တည်တည် ငြိမ်ငြိမ်ပဲပေါ့
Vol. 4 Ch. 51
ညအချိန်။
ငှားရမ်းထားသည့် အိမ်လေးတစ်ခုတွင်။
ဒီနေ့ကတော့ ဆိုင်အစောပိတ် တဲ့နေ့လေးတစ်နေ့ပါ။
လင်းဖန်ဟာ အိပ်ယာထဲမှာ လှဲရင်း ဖုန်းသုံးနေခဲ့ပါသည်။
ဝိုက်ဘို ပရိတ်သတ် : = ၁.၃ သန်း
စူပါစတားတွေနဲ့ ယှဥ်ရင်တော့ ပရိတ်သတ် ပမာဏက ဘာမှမဟုတ်ပါဘူး။သို့ပေမဲ့ ပုံမှန်လူတစ်ယောာက် အတွက် အတော်အောင်မြင် တဲ့ ပမာဏ တစ်ခုဖြစ်ပါသည်။
အို့ ကြည့်ရတာ အနောက်အရပ်က နေထွက်လာတယ်ထင်တယ် ..ဟိုနေ့က ငါ့ကို လာစော်ကားနေတဲ့ အဖွဲ့က အခုငါ့ကို ကူညီပြီး ဟိုဘက်ကိုပြန်တိုက်ခိုက်ပေးနေတယ်။
ယင်းနောက် လင်းဖန်ဟာ ဆောင်ဦးဓား အကောင့်ဆီကို စာပို့လိုက်ပါတယ်။
"မင်းသာ ကိုယ်အမှားကို သိပြီး ပြန်တောင်းပန်ရင် ၊ ငါအရင်တုန်းက ဖြစ်ပျက်တာတွေကို သဘောထားကြီးစွာ ခွင့်လွတ်ပေးနိုင်ပါတယ်"
ဆောင်းဦးဓား အကောင့်ပိုင်ရှင်ဟာ သူ့ဟာသူ online game ဆော့နေခဲ့တာပါ။အဲ့အချိန်မှာ သီးသန့် မက်ဆေ့ ကျလာတာ မြင်ပြီး စိတ်တိုသွားခဲ့သည်။
"လစ်လိုက်"
လင်းဖန် လိုမျိုးပဲ ယန်ရှောင်လိန် ရဲ့ ဘဝဟာ အင်တာနက် ပေါ်မှာ ဟိုးလေးတကျော်ကျော် ဖြစ်နေခဲ့ပါတယ်။သူ့သတင်းတွေဟာ ခေါင်းစည်းပိုင်း များတွင် ပါဝင်နေခဲ့ပြီး အမှန်တရားကို
သူဘယ်လိုမှ ဖုံးကွယ်လို့ မရတော့ပေ။
လူများစွားဟာလည်း သူ့ဟာသူ ဒုက္ခရောက်နေတဲ့ ယန်ရှောင်လိန် ရဲ့ ဘဝကို ပိုပြီး အဆင်မပြေ ဖြစ်အောင် ကူညီပေးနေကြပါသည်။
"ကျွန်မ နဲ့ ယန်ရှောင်လိန် ရဲ့ လျို့ဝှက်ချက်"
"ယန်ရှောင်လိန် က ကျွန်မနဲ့ တစ်ည အိပ်ပြီးတော့ ၊ ကျွန်မကို ဒေါ်လာ ငါးသောင်းပေးခဲ့သေးတယ်"
..........
ယန်ရှောင်လိန်ဟာ သူ့နာမည်ကို ဘယ်လိုမှ ပြန်ဆယ်လို့မရတော့ ဘူးဆိုတာ လင်းဖန် သိလိုက်ပါတယ်။ထောင်မကျရင်တောင် သူအတော် ကံကောင်းနေခဲ့ပါပြီ။
လင်းဖန်ရဲ့ ဝိုက်ဘို အကောင့်တွင်လညိး ကွန်မန့်များစွာဖြင့် ပြည့်နှက်နေခဲ့ပါသည်။ဒီထဲက လူတွေ အများစုဟာ ပွဲကြည့်ဖို့ သက်သက်ရောက်လာကြတာပါ။
ဒီထဲက တစ်ချို့ဟာတော့ လင်းဖန်ကို အမှန်တကယ် ယုံကြည့်တဲ့ လူတွေပါဝင်ပါတယ်။သူတို့ထဲမှာ ရှန်ဟိုင်းကို အခုထွက်လာနေပြီဆိုတဲ့ လူတွေတောင်ပါပါတယ်။
တစ်ခြားတစ်ဖက်မှာတော့ လင်းဖန်ကို မယုံကြည်တဲ့ လူများလည်း ရှိနေသေးသည်။
သူတို့ဟာ ဒါကို တစ်ခြားလူတွေကို ဆွဲဆောင်ဖို့ တမင်သက်သက် ဂွင်ဆင်ထားကြတာလို့ ထင်နေကြတုန်းပါ။တစ်ချိန်တည်းမှာပဲ လင်းဖန် ဒီလိုမျိုး ကြိုဟောနိုင်တာဟာ သူနောက်ကွယ်က ကြိုးကိုင်နေတာ ကြောင့်လို့ သတ်မှတ်ထားကြပါတယ်။
သူတို့ အတွက်ကတော့ လင်းဖန်ဟာ ရှင်းပြဖို့တောင် စိတ်မဝင်စားတော့ပါဘူး။ဘာပဲဖြစ်ဖြစ် သူလိုချင်တဲ့ အရာကိုရပြီး ထားပါပြီ။
သူ့ ဘဝမှာ ဖြစ်ချင်တဲ့ ပန်းတိုင် နှစ်ခု ရှိပါတယ်။တစ်ခုက ပိုက်ဆံတွေ အများကြီး ရှာနိုင်ဖို့ဖြစ်ပြီးနောက်တစ်ခုက စွယ်စုံကျမ်းကို ထပ်ထပ်ပြီး ဖွင့်နိုင်ဖို့ပါ။
နောက်တစ်ရက်တွင်။
လင်းဖန်ဟာ မနက် ၈ နာရီခန့်မှာ နိုးလာခဲ့ပါတယ်။သူဟာ မနက်စာစားပြီး နောက်တွင် အိမ်မှ ထွက်လာရန် ပြင်ဆင်လိုက်ပါသည်။
လင်းဖန်ရဲ့ အိမ်နီးချင်း လူအို ဝမ်ဟာတော့ သူ့ရဲ့ခြံထဲမှာ လေ့ကျင့်ခန်း လုပ်နေတာ ဖြစ်ပြီး လင်းဖန်ကို မြင်တဲ့ အချိန်မှာ မျက်နှာ အမူအရာပြောင်းသွားခဲ့ပါသည်။သူဟာ လင်းဖန်ကို သိပ်မကြည်ပါဘူး။
လင်းဖန်အတွက်ကတော့ ဒီတစ်ခါ ဝင်ငွေအများကြီးရလျင် ၊ သူအိမ်နေရာ ပြောင်းဖို့ ပြင်ဆင်ပြီးသားပါ။ဒါကြောင့် ဒီလူကို ဂရုစိုက်မနေတော့ပေ။
သူဟာ ကိုယ်ရှာထားတဲ့ ပိုက်ဆံကို မသုံးပဲ စုထားရလောက်အောင် မတုံးသေးပေ။
.......
တိမ်ဖြူလမ်းတွင်။
လင်းဖန် တိမ်ဖြူလမ်းနားကို ရောက်လာသည့်အချိန်တွင် လမ်းထောင့်မှာ ပုန်းပြီး တစ်ခုခုကိုချောင်းနေတဲ့ လူလိမ်ထျန်ကို တွေ့လိုက်ရသည်။
လင်းဖန်ဟာ လူလိမ်ထျန် နားကို သွားကာ ပုခုံးကို လှမ်းပုတ်လိုက်ပါတယ်။
"ဘာလုပ်နေတာလဲ?"
လူလိမ်ထျန်ဟာ ရုတ်တရက် လန့်သွားပြီး ထခုန်လိုက်ပါတယ်။ယင်းနောက် သူဟာ ဆိုင်ဘက်ကို လက်ညိုးထိုးကာ ပြောလိုကိသည်။
"ဟိုကို ကြည့်"
လင်းဖန် လူလိမ်ထျန် ညွန်ပြတဲ့ နေရာကိုကြည့်လိုက်တဲ့ အချိန်မှာ ဆွံ့အသွားခဲ့ပါတယ်။သူ့တို့ဆိုင်လေးရဲ့ ဝင်ပေါက်မှာ လူတွေစုဝေး နေတာ တွေ့လိုက်ရပါသည်။
သူတို့ထဲမှာ သတင်းထောက်တွေ ၊ မြို့နေလူထုတွေလည်း ပါဝင်နေခဲ့ပါတယ်။မြို့သူ မြို့သားများဟာ ဖုန်းများကို ကြည့်လိုက်၊ လင်းဖန်ဆိုင်ခန်းလေးရဲ့ တံခါးကိုခေါက်လိုက် လုပ်နေခဲ့ကြသည်။
ဒီလိုမျိုး လှုပ်ရှားနေတဲ့ လူထုဟာ၊ သူတို့ ဘေးနားမှာ ရှိတဲ့ ဆိုင်ပိုင်ရှင်များ ရဲ့ အာရုံများကို ဆွဲဆောင်နေခဲ့ပါတယ်။
ယန်ရှောင်လိန် ရဲ့ လိမ်လည်မူတွေ ပေါ်ထွက်လာခဲ့ပေမယ့် သတင်းထောက်များဟာ ဒီအကြောင်းပို သိပ်အလေးအနက်မထားပေ။
သူတို့ အဓိက ထားတာက မာစတာ လင်း ကိုပါ။
သတင်းထောက်များဟာ ဘေးနားဝန်းကျင်ရှိ ဆိုင်မှ လူများကို စတင်ပြီး အင်တာဗျုးနေကြသည်။
လင်းဖန်ရဲ့ ဘေးချင်းကပ်လျက် ဆိုင်က အဝတ်အထည်တွေ ရောင်းတဲ့ဆိုင်ပါ။ဖက်တီးလို ဝတဲ့ မိန်းမကြီးဟာ သူမရဲ့ အဆမတန်ကြီးမားတဲ့ အနီရောင် အက်ျီကို သေချာပြင်ဆငိကာ ကင်မရာ ရှေ့မှာ စိတ်လှုပ်ရှားစွာ ရပ်နေခဲ့ပါတယ်။
"အိုး အဲ့ဆိုင်က စီးပွားရေး သိပ်မကောင်းဘူးလေ၊ ကာစတန်မာတောင် သိပ်ပြီး မရှိဘူး"
ဆိုင်ပိုင်ရှင် မိန်းမကြီး ဟာပြောလိုက်သည်။သူမရဲ့ ပုံစံဟာတော့ ကင်မရာရှေ့မှာ အိုက်တင် အမျိုးမျိုးပေးလို့ပါ။
အင်တာဗျူး မေးတဲ့ မိန်းကလေးဟာ သူ့မရဲ့အမူအရာကို စိတ်ထဲမထားပဲ မေးလိုက်ပါတယ်။
"ဒီကြားထဲ တစ်ခုခုထူးခြားတာများ ရှိခဲ့သေးလားရှင့်"
"တစ်ခုခု ထူးခြားတာလား? အဲတာက..လွန်ခဲ့တဲ့ ရက်အနည်းငယ် ကတော့ ပြိုင်ကားတစ်စီးကို မောင်းလာတဲ့ လူကြီးတစ်ယောက် ရောက်လာခဲ့သေးတယ်။သူ ဆိုင်ပိုင်ရှင် ကို ဒေါ်လာ တစ်သန်းပေးချင်တာာလေ ၊ ဒါပေမဲ့ ဆိုင်ပိုင်ရှငိ ကောင်လေးက လက်မခံဘူး နောက်တော့ သူတို့ အသေအကြေ တိုက်ခိုက်ကြတာပဲ ရဲတွေ ရောက်လာတဲ့ အခါမှသာ ရပ်သွားခဲ့ကြတာ..
သူက ဒေါ်လာ တစ်သန်းကိုလက်မခံရလောက်အောင် ရူးနေတယ်လို့ မထင်မိဘူးလား...?"
သတင်းထောက် ဟာ ဒီသတင်းနဲ့ ပတ်သက်ပြီးကျေနပ်သွားခဲ့ပါတယ်။သူမဟာ ဒီဆိုင်ရှငိ မိန်းမကြီးရဲ့ စကားတွေကို ထပ်ပြီး နားမထောင်ချင်တော့ပေ။ဒါကြောင့် ကင်မရာ မန်းကို ပိတ်ရန် အချက်ပြလိုက်သည်။
"ဟေး ငါမပြီးသေးဘူးလေ..."
"......."
သတင်းထောက်ဟာ ပြန်ဖြေချင်စိတ်တောင် မရှိပဲ လှည့်ထွကိသွားခဲ့သည်။
ဘေးပတ်ဝန်းကျင်က ဆိုင်ပိုင်ရှင်များ၊ အလုပ်သမား ဟာတော့ စတင်ပြီး ဆွေးနွေးနေကြပါတယ်။
"အဲ့ဆိုင်ကဘယ်လို ဖြစ်တာလဲ? ဘာလိူ့ လူတွေ ဒီလောက်တောင် များနေတာလဲ? သတင်းထောက်တွေ တောင်ရောက်နေကြတယ်"
"ငါကြားတာတော့ ဒီဆိုင်ပိုင်ရှင်က ဝိုက်ဘိူပေါ်မှာ နာမည်အတော်ကျော်ကြား နေတယ်တဲ့၊ဒီဆိုင်ရှင်က ကိစ္စတော်တော် များများကို ကြိုပြီးဟောပြောခဲ့တယ်။ဝိုက်ဘို အသုံးပြုသူတွေက လိပ်စာရတဲ့ အချိန်မှာ သူတို့ ရောက်လာခဲ့ကြတာ"
"အိုး မိုက်လိုက်တာ ဒီဆိုင်က နာမည်ကျော်လာလိမ့်မယ် လိူ့ထင်တောင် မထင်ထားဘူး၊ ပုံမှန်ဆို တစ်နေ့တစ်နေ့ ကာစတန်မာ တောင်မရှိဘူး"
"ဟုတ်တယ် ငါသာကြိုသိရင် အရင်တုန်းက ဗေဒင်တစ်ခေါကိလောက်တော့ သွားမေးမိမှာပဲ၊အခုတော့ လူတွေနဲ့ ပြည့်နေပြီ ငါတို့သွားရင်တောင် အလှည့်ရောက်ပါ့မလား"
..........
"ငါတို့ ဘာလုပ်ကြမလဲ?"
လူလိန် ထျန်ဟာ ဆိုင်ရှေ့က အခြေအနေကို ကြည့်ပြီး ဆွံ့အနေခဲ့ပါတယ်။
"တုံးလိုက်တာ၊ ကျုပ်တို့ ကိုယ့်ဆိုင်ကို သွားဖွင့်ရမှာပေါ့။ ကျုပ်တို့ ဘာအတွက်ရှင်သန်နေတာလဲ?ဒီလူတွေ ဘာလို့ လာတာလဲ ? ခင်ဗျား အခုထိနားမလည် သေးဘူးလား"
လင်းဖန်ဟာ ပြောလိုကိသည်။
လူလိမ်ထျန်ဟာ သူ့ပါးသူ ပြန်ရိုက်ကာ ပြောလိုက်ပါတယ်။
"ဟုတ်သားပဲ ငါတို့က ဗေဒင်ဆရာတွေလေ၊ဒီလူတွေက ဗေဒင်လာမေးတာ ဖြစ်ရမယ်။ငါဒီမှာ ပုန်းနေတာ တော်တော်ရူးတာပဲ၊ ငါက သူတို့ ပြသနာ လာရှာကြတယ်ထင်နေတာ"
"သူက ဒီဆိုင်ရဲ့ သူဌေးပဲ"
လင်းဖန် အနားကို ရောက်လာတဲ့ အချိန်မှာ ဆိုင်ပိုင်ရှင်တစ်ချို့ဟာ လှမ်းအော်လိုက်ပါတယ်။သတင်းထောက်များ အားလုံးဟာ လင်းဖန်တို့ အနားကိူ ဝိုင်းအုံလာကြပါသည်။
"ဟိုင်း မာစတာ လင်း၊ မေးခွန်း နည်းနည်း မေးလို့ရမလား"
"ငါက မာစတာ လင်းမဟုတ်ဘူး၊ သူပဲ"
လူလိမ် ထျန်ဟာ စိတ်ဆိုးစွာနဲ့ ပြောလိုက်ပါတယ်။
ကန်းများနေတာလား? မာစတာ လင်းက နင့်ရှေ့မှာ ငုတ်တုတ်ကြီးလေ....
အမှန်တော့ လူလိမ် ထျန်ဟာ အနည်းငယ် ကျေနပ်မိသည်။သူ့ရဲ့ ခန့်ညားတဲ့ ရုပ်ရည်ကြောင့် ဒီကို လာတဲ့လူတိုင်းဟာ သူ့ကို မာစတာ လင်းလို့ပဲ ထင်နေကြပါတယ်။
လင်းဖန်ဟာကတော့ မြင်ကွင်းကို ကြည့်ရင်း အကူညီမဲ့ သလိုခံစားလိုက်ရပါသည်။လူတွေ သူ့ကို မမှတ်မိတာ ဒါပထမ ဆုံးအကြိမ်မဟုတ်တော့ပေ။ဘာပဲဖြစ်ဖြစ် သူ့အသက်က ငယ်ရွယ်လွန်းနေပါတယ်။
ယင်းနောက် သတင်းထောက်များဟာ သူ့အနားမှာ ဝိုင်းလာပြီး မေးကြပါတော့တယ်။
လင်းဖန်ဟာတော့ ဒီအခြေအနေမျိုးနှင့် ကြုံဖူးပြီးသားဖြစ်ပြီး သတင်းထောက်တွေ အများကြီး ရှေ့မှာ စိတ်မလှုပ်ရှားတော့ပါဘူး။
"အေးဆေးပေါ့ ၊ အားလုံးပဲ ခနနေကြပါဦး ကျွန်တော် ဆိုင်ကို အရင်ဆုံးဖွင့်ပါရစေ"
လင်းဖန်ဟာ တည်ငြိမ်စွာ လက်ဝေ့ယမ်းကာပြောလိုက်သည်။ယင်းနောက် သူသော့ကို ထုတ်ကာ ဆိုင်ဖွင့်လိုကိပါတယ်။လင်းဖန်ရဲ့ အပြုအမူတွေက တကယ့် မာစတာ တစ်ယောက်လိုပါပဲ။
အနားမှာရှိနေကြတဲ့ မြို့သူမြို့သားများ ဟာတော့ လင်းဖန်ကို မြင်သည့် အချိန်တွင် ဓာတ်ပုံများ ကိုရိုက်နေခဲ့ကြသည်။
ယင်းနောက် သူတို့ဟာ ပို့စ်များ တင်လိူက်ကြပါသည်။
"နောက်ဆုံးတော့ မာစတာလင်းကို တွေ့ခွင့်ရပြီလေ။သူ့ရဲ့ အပြုအမူတွေက တကယ့်မာစတာ တစိယောက်လိုပဲ၊ သူက ဒီလောက်လူအများကြီးရှေ့မှာတောင် လုံးဝ စိတ်မလှုပ်ရှားဘူး"
အချိန်အနည်းငယ် အတွင်းတွင် မှတ်ချက်များစွာဟာ တက်လာခဲ့ပါသည်။
"စောက်ကျိုးနည်း သူကအတော် ငယ်ရွယ်တာပဲ၊ ငါက သူ့အသက် ၅၀ ၊ ၆၀ လောက်ရှိပြီ ထင်နေတာ"
"မာစတာ လင်းကလည်း သိပ်ပြီး မထူးခြားပါဘူး"
"ပို့စ်တင်တဲ့လူက သူ့ကိုတွေ့ဖို့ ဘယ်လောက်ဝေးဝေးတောင် သွားလိုက်ရလည်း၊ တကယ့်ငတုံးပဲ"
"ပို့စ်တင်တဲ့ လူရေ..အခြေအနေလေးတွေကို အချိန်နဲ့ တပြေးညီ တင်ပေးပါလား ပလိစ်"
.......
ဆိုင်ထဲတွင်။
လင်းဖန် ဟာ ထိုင်ခုံပေါ်မှာ တည်ငြိမ်စွာ ထိုင်ပြီးပြောလိုက်ပါတယ်။
"လူတိုင်းပဲ သိပ်ပြီး မတိုးကြနဲ့ဦးနော် ဆရာ့ဆိုင်က နဂိုကမှ သေးသေးလေးရယ်"
လူလိမ် ထျန်ကတော့ ဘေးနားကနေ အခြေအနေတွေ ကိုကြည့်နေပြီး စိတ်လှုပ်ရှားနေခဲ့ပါတယ်။
သူဟာ ပလတ်စတစ် ခွက်တစ်ချို့ကို ယူကာ လဘက်ရည် လောင်းထည့်လိုက်ပြီး ခုံပေါ်မှာ တန်းစီချထားလိုကိပါတယ်။ယင်းနောက် ကင်မရာထဲမှာ ပါအောင် လင်းဖန်ရဲ့ဘေးမှာ သွားရပ်နေခဲ့ပါသည်။
"ဟိုင်း မာစတာ လင်း ၊ ကျွန်မက ဖန် အင်တာတိန်းမန့် က သတင်းထောက်ပါ။အင်တာနက် ပေါ်မှာ ကြိုတင်ဟောကြား ခဲ့တာတွေကို နောက်ကွယ်က ကြိုးကိုင်တဲ့ လူက မာစတာ လား သိပါရစေ"
သတငိးထောက်ဟာ မေးလိုက်ပါတယ်။
လင်းဖန်ဟာ လဘက်ရည် တစ်ငုံသောက်လိုကိကာ ပြုံးပြီးပြောလိုက်သည်။
"မိန်းမလှလေး ၊ မင်း မနေ့ကမှ ရည်းစားနဲ့ ပြတ်သွားတယ်။ဒီနေ့ အလုပ်ထဲမှာ တက်တက်ကြွကြွ ကြိုစားနေတယ်နော် ..ဘယ်လောက်တောင် ပရိုဆန်လိုက်လဲ"
ဘေးနားက နားထောင်နေတဲ့ သတင်းထောက်များဟာ အနည်းငယ် ရှုပ်ထွေးသွားခဲ့ပါတယ်။
မာစတာ လင်းက ဘာလို့ မေးတာ မဖြေပဲ စကားလမ်းကြောင်းပြောင်းနေတာလဲ....?
သူတို့က သတင်းထူးကို လိုချင်နေကြတာပါ။သို့ပေမယ့် မာစတာ လင်းကမေးတာကို မဖြေပဲ ဝေ့လည်ကြောင်ပတ် လုပ်နေခဲ့ပါတယ်။
သို့ပေမဲ့ မိန်းကလေး သတင်းထောက်ဟာတော့ပါးစပ်ကြီးဟပြီး ဆွံ့အနေခဲ့သည်။
ခနအကြာမှာ ဘေးနားကသတင်းထောက် များဟာ ဒီ မိန်းကလေး ရဲ့ အခြေအနေကို မြင်ပြီး တစ်ခုခုကို သဘောပေါက်သွားကြပါတယ်။
"ချီးပဲ ဒါတကယ်ပဲလား"
"သူပြောနေတာ တကယ်မှန်တယ်လို့တော့ မပြောနဲ့နော်"