အဲ့မှာ ဘာပြသနာမှ မရှိဘူး
Vol. 3 Ch. 45
"မင်းဖုန်းထဲမှာ ပျော်စရာတွေ အဲလောက်တောင် များနေတာလား၊ မင်းကနေ့တိုင်း ဖုန်းကြည့်ပြီး ရီနေတော့တာပဲ...ငါ့ကို ဖုံးထားတဲ့ လျို့ဝှက်ချက်တွေဘာတွေများ ရှိနေတာလား"
လင်းဖန်ဟာ တစ်နေ့တစ်နေ့ ဖုန်းလေးကြည့်လိုက် ရယ်မောလိုက် လုပ်နေတဲ့အချိန်မှာ သူကတော့ ပျင်းလို့ အရည်တောင် ပျော်ကျပါတော့မယ်။
လင်းဖန်ဟာ လူလိမ်ထျန်ကို ကြည့်ပြီး မေးလိုက်သည်။
"ခင်ဗျားမှာ ဖုန်းမရှိဘူးလား? "
လင်းဖန်ဟာ လူလိမ် ထျန် သူ့အိပ်ကပ်ထဲကနေ Nokia ဖုန်း အစုတ်လေး ထုတ်ပြတာကို တွေ့လိုက်ရပါတယ်။
စောက်ကျိုးနဲ....
လင်းဖန်ဟာ ဆွံ့အသွားခဲ့ပြီး သူ့ဖုန်လေးကို ပဲပြန်အာရုံစိုက်လိုက်ပါသည်။
ဝိုက်ဘိုက အခြေအနေတွေဟာတော့ အတော်ကို အဆင်ပြေနေခဲ့ပါပြီ။သူ ဝိုက်ဘို ဆော့ဝဲမှာ ပိုက်ကွန်ကို ပြင်ဆင်ပြီးသား ဖြစ်ပြီး ငါးတိုးဖို့ကို စောင့်နေ ယုံပါဘဲ။
လောလောဆယ် လင်းဖန်ရဲ့ ဝိုက်ဘို ဆော့ဝဲမှာ ပရိတ်သတ်ပေါင်း ၁.၂ သန်းလောက် ရှိနေခဲ့ပြီဖြစ်သည်။
ရုတ်တရက် လင်းဖန်းဟာ သူတို့ ဆိုင်အပြင်ဘက်မှာ တွေဝေစွာရပ် နေတဲ့ ကောင်လေး တစ်ယောက်ကို သတိထားမိလိုက်ပါတယ်။
"ညီအစ်ကို အထဲကို လာထိုင်လေ"
လူလိမ် ထျန်ဟာ လင်းဖန် ပြောနေအောင်တောင် မစောင့်တော့ပါဘူး။အရင်ဆုံး တော်ကီပစ်လိုက်
ကာ ဆွဲဆောင်ဖို့ ကြိုးစားပါတော့တယ်။
"လဘက်ရည်လား? ရေပဲသောက်မလား?"
လုဇီရီ ဟာ လူလိမ် ထျန်ရဲ့ ဧည့်ဝတ်ကျေပွန်မူအောက် မှာ မျောပါနေခဲ့ပါပြီ။သို့ပေမဲ့ သူငြင်းလိုက်သည်။
"မလိုတော့ ပါဘူး"
"ညီအစ်ကို ၊ မင်းရဲ့ မျက်နှာကို ကြည့်ရတာ အချစ်ကြောင့် ဒုက္ခရောက်နေပြီ ထင်တယ်"
လုဇီရီဟာ ခေါင်းယမ်းလိုက်ပြီး ပြန်ထွက်သွားဖို့ လုပ်နေခဲ့တာပါ။သို့ပေမဲ့ လင်းဖန်ရဲ့ စကားတွေကြောင့် သူ မိုးကြိုးပစ်ချသလို ခံစားလိုက်ရသည်။
လင်းဖန်ဟာ ရယ်မောလိုက်ပြီး လဘက်ရည်ခွက်ကို ယူကာသောက်လိုက် ပါတယ်။ယင်းနောက် သူ ဟာ ဆက်ပြောလိုက်သည်။
"ငါ မင်းရဲ့ အတိတ်ကအရာတွေ ၊ လက်ရှိအရာတွေကို သိပြီးသား။မင်းဒီဆိုင် ရှေ့ကိုရောက်လာကတည်းက ရေစက်ပါလာတာပဲ။ငါ့ကို မင်းအတွက် ဗေဒင်တွက် ပေးစေချင်လား..?"
လုဇီရီဟာ ဒီအနီးအနားက ကျောင်းတစ်ခုရဲ့ ကျောင်းသားတစ်ယောက်ပါ။အခု သူဖြစ်နေတဲ့ ပြသနာဟာ သူ့ကောင်မလေးနဲ့ ရန်ဖြစ်ရင်း အစပြုခဲ့တာ ဖြစ်ပါတယ်။
ရည်းစားတွေကြားထဲမှာ ရန်ဖြစ်တာဟာ ပုံမှန်သာဖြစ်ပြီး၊ စကားချိုချိုလေးတွေ နဲ့ ပြန်ချော့လိုက်ရင် အဆင်ပြေသွားကြစမြဲပါ။ဒါပေမဲ့ ဒီတစ်ခါ ပြသနာဟာ အနည်းငယ်ကြီးသွားခဲ့ပါသည်။
"မာစတာ ကျွန်တော့်ကို ကယ်ပါဦး ဒါပေမဲ့ ဒီမတိုင်ခင်တော့ ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြောပါရစေ"
လုဇီရီဟာ သေချာရှင်းပြချင်နေခဲ့ပါတယ်။
"ရတယ် ၊ မင်းအကြောင်းတွေ ငါ့ကိုပြောစရာမလိုဘူး ငါသိပြီးသား"
လင်းဖန်ဟာ ယုံကြည်မူရှိရှိ ပြောလိုက်ပါတယ်။
"ကောင်းပါပြီ"
လုဇီရီဟာ ဟာ အနည်းငယ် ဆွံ့အသွားခဲ့ပြီး လင်းဖန်ကို သံသယဖြစ်စွာ ကြည့်လိုက်ပါတယ်။
လင်းဖန်ဟာ ဒါကို ဂရုမစိုက်ပဲ လည်ချောင်းရှင်းကာပြောလိုက်သည်။
"မင်းရဲ့ ချစ်သူနာမည်က လုယာဂျီ မဟုတ်လား"
"အိုး မာစတာ ၊ ကျွန်တော့် ချစ်သူ နာမည်ကိုတောင် ပြောနိုင်တယ်လား"
လုဇီရီဟာ အံ့သြစွာပြောလိုက်ပါသည်။
"မဟုတ်ဘူး ၊ မှားလို့ ငါပြောချင်တာက မင်းရဲ့ ရည်းစားဟောင်းလို့ ပြောတာ။အခု ရည်းစားလို့ပြောတာ မဟုတ်ဘူး..မင်းသိမယ် လိူ့မျော်လင့်ပါတယ်"
လင်းဖန်ဟာ ပြောလိုက်သည်။
လုဇီရီဟာ ရှက်ရွံ့စွာ ခေါင်းကိုငုံ့လိုက်ပြီး ဘာမှမပြောတော့ပါဘူး။
"မင်းရဲ့ သေးသိမ်တဲ့ စိတ်ထားတွေက ဘာဖြစ်လို့လဲ ဆိုတော့....."
လင်းဖန်ဟာ ဆက်ပြောဖို့လုပ်နေတုန်း လုဇီရီရဲ့ ရပ်တန့်ခြင်းကို ခံလိုက်ရပါတယ်။
"မာစတာ လင်း ဒီအကြောင်းကို မပြောပဲနေကြရအောင်ဗျာ၊ ကျွန်တော့်ကို ရှေ့ဘာဆက်လုပ်ရမလဲ ဆိုတာသာအကြံဥာဏ်ပေးပါတော့....."
"ကျွန်တော် အသုံးမကျတဲ့ကောင်ပါဗျာ၊ ကျွန်တော် သေးသိမ်တဲ့ စိတ်ထားရှိတယ် ဆိုတာလည်း သဘောေပါက် နေခဲ့ပါပြီ။အဲ့တစ်ယာက်က သူ့ရဲ့ ငယ်ငယ်တုန်းကသူငယ်ချင်းလေ..အဲ့ကောင်က ဖိနပ်ဝယ်ဖို့ ကျွန်တော့်ချစ်သူရဲ့ အမြင်ကိုမေးတာ..ဒါပေမဲ့ ကျွန်တော် ဒါကို လက်မခံနိုင်ခဲ့ဘူး။ပြီးတော့...ပြီးတော့.."
လုဇီရီဟာ ပြောရင်းပြောရင်း ပိုပိုပြီးနောင်တရလာခဲ့ပါပြီ။သူ့မှာသာ ပန်ဒိုရာ သေတ္တာရှိခဲ့ရင်၊အချိန်တွေကို နောက်ပြန်ဆုတ်ပြီး ပြန်ပြင်လိုက် ချင်ပါတယ်။
လင်းဖန်ဟာ သူ့ကိုယ်သူ အချစ်ဆရာကြီးလို့တော့ မသတ်မှတ်ထားပါဘူး ၊ ဒါပေမဲ့ သူ့ရှေ့က ကောင်လေးကို ကူညီရပါဦးမယ်။
ဒီကောင်လေးဟာ သူ့ရည်းစား ကိုအကြိမ်များစွာတောင်းပန်ပေမယ့် လည်း ခွင့်လွတ်မူကို မရရှိခဲ့ပေ။
"မင်းထပ်ပြောစရာ မလိုတော့ပါဘူး။ငါမင်းကို ကြည့်ကတည်းက မင်းအကြောင်းအကုန် သိပြီးသားပဲ။မင်းနဲ့ မင်းကောင်မလေး လုံးဝ မပြီးပြတ်သေးဘူး ဆိုတာတော့ ငါပြောနိုင်ပါတယ်၊ဒါပေမဲ့ အရာရာက မင်းအပေါ်မှာပဲ မူတည်နေတာနော်"
လင်းဖန်ဟာ တည်ငြိမ်စွာပြောလိုက်သည်။
"ကျွန်တော် ဘာဆက်လုပ်ရမလဲ?"
လုဇီရီဟာ အလျင်အမြန်မေးလိုကိပါတယ်။
အဲ့အချိန်မှာပဲ သစ်သီး ဆိုင်မှ ဆိုင်ပိုင်ရှင်ဟာ သူ့ဆိုင်လေးမှာ အော်ဟစ်ကြော်ညာ နေတဲ့အသံကိူ ကြားလိုက်ရပါတယ်။
"သူဌေး ကျွန်တော် ဆိုင်ကို ဒူးရင်းသီး နှစ်လုံးလောက်ပိူ့ပေးပါ"
လင်းဖန်ဟာ လှမ်းအော်ပြောလိုက်ပါတယ်။
"ကောင်းပါပြီ"
........
လုဇီရီဟာ မြင်ကွင်းကို ကြည့်နေခဲ့ပြီး သဘောပေါက်သွားခဲ့ပါတယ်။သူ့ကိုယ်သူ ရိုက်ကာ ပြောလိုက်သည်။
"မာစတာ ကျွန်တော်နားလည်ပါပြီ ၊ ကျွန်တော် အရင်က ဘာလို့မတွေးမိခဲ့တာလဲ မသိဘူး။ကျွန်တော်သာ ဒူးရင်းသီးလေးတွေ နဲ့တောင်းပန်ရင် သူကျွန်တော်ကို ခွင့်လွတ်မှာ၊ ကျေးဇူးတင်ပါတယ် မာစတာ ၊ ကျေးဇူးတင်ပါတယ်"
လင်းဖန်ဟာ ကြောင်အသွားခဲ့ပြီး လက်ဝေ့ယမ်းကာ အလျင်အမြန် ရှင်းပြလိုက်သည်။
"ဒါက သွားပေးရမှာမဟုတ်ဘူး ၊ မင်းအဲ့ ဒူးရင်းသီး နှစ်လုံးပေါ်မှာ ထူးထောက်ပြီး သွားတောင်းပန်ရမှာ"
လုဇီရီဟာ လင်းဖန်ရဲ့ စကားကိုကြားတဲ့ အချိန်မှာ အနည်းငယ် မျက်လုံးပြူးသွားခဲ့ပါတယ်။သူဟာ လက်ဖြင့် ဒူးရင်းသီးကို ကိုင်ကြည့်လိုက်ပြီး အလျင်အမြန် ပြန်ယုတိလိုကိသည်။
နာတယ်ဟ....
"ငါကတော့ မင်းကို ဖြစ်နိင်ခြေရှိတဲ့ အကြံဥာဏ်ကို ပြောလိုက်ပြီ အလုပ်ဖြစ်တာ မဖြစ်တာကတော့ မင်းအပိုင်းပဲ၊ ကောင်းပြီ မင်းအခုသွားလို့ရပြီ"
လင်းဖန်ဟာ လုဇီရီ ရဲ့ဘဝ ကိူကြည့်ပြီးခဲ့ပါပြီ။ဒီလိုတောင်းပန် တဲ့ပုံစံမျိုးက သူ့အနာဂတ်မှာလည်း ခနခနအသုံးပြုရ ဦးမှာပါ။ဒါကြောင့် သူ့ကို စောစော အသုံးပြုခိုင်းလိုက်ခြင်းဖြစ်သည်။
"မာစတာ ကျွန်တော် နားလည်ပါပြီ ၊ ဘယ်လောက် ကန်တော့ ရမလဲ မသိဘူး"
"မင်း ဒီမှာ ရောက်နေတာ မင်းရဲ့ ကံတရားကြောင့် ပဲလေ။မင်းအချစ်က ဘယ်လောက်တန်မယ် ထင်လဲ မင်းထင်သလောက် ကိုပေးခဲ့"
လင်းဖန် ပိုက်ဆံကို ဂရုမစိုက်တဲ့ ပုံစံနဲ့ပြောလိုက်ပါတယ်။သူ မာစတာ စစ်မှန်တဲ့ ပုံစံပြသနိုင်ဖို့ဆိုရင် ပိုက်ဆံကို ဂရုစိုက်နေလို့ မရပါဘူး။
လုဇီရီဟာ အရင်ဆုံး သူ့ပိုက်ဆံအိပ်ကိုယူလိုက်ပြီး ဒေါ်လာ နှစ်ရာထုတ်လိုက်သည်။သို့ပေမဲ့ သူမာစတာ လင်းရဲ့ မျက်နှာကို မြင်တဲ့အချိန်မှာ
ခုနက စကားကို ပြန်ကြားယောင်လိုက်ပါသည်။
"မင်းအချစ်နဲ့ တန်သလောက်သာ ပေးခဲ့"
တကယ်လို့ ငါနဲ့ ငါ့ကောင်မလေး ရဲ့အချစ်ရေးကိုသာ ပိုက်ဆံနဲ့ တိုင်းတာခဲ့ရင် ၊ ဒါက အဖိုးမတန်တဲ့ ဆက်ဆံရေး ဖြစ်သွားလိမ့်မယ်..
လုဇီရီဟာ သူ့ပိုက်ဆံတွေအကုန်လုံးကို စားပွဲပေါ်အကုန်တင်လိုက်ပြီး အိမ်ပြန် ဘတ်စ်ကား စီးဖို့ အကြွေစေ့ နှစ်စေ့ ပဲယူထား လိုက်ပါတယ်။
သို့ပေမဲ့ ခနအကြာမှာ လက်ထဲက အကြွေစေ့နှစ်စေ့ကိုပါ ပစ်တင်လိုက်သည်။
"မာစတာ သူမသာ အမှန်တကယ်ခွင့်လွတ်ခဲ့မယ်ဆိုရင် ဒီဟောပြောမူက ငွေကြေးနဲ့ တိုင်းတာ လို့မရပါဘူး။အရာရာတိုင်းက မာစတာ အတွကိပါပဲ"
လုဇီရီဟာ တုန့်ဆိုင်းခြင်းမရှိပြောလိုက်ပါတယ်။
"အဲတာတွေ မလိုဘူး၊ အနည်းဆုံးတော့ မင်းကားခကို ပြန်ယူသွား"
လင်းဖန်ဟာ ၅ ဒေါ်လာကို ပြန်ပေးလိုက်ပါတယ်။
"မလိုတော့ပါဘူး မာစတာ"
လုဇီရီဟာ ပြန်ပြောလိုက်သည်။
"ကောင်းပြီ ၊ ဒါဆိုရင်လည်း သွားတော့"
လင်းဖန်ဟာ ပိုက်ဆံထပ်ပေး ချင်စိတ်လည်းမရှိတော့ပါဘူး။ယင်းနောက် သူ ပိုက်ဆံအကုန်လုံကို သိမ်းလိုက်ပြီး လက်ကို ဝေ့ယမ်းလိုက်သည်။
လုဇီရီ ထွက်သွားပြီးနောက်။
"မင်း..မင်း သူ့ဆီက တစ်ပြားမှ မကျန်အောင် အကုန်ယူလိုက်တာလား"
လူလိမ် ထျန်ဟာ လင်းဖန်ကို မယုံကြည်နိုင်စွာကြည့်ပြီး ပြောလိုက်ပါတယ်။ဒီကောင် လင်းဖန်က သူ့ထက်ဆိုးနေလိမ့်မယ် လိူ့ မထင်ထားမိခဲ့ပါဘူး။
"ဒါ မမှားဘူးလေ၊ ကျွန်တော့်အကြံဥာဏ်သာ မရှိရင် သူ အရင်ဆုံး သူ့ကောင်မလေးကို ဆုံးရှုံးရလိမ့်မယ်၊ ပြီးတော့ သူ့ဝမ်းနည်းမူတွေကို ဖြေဖျောက်ဖို့ အရက်ဆိုင်ကို နေ့တိုင်း ပိုက်ဆံပေးနေရလိမ့်မယ်"
"အခန့်အသင့်လို့ ဆေးရုံရောက်သွားရင် ပိုက်ဆံတွေဟာ ပိုပြီးတောင် ကုန်ကြသွားနိုင်တယ်။သူနောက်ထပ်ကောင်မလေး တစိယောက် ထပ်ရှာဖွေမယ် ဆိုရင်တောင် ဒီထက်မက ကုန်ကျဦးမှာပဲ...ကျုပ်က သူ့ငွေတွေကို မကုန်အောင် လုပ်ပေးခဲ့တာလို့ပြော လို့ရတယ်"
လူလိမ် ထျန်ဟာ လင်းဖန်ပြောတာ ကို အချိန်အတော်ကြာအောင် တွေးလိုက်ပြီး သဘောတူညီစွာ ခေါင်းညိမ့်လိုက်ပါတယ်။
ဒီစကားလုံးတွေဟာ သူ့အသိပညာကို ကျယ်ပြန့်စေခဲ့သည်။
........
လေဆိပ်ကို ဆင်းဖို့လုပ်နေသည့် လေယာဥ်တစ်စီးပေါ်တွင်။
ရုပ်ရည်ချောမောပြီး နေကာ မျက်မှန်ဝတ်ထားတဲ့ ကောင်လေးတစ်ယောက်ဟာ အနည်းငယ် စိုးရိမ်နေခဲ့ပါတယ်။
သူ့ဘေးနားတွင်ရှိသည့် မိန်းကလေး များဟာ တိုးတိုးတိတ်တိတ် ဆွေးနွေးနေခဲ့သည်။
ဒီရုပ်ရည်ချောမောတဲ့ ကောင်လေးဟာ တော့ များပြားလှတဲ့ ပရိတ်သတ်တွေ ရှိတဲ့ စူပါစတားယန်ရှောင်လိန်ပါ။
သူဟာ အစတုန်းက ယောကျ်ားလေး အဆိုးတော်အဖွဲ့တစ်ခုမှ အဖွဲ့ဝင်ဖြစ်ပြီး နောက်ပိုင်း တွင် တစ်ကိုယ်တော် လှုပ်ရှားခဲ့သည်။
သူ့ရဲ့ လှပတဲ့ ရုပ်ရည်ကြောင့် များပြားလှတဲ့ မိန်းကလေးတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။သူဘယ်ကိုပဲ သွားသွား မိန်းကလေးတွေက သူ့ရဲ့ ပရိတ်သတ်တွေပါပဲ။
ယန်ရှောင်လိန်ဟာ သိပ်ပြီး ပညာပါရန် မလိုသည့်ဇာတ်ကား တစ်ချိုတွင်လညိး ပါဝင်သရုပ်ဆောင်ခဲ့သည်။ဒီလို ဇာတ်ကားတွေဟာ သူ ဒိုင်ယာလော့ ကိုသာ ကျတ်ဖို့ လိုအပ်ပြီး သရုပ်ဆောင်ပိုင်းကို ဂရုစိုက်ဖို့ မလိုပါဘူး။
အပြင်ဘက်မှာတော့ ယန်ရှောင်လိန်ရဲ့ နာမည်ပြောင်ဟာ "ဥာဏ်တုံးတဲ့ လူချောလေး" ပါ။
သို့ပေမဲ့ သူ့ရဲ့ ပရိတ်သတ်တွေဟာ သူ့ကို အမြဲတမ်း ကာကွယ်ပေးခဲ့ကြပါတယ်။သူ့ပရိတ်သတ်တွေကတော့ ယန်ရှောင်လိန် ဟာ ဥာဏ်တုံးချင်ယောင် ဆောင်နေတာလို့ပဲ ယုံကြည်ထားကြပါသည်။
အခုချိန် ယန်ရှောင်လိန်ဟာ အနည်းငယ်ကြောက်ရွံ့နေခဲ့ပြီး သူ့အေးဂျင့် ဘက်ကို လှည့်ပြီးမေးလိုက်ပါတယ်
"ဝိုက်ဘိုပေါ်က မာစတာ လင်းက ငါရိုက်နှက်ခံရပြီး ဆေးရုံတက်ရမယ်လိူ့ ဟောထားခဲ့တာ"
အစတုန်းကတော့ ယန်ရှောင်လိန် ဒါကို မယုံကြည်ခဲ့ပါဘူး။ဒါပေမဲ့ သူ့ရှေ့မှာ ကြိုတင်ဟောခံခဲ့ရတဲ့ လူတိုင်း ဖြစ်ပြီးသွားကြပါပြီ။ဒါကြောင့် သူအနည်းငယ် ကြောက်ရွံ့နေခဲ့သည်။
"လိန်လိန် စိတ်မပူပါနဲ့ ၊ ဒါတွေ အကုန်လုံးက အတုအယောင် တွေချည်းပဲလေ"
"မင်းလေဆိပ်က ထွက်တာနဲ့၊ အေဂျင်စီက မင်းအတွက် ဘော်ဒီဂတ်တွေအများကြီးကို စောင့်ခိုင်းထားတယ်။ဒါက အရမ်းကို လုံခြုံပြီး မင်းအနား တစ်ယောက်မှ တောင် ကပ်လို့ရမှာ မဟုတ်ဘူး"
´"ကောင်းပြီ"
ယန်ရှောင် လိန်ဟာ စိတ်သက်သာရာ ရသွားခဲ့ပါတယ်။သူသာ အမှန်တကယ် ရိုက်နှက်ခံရရင် သူ့ရုပ်ရည်ကို ထိခိုက်သွားနိုင်သည်။
.........
လေဆိပ် ခန်းမထဲတွင်။
ယန်ရှောင်လိန် ရဲ့ ပရိသတ်များဟာ လေဆိပ်ထဲတွင် ရောက်နေကြပြီး ဆိုင်းဘုတ်များကိုင်ကာအော်ဟစ်နေကြသည်။
"လိန် လိန် ..လိန် လိန်..လိန် လိန်...."
တစ်ချို့ မိန်းကလေး ပရိတ်သတ်များဟာ သူတို့ရဲ့ အချစ်တော် လိန်လိန်ကို မြင်ခွင့်ရပြီး ဝမ်းသာလွန်းကာ ဒူးထောက်ပြီး ငိုယိုနေခဲ့ကြပါတယ်။
ယန်ရှောင်လိန်ဟာ လေထုကို ကြည့်ပြီး ကျေနပ်နေခဲ့ပါတယ်။ဒီလို ခံစားချက်ကိူ စူပါစတား ဖြစ်ဖူးတဲ့ လူတွေမှ နားလည်နိုင်မှာပါ။
နိုင်ငံတကာ အဆင့်မီ စူပါစတား တွေတောင် သူ့ကို နှိုင်းယှဥ်နိုင်မှာ မဟုတ်ပါဘူး.....