အမှန်တရား အခိုက်အတန့်
Vol. 1 Ch. 13
သူရဲကောငိးလေး မျက်နှာပေါ်က အပြုံးဟာ အေးခဲသွားခဲ့တယ်..။သူရှက်ရွံ့စွာပဲ ခေါင်းကို ငုံ့ထားခဲ့ပါတယ်..။မိနစ်အနည်းငယ်လောက် တိတ်ဆိတ်နေပြီးမှ သူ ပြန်ဖြေလိုက်တယ်..။
"ဟုတ်တယ်...မင်း အိပ်ပျော်နေတုန်းမှာ အဆုံးသတ်ပေးရင် မနာကျင်စေနိုင်ဘူးလို့ ထင်ခဲ့တာ.."
သူနဲ့ မတူစွာပဲ..ဆန်နီရဲ့ မျက်နှာပေါ်မှာ ခါးသက်တဲ့ အပြုံးတစ်ခု ရှိနေခဲ့ပါတယ်..။
ဟင်း.....
လူငယ် စစ်သည်လေးဟာ..ရှည်လျားတဲ့ သက်ပြင်းတစ်ခု ချလိုက်ပါတယ်..။သူ့ ခန္တာကိုယ်ကိုတော့ နောက်က နံရံမှာ မှီထားတုန်းပါပဲ..။
"မင်း ငါ့ကို ခွင့်လွှတ်ဖို့ မမျှော်လင့်ပါဘူး..။ဒီ အပြစ်တွေကလည်း..ငါ တာဝန်ယူရမယ့် အရာတစ်ခုပဲ..။ဒါပေမဲ့ ကျေးဇူးပြုပြီး ဖြစ်နိုင်မယ်ဆိုရင် ငါ့ကို နားလည်ဖို့ ကြိုးစားပေးပါ..။တကယ်လို့ အခြေအနေ သာ ကွာခြားမယ်ဆိုရင်..မင်းကို လွှတ်ပေးဖို့..သားရဲကြီးကို သာ ငါ ရင်ဆိုင်လိုက်ချင်တယ်..။ဒါပေမဲ့..ငါ့ဘဝက..ငါပိုင်ဆိုင်တဲ့ အရာတစ်ခု မဟုတ်ဘူးလေ..။ငါ ပြိီးမြောက်အောင် လုပ်ရမယ့် တာဝန် ဝတ္တရားတွေ ဆိုတာက ရှိနေသေးတယ်..။ဒါတွေ မပြီးမချင်း..ငါ့အနေနဲ့ သေချင်ရင်တောင် သေလို့မရဘူး.."
ဆန်နီ ရယ်မောလိုက်တယ်..။
"မင်းတို့လို လူတွေ...မင်းကိုယ်မင်း ကြည့်စမ်းပါဦး..။ငါ့ကို သတ်ဖို့ ကြံစည်နေတောင်မှ အကြောင်းပြချက်ကောင်းကို လိုက်ရှာနေသေးတယ်..။ဘယ်လောက် အဆင်မပြေလိုက်လဲ..။ငါကတော့..မင်းလို သူတော်ကောင်းယောင်ဆောင် တဲ့လူတွေကို အမုန်းဆုံးပဲ..။မင်း ဘာလို့ တစ်ကြိမ်တစ်ခါလောက် မရိုးသား ကြည့်ချင်တာလဲ..။ပြောလိုက်စမ်းပါ..မင်းကို သတ်ရတာ လွယ်ကူနေလို့ သတ်ချင်တာ..။ငါ အသက်ရှငိချငိလို့ မင်းကို သတ်ရတာလို့ ပြောလိုက်စမ်းပါ.."
သူရဲကောင်းလေးဟာ ဝမ်းနည်းမူတွေ အပြည့်နဲ့ မျက်လုံးကို မှိတ်လိုက်တယ်..။
"ငါ တောင်းပန်ပါတယ်..။မင်း နားမလည်နိုင်ဘူးဆိုတာကို ငါသိထားပြီးသားပါ.."
"ဘာတွေများ နားလည်စရာရှိလို့လဲ.."
ဆန်နီ ဒေါသကြောင့်..သွေးကြောတွေပါ..ထောင်လာခဲ့ပါတယ်..။
"ပြောစမ်းပါဦး..ငါက ဘာလို့ သေပေးရမှာလဲ.."
လူငယ်စစ်သည်လေးဟာ နောက်ဆုံးတော့ မျက်လုံး ပြန်ဖွင့်လိုက်တယ်..။သူ အမှောင်ထဲမှာ မမြင်ရတာကြောင့်..ဆန်နီ ရဲ့ အသံလာတဲ့ဖက်ကိုပဲ..မျက်နှာမူလိုက်ပါတယ်..။
"အဲ့လူက..လူယုတ်မာ တစ်ယောက်ဆိုပေမယ့်..သူ ပြောတာက အမှန်တွေပဲ..။မင်းကိုယ်ပေါ်မှာ ရှိနေတဲ့ သွေးတွေက အရမ်းကို များလွန်းတယ်..။ဒါက သားရဲကြီးကို ဆွဲဆောင်နေတာပဲ.."
"မင်းငါ့ကို ဒီတိုင်းလွှတ်ပေးလိုက် လို့ရတာပဲ..။ငါတို့ ဒီမှာတင် လမ်းခွဲကြမယ်..။သားရဲကြီးက ငါ့ကို တွေ့တာ မတွေ့တာက မင်းရဲ့ ပြသနာ မဟုတ်တော့ဘူး.."
သူရဲကောငိး လေးဟာ ခေါင်းခါယမ်းလိုက်တယ်..။
"သားရဲကြီး ရဲ့ စားသုံးခြင်းခံရတာက..အရမ်းကို ရက်စက်လွန်းတယ်လေ..။ငါ ကိုယ်တိုင် အဆုံးသတ်ပေးတာက ပိုကောင်းလိမ့်မယ်..။ဘာပဲဖြစ်ဖြစ် မင်းတို့ အသက်တွေကို ငါတာဝန်ယူပေးထားရတာမလား.."
"ဘယ်လောက် သဘောထားကြီးလိုက်လဲ.."
ဆန်နီ မကျေနပ်စွာပဲ နောက်ကို မှီထားခဲ့တယ်..။သူ ခနကြာပြီးနောက်မှာတော့ တီးတိုးပြောလိုက်ပါတယ်..။
"မင်းသိလား..ငါ ဒီကိုလာကတည်းက သေဖို့အတွက် အဆင်သင့်ပြင်ထားပြီးသား..။တကယ်တော့..ဒီကမ္ဘာကြီးရော..ပြင်ပ ကမ္ဘာကြီးမှာရော..ငါသေတာ ရှင်တာကို ဂရုစိုက်ပေးမယ့်လူ မရှိဘူးလေ..။ငါ သေသွားရင်လည်း ဘယ်သူမှ ဝမ်းနည်းနေမှာမဟုတ်ဘူး..။ငါ့ရဲ့ တည်ရှိမူကို ဘယ်သူမှတောင် မှတ်မိနေမှာမဟုတ်ဘူး.."
သူ့ မျက်နှာပေါ်မှာတော့ အထီးကျန်မူတွေ ရှိနေခဲ့တယ်..။ခနအကြာမှာ ..အထီးကျန်မူတွေအစား..ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ပေါ်လာခဲ့ပါတယ်..။
"ဒါပေမဲ့..ငါ စိတ်ပြောင်းသွားပြီ..။ဒီလောက်တောင် ဖြတ်သန်းလာအပြီးမှာ ငါ အသက်ရှင်ဖို့ ဆုံးဖြတ်လိုက်ပြီ..။ဘာကိစ္စပဲရှိရှိ ငါ အသက်ရှင်မှ ရမယ်.."
သူရဲကောင်းလေးဟာ..သူ့ကို ကြည့်ပြီး အတွေးနက်သွားခဲ့တယ်..။
"သတိရခြင်းနဲ့ ထိုက်တန်တဲ့ ဘဝတစ်ခု ရဖို့လား.."
ဆန်နီ ပြုံးလိုက်ပါတယ်..။
"မဟုတ်ဘူး..မင်းတို့လို လူတွေကို အဆုံးသတ်ပေးမလို့.."
လူငယ်စစ်သည်လေးဟာ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ခေါင်းညိမ့်ပြီး အဖြေပြန်ပေးလိုက်တယ်..။သူ မတ်တတ် ထရပ်လိုက်ပြီး..
"စိတ်မပူပါနဲ့..ငါမြန်မြန် အဆုံးသတ်ပေးမှာပါ.."
"မင်းက ယုံကြည်မူ လွန်ကဲနေတာ မဟုတ်ဘူးလား..။မင်း ငါ့ကို သတ်နိုင်မယ်လို့ ဘာလိူ့ ထင်နေတာလဲ..။ငါ မင်းကို သတ်လိုက်တာလဲ ဖြစ်နိုင်တယ်လေ.."
သူရဲကောငိးလေးဟာ ခေါင်းခါယမ်းလိုက်တယ်..။
"မဖြစ်နိုင်ဘူး..."
သို့ပေမယ့် စက္ကန့်အနည်းငယ် အကြာမှာပဲ သူ ရင်ဘတ်ကို ဖိကာ ဒူးထောက်လျက် ကျသွားခဲ့တယ်..။စစ်သည်ငယ်လေးရဲ့ မျက်နှာဟာ ဖြူဖျော့နေပြီး..နာကျင်စွာပဲ ရုတ်တရက် သွေးအန်ချလိုက်ပါတယ်..။
ဆန်နီ ရဲ့ မျက်နှာပေါ်မှာ ကျေနပ်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။
"နောက်ဆုံးတော့.."
***
"နောက်ဆုံးတော့.."
သူရဲကောင်းလေးဟာ ဒူးထောက်လျက်သားဖြစ်နေပြီး သူ့ရဲ့ ခန္တာကိုယ် အောက်ပိုင်းကတော့ သွေးတွေ စိုရွှဲနေခဲ့ပါပြီ..။အံ့ဩစွာပဲ..သူ့ ရဲ့ လက်တွေကိုကြည့်ကာ အခြေအနေကို နားလည်ဖို့ ကြိုးစားနေခဲ့တယ်..။
"ဒါ...ဒါ ဘယ်လိုမှော်ပညာမျိုးလဲ.."
ပြူးကျယ်တဲ့ မျက်လုံးတွေနဲ့ သူ ဆန်နီကို ကြည့်လိုက်တယ်..။
"သူခိုး ပြောတာ မှန်နေပြီလား..။မင်း ငါတို့အပေါ်မှာ အရိပ်နတ်ဘုရားရဲ့ ကျိန်စာကို သုံးထားတာလား.."
ဆန်နီ သက်ပြင်းချလိုက်တယ်..။
"ငါလည်း အဲလိုဖြစ်နိုင်ဖို့ ဆန္ဒရှိတာပဲ..ဒါပေမဲ့ မဟုတ်ဘူး..။အမှန်အတိုင်းပြောရရင် ငါ့မှာ ဘာစွမ်းရည်မှ မရှိဘူး.."
"ဒါဆို ဘယ်လိုလဲ.."
လူငယ် အစေခံလေးဟာ..ပုခုံးတွန့်လိုက်တယ်..။
"အဲတာကြောင့်ပဲ မင်းတို့ကို အဆိပ်ခတ်လိုက်တာပါ့"
သူရဲကောင်းလေးဟာ သူ့စကားတွေကို နားလည်ဖို့ ကြိုးစားနေခဲ့တယ်..။
"ဘာ.."
"သားရဲကြီး ပထမဆုံးတိုက်ခိုက်ပြီးတော့..မင်းက ငါ့ကို ရေ ရှာခိုင်းခဲ့တယ်လေ..။ငါ သေနေတဲ့ စစ်သည်တွေ ဆီက ရေအိတ်တွေကို စုဆောင်းပြီးတာနဲ့ သွေးအဆိပ်သီးတွေ ကို အရည်ညှစ်ပြီး ထည့်ထားပေးခဲ့တယ်..။ဒါပေါ့ ငါ့အထဲမှာတော့ ဘယ်ပါမှာလဲ..။နည်းနည်းလောက်ပဲ ထည့်ထားပေမယ့်..မင်းတို့သောက်နေတာနဲ့တင် ဖြည်းဖြည်းချင်း သေစေဖို့အတွက် လုံလောက်တယ်လေ.."
သူရဲကောင်းလေးဟာ နာကျင်မူကြောင့် အံကိုကြိတ်ထားခဲ့တယ်..။ရုတ်တရက် သူ တစ်ခုခုကို နားလည်သွားခဲ့ပါတယ်..။
"ဒီတော့.ဒါကြောင့် ဟိုနှစ်ယောက်က ဒီလောက်အထိ အခြေနေ ဆိုးနေတာပေါ့.."
ဆန်နီ ခေါင်းညိမ့်လိုက်တယ်..။
"ခိုးကြောင်ခိုးဝှက်က ရေအသောက်ဆုံးဆိုတော့..သူ့အခြေအနေ ဆိုးဝါးတာက အမြန်ဆန်ဆုံးပဲလေ..။ပညာရှင်လည်း သိပ်မကြာလောက်တော့ပေမယ့် မင်းက အဆုံးသတ်ပေးခဲ့တယ်..။ဒါပေမဲ့..မင်းကတော့..သွေးအဆိပ်သီးရဲ့ သက်ရောက်မူကို မခံရသလိုကို ရှိနေခဲ့တာလေ..။ငါ တကယ်ကို စိတ်ပူနေခဲ့ရသေးတယ်.."
သူရဲကောငိးလေးရဲ့ မျက်နှာဟာ မှောင်မိုက်သွားခဲ့တယ်..။
"ငါ သဘောပေါက်ပြီ.."
ယင်းနောက် သူ တစ်ခုခုကို တွေးမိသွားပြီး ဆန်နီကို အံ့ဩစွာကြည့်လိုက်တယ်..။
"ဒါ..ဒါပေမဲ့ အဲ့အချိန်တုန်းက ငါတို့ မင်းကို သတ်လိမ့်မယ်ဆိုတာ မင်းမသိခဲ့ဘူးလေ.."
ဆန်နီ ရယ်မောလိုက်တယ်..။
"အိုး..ကျေးဇူးပြုပြီး...။ဒါက သိသာနေတာပဲ မဟုတ်ဘူးလား..။ခိုးကြောင်ခိုးဝှက်ဆိုတဲ့လူက ဖိနပ်တစ်စုံ အတွက်တောင် သတ်မယ့်လူလေ..။ပညာရှင်ကတော့ သိုးရေခြုံထားတဲ့ ဝံပုလွေတစ်ကောင်ပဲ..။ဆုံးဖြတ်ချက် ချရမယ့် အခိုက်အတန့်တွေဆိုရင် လူတွေက တစ်ကိုယ်ကောင်းဆန်ပြီး ရက်စက်တတ်ကြတယ်..။သေဆုံးဖို့ သေချာနေတဲ့ အခိုက်အတန့်တွေရောက်ရင် ..ဒီလူတွေက ငါ့ကို တစ်ခုခုမလုပ်ပါဘူးလို့ ငါဘယ်လို ယုံကြည်နိုင်မှာလဲ.."
သူရဲကောင်းလေးဟာ သွေးအနည်းငယ် ထပ်အန်လိုက်တယ်..။
"ဒါဆို..ငါကရော.."
"မင်းလား.."
ဆန်နီရဲ့ မျက်နှာပေါ်မှာ အထင်သေးမူတွေ ပေါ်လာခဲ့တယ်..။
"မင်းက အဆိုးဆုံးပဲ.."
"ဘာလို့လဲ.."
ဆန်နီ သူ့ကိုကြည့်လိုက်တယ်..။
"ငါ့ဘဝမှာ အများကြီးတော့ မသင်ခဲ့ရပေမယ့် တစ်ခုတော့ သိထားတယ်.."
သူ့ အသံက နူးညံ့မူတွေ ပျောက်ကွယ်သွားပြီး ပြောလိုက်တယ်..။
အခုချိန်မှာ အေးစက်မူတွေနဲ့အတူ..ဖြတ်သန်းခဲ့ရတဲ့ခက်ခဲမူတွေကို မျက်နှာပေါ် မြင်နေခဲ့ရပါတယ်..။
"သူ့ရဲ့ သခင်ကို ယုံကြည်ထားတဲ့ အစေခံထက် ပိုပြီးသနားစရာ ကောင်းတဲ့ ကျွန်ဆိုတာ မရှိဘူး.."
ဒီစကားတွေကို ကြားပြီး သူရဲကောငိးလေးဟာ ခေါင်းညိမ့်လိုက်ပါတယ်..။
"ငါ သိပြီ.."
ယင်းနောက် သူ ရယ်မောလိုက်တယ်..။
"မင်း..မင်းက တကယ့်ကို ကလိန်ကကျစ် ကောင်လေးပဲ..ဟုတ်တယ်မလား.."
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။
"ဘာမှ ရိုင်းပြစရာ မလိုဘူး.."
သူရဲကောင်းလေးဟာ သူပြောတာကို နားမထောင်ခဲ့ပေ .။
"ကောင်းတယ်..ဒါကောင်းတယ်..။ငါလုပ်ရမယ့်အရာက ရှင်းလင်းသွားပြီ.."
လူငယ် အစေခံလေးဟာ သက်ပြင်းချလိုက်ပြီး..
"မင်းက ဘာတွေပြောနေတာလဲ..။မကြာခင် သေရတော့မှာလေ.."
သူရဲကောင်းလေးဟာ..သူ့ကို စူးရှတဲ့ အကြည့်တွေနဲ့ စိုက်ကြည့်လိုက်တယ်..။တစ်နည်းအားဖြင့် သူ့ကြည့်ရတာ ဘာမှမဖြစ်တော့သလိုပါပဲ..။
"မင်းသိလား..တကယ်လို့ ငါသာ သာမန်လူဆိုရင် မင်းရဲ့ အစီစဥ်တွေက အလုပ်ဖြစ်မှာပါ..။ဒါပေမဲ့ ငါ့ရဲ့ စိတ်ဝိဥာဥ် အမြုတေက နိုးထနေတာကြာခဲ့ပြီလေ..။ငါ ရန်သူတွေအများကြီးကို သတ်ပြီး သူတို့ရဲ့ စွမ်းအင်တွေကို စုပ်ယူထားခဲ့တာ..။သွေးအဆိပ်သီးလို အမှိုက်မျိုးက ငါ့ကို ဘယ်တော့မှ သတ်နိုင်မှာမဟုတ်ဘူး.."
ခရက်
ဆန်နီ ချက်ချင်းလှည့်ပြီး ထွက်ပြေးဖို့ လုပ်လိုက်ပေမယ့် နောက်ကျသွားခဲ့ပါပြီ..။တစ်စုံတစ်ခုက..သူ့နောက်ကျောကို ရိုက်ခတ်လိုက်ပြီး..နံရံဆီကို အရှိန်ပြင်းစွာ လွင့်စင်သွားခဲ့တယ်..။အော်သံ တစ်ခုနဲ့အတူ ပဲ..သူ့ရဲ့ ဘယ်ဘက်က နာကျင်မူတစ်ခုကို ခံစားလိုက်ရပါတယ်..။
ဆန်နီ တွေဝေမနေပဲ..ဂူအပြင်ဘက်ကို အမြန်လှိမ့်ချကာ..ကျောက်တုံးတွေကြားထဲကနေ ထွက်ပြေးဖို့ ကြိုးစားလိုက်တယ်..။
သူ လမ်းဟောင်းပေါ်ကို ပြန်ရောက်တဲ့ အချိန်မှာတော့..ကြယ်တွေနဲ့အတူ မှိန်ဖျော့ဖျော့ လရောင်ကို တွေ့လိုက်ရပါပြီ..။
"ရပ်လိုက်."
သူ့ နောက်ဘက်က အေးစက်တဲ့ အသံကြောင့် ဆန်နီ အေးခဲသွားခဲ့တယ်..။တကယ်လို့ သူရဲကောင်းလေးမှာသာ နိုးထနေတဲ့ စိတ်ဝိဥာဥ် အမြုတေကို ပိုင်ဆိုင်ထားရင်..သူ့လက်ကနေ ထွက်ပြေးဖို့ဆိုတာက မဖြစ်နိုင်ပါဘူး..။
တိုက်ခိုက်မယ်ဆိုရင်လည်း သူ့မှာ အခွင့်အရေး မရှိပေ..။
"ဒီဘက် လှည့်လိုက်.."
အစေခံလေးဟာ နာခံစွာပဲ နောက်ကို ပြန်လှည့်လိုက်တယ်..။သူရဲကောင်းလေးကတော့ သူ့ပါးစပ်က သွေးတွေကို သုတ်ရင် မကျေနပ်တဲ့ အမူအရာ ဖြစ်နေခဲ့ပါတယ်..။သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်လိုတဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့ကြတယ်..။
"ဒါက ထိုက်တန်ရဲ့လား..။ဘာပဲဖြစ်ဖြစ်..ငါ မင်းကို ပေးထားတဲ့ ကတိကို တည်မှာပါ..။ငါ မြန်မြန် အဆုံးသတ်ပေးမယ်.."
သူရဲကောငိးလေးဟာ..ဓားကို ဆွဲထုတ်လိုက်တယ်..။
"မင်းမှာ နောက်ဆုံး ပြောစရာရှိသေးလား.."
ဆန်နီ ပြန်မဖြေခဲ့ပေ..။
သို့ပေမယ့် ရုတ်တရက် သူ့လက်ထဲမှာ ငွေရောင် ခေါင်းလောင်း သေးသေးလေး ပေါ်လာခဲ့ပါတယ်..။
သူရဲကောင်းလေးဟာ မျက်မှောင်ကျုတ်လိုက်တယ်..။
"မင်း အဲတာကို ဘယ်မှာ ဖွက်ထားတာလဲ.."
ဆန်နီ ခေါင်းလောင်းကို လှုပ်လိုက်တယ်..။လှပပြီး ရှင်းလင်းတဲ့ သံစဥ်က..အေးစက်နေတဲ့ တောင်ကုန်းတစ်ခုလုံးမှာ..သီချင်းသံလို ရှငိးရှငိးလင်းလင်း ကြားနေခဲ့ရပါတယ်..။
"မင်းဘာလုပ်နေတာလဲ..ရပ်လိုက်.."
လူငယ် အစေခံလေးဟာ..အောင်မြင်သွားတဲ့အတိုင်း ရပ်တန့်လိုက်တယ်..။
"အဲတာ ဘာလဲ.."
သူရဲကောင်းလေး ရဲ့ ပြူးကျယ်နေတဲ့ မျက်လုံးအောက်မှာပဲ ခေါင်းလောင်းလေးဟာ လေထဲမှာ ပျောက်ကွယ်သွားခဲ့ပါတယ်..။
"ငါ့ကိုပြော..မင်း ဘာလုပ်လိုက်တာလဲ.."
သို့ပေမယ့် ဆန်နီ ပြန်မဖြေခဲ့ပေ..။အမှန်တော့ သူ ဂူထဲက ထွက်လာကတည်းက စကားတစ်ခွန်းမှ မပြောခဲ့တာပါ..။အခုချိန်မှာတော့ သူ အသက်တောင် ရူမနေခဲ့ပေ..။
တစ်ဖက်မှာတော့ သူရဲကောင်းလေး.ဟာ ဆက်တိုက်ပြောနေခဲ့တယ်..။
"အခုပြောလိုက်..မဟုတ်ရင် နောင်တရ ရလိမ့်မယ်.."
သူ အော်ဟစ်ကာ ထပ်လိုက်တယ်..။
"မင်း ဘာလို့ ဘာမှ မပြောတာလဲ.."
အစေခံ ကောင်လေးကတော့ သူ့ကိုသာ စိုက်ကြည့်နေပြီး တိတ်ဆိတ်နေခဲ့တာပါ..။
မဟုတ်ဘူး..သူက ..ငါ့နောက်က အမှောင်ထုထဲကို စိုက်ကြည့်နေတာပဲ..။
သူရဲကောင်းလေး ရဲ့ မျက်လုံးဟာ ပြူးကျယ်သွားခဲ့ပါပြီ..။
"ဟင်...."