← Chapters

အထူးကြောက်လန့်မူ ၊ လွန်ကဲစွာကြောက်လန့်မူ

Vol. 4 Ch. 54

အထူးကြောက်လန့်မူ ၊ လွန်ကဲစွာကြောက်လန့်မူ

Vol. 4 Ch. 54

"စောက်ကောင်လေး နင်တကယ်ငါကို အဲလိုပြောရဲတယ်လား.? နင်က သေဖို့ဆုတောင်း နေတယ်ထင်တယ်"

လင်းဖန် ဝိုက်ဘိုသုံးနေတဲ့ အချိန်မှာ မိန်းမလှလေးတစ်ယောက်ဟာ သူ့ကို သီးသန့် မက်ဆေ့လာပို့ခဲ့တာပါ။

ဒါက လင်းဖန်ကို ဒေါသထွက်စေခဲ့ပြီး တစ်ခုခုပြန်တုန့်ပြန်ဖို့ လုပ်လိုက်သည်။

သို့ပေမဲ့ မိန်းကလေးဟာ အရမ်းပဲ လှပနေခဲ့ပါတယ်။သူမရဲ့ လှပမူဟာ TV ပေါ်မှာ ပြသနေတဲ့ စူပါစတား တွေထက်တောင် သာလွန်နေခဲ့ပါသည်။

ဒါကြောင့် မိန်းကလေးကို အလွတ်မပေးပဲ ဗေဒင်အလကားတွက်ပေး မယ်လို့ပြောကာ အခမဲ့ တွက်ပေးခဲ့တာပါ။

အချိန်အကြာကြီး စောင့်ဆိုင်းပြီးတာတောငိ မိန်းကလေးဟာ သူ့ကို စာထပ်မပြန်ခဲ့ပါဘူး။လင်းဖန်ဟာ ပြန်စာကို စောင့်နေရင်း ပျင်းရိလာခဲ့သည်။

အစကသူနဲ့စကားပြောဖို့ မိန်းမလှလေး တစ်ယောက်ရပြီ လို့တွေးထားတာပါ။အခုတော့ ဟိုဘက်က စာတောင်မပြန်တော့ပေ။

သူ့ရဲ့တွက်ချက်မူ အရတော့ ဒီမိန်းကလေးဟာ ခက်ခဲတဲ့ ဘဝတစ်ခုကို ဖြတ်သန်းရဖို့ရှိပါတယ်။

လင်းဖန် သူ့ရဲ့ ဝိုက်ဘိုပေါ်က မှတ်ချက်များစွာကိုတော့ လစ်လျူရှုထားလိုကိပါသည်။သူ ဒီလူတွေရဲ့ လွတ်လပ်စွာ ဆွေးနွေးခွင့်ကို ဝင်ပြီး မနောက်ယှက်တော့ပါဘူး။

သို့ပေမဲ့ လင်းဖန်ဟာ သူ့ဝိုက်ဘို တွင် မကောင်းတဲ့ မှတ်ချက် အနည်းငယ်သာ ရှိသည့်အတွက် ပျော်ရွင်ရပါတယ်။

သူသေချာကြည့်လိုက်သည့် အချိန်မှာ ဒီမကောင်းတဲ့ မှတ်ချက်များဟာ ဆောင်းဦးဓားတို့ အဖွဲ့ တိုက်ခိုက်နေတာ ကိုတွေ့လိူက်ရပါသည်။

ဟိုနေ့ကပဲ ဒီကောင်ငါ့ကို ကူညီပြီး တိုက်ခိုက်ပေးသွားသေးတယ်လေ....ဒီကောင်ရူးများသွား တာလား...?သူဘာလို့ ငါ့ကို ပြန်လာတိုက်ခိုက် နေတာလဲ..?

"စောက်သုံးမကျတဲ့ မာစတာလင်း၊ ယီးကို ကြိုတင်ဟောကိန်း တွေလား။ကိုယ်ကိုကို ဘာထင်နေလဲ?"

"လူတိုင်းက ဆန်းကျယ်မူတွေ ၊ သဘာဝလွန် ဖြစ်ရပ်တွေကို ပြောပိုင်ခွင်ရှိပါတယ် ဒါပေမဲ့

ကိုယ့်စကားကို တာဝန်ယူရမယ်နော်"

""ဝူတန်ဟီက ရုပ်လွန်ဒသနိက အဖွဲ့အစည်းရဲ့ ခေါင်းတောင်တစ်ယောက်နော် ။မင်းက သူ့ကိုဝေဖန်ရအောင် မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ?"

လင်းဖန်ဟာ သူ့ဝိုက်ဘို မှာ ကောင်းမွန်တဲ့ မှတ်ချက်တွေဟာ တဖြည်းဖြည်း ပျောက်ကွယ်လာနေတာ တွေ့နေရပါတယ်။

.....

ဆောင်းဦးဓားနဲ့ ငါးသတ်တဲ့ကောင်လေး အကောင့်ပိုင်ရှင်ဟာတော့ ဘဝင်မြင့်စွာ ရယ်မောနေခဲ့သည်။

"ဟားဟားး ဒီစောက်ကလေးက ငါ့ကို သူ့ဘက်ရောက်နေတယ်လို့ ထင်နေလား မသိဘူး?ငါက လက်တွေ့ကျကျ လုပ်ကိုင်ပြီး အလိမ်အညာတွေကို ဖော်ထုတ်နေတဲ့ကောင်ကွ။ဒီနေ့ ငါမင်းကို ဆွဲချပေးမယ်"

ဆောင်းဦးဓားဟာ လင်းဖန်ရဲ့ ဝိုက်ဘိူကို ကြည့်ပြီး နတ်ဆိုးဆန်စွာ ရယ်မောလိုက်ပါတယိ။သူ့ရဲ့ ကြီးမား တုတ်ခိုင်လှတဲ့ လက်ဆယ်ချောင်းဟာတော့ ကွန်ပြူတာ ပေါ်မှာ လျင်မြန်စွာပြေးလွားနေခဲ့ပါတယ်။

"လူသား ,ငါ ဆောင်းဦးဓား ရဲ့ထိန်းချုပ်မူအောက်မှာ မင်းရဲ့ အကောင့်ကို အဆုံးသတ်ပေးမယ်။မင်းသာ ရိုးသားစွာနောင်တ ရရင်တော့ ငါလွတ်ပေးလိုက်မယ်"

ဆောင်းဦးဓားနဲ့ငါးသတ်တဲ့ ကောင်လေး အကောင့်ပိုင်ရှင်ဟာ လင်းဖန် ကို ဘာလေးစားမူမှ မရှိပဲ ဆက်ဆံနေခဲ့ပါတယ်။သူက အင်တာနက်လောက မှာ နတ်ဘုရား တစ်ပါးလို ပြုမူနေခဲ့သည်။

ဒင် ...ဒင်

ဆောင်းဦးဓားအကောင့် ပိုင်ရှင်ဟာ လင်းဖန်ကို ထပ်ပြီး တိုက်ခိုက်ဖို့လုပ်လိူက်တဲ့ အချိန်မှာပဲ သူ့ဖုန်လေးဟာ စာကျလာခဲ့ပါတယ်။

ဆောင်းဦးဓား ဟာ မိန်းမလှလေး တစ်ယောက်ဆီမှ ပို့လိုက်တဲ့ စာကိူ မြင်တဲ့အချိန်မှာတော့ ဝမ်းသာသွားခဲ့ပါသည်။ဒီမိန်းကလေးက ဆောင်းဦးဓား အမြဲတမ်း နီးစပ်အောင်ကြိုးစား နေတဲ့ မိန်းကလေး တစ်ယောက်ပါ။

သူအထီးကျန်တဲ့ အချိန်တိုင်း ဒီမိန်းကလေးဟာ သူနဲ့ အမြဲလိုလိူ ရှိနေခဲ့ပါတယ်။သူ့ရဲ့ နှလုံးသားထဲမှာတော့ ဒီမိန်းကလေး ကအစားထိုးလို့မရတဲ့ မိန်းကလေး တစ်ယောက်ပါ။

သူစာကို ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာ ကျားသစ်တစ်ကောင်လို လက်သည်းတွေနဲ့ မိန်းကလေး တစ်ယောက်ပုံကို တွေ့လိူက်ရပါတယ်။ဓာတ်ပုံရဲ့ ဘေးတွင်တော့ စကားလုံးနှစ်လုံးကို ရေးထားခဲ့သည်။

"အထူး ခြောက်လန့်မူ"

သူမက ငါကို စနောက်နေတာပဲ။ငါစာပြန်လိုက်ဦးမယ်......

ဆောင်းဦးဓားဟာ စိတ်ထဲမှတွေးလိူက်သည်။

ယင်းနောက် ဆောင်းဦးဓားဟာ တူညီတဲ့ အီမိုဂျီနဲ့ အတူ စကားလုံးနှစ်လုံးဖြင့် စာပြန်လိုက်ပါသည်။

"အထူးခြောက်လန့်မူ ၊ လွန်ကဲစွာ ကြောက်ရွံ့မူ"

အမှန်တကယ်တော့ ဆောင်းဦးဓားဟာ သူနဲ့ပြောနေတဲ့ မိန်းမလှလေး အကောင့်ပိုင်ရှင်ဟာ ဝဝတုတ်တုတ် ဖတ်တီးကြီး တစ်ယောက်မှန်းမသိခဲ့ပေ။

ဖတ်တီးကြီးဟာ စာရိုက်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ပြီး ၊ နှာရည်တွေဟာလည်း သူ့ပါစပ်ထဲကို စီးကျတော့ မလို့တောင်ဖြစ်နေခဲ့ပါတယ်။ဒီချိန်မှာ သူသာ ရယ်မောလိုက်ရည် သူ့ရဲ့ နှပ်ရည်တွေဟာ ပါးစပ်ထဲကို ဝင်တော့မှာ ကျိန်းသေပါပဲ။

"ဒါက စောက်ရမ်း စိတ်ကျေနပ်ဖို့ကောင်းတာပဲ"

ဆောင်းဦးဓားရဲ့ မျက်လုံးထဲမှာတော့ သူနဲ့ပြောနေတဲ့ မိန်းမလှလေးဟာ အမှန်တကယ် ယုံကြည်ရတဲ့ လူတစ်ယောက်ပါ။သူမ သူ့ကို စာပို့လိုက်တဲ့ အချိန်ကစပြီး အင်တာနက်ပေါ်မှာ လင်းဖန်နဲ့ တိုက်ခိုက်နေတာကိုတောင် ထပ်ဂရုမစိုက်တော့ပေ။

ဆောင်းဦးဓား အကောင့်ပိုင်ရှင်ဟာ ဒီမိန်းကလေးနဲ့ စကားပြောရတာကိုပဲ ​ေကျနပ်နေမိတဲ့ လူတစ်ယောက်ဖြစ်သည်။သူစကားပြောနေတဲ့ အချိန်မှာ ခန္ဓာကိုယ်ကြီးဟာ လှုပ်နေပြီး တစ်ခါတစ်လေ ဆို ကလေး တစ်ယောက်လိုတောင် ရယ်မောနေခဲ့ပါတယ်။

ကြင်နာတတ်သောသူ : အစ်ကို ဆောင်းဦးဓား၊ ညီမကို QQ မှာ VIP ဖြစ်ဖို့ ကူညီပေးပါလား။အရမ်းချစ်တယ်နော်....

ဆောင်းဦးဓား : ပြသနာမရှိဘူး ကလေးလေး၊ကိုယ်အခုပဲ ကူညီပေးမယ်နော်။

သူချက်ချင်းပဲ စာမျက်နှာပေါ်က လက်သုံးချောင်းစာ ပမာဏ ရှိငွေကြေးကို ကြည့်လိုက်ပါတယ်။သူဒီပမာဏ ကသိပ်တော့ မနည်းပါဘူး။

သို့ပေမယ့် သူ့ရဲ့ ကြင်နာ တတ်တဲ့ဘေဘီလေး ပျော်ရွင်ဖို့ ဆိုရင် ဒီပမာဏ လောက်ကို စိတ်ထဲမထားတော့ပေ။ဒါကြောင့် သူချက်ချင်းပဲ ပေးချေလိုက်ပါတယ်။

........

ဒီလူက စကားပြောနေရင်း ဘယ်ရောက်သွားရပြန်တာလဲ.....?

အဲ့အချိန်မှာပဲ လင်းဖန်ဟာ ကာစတန်မာတွေကို သတိထားမိလိုက်ပြီး လက်ထဲက ဖုန်းကို ချလိုက်ပါတယ်။

သူ့ရဲ့ ဆိုင်အပြင်ဘက်မှာ လူတွေစုဝေးနေပြီး သူတို့အများစုဟာ ဝိုက်ဘိုပေါ်မှာ လင်းဖန်ရဲ့ ပရိတ်သတ်တွေပါ။

သူတို့ထဲက တစ်ချို့ဟာတော့ လင်းဖန်ကို သံသယရှိနေကြပြီး သူတို့ပိုက်ဆံကုန်ကြ ရမယ်ဆိုရင်တောင် လင်းဖန်ကို စမ်းသပ်ဖို့ အတွက်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဒီထဲက တစ်ချို့လူတွေဟာဆိုရင် နိုင်ငံခြားကိုခရီးသွားဖို့ ရှိနေတာတောင် မာစတာ လင်းကိုတွေ့ချင်လို့ ရောက်လာကြတာလည်း ရှိပါတယ်။

ဆိုင်ပေါက်ဝတွင်တော့ လူများဟာ ပိုစတာ ကိုမြင်လိုက်ကြရပါသည်။

"အာ ကာစတန်မာက အကန့်အသတ်နဲ့ ဖြစ်သွားပြီ"

"ဟုတ်တာပေါ့ အကန့်အသတ်နဲ့ ထားသင့်တယ်လေ။ငါကြားဖူးတာကတော့ တကယ့် မာစတာ တွေက တစ်ခြားလူရဲ့ အကြောင်းအရာတွေကို ဟောဖို့ စိတ်ခွန်အား တွေ အများကြီး ကုန်ဆုံးရတယ်တဲ့",

"ဟားဟား သူ့ကိုယ်သူ တကယ့်မာစတာ တစ်ယောက်လို သဘောထားနေတာပဲ။ကာစတန်မာ အကန့်အသတ်တောင် လုပ်လိုက်သေးတယ်..ဘယ်သူက ဂရုက်စိုက်မှာလဲ?"

ဖက်ရှင်ကျကျ ဝတ်ဆင်ထားတဲ့ ကောင်လေး တစ်ယောက်ဟာ လှောင်ပြောင်ကာ ပြောလိုက်ပါတယ်။

"မင်းမယုံရင်လည်း လစ်လိုက်တော့၊ စောက်ရေးမပါတာတွေ လာပြောမနေနနဲ့"

အပြင်ဘက်မှာ လူတွေဟာ အနည်းငယ်များပြီး သူတို့ မာစတာ လင်းနဲ့ တွေ့ရဖို့ ဆွေးနွေးနေခဲ့ကြပါတယ်။လူတစ်ယောက် လျော့သွားလေ ကောင်းလေ ဖြစ်သည်။

"ကျုပ်တို့ ဘယ်ခေတ်မှာရောက်နေပြီ လဲ၊ အခုထိ ဒီလိုအရာတွေကို ယုံကြည်နေကြတုန်းပဲ။အရင်တုန်းကဆို ဒီလိုဟာတွေကြောင့် တိုက်ခိုက်တာတွေတောင် ရှိတယ်"

ကောင်လေးဟာ မပျော်ရွှင်စွာပြောလိုက်ပြီး ဖုန်းကို ထုတ်ကာ ဗီဒီယို ရိုက်ကူးလိုက်ပါတယ်။

"ယုံတာ မယုံတာ မင်းကိစ္စ၊ မာစတာ လင်းကတကယ် နတ်ဘုရားလိုပဲ။ငါ့အိမ်နီးချင်တွေဆို မာစတာလင်းရဲ့ အကြံပေးချက်အတိုင်း ခရီးစဥ်ကို ပယ်ဖျက်လိုက်လို့ မဟုတ်ရင် ကပ်ဆိုးကြီး ဆိုက်တော့မလို့"

သက်လတ်ပိုင်း မိန်းမကြီးဟာ ပြောလိုက်ပါသည်။

"ငါလည်း အဲ့အကြောင်းကိုသိတယ်။သူတို့ သုံးယောက် မာစတာ လင်းကို လာပြီး ကျေးဇူးတင်တုန်းက ငါရှိနေတာလေ။အဲက ဆိုင်းဘုတ်ကိုကြည့် သူတို့ပေးသွားတာပဲ"

"ဟုတ်တယ် ဟုတ်တယ် အဲ့ကိစ္စကြောင့်ပဲ ငါလည်း မာစတာ လင်းကို ယုံကြည်သွားတာ"

"ကြည့်ရတာ နောက်ဆို မာစတာလင်းဆီမှာ ဗေဒင်မေးဖို့ အတော်ခက်ခဲတော့မှာပဲ"

........

"အပြင်ကိုကြည့် လူတွေအများကြီးပဲ ငါတို့ပိုက်ဆံတွေတော့ ဆုံးရှုံးကုန်ပါပြီ"

လူလိမ် ထျန်ဟာ နောင်တရစွာ ပြောလိုက်ပါတယ်။

"အလုပ်လုပ်ဖို့ အချိန်ကြပြီ ၊ သူတို့ကို သွားစီစဥ်ပေးလိုက်ဦး"

လင်းဖန် ပြောလိုက်သည်။

သူသာ စည်းမျဥ်းတွေ မချထားရင် နေ့တိုင်း လူအုပ်ကြီးကို ဟောရင်း သေသွားနိုင်ပါတယ်။အခုလို စည်းမျဥ်းချထားတဲ့ အတွက် အားအင်ကုန်ခမ်းတဲ့အထိ ဟောပြောဖို့ မလိုတော့ပါဘူး။

"ခွင်ပြုပါဦး ၊ အားလုံးပဲ စိတ်ရှည်ရှည်ထားပြီး တန်းစီပေးကြပါ"

လူလိမ် ထျန်ဟာ ဆိုင်ရှေ့ကို ထွက်ကာ အော်လိုက်သည်။

ဒီမှာရှိနေတဲ့ လူအများစုက မာစတာ လင်းကို ယုံကြည်ကြပါတယ်။ကာစတန်မာ အကန့်အသတ်ဖြင့် ဟောပြောမယ် ဆိုတဲ့ ဆိုင်းဘုတ်ကို မြင်တဲ့အချိန်မှာ သူတို့ နာကျငိသလို ခံစားလိုက်ရသည်။

သို့ပေမယ့် မာစတာ လင်းဆီမှာ ဗေဒင်မေးဖို့ စည်းမျဥ်းတွေကို လိုက်နာရန် လိုအပ်ပါတယ်။

သို့ပေမယ့် လူတစ်ချို့ဟာ ဖုန်းတွေကိူဟထုတ်ကာဓာတ်ပုံရိုက်နေကြသည်။သူတို့က ဒီအခြေအနေကို အနည်းငယ် ထူးဆန်းတယ်လို့ ထင်နေကြတာပါ။

မာစတာ လင်းရဲ့ ဝိုက်ဘိုက ကျော်ကြားနေပေမဲ့လည်း လူတိုင်းကို ယုံကြည်စေဖို့မလုံလောက်သသေးပါဘူး။ဘာပဲဖြစ်ဖြစ် မာစတာလင်း ဟောတဲ့အကြောင်းအရာတွေက အနည်းငယ် သံသယဝင်စရာရှိပြီး ထူးဆန်းနေပါတယ်။

ဘေးနားဝန်းကျင်ရှိ ဆိုင်များမှ အလုပ်သမားများနှင့် ပိုင်ရှင်များဟာ လည်း လင်းဖန် ဆိုင်ခန်းရှေ့မှ လူအုပ်ကြီးကို ကြည့်ကာ မနာလို ဖြစ်နေခဲ့ပါသည်။

သူ တစ်နေ့တစ်နေ့ ပိုက်ဆံဘယ်လောက်တောင် ဝင်လိုက်မလဲ.....?

All Chapters