← Chapters

သွေးထွက်သံယိုဖြစ်ပွားခြင်း

Vol. 4 Ch. 46

သွေးထွက်သံယိုဖြစ်ပွားခြင်း

Vol. 4 Ch. 46

ပရိတ်သတ်တွေဟာ သည်းသည်းလှုပ်ကို အားပေးနေကြပါတယ်။သူတို့ရဲ့ မျက်နှာ အမူအရာတွေဟာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က မတွေ့ခဲ့ရတဲ့ မိသားစုကို ပြန်တွေ့ကြရတဲ့ အတိုင်းပါပဲ။

ယန်ရှောင်လိန်ဟာ ခါတိုင်းဆိုရင် ဒီလိုပရိတ်သတ်တွေ နဲ့ တွေ့ရင် လက်မှတ် ထိုးပေးပါတယ်။ဒါပေမဲ့ ဒီတစ်ခါကတော့ မတူပါဘူး။

မတော်လို့များ သူ့မျက်နှာကို ပရိတ်သတ် တစ်ယောက်က ထိုးလိုက်ရင် မာစတာ လင်း​ကြိုတင်ဟောခဲ့တဲ့ အတိုင်း မှန်ကန်သွားမှာပါ။

ဘော်ဒီဂတ်များဟာ လေးနက်စွာဖြင့် ယန်ရှောင်လိန်ရဲ့ အနားမှာ ဝိုင်းနေပြီး ပရိသတ်တွေ အနီးကပ်မလာနိုင်အောင်တားဆီး ပေးထားပါသည်။

ယန်ရှောင်လိန် ရှက်ကိုးရှက်ကန်ဖြင့် ပြုံးပြီး လက်ပြယုံသာ တတ်နိုင်ပါတော့တယ်။သူဒီနေရာက ဖြစ်နိုင်သမျှ မြန်မြန် ထွကိသွားချင်နေပါပြီ။

သတင်းထောက်တွေဟာလည်း ယန်ရှောင်လိန်ကို မေးခွန်းအနည်းငယ်မေးချင်နေကြပါသည်။သို့ပေမယ့် ဘောဒီဂတ် တွေရဲ့ တားဆီးမူကြောင့် အနားတောင် မကပ်နိုင်ကြပါဘူး။

သတင်းထောက်များတွင် အရေးကြီးတဲ့ မေးခွန်းတစ်ခုရှိပြီး အဲဒါက ယန်ရှောင်လိန် ရိုက်နှက်ခံရမယ် ဆိုတဲ့ ကိစ္စပါ။ဒီကိစ္စကို ကျန်တဲ့ သတင်းထောက်တွေတင် မကပဲ၊ တစ်နိုင်ငံလုံးကပါ သိချင်နေကြပါတယ်။

သို့ပေမဲ့ အခြေအနေကြည့်ရတာတော့ ယန်ရှောင်လိန် ရိုက်နှက်ခံရဖို့ဆိုတာ သိပ်မဖြစ်နိုင်တော့ပေ။ဘော်ဒီဂတ်တွေဟာ ယန်ရှောင်လိန် အနားမှာ ဝိုင်းနေကြပြီး လူမပြောနဲ့ ယင်တစ်ကောင်တောင် ဖြတ်ပျံသန်းဖို့ မလွယ်ကူပါဘူး။

"ဟားဟား ငါ့ကိုများ ရိုက်နှက်ခံရမယ်လို့ ဟောရဲတယ် ဘယ်လောက်တောင် စောက်ရေးမပါလိုက်လဲ"

ယန်ရှောင်လိန်ဟာ လေဆိပ်ကထွက်ကာနီး အချိန်မှာ ရယ်မောလိုက်ပါတယ်။

"ဒါဟာသ မဟုတ်ဘူး"

ရုတ်တရက် ယန်ရှောင်လိန်ရဲ့ မျက်နှာဟာ သရဲတစ်ယောက်ကို မြင်လိုက်သလို ကြောက်လန့်သွားခဲ့ပါသည်။

"ခင်ဗျား....ခင်ဗျား.."

"ခွေးသား ငါ့သမီးကို အခုပြန်ပေး "

ဘောဒီဂတ်တစ်ယောက်ဟာ ပြောလိုက်ပြီး ယန်ရှောင်လိန်ရဲ့ မျက်နှာကို ထိုးလိုက်သည်။

ဘန်းးးး

ယန်ရှောင်လိန်ဟာ ပြင်းထန်စွာခံစားလိုက်ရပြီး မြေကြီးပေါ်ကို လဲကျသွားခဲ့သည်။

"မင်းအောင်မြင်ချင်တာနဲ့ပဲ ငါ့ရဲ့ သမီးကို ကိုယ်ဝန်နဲ့ ပစ်ထားခဲ့တယ်လား ၊ အခု ငါ့သမီး သတ်သေ သွားပြီ..မင်းမျက်နှာကို ငါဖျက်ဆီးပစ်မယ်"

ယင်းနောက် လူကြီးဟာ ရှေ့ကို ထပ်တိုးကာ ယန်ရှောငိလိန်ရဲ့ မျက်နှာကို တိုက်ခိူက်ပါတော့တယ်။

ချီးပဲ..

မြင်ကွင်းဟာ ဖရိုဖရဲ ဖြစ်လာခဲ့ပါပြီ။များပြားလှတဲ့ သတင်းထောက်တွေဟာ ရှေ့ကိုတိုးပြီး ကင်မရာ များဖြင့်ရိုက်ကူးနေကြပါတယ်။

သတင်းထူးပဲ ...တကယ့် သတင်းထူးပဲ

ယန်ရှောင်လိန် အမှန်အကန် ရိုက်နှက်ခံနေရပြီ။ယန်ရှောင်လိန်ရဲ့ အေးဂျင့်ဟာ ကြောင်လန့်တကြား အော်ဟစ်လိူက်ပါတယ်။

"အမြန် ကူကြပါဦး"

တစ်ခြား ဘောဒီဂတ်များဟာ လည်းအလျင်အမြန် ကူချင်ယောင် ဆောင်လိုက်ကြပါတယ်။ ဘော်ဒီဂတ်များဟာ ဒီအဖြစ်အပျက် ကို ကြိုသိပြီး ထားကြပါပြီ။သို့ပေမဲ့ သူတို့ ဘော်ဒါ လက်စားချေခွင့်ရအောင် ဘာမှ မပြောပဲ နေခဲ့ခြင်းဖြစ်သည်။

"သူ့ကို ထပ်မရိုက်နဲ့တော့ ၊ ငါတို့ကာပေးထားလို့ မဟုတ်ရင် သူ့ပရိတ်သတ်တွေ မင်းကို သတ်လိမ့်မယ်"

ဘောဒီဂတ်ဟာ ယန်ရှောင်လိန် ရဲ့ အခြေနေအတော်ဆိုးနေပြီး ဆိုတာ တွေ့လိုက်ရပါတယ်။

သူတို့ဟာ ရှေ့တက်လာတဲ့ ပရိတ်သတ်များကို တားဆီးနေကြပါသည်။

ပရိတ်သတ်မျာဟာ သူတို့ရဲ့ အိုင်ဒေါ လိန်လိန် ရိုက်နှက်ခံရတာ မြင်ပြီး ရူးသွပ်လာကြပါတယ်။သွေးတွေစိုရွဲနေသည့် ယန်ရှောင်လိန်ရဲ့ မျက်နှာကို မြင်သည့်အချိန်တွင် သူတို့ဟာ ရိုက်နှက်တဲ့ ဘော်ဒီဂတ်ဆီကို အတင်းသွားဖို့ ကြိုးစားနေကြသည်။

သို့ပေမဲ့ တစ်ခြားဘော်ဒီဂတ် များရဲ့ တားဆီးခြင်းကို ခံနေကြရပါတယ်။

သတင်းထောက်များဟာလည်း ယန်ရှောငိလိန်ရဲ့အခြေအနေကိုကြည့်ပြီး ဆွံ့အနေကြသည်။သူတို့ ယန်ရှောင်လိန် ကို ရိုက်တဲ့ ဘောိဂတ်ကို အလျင်အမြန် မေးဖို့ကြိုးစားပါတော့တယ်။

"ဘာလို့ သူ့ကို ရိုက်နှက်တာလဲ ခင်ဗျ"

"ခင်းဗျား ခုနကပြောတာ ယန်ရှောင်လိန်က ခင်ဗျားသမီးကို စွန့်ပစ်ခဲ့တယ်ဆို အတိအကျလေးပြော​ပြ ပါလား"

သတင်းထောက်တွေလဲ တက်ကြွလာခဲ့ပါတယ်။သူတို့ သတင်းရေးစရာ အများကြီး ရထားခဲ့ကြပါပြီ။သို့ပေမဲ့ သူတို့ ပိုပိုပြီး သတင်းတွေ ရှာဖို့လိူအပ်ပါတယ်

ယန်ရှောင်လိန်ဟာတော့ ဒဏ်ရာများဖြင့် မြေကြီးပေါ်တွင် လဲနေခဲ့ပြီး သေနေပြီလို့တောင် ထင်ရပါတယ်။

"ငါ အပြင်မထွက်ခဲ့သင့်ဘူး"

ယန်ရှောင်လိန်ဟာ သူသတိမလစ်ခင်မှာ တွေးလိူက်မိသည်။

...........

ရှန်ဟိုင်းဆေးရုံး အနီး လမ်းတစ်ခုတွင်။

လုဇီရီဟာ ဒူးရင်းသီး နှစ်လုံးကို ကိုင်ပြီး သူ့ကောင်မလေးရှိတဲ့ အဆောင်ကို လမ်းလျောက်နေခဲ့ပါတယ်။

အခုချိန်ဆို ယာဂျီ ဟာ ဒရမ်မာ ဇာတ်ကားကိုကြည့်ရင် ကြည့်နေလောက်မှာပါ။သူအထဲကို မဝင်ခင်မှာ အဆောင်ထိန်းသိမ်းတဲ့ လူနဲ့ စကားပြောရပါဦးမယ်။

ဒါကြောင့် သူလမ်းလျောက်နေတုန်း ဘယ်လို စကားလုံးလှလှ လေးတွေ သုံးရမလဲဆိုတာ ကြိုတင်ပြီး စဥ်းစားနေခဲ့သည်။

လုယာဂျီ ဟာ အဆောင်မှာ ကွန်ပြူတာ ဂိမ်းကစားနေခဲ့ခြင်းဖြစ်သည်။သို့ပေမဲ့ သူမရဲ့စိတ်ကတော့ သိပ်မကြည်ပါဘူး။

လုဇီရီဟာ တော်တော်ဆိုးတဲ့ လူတစ်ယောက်ပါ၊ သူက သူမကို မယုံတဲ့အပြင် သူမရဲ့ သူငယ်ချင်းနှင့်တောင် သွားပြီး တိုက်ခိုက်ခဲ့ပါသည်။

ဘယ်လောက် ရှက်ဖို့ကောင်းလဲ..?

သူမရဲ့ သူငယ်ချင်းရှေ့မှာ လုဇီရီရဲ့ ​ကောင်းကြောင်းတွေတောင် ပြောထားလို့မကြာသေးပါဘူး။အခုလို ကိစ္စတွေ ဖြစ်လာမယ်လို့ သူမမထင်ထာမိခဲ့ပေ။

"ယာဂျီ နင်သူ့ကို တကယ် ခွင့်မလွတ်တော့ဘူးလား"

သူမရဲ့ အခန်းဖော်ဟာ မေးလိုက်သည်။

"အာ ဒီတစ်ခေါက်က မတူဘူးဟ၊ သူက မက်ဆေ့ ကိုမြင်ယုံလေးနဲ့ ငါ့သူငယ်ချင်းကိုပါ သွားတိုက်ခိုက်ခဲ့တာ။ ဘယ်လောက်ရှက်စရာကောင်းလဲ ..ထပ်ပြောရရင် သူကငါ့အပေါ်မှာ ယုံကြည်မူမရှိဘူး"

"သူ ငါနဲ့ ချစ်သူဖြစ်တာတောင် ကံကောင်းနေပြီ၊ သူက တကယ် ဆိုးရွားတဲ့ လူပဲ၊ ဒီလို ဆိုရွားတဲ့လူကပဲ ငါ့ကို မယုံမကြည်ဖြစ်ရသေးတယ် ဘယ်လောက် စိတ်တိုဖို့ကောင်းလဲ"

လုယာဂျီ ဟာစိတ်တိုစွာပြောလိုက်သည်။

"သူဒီလို ဖြစ်တာတွေက ပုံမှန်ပဲလို့ ပြောလို့ရတယ်နော် ဘာပဲဖြစ်ဖြစ် သူက နင့်ရဲ့ ချစ်သူပဲလေ"

အခန်းဖော် ဟာပြောလိုက်သည်။

"ဟာ တစ်ခြားဟာ တွေကို ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ သူငါကို ယုံကြည်မူရှိဖို့ လိူတယ်"

လုယာဂျီဟာ ပြန်ပြောလိုကိပါသည်။

"ဒါပေမဲ့ တစ်ခြားအခန်းက ကောင်မလေး တစ်ယောက်က သူ့ကိုကြိုက်နေတယ် လို့ငါကြားတယ်နော်....နင်မကြောက်ဘူးလားး.."

"သူငါ့ကို သစ္စာမဖောက်ရဲ ဘူးဆိုတာ ငါသေချာပြောရဲတယ်"

"ဒါအမှန်ပဲ"

*ဒင် ဒေါင်**

"လာပြီ လာပြီ ဘယ်သူလဲ?"

အခန်ဖော်ဟာ အလျင်အမြန်ပဲ တံခါးဆီကို ပြေးသွားလိုက်ပါတယ်။သို့ပေမဲ့ အပြင်မှာရပ်နေတဲ့ ပုံရိပ်ကို မြင်တဲ့အချိန်မှာ ဆွံ့အသွားခဲ့သည်။

"နင်ဘာလို့ ဒီကိုလာတာလဲ?"

လုယာဂျီ ဟာ တံခါးဝက ပုံရိပ်ကို မြင်တဲ့အချိန်မှာ ဒေါသထွက်သွားခဲ့ပါတယ်။

"နင်ဘာလို့ ဒီရောက်နေတာလဲ? ငါတို့ ပြတ်သွားပြီးပြီ ထင်တယ်"

ယင်းနောက် သူမဟာ လုဇီရီ လက်ထဲက ပလတ်စတစ် အိတ်ကို မြင်ကာ ရယ်မောလိုက်သည်။

"ငါ့အတွက် ဒူးရင်းသီး ဝယ်လာပေးတာနဲ့ ငါနင့်ကို ခွင့်လွတ်ပေးမယ် ထင်နေတာလား၊ ဆုတောင်းနေလိုက်"

လုဇီရီဟာ ဘာမှမပြောပဲ ဒူးရင်းသီး နှစ်လုံးကို အောက်ကို ချလိုက်ပါတယ်။ယင်းနောက် အသက်ကို ပြင်းပြင်း ရူလိုက်သည်။

လုယာဂျီ နဲ့ သူ့အခန်းဖော်ရဲ့ ရှေ့မှာပဲ သူဒူးရင်းသီး ပေါ်မှာ ဒူးထောက်လိုက်ပါတယ်။

စောက်ရမ်းနာတာပဲ......

သူတို့ရှေ့မှာ ဒူးမထောက်ခင်အထိ ဒီလောက်နာမယ်မှန်း မသိခဲ့ပါဘူး။ဆူးရှပြီး ချွန်ထက်နေတဲ့ ဒူးရင်းသီး ထိပ်များဟာ သူ့ဒူးခေါင်းထဲကို ထိုးဝင်လာခဲ့ပါတယ်။ဒါဟာ နာကျင်လွန်းလို့ သူအော်မိမလို တောင် ဖြစ်သွားခဲ့သည်။

"ယာဂျီ ငါမှားသွားပါတယ်ဟာ ၊ ကျေးဇူးပြုပြီး ငါ့ကို အခွင့်အရေးတစ်ခုလောက် တော့ပေးပါ။တကယ်လို့ ငါသာ ထပ်ပြီး သဘောထား သေးသိမ်နေဦးမယ် ဆိုရင်..."

"ဘာလဲ? နင်က နောက်တစ်ခါ ဒီလိူ ထပ်ဖြစ်ဦးမယ်လိူ့ ပြောချင်တာလား?"

လုယာဂျီဟာ ကြားဖြတ်ပြီး ပြောလိူက်ပါတယ်။

လုဇီရီဟာ သူစကားမှားသွားမှန်း နားလည်လိုက်ပြီး တော့ အလျင်အမြန်ပဲ ပြောင်းပြောလိုက်ပါတယ်။

"မဟုတ်ဘူး မဟုတ်ဘူး နောက်တစ်ခါဆိုတာ မရှိစေရတော့ပါဘူး..ဒါက နောက်တုံးအကြိမ်လို့ ကတိပေးပါတယ် ။နောက်တစ်ခါ နင့်အပေါ်မှာ သံသယ မဖြစ်တော့ပါဘူး"

"ဘာကို သံသယလဲ၊ နင်က ငါအပေါ် ဘာလို့ သံသယဖြစ်နေတာလဲ?"

"သံသယ မဟုတ်ပါဘူး၊ အဲလိူပြောချင်တာမဟုတ်ပါဘူး ... ဒါတွေ အကုန်လုံးက သဘောထားသေးသိမ် တဲ့ ငါ့ရဲ့အပြစ်တွေပါ"

လုဇီရီဟာ အလျင်အမြန်ခေါင်းယမ်းပြီး ပြောလိုက်ပါတယ်။

အခန်းဖော် မိန်းကလေးဟာ လည်း လုဇီရီရဲ့ တောင်းပန်တဲ့ ပုံကို အသိအမှတ်ပြုနေခဲ့ပါတယ်

"ယာဂျီ သူ့ကို အခွင်အရေးတစ်ခါ လောက်တော့ ပေးလိုက်ပါ"

မိန်းကလေးဟာ ကြားထဲကနေ ဝင်ပြီး ပြောလိုက်ပါသည်။

လုဇီရီရဲ့ အပြုအမူတွေဟာ လုယာဂျီရဲ့ ဒေါသတွေကို အနည်းငယ် လျော့ကျစေခဲ့ပါတယ်။

"ငါနင့်ကို ခွင့်လွတ်ပေးလို့ရပါတယ် ၊ ဒါပေမဲ့ နင်ပြောခဲ့တာ လုပ်ခဲ့တာတွေ အတွက် ငါသူငယ်ချင်း ကိုပြန်တောင်း ပန်ရမယ်၊ နင်အဲလို လုပ်နိုင်လား"

"ဒါပေါ့ လုပ်နိုင်ပါတယ်"

လုဇီရီဟာ ခေါင်းညိမ့်ကာ ပြန်ဖြေလိုက်သည်။

"ကောင်းပြီ ငါနင့်ကို နောက်ထပ်အခွင့်အရေးပေးမယ် မတ်တတ်ရပ်တော့"

´လုဇီရီဟာ လုယာဂျီရဲ့ အသံကိုကြားတဲ့ အချိန်မှ စိတ်သက်သာရာ ရသွားခဲ့ပါတယ်။သူဟာ တီးတိုး ရေရွတ်မိလိုက်သည်။

"မာစတာက တကယ်ကို အစွမ်းထက်တာပဲ"

လုယာဂျီဟာ သူပြောတာကို ကြားသွားခဲ့ပြီး မေးလိုက်ပါတယ်။

"ဘယ်က မာစတာ လဲ?"

"အာ မဟုတ်ပါဘူး ၊ ဘာမာစတာမှ မရှိဘူး"

"အခုပြော"

လုယာဂျီဟာ စိတ်ဆိုးစွာ​မေးလိုက်ပြီး လုဇီရီကိုရွေးချယ်စရာ မရှိအောင်လုပ်လိုက်ပါတယ်။

လုဇီရီ အကုန်လုံးကို ရှင်းပြလိုက်တဲ့ အချိန်မှာ လုယာဂျီရဲ့ အော်ဟစ်တာကို ခံလိုက်ရသည်။

"အဲ့ ဒူးရင်သီး ပေါ်မှာ ဒူးပြန်ထောက်နေ ၊ ငါထားခဲ့တာနဲ့ နင့်ဦးနှောက် လွတ်သွားတာလား?တော်တော် ဥာဏ်နည်းတဲ့ကောင်"

လုဇီရီဟာ ဆွံ့အစွာပဲ ဒူးပြန်ထောက်လိုက်ရသည်။

.........

အဲ့အချိန်မှာပဲ ဝိုက်ဘိုမှာ ရှုပ်ထွေးနေခဲ့ပါပြီ။

မာစတာလင်းရဲ့ ဝိုက်ဘို အကောင့်ဟာ အားလုံးရဲ့ အာရုံးစိူက်မူအောက်မှာပါ။လူများဟာ မာစတာ လင်းကို ယုံကြည်နေကြပါပြီ။

ဆောင်းဦးဓား အကောင့်ပိုင်ရှင် ဟာအခြေအနေကို သိပ်သဘောမကျပေမဲ့ မာစတာ လင်းမှာ အစွမ်းအစရှိတယ် ဆိုတာကိုတော့ လက်ခံရမှာပါ။

အမှန်တရားက သူ့မျက်နှာကို ဖြတ်ရိုက်ထားသလိုပါပဲ။သို့ပေမဲ့ သူတို့နှစ်ယောက်ကြားမှာ နောက်ပြန်လှည့်လို့ မရတဲ့ ရန်ငြိုးတွေ ရှိနေပြီးပါပြီ။

သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ မာန အတွက် သူ အဆုံးအထိ တိုက်ခိုက်သွားဖို့ လိုအပ်ပါတယ်......

All Chapters