← Chapters

အရိပ် အစေခံ

Vol. 1 Ch. 15

အရိပ် အစေခံ

Vol. 1 Ch. 15

[ အကဲဖြတ်မူအတွက် ပြင်ဆင်ထားပေးပါ ]

ဆန်နီဟာ..သူ့ကိုယ်သူ အိပ်မက်နဲ့ အစစ်အမှန်ကြားထဲက လေဟာနယ်ထဲ ရောက်နေတာကို တွေ့လိုက်တယ်..။ဒါက..ကြယ်တွေအများကြီး အလင်းပေးထားတဲ့ အဆုံးမရှိ အနက်ရောင် လေဟာနယ်ကြီး တစ်ခုဆိုရင်လည်း မမှားပါဘူး..။

ဒီကြယ်တွေ..ကြားထဲမှာ မရေမတွက်နိုင်တဲ့ ငွေရောင်အလင်းတန်းတွေဟာ ပိုက်ကွန်သဖွယ် ရှိနေပါသေးတယ်..။

အရမ်းကို လှပတာပဲ....

တစ်နည်းအားဖြင့်..ဆန်နီဟာ အခိုက်အတန့်ရဲ့ အတွင်းပိုင်း အလုပ်လုပ်မူကို မြင်နေရတယ်ဆိုတာကို နားလည်ထားပါတယ်..။ဒါက အာကာသမှာ ဖြစ်ပေါ်နေတဲ့ သဘာဝ အလှတရား တစ်ခုလိုပါပဲ..။

ဒီတော့..အခိုက်အတန့်က သက်ရှိတစ်ယောက်လား..

ဒါက လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာမှာ..လူတွေအများကြီးက သိချင်နေကြတဲ့ မေးခွန်းတစ်ခုပါ..။သူတို့ ရလိုက်တဲ့ အကောင်းဆုံးအဖြေကတော့ ဘယ်သူမှ မသိနိုင်ဘူး ဆိုတာပါပဲ..။

အခိုက်အတန့်က သေနေတာလည်း မဟုတ်သလို အသက်ရှင်နေတာလည်း မဟုတ်ပေ..။ဒါက စိတ်ခံစားချက် မရှိတာ မဟုတ်သလို..ခံစားချက် ရှိနေတာလည်း မဟုတ်ပြန်ပါဘူး..။

ဒါက သက်ရှိတစ်ခုထက်..လုပ်စရာရှိတာ လုပ်နေတဲ့ အရာတစ်ခုနဲ့ ပိုတူပါတယ်..။

သို့ပေမယ့် ဆန်နီမှာ..စိတ်ပညာဆိုင်ရာ မေးခွန်းတွေကို စဥ်းစားနိုင်တဲ့ ခံစားချက်မျိုး ရှိမနေခဲ့ပေ..။သူကတော့..သူရမယ့် ဆုလာဒ်ကိုသာ သိချင်စွာ စောင့်နေခဲ့ပါတယ်..။

အခိုက်အတန့်ကတော့..သူ့ရဲ့ စွမ်းဆောင်ရည်တွေကို အကဲဖြတ်နေတုန်းပါ..။သို့ပေမယ့် ပထမဆုံး ဆုလာဒ်က ဒါနဲ့ ဘာမှ မဆိုင်ခဲ့ပေ..။

[ သင်ဟာ မှတ်သားမူ တစ်ခု ရရှိပါသည် : ရုပ်သေးဆရာ၏ အဝတ်စ ]

'ဟုတ်ပြီ '

ဆန်နီ ကျေနပ်သွားခဲ့တယ်..။သူ ကခုန်ဖို့အတွက်တောင် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။တောင်ဘုရင် နဲ့ ဆက်နွယ်တဲ့ မှတ်သားမူ..နိုးထမူ အဆင့် မှတ်သားမူ ပဲ ဖြစ်မှာပါ..။

ဒီလိုအရာကို ရလိုက်တာက တကယ်ကို ကံကောင်းခြင်း တစ်ခုပါပဲ..။

အခိုက်အတန့်ထဲမှာ ရှိတဲ့ အရာတိုင်းအတွက်..အဆင့် ၇ ဆင့် ရှိပါတယ်..။ဒီအဆင့်တွေက..ပြောင်းလဲမူအဆင့် ၊ နိုးထမူအဆင့် ၊ တက်ရောက်မူအဆင့် ၊ ကြီးမြတ်မူ အဆင့် ၊ အထိပ်အထိပ်အဆင့် ၊ မြင့်မြတ်သူ အဆင့် နဲ့ နတ်ဘုရား အဆင့်တွေပါ..။

အိပ်မက်ဆိုး သားရဲတွေကတော့ မတူညီစွာပဲ..ပြောင်းလဲခြင်း ၊ နိုးထခြင်း ၊ ကျရှုံးခြင်း၊ ပျက်ပြားခြင်း ၊ မြင့်မားခြင်း ၊ ကပ်ဘေးအဆင့် နဲ့ စင်ကြယ်မူအဆင့်တွေ ဆိုပြီး ရှိပါတယ်..။

အခိုက်အတန့်ရဲ့ အမြင်အရဆိုရင်တော့..ဆန်နီက ပြောင်းလဲမူ အဆင့် လူသားတစ်ယောက်ပါ..။သူ့ရဲ့ စိတ်ဝိဥာဏ် အမြုတေထက်မြင့်တဲ့ မှတ်သားမူကို ရထားတာက အိပ်မက်ဆိုးနယ်မြေထဲဝင်ရင် အကူအညီ အများကြီး ဖြစ်စေပါလိမ့်မယ်..။

အဆင့်တစ်ခုခြင်းစီတိုင်းရဲ့ စွမ်းအားကွာခြားမူတွေက လျော့တွက်လို့ မရနိုင်ပေ..။

သူ ရုပ်သေးဆရာရဲ့ အဝတ်စကို သေချာကြည့်ချင်ခဲ့ပေမယ့်လည်း အချိန်မရှိခဲ့ပေ..။အခိုက်အတန့်ရဲ့ အကဲ ဖြတ်မူက ပြီးဆုံးသွားခဲ့ပါပြီ..။

ဒီ လေဟာနယ်ထဲမှာတော့..သူ့ရဲ့ အသံဟာ ရင်းနှီးနေသလို မခံစားရတော့ပေ..။အဲ့ဒီအစား စကြာဝဠာ ကိုယ်တိုင်က သူ့ကို စကားပြောနေသလို ခံစားနေခဲ့ရပါတယ်..။ဆန်နီ အသက််တောင် မရူပဲ နားထောင်နေခဲ့တယ်..။

[ သင့်တော်သူ ! သင့်ရဲ့ စမ်းသပ်မူက ပြီးဆုံးသွားပါပြီ ]

[ အမည်မသိ ကျွန်တစ်ယောက်ဟာ..အနက်ရောင်တောင်ကို တက်ရောက်ခဲ့တယ်..။သူရဲကောင်းတွေ မွန်းစတားတွေဟာ သူ့လက်အောက်မှာ ထပ်တလဲလဲ ကျရှုံးခဲ့ကြတယ်..။သူက အချိန်တွေကြာအောင်..မေ့နေကြတဲ့ နတ်ဘုရားတစ်ပါးရဲ့ ပျက်ဆီးနေတဲ့ ကျောင်းတော်ထဲဝင်ပြီး ယစ်ပလင်မှာ သွေးနဲ့ ပူဇော်ခဲ့တယ်..။နတ်ဘုရားတွေဟာ သေသွားပြီးတာတောင်..ဒီအရာကို နားထောင်ပေးခဲ့ကြတယ်..]

[ သင်ဟာ..တောင်ဘုရင် ရဲ့ လာဗာ သားရဲကို သတ်နိုင်ခဲ့သည် ]

[ အမည်မသိ ပြောင်းလဲမူအဆင့် လူသား သုံးယောက်ကို သတ်ခဲ့သည် ]

[ သင်ဟာ နိုးထခြင်းအဆင့် လူသား ကို အနိုင်ယူနိုင်ခဲ့သည် ]

[ သင်ဟာ နိုးထခြင်းအဆင့် နတ်ဘီလူး : တောင်ဘုရင်ကို အနိုင်ယူခဲ့သည် ]

[ သင်ဟာ အရိပ်နတ်ဘုရားရဲ့ ကောင်းချီးပေးမူကို ခံယူခဲ့သည် ]

[ သင်ဟာ မဖြစ်နိုင်တာတွေကို အောင်မြင်အောင် လုပ်ဆောင်ခဲ့သည် ]

[ နောက်ဆုံး အကဲဖြတ်မူ : ကြီးကျယ်ခမ်းနားမူ ..သင့်ရဲ့ သစ္စာဖောက်မူတွေဟာ အမှန်တကယ်ပဲ အကန့်အသတ် မရှိပေ ]

နောက်ဆုံး​စာကြောင်းက မလိုအပ်ဘူးဆိုပေမယ့် ဆန်နီဟာ အခိုက်အတန့်ရဲ့ ချီးကျူးမူကြောင့်..ကျေနပ်နေတုန်းပါပဲ..။တကယ်လို့ သူသာ..န်ိုးထခြင်းအဆင့် ဒါမှမဟုတ် တက်ရောက်မူ အဆင့်ကို ပြောင်းလဲနိုင်မယ် ဆိုရင် တကယ်ကို ကောင်းမွန်မှာပါ..။

[ အိပ်မက်မက်သူ ဆန်းလပ်စ် , သင့်ရဲ့ ဆုလာဒ်က်ို လက်ခံပါ ]

သူက သင့်တော်သူ တစ်ယောက် မဟုတ်တော့ပါဘူး..။ဆန်နီ ပြုံးလိုက်တယ်..။

[ သင့်အား အမည်အစစ်အမှန်တစ်ခု ပေးအပ်လိုက်သည် -: အလင်းမှ ပျောက်ဆုံးသူ ]

သူ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့တယ်..။နာမည် အစစ်အမှန် ..။သူ နာမည်အစစ်အမှန် တစ်ခု လက်ခံ ရရှိလိုက်တာပါ..။လူနည်းစုသာ ရရှိနိုင်တဲ့ အစစ်အမှန်နာမည် တစ်ခုကို သူ ရရှိနိုင်လိမ့်မယ်လိူ့ ဆန်နီ ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး..။သူက အခုဆိုရင် ထူးချွန်သူ ဖြစ်နေပါပြီ..။သူ မကြာခင်မှာ ချမ်းသာတော့မှာပါ..။

သို့ပေမယ့် ဆုတွေက ဆက်တိုက်လာနေခဲ့တယ်..။

[ သင့်ရဲ့ စွမ်းရည်က ဆင့်ကဲ ပြောင်းလဲဖို့ အဆင်သင့်ဖြစ်နေပါပြီ ..။ပြောင်းလဲ မှာပါလား ]

"ဒါက ဘယ်လို မေးခွန်းမျိုးလဲ.."

ဆန်နီ ချက်ချင်း ပြန်ဖြေလိုက်တယ်..။

"ရက်စ် "

[ကျောင်းတော် အစေခံ စွမ်းရည်အား ဆင့်ကဲပြောင်းလဲနေသည် ]

[ စွမ်းရည် အဆင့် ; နတ်ဘုရား ]

ဆန်နီ လဲကျမလိုတောင်ဖြစ်သွားခဲ့တယ်..။

[ စွမ်းရည် အမည် : အရိပ်အစေခံ ]

***

'နတ်ဘုရား..ဒါက နတ်ဘုရားအဆင့်လား.."

ဆန်နီ ဒူးထောက်လျက်သား ပြုတ်ကျပြီး မယုံကြည်နိုင်ဖြစ်နေခဲ့တယ်..။သူ့ရဲ့ အံ့ဩမူကြောင့် ဟန်တောင်မဆောင်နိုင်တော့ပဲ..ထိန်းချုပ်မူ ကင်းမဲ့သွားတာပါ..။

'ဒါက နတ်ဘုရားအဆင့်လို့ ပြောလိုက်တယ်မလား.."

သူ တုန်ရီနေတဲ့ လက်တွေနဲ့ မျက်လုံးကို ပွတ်ကာ နိုးနေသေးတာ သေချာအောင် လုပ်လိုက်ပါတယ်..။ပုံမှန်အားဖြင့်တော့ သူက ရဲဌာနရဲ့ အဆောက်အဦးမှာဟအိပ်နေတဲ့လူတစ်ယောက်ပါ..။

ရှုပ်ထွေးမူတွေ အောက်မှာပဲ ..ဆန်နီဟာ..သူ့ရဲ့ အချက်အလက် ဇယားကို တိတ်တဆိတ်ဖွင့်ကြည့်လိုက်ပါတယ်..။

စွမ်းရည် : အရိပ် အစေခံ

စွမ်းရည် အဆင့် : နတ်ဘုရား

စွမ်းရည် ဖော်ပြချက် : [ သင်ဟာ သေဆုံးသွားတဲ့ နတ်ဘုရား ချန်ရစ် ခဲ့သော..အံ့ဩဖွယ်ရာ အရိပ်တစ်ခုဖြစ်သည်..။နတ်ဘုရားရဲ့ အရိပ်ဖြစ်သည့်အတွက် သင်ဟာ များပြားလှတဲ့ ထူးဆန်း အံ့ဩဖွယ် စွမ်းအားများကို ပိုင်ဆိုင်ထားသည်..။သို့ပေမယ့် သင့်ရဲ့ တည်ရှိမူဟာ အထီးကျန် လျက်ရှိသည်..။သင်ဟာ သေဆုံးသွားတဲ့ သခင်အတွက် ပူဆွေးနေပြီး..သခင်အသစ် ရှာရန် ခက်ခဲလှသည် ]

အတွင်းပိုင်း စွမ်းရည် : [ အရိပ် မွေးဖွားမူ ]

စွမ်းရည် ဖော်ပြချက် : [ ထိုက်တန် တဲ့မာစတာကို ရှာပြီး သင်၏ နာမည်အရင်းကို အသိပေးပါ..။သူတို့က သင့်နာမည်အရင်းကို ခေါ်လိုက်လျင် သင်ဟာ သူ၏ စိတ်ဆန္ဒနှင့် ဆက်နွယ်သွားမည်ဖြစ်သည်..။သင့်အနေနဲ့ ဘယ်လို အမိန့်မျိုးကို မဆို လွန်ဆန်လို့ မရပေ..။နတ်ဘုရား အရိပ်တစ်ခုဟာ..တစ်ယောက်တည်း လျောက်သွားရန် မသင့်တော်ပဲ..သခင်အသစ်နှင့်အတူ ရှိနေသင့်သည် ]

ဆန်နီ နှလုံးခုန်သံတွေ မြန်နေခဲ့တယ်..။သူ ကြားတာတွေက အမှန်တွေပဲလား..။သူ့ရဲ့ ပထမအိပ်မက်ဆိုးထဲက နာကျင်ခံစားရမူတွေ..ထိပ်လန့်မူတွေက နောက်ဆုံးမှာ..အကျိုးအမြတ်ရလိုက်ပါပြီ..။

'နတ်ဘုရားအဆင့် စွမ်းရည်...ငါ နတ်ဘုရားအဆင့် စွမ်းရည်ကို ရလိုက်တာပဲ..'

နိုးထမူ အဆင့်ရဲ့ အထက်မှာရှိတဲ့ အရာတိုင်းက ရှားပါးပြီး တန်ဖိုးကြီးမားလှပါတယ်..။

တက်ရောက်မူအဆင့် စွမ်းရည်ရှိတဲ့ လူတွေကိုတောင်..အဖွဲ့အစည်းတွေက အနိုင်တိုက်နိုင်တယ် ဆိုတာ ရှားပါးပါတယ်..။အဖွဲ့အစည်းတွေ ကိုယ်တိုင်ကလည်း..ကြီးမြတ်မူ အဆင့် .အထွပ်အထိပ်အဆင့် စွမ်းရည် ရှိတဲ့လူတွေနဲ့ တည်ဆောက်ထားကြတာပါ..။

ဒါတောင်မှ သူ နတ်ဘုရားအဆင့် စွမ်းရည်ရှိတဲ့လူဆိုတာကို မကြားဖူးခဲ့ပေ..။

သူတို့ရဲ့ ကမ္ဘာထဲမှာတော့..နတ်ဘုရား အဆင့်မှာ ရောက်နေတဲ့လူဆိုတာ မတွေ့နိုင်ပါဘူး..။ဘာပဲဖြစ်ဖြစ် လူသားမျိုးနွယ်တွေဟာ..အမြင့်ဆုံးအဆင့်ကို ဘယ်သူမှ ရောက်ဖူးကြတာမဟုတ်ပေ..။ဆယ်စုနှစ်ပေါင်း များစွာကြာပြီးတာတောင်မှ တတိယအိပ်မက်ဆိုးကို ဝင်နိုင်ပြီး..သူတို့ရဲ့ အမြုတေကို ကြီးမြတ်မူ အဆင့် ရောက်အောင် စွမ်းဆောင်နိုင်တဲ့လူက အတော်ကို နည်းလှတာပါ..။

ကြီးမြတ်မူ အဆင့်ကို..အစစ်အမှန်ကမ္ဘာမှာ သူတော်စင် အဆင့်လို့လည်း ခေါ်ကြပါသေးတယ်..။သို့ပေမယ့် သူတို့တွေတောင် ပိုပြီးအဆင့်မြင့်တဲ့ အိပ်မက်ဆိုး သားရဲတွေကို ထိပ်တိုက်ရင်မဆိုင်ရဲကြပါဘူး..။

ပိုဆိုးတာက..မြင့်မြတ်မူ အဆင် ၊ နတ်ဘုရား အဆင့်မပြောနဲ့ ..အထွပ်အထိပ်အဆင့် မှတ်သားမူကိုတောင် ဘယ်သူမှ မရဖူးကြပါဘူး..။

ဒါတောင်မှ ဆန်နီက တစ်ခုရလိုက်ပါသေးတယ်..။

သူ ပျော်ရွှင်မူတစ်ဝက်..မောက်မာမူ တစ်ဝက်နဲ့အတူ ပြုံးလိုက်တယ်..။သို့ပေမယ့်..သူ့ရဲ့ ပျော်ရွှင်မူက နည်းနည်းတော့ လွန်ကဲနေပါတယ်..။ဘာပဲဖြစ်ဖြစ် ဒါက အတွင်းပိုင်း စွမ်းရည်လေး တစ်ခုသာပါ..။

ဒါပေါ့ သူ့အနေနဲ့ ..တစ်စုံတစ်ယောက် ရဲ့ ကျွန် ဖြစ်ဖို့လည်း ဆန္ဒမရှိပေ..။ကိုယ့်ဘဝနဲ့ကို လွတ်လွတ်လပ်လပ် နေတာက ပိုပြီး ကောင်းမွန်ပါတယ်..။

ငါ့ဖင်ကြီးကို အစေခံပါလား...

သို့ပေမယ့် ဒါက သိပ်တော့လည်း ဆိုးဝါးတာ မဟုတ်ပါဘူး..။သူလုပ်စရာ လိုတာ ဆိုလို့ သူ့ နာမည်အစစ်အမှန်ကို ဖုံးကွယ်ထားယုံ ပါပဲ..။ဒါက ဆန်နီအနေနဲ့ သူ့ပါးစပ်ကို ပိတ်ထားပြီး..ဘယ်သူ့ကိုမှ သူ့နာမည်ကို မပြောရဘူးလို့ ဆိုလိုတာပါ..။

ဒါက ပထမ အိပ်မက်ဆိုးအပြီးမှာ..နာမည်အစစ်အမှန် ရခဲ့တဲ့ လူတွေရဲ့ အကျိုးခံစားခွင့် တွေကို လက်လွှတ်လိုက်ရမှာပါ..။သို့ပေမယ့် ဒါတွေက နတ်ဘုရားအဆင့် စွမ်းရည်နဲ့ယှဥ်ရင်တော့ ဘာမှ မဟုတ်ပါဘူး..။

"ပြသနာ မရှိဘူး.."

ဆန်နီ အပြုံးလေးနဲ့ တွေးနေခဲ့တယ်..။

တကယ်လို့ အခိုက်အတန့်မှာသာ..ရယ်မောနိုင်မယ်ဆိုရင် သူ့အတွေးတွေကို ကြားပြီး ရယ်မောမိမှာပါ..။သို့ပေမယ့် အဲဲဒီအစား အခိုက်အတန့်က စကားပြောလာခဲ့တယ်..။

[ ပထမ အတားအဆီး ကျိုးပျက်သွားပါပြီ ]

[ ပြောင်းလဲမူ စွမ်းအားများ န်ိုးထနေသည် ]

All Chapters