သူ့ဟာသူ ဖြေရှင်းခိုင်းလိုက်
Vol. 4 Ch. 49
"ယန်ယောင်လိန် ဟာသူကျော်ကြားဖို့အတွက် ကိုယ်ဝန်ရှိနေသည့် မိန်းကလေးတစ်ယောက်ကို စွန့်ပစ်ခဲ့သည်။အဆုံးသတ်မှာ မိန်းကလေးဟာ ကိုယ့်ကိုကို သတ်သေသွားခဲ့သည်။"
ဒီပို့စ်က လူအများကို စိတ်ဝင်စားစေ ခဲ့ပါတယ်။နာရီဝက် အတွက်မှာတင် မှတ်ချက်ပါင်း သန်းချီ ရှိနေခဲ့ပြီး၊ ရှာဖွေမူ စာရင်းမှာပါ ထိပ်ပိုင်းဝင် နေခဲ့တာပါ။
"ဒါ မဖြစ်နိုင်ဘူး ၊ ငါကျော်ကြား နေပြီလေ"
ယန်ရှောင်လိန်ဟာ အော်ဟစ်လိုက်ပြီး သူ့အေးဂျင့်ကို ကြည့်ကာပြောလိုက်ပါတယ်
"ငါ့ကို ယုံကြည်မှ ရမယ်"
ယန်ရှောင်လိန်ရဲ့ အေးဂျင့်ဟာ သူ့ကို ပြန်ကြည့်လိုက်ပြီး အကူညီမဲ့စွာပြောလိုကိပါတယ်။
"ကုမ္ပဏီက သေချာစုံစမ်းပြီးသွားပြီ ၊ မင်းဒီကိစ္စကို ကိုယ်ဘာသာ ဖြေရှင်းရလိမ့်မယ်"
"မဖြစ်နိုင်တာ..."
ယန်ရှောင်လိန်ဟာ သူ့အေးဂျင့်ကို မျက်တောင် မခတ်ပဲ ကြည့်နေခဲ့ပါတယ်။
ဒီသတင်းတင် တဲ့သူက အတိအကျကြီးပါ။ဒီပို့စ်မှာ အဓိကအချက်အလက်တွေပါယုံ တင်မကပဲဓာတ်ပုံ အထောက်အထားတွေ တောင် ပါနေပါသေးတယ်။
ဓာတ်ပုံတွေ အကုန်လုံးဟာ ယနိရှောင်လိန်နဲ့ သူ့ကောင်မလေးတို့ မအောင်မြင်ခင်က ရိုက်ကူးထားတဲ့ ပုံတွေပါ။တစ်ချို့ပုံတွေ ဆိုရင် အုပ်စုလိုက်ရိုက် ထားတဲ့ ပုံတွေတောင် ပါနေပါသေးတယ်။
ယန်ရှောင်လိန် ၊ ဘော်ဒီဂတ်နဲ့ ကိုယ်ဝန်သည် မိန်းကလေး တို့ တွဲရိုက်ထားကြတဲ့ပုံပါ။
ဒီအချိန်မှာ မျက်နှာထွက်ပြပြီး ပြန်ဖြေရှင်းတာဟာ မှန်ကန်တဲ့ လုပ်ရပ်တစ်ခုမဟုတ်ပေ။
သူ့ကိုယ်သူ ကာကွယ်ဖို့ ကြိုးစားမယ့် အရာတိုင်းက အသုံးမဝင်ပါဘူး။ဒါက ဥာဏ်ကောင်းတဲ့ လူထုကို စော်ကားသလိုပဲ ဖြစ်စေမှာပါ။
............
အင်တာနက် ပေါ်မှာ အလုပ်လုပ်သည့် အဖွဲ့များထဲတွင် ဆောင်းဦးဓား အကောင့်ပိုင်ရှင်ဟာ ရှန်ဟိုင်းမှာ အဆင့် ၂ ဝင်ပါတယ်။ဘယ်သူမှ ဆောင်းဦးဓား တို့ အဖွဲ့ကို ဝင်မရှုပ်ရဲပါဘူး။
ဆောင်းဦဓားဟာလည်း ဒီသတင်းကို ဖတ်နေခဲ့ပါသည်။
"မအေလိုး လူလိမ်ကောင်"
သူဒီလူလိမ် ကောင်ကို ကာကွယ်ပေးဖို့ ကမ်းလှမ်းခံခဲ့ရတာပါ။ဆောင်ဦးဓား အကောင့်ပိုင်ရှင်ဟာ သူ့လူတွေ ကို သူတို့ ဂုဏ်သိက္ခာပြန် ဆယ်ဖို့ အချက်ပေးလိုက် ပါတယ်။
"ဆောင်းဦးဓား အစ်ကို ဒီကောင့်နာမည်ကတော့ ပြန်ဆယ်ဖို့ လွယ်မှာ မဟုတ်တော့ဘူး"
"အရင်က လူတိုင်း သူ့ကိုသဘောကျကြတာလေ အခုတော့ ဒီကောင်က လူလိမ်ကောင် ဖြစ်နေတယ်"
ဆောင်းဦးဓားဟာ သူ့လူတွေရဲ့ သဘောထားကို မြင်တဲ့ အချိန်မှာ ကျေနပ်စွာခေါင်းညိမ့်လိုက် ပါတယ်။
"ငါက အမြဲတမ်းမှန်မှန် ကန်ကန် လုပ်ခဲ့တဲ့ခေါင်းဆောင် တစ်ယောက်ပဲ၊ငါ လူလိမ် တစ်ယောက်ရဲ့ နာမည် ကိုတော့ ကာကွယ်မပေးနိုင်ဘူး"
"ဆောင်းဦးဓား အစ်ကို တစ်ခုခုတော့ ဖြစ်နေပြီ၊နတ်ဘုရား ဟာသ အဖွဲ့က ယန်ရှောင်လိန်ရဲ့ နာမည်ကို ကာကွယ်ဖို့ လုပ်နေကြတယ်"
ဂရုထဲက လူတစ်ယောက်ဟာ သတင်းပို့လိုက် ပါတယ်။
"လူတိုင်း စပြီး လုပ်ဆောင်တော့ ၊နတ်ဘုရား ဟာသ အဖွဲ့နဲ့ တိုက်ပွဲစမယ်။ ဘော်ဒီဂတ်ကို အဓိက ထားပြီး ယန်ရှောင်လိန်ကို အပြစ်တင်ပြီး တိုက်ခိုက်"
ဆောင်းဦးဓားဟာ အမိန့်ပေးလိုက်ပါတယ်။
"အဖွဲ့ နံပါတ် ၁ အမိန့်ကို စတင်လုပ်ဆောင် ပါတော့မယ်"
"အဖွဲ့ နံပါတ် ၂ အမိန်ကို လက်ခံရရှိပါတယ်၊ တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်ပါပြီ။
.......
လင်းဖန်ဟာလည်း အင်တာနက် အခြေအနေတွေကို မြင်နေရပါတယ်။ဒီသတင်းကြောင့် ဂျာနယ်လစ် တွေ အလုပ်ရှုပ်တော့မှာ အသေအချာပါပဲ။
လင်းဖန် သူ့ဝိုက်ဘိုမှာ စော်ကားနေကြတဲ့ မိန်းကလေး အရိတ်သတ်တွေ ပျောက်ကွယ်သွားတာ တွေ့လိုက်ရပါတယ်။
သူတို့ အိုင်ဒေါရဲ့ အလိမ်အညာ ဇာတ်လမ်းကို သိသွားကြတဲ့ အချိန်မှာ ဆက်ပြီး တိုက်ခိုက်ချင်စိတ် မရှိကြတော့ပေ။
"မာစတာ လင်း ကအရမ်းမိုက်တာပဲ"
"ဟုတ်တယ် ယန်ရှောင်လိန် ဆိုတဲ့ကောင်က လူမဟုတ်ဘူး"
"မာစတာ အရင်တုန်းက စော်ကားမိတာတွေကို တောင်းပန်ပါတယ်နော် ၊ နောက်တစ်ခါ ယန်ရှောင်လိန် ကိုမကာကွယ်တော့ ပါဘူး"
"မာစတာ လင်းပြောတာက ကိုယ်အမှား ကိုသိပြီး ပြန်ပြင်နိုင်တာဟာ အကောင်းဆုံးပဲတဲ့"
........
ဝိုက်ဘိူပေါ်က ပြောင်းလဲမူတွေကို ကြည့်ပြီး လင်းဖန် တကယ်ကို ပျော်ရွင်နေခဲ့ပါတယ်။
စွယ်စုံကျမ်းရဲ့ တတိယမြောက် စာရွက် ပွင့်ဖို့နီးလာပြီလို့တောင် သူခံစားနေရပါတယ်။ဒါတွေအကုန်လုံးက နောက်လာမယ့် အခြေနေတွေပေါ်မှာ မူတည်နေခဲ့ပါတယ်။
လင်းဖန် လူလိန် ထျန် တင်ထားတဲ့ ပိူ့စ်ကို ဖျက်ကာ ပို့စ် အသစ်တင်လိူက်ပါတယ်။
"ဟိုင်း အားလုံးပဲ ၊ အစောပိုင်းတုန်းက လိပ်စာအမှားကို တင်ထားခဲ့တာနော်။ကျွန်တော် ဆိုင်လေးရဲ့ လိပ်စာက ရှန်ဟိူင်းမြို့ တိမ်ဖြူလမ်း၊အမှတ် 8861 ပါ။ ဆိုင်နာမည် မာစတာလင်း"
ပို့စ်တင်ပြီးပြီးချင်း မှတ်ချက်တွေဟာ ထောင်ချီ တင်လာခဲ့ပါတယ်။
"ငါ လေယာဥ်လက်မှတ် ဖြတ်ပြီးသွားပြီ မနက်ဖြန် အဲ့ကို လာာခဲ့မယ်"
"ချီးပဲ စာသားလေး နည်းနည်းချိန်းလိုက်တာ ပထမ တင်ထားတဲ့နေရာနဲ့ မိုင်းပေါင်း ၁၈၀၀၀ လောက် ကွာသွားတယ်၊ ငါက အခု ရှိီလီ လမ်းမှာ"
"မာစတာ လင်းက ရှန်ဟိုင်းမှာလား ၊ ကျွန်တော် ရောပဲ"
"ဝိုး မာစတာ လင်းရဲ့ ဆိုင်က ကျွန်တော် ထင်တာထက်တောင် ပိုနီးနေပါလား၊ ကျွန်တော် မနက်ဖြန်ကျမှ လာခဲ့မယ်"
လင်းဖန် ဝိုက်ဘို ဆော့ဝဲကို ကြည့်နေခဲ့ပါတယ်။မနက်ဖြန်က အမှန်တကယ် အလုပ်များမဲ့ နေ့တစ်နေ့ ဖြစ်နိုင်လာနိုင်ပါသည်။
သို့ပေမဲ့ ဒီတစ်ခါ မစ်ရှင်က လူအများလေးစားပြီး ကျော်ကြားတဲ့ မာစတာ လင်းဖြစ်လာဖို့ပါ။အစကတော့ လင်းဖန် မလွယ်ကူဘူးဟု ထင်မိခဲ့သည်။
သို့ပေမယ့် လက်ရှိဝိုက်ဘို ပေါ်က အခြေအနေတွေအရတော့ လူတွေအများကြီးဟာ သူ့ဆီမှာ ဗေဒင်လာမေးချင်နေ ကြပါတယ်။ဒါပေမဲ့ အခုထိ မစ်ရှင် မပြီးဆုံးသေးပါဘူး။
သူတို့က လင်းဖန်ကို ရိုသေလေးစားပြီး လာကြတာ လို့ပြောလိူ့မရပါဘူး၊ သူတို့ဒီကို လာတာဟာ လင်းဖန်ရဲ့ စွမ်းဆောင်ရည် တွေဟာ အထူးကောင်းမွန် လို့ပါ။
လင်းဖန် သူ့တို့ ရဲ့ စိတ်သဘောထားတွေ ကိုပြောင်းလဲ ဖို့ အစွမ်းကုန် ပြောင်းလဲဖို့ လိုအပ်ပါတယ်။
လင်းဖန် အတွေးနက်နေတုန်းမှာပဲ သူ့ဘေးနားက ဖုန်လေးဟာ ထမြည်လာခဲ့သည်။ဒီနံပါတ် ဟာ သူမသိတဲ့ နံပါတ် ဖြစ်ပြီး လင်းဖန် ချက်ချင်းပဲ ဖုန်းချ လိုက်ပါတယ်။
ယနေ့ ခေတ်မှာ မရေမတွက်နိုင်တဲ့ လူလိမ်တွေ ရှိနေပါပြီ။ဒီလူတွေက ဖုန်းတွေထဲက နေ့ ပစ္စည်းတွေ ကြော်ညာပြီး လိမ်ရောင်းရင်ရောင်း ၊ မဟုတ်ရင် ရဲလို သရုပ်ဆောင်ပြီး ငွေညစ်တတ်ကြပေသည်။
ဖုန်းဟာ ထပ်မြည်ခဲ့ပါတယ်။ဒီတစ်ခါ လဲသူမသိတဲ့ နံပါတ်ပါပဲ။ ဒါကြောင့် လင်းဖန် ဖုန်းထပ်ချလိုက်သည်။
တစ်မိနစ်ကြာပြီးနောက်။
လင်းဖန်၏ ဖုန်းလေးထဲကို မက်ဆေ့ တစ်စောင်ရောက်လာခဲ့သည်။
"ငါ ဝမ်မင်ယန် ပါ၊ မင်းကို အကူညီ တောင်းစရာလေးရှိလို့"
သူ မက်ဆေ့ကို ဖတ်ပြီးတဲ့ အချိန်မှာပဲ ဖုန်းလေးဟာ နောက်တစ်ခါ မြည်လာခဲ့ပါတယ်။
"ဘာလို ချင်လို့လဲ"
လင်းဖန် ဖုန်းကိုကိုင် လိုက်ကာ မေးလိုက်သည်။
"ခင်ဗျား ကျုပ်ဖုန်းနံပါတ် ကို ဘယ်လိုသိတာလဲ"
"လူတစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို သိဖို့က အခက်ပါဘူ၊ အင်တာနက်ပေါ် ရှာလိုက်ယုံပဲ"
ဝမ်မင်ယန် ဟာနေ့တိုင်း အလုပ်များနေခဲ့တာပါ။သူ ဝိုက်ဘိုပေါ်က သတင်းတွေကို ဖတ်မိတဲ့ အချိန်မှာ ဆွံ့အသွားခဲ့ပါသည်။
"ဘာပြောချင်တာလဲ၊ ခင်ဗျား ထီ ဘယ်ချိန်ပေါက်နိုင်မလဲ လို့တော့ လာမမေးနဲ့နော်၊ ကျုပ်ပြောမှာ မဟုတ်ဘူး"
လင်းဖန် စိတ်မရှည်စွာ ပြောလိုက်ပါတယ်။နောက်ဆုံးတစ်ကြိမ် တုန်းကတောင် သူတို့ နှစ်ယောက် ပိုက်ဆံ အတွက် အသေအကြေ တိုက်ခိုက်ခဲ့ကြသေးသည်။တကယ်လို့ ရဲတွေသာ ရောကိမလာခဲ့ရင် သူတို့ အခြေအနေ ပိုဆိုးကုန်ကြမှာပါ။
ဖုန်းထဲမှ ရယ်မောတဲ့ အသံဟာ ထွက်ပေါ်လာခဲ့သည်။
"နိုင်ငံခြားမှာ ရောက်နေတဲ့ ငါ့သူငယ်ချင်းက မင်းဆီမှာ ဗေဒင်မေးချင်လို့တဲ့၊ သူ့ရဲ့ မွေးဖွားမူ အချက်ရှစ်ချက် ကို ငါ့ဆီပို့ပေးထားတယ် အဲတာ ငါမင်းဆီ ပို့ပေးလိုက်မယ်၊ သူ့ကို ဗေဒင်တွက်ပေးဖို့ ငါကို ကူညီပေးနိင်မလား"
"ခနနေပါဦး ၊ ကျူပ်တို့က အဲလောက်ထိ မရင်းနှီးဘူးနော်။သူ ဗေဒင်မေးချင်တယ် ဆိုရင် ကျုပ်ဆိုင်အထိ လာဖို့ လိုလိမ့်မယ်"
လင်းဖန်ဟာ ပြောလိုက်သည်။
"သူနေတဲ့ နေရာက အဝေးကြီးမှာလေ၊သူ ဗေဒင်မေးဖို့ သက်သက်နဲ့ ရှန်ဟိုင်းကို ပြန်လာရင် ရူးမိုက်ရာ မကျဘူးလား။ပြီးတော့ သူက အလုပ်များနေတဲ့ လူ ၊ သူ့မှာ ခရီးသွားဖို့ အချိန်မရှိဘူး"
"ဒါဆိုရင်တော့ ကျုပ်ခင်ဗျားကို မကူညီနိုင်တော့ဘူး၊ ကျုပ်ရဲ့ ဟောပြောမူတွေက လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲသွားစေ နိုင်တယ်ဆိုတာ ခင်ဗျားသိပါတယ်။သူ ကျုပ်ဆိုင်ကို မလာရင် သူဒီအခွင့်အရေးကိူ ဆုံးရှုံးသွားရ ရုံပဲရှိမယ်၊ ဒါပေမဲ့ သူ့ရဲ့ မွေးဖွားမူ ရှစ်ချက်ကို တစ်ချက် ပို့ကြည့်"
....
လင်းဖန် ဒီလူရဲ့ အကြောင်းအရာတွေကို တွက်ချက်လိုက်ပြီး နောက်မှာ ရယ်မောလိုက်ပါတယ်။
"သူဒီကို မလာဖြစ်ရင် နောက်တရလိမ့်မယ် နော်၊ ကျုပ်အဲတာပဲ ပြောလိုက်မယ်။ဒီမှာ ကာစတန်မာ ရောက်နေလို့ ကျုပ် ဖုန်းအရင်ချလိုက်တော့မယ်"
လင်းဖန် ဖုန်းကို ချလိုက်ပြီး ဆိုင်ရှေ့ကို ကြည့်လိုက်ပါတယ်။ရှေ့မှာ လူငယ်လေးတစ်ယောက်ဟာ အခြေအနေတွေကို အကဲခတ်နေပြီး လူလိမ် ထျန်နား ကို တဖြည်းဖြည်း ကပ်လာနေခဲ့ပါတယ်။
"မာစတာ လင်း ?"
"သူက ဟိုမှာ"
လူလိမ် ထျန်ဟာ လင်းဖန်ကို လက်ညိုးထိုးပြလိုက်ပါသည်။
လူငယ်လေး ဟာ လင်းဖန်ကို မြင်ပြီး ဆွံ့အ သွားခဲ့ပါတယ်။
"ခင်ဗျားက မာစတာ လင်းလား?"
"ဘာလို့လဲ ၊ ငါက မာစတာ လင်းနဲ့ မတူဘူးလား"
လင်းဖန် တည်ငြိမ်စွာ ပြန်ပြောလိုကိသည်။
"မ မဟုတ်ပါဘူး၊ အရမ်းငယ်ရွယ်နေလို့ မေးကြည့်တာပါ။ ဘာပဲ ဖြစ်ဖြစ် တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော် မာစတာ ကို ဝိုက်ဘိုမှာ ဖော်လို ထားတယ် မာစတာ မှန်ကန်တယ် ဆိုတာ ဝန်ခံပါတယ်"
လီအန်ရှင်း ဟာ ဝမ်းသာစွာ မိတိဆက်လိုက်သည်။သူနောက်တုံးတော့ မာစတာ လင်းနဲ့ တွေ့ခွင့်ရခဲ့ပါပြီ။
လီအန်ရှင်းဟာ ဒီအနီးအနားက တက္ကသိုလ်မှာတက်နေခဲ့တာပါ။သူ မာစတာ လင်းရဲ့ စွမ်းရည်တွေကို သိထားပြီး နတ်ဘုရား တစ်ပါးလို ဆက်နေခဲ့ပါသည်။
လီအန်ရှင်း ဟာ ဘွဲ့ရတော့မှာ ဖြစ်ပြီး ကုမ္ပဏီတစ်ခုကနေ အင်တာဗျူး တစ်ခုလက်ခံရရှိခဲ့ပါတယ်။
ကုမ္ပဏီဟာ ကမ္ဘာ့အဆင့် ၅၀၀ ထဲမှာ ဝင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး သူလက်ခံရတဲ့ အချိန်မှာ အလွန်ပဲ စိတ်လှုပ်ရှား သွားခဲ့ပါတယ်။
သူမာစတာ လင်းရဲ့ လိပ်စာကို ရပြီးတဲ့ နောက်မှာ ဗေဒင်မေးဖို့ ချက်ချင်းထွက်လာခဲ့ခြင်းဖြစ်သည်။
"မာစတာ လင်း ကျွန်တော် မေးစရာလေးရှိလို့၊ကျွန်တော် နဲ့ သူငယ်ချင်းတစ်ယောက်အင်တာဗျူးတစ်ခု ဖြေစရာ ရှိတယ်၊ အဲတာ ကျွန်တော် အလုပ်ရနိုင်မလား မေးချင်လို့?"
လီအန်ရှင်းဟာ စိတ်လှုပ်ရှားစွာ မေးလိုက်ပါသည်။