အခန်း (၁၀၇၉)
Vol. 78 Ch. 1079
မြို့ထဲတွင်ရှိသော အင်အားစုများက မီးတောက်နီဓားဂိုဏ်းကို ရန်မစရဲကြပေ။
မီးတောက်နီဓားဂိုဏ်းကို ရန်စထားလျှင် ကောင်းကင်တစ်သောင်းမြို့တွင်သာ နေထိုင်ရလိမ့်မည်။
အကယ်၍ အပြင်ဘက်သို့ ထွက်သွားလျှင် ယန်တင်းထျန်၏ သတ်ဖြတ်ခြင်းကို ခံရမည်။
ထို့အပြင် အင်မော်တယ်ဘုရင်၏ တပည့်များကလည်း မီးတောက်နီဓားဂိုဏ်းကို လျစ်လျူရှုထားကြသည်။
ဟန်မူယဲ့က အင်မော်တယ်သခင်ရယ်ဟွားကို ခေါင်းညိတ်ပြသည်။
အင်မော်တယ်သခင်ရယ်ဟွားက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး တီးတိုးပြောသည်။
“တာအိုရောင်းရင်းဟန်၊ ညကောင်းကင်မျှော်စင်က မင်းတို့ရဲ့အကူအညီကို မှတ်ထားပါ့မယ်”
အကယ်၍ မူဝမ်က မတားဆီးခဲ့လျှင် ကျင်းယွင်ထျန်းက ညကောင်းကင်မျှော်စင်သို့ လူလွှတ်ပြီး စုကျယ်နှင့် တခြားလူများကို သတ်ဖြတ်လိမ့်မည်။
စုကျယ်နှင့်ဇောင်ယန် သေဆုံးသွားခဲ့လျှင် ညကောင်းကင်မျှော်စင်က တတိယထပ်တွင် ရှင်သန်နိုင်တော့မည်မဟုတ်ပေ။
အင်မော်တယ်သခင်ရယ်ဟွားက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။
“ငါ့ရဲ့ အစ်ကိုကြီးက ဒီပစ္စည်းကို ပေးခိုင်းလိုက်တယ်။ တာအိုရောင်းရင်းဟန်က ဒါကို သုံးနိုင်မှာပါ”
သူ့လက်ထဲတွင် ကျောက်စိမ်းပေလွှာတစ်ခု ရှိနေသည်။
ဟန်မူယဲ့က ကျောက်စိမ်းပေလွှာကို ယူလိုက်ပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်သည်။ သူ့မျက်နှာထားက ပြောင်းလဲသွားသည်။
“ဒါက အင်မော်တယ်သခင်ထျန်းယွင်ရဲ့ အပျက်အစီးနယ်မြေ အတွေ့အကြုံတွေလား”
ရှားပါးသော ရတနာတစ်မျိုး ဖြစ်သည်။
ထို့အပြင် မဟာတောရိုင်းအပျက်အစီးနယ်မြေ၏ အချက်အလက်များလည်း ပါဝင်နေသည်။
ထိုကျောက်စိမ်းပေလွှာသည် အင်မော်တယ်ရတနာတစ်ခုထက် ပိုတန်ဖိုးရှိသည်။
“တာအိုရောင်းရင်းဟန် တကယ်လို့ အန္တရာယ်များတဲ့နေရာတွေကို သွားမယ်ဆိုရင် အစ်ကိုကြီးက အတူလိုက်နိုင်မယ်လို့ မျှော်လင့်နေတယ်”
အင်မော်တယ်သခင်ရယ်ဟွားက ပြောသည်။
ဟန်မူယဲ့က ကျောက်စိမ်းပေလွှာကို ကိုင်ထားပြီး စဉ်းစားကြည့်နေသည်။
သူက ကောင်းကင်တစ်သောင်းမြို့၏ တတိယအလွှာတွင် အင်မော်တယ်သခင်ထျန်းယွင်နှင့် ဆုံတွေ့ဖူးသည်။
အင်မော်တယ်သခင်ထျန်းယွင်က သူ၏ ကံကောင်းခြင်းကို တန်ဖိုးထားသည်။
အပျက်အစီးနယ်မြေတွင် ရတနာများကို ရှာဖွေချင်လျှင် ကံကောင်းခြင်းကို လိုအပ်သည်။
ထိုသို့မဟုတ်လျှင် ရတနာနှင့် လွဲချော်သွားလိမ့်မည်။
“ကောင်းပြီ”
ဟန်မူယဲ့က အင်မော်တယ်သခင်ရယ်ဟွားနှင့် ရှန့်ကွမ်ပေါ်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ကျွန်တော်တို့ တစ်လအတွင်း ထွက်သွားမယ်”
သူက သွားရောက်မည့်နေရာနှင့် လိုအပ်ချက်များကို ပြောမပြခဲ့ပေ။
သို့သော် အင်မော်တယ်သခင်နှစ်ယောက်က ကောင်းကင်ချောက်နက်၏ သမိုင်းကြောင်းရှည်လျားသော မဟာအပျက်အစီးနယ်မြေသို့ သွားရောက်မည်ဖြစ်ကြောင်း နားလည်ကြသည်။
ရှန့်ကွမ်းပေါ်က ခေါင်းညိတ်လိုက်ပြီး မတ်တပ်ရပ်သည်။ သူက လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်ပြီး ထွက်သွားသည်။
ယန်တင်းထျန်က သူ့ကို ညွှန်ကြားထားသောကြောင့် သူက လုပ်ရမည့်အရာကို နားလည်သည်။
အင်မော်တယ်သခင်ရယ်ဟွားကလည်း မတ်တပ်ရပ်ပြီး ထွက်သွားခဲ့သည်။
ဟန်မူယဲ့က အောက်ထပ်သို့ ဆင်းလာသောအခါတွင် ကျောက်ချန်နှင့် တခြားလူများကို မြင်လိုက်ရသည်။
“ကျောက်ချန်၊ မင်းအတွက် တာဝန်တစ်ခု ရှိတယ်”
ဟန်မူယဲ့က ကျောက်ချန်ကို ကြည့်သည်။
ထိုတာဝန်က ရိုးရှင်းသည်။ သူက တစ်လအတွင်း ကောင်းကင်ချောက်နက်ပုလဲနှင့် အမျိုးမျိုးသော အရင်းအမြစ်များကို ရနိုင်သလောက် စုဆောင်းရမည်။
သူတို့က တစ်လအတွင်း ကောင်းကင်တစ်သောင်းချောက်နက်မှ တိတ်ဆိတ်စွာ ထွက်သွားကြမည်။
သူတို့ ပြန်ရောက်လာသောအချိန်တွင် ကောင်းကင်တစ်သောင်းမြို့က တိုက်ပွဲနှင့် ကြုံရလိမ့်မည်။
ပဥ္စမအလွှာတွင် သိမ်းဆည်းထားသော ကောင်းကင်တိုင်းတာခြင်းပေတံကို ရယူရန် မလွယ်ပေ။
‘အရင်းအမြစ်တွေကို ဝယ်ယူရမှာလား’
ကျောက်ချန်က ဟန်မူယဲ့ထုတ်ယူလိုက်သော သိုလှောင်အိတ်နှင့် ကျောက်စိမ်းသေတ္တာများကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပသွားသည်။
သူက စီးပွားရေးလုပ်ငန်းကို အလွန်နှစ်သက်သည်။
ကျောက်ချန်က အင်မော်တယ်ကျောက်တုံး၊ နတ်စွမ်းအားသလင်းကျောက်ဖြင့် ကုန်ပစ္စည်းများကို ဝယ်ယူနေသည်။
ဟွမ်ကျစ်ဟူနှင့် ရွှေမီးတောက်က သူတို့နှင့်အတူ လိုက်ပါလာမည့် ဓားကျင့်ကြံသူများကို ရွေးချယ်နေကြသည်။
ဟွမ်ကျစ်ဟူ၊ ယွင်သွမ့်နှင့် တခြားလူများက သိန်းချီသော ဓားကျင့်ကြံသူများကို စုစည်းထားသော်လည်း အားလုံးက သူတို့အပေါ်တွင် သစ္စာမရှိကြပေ။ ကောင်းကင်တစ်သောင်းမြို့မှလည်း ထွက်မသွားချင်ကြပေ။
ထို့ကြောင့် တစ်လအတွင်း ဓားကျင့်ကြံသူ တစ်သိန်းသာ ကျန်ရစ်ခဲ့သည်။
ကျန်လူများအားလုံးက ကောင်းကင်တစ်သောင်းမြို့တွင် ဆက်လက်နေထိုင်ချင်ကြသည်။
လူအများစုသည် ဤနေရာတွင် တစ်သက်လုံး နေထိုင်လာပြီး ပြင်ပလောကကို မမြင်ဖူးကြပေ။ မြင်တွေ့ရန်လည်း ဆန္ဒမရှိကြပေ။
ဓားစံအိမ်၏သခင်က အင်မော်တယ်ကျောက်တုံးနှင့် နတ်စွမ်းအားသလင်းကျောက်များကို ထုတ်ယူပြီး ကောင်းကင်ချောက်နက်ပုလဲနှင့် အရင်းအမြစ်အမျိုးမျိုးကို ဝယ်ယူနေကြောင်း လူတိုင်းသိကြသည်။
ကောင်းကင်တစ်သောင်းမြို့မှ ထွက်သွားရန် စီစဉ်နေသော အင်အားစုများသည် ထိုသို့ လုပ်လေ့ရှိကြသည်။ ထို့ကြောင့် မထူးဆန်းပေ။
ကျောက်ချန်က ကောင်းကင်ချောက်နက်ပုလဲ သုံးသိန်း၊ ချောက်နက်စွမ်းအားနှင့် ရင်းမြစ်စွမ်းအား ပါဝင်နေသော သောင်းချီနေသည့်ရတနာများကို စုဆောင်းနိုင်ခဲ့သည်။
မူဝမ်နှင့် ယွင်ကျင်းက ဓားကျင့်ကြံသူတစ်သိန်းအတွက် ချောက်နက်တွင်နေထိုင်ရန် လုံလောက်မည့် ဆေးလုံးများကို သန့်စင်နေကြသည်။
ဟန်မူယဲ့က လက်နက်များမှတစ်ဆင့် မဟာတောရိုင်းအပျက်အစီးနယ်မြေ၏ မှတ်ဉာဏ်များကို ရှာဖွေနေခဲ့သည်။
ထိုအချက်အလက်များနှင့်အတူ ညကောင်းကင်မျှော်စင်မှ အင်မော်တယ်သခင်ထျန်းယွင်၏ မှတ်တမ်းကို ပေါင်းစပ်လိုက်သောအခါတွင် သူက မဟာတောရိုင်းအပျက်အစီးနယ်မြေကို ပိုမိုကောင်းမွန်စွာ နားလည်လာသည်။
“ဝီ”
လေထုက တုန်ခါသွားပြီး သင်္ဘောပျံများက ကောင်းကင်တစ်သောင်းမြို့မှ ထွက်လာကြသည်။
ဓားစံအိမ်၊ မီးတောက်နီဓားဂိုဏ်းနှင့် ညကောင်းကင်မျှော်စင်၏ သင်္ဘောပျံများ ဖြစ်ကြသည်။
အင်အားစုသုံးခုသည် သင်္ဘောပျံသုံးရာနှင့်အတူ ကောင်းကင်ထက်တွင် ပျံသန်းသွားကြသည်။
ထိုသင်္ဘောပျံများကို ကြည့်လိုက်ပြီး ကောင်းကင်တစ်သောင်းမြို့တွင်ရှိသော လူအများစု၏ မျက်နှာထားက ရှုပ်ထွေးနေသည်။
“ဆရာတူအစ်ကို၊ ဓားစံအိမ်ရဲ့သခင်က ပြင်ပလောကရဲ့ နာမည်ကြီးဓားကျင့်ကြံသူ ယွင်လန်ဓားအင်မော်တယ်ပါ”
အင်မော်တယ်သခင်ကျူးဟွမ်၏နောက်တွင် မတ်တပ်ရပ်နေသော အင်မော်တယ်သခင်ရှန်းယောင်က တီးတိုးပြောလိုက်သည်။
သူကလည်း ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် မနေနိုင်ပဲ ဟန်မူယဲ့နှင့် တိုက်ခိုက်ချင်မိသည်။
“ယွင်လန်ဓားအင်မော်တယ်”
အင်မော်တယ်သခင်ကျူးဟွမ်၏ မျက်လုံးများက တောက်ပသွားပြီး အဝေးတစ်နေရာသို့ ကြည့်သည်။
“ဝူဆယ့်နှစ်က အခု ဘာလုပ်နေလဲ”
“သူလား”
ရှန်းယောင်က ခေါင်းခါလိုက်ပြီး အထင်သေးစွာ ပြောသည်။
“သူက မြို့ထဲမှာရှိတဲ့ အင်အားစုတွေကို သိမ်းသွင်းဖို့ ကြိုးစားနေတယ်”
“သူက အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေတာတောင် ဆရာ့ကို မျက်နှာပျက်အောင် လုပ်နေတာပဲ”
အင်မော်တယ်သခင်ကျူးဟွမ်က စကားမပြောပေ။ သို့သော် သူ့မျက်လုံးထဲတွင်ရှိသော အလင်းရောင်က ပိုမိုနက်ရှိုင်းလာသည်။
....
သင်္ဘောပျံသုံးရာက မိုင်ပေါင်း သန်းရာချီအကွာသို့ ရောက်လာသည်။ နှစ်လအကြာတွင် သူတို့သည် ကောင်းကင်တစ်သောင်းချောက်နက်၏ အတွင်းပိုင်းတွင် ရပ်တန့်လိုက်ကြသည်။
ဤနေရာသည် ကောင်းကင်တစ်သောင်းချောက်နက်၏ အနက်ရှိုင်းဆုံးအပိုင်းဖြစ်ပြီး အနက်ရောင်တောင်တန်းများကို နေရာတိုင်းတွင် မြင်နိုင်သည်။
ထိုတောင်တန်းများအားလုံးသည် အပျက်အစီးနယ်မြေများ ဖြစ်ကြသည်။
သင်္ချိုင်းတစ်ခုနှင့် ဆင်တူသည်။
ကမ္ဘာများ၏သင်္ချိုင်း ဖြစ်သည်။
သင်္ဘောပျံများအားလုံးသည် ရွှေအလင်းကို ထုတ်လွှတ်ပြီး သေဆုံးခြင်းစွမ်းအားကို ခုခံနေကြသည်။
သင်္ဘောပျံသုံးရာက အချင်းချင်း ဆက်သွယ်နေပြီး ဝင်္ကပါ၏ အထောက်အပံ့ကြောင့် ပတ်ဝန်းကျင်တွင်ရှိသော ချောက်နက်၏စွမ်းအားကို ခုခံနိုင်ခဲ့သည်။
လူအများစုက အလင်းလွှာ၏ အပြင်ဘက်တွင်ရှိသော စွမ်းအားကို ဖြူဖျော့နေသောမျက်နှာထားဖြင့် ကြည့်နေကြသည်။
သူတို့က ထိုသို့ သိပ်သည်းနေသော သေဆုံးခြင်းစွမ်းအားများကို ဆယ့်ငါးမိနစ်ခန့်သာ တောင့်ခံနိုင်ကြလိမ့်မည်။
ကံကောင်းစွာဖြင့် ဓားစံအိမ်သည် သေဆုံးခြင်းစွမ်းအားကို ခုခံနိုင်သော ဆေးလုံးနှင့် အကာအကွယ်ရတနာများကို ပေးအပ်ထားသည်။
မီးတောက်နီဓားဂိုဏ်းနှင့် ညကောင်းကင်မျှော်စင်၏ လူများကလည်း ကြိုတင်ပြင်ဆင်လာကြသည်။
“ငါတို့ ရောက်လာပြီ”
ရှေ့တွင် ညကောင်းကင်မျှော်စင်၏ အင်မော်တယ်သခင်က ပြောလိုက်သည်။
မြင့်မားသော တောင်တန်းတစ်ခုသည် သင်္ဘောပျံများ၏ရှေ့တွင် ရှိနေသည်။
ထိုတောင်တန်းက တခြားတောင်တန်းများထက် ပိုမိုကြီးမားသည်။
“ဒါက မဟာတောရိုင်းအပျက်အစီးနယ်မြေပဲ”
“ဒီနေရာကို ဖြတ်သန်းသွားရင် ရှေးကျတဲ့ကမ္ဘာတစ်ခု ရှိနေတယ်လို့ ပြောကြတယ်”
အင်မော်တယ်သခင်ထျန်းယွင်က တောင်တန်းကို ညွှန်ပြလိုက်ပြီး တီးတိုးပြောသည်။
“ဒါပေမဲ့ ဒီနေရာမှာရှိနေတဲ့ တိတ်ဆိတ်ခြင်းနဲ့ သေဆုံးခြင်းစွမ်းအားက ကပ်ဘေးနဲ့ နီးကပ်နေပြီ။ အင်မော်တယ်သခင်တွေတောင် ခုခံနိုင်မှာမဟုတ်ဘူး”
“အင်မော်တယ်ဘုရင်တစ်ပါးကပဲ ခုခံနိုင်လိမ့်မယ်”
အင်မော်တယ်သခင်များကပင် ဤနေရာတွင်ရှိသော စွမ်းအားကို ခုခံနိုင်မည်မဟုတ်ပေ။
ဟန်မူယဲ့က စပ်စုလိုစိတ်ကို ထိန်းချုပ်လိုက်ပြီး ရှေ့သို့ ကြည့်သည်။
ဤနေရာမျိုးတွင် အလျင်စလိုမလုပ်လျှင် အကောင်းဆုံးဖြစ်သည်။
“ပုံရိပ်ယောင်ကမ္ဘာထဲကို ဝင်ရောက်မယ်။ ဒီအမှတ်အသားကို မှတ်ထားကြပါ”
ဟန်မူယဲ့က ပြောလိုက်သည်။
လေထုထဲတွင် တောက်ပနေသော ရွှေဓားတစ်လက် ပေါ်လာသည်။
အလင်းစီးကြောင်းများက နေရာတိုင်းတွင် ပြန့်ကျဲသွားပြီး ကျင့်ကြံသူများက ဖမ်းယူလိုက်ကြသည်။
ထိုအလင်းစီးကြောင်းများသည် သူတို့၏ လက်ဝါးတွင် ရွှေဓားတစ်လက်အဖြစ် စုစည်းသွားသည်။
မဟာတောရိုင်းအပျက်အစီးနယ်မြေတွင် ထိုအမှတ်အသားကို အသုံးပြုပြီး လူတိုင်းကို စုစည်းရမည်။
သင်္ဘောပျံများက ရပ်တန့်လိုက်ကြသည်။ သင်္ဘောပျံကိုစောင့်ကြပ်ရန် တာဝန်ကျနေသော ကျင့်ကြံသူများမှလွဲ၍ တခြားလူများက အောက်သို့ ဆင်းလာကြသည်။
ရွှေအလင်းရောင်သည် သူတို့၏ ခန္ဓာကိုယ်တွင် ပေါ်ထွက်လာသည်။
သေဆုံးခြင်းစွမ်းအားကို ဆန့်ကျင်နေသော ရတနာနှင့် ဆေးလုံးများ၏ အလင်းရောင် ဖြစ်သည်။
အကာအကွယ်အလင်းရောင် ကုန်ဆုံးသွားသော အမြန်နှုန်းကြောင့် သင်္ဘောပေါ်တွင်ရှိသော ကျင့်ကြံသူများက ထိတ်လန့်သွားကြသည်။
သူတို့က ဆယ့်ငါးမိနစ်ခန့် ခုခံနိုင်မည်ဟု တွေးခဲ့သော်လည်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေခြင်းသာ ဖြစ်သည်။
ဤနေရာတွင်ရှိသော သေဆုံးခြင်းစွမ်းအားကို ရွှေအင်မော်တယ်အဆင့်သို့ မရောက်သေးသော ကျင့်ကြံသူများက ခုခံနိုင်မည်မဟုတ်ပေ။
ဟန်မူယဲ့က မူဝမ်၊ ယွင်ကျင်းနှင့် တခြားလူများကို ကြည့်လိုက်သည်။
“မဟာတောရိုင်းအပျက်အစီးနယ်မြေလိုမျိုး အားကောင်းတဲ့ အပျက်အစီးနယ်မြေကို ကိုယ်ပွားနဲ့ ဝင်လို့မရဘူး။ ငါတို့က အစစ်အမှန်ခန္ဓာကိုယ်နဲ့ ဝင်ရမယ်။ အဲဒါကြောင့် ဂရုစိုက်ပါ”
“ငါတို့က ကိုယ်ပိုင်သွေးမျိုးဆက်စွမ်းအားနဲ့ ပေါင်းစပ်ပြီး အထဲကို ဝင်ကြမယ်။ ပြီးရင် လူပြန်စုဖို့ အခွင့်အရေးရှာရမယ်”
ဟန်မူယဲ့က လက်ဝါးဖြန့်ပြီး တောက်ပနေသော ရွှေဓားပုံရိပ်ကို ထုတ်ဖော်သည်။
မူဝမ်နှင့်ယွင်ကျင်းက လက်ဝါးဖြန့်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
သူတို့က လက်ဝါးပေါ်တွင်လည်း ရွှေဓားအမှတ်အသား ရှိနေသည်။
ဟွမ်ကျစ်ဟူ၊ ရွှေမီးတောက်၊ ရှန့်လင်းရွှမ်း၊ လုကောနှင့် တခြားလူများအားလုံးကလည်း ရွှေဓားအမှတ်အသားကို ပိုင်ဆိုင်ထားကြသည်။
“ဂိုဏ်းတူအစ်ကိုဟန်၊ ဂရုစိုက်ပါ”
လင်းရှန်က လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြောလိုက်ပြီး အောက်သို့ ဆင်းသွားသည်။
သူတို့အားလုံးက အစစ်အမှန်ခန္ဓာကိုယ်ဖြင့် အပျက်အစီးနယ်မြေသို့ ဝင်ရောက်ရမည်ဖြစ်သောကြောင့် သေခြင်းရှင်ခြင်းကို သေချာမဆုံးဖြတ်နိုင်ပေ။
“အစ်ကိုဟန်၊ ကျွန်မတို့လည်း သွားတော့မယ်”
မူဝမ်နှင့် ယွင်ကျင်းက လက်ကိုင်ထားပြီး ခုန်ဆင်းသွားသည်။
ဟန်မူယဲ့က သူတို့ကို ကြည့်နေပြီး တိတ်ဆိတ်စွာ လက်မြှောက်သည်။ နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က ကြေးခွံတစ်ခုအဖြစ် ပြောင်းလဲပြီး နောက်မှ လိုက်သွားသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က သူတို့ကို သေချာပေါက် ကာကွယ်ပေးနိုင်လိမ့်မည်။
ဟန်မူယဲ့က စိတ်အေးသွားပြီး အသက်ရှူသွင်းလျက် အောက်တွင်ရှိသော တောင်တန်းကို ကြည့်သည်။
သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး လေပြင်နှင့် မိုးကြိုးကို ဖြစ်ပေါ်စေသည်။
ဟန်မူယဲ့က တောင်တန်းပေါ်သို့ ရောက်လာပြီး မြင်ကွင်းပြောင်းလဲသွားသည်။
ပုံရိပ်များသည် သူ့ရှေ့တွင် ရှိနေကြသည်။
ပါ့ရှား ....
ခွေ ....
နဂါးမိကျောင်း ....
လူသား ....
ပုံရိပ်လေးခုက သူ့ဆီသို့ ပြေးဝင်လာသည်။
‘အပျက်အစီးနယ်မြေထဲကိုဝင်ဖို့ ဘယ်သွေးမျိုးဆက်ကို ရွေးရမလဲ’
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး လက်မြှောက်သည်။
ရွှေမီးတောက်တစ်ခုသည် သူ့လက်ဝါးတွင် ပေါ်ထွက်လာသည်။
“ဘုန်း”
သူက ပျောက်ကွယ်သွားသည်။
ပုံရိပ်လေးခုက အချိန်ခဏကြာသည်အထိ ဆက်ရှိနေပြီး ဖြည်းဖြည်းချင်း လွင့်ပြယ်သွားကြသည်။