲတယ်လား..?
မင်းတော့ သေဖို့ ပြင်ထားလိုက်တော့...
ဝမ်ချန် အင်တာနက် ပေါ်တက်လိုက်ပြီး ကိုအောဒိနိပ် မျဥ်းတွေကို လိုက်စစ်ကြည့်တဲ့ အချိန်မှာ ဒေါသ ထွက်လွန်းလို့ ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး။
"ခွေးသား ထန်အန်း ဂိတ် က ဘယ်နေရာလဲ"
ဝမ်ချန်ဟာ သူ လင်းဖန် ကစားတာ ခံလိုက်ရမှန်းသိလိုက်ပါတယ်။
"မင်းငါ ကိုစောင့်နေစမ်းပါ"
..........
နောက်တစ်ရက်တွင်။
လူတိုင်းဟာ ဝိုက်ဘိုပေါ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်စေမယ့် အံ့သြစရာ သတင်းကိုတစ်ခုကို တွေ့လိုက်ကြရပါတယ်။
"ကျော်ကြားတဲ့ ဒါရိုက်တာ ဟူ ရဲ့ရုပ်ရှင် "မပြောနိုင်တဲ့ မနက်ဖြန် " ဇာတ်ကားရဲ့ ခေါင်းဆောင် မင်းသမီး နေရာကို ယန်ထျန်ဖြင့် အစားထိုးမည်။ဝမ်ဘင်ယန် ဟာ အရည်အချင်း မပြည့်မီသောကြောင့်ဖြစ်သည်။"
ဒီမနက်ခင်းမှာတော့ လူများဟာ သူတို့ရဲ့ ဖုန်းထဲက သတင်းတွေကို ကြည့်ပြီး မယုံကြည်နိုင်ဖြစ်နေကြပါတယ်။
ကမ္ဘာကြီး တောင် မာစတာ လင်းကြောင့်အနည်းငယ် ရူးသွပ်သွားသလိုပါပဲ.......
ထပ်ပြီး တိကျပြန်ပြီ..တကယ်ကို ထပ်ပြီး တိကျပြန်ပြီ...များပြားလှတဲ့ လူများဟာ လင်းဖန်ရဲ့ ဝိုက်ဘို အကောင့်ဆီကို သွားပြီ မှတ်ချက်တွေ ရေးလိုက်ကြပါတယ်။
"မာစတာ လင်း စောက်ရမ်းတွေ ချစ်နေပါပြီ"
"စောက်ရမ်း တိကျတယ် ၊ စောက်ရမ်း တိကျတဲ့ ဗေဒင်ဆရာ ၊ လိပ်စာလေးပေးပါလား ကျွန်တော် လာပြီး ဗေဒင်မေးချင်လို့ပါ"
"ချီးပဲ ချီးပဲ ချီးပဲ ငါဘာပြောရမှန်းတောင် မသိတော့ဘူး"
"မာစတာ လင်းကလွဲပြီး ကမ္ဘာပေါ်မှာဘယ်သူမှ ဒီလို ဟောနိုင်မှာ မဟုတ်ဘူး"
"ငါကတော့ ဝမ်ဘင်ယန် အဆင်ပြေမယ်လို့ပဲ မျှော်လင့်ပါတယ်။ဒါရိုက်တာ ဟူက သူ့ကို မမျှမတ ဆက်ဆံလိုက်သလိုပဲ"
သတင်းတွေ အလျင်အမြန်ပြန့်နှံ့နေတဲ့ အချိန်မှာ စူပါစတား ဝမ်ဘင်ယန် ဟာ အိမ်မှာ ဒေါသထွက်နေခဲ့ပါတယ်။
ပုံမှန်ဆိုရင်တောင် ဒီလိုသတင်း မျိုးက အုတ်အော်သောင်းနင်း ဖြစ်စေနိုင်ပါတယ်။အခု ဒီသတင်းက တတိယ ရှာဖွေမူ အများဆုံးတောင်ဖြစ်နေခဲ့ပါပြီ။
အဓိက အကြောင်းအရင်းက ဒီ မာစတာ လင်းရဲ့ ကြိုတင်ဟောပြော မူကြောင့်ပါ။သူပြောတာက မှန်လေလေ အင်တာနက် မှာပိုပြီး ကျယ်ပြန်လာလေလေ ပါပဲ။
"မာစတာ လင်း ၊ ရှင် ကျွန်မရှာမတွေ့အောင်သာ နေပေတော့"
အရမ်းလှပနေတဲ့ ဝမ်ဘင်ယန် ဟာ သူမရဲ့ ဖုန်းလေးကို ကိုင်ထားပြီး ပြောလိုက်ပါတယ်။သူမဟာ အိမ်နေရင်း ညအိပ်အက်ျီးကို ဝတ်ထားပြီး ရိုးရှင်းစွာ လှပနေခဲ့ပါတယ်။
..........
လူတိုင်း အံ့သြလို့ မဆုံးခင်မှာပဲ နောက်ထပ်သတင်းတစ်ပုဒ်ဟာ ရောက်လာခဲ့ပါပြီ။
နိုင်ငံ ဘောလုံးအသင်းဟာ သုံးဂိုး ဂိုးမရှိ ဖြင့် ရှုံးနိမ့်ခဲ့ခြင်း။
ထပ်ပြီး မှန်သွားပြန်ပြီ!!! တစ်ချို့ ဘောလုံးပရိတ်သတ်များဟာ လင်းဖန်ရဲ့ ကြိုတင်ဟောကိန်း ကို မသိကြပါဘူး။
သို့ပေမဲ့ သူတို့ဘောလုံး သတင်းကို ရိုက်ရှာလိုက်တဲ့ အချိန်မှာ လင်းဖန်ရဲ့ သတင်းဟာ တက်လာခဲ့ပါတယ်။
ဘောလုံးပရိတ်သတ်များဟာ ဒီအကြောင်းကို မသိသူကများပြီး ၊လင်းဖန်ရဲ့ ကြိုတင်ဟော ကိန်းကို မြင်တဲ့ အချိန်မှာ ဆွံ့အကုန်ကြပါတယ်။
"ချီးပဲ အတိအကျကြီးဟ ငါသာကြိုသိရင် သွားလောင်းလိုက်ပါတယ်"
"နောင်တပဲ ရနေလိုက်တော့ ၊ နောက်ပြန်လှည့်လို့ရမှာ မဟုတ်တော့ဘူး"
"ဟားဟား ကျေးဇူးပဲ မာစတာ လင်းရေ ခင်ဗျားကိုယုံပြီး သွားလောင်းလိုက်တာ နိုင်သွားပြီ၊ ပိုက်ဆံလည်း အတော်ရလိုက်တယ်"
"စောက်ကျိုးနဲ ခင်ဗျား အတော်ကံကောင်းတာပဲ"
...........
အကုန်လုံးထဲမှာ အအံ့သြဆုံး လူက ဆောင်းဦးဓားနဲ့ ငါးသတ်မယ် ဆိုတဲ့ကောင်လေးပါ။
သူ့ရဲ့ ဘဝတစ်လျောက်လုံးကို အင်တာနက်ပေါ်မှာပဲ အချိန်ကုန်ပေးထားတာ ဖြစ်ပြီး၊ နေ့တိုင်း လိုင်းပေါ်မှာ အလုပ်များပါတယ်။
သူဟာ လူများစွာရဲ့ အရှုပ်ထုတ်တွေကို လိုင်းပေါ်မှာ လိုက်ရှင်းပေးရတာပါ။သူ ပြသနာ တစ်ခုရှင်းပြီးတိုင်းမှာ အခကြေးငွေရပါတယ်။
သူဟာ ပန်ကန်လုံးထဲမှာ ခေါက်ဆွဲ ပြုလိုက်ပြီးကြက်ဥနှစ်လုံးဖောက်ထည့် လိုက်ပါတယ်။ဒါဟာ သူ့ရဲ့ ဇိမ်ခံမူတစ်မျိုးပါပဲ။
ဆောင်းဦးဓား အကောင့်ပိုင်ရှင်ဟာ သူ့အလုပ်ကနေ ပိုက်ဆံတွေ အများကြီး စုဆောင်းမိထားပါပြီ။ဒါပေမဲ့ သူက ချွေတာတတ်တဲ့ လူမျိုးပါ။
သူဟာ မိန်းကလေးတွေ နဲ့ ချိန်းတွေ့ပေမဲ့ လည်းအဆုံးမှာ ပြတ်သွားရတာ ချည်းပါပဲ။ဒီလိုတွေ ဖြစ်နေတာဟာ သူအချိန်မပေးနိုင်လို့ ဆိုတာ သူသိပါတယ်။
ဒါပေမဲ့ နောင်တရမဲ့အစား၊ ဆောင်းဦးဓား အကောင့်ပိုင်ရှင်ဟာ သိပ်မခံစား ပါဘူး။သူ့တစ်ဘဝ လုံးကို အင်တာနက် ပေါ်မှာ သာ မြုပ်နှံ့ထားပြီး တစ်ခြားအရာတွေက အမြဲတမ်း ဒုတိယပါ။သူအမြဲ တမ်းဒီအလုပ်ကို သစ္စာရှိပါသည်။
ပူပူနွေးနွေး ခေါက်ဆွဲပြုတ်ဟာ အရမ်းပဲ အရသာရှိပါတယ်။ဆောင်းဦးဓား အကောင့်ပိုင်ရှင်ဟာ ခေါက်ဆွဲပြုတ် သောက်နေရင်း ဝိုက်ဘို ကို ဖွင့်လိုက်ပါတယ်။
"ဟမ့် မင်းအကောင့် ဘယ်လိုဖြစ်နေပြီလဲ ကြည့်ရအောင် မာစတာ လင်း"
ဆောင်းဦးဓား အကောင့်ပိုင်ရှင်ဟာ လင်းဖန်ရဲ့ အကောင့်ကို ဝင်ကြည့်တဲ့ အချိန်မှာ ဆွံ့အသွားခဲ့ပါတယ်။
မာစတာ လင်း ၏ အကောင့်တွင် သတင်းကောင်းတွေ ၊ ချီးကျူးမူ တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။မှတ်ချက် ရေးတဲ့ လူချညိးတင် လူပေါင်း ခုနှစ်သိန်း လောက်ရှိပါတယ်။
ယင်းနောက် သူဟာ ရင်းနှီးသည့် အကောင့်များကိုလည်း တွေ့လိုက်ရသည်။
စောက်ကျိုးနဲ့ ဒီကောင်တွေက ငါ့ကောင်တွေ မဟုတ်ဘူးလား..??
သူက သူ့လူတွေကို လင်းဖန် အကောင့်ပျက်တဲ့ အထိ တိုက်ခိုက်ခိုင်းထားတာပါ။အခုဒီကောင်တွေက လူအုပ်ကြီး နဲ့ အတူ ဝင်ပြီး လင်းဖန် ကို မာစတာ လင်း ၊ မာစတာ လင်းနဲ့ လုပ်နေကြပါတယ်။
ဆောင်းဦးဓား အကောင့်ပိုင်ရှငိဟာ သူတို့ ဂရုထဲဝင်ပြီး နောက်တစ်ခါ တိုက်ခိုက်ဖို့ ပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာ ဂရုထဲက စာတွေကို မြင်ပြီး ဆွံ့အသွားခဲ့ပါတယ်။
"မာစတာ လင်းကစောက်ရမ်း တိကျတာနော် ၊ ငါသူ့ကို ယုံပြီး ဘောပွဲသွားလောင်း လိုက်တာ နိုင်သွားသေးတယ်"
"စောက်ရမ်းမိုက်တယ် ဒီဗေဒင်ဆရာက ဝမ်ဘင်ယန် အဓိက ဇာတ်ဆောင်နေရာက ပြုတ်မှာေတာင် ကြိုဟောထားသေးတယ်၊ပြီးတော့ နိုင်ငံ ဘောလုံးအသင်း ရှုံးမှာရောပဲ၊ သူ့ကို မယုံကြည်တဲ့ လူရှိပါဦးမလား"
ဆောင်းဦးဓား အကောင့်ပိုင်ရှင်ဟာ ဝိုက်ဘို ဆော့ဝဲ ဆီကို ပြန်သွားလိုက်ပြီး သတင်းတွေ ကို ဖတ်ဖို့ လုပ်လိုက်ပါတယ်။
"ဟမ်"
သူခေါင်းစည်း သတင်းတွေကို မြင်တဲ့အချိန်မှာ လန့်ပြီး အော်ဟစ်လိုက်ပါတယ်။သူရဲ့ စိတ်လှုပ်ရှားမူကြောင့် လက်ထဲတွင် ကိုင်ထားသည့် ခေါက်ဆွဲ ပန်ကန်တောင် ပြုတ်ကျ သွားခဲ့သည်။
.........
အရမ်းကောင်းတယ်..
လင်းဖန်ဟာ သူ့ဆိုင်လေးမှာ ဝိုက်ဘိုဆော့ဝဲကို သာသာယာယာ ထိုင်ကြည့်နေခဲ့သည်။
အရာရာတိုင်းက သူစီစဥ်ထားတဲ့ အတိုင်းပါပဲ။သူ့ရဲ့ အလုပ်အကိုင် အောင်မြင်လာဖို့ဆိုရင် ဒီလိုကျော်ကြားလာမှ ရမှာပါ။
ယင်းနောက် သူဟာ ကာစတန်မာ အမြောက်အများ ကို သူ့ဆိုင်လိပ်စာ ပေးပို့လိုက်ပါတယ်။ပြီးသွားရင်တော့ သူ့ဒုတိယမြောက် မစ်ရှင် အောင်မြင် ဖို့ဆိုတာ သိပ်မလိုတော့ပေ။
တတိယမြောက် စာမျက်နှာက ဘာဖြစ်မလဲ ဆိုတာတောင် သူစိတ်ကူးတွေ ယဥ်နေခဲ့ပါပြီ။
ရုတ်တရက် လင်းဖန်ဟာ သူ့ပိုစ့်အောက်မှာ ဆွေးနွေးနေတဲ့ လူတွေအကုန်လုံးရဲ့ အကြောင်းအရာကို သတိပြုမိလိုက်ပါတယ်။
သူတိူ့အကုန်လုံး အကြောင်းအရာ တစ်ခုထဲကိုပဲ ဆွေးနွေးနေကြတာပါ။
"မာစတာ လင်း ၊ လူချောလေး ယန်ရှောင်လိန် က တကယ်ပဲ ရိုက်နှက်ခံရပြီး ဆေးရုံတက်ရမှာလား"
"ဟုတ်တယ် ငါလည်း သိချင်နေတာ"
"ယန်ရှောင်လိန် က တကယ် ထောင့်မကျိုးဘူး၊သူသာ တကယ် ဆေးရုံတက်တဲ့အထိအရိုက်ခံရရင် ငါမာစတာ လင်းရဲ့ သစ္စာရှိ ပရိတ်သတ်ဖြစ်ပြီပဲ"
သို့ပေမဲ့ တစ်ချို့ မတူညီတဲ့ မှတ်ချက်တွေကို လည်း လင်းဖန်တွေ့နေရပါတယ်။ဒါက ယန်ရှောင်လိန်ရဲ့ ပရိတ်သတ်တွေ လင်းဖန် ကို မကျေမနပ် လာပြောနေကြတာပါ။
"အရိုက်ခံရမယ့် လူက မင်းပဲ ဗေဒင်ဆရာ၊ ငါအခုတောင် မင်းကို လာရိုက်ချင်နေပြီ"
"မင်းတစ်မိသားစုလုံး ယီးပဲကွာ ၊ သူတို့ အကုန် အရိုက်ခံရလိမ့်မယ်"
"ခွေးသား ငါရဲ့ အချစ်တော် လိန်လိန် က ရုပ်ချောပြီးသား နင်သာ ရုပ်မချောလို့ မနာလို ဖြစ်နေတာ"
........
လင်းဖန် ဒီလူတွေကို ဘာမှ ရှင်းပြမနေချင်တော့ပါဘူး။ဒါကြောင့် သူပို့စ်တစ်ခုပဲ ထပ်တင်လိုက်ပါတယ်။
"နောက်ဆုံး အကြောင်းအရာအတွက် စောင့်ကြည့်လိုက်ရအောင် ၊ မာစတာ လင်းကဘယ်တော့မှ မလွဲဘူး"
လင်းဖန် တစ်ခြားလူတွေကို စော်ကားမိမှာ ကို လုံးဝစောက်ဂရု မစိုက်တော့ပါဘူး။သူ့ဆိုင် မှာက ပရိုအဆင့် ဖိုက်တာ ရှိပါတယ်။
ပြသနာ လာရှာတဲ့ လူတွေ အကုန်လုံးကို လူလိမ်ထျန်နဲ့ ပေးတွေ့လိုက်ယုံပါပဲ.......