← Chapters

မင်းဒီနေ့ကို ဖမ်းဆုပ်ထားသင့်တယ်

Vol. 4 Ch. 57

မင်းဒီနေ့ကို ဖမ်းဆုပ်ထားသင့်တယ်

Vol. 4 Ch. 57

"အကြီးအကဲ ဝမ်, ခင်ဗျား ဒီနေ့ကုန်ကျတာတွေ အရမ်းများနေပြီနော်။ကားလည်းပေးလိုက်ရတယ် ၊ အစားအသောက်တွေလည်း ဝယ်ကျွေးရတယ် ကျွန်တော်တောင် နည်းနည်းရှက်ရွံ့မိတ

ယ်"

လင်းဖန်ဟာ ပါးစပ်ကသာ ဒီလိုပြောနေပေမဲ့ သူ့လက်တွေက ရပ်တန့်မနေခဲ့ပါဘူး။သူဟာ သောက်လိုက် ၊ စားလိုက်ကို ဆက်တိုက်လုပ်နေခဲ့ပါတယ်။

ဒီလိုမျိုးကြင်နာတတ်တဲ့ သူဌေးနဲ့ တွေ့တဲ့အချိန်မှာ သူအခွင့်အရေးကို ဆုပ်ကိုင်ပြီး ၊ စားနိုင်သလောက်စား ထားရမှာပါ။

"မင်းငါ့ကို ခနနေကြရင် သင့်တော်တဲ့ အကြံဥာဏ်ကို တွက်ချက်ပေးဦး။ဒေါ်လာ သန်းသုံးရာ ရင်းနှီးမြုပ်နှံမူတစ်ခုရှိတယ်။ တကယ်လို့ အဲတာသာ အလုပ်မဖြစ်ခဲ့ရင် ငါတော့ အရာအားလုံး ဆုံးရှုံးပြီပဲ"

ဝမ်မင်ယန်ဟာ ပြောလိုက်သည်။

**တိုက်မိသည့် အသံများ**

လူလိန်ထျန်ဟာ ဒေါ်လာသန်းသုံးရာ ဆိုတာကိုကြားလိုက်တဲ့အချိန်မှာ သူ့လက်ထဲမှာကိုင် ထားတဲ့ ခရင်းဟာ ပန်းကန်ထဲကို ပြုတ်ကျသွားခဲ့ပါတယ်။

"ဘာ?? လူတစ်ယောက်ကို အောင်မြင်ဖို့အတွက် ဒေါ်လာ သန်းသုံးရာ ရင်းနှီးမြုပ်နှံချင်တာလား?ဘယ်လောက်တောင် ကြီးကျယ်လို့လဲ? ဒါမှမဟုတ် ငါ့ကို ရင်းနှီးမြုပ်နှံပါလား?ငါတိုက်ခိုက်နိုင်ပါတယ် ဒေါ်လာ သုံးသောင်း မဟုတ်ဘူး သုံးသိန်းဆို လုံလောက်ပြီ"

"ဘေးမှာပဲနေ ၊ ခင်ဗျားအောင်မြင်ဖို့ ဘယ်သူမှ ရင်းနှီးမြုပ်နှံမှာမဟုတ်ဘူး။တကယ်လို့ မြုပ်နှံ့မယ်ဆိုရင်တောင် ကျုပ်လို ငယ်ငယ်ချောချောလေးကိုပဲ မြုပ်နှံ့မှာပေါ့"

လင်းဖန်ဟာ ပြောလိုက်သည်။

"သူမရောက်လာပြီ"

ဝမ်မင်ယန်ဟာ တံခါးပေါက်ဝကို လှမ်းကြည့်ပြီးပြောလိုက်ပါတယ်။

"ဝိုး ဘယ်လောက်တောင် လှပတဲ့ မိန်းကလေးလဲ"

လူလိမ် ထျန်ဟာလည်း လှမ်းကြည့်လိုက်ပြီး အကြည့်တစ်ချက်ထဲနဲ့ မိန်းကလေးရဲ့ အလှအောက်ကို ကျရောက်သွားခဲ့ပါတယ်။

သူ့ရဲ့ ပါးစပ်ကြီးဟာ ပွင့်နေခဲ့ပြီး ၊ သူ့ရဲ့ သိက္ခာတွေ ပုံရိပ်တွေကို တောင်မထိန်းချုပ်နိုင်တော့ပါဘူး။

လင်းဖန်ဟာ လူလိန်ထျန် ရဲ့အပြုအမူကိုကြည့်ပြီး စိတိပျက်သွားခဲ့ပါတယ်။သို့ပေမဲ့ သူ တံခါးပေါက်ဝကို ကြည့်လိုက်တဲ့ အချိန်မှာ သူ့ရဲ့နှလုံးခုန်သံများဟာ စည်းချက်ညီစွာ ခုန်လာခဲ့ပါသည်။

သူမရဲ့ အရပ်ဟာအနည်း ဆုံး 1.75 မီတာ လောက်ရှည်ပြီး ၊ ခြေတံလက်တံ လေးတွေဟာ ရှည်ပြီး သွယ်လျ လှပါတယ်။

အထူးသဖြင့် သူမရဲ့ အချိုးအစားကျနလှတဲ့ ခန္တာကိုယ်လေးဟာ ဆွဲဆောင်မှုအရှိဆုံးပါ။သူမရဲ့ရင်သားများဟာ ကြီးမား လုံးဝန်းပြီး ကောင်းကင်ဘုံက တောင် ဖန်ဆင်းပေးထားသလား ထင်မှတ်ရပါတယ်။သူမလမ်းလျောက်နေတဲ့ အချိန်မှာ သူတို့ဟာ အပေါ်အောက် လှုပ်ရှားနေခဲ့ပါသည်။

သို့ပေမဲ့ သူမရဲ့ ပုံစံဟာ အနည်းငယ်အတွေ့အကြုံမရှိတဲ့ ပုံစံပေါက်နေပြီး ရှက်ရွံ့သလို ဖြစ်နေခဲ့ပါတယ်။သူမသာ ဒီထက်ပိုပြီး ရင့်ကျတ်တဲ့ ပုံစံပေါက်မယ်ဆို ဘယ်ယောက်ျားလေးမှ သူမရဲ့ ဆွဲဆောင်မူကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

"အကြီအကဲ ဝမ်"

ဒီလှပလှတဲ့ မိန်းကလေး ဆိုင်ထဲကိုရောက်တာနဲ့ များပြားလှတဲ့ ယောက်ျားလေးတွေရဲ့ အာရုံစိုက်မူကို ခံလိုက်ရပါတယ်။သူတို့ရဲ့ ရည်းစားတွေ ၊ မိန်းမတွေနဲ့ လာတဲ့ လူများတောင် ဒီမိန်းမလှလေးကို မကြည့်ပဲ မနေနိုင်ကြပါဘူး။

"အင်း ထိုင်ပါဦး"

ဝမ်မင်ယန် ဟာ ခေါင်းညိမ့်ပြလိုက်ပြီး နောက် လင်းဖန်ရဲ့ အနည်းငယ်ကွဲပြားနေတဲ့ အမူအရာကို ကြည့်ကာ ရယ်မောလိုက်ပါတယ်။

ဝုရွှန်းယွဲ့ ဟာတော့ စတင်ကြောက်ရွံ့လာခဲ့ပါသည်။သူမက အနုပညာကျောင်းက မိန်းကလေးတစ်ယောက်ပါ။သူမကျောင်းက သူငယ်ချင်းတွေ အမြဲပြောတာက

"နင်သာ အောင်မြင်ချင်တယ်ဆိုရင် နင့်နောက်မှာ ထောက်ခံပေးမယ့် တစ်ယောက်ယောက်လိုတယ် ၊ ဒါမှမဟုတ် နင့် စွန့်လွတ်အနစ်နာခံဖို့လိုအပ်တယ်"

လို့အမြဲပြောကြပါတယ်။

သူမမှာ ကြီးမားတဲ့ နောက်ခံတော့ မရှိပါဘူး။သို့ပေမယ့် သူမရဲ့ အခန်းဖော်တွေပြောတာကတော့ သူမမှာ လှပတဲ့ ရုပ်ရည်နဲ့ ကိုယ်ခန္တာအချိုးအစားရှိပါတယ်။

သူမသာ စိတ်ကို လွှတ်လိုက်ပြီး စွန့်လွတ်အနစ်နာ ခံလိုက်မယ်ဆိုရင် သူမအတွက် ဖျော်ဖြေရေးလောကမှာ နေရာတစ်နေရာရဖို့ဆိုတော့ မခက်ခဲပါဘူး။

ရုပ်ရှင်ကုမ္ပဏီတွေ အများကြီး အနုပညာကျောင်းကို လာကြည့်ပြီး အလားအလာရှိတဲ့ ကြယ်ပွင့်တွေကို လာကြည့်တဲ့အချိန်မှာ ၊သူမဟာ လည်းအရွေးခံခဲ့ရပြီး အကြီးအကဲဝမ်ရဲ့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။

အဲ့နေ့မှာပဲ အကြီးအကဲဝမ်ဟာ သူမကို ညဘက်တစ်နေရာရာကိုသွားဖို့ ရှိတယ်လိူ့ပြောခဲ့ပါတယ်။သူဟာ သူမကို အဝတ်အစား သေချာဝတ်ခဲ့ပြီး လာဖို့ ပြောကြားခဲ့ပါသည်။

ဒါကပဲ ဝုရွှန်းယွဲ့ ကို ကြောက်လန့်စေပြီး ဘယ်တွေဆက်ဖြစ်မလဲ ဆိုတာတောင် မတွေးရဲတော့ပါဘူး။

အဲ့အချိန်မှာပဲ ဝုရွှမ်းယွဲ့ဟာ အကြီးအကဲ ဝမ်ရဲ့ ဘေးနားမှာ ထိုင်နေတဲ့ နှစ်ယောက်ကို တိတ်တဆိတ် အကဲခတ်လိုက်ပါတယ်။

သူမရှေ့မှာ ထိုင်နေတဲ့ သက်လတ်ပိုင်း လူကြီးဟာတော့ သိပ်မယဥ်ကျေးတဲ့ ပုံစံရှိပြီး အခုထိ ပါးစပ်ကြီး ပွင့်နေခဲ့ပါတယ်။

သူ့ရဲ့ဘေးမှာ ထိုင်နေတဲ့တစ်ယောက်ကတော့ ငယ်ရွယ်ပြီး အတော်ချောမောပါတယ်။သို့သော်လည်း ဒီလူ သူမကို တစ်ခါတစ်ခါကြည့်တဲ့ အကြည့်တွေက ပိုပြီး ကြောက်ဖို့ကောင်းပါတယ်။

ဒီနှစ်ယောက်က တကယ်အရေးကြီးတဲ့ လူတွေဖြစ်နိုင်မလား....?

အကြီးအကဲဝမ်က သူမရဲ့ ကံတရားကို ဒီညအဆုံးအဖြတ်ပေးဖို့ ခေါ်လိုက်တာဖြစ်နိုင်ပါတယ်။

ဝုရွှန်းယွဲ့ဟာ စွန့်လွှတ် အနစ်နာခံဖို့ လုံးဝစိတ်မကူးထားပါဘူး။ ဒါကသူမကို စိတ်မသက်မသာ ဖြစ်စေပါတယ်။

"ဒါက ဝူရွှမ်းယွဲ့ "

"ရွှန်းယွဲ့ ဒါက ငါ့ရဲ့ သူငယ်ချင်း မာစတာ လင်းပဲ။သူ့အကြောင်းတွေတော့ ဝိုက်ဘိုပေါ်မှာ ကြားဖူးတယ် မလား၊ ဒီဘက်က သူ့ရဲ့ အကူ ထျန်.....ထျန်...."

ဝမ်မင်ယန်ဟာ လူလိမ်ထျန်ရဲ့ နာမည်အပြည့်အစုံက ဘာလဲဆိုတာ မမှတ်မိပါဘူး။

"လူလိမ် "

လင်းဖန်ဟာ ကြားဝင်ပြောပေးလိုကိသည်။

"ဟုတ်တယ် ဟုတ်တယ် လူလိမ်ထျန်"

ဝမ်မင်ယန်ဟာ သတိရသွားကာ ထပ်ပြောလိုက်သည်။

***ရယ်မောကြသည့် အသံများ***

ဝုရွှန်းယွဲ့လည်း မထိန်းနိုင်တော့ပဲ ရယ်မောလိုက်ပါတယ်။ရယ်မောပြီးနောက်မှာမှ မသင့်တော်မှန်း သိလိုက်ပြီး ချက်ချင်းပြန်တောင်းပန်လိုက်သည်။

သူမရှေ့မှာရောက်နေတာက ဝိုက်ဘိုပေါ်မှာ ကျော်ကြားနေတဲ့ မာစတာ လင်းမှန်း သူမမထင်ထားမိခဲ့ပါဘူး။

သူမကို အံ့သြစေတာက သူမတို့ကျောင်းမှာ မာစတာ လင်းအကြောင်း ခနခနကြားဖူးနေပြီး အခု မာစတာ လင်းကသူမရှေ့ကို ရောက်နေခဲ့ပါပြီ။

"မိန်းကလေး မင်းက နည်းနည်းကြောက်နေသလိူပဲ"

လင်းဖန်နောက်ဆုံးတော့ စကားစပြောလိုက်ပါတယ်။

"သိပ်မကြောက်ပါနဲ့ ငါတို့က ဖော်ရွေတဲ့ လူတွေပါ"

(lol နိုင်လူပြောတာကျနေတာပဲ)

လင်းဖန် ဒီတိုင်းညိမ်နေ ရင်တောင် ဘာမှမဖြစ်ပါဘူး။အခုတော့ သူ့ရဲ့စကားကြောင့် ဝူရွှမ်းယွဲ့ကို ပိုပြီး ကြောက်လန့်စေပါတယ်။

ဝမ်မင်ယန်ဟာ ရယ်မောလိုက်သည်။

"ကောင်းပြီ စနောက်နေတာ တော်လိုက်ရအောင်၊ သူမက အခုမှ အနုပညာတက္ကသိုလ်က ဘွဲ့ရလာတာလေ။ငါမင်းကို သူ့ရဲ့ အနာဂတ် အင်မြင်နိုင်​ချေကို တွက်ချက်ပေးစေချင်တာ"

ဝုရွှန်းယွဲဟာ ဒါကိုကြားပြီး အံ့သြသွားခဲ့ပါသည်။အကြီးအကဲ ဝမ် သူမကို ဒီကိုခေါ်တာဟာ မာစတာ လင်းကို ဗေဒင်တွက်ခိုင်းဖို့လို့ မထင်ထားခဲ့ပါဘူး။

လင်းဖန်ဟာ ဝုရွှမ်းယွဲ့ ကိုစိုက်ကြည့်လိုက်ပါတယ်။သူမရဲ့ ပါးလေးတွေဟာ နီရဲသွားခဲ့ပြီး ခေါင်းကို ရှက်ရွံ့စွာ ငုံ့လိုကိပါတယ်။

"ခေါင်းမော့ ထားပါဦး ၊ သေချာကြည်ရအောင်"

လင်းဖန် အမြန်ပြောလိုကိသည်။

ဝုရွှန်းယွဲ့ခေါင်းကို မော့လိုက်တဲ့ အချိန်မှာ လင်းဖန်နဲ့ မျက်လုံးချင်း ဆုံသွားခဲ့ပါတယ်။ဒါက သူမကို ထူးခြားတဲ့ ခံစားချက်မျိုး ရစေပါတယ်။

"ဝိုး မင်းကို ငါ့မွေးရပ်မြေက ဖြစ်လိမ်မယ် လိူ့မထင်ထားမိဘူး၊ အလယ်ပိုင်း ဒေသက မိန်းမလှလေးတွေ မွေးထုတ်ပေးနိုင်တယ် ဆိုတာ အမှနိပဲထင်တယ်"

လင်းဖန်ဟာ ရယ်မောစွာပြောလိုက်ပါသည်။

"အာ"

ဝုရွှန်းယွဲ့ရဲ့ သေးငယ်တဲ့ ပါးစပ်လေးများဟာ ကျယ်သွားခဲ့သည်။ဒီမာစတာ က အကြည့်တစ်ချက်ထဲနဲ့ သူမဘယ်က လာလဲ ဆိုတာကို ပြောနိုင်ခဲ့ပါတယ်။

"မာစတာ ရှင်လညိး အလယ်ပိုင်း ဒေသကလာတာလား?"

"ဟုတ်တယ်"

လင်းဖန်ခေါင်းညိမ့်ကာ ဆက်ပြောလိုကိသည်။

"အကြီးအကဲ ဝမ် ကျွန်တော် သူမကိုကြည့်ပေးပြီးသွားပြီ၊ သူမကို ဘယ်လိ လုပ်ပေးဖို့ စီစဥ်ထားတာလဲ?"

ဝူရွှန်းယွဲ့ဟာ မာစတာ လင်းရဲ့စကားတွေနဲ့ သူမရဲ့ အနာဂတ်တွေကို ဆုံးဖြတ်ပေးနိုင်တယ် ဆိုတာ နားလည်လိူကိပါတယ်။နောက်လာမယ် စကားတွေဟာ သူမနားထောင်ဖို့အတွက် ယုံကြာ်ချက်သိပ်မရှိပါဘူး။ဒါကြောင့် သန့်စင်ခန်း ခနသွားဖို့ ခွင့်တောင်းလိူက်ပါတယ်။

"မင်းလည်း နားထောင်သင့်တယ်"

ဝမ်မင်ယန် ဟာ လှမ်းပြောလိုက်ပြီး လင်းဖန်ကို ရှမ်းပြလိုက်ပါတယ်။

"ငါ ရုပ်ရှင်တစ်ကားရိုက်မှာ ဒေါ်လာသန်း သုံးရာရင်းပြီး သူမကို အောင်မြင်အောင်လုပ်ပေး ချင်နေတာ။မင်းဒါကို တော့သိပြီးလောက်မှာပါ ၊ ငါကကုမ္ပဏီ တစ်ခုထဲပိုင်တာ မဟုတ်ဘူး ။ဖော်ဖြေရေး ကုမ္ပဏီတစ်ခုလည်း ပိုင်ဆိုင်ထားသေးတယ်"

"ငါတို့ကုမ္ပဏီကနေ အောင်မြင်အောင်လုပ်ပေး လိုက်တဲ့ စတားတွေဟာ သူတို့ဟာသူတို့ အလုပ်လုပ်ချင်ကြပြီး ကုမ္ပဏီကို စွန့်ခွာသွားခဲ့ကြတယ်။ဒါကြောင့် ငါတိုကုမ္ပဏီမှာ စူပါစတားတွေ ထောက်ပံ့ဖို့ မရှိတော့ဘူး ဒါကြောင့် ဒီတစ်ယောက်ကို စဥ်းစားထားတာ"

ဝမ်မင်ယန် သူ့ကုမ္ပဏီက စူပါစတားတွေ ထွက်ခွာသွားတာကို ပြောတဲ့ အချိန်မှာ စိတ်တိုနေခဲ့ပါတယ်။သို့ပေမဲ့ သူ့စိတ်ထဲမှာပဲ မထားပါဘူး။

လင်းဖန်ဟာ သူတို့ပြောနေတဲ့ ကိစ္စဟာ အရေးကြီးတာမြင်တဲ့ အချိန်မှာ လေးနက်လာခဲ့ပါသည်။

"သူမက အနုပညာပိုင်းရဲ့ ပထမဆုံးအလုပ်အကိုင်ကို သရုပ်ဆောင်နဲ့ စဖို့အတွက်မသင့်တော်ဘူး။သူမ ပါတဲ့ ရုပ်ရှင်မှာ ဒေါ်လာ သနိးသုံးရာ အထိရင်းနှီးမြုပ် နှံတာကတော့ အတော်ဆိုးရွားတဲ့ ရင်းနှီးမူဖြစ်လာလိမ့်မယ်"

လင်းဖန်ဟာ တည့်တည့်ပဲပြောလိုက်ပါသည်။

ဝမ်မင်ယန်ဟာ ဒီအကြောင်းကို ကြားပြီး ဆွံ့အသွားခဲ့ပါတယ်။သူဒီလို အဖြေထွက်မယ်လို့ မထင်ထားခဲ့ပါဘူး။သို့ပေမယ့် သူလင်းဖန်ရဲ့ စကားတွေကို ယုံကြည့်ပါသည်။

ဝုရွှန်းယွဲ့ဟာ စိတ်ပျက်ပြီး ဝမ်းနည်းသွားပေမယ့်လည်း ဆက်ပြီး နားထောင်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ လင်းဖန်ဟာ သူမကြားချင်နေတဲ့ စကားလုံးတွေကို ပြောလာခဲ့ပါတယ်။

"ဒါပေမဲ့ သူမကို အဆိုတော် တစ်ယောက်လုပ်ခိုင်းလို့တော့ရတယ်။အရာရာက ချောချောမွေ့မွေ့ဖြစ်ပြီး သူမ စူပါစတား တစ်ယောက်ဖြစ်လာလိမ့်မယ် နောက်ပိုင်း သူမ ရုပ်ရှင်ရိုက်မယ်ဆိုရင် တောင် အောင်မြင်ဦးမှာပဲ"

"အကြီးအကဲ ဝမ် ကျွန်တာ်ကို ယုံကြည်တယ်မလား"

လင်းဖန် တည်ငြိမ်စွာ ပြုံးပြီးပြောလိုက်ပါတယ်။

"ဟားဟား ငါမင်းကို ယုံကြည်တာပါ၊ ဒါလုံလာက်ပြီ တစ်ခြားအကြောင်းပြောကြရအောင်"

ဝမ်မင်ယန်ဟာ ဆုံးဖြတ်ချက်ချပြီး သွားပါပြီ။သူသာ လင်းဖန်ကို မယုံကြည်ရင် လင်းဖန်ဆီကိုတောင် ရောက်လာမှာ မဟုတ်ပါဘူး။

"ရွှန်းယွဲ့ မာစတာ လင်းကို ကျေးဇူးတင်လိုက်ပါဦး၊ သူက မင်းအောင်မြင်လိမ့်မယ် လိူ့ပြောရင် တကယ်အောင်မြင်လာလိမ့်မယ်"

ဝမ်မင်ယန်ဟာ ပြောလိူက်သည်။

"ကျေးဇူးပါ မာစတာ လင်း"

ဝုရွှန်းယွဲ့ဟာ လင်းဖန်ကိုကျေးဇူးတင်လိုက်ပါတယ်။သို့ပေမယ့် ဝမ်မင်ယန် ပြောတဲ့ စကားရဲ့အဓိပါယ်ကို တော့ သိပ်နားမလည်ပါဘူး။

လင်းဖန်ဟာ လက်ကိုဝေ့ယမ်းလိုက်ပါတယ်။ဒါက သူ့အတွက် သိပ်ပြီးကြီးကြီးမားမား အားစိုက်မထုတ်ရပါဘူး။

သူတို့ အချိန်အကြာကြီး စကားပြောပြီးနောက်တွင် ဝုရွှန်းယွဲ့ဟာ သန့်စင်ခန်းသို့ခွင့်တောင်းကာ ထွက်သွားခဲ့ပါသည်။

ဝမ်မင်ယန်ဟာ စားပွဲကို ရိုက်ကာ ရုတ်တရက် ရယ်မောကာ ထပြောလိုက်ပါတယ်။

"ဒီလိုဆိုရင်ရော ဘယ်လိုလဲ? ငါမင်းအတွက် အောင်သွယ်တော် လုပ်ပေးမယ်"

"အာ ကျွန်တော်က ဆင်းရဲသားလေးပါဗျား။သူမကို မမှန်းရဲပါဘူး။မတော်လို့ သူမကို ကျုပ်ဆီက တစ်ခြားလူ ခိုးယူသွားရင် ဘယ်သူ့ကိုသွားငိုပြရမှာလဲ"

လင်းဖန်ဟာ ရယ်မေားပြီးပြောလိူက်ပါတယ်။

"ဟမ့် ဘယ်သူက ငါ့သူငယ်ချင်းရဲ့ မိန်းကလေးကိုခိုးရဲ တာလဲ၊ ငါကျိန်းသေ ခံစားရအောင်လုပ်ပေးလိုက်မယ်"

´ဝမ်မင်ယန်ဟာ ကြိမ်းဝါးလိုက်ပါတယ်။

"ကောင်းပြီ ခင်ဗျားရဲ့ စကားတွေကြောင့် ကျွန်တော်တို့ အမြဲတမ်း သူငယ်ချင်းတွေ ဖြစ်သွားကြပြီ"

လင်းဖန်ဟာ စားပွဲကို ရိုက်ကာ ပြောလိုက်ပါတယ်။

"ခွက်ချင်းတိုက်လိုက်ရအောင်"

ဝမ်မင်ယန်ဟာ ခွက်ကိုမြောက်ကာ ပြောလိူက်သည်။

"ငါကျတော့ရော..."

လူလိမ်ထျန်ဟာ ဘေးနားကနေ ဝမ်းနည်းစွာ ပြောလိုက်ပါတယ်။

"လာခဲ့လေ"

..........

"ဒီတော့ မင်းတကယ် ငါကိုအောင်သွယ်တော် မလုပ်ပေးစေ ချင်ဘူးလား"

ဝမ်မင်ယန်ဟာ ရယ်မောကာ ထပ်မေးလိုက်ပါတယ်။

"တစ်ခြားအကြောင်းပဲ ပြောကြရအောင်"

လင်းဖန်ဟာ စကာလမ်းကြောင်းပြောင်း လိူက်ပါတယ်။

"မင်း အခြေအနေကို ဆုပ်ကိုင်တတ်ရတယ်နော်"

လင်းဖန် : "..................."

All Chapters