← Chapters

ပထမဆုံး

Vol. 4 Ch. 53

ပထမဆုံး

Vol. 4 Ch. 53

နောက်တစ်နေ့မနက်တွင်။

လင်းဖန်ဟာ လူလိမ် ထျန်ကိုဆိုင်စောစော ဖွင့်ဖို့ပြောထားခဲ့ပါတယ်။သူတို့သာ ဒီ လူအုပ်ကြီးကို ထိန်းချုပ်ဖို့ တစ်ခုခုမလုပ်ဘူးဆိုရင် အမောဆို့ပြီး သေသွားပါလိမ့်မယ်။

ကာစတန်မာတွေ တစ်ယောက်မှ မလာခင်မှာ သူတို့အဖြေတစ်ခုထွက်တဲ့ အထိဆွေးနွေးခဲ့ကြသည်။

သူတို့ဟာ ကာစတန်မာ တွေကို အကန့်အသတ်ဖြင့်သာ လက်ခံဖို့ ဆုံးဖြတ်လိုက်ကြပြီး နောက်လူတွေကိုတော့ ကြိုတင် တုန်ကင်ယူထားကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

လင်းဖန်ဟာ လူလိမ်ထျန်ကို ပိုစတာ တစ်ခုရေးသားကာ ဆိုင်ရှေ့တွင် ချိတ်ထားရန် ညွန်းကြားခဲ့လိုက်သည်။

"ကျေးဇူးပြု၍ :

တစ်နေ့လျင် ကာစတန်မာ အယောက်နှစ်ဆယ် သာလက်ခံမည်ဖြစ်သည်။သင်မလာခင် အင်တာနက်ပေါ်တွင် ကြိုတင် အကြောင်းကြားနိုင်သည်။ကျုန်ုပ်တို့သည် စနေ ၊ တနဂ်နွေ တွင်ဆိုင်ဖွင့်မည်မဟုတ်ပါ"

လူလိမ်ထျန်ဟာ ဒီစာသား ကိုချိတ်တဲ့ အချိန်မှာရင်နာနေခဲ့ပါတယ်။ဒါက ပိုက်ဆံတွေကို ထွက်သွားဖို့ နှုတ်ဆက်လိုက်သလိုပါဘဲ။

လင်းဖန်ရဲ့ ဘေးချင်းကပ် အထည်ဆိုင်မှ သူဌေးမိန်းမကြီးဟာ ပိုစတာ ကိုမြင်ပြီး ပြောလိုကိပါတယ်။

"ဒီလို ကြေညာချက်မျိုး အခုမှပဲမြင်ဖူးတော့တယ်။လူလိမ် ထျန် ရှင်အားရင် ကျွန်မ ဆိုင်ကို အလည်လေး ဘာလေး လာခဲ့လေ"

ဖတ်တီး မိန်းမကြီးဟာ သူနဲ့ ဇာတ်လမ်းစဖို့ ကြိုးစားနေတာ မြင်တဲ့အချိန်မှာ လူလိမ် ထျန် မျက်နှာပျက်သွားခဲ့ပါတယ်။သူချက်ချင်း လက်ဝေ့ယမ်းကာ ပြန်ငြင်းလိုက်သည်။

ငါ့ကို လာနောက်နေတာလား..? ငါ ထျန် ,က ကိုယ့်ကိုကို ထိန်းချုပ်နိုင်ပါသေးတယ်..ဒီလို ဖတ်တီး မိန်းမကြီးရဲ့ ဆွဲဆောင်မူနောက် ပါစရာလား.... ...ဒီထက် နည်းနည်းလေး သာရင်တောင် ငါလက်ခံနိင်သေးတယ်။

"လူလိမ် ထျန် , ဒီမိန်းမကြီး က တစ်ခုခုတော့ တစ်ခုခုပဲနော် ၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားကလည်း လူပျိုကြီးပဲလေ။ဘာလို့ မကြိုးစား ကြည့်တာလဲ"

"လစ်လိုက် ၊ ငါ့ရုပ်ရည် ခန့်ညားမှန်း ငါသိတယ်။ဒါပေမဲ့ ငါက ဒီလိုကိစ္စတွေကို သိပ်ဂရုစိုက်တာ မဟုတ်ဘူး"

လူလိမ် ထျန်ဟာပြန်ပြော လိုက်သည်။

သူတို့ စကားပြောနေတုန်းမှာပဲ ကာစတန်မာ တစ်ယောက်ဟာ ဝင်လာခဲ့ပါတယ်။

"မာစတာ လင်း၊ နောက်ကျရင် ကာစတန်မာ တွေကို ကန့်သတ်လိုက်တော့မှာလား?"

သက်လတ်ပိုင်း အမျိုးသမီးဟာ ဆိုင်ဝက ပိုစတာ ကိုမြင်ပြီး အံ့သြစွာမေးလိုက်ပါတယ်။

လင်းဖန်ဟာ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"ဟုတ်တယ် လူတွေအများကြီးကို ဗေဒင်ဟောရတာက ကျွန်တော်ကို တော်တော် ပင်ပန်းစေတယ်။ခင်ဗျားက ဒီနေ့အတွက် ပထမဆုံးတစ်ယောက်ပဲ.ဒီတော့ ဘာမေးချင်တာလဲ မေးလို့ရတယ်"

"ရုတ်တရက် ကျွန်မ ယောက်ျားအမူကိစ္စတွေ ရင်ဆိုင်ရတာကို အိပ်မက်မက်လို့၊အဲတာ မာစတာလင်း ဆီကို ဗေဒင်လာမေးတာ"

လင်းဖန် ပြုံးလိုက်ကာ အမျိုးသမီးကို ကြည့်လိုက်ပါတယ်။

"ဒါက အကုနိလုံးကို အိပ်မက်ထဲမှာ ဖော်ပြပြီးသားပါ။ခင်ဗျားယောက်ျားကို အိပ်မက်မက်တယ် ဆိုတာက ခင်ဗျားက ယောက်ျားအပေါ် အတော်ဂရုစိုက်တယ်လို့ ဆိုလိုတာပဲ။ဒါက ခင်ဗျားတို့ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုရှိလာလိမ့်မယ်။ပြသနာ ဘာမှမရှိဘူး"

"အိုး"

သက်လတ်ပိုင်း အမျိုးသမီးကြီးဟာ လင်းဖန်ပြောလိုက်တဲ့ စကားကိုကြားပြီး စိတ်သက်သာရာ ရသွားခဲ့ပါတယ်။

"ဒါပေမဲ့ ခင်ဗျား ပိုပြီး ဂရုစိုက်ဖို့ လိုလိမ့်မယ်နော်။ ခင်ဗျားယောက်ျားကို ရေခြား မြေခြားအထိ ခရီးမသွားခိုင်းဖို့ အကြံပေးချင်တယ်။သူ့ဘဝမှာ ဆုံးရှုံးမူ အနည်းငယ် ကြုံရနိုင်တယ် ဒါပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရဘူး"

လင်းဖန် ထပ်ပေါင်းပြောလိုက်သည်။

"မာစတာ ပိုပြီး တိတိကျကျလေး ဟောပေးနိုင်မလား"

သက်လတ်ပိုင်း အမျိုးသမီးကြီးဟာ စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်ပါတယ်။

လင်းဖန် လက်ကို ဝေ့ယမ်းကာ ပြန်ဖြေလိုကိသည်။

"ကောင်းကင်ဘုံရဲ့ လျို့ဝှက်ချက်ကို ဒီလိုဖော်ထုတ်လို့ မရဘူး။ဒီရက်ပိုင်းမှာ သူ့ကို အဝေးကြီးတွေ မသွားခိုင်းဖို့သာ သတိရပါ။ဒါပေမဲ့ သူသွားရင်တောင် ဆုံးရှုံးမူ အနည်းငယ်လောက်ပဲ ကြုံရမှာပါ"

စွယ်စုံကျမ်းရဲ့ စည်းမျဥ်းကြောင့်သာ မဟုတ်ရင် သူ ပေရှည်မနေပဲ ​တန်းပြောလိုက်မှာပါ။သို့ပေမဲ့ စည်းမျဥ်းတွေကြောင့် သူအကုန်ပြောလိုကိလိူ့ မရပါဘူး။

သက်လတ်ပိုင်း အမျိူးသမီးဟာ လင်းဖန်ကို ယုံကြည်ပါတယ်။သူမဟာ ဝိုက်ဘိုပေါ်မှာလည်း လင်းဖန်ရဲ့ ပရိတ်သတ်ပါ။သူမဟာ ရှန်ဟိုင်းမှာ နေတာဖြစ်ပြီး မာစတာလင်း ရဲ့ လိပ်စာ က ရှန်ဟိုင်မှာ ဆိုတာ သိလိုက်ရတဲ့အတွက် ဒီကို ဗေဒင်လာမေးခြင်းဖြစ်သည်။

ယင်းနောက် သူမဟာ ဘာမှထပ်မမေးတော့ပဲအခကြေးငွေကိုပေးကာ ထွက်သွားခဲ့လိုက်သည်။

မိနစ်အနည်းငယ် ၊ စကားလုံး အနည်းငယ် နဲ့တင် လင်းဖန်ဟာ ဒေါ်လာ အနည်းငယ် ဝင်ငွေရရှိခဲ့ပါတယ်။

လင်းဖန်ဝမ်းသာစွာ ပိုက်ဆံကို သိမ်းလိုက်ပြီးနောက်မှာ လူလိမ်ထျန်ဟာ သူ့ကို စိုက်ကြည့်နေတာ သတိထားမိလိုက်ပါသည်။သူ ချက်ချင်းပြန်ကြည့်လိုက်ပြီး မေးလိုက်ပါတယ်။

"လူလိမ် ထျန် , ကျုပ်ကို ဘာလို့အဲလို ကြည့်နေတာလဲ?"

လူလိမ် ထျန်ဟာ နှာခေါင်းကို ပွတ်လိုက်ကာ ရေရွတ်လိုက်သည်။

"တစ်ခါတစ်လေ ကျရင် ငါမင်းကို တစ်ကယ်လေးစားမိတယ်။မင်းနဲ့ ကိုယ်ကိုယ်နှိုင်းယှဥ်မိတဲ့ ချိန်ဆို ငါ့မှာ စိတ်တိုယုံပဲ တတ်နိုင်တယ်"

"ဒါဆိုရင်တော့ ခင်ဗျားမှန်သွားပြီ.."

လင်းဖန် ရယ်မောကာ ပြောလိုက်သည်။

လူလိမ်ထျန်ဟာ မျက်လုံးများ ကျဥ်းမြောင်းသွာကာ လင်းဖန်ကို ကြည့်နေလိုက်သည်။

ဒီကောင်လေးက တစ်ခြားလူတွေ နောက်ပြောင်ရတာ တော်တော်သဘောကျတယ်ထင်တယ်. ...

.............

ဝိုက်ဘိုပေါ်တွင်။

လင်းဖန်ကို အင်တာဗျူးသွားကြတဲ့ သတင်းထောက်တွေဟာ သူတိူ့ အချက်အလက် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး စိတ်လှုပ်ရှားနေခဲ့ကြပါတယ်။

အရင်တုန်းက ကံစမ်းမဲလက်မှတ်ကနေ အထူးဆုပေါက်တဲ့ လူဟာ မာစတာ ကြိုတင်ဟောခဲ့လို့ ပေါက်တယ် ဆိုတာ သိလိုက်ကြရပါတယ်။

သို့ပေမဲ့ သတင်းထောက်များဟာ အနည်းငယ်တော့ သံသယဖြစ်နေကြသေးသည်။ဘာပဲဖြစ်ဖြစ် မာစတာ လင်း ဟောကိန်းထုတ်ခဲ့တာ တွေက ယုံကြည်မူ ခက်ခဲတဲ့အရာတွေပါ။

အရင်းတုန်းကလည်း မာစတာတွေ အများကြီးရှိခဲ့ဖူးပါတယ်။သို့ပေမဲ့ သတင်းထောက်များရဲ့ မဆုတ်မနစ်ကြိုးစားမူ ၊ သိချင်စိတ်ပြင်းပြမူအောက်မှာ သူတို့ရဲ့ အလိမ်အညာတွေ လှည့်ကွက်တွေဟာ ထွက်ပေါ်လာခဲ့စမြဲပါ။

ဒါကြောင့် များပြားလှတဲ့ သတင်းထောက်တွေဟာ မာစတာ လင်းကို အရင်လူတွေလိုမျိူး လှည့်ကွက်တွေ သုံးထားတဲ့ လူလိမ်လို့ သံသယ ဖြစ်နေပြီး ဖော်ထုတ်ချင် နေကြပါတယ်။

....

ဝိုက်ဘိုပေါ်မှာတော့ ပို့စ်တစ်ခုဟာ ပေါ်ပြူလာဖြစ်လာခဲ့ပါတယ်။ဒါဟာ လူပြောများတဲ့ အကြောင်းအရာ တစ်ခုတောင် ဖြစ်လာခဲ့သည်။

"ရှန်ဟိုင်းက မာစတာ လင်းရဲ့ စကားလုံးတွေက အမြဲတမ်း တိကျတာချည်းပဲ။သူက ရုပ်လွန်ဒသနိက ဗေဒ အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ဝူတန်ဟီကိုတောင် အသေရေဖျက်ပြီး ပြောဆိုခဲ့သေးတယ်"

ရုပ်လွန်ဒသနိက ဗေဒ အဖွဲ့အစည်းရဲ့ခေါင်းဆောင် ဝူတန်ဟီ ဟာ စူပါစတားတွေလောက်တော့ မ​ကျော်ကြားပါဘူး။သို့ပေမဲ့ သူ့နယ်ပယ်မှာ ရှိကြတဲ့ လူတိုင်းဟာ ဝူတန်ဟီကို လေးစားကြပါတယ်။

လင်းဖန်က လက်ရှိ ဝိုက်ဘိူမှာကျော်ကြားနေတဲ့ လူတစ်ယောက်ဖြစ်ပြီး ဒီသတင်းဟာ များပြားလှတဲ့ ဝိုက်ဘို အသုံးပြုသူများကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

"ဘယ်လောက်လေကြီး လိုက်လဲ၊ ဝူတန်ဟီ က ဒီနိုင်ငံရဲ့ နံပါတ် ၁ ဗေဒင်ဆရာဖြစ်ပြီး များပြားလှတဲ့ ချမ်းသာတဲ့လူတွေ ၊ လွမ်းမိုးနိုင်စွမ်း ရှိတဲ့ လူတွေကိုတောင် ဟောပေးခဲ့တာ"

"ဒါကတော့ မာစတာ လင်း နည်းနည်းများသွားပြီ ထင်တယ်နော် ၊ သူကြိုဟောတာ နည်းနည်းပါးပါး မှန်ယုံနဲ့ ကိုယ့်ကိုကို နတ်ဘုရားလို့ ထင်နေတာလား မသိဘူး"

"မာစတာ လင်းကိုတော့ အကုန်သိကြပါတယ်။ဒါပေမဲ့ ဝူတန်ဟီ က ဘယ်သူမိုလို့လဲ? သူက ငါတို့ရဲ့ မာစတာ လင်းကို ဘယ်လို ယှဥ်နိုင်မှာလဲ"

"အပေါ်က ကောင်လေး၊ မင်းသေချာ လေ့လာဦး။အခုမင်းသုံးနေတဲ့ ဝိုက်ဘို တည်ထောင်သူတောင် ဝူတန်ဟီ ရဲ့ အကူညီကို ယူထားဖူးလားမသိဘူး"

"ချီးပဲ ငါသွားကြည့်သေးတယ်။ဘယ်လောက် အထင်ကြီးစရာ ကောင်းလဲ..သူက တကယ့်ဆရာကြီးဖြစ်မယ်"

ဒီအကြောင်းအရာက အားလုံးကို ဆွေးနွေးစေအောင် ဖန်တီးနေခဲ့ပါတယ်။

ရုပ်လွန်ဒသနိကဗေဒ ကို လေ့လာလိုက်စားကြတဲ့ လူများဟာတော့ လင်းဖန်ကို မယုံကြည်ကြပါဘူး။

သူတို့ယုံကြည်ထားတာက လင်းဖန်ဟာ လူအများကြီးရဲ့ အာရုံစိုက်မူကို ရအောင်လုပ်ပြီး နာမည်ကျော်ဖို့အတွက် ဖန်တီးနေတဲ့ ကောင်တစ်ယောက်ပါ။

ဝူတန်ဟီ ကဘယ်သူမို့လို့လဲ...?

ဒီနိုင်ငံရဲ့ ရုပ်လွန်ဒသနိကဗေဒ ဆိုင်ရာ အသိအမှတ်ပြုရတဲ့ လူတစ်ယောက်ဖြစ်သည်။လင်းဖန်လို့ အတွေ့အကြုံမရှိ ၊ မလောက်လေး မလောက်စား ကောင်လေးက ယှဥ်လို့ရတဲ့ လူမဟုတ်ပေ။

သို့ပေမဲ့ ဒီလူတွေက လင်းဖန်လို အားပေးတဲ့ပရိသတ်အများကြီး မရှိပါဘူး။သူတို့ဟာ ပြည်သူလူထု အပေါ်လွှမ်းမိုးနိုင်သည့် စွမ်းရည် မရှိပေ။

သို့ပေမယ့် ဝူတန်ဟီရဲ့ အကူညီကို ယူခဲ့ဖူးတဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ လူများဟာ ဒီအခါမှာ ရှေ့ထွက်လာကြပါသည်။သူတို့က ဝူတန်ဟီရဲ့ သစ္စာရှိ ယုံကြည်သူတွေပါ။

ဝူတန်ဟီရဲ့ သိက္ခာမြောင်းထဲကျ မယ့်အဖြစ်ကိုသူတို့ လက်ပိုက်ပြီး ကြည့်မနေနိုင်ကြပါဘူး။

.......

လျန်ကျုံးမှ ဇိမ်ခံဗီလာ တစ်ခုတွင်။

ဒီဗီလာကို ခေတ်မီ ဒီဇိုင်းစိတ်ကူးတွေ နဲ့ပုံဖော်ဆောက်လုပ်ထားခြင်းဖြစ်ပါသည်။အိမ်ကြီးထဲမှာ ခေတ်မှီ စျေးကြီးတဲ့ ပစ္စည်းတွေနဲ့တောင် ပြည့်နှက်နေခဲ့ပါတယ်။

ဝူတန်ဟီဟာ ရုပ်လွန်ဒသနိကဗေဒရဲ့ ခုနှစ်ဆက်ျမြာက် မျိုးဆက်ဖြစ်ပါသည်။သူဟာ ဒီနယ်ပယ်မှာ အောင်မြင်မူ အတော်လေးရခဲ့တယ် လို့တောင်ပြော လို့ရပါတယ်။

သူဟာ မရေမတွက်နိုင်သည့် လူများကိူ အကြံဥာဏ်များပေးခဲ့ပြီး ဒီအထဲမှာ လွမ်းမိုးနိင်စွမ်းရှိသူတွေ ၊ ငွေကြေးချမ်းသာတဲ့ လူတွေ အများကြီးပါဝင်ပါတယ်။

သူဟာ လျန်ကျုံး မှာသာမက နိုင်ငံတစ်ဝှမ်းမှာပါ ဂုဏ်သရေ ၊သိက္ခာရှိတဲ့ လူတစ်ယောက်ပါ။သူ့ကို သူဌေးတွေ ၊ လွမ်းမိုးနိုင်စွမ်းရှိတဲ့ လူတွေတောင် ရိုသေရပါတယ်။

ငယ်ရွယ်ပြီး လှပတဲ့မိန်းကလေး တစ်ယောက်ဟာ ဇိမ်ခံ ဆိုဖာပေါ်မှာ လှဲလျောင်းရင်း ဖုန်းထဲက ဝိုက်ဘိုဆော့ဝဲကို အသုံးပြုနေခဲ့ပါတယ်။

သူမ ဝိုက်ဘိုပေါ်က သတင်းတစ်ခုကို မြင်လိုက်တဲ့ အချိန်မှာ စိတ်တိုစွာဖြင့် ထခုန်လိုက်ပါသည်။

"ဒီလူကတော့ စောက်ရမ်းများသွားပြီ"

"ယူလန် ဒီလိုစကားလုံးသုံးနှုန်းတာကို ဆင်ခြင်ရမယ်လေ...ဒီတစ်ခေါက်ရောဘာဖြစ် ပြန်တာလဲ"

စာဖတ်ခန်းထဲက ထွက်လာတဲ့ အသက်ကြီးကြီးလူတစ်ယောက်ဟာ သူ့သမီးပြောလိုက်တဲ့ အသံကိုကြားပြီး ဆုံးမနေခဲ့တာပါ။

သက်လတ်ပိုင်းလူကြီးဟာ ဝူတန်ဟီ ဖြစ်ပြီး ရုပ်လွန်ဒသနိကဗေဒ ရဲ့အကြီးအကဲ တစ်ဦးဖြစ်ပါတယ်။သူဟာ ခုနှစ်ဆက်မြောက် မျိုးဆက်ရဲ့ အကောင်းဆုံးစွမ်းဆောင် နိုင်သူ တစ်ဦးဖြစ်ပါသည်။

ဝူတန်ဟီ ရဲ့ ငယ်ရွယ်တဲ့နှစ်တွေအကြောင်း ကောလဟလ တစ်ခုလညိးရှိပါသေးတယ်။

သူတို့မိသားစု တစ်ခုလုံးက ဖိနိုပ်မူအောက်မှာ ရှိခဲ့ကြတာပါ။သူတို့ မိသားစု တောထဲကို သွားပုန်းပြီး နေကြရတဲ့ အချိန်မှာ မြစ်ကမ်းဘေးက အမျိုးသမီး အလောင်းတစ်ခုကို တွေ့ခဲ့ကြရပါတယ်။

ဝူတန်ဟီဟာ အမျိုးသမီး အလောင်းကို သေချာမြေမြုတ်ပေးခဲ့ပြီး အဲ့နေညမှာပဲ အိပ်မက်တစ်ခုမက်ခဲ့ပါတယ်။အမျိုးသမီးဟာ ဝူတန်ဟီကို သူ့ကိုမြေမြုပ်ပေးတဲ့ အတွက်ပြန်လည်ကူညီ ချင်နေပြီး ရွေးချယ်စရာ နှစ်ခုပေးခဲ့ပါတယ်။ချမ်းသာတဲ့ ဘဝလား ဒါမှမဟုတ် ငြိမ်းချမ်းသာယာ တဲ့ဘဝလား။

သူဟာ ချမ်းသာတဲ့အောင်မြင်မူကို ရွေးလိုက်ပြီးတဲ့နောက်မှာ သူ့ရဲ့ ရုပ်လွန်ဒသနိက နယ်ပယ်ဟာ အလျင်အမြန်ပဲ အောင်မြင်လာခဲ့ပါတယ်။ဝူတန်ဟီ သက်လတ်ပိုင်း အရွယ်ကို ရောက်တဲ့ အချိန်မှာ အတော်​ကျော်ကြားနေခဲ့ပါပြီ။

သို့ပေမဲ့ သူဟာ များပြားလှတဲ့ လူတွေရဲ့အနာဂတ် ကို ဟောကြားခဲ့ပြီး မိုးကောင်းကင်ရဲ့ လျို့ဝှက်ချက် ကို ထုတ်ဖော်သလို ဖြစ်လာခဲ့သည်။

ရလာဒ်အနေနဲ့ သူ့ရဲ့နောက်လာမယ့် မျိုးဆက်တွေမှာ ကြမ်းတမ်းတဲ့ ဘဝကို ရရှိရမှာပါ။အထူးသဖြင့် သူ့သမီးလေး မွေးဖွားတဲ့ အချိန်မှာ အရမ်းခက်ခဲလွန်းလို့ သူ့မိန်းမဟာ သေဆုံးခဲ့ရပါတယ်။

သူ့သမီးဟာ လည်း ကြမ်းတမ်းတဲ့ ဘဝအတွက်ကံတရားပါလာခဲ့ ပြီးသားဖြစ်သည်။မွေးဖွားမူ အချက် ရှစ်ချက်ရှိတဲ့အထဲမှာ သူမမှာ နှစ်ချက်ပါမလာခဲ့ပါဘူး။

သူမရဲ့ နာမည်ကို ယူလန် လို့မှည့်ထားတာ ကလည်း မြေကြီးဓာတ် နဲ့ ရေဓာတ် ချွတ်ယွင်းနေတယ် ဆိုတဲ့ အဓိပါယ် ပါဝင်နေပါတယ်။

သို့ပေမဲ့ ဝူတန်ဟီ ဟာဒါကို ကံတရားအဖြစ်သာ လက်ခံထားပြီး အတင်းအကြပ်ပြောင်းလဲခြင်း မရှိခဲ့ပေ။

"အဖေ ဒီဝိုက်ဘိုပေါ်က ဟာကို တစ်ချက်ကြည့်လိုက်ဦး၊ ဒီကောင်လေးက အ​ေဖ့ရဲ့ စွမ်းရည်တွေက လိူအပ်ချက်တွေရှိနေတယ် လို့ပြောနေတယ်..ဘယ်လောက် စိတ်တိုဖို့ကောင်းလဲ"

ဝူတန်ဟီ ဟာစိတ်သဘောထား ပြည့်ဝတဲ့ လူတစ်ယောက်ပါ။သူဟာ ဒီလိုအရာကို လုံးဝ စိတ်ထဲမထားပဲ ပြန်ဖြေလိုက်ပါတယ်။

"တည်တည်ငြိမ်ငြိမ်နေရမယ် ...လွယ်လွယ်နဲ့ ဒေါသ မထွက်မိစေနဲ့"

"အဖေ ကြည့်ဦး ..သူက သမီးကိုဒီနေ့ မကောင်းတာ တစ်ခုခုဖြစ်လိမ့်​မယ်ဆိုပြီး သတိထားနေဖို့ ပြောနေတယ်...တော်တော် စိတ်တိုဖို့ ကောင်းတာပဲ စိတ်တိုလိုက်တာ"

ဝူတန်ဟီဟာ ခေါင်းကို ခါယမ်းကာပြောလိုက်ပါတယ်။

"ဒီလိုအရာအတွက် ဒေါသထွက်စရာ မလိုဘူးလေ၊ အဖေသမီး အတွက်ကြည့်ပေးပြီးသွားပြီ ဒီနေ့မှ ဖြစ်မှာ မဟုတ်ဘူး"

"ဒါအမှန်ပဲ အဖေကသမီး လုံခြုံတယ်လို့ပြောထားတာတောင် ဒီကောင်လေးက လာချိန်းခြောက်နေသေးတယ်။သူ့ကိုသူ ဘာထင်နေလဲ မသိဘူး?? သမီးသူ့ကို ဂရုမစိုက်တော့ဘူး..ဦးလေးတို့ကတောင် သူ့ကို စိတ်တိုနေကြပြီ"

ဝူယူလန်ဟာ သူမရဲ့ ဖုန်းကိုချလိုက်ပြီး ဝူတန်ဟီကို နောက်ကနေ သိုင်းဖတ်လိုက်ပါတယ်။

"အဖေ သမီးအပြင်သွားလိုကိဦးမယ်..ပြန်လာရင် အဖေ့အတွက် အရသာရှိတဲ့ သစ်သီးတွေ ဝယ်လာပေးမယ်"

ဝူတန်ဟီဟာ သူ့သမီးလေးကို ချစ်ခင်စွာကြည့်ပြီး ပြောလိုကိပါတယ်။

"အိမ်ကို စောစောပြန်လာပြီး ၊ လုံခြုံအောင်နေရမယ်နော်"

"စိတ်မပူပါနဲ့ သမီးသိပါတယ်"

ဝူယူလန်ဟာ သူမရဲ့ အိတ်ကို လွယ်ကာ အိမ်ထဲမှ ထွက်သွားပါတော့တယ်....

All Chapters