← Chapters

အရိပ်၏ သားတော်

Vol. 1 Ch. 14

အရိပ်၏ သားတော်

Vol. 1 Ch. 14

ဆန်နီ အနေနဲ့ ရွေးချယ်စရာ မရှိပဲ အလောင်းအစား တစ်ခု လုပ်ဖို့သာ တတ်နိုင်ပါတော့တယ်..။

ထိပ်တိုက် ရင်ဆိုင်ရမယ် ဆိုရင် သူ့အနေနဲ့ ရန်သူကို အနိုင်ယူဖို့ ဘာအခွင့်အရေးမှ ရှိမနေခဲ့ပါဘူး..။သွေးအဆိပ်သီးတွေက သူ့ရဲ့ လျိုဝှကိကဒ်တွေပါ..။သို့ပေမယ့် အခုတော့..အသုံးမဝင်တော့တဲ့ အရာတစ်ခု ဖြစ်သွားခဲ့ပါပြီ..။

အမှောင်ထဲမှာ မြင်နိုင်တယ် ဆိုတာကလည်း သိပ်တော့ မလုပ်မဖြစ်ပေ..။တစ်ဖက်မှာလည်း..သူရဲကောင်းလေးက သူ့ရဲ့ ပတ်ဝန်းကျင်ကို အလင်းရောင်မရှိပဲ မြင်နိုင်နေခဲ့တာပါ..။

သူက အကြားအာရုံကို သုံးနေတာလား..မှော်ပညာ တစ်ချို့ကို သုံးနေတာလား ဆိုတာတော့ သူလည်း မသိပေ..။အခုတော့ သူတို့ ဂူထဲကနေထွက်ပြီး..လရောင်အောက်မှာ ရပ်နေကြပါပြီ..။

အခုတော့ သူ့မှာ အားသာချက်တစ်ခုပဲ ကျန်ပါတော့တယ်..။အဲတာကတော့..သားရဲကြီး မျက်လုံးကန်းနေတာကို သူတစိယောက်သာ သိထားပြီး..သူရဲကောင်းလေးကတော့ မသိပေ..။

ဒီအရာကို အသုံးချရမယ် ဆိုပေမယ့်..ပါးစပ်ထက်လက်တွေ့က ပိုပြီး ခက်ခဲပါတယ်..။

ဒါပေမဲ့ ငါက ဘာထပ်လုပ်နိုင်ဦးမှာလဲ...

ဒါကြောင့်..သူ အတတ်နိုင်ဆုံး တိတ်တဆိတ်နေပြီး ငွေရောင်ခေါင်းလောင်းကို တီးနေခဲ့တာပါ..။တကယ်လို့ အညွှန်းစာသားကသာ မလိမ်ထားဘူးဆိုရင် ဒီသံကို မိုင်ပေါင်းများစွာ အကွာကတောင် ကြားနိုင်ပါလိမ့်မယ်..။

သေချာတာကတော့..နတ်ဘီလူးကြီးလည်း ကြားနိုင်တာပါပဲ..။

အခုတော့ ဆန်နီ တိတ်တဆိတ် နေပြီး..သားရဲကြီး ရောက်လာဖို့သာ မျှော်လင့်နေခဲ့တယ်..။

"အခု မင်းမပြောရင် နောင်တရလိမ့်မယ်နော်.."

သူရဲကောငိးလေးရဲ့ အသံဟာ ခြိမ်းခြောက်မူ တွေ အပြည့်ပါနေပေမယ့် အစေခံငယ်လေးကတော့ ပြန်မဖြေခဲ့ပေ..။သူက အေးစက်တဲ့ နေရာမှာသာ ရပ်နေခဲ့ပြီး..ရင်ဘတ်က ဒဏ်ရာကြောက့် မညဥ်းတွားမိအောင် နေနေခဲ့ပါတယ်..။

"ဘာလို့ ပြန်မဖြေတာလဲ.."

သို့ပေမယ့် ဆန်နီမှာ ပြန်ဖြေဖို့ သတ္တိမရှိပေ..။သူ အသက်ကို အောင့်ထားပြီး..သူရဲကောင်းလေး နောက်မှာပေါ်လာနေတဲ့..ထိပ်လန့်စရာ သတ္တဝါကြီးကိုသာ ကြည့်နေခဲ့ပါတယ်..။

သူ့ အဆုတ် တွေဟာ မိီးတောက်နေပြီး..နှလုံး ဟာ ရူးသွပ်စွာ ခုန်နေခဲ့တယ်..။နှလုံးခုန်သံက အရမ်းမြန်လွန်းတာကြောင့်..သားရဲကြီး ကြားသွားမှာကိုတောင် စိုးရိမ်မိပါတယ်..။

သို့ပေမယ့် ...ဒါပေါ့..သူ့ရဲ့ နှလုံးခုန်သံက သူရဲကောင်းလေးရဲ့ အသံလောက်တော့ မကျယ်ပါဘူး..။ဒီတောင်တစ်ခုလုံးမှာ သူ့အသံတစ်ခုပဲ ဖုံးလွှမ်းနေခဲ့တာပါ..။

စက္ကန့်အနည်းငယ်ကြာပြီး နောက်မှာတော့..စစ်သည်ငယ်လေးရဲ့ မျက်လုံးထဲမှာ တစ်ခုခု ကို သဘောပေါက်တဲ့ အရိပ်အယောင်ဖြစ်သွားခဲ့တယ်..။သူ နောက်ကို လှည့်လိုက်ပြီး..တစ်ချိန်တည်းမှာပဲ..လျှပ်စီးထက်မြန်တဲ့..ဓားချက်တစ်ခုကိုပါ..လွှဲခုတ်လိုက်ပါတယ်..။

သို့ပေမယ့် နောက်ကျသွားခဲ့ပါပြီ..။

ကြီးမားတဲ့ လက်ကြီးတစ်ဖက်ဟာ..အမှောင်ထဲကနေ ပေါ်လာပြီး သူ့ကို ဆုပ်ကိုင်ထားခဲ့တယ်..။အရိုးလက်သည်းတွေက...ချပ်ဝတ်အင်္ကျီီကို ဖောက်ထွင်းသွားခဲ့ပါတယ်..။တောင်ဘုရင်ဟာ..သူရဲကောင်းလေးကို ပြန်ဆွဲယူလိုက်ပြီး..သူ့လက်ကောက်ဝက်ပေါ် ကျရောက်လာတဲ့ ဓားချက်ကိုတော့ ဂရုတောင်မစိုက်ခဲ့ပါဘူး..။

ချွဲပြစ်တဲ့ သွားရည်တွေက သူ့ရဲ့ ပွင့်နေတဲ့ ပါးစပ်ကနေ စီးကျနေခဲ့တယ်..။

ကြောက်လန့်မူနဲ့အတူပဲ..ဆန်နီဟာ လမ်းဟောင်းအတိုင်း ဖြည်းညှင်းစွာ နောက်ပြန်လှည့်လိုက်ပါတယ်..။ယင်းနောက် ...သူ မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးသွားခဲ့တယ်..။

သူ့နောက်မှာတော့..နာကျင်မူ့ကြောင့် အော်တဲ့ အသံနက်ကြီးကို..ညအလယ်မှာ ရှင်းရှင်းလင်းလင်း ကြားနေခဲ့ရတယ်..။ကြည့်ရတာတော့...သူ့ကံကြမ္မာ အဆုံးသတ်ခါနီးတောင် သူရဲကောင်းလေးက ပြန်တိုက်ခိုက်နေတဲ့ ပုံပါပဲ..။

သို့ပေမယ့် ဆန်နီ ဂရုမစိုက်ပေ..။သူ ဝေးဝေးကိုသာ ပြေးနေခဲ့ပြီး အပေါ်ကို တက်နိုင်သမျှ တက်နေခဲ့ပါတယ်..။

"စိတ်မကောင်းပါဘူး သူရဲကောင်းလေး.."

သူတွေးလိုက်တယ်..။

"မင်း သေတာကို စောင့်မကြည့်ပေးနိုင်တော့ဘူး..။မင်း သိတဲ့အတိုင်း ငါက လူလိမ် တစ်ယောက်ပါပဲ..။ဒီတော့ မင်းဟာမင်းပဲ သေလိုက်ပါတော့.."

***

အထီးကျန်ဆန်စွာ မှောင်မိုက်နေတဲ့ တောင်ကုန်းကြီးဟာ..လေထုကို ဆန့်ကျင်ပြီး ရှိနေခဲ့တယ်..။

လှပစွာ ချွန်ထက်နေတဲ့ အစွန်းတွေကတော့ကောင်းကင်ကြီးကို ထိုးခွဲသယောင်တောငိ ဖြစ်နေခဲ့ပါတယ်..။

ညအလင်းရောင် အောက်မှာတော့..ဖြူဖျော့တဲ့ အသားအရေ..အနက်ရောင်ရှိတဲ့ ဆံပင်နဲ့ လူငယ်လေးတစ်ယောက်ဟာ တောင်ထိပ်ပေါ်ကို ရောက်လာခဲ့ပါတယ်..။

သိုပေမယ့် သူ့ကို ကြည့်ရတာတော့ ပတ်ဝန်းကျင်ရဲ့ လှပတဲ့ မြင်ကွင်းနဲ့ သိပ်ပြီး မလိုက်ဖက်လှပါဘူး..။ဒဏ်ရာတွေ..သွေးတွေနဲ့အတူပဲ..သူက ထိပ်လန့်ပြီး အားနည်းနေခဲ့ပါတယ်..။

လူငယ်လေးဟာ..လမ်းလျောက်နေတဲ့ အလောင်းကောင်နဲ့တောင် တူနေခဲ့တယ်..။

သူ့ရဲ့ အဝတ်အစားတွေနဲ့ ဖိနပ်ဟာ..တွန့်ကြေပြီး..သွေးတွေနဲ့ စွန်းပေနေခဲ့ပါတယ်..။သူ့ရဲ့ မျကိလုံးတွေကလည်း အသက်မဲ့ နေသလိုပါပဲ..။သူ့ နှုတ်ခမ်းမှာလည်း သွေးတွေ အများကြီး စီးကျနေခဲ့တယ်..။

သူ့ရဲ့ လက်က ဘယ်ဘက် ရင်ဘတ်ကို ကိုင်ထားခဲ့တယ်..။ခြေလှမ်းတစ်လှမ်းစီတိုင်းမှာ ညဥ်းညူနေရပြီး..အံကိုကြိတ်ကာ အတင်း ဆက်လျောက်နေခဲ့ရပါတယ်..။

ဆန်နီ ရဲ့ တစ်ကိုယ်လုံးက နာကျင်မူတွေနဲ့ ပြည့်နှက်နေခဲ့တာပါ..။သို့ပေမယ့်..ဝေဒနာအများစုကတော့ အေးစက်မူ ပါပဲ..။

အေးတယ်...အရမ်းကို အေးတယ်...။

သူ နှင်းတွေထဲမှာသာ လဲလျောငိးပြီး အိပ်လိုက်ချင်ပါတော့တယ်..။

သို့ပေမယ့် အဲဒီအစား ..သူ ဆက်လျောကိနေခဲ့တယ်..။ဘာလို့လဲ ဆိုတော့..သူ တောင်ထိပ်ကို ရောက်တာနဲ့ အိပ်မက်ဆိုးက ပြီးသွားတော့မယ်လို့ ခံစားနေရလို့ပါ..။

တစ်လှမ်း..တစ်လှမ်း ..နောက်တစ်လှမ်း...

နောက်ဆုံးတော့..သူ လုပ်နိုင်ခဲ့ပါပြီ..။

တောင်ကုန်းရဲ့..အမြင့်ဆုံး အပိုင်းမှာတော့ ကြီးမားကျယ်ပြန့်တဲ့ ​ကျောက်ပြားကြီးတစ်ခု ရှိနေခဲ့တယ်..။ကျောက်ပြားကြီးရဲ့ အပေါ်မှာတော့..ကျောင်းတော် တစ်ခု ရှိနေခဲ့ပါတယ်..။သူ့ရဲ့ နံရံတံတိုင်းတွေကိုတော့..မာဗယ်ကျောက်တွေနဲ့ ကာရံထားပြီး..မှောင်မိုက်တဲ့ ကနုတ်တွေနဲ့ အလှဆင်ထားခဲ့တယ်..။

လှပတင့်တယ်မူ အံ့ဩစရာကောင်းမူတွေက...အရိပ်နတ်ဘုရားရဲ့ နန်းတော်လို့တောင် ထင်မှတ်စရာပါပဲ..။

အနည်းဆုံးတော့ အရင်တုန်းက ဖြစ်ခဲ့ဖူးပါတယ်..။အခုကတော့ ကျောင်းတော်က ပျက်စီး နေခဲ့ပါပြီ..။ပြိုယွင်းနေတဲ့ အနက်ရောင်ကျောက်တုန်းတွေ နဲ့ ပျက်ဆီးနေတဲ့ ခေါင်မိုးတွေက..ဆီးနှင်းတွေကို မတားဆီးနိုင်တော့ပေ..။ဂိတ်ပေါက်ဝ တွေကတော့..ကြီးမားတဲ့ သတ္တဝါကြီးတစ်ကောင်ရဲ့ လက်နဲ့ ဖျက်ဆီးထားသလို အစိတ်စိတ်အမွှာမွှာဖြစ်နေခဲ့တယ်..။

ဒါတောင်မှ ဆန်နီကတော့..မြင်ရတာကို ကျေနပ်နေတုန်းပါပဲ..။

"မင်းကို တွေ့ပြီ.."

သူ အက်ကွဲနေတဲ့ အသံနဲ့ပြောလိုက်တာပါ..။

နောက်ဆုံး ခွန်အားတွေကို စုစည်းပြီး လူငယ်အစေခံလေးဟာ..ပျက်ဆီးနေတဲ့ ကျောင်းတော်ထဲ ဝင်သွားခဲ့တယ်..။သူ့ရဲ့ အတွေးတွေကတော့ ရှုပ်ထွေးနေခဲ့ပါတယ်..။

"တွေ့လား..သူရဲကောင်းလေး.."

သူရဲကောငိးလေးက သေသွားပြီဆိုတာကို မေ့နေတဲ့အလား ..သူရေရွတ်မိလိုက်တယ်..။

"ငါ လုပ်နိုင်ခဲ့ပြီ..။မင်းက သန်မာပြီး ရက်စက်တတ်တယ်..။ငါက အားနည်းပြီး..ကြောက်တတ်တယ်လေ..။ဒါတောင်မှပဲ မင်းက အလောင်းဖြစ်နေပြီး..ငါကတော့ ရှင်သန်နေတုန်းပဲ..။ဒါက ရယ်စရာမကောငိးဘူးလား.."

သူ့ရဲ့..ကျိုးပဲ့နေတဲ့ အရိုးတွေက အဆုတ်ကို ထိုးလိုက်တဲ့ အချိန်တိုင်း နာကျင်မူကြောငိ့ ညဥ်းညူနေခဲ့ရတယ်..။သွေးတွေက သူ့ပါးစပ်ကနေ စီးကျနေခဲ့ပါတယ်..။အသက်မသေပေမယ့်လည်း..သူရဲကောင်းလေး တိုက်ခိုကိလိုက်တဲ့ တစ်ချက်ဆို တစ်ချက်က သိသိသာသာပါပဲ..။

"တကယ်တော့ အဲလိုမဟုတ်ဘူး..။မင်းတို့က ရက်စက်တယ် ဆိုတဲ့စကားလုံးကို ဘယ်လောက်အထိ သိထားလို့လဲ..။မင်းတို့ သနားစရာ အရူးတွေ..။ငါ နေတဲ့ကမ္ဘာမှာဆို လူတွေက ရက်စက်တဲ့ နည်းလမ်းကိုထောင်ချီပြီး အသုံးပြုနေကြတာ..။ဒီလို ရက်စက်မူတွေကို မကြာခန ခံနေရတဲ့လူတစ်ယောက်အနေနဲ့..ငါက မင်းတို့ထက် ရက်စက်မူကို ပိုပြီးနားလည်တယ်လို့ မထင်ဘူးလား.."

သူ ဘုရားကျောငိးနဲ့ ပိုပြီးနီးလာခဲ့တယ်..။

"အမှန်အတိုင်း ပြောရရင် မင်းတို့မှာ ဘယ်တုန်းကမှ အခွင့်အရေး မရှိခဲ့ပါဘူး..။ခနလေး..ငါ ဘာတွေတွေးနေတာလဲ..."

ခနအကြာမှာတော့..သူ အရာအားလုံး မေ့သွားခဲ့ပါပြီ..။သူ့မှာ ကျန်နေတာဆိုလို့..နာကျင်မူရယ်..အမှောင်ဘုရားကျောင်းရယ်...အရမ်းကို အိပ်ချင်နေတဲ့ စိတ်ရယ်ပါပဲ..။

"မအိပ်ပျော်သွားနဲ့..ဒါက အေးနေတာလေးပဲလေ..။တကယ်လို့ မင်းအိပ်ပျော်သွားရင် သေလိမ့်မယ်.."

နောက်ဆုံးမှာတော့ ဆန်နီ အနက်ရောင် ဘုရားကျောင်းဆီကို ရောက်လာခဲ့တယ်..။သူ ဘေးနားမှာ ပြန့်ကျဲနေတဲ့ ထောင်ချီတဲ့ အရိုးတွေကိုတောင် ဂရုမစိူက်နိုင်တော့ပဲ..အပေါ်ကို တက်သွားလိုက်ပါတယ်..။

ဒီအရိုးတွေက..လူသားတွေရော..မွန်းစတားတွေ ရဲ့အရိုးတွေ ရောပါပဲ..။အကုန်လုံးကို ကျောင်းတော် ဘေးပတ်ပတ်လည်မှာ ရစ်ဝဲနေတဲ့ မမြင်ရတဲ့..အစောင့်အကြပ်တွေက သတ်ဖြတ်ထားတာပါ..။

ဆန်နီ ကျောင်းပေါ်ကို တက်နေတုန်းမှာပဲ ပုသဏ္ဌာန်မဲ့နေတဲ့ အစောင့်အကြပ်တစ်ကောင်ဟာ သူ့အနားကို ကပ်လာခဲ့တယ်..။ဒါက..သူ့ရင်ဘတ်မှာ မှိန်ဖျော့ဖျော့ တောက်လောင်နေတဲ့..အသက်မီးအိမ်လေးကို..စားသုံးဖို့ အဆင့်သင့်ဖြစ်နေတဲ့ ပုံပါပဲ..။

သို့ပေမယ့် ဆန်နီ့ စိတ်ဝိဥာဥ် ဆီကနေ ရင်းနှီးတဲ့ အငွေ့အသက်တွေ ရနေတာကြောင့် ရပ်တန်လိုက်တယ်..။နတ်ဘုရားရဲ့ ရနံ့..ဝမ်းနည်းမူ..အထီးကျန် ဆန်မူတွေ..။

အစောင့်အကြပ်ဟာ ချက်ချင်းဘေးကို ဖယ်ပေးပြီး ဆန်နီကို ဝင်ခွင့်ပြုလိုက်ပါတယ်..။

သူ ကျောင်းတော်ထဲကို ဝင်သွားခဲ့တယ်..။

ဆန်နီ..သူ့ကိုယ်သူ ခမ်းနားတဲ့ ဟော ကြီးထဲမှာရောက်နေတာကို တွေ့လိုင်ရပါတယ်..။ရေတံခွန်ငယ်လို လရောင်လေးဟာ..ခေါင်းမိုးရဲ့ အပေါ်တွေ ကြားထဲကနေ..ကျရောက်နေခဲ့တယ်..။နက်ရှ်ိုင်းတဲ့ အရိပ်တွေကတော့ ငွေရောင် အလင်းတန်းဝန်းကျင်မှာ ရှိနေကြပြီး မထိတွေ့ရဲခဲ့ကြပေ..။

ကြမ်းပြင်တစ်ခုလုံးကတော့..နှငိးတွေ ရေခဲတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။

ခန်းမကြီးရဲ့ အဆုံးမတော့..ကြီးမားတဲ့ အနက်ရောင်မာဗယ်ကျောက်ဖျာကြီး တစ်ခု ရှိနေခဲ့တယ်..။ဒါက ကျောင်းတော်ထဲမှာ နှင်းတွေ မထိတွေ့တဲ့ တစ်ခုတည်းသော အရာပါပဲ..။သူဘာလို့ လာခဲ့တာလဲ ဆိုတာ မသိတော့ပဲ..ဆန်နီ ကျောကိဖျာကြီးဆိီကိုသာ ဦးတည်သွားလိုက်တယ်..။

သူ အိပ်ချင်နေတာပဲ သိပါတော့တယ်..။

ကျောက်ဖျာက ချောက်သွေး..ရှင်းလင်းနေပြီး..အိပ်ယာတစ်ခုစာလောကိတော့ ကျယ်ပါတယ်..။ဆန်နီ အပေါ်ကို တက်ပြီး လဲလျောင်းလိူက်တယ်..။

ကြည့်ရတာတော့ သူက မကြာခင် သေတော့မယ့် ပုံပါပဲ..။

သူ ဒီအတွက်လည်း အဆင်ပြေပါတယ်..။

ဆန်နီဟာ..မျက်လုံးကို ပိတ်ပြီး အိပ်ဖို့ကြိုးစားနေပေမယ့် ကျောင်းတော်ရဲ့ ဝင်ပေါက်က ဆူညံသံတွေကြောင့်..ရပ်တန့်သွားခဲ့တယ်..။သူ လုံးဝ သိချငိစိတ် မရှိစွာပဲ ခေါင်းကို လှည့်ကြည့်လိုက်ပါတယ်..။

တကယ်လို့ သူသာ..အေးစက်မူ..ပင်ပန်းမူ..မတူညီမူတွေကို ခံစားနေရတာ မဟုတ်ဘူးဆိုရင် သူမြင်လိုက်ရတဲ့ အရာကြောင့်..ကျိန်းသေ ကြောက်ရွံ့မိပါလိမ့်မယ်..။

တောင်ဘုရင်က မတ်တတ်ရပ်ပြီး..သူ့ကို မမြင်ရတဲ့ မျက်လုံးငါးလုံးနဲ့ စိုက်ကြည့်နေခဲ့တာပါ..။ဒါက ကြီးမားပြီး ကြောက်ဖို့ကောင်းနေခဲ့တယ်..။ချွဲပြစ်ပြစ် ပုံသဏ္ဌာန် အရာတွေကတော့..သူအရည်ပြားအောက်မှာ လှုပ်နေတုန်းပါပဲ...။

ယင်းနောက် သားရဲကြီးဟာ ပါးစပ်ကို ဟပြီး..ကျောက်ဖျာဆီကို ဖြည်းဖြည်းချင်း ရွေ့လာခဲ့တယ်..။

"ဘယ်လောက်တောင် ရုပ်ဆိုးတဲ့ ခွေးသားလဲ.."

ဆန်နီ တွေးလိုက်တာပါ..။ယင်းနောက် ရုတ်တရက် နာကျင်လာတဲ့ သူ့ ရင်ဘတ်ကို ကိုင်ပြီး ချောင်းဆိုးလိုက်တယ်..။

သွေးတွေဟာ..သူ့ပါးစပ်ထဲကနေ ထွက်လာပြီး ကျောက်ဖျာပေါ် ကျသွားခဲ့ပါတယ်..။သို့ပေမယ့် မကြာခင်မှာပဲ..ဒီသွေးတွေကို အနက်ရောင် မာဗယ်ကျောက်ကစုပ်ယူသွားခဲ့တယ်..။

စက္ကန့်အနည်းငယ် အကြာမှာတော့ မူလအတိုင်း ပြန်ဖြစ်သွားခဲ့ပါတယ်..။

နတ်ဘီလူးကြီးကတော့ ဆန်နီ အနားကို ရောက်ခါနီးနေပါပြီ..။သူ ဆန်နီ ရှိတဲ့ နေရာကို လက်ဆန့်တန်းပြီး ဖမ်းယူဖို့လုပ်နေခဲ့တယိ..။

"ဒါက အဆုံးသတ်ပဲ ဖြစ်လိမ့်မယ် ထင်တယ်.."

ဆန်နီတွေးလိုက်တာပါ..။ဒီကံကြမ္မာကို သူ လက်ခံရပါတော့မယ်..။

သိူ့ပေမယ့် နောက်ဆုံးအခိုက်အတန့်မှာပဲ..အမှောင်ဘုရားကျောင်းထဲမှာ အသံတစ်ခု ထွက်လာခဲ့တယ်..။

[သင့်ကိုယ်သင် စတေးပြီး..နတ်ဘုရားတွေကို ဆက်သ ခဲ့သည် ]

[ နတ်ဘုရားတွေဟာ သေဆုံးသွားကြပြီး..သင်ပြောတာကို မကြားနိုင်တော့ပေ ]

[သင့်ရဲ့ စိတ်ဝိဥာဥ်တွင် နတ်ဘုရား အမှတ်အသား ပါသည် ]

[ သင်က ကျောင်းတော် အစေခံ တစ်ယောက်ဖြစ်သည် ]

[ အရိပ်နတ်ဘုရားက အဆုံးမရှိ အိပ်ပျော်မူ အဖြစ် တည်ရှိနေသည် ]

[သူက တမလွန်မှ..ကောင်းချီး ပေးသနားခဲ့သည် ]

[ အရိပ်၏ သားတော် , သင့်ရဲ့ ကောင်းချီးကို လက်ခံရယူလိုက်ပါ ]

ဆန်နီရဲ့ အံ့ဩနေတဲ့ မျက်လုံးတွေ အောက်မှာပဲ..ခန်းမထဲမှာ လျောက်သွားနေတဲ့ အရိပ်တွေဟာအသက်ဝင်လာသလို လှုပ်ရှားလာခဲ့ကြပါတယ်..။

အဆုံးမရှိတဲ့ အမှောင်ထုတွေဟာ..တောင်ဘုရင်ရဲ့ လက်တွေ ခြေထောက်တွေကို ရစ်ပတ် နေကြပါပြီ..။ဆိုးဝါးတဲ့ နတ်ဘီလူးကြီးဟာ..ကြိုးစားပြီး လွတ်မြောက်အောင် ရုန်းကန် နေခဲ့တယ်..။

ဒါပေမဲ့ နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားကို ဘယ်လိုလုပ် တောင့်ခံနိုင်မှာလဲ..။

အရိပ်တွေဟာ..တောင်ဘုရင်ကို မတူညီတဲ့ အရပ်မျက်နှာကို နောက်ပြန်ဆွဲလိုက်ကြပါတယ်..။နတ်ဘီလူးကြီးဟာ..ဒေါသတကြီး အော်ဟစ်ပြီး လွတ်မြောက်အောင် ကြိုးစားနေခဲ့တယ်..။

နောက်ထပ် ခနအကြာမှာတော့..သူ့ရဲ့ ခန္တာကိုယ် တွန့်ကြေသွားပြီး..အစိပ်စိပ် အမွှာမွှာ ဖြစ်သွားခဲ့ပါတယ်..။

သွေးတွေ..အူအသည်းတွေ..လက်ချောငိးတွေ ဟာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့တယ်..။ဒီလိုနဲ့ပဲ..ကြောက်စရာကောင်းတဲ့ သတ္တဝါကြီးဟာ သေဆုံးသွားခဲ့ပါပြီ..။

ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။

နောက်ထပ်တစ်ကြိမ်..ပျက်ဆီးနေတဲ့ ဘုရားကျောင်းထဲမှာ သူတစ်ယောက်တည်း ဖြစ်သွားခဲ့ပြန်ပါပြီ..။ကြီးမားတဲ့ ဟောခန်းမကြီးဟာ..မှောင်မဲပြီး တိတ်ဆိတ်နေခဲ့တယ်..။

ယင်းနောက် အခိုက်အတန့်ရဲ့ အသံကို ကြားလိုက်ရပါတယ်..။

[ သင်ဟာ နိုးထနေသော နတ်ဘီလူး ,တောင်ဘုရင်ကို သတ်နိုင်ခဲ့သည် ]

[ ထတော့ ဆန်းလပ်စ် ! မင်းရဲ့ အိပ်မက်ဆိုး ပြီးဆုံးသွားပြီ..]

[ စစ်ဆေးမူတွေအတွက် ပြင်ဆင်ထားပါ ]

All Chapters