ကားထဲမှ လူတစ်စု
Vol. 4 Ch. 56
လျန်ကျုံးတွင်။
ဝူတန်ဟီဟာ အများအားဖြင့် အိပ်ထဲကအိမ်ပြင် မထွက်တဲ့လူတစ်ယောက်ပါ။သူဟာ အိမ်ထဲမှာသာ လဘက်ရည်သောက် ၊ စာအုပ်ဖတ် ၊ တရားထိုင်ပြီး အချိန်ကုန်ဆုံးတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။
ဝူတန်ဟီဟာ သူ့ဘဝရဲ့ နောက်ပိုင်းအချိန်တွေမှာ သူ့သမီးလေး အတွက်ကောင်းမွန်စွာ ရှင်သန်နေထိုင်ဖို့ကိုပဲ ဆုံးဖြတ်ထားပါတယ်။
သူငယ်ရွယ်စဥ်အချိန်တုန်းကတော့ သူ့ဆီကို ဘယ်သူပဲလာလာ သူတို့ပိုက်ဆံပေးနေသ၍ အကြံဥာဏ်တွေပေးလိုက် စမြဲပါ။သူ့ရဲ့ ကျော်ကြားမူနဲ့ ပါဝါအတွက် ဒီလိုလုပ်ဖို့ လိုအပ်ပါတယ်။
သူ့မှာ လည်းတစ်ခါတစ်လေ မကောင်းနိုင်တဲ့ အပိုင်းတွေ ရှိခဲ့ပါသည်။သို့ပေမဲ့ အားလုံးရဲ့ မျက်လုံးထဲမှာတော့ ဝူတန်ဟီဟာ လျန်ကျုံးမှာ ရှိနေတဲ့ နတ်ဘုရား တစ်ပါးပါပဲ။
သူ့ဆီက အကြံဥာဏ်လိူချင်ကြတဲ့ လူများဟာ ပိုက်ဆံတွေ အမြောက်အများပေး ဖို့တောင်ဆန္ဒရှိကြပါတယ်။
ဝူတန်ဟီ ဟာ ဗေဒင်ဟောကြာမူကို ရပ်တန့်ထားတာ အချိန်အတော်ကြာမြင့်နေပြီ ဖြစ်ပြီး၊ သူဟောကြားရင် တောင် လူသေချာရွေးပြီးပဲ ဟောပေးပါတော့တယ်။
သူဟာ နတ်ဆိုးဆန်တဲ့လူတွေ ၊ အကြင်နာတရား မရှိတဲ့လူတွေ ၊ သူ့ဆီက အကြံဥာဏ်ယူပြီး ချမ်းသာချင်နေတဲ့ လူတွေကို မဟောပေးပါဘူး။
*ကလင် ကလင်*
သူ့ဖုန်းလေးဟာ ရုတ်တရက် အသံမြည်လာခဲ့သည်။သူဖုန်းထဲက နံပါတ်ကို မြင်တဲ့အချိန်မှာ ပြုံးလိုက်ပါတယ်။
ကြည့်ရတာ ဒီကောင်မလေးက သူချစ်ရတဲ့ အဖိုးကြီး အတွက် အဝတ်အစားတွေ ဝယ်ပေးချင်နေတာ ဖြစ်နိုင်သည်။
"အန်ကယ်ဝူ ၊ သမီးက ယူလန်ရဲ့ သူငယ်ချင်းပါ သူ မတော်တဆမူတစ်ခုဖြစ်ပြီး အခုဆေးရုံမှာရောက်နေခဲ့တယ်"
**တစ်ခုခု ထိမိသည့်အသံ**
ဝူတန်ဟီ ဟာ အံ့သြမူကြောင့် မျက်နှာဖြူဖျော့သွားခဲ့ပြီး အလျင်အမြန်ပဲမေးလိုကိပါတယ်။
"ဘယ်ဆေးရုံမှာလဲ"
"ပထမဆုံး မြို့သူမြို့သားများ ဆေးရုံ၊ ၆ လွှာမှာ"
ဖုန်းချပြီးတဲ့နောက်မှာ ဝူတန်ဟီဟာ အက်ျီလဲဖို့တောင် စိတ်မရှိတော့ပါဘူး။သူချက်ချင်းပဲ အိမ်ထဲကနေ ထွက်လာခဲ့လိုက်ပါတယ်။
ဒါဘယ်လိုဖြစ်နိုင်မှာလဲ...?
သူ့သမီးလေး လုံခြုံဖို့အတွက် သူတစ်န့တစ်နေ့ကို အချိန်တွေအများကြီးပေးပြီး ဗေဒင်တွက်ပေးထားတာပါ။
ဒါက ဘယ်လိုဖြစ်ပြီး ဖြစ်နိုင်မှာလဲ..?
..........
ပထမဆုံး မြို့သားများ ဆေးရုံတွင်။
ဝူတန်ဟီဟာ အသက် ၆၀ ဝန်းကျင်ခန့်ရှိနေပေမယ့်လည်း သူဟာ သန်မာပြီး ကျန်းမာသန်စွမ်းနေပါသေးတယ်။သူဟာ အလျင်အမြန်ပဲ ဆေးရုံကိုရောက်ရှိလာခဲ့ပါသည်။
သူအခန်းတံခါးတစ်ခုကို ဖွင်လိုက်တဲ့ အချိန်မှာ သူ့သမီးလေး သူငယ်ချင်းတွေနဲ့ ရယ်မောပြီး စကားပြောနေတာတွေ့လိုက်ရမှ စိတ်သက်သာရာ ရသွားခဲ့ပါတယ်။
"အဖေ ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ?
ဝူယူလန်ဟာ သူ့အဖေကို ရုတ်တရက်မြင်လိုက်တဲ့ အတွက်မေးလိုက်သည်။ယင်းနောက် သူမသူငယ်ချင်းကို မသင်ကာတဲ့ မျက်လုံးများနဲ့ ကြည့်ကာ ပြောလိုကိပါတယ်။
"ငါဘာမှ မဖြစ်ဘူးလို့ မပြောဘူးလား၊ဘာလို့ ငါ့အဖေကို သွားခေါ်လိုက်ရတာလဲ"
"ယူလန် အဆင်ပြေရဲ့လား? ဘာဖြစ်တာလည်း?ဆရာဝန်ကရော ဘာပြောသေးလဲ?"
ဝူတန်ဟီဟာ စိုးရိမ်စွာမေးလိုကိသည်။
ယူလန်ရဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်ဟာ ပြန်ဖြေလိုက်ပါတယ်။
"အန်ကယ် ဝူ ၊ သမီးတို့ ဒီနေ့စျေးဝယ် ထွက်နေတုန်း ပန်းအိုးတစ်လုံးက ယူလန်ရဲ့ ခေါင်းပေါ်ကိုပြုတ်ကျသွားခဲ့တာ။ဒေါက်တာ ပြောတာကတော့ သူအစောပိုင်းက သတိလစ်သွားပြီး အခုအဆင်ပြေသွားပြီ လို့ပြောတယ်"
"ကျေးဇူးပါပဲ ၊ သူမ အဆင်ပြေလို့တော်သေးတယ်"
ဝူတန်ဟီဟာ စိတ်သက်သာရာရစွာပြောလိုက်သည်။သို့ပေမဲ့ ဝူတန်ဟီ အဓိကစိုးရိမ်တဲ့အရာက သူ့ဗေဒင်တွက်ချက်ထားတဲ့ အထဲမှာ ဒီနေ့ဖြစ်ပျက်မယ့် အရာကိုမတွေ့ခဲ့ရတာပါ။
"တကယ်ကြောက်ဖို့ကောင်းတယ်၊ အဲ့ကောင်လေးတစ်ကယ်မှန်လိမ့်မယ်လို့ မထင်ထားဘူး။ဘယ်လို ကျွမ်းကျင်မူမျိုးလဲ"
ဝူယူလန်ဟာ နာကျင်နေဆဲဖြစ်နေတဲ့ သူမရဲ့ခေါင်း ကိုကိုင်ပြီး ပြောလိုက်ပါတယ်။
သူ့သမီးပြောတာကြားပြီးနောက်တွင် ဝူတန်ဟီဟာ သူ့သမီးဖုန်းကို ယူလိုက်ကာ မာစတာလင်းရဲ့ ဝိုက်ဘိုကို ဖွင့်ကြည့်လိုက်ပါတယ်။
"အဖေ ဒီကောင်လေးက အတော်ဘဝင်မြင့်တာနော်"
ဝူတန်ဟီဟာ ဆွံ့အသွားခဲ့သည်။သူဟာ လက်ကို ဝေ့ယမ်းလိုက်ပြီး ဝိုက်ဘိုပေါ်က မာစတာ လင်းရဲ့ အချက်အလက်တွေကို ကြည့်နေခဲ့ပါတယ်။
သူဟာ မာစတာ လင်းရဲ့ ကြိုတင်ဟောပြောမူတွေကို တွေ့နေရပြီး ၊ ပို့စ်တွေကို လိုက်ဖတ်လိုကိတဲ့အချိန်မှာ အနည်းငယ် စိတ်ဝင်စားလာခဲ့ပါတယ်။
သူတို့ဟာ နယ်ပယ်တစ်ခုထဲမှာ ရှိနေပြီး ဒီလူ လူကောင်းလား လူဆိုးလား ဆိုတာ ပြောနိုင်ပါတယ်။
အထူးသဖြင့် လင်းဖန်ရဲ့ အသက်အရွယ် ဟာ ငယ်ရွယ်လွန်းနေပြီး ဝူတန်ဟီကို အံ့သြစေခဲ့ပါသည်။
"ယူလန် ၊ ကောင်းကောင်း အနားယူဦး အများကြီးမတွေးနဲ့"
"ဟုတ်"
ယင်းနောက် ဝူတန်ဟီဟာ အခန်းအပြင်ဘက်ကို ထွက်လိုက်ပြီး တစ်ယောက်ယောက်ကို လှမ်းခေါ်လိုကိပါတယ်။
"အနောက်အယှက်ပေးမိလို့ တောင်းပန်ပါတယ်၊ ကျွန်တော် လူတစ်ယောက်ရဲ့ ဖုန်းနံပါတ် သိချင်လို့"
............
ညနေ ၆ နာရီအချိန်။
"လူလိမ် ထျန် ဒီနေ့ အသားလေးဘာလေး သွားစားချင်လား"
လင်းဖန်ဟာ မေးလိုက်သည်။
"တကယ်ကြီးလား?"
လူလိမ်ထျန်ဟာ ပြန်မေးလိုကိသည်။
"ကျုပ်က နောက်နေတဲ့ပုံ ပေါက်နေလို့လား?"
"ဝိုး ကြည့်ရတာ ငါတို့တစ်ယောက်နဲ့ တစ်ယောက် အတော်ရင်းနှီးနေ ကြပြီ ထင်တယ်"
လူလိမ် ထျန်ဟာ ပြုံးပြီး ပြန်ပြောလိုက်သည်။
အဲ့အချိန်မှာပဲ ဇိမ်ခံကားလေးတစ်စီးဟာ လင်းဖန်တို့ ဆိုင်ရှေ့မှာ ထိုးရပ်သွားခဲ့ပါတယ်။ဒါက ဇိမ်ခံကားလေးတစ်စီး ဖြစ်ပေမဲ့လည်း ရှန်ဟိုင်းမှာ ဒီလိုကားတွေ မရှားပါဘူး။
သို့ပေမဲ့ ကားထဲမှ ထွက်လာတဲ့ လူဟာ လင်းဖန်ရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့ပါတယ်။
"အာ မီလီယံနာ ဝမ် ရောက်လာတာပဲ"
လူလိမ် ထျန်ဟာ ချက်ချင်းမှတ်မိလိုက်ပြီး ပြောလိုက်ပါတယ်။ယင်းနောက် သူချက်ချင်း လျောက်သွားကာ ကြိုဆိုလိုကိပါသည်။
"အကြီးအကဲ ဝမ် ဒီကိုရောက်လာတာ ဂုဏ်ယူစရာပဲ"
ဝမ်မင်ယန် ဟာ လူလိမ်ထျန်ကို ပြုံးပြလိုက်ပြီး ကုလားထိုင်ပေါ်မှာထိုက်ကာ မျက်နှာကျတ်ကို ကြည့်နေတဲ့ လင်းဖန်ကို လှမ်းပြောလိုက်ပါတယ်။
"မင်းသူငယ်ချင်းရောက်နေတာတောင် မင်းက နုတ်မဆက်တော့ဘူးလား"
"အာ ဒါကဘယ်သူများလဲ? အကြီးအကဲ ဝမ် ပါလား။လာထိုင်ပါဦး ခင်ဗျားက ထူခြားပြီး အံ့သြစရာကောင်းတဲ့ ဧည့်သည်ပဲ။လူလိမ် ထျန် ,အကြီးအကဲ ဝမ်အတွက် ရေသန့်သန့်လေးတစ်ခွက်လောက် ခတ်ပေးလိုက်ပါဦး။သူက ဂုဏ်သရေရှိ ဧည့်သည်ဆိုတော့ အကောင်းဆုံးရေကို တိုက်မှရမယ်"
လင်းဖန်ဟာ ပြောလိုက်သည်။
"ဟေး မင်းက တကယ်ကိုပြသနာရှာချင်နေတာလား"
ဝမ်မင်ယန်ဟာ ပြောလိုက်သည်။
"ဟားဟား ခင်ဗျားမှန်တယ် ၊ ကြိုပြောထားမယ်နော် ဒီနေရာမှာတော့ ကျွန်တော်က ဆရာကြီးပဲ"
အမှန်တကယ်လည်း လင်းဖန် ဘာကိုမှမကြောက်ပါဘူး။လူလိမ်ထျန်ဟာ တကယ့်ပညာရှင်ဖြစ်ပြီး အယောက်နှစ်ဆယ်လောက်ကိုတောင် ယှဥ်ချနိုင်ပါတယ်။
"ငါမင်းနဲ့ ပြိုင်ပြီး ငြင်းဖို့လာခဲ့တာ မဟုတ်ဘူး ၊ မင်းတို့ကို ညစာလိုက်ကျွေးမလို့ ။မင်းတို့ ငါ့ကိုမျက်နှာသာ ပေးမယ်မလား"
ဝမ်မင်ယန်ဟာမေးလိုက်သည်။
"ထျန် ဆိုင်ပိတ်လိုက်တော့"
လင်းဖန် လှမ်းပြောလိူက်သည်။
"ငါနဲ့ လိုက်မှာလား?"
"ကျုပ်မလိုက်ဘူးဆိုရင် ဆိုင်ပိတ်စရာ လိုပါ့မလား"
လင်းဖန်ရဲ့ စကားကိုကြားပြီး ဝမ်မင်ယန် ဆွံ့အသွားခဲ့ပါတယ်။
............
ဇိမ်ခံကားထဲတွင်။
"ဝိုး ဒီကားက အတော်ကောင်းတာပဲ ၊ သက်သောင့်သက်သာရှိတယ်"
လူလိမ်ထျန်ဟာ ကားပေါ်မှာထိုင်ပြီး မနာလိုစွာပြောလိုက်ပါတယ်။
"မင်းတို့ ဘာစားချင်လဲ?"
ဝမ်မင်ယန်ဟာ အပြုံးလေးနဲ့ ကြည့်ကာမေးလိုက်သည်။
"ခင်ဗျားက သူဌေးဆိုတော့ ခင်ဗျားပဲဆုံးဖြတ်ပါ"
လင်းဖန်ဟာလည်း ဝမ်မင်ယန် ရဲ့ဇိမ်ခံကားပေါ်မှာ ထိုင်ပြီး မနာလိုဖြစ်မိပါတယ်။သူ့နှလုံးသားထဲကနေပြီး ပိုက်ဆံများများကြိုးစား ရှာကာ သူ့အတွက်ကော လူလိမ်ထျန် အတွက်ပါ ကားတစ်စီးစီ ဝယ်ဖို့ဆုံးဖြတ်လိုက်ပါသည်။
"ကားဘယ်လိုနေလဲ? ဒီကားက တကယ်မိုက်တယ်မလား?"
ဝမ်မင်ယန် ဟာ လင်းဖန်တို့နှစ်ယောက်၏ မျက်နှာပေးကို မြင်ကာမေးလိုက်ပါသည်။
"အင်း ဒီကားက တော်တော်ကောင်းတယ်"
လင်းဖန် ပြန်ဖြေလိုက်သည်။
"မင်းသာ လိုချင်ရင် ငါမင်းကို ပေးလိုက်လိူ့ရတယ်"
ဝမ်မင်ယန်ဟာပြောလိုက်ပါသည်။သို့ပေမဲ့ လင်းဖန် ဒီကားကို လက်ဆောင်အဖြစ်လက်ခံ လိမ့်မှာ မဟုတ်ဘူးဆိုတာ စိတ်ထဲကနေ သိနေခဲ့ပါတယ်။
"ကောင်းပြီလေ ၊ ပြသနာမရှိဘူး ကျွန်တော် ယူမယ်"
လင်းဖန်ဟာ လျင်မြန်စွာပြန်ဖြေလိုက်သည်။ဝမ်မင်ယန် က သူ့ကို အလကားပေးလိမ့်မယ်လို့ မထင်ထားမိပါဘူး။ဒါကြောင့် သူရလာတဲ့ အခွင့်အရေးကို အမိအရဖမ်းဆုပ်လိုက်သည်။
သူအရင်တုန်းက ဒေါ်လာတစ်သန်း မယူနိုင်တာက စွယ်စုံကျမ်းရဲ့ စည်းမျဥ်းတွေကြောင့်ပါ။အခုတော့ သူနဲ့ ထိုက်တန်တာ သူရပါပြီ။
ဝမ်မင်ယန် ဟာအနည်းငယ် အံ့သြသွားခဲ့ပြီးနောက် ပြုံးလိုက်ပါတယ်။သူဒီကားကို ပေးရတာ မပေးရတာ ကိုစိတ်ထဲ သိပ်မထားပါဘူး။ဒီသူငယ်ချင်းရဲ့ စိတ်ဓာတ်က အတော်ထူးဆန်းးတယ်လို့သာ တွေးလိုက်မိသည်။
"ကောင်းပြီလေ ပြီးသွားတဲ့အခါကျရင် ငါဒီကားကို မင်း နာမည်နဲ့ လွှဲပေးမယ်",
ဝမ်မင်ယန်ဟာပြောလိုက်သည်။
"ခင်ဗျား စာရွက်စာတမ်းတွေ အထိလုပ်ဖို့ မလိုပါဘူး။ကျွန်တော် ဒီကားကို ဒီတိုင်းပဲယူမောင်းလိုက်မယ် ကျွန်တော်မမောင်းချင်တော့တဲ့ အချိန်ကျ ပြန်ပေးမယ်လေ"
လင်းဖန်အတွက်ကတော့ သူတက္ကသိုလ်တက်ကတည်းက လိုင်စင်ရပြီးသားပါ။သူကားမဝယ်နိုင်လို့ မမောင်းရတာပဲ ရှိပါတယ်။အခု သူကားရတော့မှာ ဆိုတော့ အနည်းငယ်စိတ်လှုက်ရှားသွားခဲ့သည်။
"မင်းမှာ တကယ့်စွမ်းဆောင်နိုင်စွမ်းတွေရှိတာ ငါသိပါတယ်။မင်းသာ လက်ခံမယ် ဆိုရင် ငါ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးလို့ရတယိ။ဒါဆိုရင်မင်း အချိန်အနည်းငယ်ပေးပြီးဟောရုံနဲ့ ကားတွေ အများကြီးဝယ်နိုင်လိမ့်မယ်"
ဝမ်မင်ယန်ဟာ လင်းဖန်ရဲ့ အရည်အချင်းကို လေးစားပြီး ၊ သူ့သူငယ်ချင်းတွေကလည်း ဗေဒင်ပညာကို ယုံကြည်ကြပါတယ်။
ဗေဒင်ဟောပေး တာနဲ့ ဒေါ်လာသန်းချီပေးဖို့ကို သူတို့က လက်တွန့်နေမှာ မဟုတ်ပါဘူး။
"မလိုတော့ပါဘူး၊ ကျွန်တော် အခုအနေအထားလေးပဲ သဘောကျတယ်"
လင်းဖန်ဟာ သူ့ဘဝတစ်လျောက်လုံး ဗေဒင်ဟောစားပြီး မဖြတ်သန်းချင်ပါဘူး။ပြီးတော့ စွယ်စုံကျမ်းရဲ့နောက်ထပ် စာမျက်နှာဟာ ဘာဖြစ်မလဲ သူမသိပေ။ဒါက သူ့ဘဝကို ပြောင်းလဲစေဖို့ ကံကြမ္မာက ဖန်တီးပေးထားတဲ့ အရာပါ။
ခနအကြာမှာတော့ သူတို့သွားချင်တဲ့ နေရာကို ရောက်လာခဲကြသည်။
"ဒါက တကယ့်ဇိမ်ခံနေရာပဲ"
လင်းဖန်ဟာ ကားထဲကထွက်ပြီး မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့သြသွားခဲ့ပါတယ်။
"ချမ်းသာတဲ့ လူတွေက ဘယ်လိုဇိမ်ခံရမလဲဆိုတာ တကယ်သိကြတယ်"
လူလိမ်ထျန်ဟာ ရေရွတ်လိုက်သည်။
"သွားကြမယ့် ဒီနေ့တော့ မင်းတို့စားချင်တာ စားလို့ရတယ်"
ဝမ်မင်ယန်ဟာ ပြောလိုက်ပြီး ဆိုင်ထဲကို ဦးဆောင်ဝင်သွားခဲ့သည်။သူတို့ တံခါးပေါက်ကနေ ဝင်လိုက်တာနဲ့ လှပတဲ့ မိန်းမပျိုလေးများဟာ တန်းဆီပြီး နှုတ်ဆက်တာကို တွေ့လိုက်ကြပါတယ်။
လင်းဖန် တည်တည်ငြိမ်ငြိမ်ပဲ ရှိနေပေမဲ့ လူလိမ်ထျန် ဟာတော့ အတော်စိတ်လှုပ်ရှားနေခဲ့ပါပြီ။
ဝမ်မင်ယန်က ဒီဆိုင်ရဲ့ ပုံမှန်ဖောက်သည်ဖြစ်ပြီး ဆိုင်မန်နေဂျာ တောင်မှ ပုဂ္ဂိုလ်ရေးအရ လာနှုတ်ဆက်ရသည်။
ခနအကြာမှာ သူတို့ဟာစျေးကြီးတဲ့ ဝိုင်ကို သောက်နေကြပြီး စားပွဲပေါ်တွင် စားစရာများ အပြည့်ရှိနေခဲ့ပါတယ်။
"ဝိတ်တာ ဒီကို စပရိုက် တစ်ဘူးလောက်ပေးပါ"
လူလိမ် ထျန်ဟာလှမ်းအော်လိုက်သည်။
ဝိတ်တာဟာ လူလိမ်ထျန်ပြောတာ ကိုကြားပြီး ဆွံ့အသွားခဲ့ပါတယ်။
စပရိုက် ဟုတ်လား? လာနောက်နေတာလား?
ဒီဆိုင်ကလူတွေ အတွက်ကတော့ ဝမ်မင်ယန်က အဓိကဖောက်သည် တစ်ယောက်ပါ။ပုံမှန်အားဖြင့် သူတို့ အစစအရာရာ ရအောင် ဖြည့်စည်းပေးရပါမယ်။
ဒါကြောင့် ဆိုင်မှာမရလျင်တောင် တစ်နေရာရာမှ ကြံဖန်ကာ ရှာဖွေပေးကြပါသည်။
"စပရိုက်ကို ဝိုင်နဲ့ရောသောက်ရင် အရသာကတကယ်ကောင်းတာ"
လူလိမ် ထျန်ဟာ လင်းဖန် အတွက် တစ်ခွက်ရောကာ ထည့်ပေးလိုက်ပါတယ်။
"ဘယ်လိုနေလဲ သောက်ကြည့်"
လင်းဖန်ဟာ တစ်ချိုက်တည်း မော့သောက်လိုက်
ကာ ခေါင်းညိမ့်ပြလိုက်သည်။
"ထျန် ခင်ဗျားကတကယ် ဘယ်လိုသောက်ရမလဲဆိုတာ သိတာပဲ"
"ဒါပေါ့"
လူလိမ် ထျန်ဟာ ကျေနပ်စွာ ပြန်ဖြေလိုက်သည်။
ဝမ်မင်ယန်ကတော့ သူတို့နှစ်ယောက်ကို ကြည့်ပြီး ခေါင်းယမ်းလိုက်ပါတယ်။ဒီ ဝိုင်ပုလင်းက အနည်းဆုံး ဒေါ်လာ တစ်ေသာင်းလောက်ကျပါတယ်။ဒါကို သူတို့ဟာ စပရိုက်နှင့်ရောပြီး ဖျက်ဆီး နေခဲ့ကြသည်။
သို့ပေမဲ့ သူဟာ သူ့သူငယ်ချင်းတွေကို လုံးဝ စိတ်မဆိုးပါဘူး။ဒါက ပျော်စရာတောင်ကောင်းပါသေးတယ်။
"ကျုပ်ကို လည်း တစ်ခွက်ပေးပါဦး"
ဝမ်မင်ယန်ဟာ ရယ်မောစွာပြောလိုက်သည်။
လူလိမ်ထျန်ဟာ ဝမ်မင်ယန်ကို ကြည်ကာ ခေါင်းယမ်းပြီး ပြောလိူက်ပါတယ်။
"ကြည့်ရတာ ချမ်းသာတဲ့လူတွေက ဒီနည်းလမ်းကို မရှာဖွေနိုင်ခဲ့ကြဘူး ထင်တယ်"
လူလိမ်ထျန်နဲ့ ဝမ်မင်ယန်တို့ပြောနေတာ ကြားပြီး မန်နေဂျာ နဲ့ ကျန်တဲ့လူတွေဟာ ဆွံ့အနေခဲ့ပ့တယ်။
ဒီလူတွေ ဘယ်ကများ ရောက်လာကြတာလဲ?
"ခနနေရင် ငါကို တစ်ယောက်ယောက်ကို ဗေဒင်တွက်ဖို့ ကူညီပေးဦး"
ဝမ်မင်ယန်ဟာ ပြောလိုက်သည်။
"ကောင်းပြီလေ ၊ ပြသနာမရှိဘူး"
လင်းဖန်ဟာ တုန့်ဆိုင်းမနေပဲပြန်ဖြေလိုက်ပါတယ်။သူက ဝမ်မင်ယန်ဆီက ညစာ အလကားစားပြီး ကားတစ်စီးပါ ယူထားတာပါ သူ့ကို ပြန်ကူညီတာက ဖြစ်သင့်ပါတယ်။
ဝမ်မင်ယန် အတွက်ကတော့ လင်းဖန် သူ့ရဲ့အကျင့်စရိုက်ကို သိထားပါတယ်။သူက သစ္စာရှိတဲ့ လူတစ်ယောက်ဖြစ်ပြီး ညီအစ်ကို ဖွဲ့ဖို့အတွက် အတော်အဆင်ပြေ တဲ့ လူတစ်ေယာက်ပါ။
ထပ်ပြောရရင် ဝမ်မင်ယန်ဟာ သူတို့ရှေ့မှာ ဟိတ်ကြီးဟန်ကြီး မရှိပါဘူး။
အကယ်၍ ဝမ်မင်ယန်သာ အတ္တကြီးပြီး ၊ တစ်ကိုယ်ကောင်းဆန်တဲ့ လူတစ်ယောက်သာဆိုလျင် သူ အခုလိုမျိုး သောက်စားပြီး အချိန်ကုန်ခံနေမှာ မဟုတ်ပေ..........