← Chapters

ငါမကြောက်ဘူး

Vol. 4 Ch. 52

ငါမကြောက်ဘူး

Vol. 4 Ch. 52

"မာစတာ ဘယ်လိုသိတာလဲ?"

မိန်းကလေး သတင်းထောက်ဟာ မေးလိုက်ပါတယ်။ဒါ သူမရဲ့ ပထမဆုံးအကြိမ် ဒီကိုလာတယ် ဆိုတာ ကျိန်ပြောခိုင်းရင်တောင် သူမကျိန်ပြောမှာပါ။ထပ်ပြောရရင် လင်းဖန်နေတဲ့ နေရာက သူမရဲ့ ရည်းစားဟောင်း နေတဲ့နေရာနဲ့ အတော်လေး ဝေးပါတယ်။

လင်းဖန်ဟာ ပြုံးလိုက်ပြီး အပြင်ဘက်ကို လက်ညိုးထိုး ပြလိုက်ပါတဟ်။

"ဆိုင်ပေါက်ဝမှ ဘာရေးထားလဲ?"

မိန်းကလေး သတင်းထောက်ဟာ ဘာမှ မဖြေနိုင်ပဲ ကြောင်အနေခဲ့ပါသည်။

ကျန်တဲ့ သတင်းထောက်များဟာတော့ ရယ်မောစွာ ​ဝိုင်းဖြေလိုက်ကြသည်။

"မာစတာ လင်း"

တစ်ချိန်တည်းမှာပဲ သူတို့ မာစတာ လင်းရဲ့ စွမ်းရည်တွေကို လေးစားသွားကြပါတယ်။အကြည့်တစ်ချက်ထဲနဲ့ ဒီမိန်းကလေးရဲ့ ရည်းစားအကြောင်းကို ပြောသွားခဲ့တာပါ။ဒါဟာ မယုံကြည်နိင်စရာ ကောင်းလှပါသည်။

"မာစတာ လင်း၊ ဝိုက်ဘိုပေါ်မှာ ကြိုတင်ဟောကိန်း ထုတ်ထားတာ တွေ အကုန်မှန်ကန်ခဲ့တယ်နော်၊ ဒီအကြောင်းတွေကို အစောကြီးကတည်းက ဟောကိန်းထုတ်ထားတာ လားရှင့်"

"သေချာတာပေါ"

လင်းဖန် ပြန်ဖြေလိုက်သည်။

"မာစတာ လင်း ၊ ဝမ်ချန်က မာစတာလင်း သူ့သတင်းကို ခိုးယူတယ် ပြောပြီး တရားစွဲဖို့တောင် လုပ်နေခဲ့တယ်နော် ၊ အဲ့အကြောင်းနဲ့ ပတ်သက်ပြီး တစ်ခုခုပြောစရာ ရှိပါသလား ခင်ဗျ"

နောက်ထပ် သတင်းထောက်တစ်ယောက် ဟာထပ်မေးလိုက်သညါ။

"ဟီးဟီး ကျွန်တော်က ရှန်ဟိုင်းမှာလေ ၊ သူက ဘေဂျင်းမှာနေတာ ။သူ့သတင်းကို ခိုးယူဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပါ..ထပ်ပြောရရင် သူ့မှာက မိန်းမတစ်ယောက်ပဲရှိပြီး ကလေးမရှိဘူးလေ ကျုပ်က သူ့သတင်းကို ဘယ်နားက သွားခိုးရမှာလဲ?"

လင်းဖန် ဒီ ဝမ်ချန် နဲ့ပတ်သက်ပြီး ပြန်ဖြေရှင်းချင်စိတ်တောင် မရှိပါဘူး၊ သို့ပေမယ့် သူ့စကားထဲမှာ တစ်ချို့ အဓိပါယ်တွေကို ထည့်ပြောလိုက်ပါတယ်။

အတွေ့အကြုံရှိတဲ့ သတင်းထောက်များ ဟာတော့ ၊ မာစတာ လင်း ပြောချင်တဲ့ အဓိပါယ်ကို ချက်ချင်း သဘောပေါက်လိုက်ကြပါသည်။

မာစတာ လင်းက ဝမ်ချန်မှာ မိန်းမတစ်ထဲရှိတယ်လို့ပြောပါတယ်..သူ့သတင်းသာ ခိုးယူခံရရင် ဒါကသူ့မိန်းမကြောင့်ပါပဲ။

ဒါကြောင့် ဝမ်ချန် သူ့မိန်းမ ကို ယုံကြည်ရင် မာစတာ လင်းကို သူ့သတင်းခိုးယူတယ် လို့ မစွပ်စွဲသင့်ပါဘူး။ဒါဟာ သူ့မိန်းမကို မာစတာ လင်းနဲ့ စွပ်စွဲနေတဲ့ သဘောသက်ရောက်နေပါတယ်။

လင်းဖန် ဟာ သတင်းထောက်တွေနဲ့ အင်တာဗျူးဖြေတဲ့ အချိန်မှာ ယုံကြည်မူ အပြည့်ရှိပါတယ်။

သူဟောခဲ့တဲ့ အရာတွေအကုန်လုံးက အမှန်တရားတွေ ကိုပဲ အခြေခံထားတာပါ။ဒါကြောင့် သူ​ဘယ်သူကို မှမကြောက်ပေ။

"မာစတာ လင်း ဘဝမှာ မှားပြီးဟောကြားမိတာ မျိုးများ ရှိပါသလားရှင့်"

သတင်းထောက် တစ်ယောက်ဟာ မေးလိုက်ပါသည်။

"ကျုပ် ဘယ်တော့မှ မမှားဘူး"

လင်းဖန်ဟာ ယုံကြည်မူရှိစွာ ပြောလိုက်သည်။

သတင်းထောက်တွေဟာ လင်းဖန်ရဲ့ ယုံကြည်မူရှိတဲ့ ပုံစံကို ကြည့်ပြီး အံ့သြသွားခဲ့ပါသည်။ယင်းနောက် သူတို့ဟာ တစ်ယောက်ချင်စီ ထပ်မေးလိုက်ကြသည်။

"မာစတာ လင်း ၊ ဒီနိုင်ငံရဲ့ နံပါတ် ၁ ဗေဒင်ဆရာ ဝုတန်ဟီက ရုပ်လွန်ဒသနိက ဗေဒရဲ့ အကြီးအကဲတစ်ယောက်လေ။သူပြောတာက ဗေဒင်ဆရာတွေဟောတဲ့ ဆယ်ခုမှာ သုံးခုလောက်ကသာ စစ်မှန်တယ် လို့ပြောပါတယ်ရှင့် အဲတာ ဘယ်လို သဘောရပါသလဲ?"

သတင်းထောက်တွေ အတွက်ကတော့ ပြည်သူတွေ အာရုံစိုက်မူ ခံရဖို့သေချာတဲ့ မေးခွန်းကသာ ခေါင်းစည်းသတင်း ဖြစ်ဖို့ ထိုက်တန်တာပါ။

ဒီလို သတင်းမျိုးရဖို့ဆိုရင် တစ်ခြားလူတွေကို ရန်တိုက်ပေးရမယ် ဆိုရငိ လည်း လက်တွန့်နေမှာ မဟုတ်ပါဘူး။

လင်းဖန်ဟာ သူ့ကိုမေးတဲ့ သတင်းထောက်ကို ကြည့်ကာ ပြုံးလိုက်ပါသည်။ဒီလူ ဘယ်ကို ဦးတည်နေလဲ ဆိုတာ သူခန့်မှန်းနိုင်ပါတယ်။

လူလိမ် ထျန်ဟာ ဒီမေးခွန်းကို ကြားပြီး အနည်းငယ် ဆွံ့အသွားခဲ့ပေမယ့်လည်း လင်းဖန်ကို ဒီမေးခွန်းကို မဖြေပဲ ကျော်လိုက်ဖို့ မျက်လုံးနဲ့ အချက်ပြနေသည်။

ဝူတန်ဟီ က ရုပ်လွန်ဒသနက ဗေဒအဖွဲ့အစည်းမှာ အကြီးအကဲတစ်ယောက် ဖြစ်ပြီး၊အဆက်အသွယ်တွေ လည် အမျာကြီးရှိပါတယ်။

လင်းဖန်သာ သူ့ကိုသွားပြီး စော်ကားမိရင် ဒါဟာသူ့အတွက် ကပ်ဆိုးတစ်ခု ဖြစ်လာနိုင်ပါသည်။

သို့ပေမဲ့ လင်းဖန်က လုံးဝ မကြောက်ပေ။ဒီလူ ဘယ်သူလဲ ဆိုတာ သူဂရုမစိုက်ပါဘူး။ဒီလူအမှားလုပ်ထားတဲ့ အရာရှိရင် သူကျိန်းသေ အမှန်ဖြစ်အောင် ပြန်ပြင်ပေးမှာပါ။

"ဒီမာစတာ ဝူတန်ဟီ က အတော်စွမ်းဆောင် နိုင်စွမ်းရှိပါတယ်။တစ်ချိန်တည်းမှာပဲ သူက ကြင်နာတတ်တဲ့ မာစတာ တစ်ယောက်ပါ။သူက သူ့ရဲ့ ကျွမ်းကျင်မူဟာ မလုံလောက်သေးမှန်း သိလို့ တစ်ခြားလူတွေကို မလိမ်ညာချင်တာ ဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ ကျွန်တော်အတွက်ကတော့ ကျွန်တော် ဟော တဲ့အရာတိုင်း မှန်ကန်တယ် လို့ အာမခံနိုင်ပါတယ်"

လင်းဖန်ဟာ ပြုံးပြီး ပြန်ဖြေလိုကိသည်။

သွားပြီ...ဒီကောင်လေးက ပြသနာကို မီးမွှေးလိုက်တာပဲ.......

လူလိမ်ထျန်ဟာ လင်းဖန်ပြောနေတာတွေကို နားထောင်ရင်း ဆွံ့အနေခဲ့သည်။

အဲ့အချိန်မှာပဲ သတင်းထောက်တွေဟာ စိတ်လှုပ်ရှားနေကြပါသည်။

ဘေးနားက ရပ်ကြည့်နေတဲ့ လူအုပ်ကြီးဟာတော့ ဝူဟန်ဟီ က ဘယ်သူလဲ ဆိုတာ သိပုံမရပါဘူး။သူတို့က ဒီကို မာစတာ ဆီမှာ ဗေဒင်မေးဖို့ သက်သက် လာခဲ့ကြတာပါ။

"မင်းတို့ သတင်းထောက်တွေ ပြီးပြီလား? ငါတို့ ဒီမှာ မာစတာ လင်းနဲ့ ဗေဒင်ဟော ဖို့ လာခဲ့ကြတာ"

လူအုပ်ကြီးဟာ အနည်းငယ် စိတ်မရှည်ဖြစ်လာကြပါပြီ။

လင်းဖန်ဟာ လူအုပ်ကြီးကို တစ်ချက်ကြည့်လိူက်ပါတယ်။ဒီလူတွေရဲ့ ပိုက်ဆံကို သူသိပ်ပြီး စိတ်မဝင်ပါဘူး။ဒီလူတွေက သူ့ရဲ့ကျော်ကြားမူကို ကူညီပြီး တည်ဆောက် ပေးမဲ့ လူတွေပါ။

သူ့အတွက်ကတော့ ဒီလူတွေကို တိတိကျကျ အဆင်ပြေအောင်ဟော ပေးပြီး ၊ အားလုံးက လေးစားရတဲ့ မာစတာ လင်းဖြစ်လာဖို့အရေးကြီးပါသည်။

"ဂုဏ်သရေရှိ အမျိုးသမီးများနဲ့ လူကြီးမင်းများအမေးအဖြေ ကို ဒီလောက်နဲ့ အဆုံးသတ်လိုက်ပါပြီ။သူတို့က အဝေးကြီးကနေပြီး ဗေဒင်မေးကြတာ မလို့ အကြာကြီး စောင့်ခိုင်းလို့ မကောင်းလို့ပါ"

လင်းဖန် ပြောလိုကိသည်။

"ဟုတ်တယ် မင်းတို့ မေးချင်တာမေးပြီးရင် လည်း သွားကြတော့"

"မာစတာ လင်း ကျွန်တော်ကို အရင်ဟောပေးပါ"

သတင်းထောက်တွေဟာလည်း ဒီကိုလာပြီး အချိန်ကုန်ရတာ တန်တယ်လို့ ခံစားလိုက်ရပါတယ်။သူတို့ ခေါင်းကြီးပိုင်းမှာ တင်နိုင်တဲ့ သတင်းတွေကို ရပြီးကြပါပြီ။အထူးသဖြင့် ဝူတန်ဟီ နဲ့ ပတ်သက်နေတဲ့ အပိုင်းပါ။

ဒီသတင်းက ဝူတန်ဟီ ဘယ်သူလဲ ဆိုတာ မသိတဲ့ လူတွေ အတွက်ကတော့ သိပ်မထူးခြားပါဘူး။သို့ပေမဲ့ ရုပ်လွန်ဒသနိက ဗေဒ ကို စိတ်ဝင်စားတဲ့ လူတွေ အတွက်ကတော့ တကယ့်သတင်းထူးကြီးပါ။

နောက်ဆုံးတော့ လူအုပ်ကြီး စောင်နေခဲ့တဲ့ အချိန်ကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။

သတင်းထောက်တွေကတော့ ဘေးနားမှာ ရပ်နေလိုက်ကြပြီး သတင်းထူး တစ်ခုခုထပ်ရနိုင်ဦးမလား စောင့်နေကြပါတယ်။

လင်းဖန်ဟာတော့ အခြေအနေကို အကူညီမဲ့စွာကြည့်လိုက်ပါတယ်။ဗေဒင်မေးတဲ့ လူတစ်ချို့ရဲ့ မေးခွန်းတွေဟာ အနည်းငယ် ထူးဆန်းနေခဲ့ပေမဲ့လည်း သူ့အတွက် ပြသနာ ကြီးကြီးမားမား မရှိခဲ့ပေ။

လင်းဖန် အခု စွယ်စုံကျမ်းရဲ့ စည်းမျဥ်းကို လုံးဝနားလည်နေခဲ့ပါပြီ။စည်းမျဥ်းကတော့ အနာဂတ်နဲ့ ပတ်သက်ပြီး တိတိကျကျ ပြောလို့မရတာပါ။

သူစည်းမျဥ်းတွေကို လိူက်နာသ၍ ဘာအပြစ်ပေးမူမှ ရှိမှာ မဟုတ်ပေ။

ဥပမာ - မင်းမနက်ဖြန် မနက်ပိုင်းကျရင် ဝတ်စုံအနက် ဝမ်းဆက်ဝတ်ထားတဲ့ လူက မင်းခေါင်းကို ဘယ်နှစ်ချက်ရိုက်မယ်"

သူဒီလို အတိတကျ ပြောရင် မိုးကြိုးပစ်ပြီး အပစ်ပေးခံရမှာပါ။

သို့ပေမဲ့ ဒီလူ အနက်ဖြန်ကျ အရိုက်ခံရကိန်း ရှိတယ်လို့ ဟောလိုက်ရင်တော့ ဘာမှ မဖြစ်ပါဘူး။တစ်ခါတစ်လေ ဆိုရင် လင်းဖန်ဟာ စွယ်စုံကျမ်းရဲ့ အစွမ်းထက်မူကို သူကိုယ်တိုင်တောင် အံ့သြရပါတယ်။

လင်းဖန် ဆိုင်လေးမှာ တစ်နေ့လုံးအဆက် မပြတ်ဟောနေခဲ့သည်။

နောက်ဆုံး ကာစတန်မာကို ညဘက်မှာ အပြင်ကို လိုက်ပို့ပြီးတဲ့ နောက်မှာပဲလင်းဖန် စိတ်သက်သာရာ ရသွားခဲ့ပါတယ်။

လူလိမ်ထျန်ဟာလည်း မောပန်းနေပေမဲ့ ဒီလူတွေအများကြီး ဟာ သူ့စိတ်ကို လှုပ်ရှားစေပါတယ်။

သို့ပေမဲ့ သူစိုးရိမ် နေတဲ့ကိစ္စတော့ ရှိနေသေးသည်။

"ညီအစ်ကို ၊ မင်း သတင်းထောက်တွေမေးတဲ့ မေးခွန်းကို မဖြေသင့်ဘူးနော်။ဒါက ဝူတန်ဟီကို သွားရှုပ်သလို ဖြစ်နေတယ်"

လင်းဖန်ရဲ့ မျက်လုံးများဟာ ကျဥ်းမြောင်းသွားခဲ့ပါတယ်။

"ကျုပ်က ဘာကိုကြောက်ရမှာလဲ?ကျုပ်ပြောတာက အမှန်တွေ ချည်းပဲလေ။ခင်ဗျား ကျုပ်လိုအဆင့်မျိုးရောက် တဲ့အချိန်ကြရင် နားလည်လာလိမ့်မယ်"

သူသာ တစ်ခြားလူတွေ ပြောတာကို လိုက်ထောက်ခံနေရင် သူပြောချင်တာအရာ ကို ဘယ်တော့မှ ပြောခွင့်ရမှာ မဟုတ်တော့ပါဘူး။

ငါပြောတာ တွေမှာ အမှားတစ်လုံးမှ မပါဘူး..ငါကဘယ်သူ့ကို ကြောက်ရမှာလဲ....?

လူလိမ် ထျန်ဟာ လင်းဖန်ကို ကြည့်ကာ ပြန်ပြောလိုက်သည်။

"မင်းက တကယ့်စောက်ကျိုးနဲ တဲ့ကောင်ပဲ၊ မင်းဟောတာတွေ မှန်တယ် ဆိုတာတော့ ငါဝန်ခံပါတယ်။ဒါပေမဲ့ သူတို့တွေ မင်းမျက်မျက်နှာကို ဝိုင်းရိုက်တဲ့ အချိန်ကြမှ မင်းငါပြောတာကို နားလည်လိမ့်မယ်"

"ဟာဟား ကျုပ်သူတို့ကို မကြောက်ပါဘူး၊။တခြားအကြောင်း ပြောရအောင် ဒီတိုင်းသာ ဆက်ဖြစ်နေရင် ကျုပ်သေသွားလိမ့်မယ်"

"ကျွန်တော် အသက်ရှည်ဖို့အတွက် မနက်ဖြန်ကြရင် စည်းမျဥ်းတစ်ခုလောက် ပြောင်းမှရမယ်"

လင်းဖန်ဟာပြောလိုက်သည်။ဗေဒင်ဟောရင်း သေသွားတဲ့ ပထမဆုံးဗေဒင်ဆရာ ဟာ သူမဖြစ်ချင်ပေ။

"အာ ဒါက ပိုက်ဆံတွေ အများကြီးရမယ့် အခွင့်အရေးနော်"

လူလိမ် ထျန်ဟာ ဝမ်းနည်းစွာပြောလိူက်သည်။

"ခင်ဗျား မှာပိုက်ဆံအများကြီး ရှိရင်တောင် ၊ ခင်ဗျားသေသွားရင် ပိုက်ဆံတွေကို သုံးလို့ရနိုင်ပါဦးမလား...ဟောချင်ရင် ခင်ဗျားတစ်ယောက်တည်း ဟော"

လင်းဖန် လူလိမ်ထျန်ကို ကြည့်ကာပြောလိုက်သည်။ဒီလူလိမ်ထျန် က ပိုက်ဆံကိုပဲ မြင်တဲ့ လူတစ်ယောက်ပါ။

"ငါက မင်းလိုမှ မဟောတတ်တာ"

လူလိမ် ထျန်ဟာ ကူရာမဲ့စွာပြန်ဖြေ လိုက်ပါတယ်။လင်းဖန် အမှန်တကယ် စွမ်းဆာင်နိုင်စွမ်းရှိတယ် ဆိုတာ ကိုတော့ ဝန်ခံရမှာပါ။

.............

တက္ကသိုလ် တစ်ခုတွင်။

လီအန်ရှင်းဟာ အပြင်ကနေ အဆောင်ကိုပြန်လာခဲ့ပါတယ်။သူအဆောင်ကို ​ေရာက်တဲ့အချိန်မှာ သူ့သူငယ်ချင်း ရှုဟွာဂျီ ဟာတစ်ယောက်တည်း ဘီယာသောက်နေတာ တွေ့လိုက်ရပါသည်။

သူ့ရင်ထဲတွင် စိတ်မကောင်း သလို့ခံစားလိုက်ရသည်။

"ဒီနေ့ အင်တာဗျူး"

"ငါ ကျတယ်"

ရှုဟွာဂျီ ဟာအတော် စိတ်ဓာတ်ကျနေခဲ့ ပါပြီ။သူဒီ အင်တာဗျူး အတွက်အချိန်အကြာကြီး ပြင်ဆင်ထားတာတောင်မှ ကျရှုံးပါသေးတယ်။

ဒါက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကိုအတော်ရိုက်ခတ်မူ ဖြစ်စေခဲ့ပါသည်။

"ဘာမှမဖြစ်ပါဘူး မင်းပိုကောင်းတဲ့ ကုမ္ပဏီ တစ်ခုမှာ အလုပ်ရမှာပါ"

လီအန်ရှင်း ဟာ သူ့ သူငယ်ချင်းကို နှစ်သိမ့်လိုက်ပါတယ်။

တစ်ချိန်တည်းမှာ ပဲ သူမာစတာ လင်းကို ပိုပြီးယုံကြည်သွားမိပါသည်။

မာစတာ လင်းက ရှုဟွာဂျီ ဒီနှစ်ရက် အတွင်းမှာ ကံဆိုးနေလို့ အင်တာဗျူးသွား မဖြေဖို့ ပြောထားပြီးသားပါ။

သူ မာစတာ လင်းရဲ့ စကားတွေကို ယုံကြည်ပါတယ်။အမှန်ပြောရရင် သူကိုယ်တိုင်လည်း ဒီနေ့ ဘာလုပ်လုပ်ကို အဆင်မပြေ ဖြစ်နေခဲ့တာပါ။

ဒါက မာစတာ လင်းပြောထားတဲ့ အတိုင်း ကွက်တိပါပဲ......

All Chapters