စောက်ရမ်းတော်နေရင် စမ်းကြည့်လို့ရတယ်
Vol. 4 Ch. 47
ရထားပေါ်တွင်။
ရထားပေါ်က လူတိုင်းဟာ ခေါင်းကို ငုံ့ပြီး ဖုန်းများကို ကြည့်နေခဲ့ပါတယ်။တစ်စုံတစ်ယောက်ဟာ ဖုန်းထဲက သတင်းကို မြင်ပြီး အံ့သြစွာ ထအော်လိုက်သည်။
"ယန်ရှောင်လိန်က တကယ် အကြုံးခံလိုက်ရပြီဟ"
"မဖြစ်နိုင်တာ မင်းဘယ်ကနေကြား တာလဲ?"
"ဒီသတင်းက ဝိုက်ဘို မှာပြန့်နေပြီ၊ ထိန်းတန်း ရှာဖွေမူ စာရင်းမှာတောင်ပါသေးတယ်"
"ငါအမြန် ကြည့်လိုက်ဦးမယ်"
ဒီနေ့က တော့ မာစတာ လင်းရဲ့ နောက်ဆုံးကျန်တဲ့ ကြိုတင်ဟောပြောမူဟာ အမှန်တကယ် ဖြစ်လာတဲ့ နေ့ပါပဲ။
ကြိုတင်ဟောပြော မူတွေထဲမှာ ယနိရှောင်လိန်ရဲ့ ကိစ္စဟာ ဖြစ်နိုင်ချေ မရှိတဲ့ အထဲမှာပါဝင်ပါတယ်။
ဝိုက်ဘို ဆော့ဝဲတွင်။
ယန်ရှောငိလိန် ရိုက်နှက်ခံရတဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေ ကို အမိအရ ရိုက်ကူးနိုင်လိုက်တဲ့ သတင်းထောက်တွေဟာ အပြိုင်အဆိုင် လိုင်းပေါ်မှာ တင်နေကြပါတယ်။
ဝိုက်ဘို သုံးစွဲနေကြတဲ့ သူတွေအတွက်ကတော့ တကယ်ကိူ ရူးသွပ်စရာ ပါပဲ။
"အရမ်းရက်စက်တယ်နော် ..ငါတို့က ဘာလို့ စိတ်လှုပ်ရှား နေကြတာလဲ"
"သတင်းကြီးပဲဟေ့ အမျိုးသား အိုင်ဒေါ တစ်ယောက်တော့ မျက်နှာတွေ စုတ်ပြတ်အောင် အရိုက်ခံလိုက်ရတယ်"
"ဒီ မာစတာ လင်းက ဘယ်ကနေများ ရောက်လာတာလဲ၊ သူဟောတာတွေက တိကျလွန်းတယ်"
"ငါတို့ မာစတာ လင်းရဲ့ ဝိုက်ဘို အကောင့်ကို သွားကြည့်ကြရအောင်၊ သူ့အကောင့်မှာ မိန်းကလေး ပရိတ်သတ်တွေ ဝိုင်းတိုက်ခိုက်တာ ခံနေရလောက်ပြီ"
"ချီးပဲ မာစတာ လင်းက နတ်ဘုရားများလား မသိဘူး"
........
လင်းဖန်ဟာ သူ့ရဲ့ ဝိုက်ဘို ကိုကြည့်နေခဲ့ပါတယ်။
"သူတို့က ဘာလို့ ငါကိုအပြစ်တင် နေကြတာလဲ?နင်တို့ လူကိုရိုက်လိုက်တာ ငါမဟုတ်ဘူးလေ၊ဒီမိန်းကလေးတွေ အတော်ကြောက်ဖို့ကောင်း တာပဲ"
လင်းဖန်ဟာ ဒီတစ်ခုအပြီးမှာ မရေမတွက်နိုင်တဲ့ ချီးကျူးမူတွေ ရလိမ့်မယ်လို့ မျော်လင့်နေခဲ့တာပါ။ဒါပေမဲ့ ပြောင်းပြန်ပဲ ဒီမိန်းကလေးတွေ ရဲ့ တိုက်ခိုက်မူကို ခံနေရသည်။
"ခွေးသား မာစတာ ၊ ငါတို့ လိန်လိန် လေးအရိုက်ခံရတော့မယ်မှန်း သိရင်လည်း နည်းနည်းပါးပါးကြိုသတိပေးလေ"
"ငါတို့ လိန်လိန်လေး ဘယ်လောက်တောင် အလုပ်ကြိုးစားနေလဲ သိရဲ့လား? သူက အရမ်းကြင်နာ တတ်တာ"
"ဆယ်လီ တွေ ၊ စူပါစတား တွေ အများကြီးထဲမှာတောင် ငါတို့ လိန်လိန်လေးက ပရိတ်သတ်အပေါ် အကောင်းဆုံးပဲ သိရဲ့လား"
"လိန်လိန်က ကျောင်းသားတွေ အတွက်တောင် ငွေကြေး ထောက်ပံ့နေခဲ့တာ၊ ဘယ် စူပါစတား ကများ သူ့လိူ လုပ်ဖူးလိူ့လဲ"
"ချီးပဲ ဒီမာစတာ က လိမ်လည်လို့ကို မပြီးနိုင်တော့ဘူး"
"ငါတော့ ရဲဌာန မှာ တိုင်ချက်ဖွင့်ထားပြီးပြီ ၊ တစ်ယောက်ယောက်က လိန်လိန်လေး ကို ရိုက်နှက်ခိုင်းတာပဲ ဖြစ်ရမယ်"
.......
လင်းဖန်ဟာ ဒီ မိန်းကလေး တွေကို ကြည့်ပြီး တော်တော် စိတ်ပျက်နေခဲ့ပါတယ်။
သူတို့ တော်တော် ဖြစ်နေကြတာလား?
"ငါ ကြိုသတိမပေး ဘူးဟုတ်လား? ငါ ဝိုက်ဘိုမှာ ကြိုပြောထားတာ ဘယ်နှစ်ရက်ရှိပြီလဲ? နင်တို့က များ ငါ့ကို အပြစ်လာတင်နေသေးတယ်၊ တစ်လောက လုံးအဲ့ကောင် အရိုက်ခံရမှာ ကြိုသိတယ်"
...
အဲ့အချိန်မှာပဲ ဆောင်းဦးဓား အေကာင့်ပိူင်ရှင်ဟာ ကွန်ပြူတာ ရှေ့မှာ ထိုင်ပြီး လင်းဖန် ဝိုက်ဘိုက မှတ်ချက်များစွာကို ဖတ်နေခဲ့ပါတယ်။ဒါက သူတိုက်ခိုက် တုန်းကထက် တောင် ဗရမ်းဗတာ ဖြစ်နေခဲ့သည်။
ဒါတွေကို ကြည့်ပြီး ဆောင်းဦးဓား အကောင့်ပိုင်ရှငိဟာ ပြုံးလိုက်သည်။
"မင်းဘယ်လောက်ပဲ အရည်အချင်းရှိနေပါစေ၊ငါနဲ့ လာရှုပ်မိတာ မင်းအမှားဘဲ။လက်ရှိ ချီးမြောက်တဲ့ လူနဲ့ စော်ကားတဲ့ လူက တစ်ဝက်ဆီ ရှိနေတယ် ငါသာ ဝင်ပါလိုက်ရင် မင်းတော့ ဘဝပျက်ပြီပဲ"
ဆောင်းဦးဓား အကောင့်ပိုင်ရှင်ဟာ တစ်ခုခုလုပ်ဖို့ ပြင်နေတဲ့ အချိန်မှာပဲ စာတစ်စောင်ကျလာခဲ့ပါတယ်။
သူစာကို ဖတ်လိုက်တဲ့ အချိန်မှာ မျက်လုံးများ ကျဥ်းမြောင်း သွားခဲ့သည်။တစ်ယောက်ယောက် က လင်းဖန် ဝိုက်ဘိုကို အဆုံးသတ်သွားအောင် တိုက်ခိုက် ပေးစေချင်တာပါ။
ကြည့်ရတာ ယန်ရှောင်လိန် ရဲ့ ကုမ္ပဏီက စပြီး လှုပ်ရှားပြီ ထင်တယ်......
ဆောင်းဦးဓား အကောင့်ပိုင်ရှင်ဟာ သူ့ရဲ့ လူရင်းတွေ ချည်းပဲ ရှိတဲ့နေရာကို စာပို့ကာ တိုက်ခိုက်ဖို့ ကြေညာလိုက်ပါတော့တယ်။
"မာစတာ လင်းကို ချေမှုန်းလိုက်တော့"
သူစာပို့လိုက်တာနဲ့ သူ့လူရင်းတွေ ဟာ အသီးသီးစတင်ကာ လှုပ်ရှားကြပါတော့တယ်။
........
လက်တွေ့ အပြင်ဘဝမှာတော့ အရာရာတိုင်းက အေးအေးဆေးဆေး ပါပဲ။ ရှုပ်ထွေးပြီး တိုက်ပွဲ အလီလီ ဖြစ်နေတာက အင်တာနက် ထဲမှာပါ။
လင်းဖန်ရဲ့ ဝိုက်ဘို အကောင့်မှာ တိုက်ပွဲ အကြီးကြီး ဖြစ်နေခဲ့ပါပြီ။ များပြားလှတဲ့ စူပါစတားတွေ ၊ အောင်မြင်နေတဲ့ လူတွေဟာ ဒီတိုက်ပွဲကို သတိထား စောင့်ကြည့်နေကြပါတယ်။
အောင်မြင်နေတဲ့ လူတွေကြားထဲမှာ ဗေဒင်ပညာ ကိုယုံကြည့်တဲ့ လူတစ်ချို့လည်း ရှိကြပါတယ်။
လင်းဖန်ရဲ့ အခြေအနေကို မြင်တဲ့ အချိန်မှာ သူတို့ပါဝင်ပါလာကြသည်။သူတို့ထဲမှ လူတစ်ချို့ဟာ လင်းဖန် အကောင့်ကို ကာကွယ်ဖို့ သူ့လူတွေကနေ တစ်ဆင့် လုပ်ဆောင်ခိုင်း နေကြပါတယ်။
အနာဂတ် မှာသူတို့ လင်းဖန် ဆီမှာ ဗေဒင်မေးပြီး အကူညီယူရမယ့် အချိန်တွေ ရှိလာနိုင်သည်။
ဆေးရုံထဲတွင်တော့။
ယန်ရှောင်လိန်ဟာ ဆေးရုံကုတင်မှာ လှဲနေခဲ့ပါတယ်။ သူဒီလိူ အဖြစ်အပျက်မျိုး တကယ်ကြုံလာရလိမ့်မယ် လိူ့ မထင်ထားမိခဲ့ပေ။
"မျက်နှာ..ဒေါက်တာက ဘာပြောသေးလဲ?"
ယန်ရှောင်လိန် လက်ရှိ အစိုးရိမ်ရဆုံး အရာက သူ့မျက်နှာပါပဲ။စအောင်မြင်ကတည်းက သူမျက်နှာနဲ့ပဲ ရှင်သန်နေရတာပါ။
သူ့မျက်နှာ ပျက်စီးရင် သူလည်းဇာတ်သိမ်းပါပြီ။
သူ့မန်နေဂျာ ဟာ သူ့ကို နှစ်သိမ့်လိုက်သည်။
"လိန်လိန် အဆငိပြေသွားမှာပါ၊ ဒေါက်တာက မျက်နှာ ဘာမှမဖြစ်ဘူးလို့ပြောတယ် ။မင်းလိုအပ်တာ ဆိုလို့ ဆေးကုသဖို့ပဲ လိူအပ်တာ"
ဒါသတင်းက မန်နေဂျာ အတွက်လည်း စိတ်သက်သာရာ ရစေခဲ့ပါတယ်။လိန်လိန် သာ မျက်နှာပျက်စီးရင် သူ့အနုပညာ ဘဝက အဆုံးသတ်ပါပြီ။
ဒီယန်ရှောင်လိန် က ကျွမ်းကျင်မူ၊ အရည်အချင်း တစ်ခုမှ မရှိပါဘူး။သူက သီချင်းတောင် ကောင်းကောင်းမဆိုတတ်ပေ။သူ့ရဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်သာ မရှိရင် တကယ့် အမှိုက်အိတ်ပါပဲ။
"ဘောဒီဂတ်ကတော့ ရဲတွေ ဖမ်းသွားကြပြီ။ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို သူတာဝန်ယူရမယ်"
"ကြည့် မင်းပရိတ်သတ်တွေ မင်းအတွက် တိုက်ခိုက်ပေးနေကြတယ်"
မန်နေဂျာဟာ ဖုန်းကို ထုတ်ပြီး ဝိုက်ဘိုကိုဖွင့်ကာ ယန်ရှောင်လိန် ကိုပြလိုက်ပါတယ်။
ယန်လိမ်ရှောင်ရဲ့ ဒေါသထွက်နေတဲ့ စိတ်တွေဟာ သူ့ပရိတ်သတ်တွေကို မြင်ပြီး အနည်းငယ် သက်သာသွားခဲ့သည်။သို့ပေမဲ့ သူမာစတာ လင်းကို ခွင့်မလွတ်နိုင်သေး ပါဘူး။
"စာပို့ပြီးတော့ မာစတာ လင်းရဲ့ ပုံရိပ်ကို ဖျက်ဆီး ခိုင်း လိုက်"
"စိတ်မပူနဲ့ ကုမ္ပဏီက လုပ်ပြီးသွားပြီ"
မန်နေဂျာ ဟာပြန်ဖြေလိုက်ပြီး တစ်ခုခုသတိရသွားခဲ့ပါတယ်။
"လိန်လိန် ဘောဒီဂတ် ပြောခဲ့တာတွေက တကယ် အမှန်ပဲလား"
ဒါကိုကြားတာနဲ့ ယန်ရှောင်လိန် ရဲ့ အမူယာဟာ ခနတာ ကြည့်ရဆိုးသွားပြီး အလျင်အမြန်ပျောက်ကွယ် သွားခဲ့သည်။
"အလိမ်အညာတွေ"
"အဲဒါကောင်းတယ်"
မန်နေဂျာဟာ ခေါင်းညိမ့်လိုက်သည်။
"တစ်ခုခုရှိရင် မင်းငါကို ကြိုပြောထားမှ ဖြစ်မယ်နော်"
"အင်း စိတ်မပူနဲ့ ငါ့ကိုယုံတယ်မလား"
ယန်ရှောင်လိန်ဟာ ပြုံးပြီး ပြန်ဖြေလိုက်ပါတယ်။ယင်းနောက် သူဝိုက်ဘို ပေါ်တွင် ပို့တင်လိုက်သည်။
"စိတ်ပူပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ ဒေါက်တာက အနည်းငယ်ဆေးကုသမူခံယူပြီးရင် ပြန်ကောင်းသွားလိမ့်မယ်လို့ ပြောတယ်။မာစတာ လင်းအကြောင်းပြောင်ရရင် သူဘာလို့ ကြိုသိနေလည်း ဆိုတာ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်"
သူပို့စ်တင်ပြီး မကြာခင်မှာ များပြားလှတဲ့ ပရိတ်သတ်တွေဟာ သာပြန်ကြပါတော့တယ်။
"လိန်လိန် သက်သာတယ်ဆိုလို့ ကျွန်မ စိတ်သက်သာရာရသွားပြီ ၊ ရှင်အရိုက်ခံရတဲ့ ပုံကိုကြည့်ပြီး စိတ်ပူလွန်းလို့ ဖျားတောင် ဖျားတယ်"
"ကောင်းကောင်း အနားယူပြီး သက်သာအောင်လုပ်ပါ လိန်လိန် ၊ ငါတို့ မင်းအတွက် တရားမျှတမူကို ရှာပေးမယ်"
"လိန်လိန် ရှင်က ကျွန်မတို့ နှလုံးသားထဲမှာတော့ အမြဲတမ်း ချစ်စရာကောင်းပြီး၊ အကြင်နာဆုံးးသူပဲနော်"
"လိန်လိန် ငါတို့ အခုဆေးရုံသွားမယ့် ဘတ်စ်ကား ပေါ်မှာ ရောက်နေကြပြီ၊ ကျန်းမာအောင်နေနော်"
ယန်ရှောင်လိန်ဟာ ကြီးပါးတဲ့ ပရိတ်သတ် ထုရှိတဲ့ လူတစ်ယောက်ပါ။တစ်ခြား အအောင်မြင်ဆုံး စူပါစတားတွေနဲ့ ယှဥ်ရင် သူဟာ တူတူလောက်ရှိပြီး ပိုရင်တောင် ပိုပါဦးမယ်။
ယန်ရှောင်လိန်ဟာ မှတ်ချက်တွေကို ကြည့်ပြီး ပြုံးလိုက်ပါတယ်။
ဒီပရိတ်သတ် တွေက ငါအတွက် ဘာမဆို လုပ်ပေးနိုင်မယ့် ပုံပဲ....
............
"ဒီလူတွေက မင်းကို စော်ကားနေကြတာ မလား?"
လူလိမ် ထျန်ဟာ လင်းဖန်ဘေးမှာ ထိုင်ကြည့်နေခဲ့ပြီး လင်းဖန် ဘာလို့ ရယ်နေတာလဲ သူနားမလည်နိုင်တော့ပါဘူး။
"ဟုတ်တယ် သူတို့က စော်ကားနေကြတာ ဒါပေမဲ့ ချီးကျူးတဲ့ လူတွေလည်း ရှိပါသေးတယ်"
လင်းဖန်ဟာ သဘောကျစွာပြောလိုက်သည်။
"ချီးပဲ မင်းက အတော်နှလုံးသား ပြည့်ဝတာပဲ၊အကုန်လုံးက မင်းကို ဝိုင်းဆဲနေတာတောင် အကောင်းပြောတဲ့ လူတစ်ယောက်နှစ်ယောက်ကို ကြည့်ပြီး ရယ်နိုင်သေးတယ်"
ယင်းနောက် လူလိမ်ထျန်ဟာ မေးလိုကိသည်။
"ဒါကဘာလဲ ဘာလို့ သူတို့တွေက ဒီမှာမှတ်ချက်တွေ ရေးနေကြတာလဲ"
"လူလိမ် ခင်ဗျားအသက်က သိပ်မကြီးသေးဘူးမလား? ဒါက ဝိုက်ဘိုလိူ့ ခေါ်တယ်လေ..အသက်ကြီးတဲ့ လူကြီးတွေတောင် ဒီလောက်တော့ သိကြတယ်"
"အာ ကြည့်ရတာ အခွင့်အရေးရှိရင် ငါလည်း စမ်းသုံးကြည့်မှရမယ်။ဒါပေမဲ့ ဒီလူတွေ မင်းကို ဆဲနေတာ ဘာလို့ မင်းပြန်မဆဲတာလဲ"
လူလိမ်ထျန်ဟာ နားမလည်နိုင်စွာမေးလိူက်သည်။
"ဒီမှာ လူတွေအများကြီးလေ ၊ ခင်ဗျားကျုပ်ကို ကူပြီး ပြန်ဆဲပေးမလား?"
"ငါ့ကို ဖုန်းပေး၊လူတွေအများကြီး ရှိတော့လည်းဘာဖြစ်တုန်း။မင်းမှာ ဆဲချင်စိတ် လုံလုံလောက်လာက်ရှိဖို့ပဲလိုတာလေ၊ မင်းသာ တကယ်ပြန်ဆဲမယ်လို့ ဆုံးဖြတ်ထားရင် လူဘယ်လောက်များများ ပြန်ဆဲနိုင်မှာပဲ"
လူလိမ်ထျန်ဟာ ယုံကြည်မူရှိစွာ ပြောလိုက်သည်။
လင်းဖန်ဟာ လူလိမ် ထျန်ကို စိုက်ကြည့်လိုက်ပြီးသူ့ဖုန်းကို ပေးလိုက်ပါတယ်။ယင်းနောက် သူတွေးလိုက်သည်။
ဟီးဟီး ခင်ဗျား အရမ်းတွေ စိတ်အားထက်သန် နေမှတော့ စမ်းကြည့်ပေါ့ ၊ အဲ့မှာ လူထောင်နဲ့ချီပြီး ဆဲထားကြတာ ..ပျော်ပျော်ကြီးသာ ပြန်ဆဲပစ်လိုက်....