← Chapters

တိုက်ရိုက်လွင့်ပြီး ဗေဒင်ဟောမယ်

Vol. 4 Ch. 55

တိုက်ရိုက်လွင့်ပြီး ဗေဒင်ဟောမယ်

Vol. 4 Ch. 55

ပထမဆုံးသူတိူ့ဟာ နံပါတ် ၁၀၀ အထိရှိတဲ့ တုန်ကင် နံပါတ် ပြားတွေကို ဝေလိုက်ပါတယ်။ဒီတုန်ကင်ပြား တွေကို လူအုပ်ဟာ အလျင်အမြန်ယူလိုက်ကြပြီး ၊ ဒီထဲက ရွေးချယ်ခံရတဲ့လူများသာ မာစတာ လင်းနဲ့ တွေ့ခွင့်ရမှာပါ။

နံပါတ် ရွေးမိတဲ့ လူများဟာ စိတ်လှုပ်ရှားနေကြပြီး ကျန်တဲ့ လူများဟာ တာ့နောင်တရနေခဲ့ကြသည်။

သူတို့ထဲက လူများစုဟာ လင်းဖန်ကို ယုံကြည်မူရှိကြပြီး ၊ တစ်ချို့ဟာတော့ မယုံကြည်ကြသေးပဲ အပျော်သက်သက် လာခဲ့ကြတာပါ။

တစ်နေ့မှာ လူနှစ်ဆယ်ဆိုတာက လင်းဖန်ကို အပြုံးလေးနဲ့ အလူပ်လူပ်စေနိင်ဖို့အတွက် လုံလောက်ပါတယ်။ပြီးခဲ့တဲ့ ရက်တွေတုန်းကအတိုင်းဆို သူပြုံးဖို့နေနေသာသာ စကားတောင်ပြောချင်စိတ် မရှိခဲ့ပေ။

"ကျေးဇူးတင်ပါတယ် မာစတာ လင်း"

လင်းဖန် ခေါင်းညိတ်လိူက်ပြီး လှမ်းအော်လိုက်ပါတယ်။

"နောက်ဆုံးတစ်ယောက် နံပါတ် ၃၅ "

"နံပါတ် ၃၅ အလှည့်ကျရောက်ပါပြီ"

လူလိမ် ထျန်ဟာ ဆိုင်ပေါက်ဝကနေ အော်ပြီး အသိပေးလိုက်ပါတယ်။

လူလိမ် ထျန်ဟာ ဆိုင်ပေါက်ဝကနေပြီး ကာစတန်မာ အများစုဟာ လင်းဖန်ကို ဒေါ်လာ နှစ်ရာ သုံးရာ ပေးသွားကြတာ မြင်နေရပါတယ်။ဒါကတကယ်ကို ဝင်ငွေကောင်းတဲ့ အလုပ်တစ်ခုပါပဲ။

"ဟေးး နံပါတ် ၃၅ ဘယ်မှာလဲ"

လူလိမ် ထျန်ဟာ ထပ်ပြောလိုက်သည်။

လင်းဖန်ဟာ လဘက်ရည်ကို တည်ငြိမ်စွာသောက်ပြီး နောက် လူလိမ် ထျန်ကို လှမ်းပြောလိုက်ပါတယ်။

"နံပါတ် ပိုင်ရှင် ဒီမှာမရှိဘူးဆိုရင် ပျက်ကွက်တယ်လို့ပဲ သဘောထားလိုက်၊ ကျုပ်တို့ ဒီနေ့ ဒီလောက်နဲ့ ရပ်လိုက်ကြရအောင်"

လင်းဖန်နဲ့တွေ့ဖို့အခွင့်အရေး မရလိူက်တဲ့ လူများဟာ ဒီစကားကိုကြားလိုကိပြီး ပျက်ကွက်တဲ့လူကို ဒေါသထွက်လာခဲ့ကြပါတယ်။

သူတို့ဒီလောက်အဝေးကြီး ကလာပြီးတော့ မာစတာ လင်းနဲ့ တွေ့ခွင့်မရကြပါဘူး။သို့ပေမဲ့ တွေ့ခွင့်ရတဲ့ ကံကောင်းတဲ့ လူဟာ အလှည့်ကို ပျက်ကွက် သွားခဲ့သည်။ဒါက သူတို့ အတွက် သည်းမခံနိုင်စရာပါ။

"ကျွန်တော် လာပြီ ၊ လာပါပြီ......"

အဲ့အချိန်မှာပဲ ဖက်ရှင်ကျကျ ဝတ်ဆင်ထားတဲ့ ကောင်လေးဟာ ဆိုင်နဲ့ အတော်လှမ်းလှမ်းကနေ ပြေးလာလိုက်ပါတယ်။

"ဟီးဟီး ကျွန်တော် နံပါတ် ကောင်းတစ်ခုရထားလိမ့်မယ်လိူ့ မထင်ထားခဲ့ဘူး..စိတ်ဝင်စားစရာပဲ"

ကောင်လေးဟာ လက်ထဲမှာ ကိုလာအချိုရည် သံဗူးကို ကိုင်ထားရင်း ဆိုင်ထဲကို ဝင်သွားခဲ့ပါတယ်။

ကျောက်ကျန်းယန်ဟာ မာစတာလင်းကို လုံးဝ မယုံကြည်ပါဘူး။သူဟာ ဂုဏ်သရေရှိတဲ့ ဘွဲ့ရတစ်ယောက်ဖြစ်ပြီး ဒီလိုမျိုးအရာတွေကို ဟာသ အဖြစ်သာ မှတ်ယူထားခဲ့ပါတယ်။

"ဒီတော့ ခင်ဗျားက မာစတာ လင်းပေါ့၊ ကျွန်တော်ကတော့ ခင်ဗျားကို လုံးဝ အယုံအကြည်မရှိဘူး ဒါပေမဲ့ ကျွန်တော် နံပါတ် ရွေးထားပြီးပြီ ဆိုကတည်းက ကျွန်တော်ကို ဗေဒင်လေးဟောပေး ပါဦး"

ကျောက်ကျန်းယန်ဟာ အလျင်အမြန်ပြောလိုက်သည်။

ယင်းနောက်သူဟာ ဖုန်းကိုထုတ်လိုက်ပြီး တိုက်ရိုက်ထုတ်လွင့်သည့် ဆော့ဝဲကို ဖွင့်လိူက်ပါသည်။

"မင်းကို ဆွေးနွေးဟောပြောသူ လို့မထင်ထားဘူး"

လင်းဖန်ပြောလိုကိသည်။

"သေချာတာပေါ့ ကျွန်တော်က ဒေါင်ယု ကုမ္ပဏီရဲ့ အောင်မြင်တဲ့ ဆွေးနွေးဟောပြောသူပဲ၊ ကျွန်တော် ပရိတ်သတ်တွေက တစ်သိန်းလောက်တော့ရှိမယ်"

ကျောက်ကျန်းယန်ဟာ ရယ်မောပြီးပြောလိုကိသည်။သူစပြီး တိုက်ရိုက်လွသ့်လိုက်တဲ့အချိန်မှာ ကြည့်ရူတဲ့ လူဦးရေ ဟာတဖြည်းဖြည်းတက်လာခဲ့ပြီး လူ ၆ သောင်းလောက်အထိ ရှိလာခဲ့ပါတယ်။

ဒေါင်ယု ကုမ္ပဏီမှာ တော့ သူကတကယ်ကို ဆရာကြီးပါ။

"မာစတာ လင်း, ဟုတ်တယ်နော်? ခနလေး ကျွန်တော် ပရိတ်သတ်တွေကို အရင်မိတ်ဆက်လိုက်ဦးမယ်"

ကျောက်ကျန်းယန်ဟာ အလျင်အမြန်ပြောလိုက်ပြီး သူ့ဖုန်းနဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။

"ညီအစ်ကိုတို့ ကျွန်တော်အခု ဘာလုပ်နေလဲ သိကြလား? ကျွန်တော်ပြောပြမယ် ၊ ကျွန်တော် အခု ဝိုက်ဘိုပေါ်မှာ အရမ်း​ကျော်ကြားတဲ့ မာစတာ လင်းဆီကို ရောက်နေတာ။အခုတစ်ခါ မာစတာ လင်း ဘယ်လောက်စွမ်းဆောင် နိုင်လဲဆိုတာ စောက့်ကြည့်လိုက်ရအောင်"

ကျောက်ကျန်းယန်ဟာ ပရိသတ်များနဲ့ မိတ်ဆက်လိုက်ပြီး မှတ်ချက်များကို ဖတ်နိုင်အောင် ဖုန်းကို ထောင်လိုက်ပါတယ်။

"မဖြစ်နိုင်တာ တကယ် ဝိုက်ဘိုပေါ်က မာစတာ လင်းဆီကို ရောက်နေတာလား?"

"ငါက အောင်မြင်ကျော်ကြားနေတဲ့ မာစတာလင်းပဲ ၊ ကိုယ်ဟာကိုပြောတာနော်"

"တိုက်ရိုက်လွင့်တဲ့ ညီအစ်ကို ရေ ဒီမာစတာ ရဲ့ အလိမ်အညာ လေးတွေ ဖော်ထုတ်ပေးပါဦး။ငါ့အဖွားက ငါငယ်ငယ်တုန်းကဗေဒင်သွားမေးတယ်၊ပြီးတော့ ဗေဒင်ဆရာ အကြံပေးတိုင်း အကုန်လိုက်လုပ်တာ ငါ့ငယ်ဘဝ ကို အတော်အနောက်ယှက်ဖြစ်ခဲ့တယ်"

"သူက ငယ်ငယ်လေးပဲရှိသေတယ် ၊ လူလိမ်ပဲဖြစ်လိမ့်မယ်။ဘာ နတ်ဘုရားလို အစွမ်းထက်တာလဲ"

......

"မာစတာ လင်း , ကြည့်ပါဦး ကျွန်တော် ပရိတ်သတ်တွေကလည်း ခင်ဗျားကို မယုံကြဘူး"

ကျောက်ကျန်းယန်ဟာ ရယ်မောပြီးပြောလိုက်ပါတယ်။သူအလုပ်က အခြေအနေတွေကို စိတ်ဝင်စားအောင် ဖန်တီးရတာဖြစ်ပြီး ၊ သူများတွေကို အာရုံစိုက်အောင် ဖန်တီးနိုင်လေ ကြည့်ရူနှုန်းတက်လေပါပဲ။

ဘေးနားမှာ ရှိနေတဲ့ လူများဟာလည်း ကောင်လေး လုပ်ကိုင်ပြောဆို နေတဲ့ အရာတွေကို မြင်နေရပါတယ်။

"ကြည့်ရတာ ဒီကောင်လေးက ပြသနာ လာရှာတာလား မသိဘူး"

"မာစတာ လင်းက တကယ်စွမ်းဆောင်နိုင်စွမ်း ရှိတယ်၊ဒါပေမဲ့ ဒီနေ့ခေတ်ကလေး တွေက အယုံအကြည်မရှိတော့ဘူး"

ကျောက်ကျန်းယန်ဟာ အခြေအနေတွေ အားလုံးပြင်ဆင်ပြီး သွားတဲ့ အချိန်မှ လက်ထဲက ကိုလာဗူးကို စားပွဲပေါ်ချပြီး လင်းဖန်ရှေ့မှာ ထိုင်လိုက်ပါတယ်

"ကျွန်တော် ကိုကြည့်ပေးပါဦး"

ကျောင်ကျန်းယန်ရဲ့ ပုံစံဟာ အတော်လေးကို ထောင့်မကျိုးပေးမဲ့ လည်း လင်းဖန်ဒေါသမထွက်ပါဘူး။

သူကျောက်ကျန်းယန် ရဲ့ ရုပ်ရည်ကို ကြည့်ကာ ပြန်ဖြေလိုက်ပါတယ်။

"ငါအကြံပေးချင် တာကတော့ မင်း ကိုလာတွေဆက်မသောက်တော့ ဖို့ပဲ။ဆေးရုံကို အလျင်အမြန်သွားပြီး စစ်ဆေးကြည့်သင့်တယ်"

"အိုး ဝိုးးး"

ကျောက်ကျန်းယန်ဟာ စတင်ပြီး ရယ်မောလိုက်ပါတယ်။ယင်းနောက်သူဟာ လင်းဖန်ဘာပြောမလဲ ထပ်နားထောင်နေခဲ့ပြီး အံ့သြဖို့ကောင်းစွာ လင်းဖန်ဟာ ဘာမှ ထပ်မပြောတော့ပေ။

"ဒါပဲလား?"

ကျောက်ကျန်းယန် ဟာမေးလိုက်ပါသည်။

"ဟုတ်တယ်"

လင်းဖန်ဟာ ခေါင်းညိမ့်လိုက်သည်။

"စောက်ကျိုး....ဘယ်လိုကြီးတုန်း? မာစတာ နောက်ထပ်တစ်ခုခုလောက် ဟောပေးနိုင်ဦးမလား..?ဥပမာ ချမ်းသာမူ ၊ အချစ်ရေးတွေ ဘာတွေလေ။ ကျွန်တော် တိုက်ရိုက်လွင့်နေတာ ဆိုတော့ နည်းနည်း ပူးပေါင်းပေးပါလား"

ကျောက်ကျန်းယန်ဟာ ရယ်မောကာပြောလိုကိပြီး အရာရာတိုင်းကို ဟာသလိူသဘောထား နေခဲ့ပါတယ်။

လင်းဖန်သူ့ခေါင်းကို ယမ်းခါ ပြောလိုက်သည်။

"အဲဒီအစား မင်းဘာလို့ ကျန်းမာရေးကို မသိချင်တာလဲ? ကံကောင်းမူတွေ အားလုံးဖြစ်ပေါ်လာဖို့ဆိုရင် ကျန်းမာနေဖို့လိုတယ်လေ။မင်းရဲ့ ကျန်းမာရေးက အခြေခံပဲ"

တိုက်ရိုက်ထုတ်လွင့်မူမှ မှတ်ချက်များ တွင်တော့

"6666 .......စောက်ကျိုးနဲ မာစတာ ပဲဟေ့"

"ဟားဟား ဒီလောက် အများကြီးဟောတဲ့ မာစတာ ငါပထမဆုံးတွေ့ဖူးတာပဲ"

"ညီအစ်ကို ကျန်းကတော့ တော်တော်ပေါက်ကွဲချင်နေလောက်ပြီ၊ သူ တိုက်ရိုက်လွင့်နေတာ လို့တောင် ပြောပြီး ပူးပေါင်းခိုင်းနေတယ်"

"ညီအစ်ကို ယန်တော့ ဒေါသထွက်နေလောက်ပြီ ...သူဘာဆက်လုပ်မလဲ?"

.............

"စကားနည်းနည်းလောက် ပြောပြီး ခင်ဗျားကမာစတာ လို့ပြောချင်နေတာပဲ။ဘယ်လောက်အံ့သြဖို့ကောင်းလဲ? ပြောစရာ စကားတောင်မရှိတော့ဘူး တကယ်အံ့သြတယ်"

ကျောက်ကျန်းယန် ဟာ ခေါင်းခါယမ်း ပြောလိုက်သည်။

"မင်းနှလုံးသား ထဲကအတိုင်းပဲ အလုပ်လုပ်"

လင်းဖန် တည်ငြိမ် စွာပြောလိုကိပါတယ်။

ကျောက်ကျန်းယန် ဟာ အိပ်ကပ်ထဲမှာ အကြွေစေ့တစ်စေ့ ကိုထုတ်ကာ စားပွဲပေါ်ကို ပစ်တင်လိုက်သည်။

"ကျုပ်ကတော့ ဒီဗေဒင်ဟောခ က ဒီလောက်ပဲတန်တယ် လို့ထင်တယ်၊ အဲဒါပဲ"

"ကျေးဇူး , ဒါပေမဲ့ မင်းမသွားခင် တစ်ခုတော့ သတိပေးလိုက်ပါရစေ ။မင်းရဲ့ ကျန်းမာရေးအတွက် ဆေးရုံးကို သွာစစ်ဆေးသင့်တယ်"

ကျောက်ကျန်းယန် ဟာ ပုခုံးကို တွန့်ပြလိုက်ပြီး သူ့ပစ္စည်းများယူကာ ကိုလာဗူးကို ကိုင်ပြီး ဆိုင်ထဲမှ ထွက်သွားလိုက်ပါတယ်။

ယင်းနောက် သူ့ဖုန်းကို ကိုင်ပြီး

"တကယ့်ကို ​ေအာင်မြင်နေတဲ့ မာစတာ လင်းပဲ၊ ကျွန်တော် အသက်က ၂၂ ပဲရှိသေးတယ် ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပဲ"

"6666 .......ညီအစ်ကိုယန် သူအသက်ကိုပြောနေပြီ"

"ညီအစ်ကို ယန် ဆေးရုံကို အမြန်သွားစစ်ဆေးလိုက်၊ ခင်ဗျား ကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်တယ်နော်"

..

အဲ့အချိန်မှာပဲ ဆိုင်ရှေ့က လူအုပ်ကြီးဟာ ကျောက်ကျန်းယန်ရဲ့ အပြုအမူကို ဒေါသထွက်နေကြပါတယ်။ဒီကောင်လေးက တစ်ဒေါ်လာပဲ အခကြေးငွေပေးသွားတာပါ။

သို့ပေမဲ့ မာစတာ လင်းရဲ့ စိတ်မဆိုးပဲတည်ငြိမ်တဲ့ မျက်နှာကို ကြည့်ပြီး သူတို့ဘာမှ ဝင်မပြောကြပေ။

ကြင်နာစိတ် ရှိတဲ့ မိနိးမကြီး တစ်ယောက်ဟာ မနေနိင်တော့ပဲ ဝင်ပြောလိုက်ပါတယ်။

"ကောင်လေး မာစတာ လင်းက တကယ်တိကျတယ်နော် ၊ မင်းဆေးရုံကို သွားစစ်ဆေးသင့်တယ်"

"ကျုပ်တယ် မှန်မှန်မှားမှား သွားစစ်ဆေး လိုက်တာက အကျိုးမယုတ်ဘူး"

ကျောက်ကျန်းယန် ဟာ ဒီလူတွေ သူ့အတွက်ပြောနေမှန်းသိလို့ ကျေးဇူးတင်ပြီး ပြောလိုက်ပါတယ်။

"စိတ်ပူပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ဗေဒင်တွေကို အယုံကြည်မရှိဘူး ကျန်းမာရေးကတော့ ကျွန်တော်ကို ကျွန်တော် အသိဆုံးပါ"

လူလိမ်ထျန်ဟာ ဒီကောင်လေး တစ်ဒေါ်လာထဲ ပေးကတည်းက စိတ်တိုနေခဲ့တာပါ။သူ့အမြင်မှာတော့ ဒီကောင် သက်သက်ပြသနာလာရှာ ခြင်းဖြစ်သည်။

သို့ပေမဲ့ လင်းဖန်ကတော့ ဘာမှ မဖြစ်သလိုပဲ ပြုံးနေခဲ့ပါတယ်။

လူအုပ်ကြီးနဲ့ လူလိမ်ထျန်ဟာ မာစတာ လင်းအရှက်ခွဲခံရတာ နဲ့ပတ်သက်ပြီး စိတ်တိုနေကြပြီး တစ်ချိန်ထဲမှာလည်း မာစတာ လင်းရဲ့ စိတ်နေစိတ်ထားကို လေးစားသွားကြရပါတယ်။

သူတို့မသိထာကတော့ လင်းဖန်လည်း သူ့စိတ်ထဲမှာ ဒေါသထွက်နေပါတယ်။သူ့ရဲ့ စွယ်စုံကျမ်း ဒုတိယ စမ်းသပ်ချက်ဖြစ်တဲ့ လူအများရဲ့ လေးစားမူ ကြောင့်သာ မဟုတ်ရင် ဒီကောင်လေးကို ဖြတ်ရိုက်ပြီး ဆိုင်ပြင်ကန်ထုတ်လိုက်တာ ကြာပါပြီ။

ငါကို သိုက်တူးသမား များထင်နေလား မအိမ်လုံး...?

........

ကျောက်ကျန်းယန်ဟာ လမ်းထဲမှာ လမ်းလျောကိ နေခဲ့ပြီး သူ့ပရိတ်သတ်တွေနဲ့ စကားဆက်ပြောနေခဲ့ပါတယ်။

"အစ်ကို ယန်က မင်းတို့ကိုပြောလိုက်မယ်။ဒီဗေဒင်ဆရာက အလိမ်အညာပဲ မှယုံနေစရာ မလိုဘူး။ငါသူ့ကို တစ်ဒေါ်လာထဲ ပေးခဲ့တာသာ ကြည့်ပေတော့။ဒီလိူ လမ်းဘေးကဟသိုက်တူးသမားက ငါ့ငွေတွေကို လာလိမ်လို့ ရမယ်ထင်နေလား..အိပ်မက်ပဲ မက်နေလိုက်"

"အာလုံးပဲ ဒုံးကျည်တွေနဲ့ အားပေးလို့ ကျေးဇူးတင်ပါတယ်နော်"

"ညီအစ်ကို ယန် ငါမင်းကို ဒုံးကျည်တွေ လှူပေးထားတယ်။မင်းဘာလို့ ဆေးရုံသွားပြီး ဟိုလူမှားကြောင်း သက်သေ မပြတာလဲ?"

"ဟုတ်တယ် ညီအစ်ကို ယန် သူ့စကားနဲ့သူ ပြန်တိုက်လိုက်။ဆေးစာရွက်ယူသွားပြီး သူ့မျက်နှာဖြတ်ရိုက်ရင် အကောင်းဆုံးပဲ"

"+ 1 "

"+ 2"

ကျောက်ကျန်းယန်ဟာ ဒီလို တိုက်ရိုက်ထုတ်လွင်ပြီး ပရိသတ်တွေနဲ့ အတူတကွရှင်သန် နေထိုင်တဲ့ လူတစ်ယောက်ပါ။ပရိတ်သတ်တွေရဲ့ တောင်းဆိုမူကို သူအလေးထားဖို့ လိုပါတယ်။

ထပ်ပြောရရင် ဒီလိုမျိုး လူတစ်ယောက်ထဲကနေ ဒုံးကျည် ဆယ်ခုလောက် လက်ခံရရှိတယ် ဆိုရင် အဲ့လူရဲ့ တောင်းဆိုမူကို ဖြည့်ဆည်းပေးရတော့မှာပါ။

"ကောင်းပြီ ကျွန်တော်အခုဆေးရုံကို သွားမယ် ၊ ပြီးတော့ မနက်ဖြန်ကျရင် ဆေးစာရွက်နဲ့အတူ သူတို့မျက်နှာကို ပြန်သွားရိုက်မယ် အိုကေလား..."

All Chapters