ယူသင့်သလောက်တော့ ယူရမှာပဲလေ
Vol. 4 Ch. 50
ရှန်ဟိုင်းမြို့၏ ရုံးခန်း တစ်ခုထဲတွင်။
ဝမ်မင်ယန် ဟာ အကူညီမဲ့စွာပြုံး လိုက်ပါတယ်။သူလင်းဖန် နဲ့ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကိူ စိတ်မဆိုးပါဘူး၊ သိုပေမယ့် လင်းဖန်ဟာ ဒီလောက်အချိန် အကြာကြီး အထိအောင်မှတ် ထားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ ရန်ဖြစ်ထားကြတဲ့ လူတွေပါ။ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာ သူတို့နှစ်ယောက် စကားမပြောဖြစ်ခဲ့ကြပါဘူး။
ဝမ်မင်ယန်ဟာ လည်းလင်းဖန်ကို သိပ်အလေးအနက်မထားခဲ့ တော့ပေ။ဒါကြောင့် သူတို့နှစ်ယောက်ဟာ အမှန်တကယ် သူငယ်ချင်းများလို့ မပြောနိုင်ပါဘူး။
"ကျွန်တော် တောင်းပန်ပါတယ် မစ္စတာ ဝု၊ မာစတာ လင်းက သူ့ဆိုင်မှာ စည်းမျဥ်းတစ်ချို့ကို ပြောင်းလဲ ထားတယ် ထင်တယ်။တကယ်လို့ ခင်ဗျား ဗေဒင်တွက် ချင်တယ် ဆိုရင် ကိုယ်တိုင်လာမှ ရလိမ့်မယ်"
ဝုယန်အန်းဟာ အသက်အနည်းငယ် ကြီးနေပြီဖြစ်ပြီး စွမ်းစွမ်းတမံ ကြိုးစားနေတဲ့ သူဌေးတစ်ယောက်ပါ။
သူက ဒီနိုင်ငံရဲ့ မြို့တော်မှာ စီးပွားရေး အုတ်မြစ်ကိုချထားပြီး ၊သူ့ရဲ့ ကြွယ်ဝမူက ဘီလီယံ နဲ့ ချီပြီး ရှိပါတယ်။သူက အရမ်းချမ်းသာပေမဲ့ သူမထိန်းချုပ်နိုင်တဲ့ တစ်ချို့အကြောင်းအရာ များလည်း ရှိနေပါသေးသည်။
"မစ္စတာ ဝမ် ၊ ခင်ဗျား ကျုပ်ဘယ်သူလဲ ဆိုတာ သူ့ကို မပြောလိုက်ဘူးလား?"
မစ္စတာ ဝုဟာ အံ့သြသွားပြီး ၊ မယုံကြည်နိုင်တဲ့ ပုံစံနဲ့ မေးလိုက်ပါတယ်။
ဝမ်မင်ယန် ဟာ သူ့ရဲ့ ထိုင်ခုံပေါ်မှာ သက်တောင့်သက်သာ ထိုင်လိုက်ပြီး ရယ်မောလိုက်သည်။ယင်းနောက် သူဟာ ဆက်ပြောလိုက်ပါသည်
"ညီအစ်ကို ဝု ၊ သူက ကျုပ်သူငယ်ချင်းလေ တကယ်လို့ ကျွန်တော်သာ ခင်ဗျားရဲ့ အဆငိ့အတန်းတွေ ထည့်ပြောလိုက်ရင် မျက်နှာ ပျက်စရာတွေ ဖြစ်ကုန်မှာပေါ့၊ ခင်ဗျား ရှန်ဟိုင်းကို လာမှာလား? ကျုပ် သူငယ်ချင်း ဟောတာတွေက အရမ်းတိကျတယ်နော် ..ခင်ဗျား သတင်းတွေ ဖတ်ပြီးလောက်ပါပြီ"
"ဟမ့် တော်ပါပြီ ၊ ဒါက ဘာမဟုတ်တဲ့ ဗေဒင် လေးတစ်ခုပဲလေ။ကျုပ်ဗေဒင် မမေးလည်း စွမ်းဆောင် နိုင်ပါသေးတယ်။အစကတော့ ခင်ဗျားဗေဒင်မေးတာ တော်တော် မှန်တယ်လိူ့ ကြားလို့ ကျုပ်က မေးကြည့်ချင်ယုံပဲ ရှိတာ"
မစ္စတာ ဝုဟာ ပြန်ပြောလိုက်ပါတယ်။သူ့လေသံ ထဲမှာတော့ အနည်းငယ် စိတ်ဆိုးတဲ့ အရိပ်အယောင် တွေ ပါနေခဲ့သည်။
ဝမ်မင်ယန်ဟာ ဒီလူပြောတဲ့ လေသံကို ကြားတဲ့အချိန်မှာ အနည်းငယ် စိတ်မပျော်ဖြစ်သွားခဲ့သည်။
"ကျုပ်သူငယ်ချင်းက ခင်ဗျား တကယ်လို့ ဗေဒင်လာမဟော ဘူးဆိုရင် နောင်တရသွားနိုင် တယ်လိူ့ပြောတယ် နော်"
"နောင်တ ဟုတ်လား? ညီအစ်ကို ဝမ် ၊ ကျုပ် ဝုဂန်ယန် က ဆုံးဖြတ်ချက်ချပြီး ရင်ဘယ်တော့မှ နောင်တ မရဘူး။ခင်ဗျာကိုလည်း ဒီလိုအရာတွေ သိပ်မယုံဖို့ကို သတိပေးချင်တယ် ကျုပ်ဖုန်းချလိုက်ပြီနော်"
ဝုဂန်ယန် ဟာ ရယ်မောစွာပြော လိုက်ပြီး ဖုန်းချလိုက်ပါတယ်။
ဖုန်းချပြီးနောက်တွင် ဝမ်မင်ယန် ဟာစာတစ်စောင် ရောက်နေတာကို သတိထားမိလိူကိသည်။
"ဟေး သူကျုပ်ကို မယုံရင်လည်း ထားလိုကိ၊ကျုပ်က သူဘာဆက်ဖြစ်မယ် ဆိုတာ ကြိုသိပြီးသား"
.
.......
"မာစတာလင်း ကျွန်တော် နောက်ဆုံးရက်မှ အင်တာဗျူး သွားဖြေသင့်တယ် လို့ ပြောချင်တာလား"
လီအန်ရှင်း ဟာ စိုးရိမ်စွာမေးလိုကိပါတယ်။
လင်းဖန်ဟာ ခေါင်းညိမ့်ပြလိုက်သည်။လင်းဖန်သူ့ရဲ့ အခြေအနေတွေကို ကြည်လိုက်တဲ့အချိန်မှာ ပထမ နှစ်ရက်ဟာ ကံအတော်ဆိုး နေတာ တွေ့ရပါတယ်။အဲ့နှစ်ရက် မှာ သူဘာလုပ်လုပ် ကျရှုံး မှာပါ။ဒီလို အင်တာဗျူး တွေဆို ပိုပြီးတောင် ရှောင်သင့်ပါတယ်။
သို့ပေမဲ့ လီအန်ရှင်း ရဲ့ တတိယ မြောက်နေဟာ ကံဇာတာ တက်နေပြီး အောင်မြင်နိုင်မယ့် အနေအထားတွေ တွေ့နေရပါတယ်။
"ဟုတ်တယ် မင်းနောက်ဆုံးနေ့မှ သွားမယ် ဆိုရင် အောင်မြင်နိုင်မယ့် ရာခိုင်နှုန်းက အတော်များတယ်"
လင်းဖန်ဟာ ပြောလိုက်သည်။
"တကယ်လို့ ကျွန်တော် ပထမ နှစ်ရက်မှာသွားရင် ကျိန်းသေ ကျမယ် လို့ ဆိုလိုတာပေါ့။"
ဒီအင်တာဗျူးက လီအန်ရှင်း အတွက်အတော်အရေးကြီးပါတယ်။ဒါကြောင့် သူဆုံးဖြတ်ချက် မချမှီတွင် သေချာအောင်မေး နေခဲ့ခြင်းဖြစ်သည်။
"ဟုတ်တယ် နောက်ဆုံးရက်မှ သွားတာ အကောင်းဆုံးပဲ"
လင်းဖန်ဟာ ပြန်ဖြေလိုကိသည်။
လီအန်ရှင်းဟာ လင်းဖန်ကို အမှန်တကယ်ယုံကြည်ပါတယ်။ဒါကြောင့် သူဒီစကားကို ကြားပြီး ခေါင်းသာ ငြိမ့်ပြလိုကိပါသည်။ယင်းနောက် သူ ရုတ်တရက် ထပ်ပြောလိုက်သည်။
"မာစတာ ကျွန်တော်နဲ့ အတူသွားမယ့် သူငယ်ချင်းတစိယောက် ရှိတယ် ၊ အဲတာ သူ့အတွက် ပါ ဟောပေးလို့ ရမလား"
"ဒါက သူ့ ဓာတ်ပုံပါ"
လီအန်ရှင်းဟာ သူ့သူငယ်ချင်းရဲ့ ကိုယ်ရေးအကျဥ်း( CV ) ဖောင် ကို ထုတ်ပြီး ဓာတ်ပုံကို ပြလိုက်ပါသည်။သူ့ သူငယ်ချင်း၏ ဓာတ်ပုံကို ထိပ်ပိုင်းတွင် ကပ်ထားခဲ့သည်။
လင်းဖန်ဟာ ဓာတ်ပုံကို ကြည့်လိုက်ပြီး အနည်းငယ်စိတ်ဝင်စား သွားခဲ့ပါတယ်။လီအန်ရှင်းရဲ့ ဘော်ဒါဟာ လည်း လီအန်ရှင်းနဲ့ ကံကြမ္မာချင်း တူနေခဲ့ပါတယ်။သူလည်း ပထမ နှစ်ရက် မှာ ကံမကောင်းပါဘူး။
ဒီလို အခြေအနေမျိုးဟာဟအတော်ရှားပါးလှပါသည်။သေချာ ကြည့်လိုက်မှ လင်းဖန်ဟာ ထူးခြားတာ ကို တွေ့သွားခဲ့ပါတယ်။
သူတို့နှစ်ယောက်လုံး နေတဲ့ ကျောင်း အဆောင်ဟာ အရင်တုန်းက သခ်ျိုင်း မြေပါ။တစုံတစ်ယောက်ဟာ ဟာ ဒီလို နေရာမျိုးမှာ နေလျင် ကံဆိုးမူများ ကြုံရတတ်ပါတယ်။မြေဟာ ပိုပြီး မသန့်လေ နေတဲ့ လူတွေဟာ ပိုပြီး ကံဆိုးကြလေပါပဲ။
သူတို့နေကြတဲ့ အဆောင်ဟာ အနှုတ် လက္ခတာ တွေနဲ့ ပြည့်နှက်နေတာကို လင်းဖန် တွေ့လိုက်ရသည်။သူတို့ရဲ့ ကံတရားကို တောင် ဒီအနှုတ်လက္ခာ ဆောင်တဲ့ မြေကြီးက ပြောင်းလဲစေနိုင်ပါတယ်။
"မင်းရဲ့ အတန်းဖော်လည်း တူတူပဲ ၊ မင်းနဲ့အတူတူ နောက်ဆုံးနေ့မှ သွားခိုင်းလိုက်"
"ကျေးဇူး တင်ပါတယ် မာစတာ လင်း"
လီအန်ရှင်း အတွက်ကတော့ လင်းဖန်ရဲ့ စကားတွေကို အမှန်တကယ် ယုံကြည်ပါတယ်။
လီအန်ရှင်း ပြန်သွားသည့် နောက်တွင် လင်းဖန်ဟာ အနီရောင် စာအိတ်နဲ့ ထည့်ထားတဲ့ ပိုက်ဆံကို အိတ်ကပ်ထဲထည့်လိုက်ပါတယ်။
ပိုက်ဆံရှာရတာ လွယ်ကူသားပဲ.....?
"မင်းကို ခုနက ဖုန်းဆက်တာ မီလီယံနာ ဝမ် လား"
လူလိမ် ထျန်ဟာ ကုလားထိုင်ပေါ်မှာ ထိုင်နေရင်းလင်းဖန် ကိုမေးလိုက်ပါတယ်။
"ဟုတ်တယ်"
လင်းဖန်ဟာ ခေါင်းညိမ့် ပြလိုက်သည်။ဝမ်မင်ယန်က အကူညီ တောင်းပေမယ့် သူငြင်းလိုက်ခြင်းဖြစ်သည်။
လူလိမ် ထျန် မီလီယံနာ ဝမ် လို့ခေါ်လိုက်တာဟာ သူဒေါ်လာတစ်သန်း ဆုံးရှုံးခဲ့တာကို ပြန်အစဖော်ချင်လို့ပါ။သူအခုထိ ဝမ်းနည်း နေတုန်းပါပဲ။
ယင်းနောက် လူလိမ် ထျန်ဟာ နောင်တရစွာပြောလိုက်သည်
"ပိုက်ဆံတွေက အများကြီးလေ၊ မင်းဘာလို့ လက်မခံ လိုက်တာလဲ"
လင်းဖန်ဟာ မျက်မှောင်ကျုတ်ကာ မေးလိုက်သည်။
"ကျုပ်က ဘယ်သူလဲ"
"မင်းက ဗေဒင် ဆရာလေ"
လူလိမ် ထျန်ဟာ ပြန်ဖြေလိူက်သည်။လူလိမ် ထျန်ဟာ ဒါကိုတော့ ဝန်ခဲ့ပါတယ်။လင်းဖန် ဟောတာ တွေက အတော်ကို တိကျပါသည်။
"ဒါက ကျုပ်ပိုက်ဆံ မယူရဘူးလို့ မဆိုလိုဘူး၊ ကျူပ်နဲ့ ထိုက်တန် တဲ့ ပိုက်ဆံကို ယူလို့ရတယ်၊ဒါပေမဲ့ သူက ကျုပ်ဆီကိုတောင် ရောက်လာပြီး ဗေဒင်မမေးခဲ့ဘူးလေ ၊ ဒါက မလေးမစားပြုမူတာပဲ ဒါက ကျုပ်ဂုဏ်သိက္ခာ ကို ကျစေတယ်"
လင်းဖန်ဟာ ပြောလိုက်သည်။
"ဒါအမှန်ပဲ ငါတို့ လူပ်တာတွေက ငွေနဲ့တိုင်းလို့ မရဘူး၊ ငါတို့ လုပ်တဲ့ အလုပ်ကို ငါတို့ ဂုဏ်ယူနေဖို့လိူတယ်"
လူလိမ် ထျန်ဟာ သဘောတူစွာ ခေါင်းညိမ့်ပြီး ပြန်ဖြေလိုက်သည်။သို့ပေမယ့် လူလိမ် ထျန်ဟာ ခေါင်းယမ်းလိုက်ပြီး ထပ်ပြောလိုက်ပါတယ်။
"ဘာပဲ ဖြစ်ဖြစ် ပိုက်ဆံမှ ပြန်သွားယူလို့ မရတော့တာ"
လင်းဖန်ဟာ လူလိမ် ထျန်ကို ကြည့်ပြီး ဆွံ့အစွာ ခေါင်းယမ်းလိုက်မိသည်။
.........
တက္ကသိုလ် တစ်ခုတွင်။
လီအန်ရှင်းဟာ စိတ်လှုပ်ရှားနေခဲ့ပါသည်။ဝိုက်ဘိုပေါ်မှာ ကျော်ကြားနေတဲ့ မာစတာ လင်းက သူတို့ နေတဲ့ နေရာနဲ့ နီးလိမ့်မယ် လို့ မထင်ထားမိခဲ့ပါဘူး။
ထပ်ေပြာရရင် သူ မာစတာ လင်းဆီမှာ ဟောကြားခဲ့ပြီး မာစတာ လင်းရဲ့ ယုံကြည်မူရှိတဲ့ ပုံစံကို မြင်ခဲ့ရပါတယ်။
သူအဆောင်ကို ပြန်ရောက်သည့် အချိန်တွင်။
လီအန်ရှင်း ဟာ သူ့အခန်းဖော် ရှုဟွာဂျိီ အင်တာဗျူး အတွက် ကုမ္ပဏီရဲ့ အချက်အလက်တွေ ကိုကြည့်ပြီး ပြင်ဆငိနေတာ တွေ့လိုက်ရပါတယ်။
"ဟွာဂျီ ငါပြန်လာပြီ ၊ ကိုယ်ရေး အကျဥ်း(cv ) ဖောင် ပါ ပြင်ဆင်လာခဲ့တယ်။ပြီးတော့ ငါဘယ်သူနဲ့ တွေ့ခဲ့လဲ သိလား"
လီအန်ရှင်းဟာ ပြုံးပြီး မေးလိုက်သည်။
"ဘယ်သူလဲ?"
ရှုဟွာဂျီဟာ လီအန်ရှင်းကို လှည့်မကြည့်ပဲ ကွန်ပြူတာ ကိုပဲ အာရုံစိုက်ကာ မေးလိုက်ပါတယ်။
"အဲတာ မာစတာ လင်းပဲ"
လီအန်ရှင်း ဟာပြောလိုက်သည်။သူ မာစတာလင်းဆီမှာ ဒေါ်လာ နှစ်ရာလောက်နဲ့ ဟောခဲ့ရတာ အတော်ကျေနပ်နေခဲ့ပါတယ်။
လီအန်ရှင်းရဲ့ အမြင်မှာတော့ မာစတာ လင်းက ကျော်ကြားနေတဲ့ လူတစ်ယောက်ပါ။သူနောက်တစ်ခါ သွားတဲ့ အချိန်ကျရင် ဗေဒင်ဟောခ တောင် တတ်နိုင်မှာ မဟုတ်ပါဘူး။
"မာစတာ လင်း က ဘယ်သူလဲ?"
ရှုဟွာဂျီဟာ မေးလိုက်သည်။
"ဘာ? မင်း မာစတာလင်း ကိုတောင် မသိဘူးလား၊ သူကဝိုက်ဘို ပေါ်မှာ အရမ်းကျော်ကြားနေတာလေ သူကြိုဟော ခဲ့တာ တွေ အကုန်လုံး မှန်လာတာ ချည်းပဲ။မင်းက ဝိုက်ဘို မသုံးတော့ သိမှာ မဟုတ်ဘူး"
ရှုဟွာဂျီဟာ အနည်းငယ် လောက်နားထောင်ပြီးနောက် သူပြောချင်တာ ပြောလိုက်ပါတယ်။
"ငါကတော့ မနက်ဖြန် အင်တာဗျူးမှာ အဆင်ပြေမယ် လိူ့ မျှော်လင့်တာပဲ"
"မဟုတ်ဘူး ၊ မင်းမနက်ဖြန်သွားလို့ မရဘူး။ငါမင်းအတွက် ပါဗေဒင်မေးလာခဲ့ ပေးတယ်..ငါတို့ ပထမ နှစ်ရက်မှာ မသွားသင့်ဘူး ေနာက်ဆုံးရက်ကျမှ သွားရင် အောင်မြင်နိုင်ခြေ ပိုများလိမ့်မယ် တဲ့"
ရှုဟွာဂျီ ဟာ ဒီလို အရာတွေ မှာ မယုံအကြည် မရှိပါဘူး။
"ငါ ဒီလို အရာတွေကို မယုံအကြည်မရှိဘူး၊ငါ ကုမ္ပဏီရဲ့ အရင်အင်တာဗျူး မေးခွန်းတွေကိုလေ့လာပြီးသွားပြီ ငါအောင်မြင်မယ် ဆိုတာ ယုံကြည်မူရှိတယ်။ထပ်ပြောရရင် နောက်ဆုံးရက်မှ သွားတာက ငါတို့အပေါ်အထင်အမြင် ဆိုးသွားစေနိုင်တယ်"
"ဟွာဂျီ မင်းယုံကြည်မှ ရမယ်၊ မာစတာ လင်းကတကယ် တိကျ တယ်နော်"
လီအန်ရှင်းဟာ စိုးရိမ်စွာပြောလိုက်သည်။
"ဒီလို အရာတွေ မယုံကြည်စမ်းပါနဲ့ကွာ၊ ငါတို့ ဘယ်ခေတ်မှာ နေနေတာလဲ?ဒီလို အင်တာဗျူးတွေက အမြဲတမ်းရှိနေတာ၊ ဘာပဲဖြစ်ဖြစ် ငါမနက်ဖြန် သွားဖြေမယ် မင်းယုံကြည်ရင် မင်း နောက်ဆုံးရက်မှသွား"
ရှုဟွာဂျီဟာ လေးလေးနက်နက် ပြောလိုက်ပါတယ်။သူဒီလိုအရာတွေဟာ အလိမ်အညာတွေလို့ပဲ တွေးထားတာပါ။
လီအန်ရှင်း ကူညီမဲ့ စွာခံစားလိုက်ရပါတယ်။သူ မာစတာ လင်းကို ယုံကြည်ပေမဲ့ လည်း သူ့သူငယ်ချင်းက လုံးဝ မယုံကြည်ပါဘူး။
ထပ်ပြောရရင် သူ့သူငယ်ချင်းဟာ အတော်ခေါင်းမာပြီး သူ့စိတ်ကို ပြောင်းအောင် သူလုပ်နိုင်တာ ဘာမှ မရှိပေ.......