တိုက်ရိုက်ထုတ်လွင့်ပြီး အမျိူးမျိုးပြောင်းလဲခြင်း
Vol. 4 Ch. 60
"ဒါက အစာအိမ် ကင်ဆာပဲ"
တစ်စုံတစ်ယောက်ဟာ ဆေးစစ်ချက်ကို ကြည့်ကာပြောလိုက်သည့် အသံကိုကြားပြီး ကျောက်ကျန်းယန် ဟာ ပိုမိုကာ အသံဗြဲကြီးနဲ့ ငိုကြွေးလိုက်ပါတယ်။
"မာစတာ ကယ်ပါဦး..."
*ငိုကြွေးသံ*
ကျောက်ကျန်းယန် ငိုကြွေးသည့်အသံဟာ တစ်ဆိုင်လုံးကို ဖုံးလွှမ်းနေခဲ့ပြီး ကျန်တဲ့ လူများကို စိတ်မကောင်း သူ့အတွက်စိတ်မကောင်း ဖြစ်စေနေခဲ့ပါတယ်။
"ငါက ဗေဒင်ဆရာလေ .....ဒေါက်တာ မှမဟုတ်တာ။မင်းဒီအခြေအနေကို သွားပြဖို့ ဆရာဝန်တစ်ယောက်ဆီကို သွားသင့်တယ်"
လင်းဖန် အကူညီမဲ့စွာပြောလိုက်သသည်။
ဘေးနားက လူအုပ်ကြီးဟာလည်း ကောင်လေးကို ဝိုင်းဝန်းဖြောင်းဖျနေကြပါတယ်။
"ကောင်လေး ဆရာဝန်ဆီကို အမြန်သွားပြလိုက်။မင်းလွန်ခဲ့တဲ့ နှစ်ရက်က မာစတာ အပေါ်လူပ်ခဲ့တာက မှားတယ်နော် ၊ မာစတာ က မင်းကိုကောင်းစေချင်လို့ အကြံဥာဏ်ပေးတာကို မင်းက ၁ ဒေါ်လာပဲပေးခဲ့တယ်"
"ဟုတ်တယ် ဒီလိုရောဂါမျိုးဆိုတာ အလယ်အဆင့် ဒါမဟုတ် နောက်ပိုင်းအဆင့် မရောက်ခင်အထိလူတွေက သတိမထားမိတတ်ကြဘူး။ထပ်ပြောရရင် ဒီရောဂါက ရှိနေရင်တောင် ခံစားရတဲ့ အရာမဟုတ်ဘူး၊မင်းမာစတာ လင်းကိုကျေးဇူးတင်သင့်တယ်"
ပြီးခဲ့တဲ့ နှစ်ရက်က ဒီကောင်လေးလူပ်သွားတာကို မြင်လိူက်တဲ့ လူများဟာ မာစတာ လင်းကို ပိုတောင် ယုံကြည်လာကြပါတယ်။
ကျောက်ကျန်းယန် ဟာဒီလူတွေပြောတာ ကိုကြားတဲ့နောက်မှာ တစ်ခုခုကို နားလည်သွားခဲ့ပါတယ်။ဒါဟာ သူ မာစတာ လင်းကို စော်ကားလို့အပြစ်ပေးခံရတာ ဖြစ်နိုင်သည်။
သူချက်ချင်းသူ့မှာရှိတဲ့ ပိူက်ဆံအကုန်လုံးကို ထုတ်လိုက်ပြီး ခရစ်ဒက် ကတ်ကိုပါ ထုတ်လိုက်ပါတယ်။
"မာစတာ ကျွန်တော် လွန်ခဲ့တဲ့နှစ်ရက်က မှားခဲ့ပါတယ်။စိတ်မဆိုးပါနဲ့...ကျွန်တော် ပိုက်ဆံအများကြီး ထပ်ပေးပါ့မယ် ကျွန်တော်ကို ကယ်ပေးပါဦး"
ကျောက်ကျန်းယန် ဟာ မာစတာ လင်းကိုပဲ ယုံကြည်ပြီး တစ်ခြားဟာတွေ မယုံကြည်တော့ပါဘူး။
လင်းဖန် ပြောစရာစကား ကင်းမဲ့သွားခဲ့ပါတယ်။တစ်ခြားလူတွေဟာလည်း အဖြစ်အပျကိများကိုသာ ကြည့်ရှုနေကြပါသည်။
"မာစတာ ကျွန်တော့်လက်ထဲမှာ အခုဒေါ်လာ နှစ်ထောင်ပဲ ရှိလို့ပါ။ဒီကတ်ထဲမှာ ကျွန်တော် တိုက်ရိုက်ထုတ်လွင့်ရင်း ရခဲ့တဲ့ ဒေါ်လာ ၆ သိန်းရှိပါတယ်"
ကျောက်ကျန်းယန် ဟာမာစတာ လင်းဘာမှ မပြောတာ မြင်တဲ့အချိနိမှာ အလျင်အမြန်ပဲ ကတ်ထဲမှာ ဘယ်လောက်ရှိကြောင်း ထပ်ပေါင်း ပြောလိုက်ပါတယ်။
လူအုပ်ကြီးဟာ သူ့ကတ်ထဲမှာ ရှိတဲ့ငွေပမာဏကို ကြားတဲ့ အချိန်မှာ ဆွံ့အသွားခဲ့ကြသည်။ဒီကောင်လေးဟာ ငယ်ရွယ်သေးပေမယ့် ပိုက်ဆံအများကြီး စုဆောင်းနိုင်ခဲ့ပါတယ်။
!ဒါက လုံလောက်တဲ့ပိုက်ဆံပဲ၊ ကောာင်းမွန်တဲ့ဆေးရုံတစ်ခုကို ရှာပြီး အသားပိုကိုဖယ်ထုတ်ပစ်လိုက်။ပြီးတော့ ပြန်ကျန်းမာလာပြီ မင်းအဆင်ပြေသွားလိမ့်မယ်"
လင်းဖန် ဒီလောက်ပဲပြောနိုင်ပါတယ်။သူ ကျောက်ကျန်းယန် ရဲ့ ဘဝကို ကြည့်တဲ့အချိန်မှာ အသက်တိုမဲ့ ကံဇာတာကို မတွေ့ပါဘူး။သူဒီအခြေအနေကို ကျော်လွှားနိုင်မှာ သေချာပါတယ်။
!"မာစတာ လင်း ကျွန်တော်မှာ အစာအိမ်ကင်ဆာရှိနေတာ၊ ကျွန်တော်သိနေတယ် ကင်ဆာက ကျွန်တော် အသက်ကိုနှုတ်ယူလိမ့်မယ်"
ကျောက်ကျန်းယန် ဟာကျောက်လန့်စွာပြောလိုက်သည်။
"မင်းက အစောပိုင်းအဆင့်ပဲရှိသေးတာလေ"
ကျောက်ကျန်းယန်ဟာ ခနလောက်တော့ ရပ်တန့်သွားပါသေးတယ်။နောက်တော့ တဖန်ပြန်ငို နေခဲ့ပါသည်။
"အစောပိုင်း အဆင့်ဆိုရင်တောင် အန္တရာယ်များတယ်၊ ကျွန်တော် အသက်ရှင်ဖို့က အခွင့်အရေးသိပ်မများဘူး။မာစတာ ကျွန်တော်ကို ကယ်ပါဦး"
လူအုပ်ကြီးဟာ မာစတာ လင်းပြောတာကို ချက်ချင်းသဘောပေါက်လိုက်ကြပါတယ်။
"အစောပိုင်းအဆငိ့က စောစောသေချာ ကုသမူခံယူလိုက်ရင် ကောင်းသွားမှာသေချာတယ်"
သက်လတ်ပိုင်း မိန်းမကြီးဟာ ဝငိပြောလိုက်သည်။
"ကောင်လေး အရမ်းမကြောက်ပါနဲ့ ၊ ငါငယ်ငယ်တုန်းက လည်းဟအစာအိမ်ကင်ဆာ ဖြစ်ဖူးတယ်။ကံကောင်းချင်တော့ အစောပိုင်းအဆင့်မဇာ ရှာတွေပြီးကုသလိုကိတာ အခုအေးဆေးပဲလေ"
အသက် ၆၀ အဖိုးကြီးဟာ ပြောလိုကိသည်။
လူအုပ်ကြီးဟာ ဝိုင်းပြီးတော့ နှစ်သိမ့်ပြောဆိုနေကြပေမယ့် ကျောက်ကျန်းယန်ဟာ ကြောက်ရွံ့နေဆဲပါ။
"မင်းငါ့ကို ယုံကြည်လား?"
လင်းဖန်ဟာ ကျောက်ကျန်းယန်ကို သေချာကြည့်ပြီး မေးလိုကိသည်။
"ယုံတယ် ယုံတယ် ၊ အခုချိန်မှာ မာစတာ ကလွဲလို့ တစ်ခြားဘယ်သူကိုမှ မယုံကြည်ဘူး"
ကျောက်ကျန်းယန်ဟာ ခေါင်းညိမ့်ပြီး မာစတာလင်းကို ကြည့်ကာပြောလိုကိပါတယ်။
"ကောင်းပြီ ငါမင်းကို ပြောလိုက်မယ်။မင်းမှာ အသက်ရှည်ရှည်နေရဖို့ ကံဇာတာရှိတယ်၊ မင်းမိန်းမလညိးရဦးမယ် ၊ ရင်းနှီးမြုပ်နှံ့ထားတဲ့ ဘဏ် လေးတွေလည်းရှိမယ်လို့ ငါမြင်နေရတယ်။မင်း ဘဏ်တွေ ဘယ်လောက်ပိုင်မယ်၊ အသက်ဘယ်လောက် ရှည်ရှည်နေရမယ် ဆိုတာကတော့ ငါအတိအကျပြောလိူ့မရဘူး"
လင်းဖန်ဟာ ရွေးချယ်စရာ မရှိပဲ သေချာရှင်းပြလိုက်ပါတယ်။
"မာစတာ ကျွန်တော် အဆင်ပြေမယ်လို့ပြောနေတာလား၊ လိမ်နေတာ မဟုတ်ပါဘူးနော်"
ကျောက်ကျန်းယန် ဟာခေါင်းကိုမော့လိုက်ပြီး လင်းဖန်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်ပါတယ်။
"ဟင်အင် ငါလိမ်နေတာ မဟုတ်ဘူး"
လင်းဖန်ဟာ ပြန်ဖြေလိုက်သည်။သူကမ္ဘာကြီးက အတော်ထူးဆန်းတယ် လို့တွေးလိုက်ပါတယ်။သူလုပ်နေတာ က ဗေဒင်ဆရာပါ အခုတော့ စိတ်ပညာရှင် တစ်ယောက်ကုသ သလိုဖြစ်နေခဲ့ပါတယ်။
ကျန်းကျောက်ယန် ဟာတစ်ခြားဘယ်သူ့ကိုမှ မယုံကြည်ပါဘူး။ဒါပေမဲ့ မာစတာ လင်းကိုတော့ ယုံကြည်ပါတယ်။မာစတာ လင်း၏ စကားကိုကြားပြီး သည့်နောက်တွင် သူတည်ငြိမ်လာခဲ့သည်။
"ဒါပေမဲ့ မာစတာ လင်း ကျွန်တော်က ငွေကြေးပိုင်းတွေ ရင်းနှီးမြုပ်နှံ့မူပိုင်းတွေကို ကျောင်းမှာမသင်ခဲ့ရဘူးလေ။ထပ်ပြောရရင် ကျွန်တော်က အရမ်းလည်း မချမ်းသာဘူး၊ ကျွန်တော် ဘဏ်တွေကို ဘယ်လိုပိုင်နိုင်မှာလဲ"
ကျောက်ကျန်းယန် ဟာမေးလိုက်သည်။
"ယီး"
လင်းဖန် ဘာပြောရမယ်မှန်း မသိတော့ပါဘူး။
ဘေးနားက အမျိုးသမီးကြီးဟာ ရယ်မောပြီးပြောလိုက်ပါတယ်။
"ကောင်လေး မာစတာ လင်းပြောတာက မင်းအနာဂတ်မှာ သမီးတွေ နှစ်ယောက် သုံးယောက်လောက် မွေးနိုင်မယ် လိူ့ပြောချင်တာ"
ကျောက်ကျန်းယန် ဟာဒီလို မထင်ထားခဲ့ပဲ မာစတာ လင်းကို ထပ်မေးလိုက်ပါတယ်။
"မာစတာ တကယ်လိမ်နေတာ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား"
"မင်းငါကို ယုံကြည်တယ်မလား?"
လင်းဖန်မေးလိုက်သည်။
"ယုံတယ်"
ကျောက်ကျန်းယန် ခေါင်းညိမ်လိုက်သည်။
"ကောင်းပြီ အဲတာဆို မင်းရဲ့ ပိုက်ဆံတွေယူပြီး ဆေးရုံကိုသွားတော့။မင်းပြန်ကောင်သွားမှာ ငါကျိန်းသေ သိတယ်"
လင်းဖန် တည်ငြိမ်စွာပြောလိုက်ပါသည်။
"မာစတာ ကျွန်တော် အနာဂတ်မှာ သားတစ်ယောက်လောက် ရနိုင်သေးလား?"
ကျောက်ကျန်းယန် ဟာမေးလိုက်သည်။ယင်းနောက် သူတစ်ခုခုကို သတိရလိုက်ပြီး ထပ်မေးလိုက်ပါတယ်။
"မာစတာ ကျွန်တော် မိန်းမ ရုပ်ရည်က ဘယ်လိုနေလဲ ၊ သူက အခုဘယ်နားမှာလဲ?"
"မာစတာ ကျွန်တော် အသက်ဘယ်လောက်အထိနေရမှာလဲ၊ အသက် ၈၀ လောက် နေရနိုင်လား"
"မာစတာ ကျွန်တော့် သမီးလေးက ကျွန်တော်နဲ့ တူလား?"
............
လင်းဖန်ဟာ ကျောက်ကျန်းယန် ရဲ့ အမူအရာကို မျက်တောင် မခတ်ပဲ ကြည့်နေလိုကိပါတယ်။
လူအုပ်ကြီးဟာလည်း ဆွံ့အနေကြသည်။
ဒီကောင်ရူးသွာပြီလား.........?
"ရပ်လိုက် ၊ မင်းနေပြန်ကောင်းသွားပြီး ပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်မယ်လို့ပဲ ငါပြောလို့ရတယ်။အခုမင်းသွားလို့ရပြီ မင်းမိဘတွေကိုခေါ် ဆေးရုံသွားပြီး ခွဲစိတ်ဖို့ပြင်ဆင်တော့"
လင်းဖန် ပြောလိုက်သည်။သူဒီလိုလူမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။
လင်းဖန် လက်ကိုဝှေ့ယမ်းလိုက်တဲ့ အချိန်မှာ ကျောက်ကျန်းယန် ဟာ လက်ကို ဖမ်းဆုပ်ထားပြီး ဝမ်းနည်းစွာ ပြောလိုက်ပါတယ်။
"မာစတာ ကျွန်တော်တကယ် ကောင်းသွားမှာပါနော်"
"အင်း"
လင်းဖန် ပြန်ဖြေလိုက်ပါတယ်။ဒီကောင်သာ ဒီမေးခွန်းကို နောက်တစ်ခါထပ်မေးရင် သူစောင့်ကန်ပြီး လက်သီးနဲ့ထိုးလိုက်တော့မှာပါ။
"မာစတာ ကျွန်တော် စိတ်ပျက်ဖို့ကောင်းတာသိပါတယ်။ကျွန်တော် မာစတာ ကိုအမှန်တကယ် ယုံကြည့်လို့ပါ ကျွန်တော် ပြန်ကောင်းသွားမယ် လိူ့နောက်တစ်ခေါက်လောက်ပြောပေးပါလား"
ကျောက်ကျန်းယန် ဟာပြောလိုက်သည်။
လင်းဖန် အသက်ကို ပြင်းပြင်းရူပြီး ကြည့်လိုက်ပါတယ်။
"ငါ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။မင်းသာ ဒီရောဂါကြောင့်သေသွားခဲ့လို့ရှိရင်..ငါ့ဘဝတစ်လျောက်လုံး အထီးကျန်နေပါစေ"
"မာစတာ ကျွန်တော် မာစတာ ကိုယုံကြည်ပါတယ်။မာစတာ ကကျွန်တော် ပြန်ကောင်းသွားမယ် လိူ့ပြောရင် ကျွန်တော်ပြန်ကောင်းသွားမှာပါ၊ကျွန်တော် သွားတော့မယ်"
ကျောက်ကျန်းယန် ဟာနောက်ဆုံးတော့ စိတ်သက်သာရာ ရသွားခဲ့ပါတယ်။
"အိုကေ"
လင်းဖန် ခေါင်းညိမ့်ပြလိုက်သည်။ဗေဒင်ဟောရင်း ဒီလိုမျိုးတွေနဲ့ ကြုံရလိမ့်မယ် လို့သူ မထင်ထားမိခဲ့ပါဘူး။
လူအုပ်ကြီးဟာ ကျောက်ကျန်းယန် ဆိုင်ထဲမှထွက်သွားတာ ကိုကြည့်နေကြပါတယ်။ယင်းနောက် သူဟာ ဆိုင်ဘက်ကို ရုတ်တရက် ပြန်လှည့်လာခဲ့ပြီး လင်းဖန်ဆီလျောက်လာလိုကိသည်။
"ချီးပဲ"
လင်းဖန် အော်လိုက်ပါတယ်။သူကျောက်ကျန်းယန် ပြောတာတောင် နားမထောင်တော့ပဲ လက်ဝှေ့ယမ်းကာ အမြန်ပြောလိုက်ပါသည်။
"ငါကိုယုံ မင်းဘာမှ ဖြစ်မှာမဟုတ်ဘူး၊ဘာပြသနာမှ မရှိဘူ"
"မာစတာ လွန်ခဲ့တဲ့ နှစ်ရက်ကကျွန်တော် မှားသွားပါတယ် ဒီဒေါ်လာနှစ်ထောင်ကို လက်ခံပေးပါ။ကျွန်တော် သက်သာလာတဲ့ အချိန်ကြရင် တစ်ခေါက်ပြန်လာခဲ့ပါ့မယ်"
သူဟာ ဒေါ်လာနှစ်ထောင်ကို စားပွဲပေါ်တင်လိုက်ကာ ဖုန်းကိုမြောက်ပြီး ပရိတ်သတ်များကိုပြောလိုကိသည်။
"မာစတာ လင်းက ငါအဆငိပြေမယ်လို့ပြောနေမှတော့ ၊ ဘာများထပ်ဖြစ်နိုင်ဦးမှာလဲ?"
"ဒါက အစောပိုင်း အစာအိမ်ကင်ဆာ လေးပဲလေ
ဒီ အစ်ကိုယန် ကို လာစိန်ခေါ်လို့်ဘယ်ရမလဲ။အကိုယန် က အနာဂတ်မှာ ဘဏ်လေးတွေလည်း ပိုင်ဆိုင်ဦးမှာ ဘယ်သူမိသားစုဝင်ဖြစ်ချင်လဲ?အမြန်သာ မဂ်လာ လက်ဆောင် ပို့ထားလိုက်တော့"
"အစိကိုယန် 6666"
"အစ်ကိုယန် နောက်ဆုံးတော့ စိတ်ခွန်အားတွေ ပြန်ရလာပြီ"
"ယောက်ခမကြီးရေ မဂ်လာ လက်ဆောင်အဖြစ် ဒုံးကျည် တစ်ခုပို့ပေးလိုကိပါတယ်"
လူအုပ်ကြီးဟာ ကြောင်ပြီး ကြည့်နေခဲ့သည်။ဒီကောင်းလေး အမှန်တကယ်ပဲပျော်ရွှင်နေခဲ့တာပါ။
လင်းဖန်ဟာ အကူညီမဲ့စွာခေါင်းကို ယမ်းလိုက်ပါသည်။ဒီကောင်လေးဒီတိုင်း ပျော်နေတာပဲကောင်းပါတယ်။ဒီကောင် ပြန်ကောင်းသွားလို့ နောက်တစ်ခါ ပြသနာလာရှာခဲ့ရင် သူဒီ တိုက်ရိုက်ထုတ်လွင့်မူကိုပါ ရိုက်ခွဲမိနိုင်သည်။