ညှာတာပေးဖို့ အသနားခံခြင်း
Vol. 4 Ch. 59
"ညီအစ်ကိုယန် လဲကျသွားလို့မဖြစ်ဘူးနော်၊ သန်သန်မာမာ နေပါ"
"ညီအစ်ကို ယန် ငါတို့က အတူတကွအမြဲ ရှိနေကြမှာလေ၊ စိတ်ဓာတ်မကျပါနဲ့ သန်မာအောင်နေပြီး ကြိုးစားရမယ်လေ"
"အစ်ကို ယန် နှလုံးသားထဲကနေ မခံစားပါနဲ့ ဒါဆို အစ်ကိုနဲ့ ထိုက်တန်တဲ့ ပျော်ရွှင်မူကို ရလိမ့်မယ်"
"ငါက အသက် နှစ်ဆယ်ကျော်ကျော် ပဲရှိသေးတာလေ ဒီလိုကံတရားကို ငါဘယ်လို လက်ခံနိုင်မှာလဲ...?"
တိုက်ရိုက်ထုတ်လွင့်မူ ကိုကြည့်နေကြတဲ့ ပရိတ်သတ်များဟာလည်း အမှန်တကယ် အံ့သြနေကြပါတယ်။ဒီလို ဆိုးရွားတဲ့ရလာဒ် မျိုးထွက်လာလိမ့်မယ် လို့မထင်ထားခဲ့ပါဘူး။
ကျောက်ကျန်းယန်ဟာ အသက်ရှင်ချင်စိတ်မရှိတော့တဲ့ လူသေကောင်ကြီးလို အချိန်အတော်ကြာထိုင်နေခဲ့ပါတယ်။ယင်းနောက် သူ့ဖုန်းကိုင်ထားတဲ့ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး စတင်ငိုကြွေးပါတော့တယ်။
ဘာလို့ ဒီလိုမျိုးဖြစ်ရတာလဲ....ငါ့အသက် ငယ်ငယ်လေးပဲရှိသေးတာ လေကွာ အီးဟီးဟီးးးးး
စကားလုံးနှစ်လုံးပဲ ရှိတဲ့ "အစာအိမ် ကင်ဆာ" ဆိုတဲ့ အရာဟာ သူ့ရဲ့စိတ်ဓာတ်တွေကို အောက်ဆုံးအထိထိုးကျစေခဲ့ပါတယ်။
လူတွေ အမြန်သေကြခြင်းရဲ့ အကြောင်းအရင်းဟာ ရောဂါတွေအရမ်းပြင်းထန် လို့မဟုတ်ပါဘူးး။သူတို့ရဲ့ ရောဂါအပေါ် အကြောက်အလန့်ကြီးတဲ့ စိတ်တွေစွဲနေကြလိူ့ပါ။
အခုချိန်မှာ ကျောက်ကျန်းယန်ဟာ ကြောက်စိတ်လွန်ပြီး အမှန်တကယ်သေသွားနိုင်ပါတယ်။
အဲ့အချိန်မှာပဲ အလျင်အမြန်တက်နေတဲ့ မှတ်ချက်များထဲမှ စာကြောင်းတစ်ကြောင်းဟာ ကျောက်ကျန်းယန်ရဲ့ မျော်လင့်ချက် ရောင်ခြည်လေး ကိုပြန်လည်နိုးထ စေခဲ့ပါတယ်။
"မာစတာ လင်းက တကယ့်နတ်ဘုရားပဲ၊ သူအစ်ကိုယန်ကို တစ်ချက်ကြည့်လိုက်တာနဲ့ ပုံမှန်မဟုတ်ဘူးဆိူတာ ပြောနိုင်တယ်"
ကျောက်ကျန်းယန် အံ့သြသွားခဲ့သည်။သူဒီစာကြောင်းကို မြင်တဲ့ အချိန်ကြမှ မာစတာ လင်းကို ပြန်ပြီး သတိရလိုက်ပါတယ်။
ဟုတ်တယ် ..သူပဲ ငါကိုကယ်နိုင် လိမ့်မယ်...
ဆရာဝန်ဟာတော့ သူ့ရှေ့က ကြမ်းပြင်မှာ ထိုင်နေတဲ့ ကင်ဆာ ရောဂါသည်ကို နှစ်သိမ့်ဖို့ ကြိုးစားနေခဲ့ပါတယ်။
"ကောင်လေး အရမ်းလည်း စိတ်ထိခိုက်မနေပါနဲ့၊ ဒါက ကြိုတင်ပြီး စစ်ဆေးတာပဲရှိသေးတယ် ၊သေချာ အတည်မပြုရသေးဘူးလေ။ဖြစ်နိုင်တာက......"
ဒေါက်တာဟာ သူ့ရဲ့အတွေအကြုံတွေနဲ့ ဒီကောင်လေးကို စိတ်တည်ငြိမ်စေဖို့ ကြိုးစားနေခဲ့
တာပါ။သို့ပေမဲ့ သူစကားပြောလို့ အပြီးသေးခင် ကောင်လေးဟာ ဆေးစစ်ချက် အဖြေစာရွက်ကြီးကို ကိုင်ကာ အခန်းထဲမှ ပြေးထွက်သွားခဲ့သည်။
"ကောင်လေး...မဟုတ်တာတွေ လျောက်မလုပ်နဲ့..ဟေးးး"
ဒေါက်တာဟာ အကူညီမဲ့စွာခေါင်းယမ်းလိုက်ပါတယ်။ဒီနေ့ လူငယ်လေးတွေ ဟာ စိတ်ဓာတ်ကြံ့ခိုင်မူတောင် မရှိကြပါဘူး။
ကျောက်ကျန်းယန် အတွက်ကတော့ မာစတာ လင်းက သူ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပါပဲ။သူအသက်ဟာ ငယ်ငယ်လေးပဲ ရှိပြီး ဒီလို အဖြစ်အပျက်မျိုးကို လုံးဝလက်မခံနိုင်ပါဘူး။
သူဟာ ဆိုးရွားတဲ့ အရာတွေကို တစ်ခါမှမလုပ်ခဲ့ပဲ သက်ကြီးရွယ်အိုတွေကို လမ်းကူရင် အမြဲကူညီပါတယ်။
သူဟာ သူတော်ကောင်းတစ်ယောက်လို မကျင့်ကြံခဲ့ပေမယ့်လည်း တစ်ခြားလူတွေကို ကြုံရင်ကြုံသလို ကူညီတတ်ပါတယ်။
သူ့မှာ မိန်းမရော သားရော အခုထိ မရှိသေးပါဘူး။ဒီလိူ့ အခွင့်အရေးတွေ သူ့မှာမရှိတော့ဘူးဆိုတာ တွေးကြည့်မိလိုက်ရင်.....
**အော်ဟစ် ငိုကြွေးသည့်အသံ**
ကျောက်ကျန်းယန် ဟာပိုပိုပြီးတွေးလေ ပိုပိုပြီးကြောက်လန့်လေဖြစ်လာခဲ့ပါတယ်။သူဟာ အာဗြဲကြီးနဲ့ ငိုကြွေးနေခဲ့ပြီး လမ်းတွင် ဖြတ်သွားဖြတ်လာလုပ်နေကြသည့် လူများ၏ အာရုံစိုက်မူကိုရနေခဲ့ပါသည်။
သူတို့ဟာ ကျောက်ကျန်းယန် ကို ကောင်မလေးနဲ့ပြတ်ပြီး အသဲကွဲတယ်လိူ့ ထင်နေကြတာပါ။
.........
တိမ်ဖြူလမ်း။
လင်းဖန်ဟာ အခုဆိုရင် ဟောနေတာ ၁၆ ယောက်မြောက်ရှိပါပြီ။သူတို့အကုန်လုံးဟာ သာမန် ပြသနာများလောက်သာ ရှိပြီး ကြီးမားတဲ့ အရာတွေ မရှိကြပေ။
လင်းဖန်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ဆိုရင် သူတို့ကို တစ်သက်စာ အတွက်ဟောပေးလိုက်လို့ ရပါတယ်။သို့ပေမဲ့ လင်းဖန်ဟာ ပုံမှန်အားဖြင့် တစ်နှစ် ၊ နှစ်နှစ် အတွက်သာ ဟောပေးခဲ့သည်။
တစ်စုံတစ်ယောက်ရဲ့ ဘဝဟာ ကောင်းကင်ဘုံက သတ်မှတ်ထားတဲ့အရာ ဖြစ်ပေမယ့်လည်း ၊မိနစ်တိုင်းမှာ ပြောင်းလဲသွားနိုင်ပါတယ်။
ဥပမာ အားဖြင့် သူဟာတစ်စုံတစ်ယောက်ကို အနာဂတ်မှာ ကျိန်းသေ ချမ်းသာမယ်လို့ ဟောပေးလိုက်ပေမဲ့ အဲ့လူဟာ သူချမ်းသာမယ်လို့ သိပြီး ဘာအလုပ်မှ မလုပ်ရင်၊ ဒါဟာပြသနာ ရှိပါတယ်။
ချမ်းသာမယ် ဆိုတာ သိပေမယ့်လည်း ပျင်းရိပြီး အလုပ်ကြိုစား မလုပ်ရင် ချမ်းသာမှာမဟုတ်ပါဘူး။
လင်းဖန်လူတွေကို ဟောတဲ့အချိန်မှာ အသက်သေဆုံးခါနီး အသက်ကိုဆွဲဆန့်တဲ့ အရာတွေကိုလည်း တွေ့ခဲ့ရပါတယ်။သို့ပေမယ့် ဒီအသက်ကယ်ကြိုးတွေဟာ အခြေအနေ အမျိုးမျိုးအပေါ်မူတည်ပါသည်။
ဒါက ဘဝတစ်ခုရဲ့ အလားအလာ ကိုပြောင်းလဲသလိုပါပဲ။
"မာစတာ ဒီနှစ်အတွင်း ကျွန်တော် စီးပွားရေးအခြေနေဘယ်လိူရှိလဲ သိချင်လို့ပါ"
အနောက်တိုင်းဝတ်စုံနှင့် အဖြူရောက် နက်ခ်တိုင် ကို ဝတ်ဆင်ထားတဲ့ လူကြီး တစ်ယောက်ဟာမေးလိုကိပါတယ်။
"ကံကောင်းမူအကြီးကြီးတွေ မရှိသေးဘူး ၊ အသေးစားလေး တစ်ခုပဲရှိတယ်။အရမ်းလောဘ မကြီးနဲ့ မဟုတ်ရင် မကြုံသင့်တာတွေ ကြုံရလိမ့်မယ်"
လင်းဖန်ဟာ ပြုံးပြီး ပြန်ဖြေလိုက်သည်။
သက်လတ်ပိုင်း လူကြီးဟာ အရူးမဟုတ်ပါဘူး။လင်းဖန်ရဲ့ ဆိုလိုရင်းကို သူနားလည်ပါတယ်။သူဟာ ဒေါ်လာတစ်ထောင် ကိုအိပ်ထဲက ထုတ်ကာ လင်းဖန်ကို ကမ်းပေးလိုကိပါသည်။
"မာစတာ အကြံဥာဏ်အတွက် ကျေးဇူးတင်ပါတယ်"
ဒီလူကြီးဟာ နိုင်ငံတစ်ကာ ဘဏ္ဌာရေး ကော်ပိုရေးရှင်း တစ်ခုက ကုန်သည်တစ်ယောက်ပါ။သူက ပုံမှန်ကုန်သည် တစ်ယောက်ဖြစ်ပေမယ့်လည်း ရှိန်ဟိုင်းမှာ ဝင်ငွေကောင်းသည့် အထဲပါဝင်ပါတယ်။
အခုအချိန်မှာ သူကိစ္စတစ်ခုမှာ ဘေးကျပ်နံကျပ်ဖြစ်နေခဲ့ပါသည်။သူဟာ ပရောဂျက်တစ်ခုမှာ ပိုက်ဆံအမြောက်အမြား ရင်းနှီးမြုပ်နှံ့ချင်နေခဲ့ပြီး၊ တစ်ဖက်က ဆုံးရှုံးသွားမှာ စိတ်ပူနေခဲ့ပါတယ်။
ဒါကြောင့်တိမ်ဖြူလမ်း မှာ တိကျတဲ့ ဗေဒင်ဆရာတစ်ယောက် ရှိတယ် ဆိုတာကြားတဲ့နောက်မှာ ထွက်လာခဲ့တာပါ။
အစကတော့ သူသိပ်မယုံကြည်ခဲ့ပါဘူး၊ သို့ပေမဲ့ ဒီကို ရောက်လာတဲ့ အချိန်မှာ မာစတာ လင်းရဲ့ အောင်မြင်မူတွေ သတင်းတွေကို ကြားပြီး အပြည့်ဝ ယုံကြည်လာခဲ့ပါသည်။
ဒါကြောင့် မာစတာလင်း ဆိုလိုတဲ့ လောဘမကြီးနဲ့ ဆိုတဲ့စကားကို သူနားလည်ပါတယ်။
"နောက်တစ်ယောက် နံပါတ် ၆၆"
လင်းဖန်ဟာ အော်လိုက်သည်။
"အဲ့ဒါ ငါပဲ ၊ ဒီမှာ မာစတာ လင်းခေါ်တာကို စောင့်နေရင်း အသက်တောင် အိုပြီး ကြီးတော့မယ်"
သက်လတ်ပိုင်း မိန်းမကြီးဟာ ရယ်မောပြီး ပြောလိုက်ပါတယ်။သို့ပေမယ့် သူဆိုင်ထဲကို ဝင်ဖို့ လုပ်လိုက်တဲ့ အချိန်မှာ အရိပ်တစ်ခုဟာ အလျင်အမြန်ပြေးလာပြီး သူ့ပုခုံးကို ကိုင်ကာ ကျော်တက်သွားခဲ့သည်။
"အာ မင်းမှာ မျက်လုံးမပါဘူးလား ဘယ်ကို အသည်းအသန် ပြေးနေတာလဲ"
မိန်းမကြီးဟာ ပြောလိုက်ပါတယ်။သူ ကောင်လေးကို နောက်ထပ်အပြစ်တင်ချင်ပေးမယ့်လည်း မြင်လိုက်ရတဲ့ အရာကြောင့် ဆွံ့အသွားခဲ့သည်။
"မာစတာ ကျွန်တော်ကို ကယ်ပါဦး"
ကျောက်ကျန်းယန် ဟာ ဆိုင်ထဲကိုရောက်ရောက်ချင်းပဲ ကြမ်းပြင်တွင်မှောက် ကာ လင်းဖန်ခြေထောက်ကို ဖက်ပြီး ငိုကြွေးနေခဲ့ပါတယ်။
ဘေးနားက လူအုပ်ကြီးဟာလည်း အဖြစ်အပျက်များကိုတွေ့လိုက်ကာ ဆွံ့အနေခဲ့ကြသည်။
"ဒီကောင်လေးကဘယ်သူလဲ? ဘာတွေဖြစ်နေတာ? သူ့ကြည့်ရတာ ကြောက်နေသလိုပဲနော်"
"မသိဘူး သူတို့ သရုပ်ဆောင်နေကြတာလား?"
"အိူး လွန်ခဲ့တဲ့ နှစ်ရက်က သူဒီကိုလာသေးတယ်၊သူမာစတာ လင်းကို တစ်ဒေါ်လာတည်း ပေးသွားတာလေ"
"ပြောပါဦး ဘာဖြစ်တာလဲ"
"လွန်ခဲ့တဲ့ ရက်တုန်းက ဒီကောင်လေးက မာစတာ လင်းကို အချစ်ရေးတွေ ၊ စီးပွားရေးတွေ လာမေးတာ ဒါပေမဲ့ မာစတာ လင်းက ကျန်းမာရေး မကောင်းဘူးဆိုပြီး ဆေးရုံးမှာ ဆေးသွားစစ်ဆေးခိုင်းလိုက်တယ်၊ ဒါပေမဲ့ ကောင်လေးက မာစတာ လင်းပြောတာကို မယုံပဲ ပြန်ငြင်းခုန်ခဲ့တယ်။ပြီးတော့ သူက မာစတာ လင်းကို တစ်ဒေါ်လာတည်းပေးပြီး ပြန်ထွက်သွားတာပဲ။ကြည့်ရတာ မာစတာ လင်း ခန့်မှန်းတာ မှန်နေပြီထင်တယ်"
"ခန့်မှန်းတာလို့ ပြောလိုက်တာလား?ငါကတော့ တိတိကျကျ ဟောပေးလိုက်တာ လိူပဲ သတ်မှတ်ချင်တယ်"
"ဘာတွေဖြစ်နေလဲ သေချာသွားကြည့်ကြရအောင်"
လူအုပ်ထဲမှ လူတသ်ချို့ဟာ ဗေဒင်ဟောခွင့်ရဖို့အရေး တန်းစီးနေရတာကို သဘောမကျပဲ ထွက်သွားဖို့ လုပ်နေကြတာပါ။သို့ပေမဲ့ တစ်ခြားလူတွေရဲ့ ဆွေးနွေးနေတာကို ကြားလိုကိပြီး စိတ်ဝင်စားလာခဲ့ကြပါတယ်။
..........
"မင်းက ကျောက်ကျန်းယန် မလား?"
လင်းဖန်ဟာ အကူညီမဲ့စွာမေးလိုကိသည်။သူလွန်ခဲ့တဲ့ ရက်ကတည်းက သူ့ကို ဆရာဝန်နဲ့ ပြဖို့ သတိပေးထားပြီးပါပြီ။
အခုဒီကောင်လေး ပုံစံက နေမကောင်းတဲ့ပုံစံပေါက်နေပြီး ဆရာဝန်ဆီသွားရမယ့်အစား သူ့ဆီကို ရောက်ချလာခဲ့ပါတယ်။
သိူ့ပေမယ့် လင်းဖန်ဟာ ကျောက်ကျန်းယန်ရဲ့ လက်ရှိအခြေအနေကို ကြည့်ပြီး နှစ်သိမ့်ဖို့ လုပ်လိုက်ပါတယ်။
"မာစတာ ကျွန်ေတာ် ကျောက်ကျန်းယန် ပါ"
ကျောက်ကျန်းယန် အတွက်ကတော့ မာစတာ လင်းကသာ သူ့အတွက်မျော်လင့်ချက်ပါ။
"ကောင်လေး ၊ မာစတာ လင်းရဲ့ ခြေထောက်ကို အရင်လွတ်ပေးလိုက်ပါဦး ကျန်တာက အေးဆေးပြောလို့ရပါတယ်"
လူလိမ် ထျန်ဟာပြောလိုက်သည်။
"ဟင့်အင်း မလွတ်ပေးဘူး၊ မာစတာ လင်းကျွန်တော်ကို မကယ်ရင် ကျွန်တော် မလွှတ်ပေးဘူး"
ကျောက်ကျန်းယန် ဟာပြောလိုကိသည်။
လင်းဖန်လဲ ဘာပြောရမှန်းမသိတော့ပါဘူး။ဒီကောင်လေးက ပြီးခဲ့တဲ့အခေါက်က အတော် ဘဝင်မြင့်တဲ့ ကောင်လေးပါ။
"မင်းဆေးရုံမှာ ဘာဖြစ်ခဲ့လို့လဲ?"
လင်းဖန် ဒီကောင်လေး ဘာရောဂါဖြစ်နေတာလဲ ဆိုတာ သိချင်စိတ်နဲ့မေးလိုက်ပါတယ်။ဒီကောင်လေးရဲ့ ကျန်းမာရေး အခြေအနေဟာ ဆိုးရွားနေလို့ သူဆရာဝန်သွားပြခိုင်းလိုက်တာပါ။
"မာစတာ လင်း ဒါက ဆေးစစ်ချက်အဖြေ ၊ ကျွန်တော်ကို ကယ်မှရမယ်နော်..ကျွန်တော်ကငယ်ငယ်လေးပဲ ရှိသေးတာ..မသေချင်သေးဘူး။ကျွန်တော်သေရင် ....မိဘတွေအတွက်ပြုစုမယ့်လူရှိတော့မှာ မဟုတ်ဘူး?ကျွန်တော်က တစ်ဥိးတည်းသော သားတစ်ယောက်ပါ"
ကျောက်ကျန်းယန်ဟာ ငိုယိုကာ ပြောနေခဲ့ပါသည်။
ဒါတွေအားလုံးဟာ သူကိူင်ထားတဲ့ ဖုန်းထဲမှာ တိုက်ရိူက်လွင့်နေခဲ့ပါတယ်။
တိုက်ရိုက်ထုတ်လွင့်သည့် ဖုန်းထဲတွင်တော့ ပရိတ်သတ်များဟာ တိတ်ဆိတ်နေကြပါတယ်။သူတို့အကုန်းလုံးဟာ ကျောက်ကျန်းယန်ရဲ့ ပရိတိသတ်တွေဖြစ်ပြီး လက်ရှိ ကျောက်ကျန်းယန်ရဲ့ အခြေအနေကို မြင်ကာ ကြေကွဲနေကြရသည်။
ညီအစ်ကို ယန်ဟာ ပျော်ရွင်စရာ အပြုအမူတွေ ၊စိတ်လှုပ်ရှားစရာ အတွေ့အကြုံတွေနဲ့ သူတို့ကို ပျော်ရွှင်အောင် အမြဲလုပ်ပေးခဲ့တာပါ။
အခု ညီအစ်ကို ယန်ရဲ့ အခြေအနေကိုကြည့်ပြီး ဘယ်သူမှ မပျော်ရွှင်နိုင်တော့ပါဘူး။
အဲ့အချိန်မှာ ညီအစ်ကို ယန်ကို လှောင်ပြောင်တဲ့ မှတ်ချက်တစ်ခု တက်လာခဲ့တဲ့အချိန်မှာ သူတို့ ချက်ချင်း ဝိုင်းတိုက်ခိုက်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မူကနေ ကန်ထုတ်လိုက်ပါတယ်။
"မွေးမလာသင့်တဲ့ ကောင်တွေ"
လင်းဖန် ဆေးစာရွက် ကိုဖတ်လိုက်တဲ့ အချိန်မှာ သူ့ဘေးမှာ လူအများကြီးဟာ ဝိုင်းဝန်းလာခဲ့ကြပါတယ်။
သူတို့ ဆေးစစ်ချက်ကို တွေ့လိုက်တဲ့အချိန်မှာ ကြမ်းပြင်ပေါ်မှာ လှဲလျောင်းပြီး ငိုကြွေးနေတဲ့ ကျောက်ကျန်းယန် အတွက် စိတ်မကောင်း ဖြစ်သွားခဲ့ကြသည်။
ဘယ်လောက် သနားစရာကောင်းလဲ...