← Chapters

အားလုံးဆုံးရှုံးသွားခြင်း

Vol. 4 Ch. 58

အားလုံးဆုံးရှုံးသွားခြင်း

Vol. 4 Ch. 58

သူတို့ရဲ့ ရေဆာမူတွေဟာ အငတ်ပြေသွားပြီး၊ဗိုက်ဆာမူတွေဟာလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။

ဆိုင်အပြင်ဘက်တွင်။

"ရွှန်းယွဲ့ မာစတာ လင်းကိုပြန်ပို့ လိုက်ပါဦး"

ယင်းနောက် ဝမ်မင်ယန်ဟာ လင်းဖန်ကိုဖက်ပြီး တီးတိုးပြောလိုက်ပါတယ်။

"ဟီးဟီး ကျန်တာကတော့ မင်းအပိုင်းဖြစ်သွားပြီနော်"

"မလိုတော့ပါဘူး၊ ကျွန်တော် ကိုယ့်ဟာကို မောင်းပြီး ပြန်လိူက်ပါ့မယ်"

လင်းဖန်ဟာ ဝိုင်တွေသောက်ထားပြီး အနည်းငယ် ရီဝေနေပေမဲ့ သူ့ခေါင်းထဲမှာ အရာရာတိုင်း ရှငိးရှင်းလင်းလင်း ရှိနေပါသေးတယ်။

"မူးရင် မမောင်းနဲ့၊ မောင်းရင် မမူးနဲ့။ ပြီးမှ ငါ့ကားကို ရဲစခန်းမှာ လိုက်မရွေးချင်ဘူး"

ဝမ်မင်ယန်ဟာ ပြုံးပြီးပြောလိုက်ပါတယ်။ယင်းနောက် လူလိမ် ထျန်ကို အဝေးကိူဆွဲခေါ်သွားခဲ့ပါသည်။

"အာာ ငါလည်း ကားနဲ့ပြန်ချင်တာလေ"

လူလိမ်ထျန်ဟာ ဒီလိုမျိုး မိန်းမလှလေးနဲ့ ဇိမ်ခံကားကို လက်မလွှတ်လိုက်ချင်ပါဘူး။

"လာစမ်းပါ ငါမင်းကို နောက်ထပ်ပျော်စရာလေးတွေ လိုက်ပြမယ်"

ဝမ်မင်ယန်ဟာ ပြောပြီးအဝေးကိုခေါ်သွားလိုကိပါတယ်။

............

"မာစတာလင်း ကျွန်မပြန်ပို့ပေးမယ်လေ"

ဝုရွှန်းယွဲ့ဟာ လင်းဖန်ကို တွဲပြီး ပြောလိုက်ပါတယ်။

"ငါ မင်းကို ပြန်ပို့ပေးပါ့မယ်"

လင်းဖန် မိန်းမလှလေးရဲ့ အကူညီကို တကယ်မလိုအပ်ပါဘူး။ဒါကြောင့် သူလက်ကို ဖယ်လိုက်ပါတယ်။

သို့ပေမယ့် သူ မိန်းမလှလေးရဲ့ လက်ကိုဖယ်လိုက်သည့် အချိန်တွင် သူ့လက်ဟာ မထိသင့်သည့်နေရာကို ထိမိသွားခဲ့ပါသည်။

ဒါက အရမ်းနူးညံ့လွန်းတယ်။

လင်းဖန်ဟာ ရီဝေဝေဖြစ်နေတာတွေ အကုန်ပျောက်သွားပြီး မျက်လုံးပြူးသွားပါတယ်။သူ့ခေါင်းထဲတွင် သောက်ထားသည့် အရှိန်များဟာကြောက်လန့်ပြီး လွင့်ပျယ်သွားခဲ့သည်။

ဝုရွှန်းယွဲ့ဟာ ဘာမှမပြောပေ။သူမဟာ လင်းဖန်အတွက် တံခါးကို ဖွင့်ပေးလိုက်ပြီး မတော်တဆ ဖြစ်သလိုပဲ သဘောထားလိုက်ပါတယ်။

အဆုံးမှာတော့ လင်းဖန်စိုးရိမ်နေသလို ဘာမှ မဖြစ်ခဲ့ပါဘူး။သို့ပေမယ့် သူတို့ဟာ ဝီချပ် အကောင့်များ လဲလှယ်ခဲ့ကြပါသည်။

.............

နောက်တစ်ရက် ဆိုင်ထဲတွင်။

"ရိုးရိုးသားသား ပြောစမ်းပါ၊ မနေ့ညက တစ်ကယ်ဘာမှ မဖြစ်ခဲ့ဘူးလားး"

လူလိမ် ထျန်ဟာ မနာလိုစွာမေးလိုက်ပါတယ်။

"လူလိမ် ထျန် ခင်ဗျား ဘာလိူ့အခုချိန်ထိ မိန်းမမရသေးတာလဲ ဆိုတာ ကျွန်တော်သိပြီ၊ ဘာလို့လဲဆိုတော့ ခင်ဗျား ခေါင်းထဲမှာ ညစ်ညမ်းပြီး အရေးမပါတာတွေနဲ့ပဲ ပြည့်နေတာကို"

လင်းဖန်ဟာ ကူညီမဲ့စွာပြောလိုက်သည်။

လူလိမ်ထျန်ရဲ့ မျက်လုံးတွေဟာ ကျဥ်းမြောင်းသွားပြီး ပြောလိုက်ပါတယ်။

"အာ ကြည့်ရတာ လူငယ်ဖြစ်ရတာ အတော်ကောင်းပါလား၊ မိန်းကလေးတွေက လူငယ်လေးတွေကိုပဲ သဘောကြကြတယ်။ငါသာ အသက်နှစ်ဆယ်လောက် ငယ်ခဲ့ရင် ဒီမိန်းမလှလေးက မင်းကိုရွေးမှာ မဟုတ်ဘူး"

"ခင်ဗျား အသက် ၃၀ လောက်ပိုငယ်ရင်တောင် ဘာမှ ထူးခြားမှာ မဟုတ်ဘူး"

လင်းဖန်ဟာ စိတ်မရှည်စွာပြောလိုက်သည်။

လူလိမ်ထျန် :: "ချီးပဲ.."

"ဟိုမှာ ကာစတန်မာတွေက တန်းစီနေပြီ နည်းနည်း သွားပြီးပြောလိူက်ဦး"

လင်းဖန်ရဲ့ ဆိုင်လေးက ဒီလမ်းထဲမှာ နေ့တိုင်းကာစတန်မာ အများဆုံးပါပဲ။ဆိုင်စဖွင့်တာနဲ့ ကာစတန်မာတွေ နဲ့ ပြည့်နေခဲ့ပါတယ်။

"မာစတာ လင်း ရဲ့အလုပ်အကိုင်က အတော်အဆင်ပြေနေတာပဲ"

ဖိနပ်ဆိုင်ပိုင်ရှငိ လူကြီးဟာ အပြင်ကို ကြည့်ပြီး ရေရွတ်လိုက်ပါတယ်။

"ဘာတွေ ငေးကြည့်နေကြတာလဲ? အပြင်ကို နည်းနည်းထွက်ပြီး ကာစတန်မာ တွေကို ဆွဲဆောင်ဖို့လုပ်လေ"

ဆိုင်ပိုင်ရှင်ဟာ သူ့ ဝန်ထမ်းတွေဘက်လှည့်ပြီး အော်လိုက်ပါတယ်။

.........

လုတိုင်းဟာ ဆိုင်တစ်ဆိုင်ကို ကျော်ကြားမူကြောင့်ပဲ လာကြတာပါ။သူတို့ဟာ မာစတာ လင်းရဲ့ ဟောကြားမူတွေဟာ အတော် တိကျတယ် ကြားလို့ လာခဲ့ကြခြင်းဖြစ်သည်။

သိူ့ပေမဲ့ သူတို့ စည်းမျဥ်းကို မြင်လိူက်သည့် အချိန်တွင် ၊သူတို့ ဒီကို လာခဲ့တာဟာ အချိန်ဖြုန်းသည် ဟုထင်လိုက် မိကြပါသည်။

"မင်းတို့ ဒီဗေဒင်ဆရာက အပိုတွေလုပ်နေတယ် လို့ မထင်ကြဘူးလား? ငါကတော့ ဒီကိုလာမိတာတော်တော် မှားသွားပြီလို့တောင် ထင်မိတယ်"

"အဲလိုမပြောနဲ့ ဒီ မာစတာ လင်းက အတော်တိကျတယ်။ငါ့ရဲ့ ခုနှစ်ယောက်မြာက်အဒေါ်တောင် သူ့သားအတွက် လာဟောတာ လုံးဝ ကွက်တိပဲ"

"ငါ မနေ့က အရွေးမခံလိုက်ရဘူး၊ ဒီနေ့တော့ ငါ့အလှည့်ရောက်မှာပါ"

လူကြီးတစ်ယောက်ဟာ ပြောလိုကိသည်

လင်းဖန်ဟာ လူအုပ်ကြီးကို ကျေနပ်စွာနဲ့ ကြည့်လိုက်ပါတယ်။ဒီနေ့က ကံဆိုးတဲ့ နေ့တစ်နေ့ လုံးဝ မဟုတ်ပါဘူး။ တစ်နေ့ကို လူ နှစ်ဆယိလောက်ဟော ယုံနဲ့တင် သူ့ဝင်ငွေက လုံလောက်နေခဲ့ပါပြီ။

"မာစတာ လင်း၊ မာစတာလင်း"

အဲ့အချိန်မှာပဲ ဝမ်းသာအားရ အော်ခေါ်ပြီး ရောက်လာတဲ့ အသံတစ်ခုကို ကြားလိုက်ရပါတယ်။

အပြင်ဘက်မှ လူများဟာလည်း ကောင်လေးကို မြင်ကာ အံ့သြသွားခဲ့ကြသည်။ဒီကောင်လေး ဘာအတွက်လာတာလဲ ဆိုတာ သူတိုလည်း မသိကြပါဘူး။

"အဲ့ကောင်လေး အရင်တစ်ခေါက်လာတုန်းက သူ့ဗေဒင်မေးသွားတာလေ။သူ့မျက်နှာကြည့်တာတော့ ကောင်းတာ တစ်ခုခုဖြစ်လာတယ်ထင်တယ်"

"ဘာတွေ ဒီလောက်တောင် ကောင်းလို့ ဝမ်းသာနေတာလဲ မသိ"

"မာစတာ လင်းက သူ့ကို အင်တာဗျုးသွားရမယ့်ရက်ကို ဟောလေ ၊အင်တာဗျူးက သုံးရက်ရှိတာကို ရှေ့နှစ်ရက်က ကံမကောင်းလို့ နောက်ဆုံးရက်မှ သွားခိုင်းတာ"

ကောင်းလေးဗေဒင်ဟော တာကို ကြားလိုက်တဲ့ မိန်းမကြီးဟာ ပြောလိုက်ပါတယ်။

"ဘာလိုဖြစ်နိုင်မှာလဲ? အင်တာဗျုးက ကံတရားနဲ့မှ မဆိုင်တာ"

လင်းဖန်ဟာ ကောင်းလေးကို မြင်တဲ့အချိန်မှာ ပြုံးလိုက်ပါတယ်။ကောင်လေးက သူပြောတဲ့အတိုင်း လိုက်လုပ်ခဲ့တဲ့ ပုံပါပဲ။

လီအန်ရှင်းဟာ အမှန်တကယ်ပင် ဝမ်းသာနေခဲ့သည်။သူအင်တာဗျူးကို ဘာအခက်အခဲမှ မရှိပဲ သာသာယာယာ အောင်မြင်ခဲ့တာပါ။

သူ့ကို နတ်ဘုရားတွေက ကူညီနေသလို အင်တာဗျူးမေးခွန်းတွေကို အေးအေးဆေးဆေး ဖြေနိုင်ခဲ့ပါသည်။သူ့ကို နောက်ရက်အနည်းငယ် ကြာရင် အလုပ်လာဆင်းခိုင်းပြီး အင်တာဗျူးရလာဒ်ကိုတောင် မစောင့်ခိုင်းတောပေ။

"မင်းကြည့်ရတာ အင်တာဗျူး အောင်လာတယ်ထင်တယ်"

လင်းဖန် လှမ်းပြောလိုက်ပါသည်။

"ဟုတ်တယ် ကျွန်တော် အောင်ခဲ့တယ်၊ မာသတာ လင်းကြောင့်သာ မဟုတ်ရင်ကျွန်တော် ​ေအာင်မှာမဟုတ်ဘူး၊ ကျေးဇူးတင်ပါတယ်"

"ကောင်လေး မင်းအင်တာဗျုးအောင်တာ မင်းအရည်အချင်းကြောင့် မဟုတ်ဘူးလား"

လူအုပ်ကြီးထဲမှ တစ်ယောက်ဟာ လှမ်းမေးလိုက်ပါတယ်။

"မဟုတ်ဘူး မာစတာ လင်းကြောင့်အောင်တာ"

လီအန်ရှင်းဟာ ခေါင်းခါယမ်းပြီးပြောလိုကိပါတယ်။

"ဒီကောင်လေးက ကိုယ့်ကိုကိုယုံကြည်မူ မရှိဘူးထင်တယ်။အင်တာဗျုး ဆိုတာကံတရားနဲ့မဆိုင်ဘူး။တကယ်လိူ့ မင်းမှာသာ အရည်အချင်းမရှိဘူးဆိုရင် နတ်ဘုရားတွေ ဆင်းကယ် လည်းအလကားပဲ"

လူတစ်ယောက်ဟာ ပြောလိုက်သည်။

လီအန်ရှင်းဟာ သူအင်တာဗျုးအောင်တာ မာစတာ လင်း ကြောင့်တိုတာ ရှင်းရှင်းလင်းလင်း သိပြီးသားပါ။

ငါကိုသာ မာစတာလင်း အကြံမပေးရင် ငါ့အခန်းဖော်လို ဘဝရောက်မှာပဲ........

"ကျွန်တော်ထက် ပိုတော်တဲ့ အခန်းဖော်တစ်ယောက်ရှိတယ်၊ မာစတာ က ကျွန်တော်တို့ နှစ်ယောက်လုံးကို နောက်ဆုံးနေ့မှ သွားခိုင်းတာ၊ ကျွန်တော် အခန်းဖော်က မယုံကြည်တော့ ပထမ ဆုံးနေ့မှာ သွားတာ ကျရှုံးသွားခဲ့တယ်လေ"

လီအန်ရှင်းဟာ ရှင်းပြလိုက်သည်။

လူအုပ်ကြီးဟာ ဒါကိုကြားပြီး အံ့သြသွားခဲ့ကြပါတယ်။

တကယ်အဲလိုမျိုးရှိခဲ့တာလား?

"အဟမ်း"

လူလိမ်ထျန်ဟာ လည်ချောင်ရှင်းဟာ အော်ပြီး ရှင်းပြလိုက်သည်။

"မင်းသာ ကံဆိုးနေရင် ရေနစ်ပြီးတောင်သေနိုင်တယ်လေ။ဒါကြောင့် ကံကောင်းတဲ့ နေ့မှာရွေးပြီး မင်းတို့လုပ်ချင်တာတွေကို လုပ်ရင် အရာရာအဆင်ပြေပြီး ချောမွေ့သွားလိမ့်မယ်"

လူအုပ်ကြီးဟာ ဒီစကားကို ကြားပြီး ခေါင်းညိမ့်လိုက်ကြပါသည်။

လီအန်ရှင်ဟာ လင်းဖန်ကို အကြိမ်များစွာကျေးဇုးတင်နေပြီး လင်းဖန်လည်း ကျေနပ်စွာခံယူနေခဲ့ပါတယ်။

လီအန်ရှင်း ထွက်သွားသည့် အချိန်တွက် လူအုပ်ကြီးဟာ တိုးတိုးတိိုးတိုး ဖြင့် အသီးသီး စကားပြောနေခဲ့ကြသည်။

လင်းဖန်ကို ယုံကြည်တဲ့ လူများဟာ ပိုယုံကြည်လာကြပြီးတော့ သံသယရှိတဲ့ လူများဟာလည်း

ယုံကြည်လာကြပါတယ်။

"ပထမဆုံးနံပါတ် နံပါတ် ၆"

လင်းဖန် အော်လိုက်သည်။

နံပါတ် ၆ ပိုင်ရှင်ဟာ သက်လတ်ပိုင်း မိန်းမကြီးပါ။သူမရဲ့ မျက်နှာဟာ စိတ်လှုပ်ရှားနေခဲ့ပြီး မရွေးချယ်ရသေးတဲ့ လူများဟာတော့ စိတ်ရှည်စွာ ထပ်ပြီး စောင့်ဆိုင်းနေခဲ့ကြပါတယ်။

..........

ဆေးရုံတစ်ခု၏ ဝင်ပေါက်တွင်။

ကျောက်ကျန်းယန်ဟာ ဖုန်းကို လက်ထဲတွင်ကိုင်ထားပြီး စတင်ကာ တိုက်ရိုက်လိုက် လွင့်နေခဲ့ပါတယ်။စက္ကန့်အနည်းငယ် အတွင်းမှာပဲ ကြည့်ရူသူပေါင်း တစ်သိန်းနှစ်သောင်း ခန့်ရှိလာခဲ့ပါသည်။

"ကြည့်လိုက်ကြဦး ဒီနေ့က ကျွန်တော်ရဲ့ ဆေးစစ်ချက်ထွက်လာမယ့် နေ့ပဲ။ကျွန်တော် ဆေးစစ်ချက် အဖြေစာရွက် လက်ထဲရောက်လာရင် ဘာလုပ်သင့်လဲ ပြောကြပါဦး"

ကျောက်ကျန်းယန် ဟာဆေးစစ်ချက်ရလာဒ်ကို ဒီလောက်ကြီး စိတ်ထဲမထားပါဘူး။သူက လူငယ်တစ်ယောက်ဖြစ်ပြီး ဘာရောဂါ မှမရှိနိုင်ပေ။

သူ့ကို အားပေးနေကြတဲ့ ပရိတ်သတ်များဟာ သံသယဖြစ်နေပြီး သူဒါတွေကို ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။

ပရိတ်သတ်တွေဟာ သူ့အတွက်အရာရာတိုင်းဖြစ်ပြီး သူတို့ကျေနပ်အောင် လူပ်ပေးဖို့ လိုအပ်ပါတယ်။

"အစ်ကို ယန် 6666....

"အစ်ကိုယန် ဆေးစစ်ချက်ထွက်လာရင် မာစတာလင်း ဆီသွားပြီး ပြသင့်တယ်"

"အစ်ကိုယန် ဘာမှမဖြစ်ပဲ ၊ ကျန်းကျန်းမာမာနဲ့ နေတိုင်း တိုက်ရိုက်လွင့်နိုင်ဖို့ မျှော်လင့်ပါတယ်"

.........

အရင်တုန်းကတော့ ကျောက်ကျန်းယန်ဟာ ဒီလို တိုက်ရိုက်ထုတ်လွင့် တာကို ပိုက်ဆံအတွက် လုပ်ခဲ့ပါ။အခုချိန်မှာတော့ ပရိသတ်တွေက သူ့အတွက် အရာရာတိုင်းပါပဲ။ပရိတ်သတ်တွေ မရှိပဲ သူမရှင်သန်နိုင်တော့ပါဘူး။

"ကြည့်ရူသူတို့ မစိုးရိမ်ကြပါနဲ့ ဒီနေ့ ဆေးစစ်ချက်ကို အားလုံးနဲ့ အတူတူစောင့်ကြည့်မယ်။ကျွန်တော် ဘာ်လောက်ကျန်းမာပြီး သန်စွမ်းလည်း ဆိုတာကို ပြပါ့မယ်"

"6666 ဒီထုတ်လွင့်မူကို ကန့်သတ်ပါတယ်"

"ဟဲလို ၊ ၁၁၀ ? ဒီမှာ တရားမဝင် တိုက်ရိုက်လွင့်နေပါတယ်"

ဆေးရုံတွင်းရှိ ဆရာဝန်၏ အခန်းထဲတွင်တော့။

"မဂ်လာ မနက်ခင်းပါ ဆရာ၊ ကျွန်တော် လွန်ခဲ့တဲ့ ရက်ကလာပြီး စစ်ဆေးထားတဲ့ တစ်ယောက်ပါ။ကျွန်တော် ဆေးစစ်ချက် ထွက်လာပြီလားမသိဘူး"

ကျောက်ကျန်းယန်ဟာ အပြုံးလေးနဲ့ မေးလိုက်ပါတယ်။

ဆရာဝန်ဟာ ကျောက်ကျန်းယန်ကို ကြည့်ကာ ခေါင်းညိမ့်ပြလိုက်သည်။

"မင်းမိသားစု ဝင်တွေ မပါလာဘူးလား?"

"ဟေး ကျွန်တော်က ဒီတိုင်းစစ်ဆေးကြည့်ယုံလေးပဲလေး ၊ မိသားစုဝငိတွေပါ ခေါ်လာဖို့ လိုလို့လား?"

ကျောက်ကျန်းယန်ဟာ ပြန်ပြောလိုက်သည်။

တိုက်ရိုက်ထုတ်လွင့်မူကို ကြည့်နေတဲ့ လူများဟာတော့ ဒေါက်တာရဲ့ လေသံဟာ သိပ်မူမမှန်ဘူးဆိုတာ ကိုသတိထားမိပါတယ်။သူတို့ ဟာခံစားချက် သိပ်မ​ေကာင်းကြပေ။

ဒေါက်တာဟာ စာရွက်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။

ကျောက်ကျန်းယန်ဟာ တစ်ချက်တောင် လှည့်မကြည့်ပဲ ဖုန်းကင်မရာရှေ့မှာ ထောင်လိုက်ပါတယ်။

"အားလုံးပဲ စာရွက်ကိုကြည့်ပြီး အဖြေဘယ်လိုရှိလဲ ပြောပေးကြပါဦး...."

ကျောက်ကျန်းယန်ဟာ ယုံကြည်မူရှိစွာပြုမူနေခဲ့ပါသည်။

သို့ပေမဲ့ သူ့ကိုသံသယ ဖြစ်စေတာက ကြည့်ရူသူများဟာ အချိန်အတော်ကြာအောင် ဘာမှတ်ချက်မှ တက်မလာခဲ့ပါဘူး။မသိရင် ကြည့်ရူသူတစ်ယောက်မှ မရှိတဲ့ အတိုင်းပါပဲ။

ခနကြာသွားမှ မှတ်ချက်များ အများအပြားတက်လာခဲ့ပါသည်။

"တကယ် ကြောက်ဖို့ကောင်းတယ်"

"ညီအစ်ကို ယန် သန်သန်မာမာပဲနေနော်၊ စိတ်ဓာတ်မကျနဲ့"

"ညီအစ်ကိုယန် အရမ်းဝမ်းအနည်းနဲ့ ငါတို့ မင်းနဲ့အတူရှိပါတယ်"

"ငါ့ရဲ့ ညီအစ်ကိုယန် ...."

ဘာတုန်းဟ.....?

မှတ်ချက်များကို ကြည့်ပြီး ကျောင်ကျန်းယန် ဆွံ့အသွားခဲ့ပါတယ်။

သူစာရွက်ကို လှန်ကြည့်လိုကိပါတယ်။သူစာရွက်အပေါ်ဘက်မှာ ခြစ်ထား၊ ရေးထားတာတွေကို နားမလည်ပါဘူး။ဒါကြောင့် အောက်ဘက်က အဖြေကို ဆက်ဖတ်ကြည့်လိုက်သည်။

ရောဂါအကြောင်းအရင်း ::: ( အစာအိမ် ) တစ်ရှုးများ ပျက်စီးနေခြင်း။

သူဒီစာသားတွေကို မြင်လိုက်တဲ့ အချိန်မှာ လက်​ေချာင်းတွေ လှုပ်လာခဲ့ပါတယ်။သူ့လည်ချောင်းမှာ တစ်ခုခု တစ်ဆို့နေသလို ခံစားနေရပြီး ဘာမှမပြောနိုင်တော့ပါဘူး။

"ဒေါ...ဒေါက်တာ .ဒါက ဘာကိုဆိုလိုတာလဲ?"

"စစ်ဆေးမူ အဖြေအရတော့ မင်းမှာ အစာအိမ်ကင်ဆာ ရှိနေတယ် ဒါပေမဲ့ ငါတို့..."

***ဘန်း***

ဒေါက်တာ စကားဆုံးအောင် မပြောရသေးခင်မှာပဲ ကျောက်ကျန်ယန်ဟာ အံ့သြကာ ကြမ်းပြင်ပေါ် သတိလစ်ပြီး လဲကျသွားခဲ့ပါတယ်။

All Chapters