← Chapters

အခန်း (၁၀၈၂)

Vol. 78 Ch. 1082

အခန်း (၁၀၈၂)

Vol. 78 Ch. 1082

ဟန်မူယဲ့က စကားအဆုံးတွင် ရွှေကျီးကန်းပုံရိပ်ကို ဖော်ပြသည်။

ထိုရွှေကျီးကန်းသည် တခြားလူများ၏ ရွှေကျီးကန်းနှင့် မတူပေ။

ဟန်ယွင်ဟယ်နှင့် ဟန်ချောင်ဟူတို့၏ ရွှေကျီးကန်းပုံရိပ်များက ဆယ်ပေကျော်ပြီး ငှက်မွေးများကို ထင်ရှားစွာ မြင်နိုင်သည်။

သို့သော ဟန်မူယဲ့၏နောက်တွင်ရှိသော ရွှေကျီးကန်းပုံရိပ်က ပေသုံးဆယ်ရှိပြီး ငှက်မွေးရှည်များနှင့်အတူ အလွန်ခမ်းနားသည်။

ထိုရွှေကျီးကန်းက ရွှေရုပ်တုတစ်ခုကဲ့သို့ ရွှေအလင်းရောင်ကို ထုတ်ပေးနေသည်။

“ရွှေကျီးကန်းသွေးမျိုးဆက်ကို နိုးထနိုင်ခဲ့ပြီ”

“ခေါင်းဆောင်ငယ်က ရွှေကျီးကန်းသွေးမျိုးဆက်ကို နိုးထခဲ့တယ်”

ဟန်မူယဲ့၏ ရွှေကျီးကန်းပုံရိပ်ကို ကြည့်လိုက်ပြီး တောင်ခြေတွင်ရှိသော ကလန်သားများက စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။

ဆံပင်ဖြူနေသော လူအိုကြီးများက မျက်ရည်ကျနေကြသည်။

ထိုအရာသည် ရွှေကျီးကလန်၏ ဂုဏ်ကျက်သရေ ဖြစ်သည်။

မဟာနေမင်းရွှေကျီးကန်းသည် ကျယ်ပြန့်သော တောရိုင်းမြေကို နှစ်ပေါင်းမရေမတွက်နိုင်အောင် အလင်းပေးခဲ့သည်။

ဟန်မူယဲ့၏ ပေသုံးဆယ်ကြီးမားသော ရွှေကျီးကန်းပုံရိပ်က ရွှေအလင်းကို ထုတ်လွှတ်လိုက်သောအခါတွင် ကလန်သားတိုင်းက ဆူပွက်လာသော သွေးမျိုးဆက်စွမ်းအားကို ခံစားမိကြသည်။

သူတို့၏ တိတ်ဆိတ်နေသော သွေးမျိုးဆက်က လှုပ်ရှားလာသည်။

ဟန်ကျင်းနှင့် တခြားလူများအားလုံးက စိတ်လှုပ်ရှားနေကြသည်။

ထိုအရာသည် သူတို့၏စွမ်းအား ဖြစ်သည်။

ရွှေကျီးကန်းသွေးမျိုးဆက်၏ စွမ်းအားကြောင့် သူတို့၏ခွန်အားကို ပြန်လည်သတိရသွားသည်။

ဟန်ယွင်ဟယ်နှင့် ဟန်ချောင်ဟူက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး သက်ပြင်းချသည်။ သူတို့က စကားမပြောခဲ့ပေ။

ဟန်မူယဲ့အတွက် ကလန်၏စိတ်ဝိညာဉ်ကို စုစည်းရန် မလွယ်ပေ။ သူတို့က မဖျက်ဆီးသင့်ပေ။

ထို့အပြင် ခေါင်းဆောင်ငယ်၏ သွေးမျိုးဆက်စွမ်းအားအကြောင်းကို ကျားသစ်နက်ကလန်က သိသွားခဲ့သည်။ ထို့ကြောင့် ဖုံးကွယ်နေလျှင်လည်း အလုပ်မဖြစ်တော့ပေ။

“ကလန်ကို ပြန်သွားရအောင်”

ဟန်ချောင်ဟူက ညင်သာစွာ ပြောပြီး ဟန်ယွင်ဟယ်ကို ကူညီပေးလိုက်သည်။

ဟန်မူယဲ့က ကလန်သားများကို နှစ်သိမ့်ပေးလိုက်ပြီး တစ်နာရီအကြာတွင် ကလန်၏ အစည်းအဝေးခန်းဆောင်သို့ ရောက်လာခဲ့သည်။

ဤနေရာကို အစည်းအဝေးခန်းဆောင်ဟု ခေါ်သော်လည်း ကျောက်တုံးစံအိမ် အကြီးစားတစ်ခုသာ ဖြစ်သည်။

ပတ်ဝန်းကျင်ကို ကျောက်တုံးနံရံများဖြင့် ကာထားပြီး အထဲတွင် ကျောက်တုံးစားပွဲနှင့် ကျောက်တုံးကုလားထိုင်များ ရှိနေကြသည်။ နံရံတွင် အလှဆင်ထားသော သားရဲအရိုးနှင့် သစ်သားစများ ရှိနေကြသည်။

စားပွဲ၏ထိပ်ဆုံးတွင်ထိုင်နေသော ဟန်မူယဲ့မှလွဲ၍ အကြီးအကဲလေးယောက် ရှိနေသည်။ ဟန်ယွင်ဟယ်နှင့် ဟန်ချောင်ဟူအပြင် ဟန်ယွင်ချန်နှင့် ဟန်တင်းရီတို့ ဖြစ်ကြသည်။

သူတို့ငါးယောက်သည် ဟန်တောင်တန်းရွှေကျီးကလန်၏ အသန်မာဆုံးလူများ ဖြစ်ကြသည်။

“ခေါင်းဆောင်ငယ်၊ ဒါက ကျွန်တော်တို့ ရွှေကျီးကလန်ရဲ့ လက်ရှိခွန်အားပါပဲ။ ဒါပေမဲ့ နေရာတိုင်းမှာ ရန်သူတွေ ရှိနေတယ်။ ကျွန်တော့်အမြင်မှာတော့ ခေါင်းဆောင်ငယ်က မျိုးဆက်သစ်တွေကို ခေါ်သွားပြီး နှစ်တစ်ရာအကြာမှ ပြန်လာသင့်တယ်”

မျိုးနွယ်စုနှင့် မိတ်ဆက်ပေးနေသော ဟန်ယွင်ဟယ်က တီးတိုးပြောသည်။

သူတို့၏ကလန်က အားနည်းနေသည်။ ထို့အပြင် အားကောင်းသော ရန်သူများက အပြင်ဘက်တွင် ချောင်းမြောင်းနေကြသည်။

လက်ရှိအခြေအနေအရ ဟန်တောင်တန်း‌ရွှေကျီးကလန်သည် သွေးမျိုးဆက်နိုးထလာသော ဟန်မူယဲ့ကို မကာကွယ်နိုင်ပေ။

ဟန်မူယဲ့က ထွက်သွားခဲ့လျှင် ဟန်တောင်တန်းရွှေကျီးကလန်၏ အနာဂတ်ကို ပြန်လည်တည်ဆောက်နိုင်လိမ့်မည်။

ဟန်မူယဲ့က စကားမပြောပေ။ သူက လက်မြှောက်ပြီး စားပွဲပေါ်တွင် ပုံဆွဲလိုက်သည်။ သူ၏ လက်ချောင်းအောက်တွင် ဟန်တောင်တန်းရွှေကျီးကလန်၏ ပတ်ဝန်းကျင်တွင်ရှိသော အင်အားစုများ၏ တည်နေရာကို ရှင်းလင်းစွာ မြင်ရသည်။

ဟန်တောင်တန်းရွှေကျီးကလန် ပိုင်ဆိုင်ခဲ့သော တောင်တန်း၊ တောအုပ်နှင့် ရေကန်များကိုလည်း သေချာ ဖော်ပြထားသည်။

“ကျွန်တော်က ထွက်သွားမှာမဟုတ်ဘူး”

ဟန်မူယဲ့က စားပွဲပေါ်တွင် လက်တင်ထားပြီး မျက်လုံးများက ရွှေရောင်တောက်လာသည်။ သူ့နဖူးတွင်ရှိသော ရွှေကျီးကန်းပုံရိပ်က အလင်းစီးကြောင်းကို ထုတ်လွှတ်နေသည်။

“ဒီမျိုးနွယ်စုတွေက ကျွန်တော်တို့ကလန်ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူသွားခဲ့တယ်။ သူတို့အားလုံးက ပိုင်ဆိုင်မှုတွေကို ပြန်ပေးရမယ်”

‘ပြန်ပေးရမှာလား’

‘ဟန်တောင်တန်းရွှေကျီးကလန်မှာ အဲဒီလိုခွန်အားမျိုး ရှိလို့လား’

‘ကလန်မှာ လူငါးရာလောက်ပဲ ကျန်တော့တယ်။ ငါတို့က ဘာလုပ်နိုင်မှာလဲ’

ဟန်ချောင်ဟူက ဟန်ယွင်ဟယ်ကို တစ်ချက်ကြည့်သည်။ ထို့နောက် အသက်ရှူသွင်းလိုက်ပြီး တီးတိုးပြောသည်။

“ခေါင်းဆောင်ငယ်ရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်မှာလဲ”

‘သူက နှစ်တစ်ရာအတွင်းမှာ ဘယ်အဆင့်အထိ ကျင့်ကြံခဲ့တာလဲ’

‘အဆီအနှစ်ဝိညာဉ် တတိယအဆင့်လား’

‘ဒါမှမဟုတ် စတုတ္ထအဆင့်လား’

လူလေးယောက်၏ စပ်စုချင်သော အကြည့်များအောက်တွင် ဟန်မူယဲ့၏ အဆီအနှစ်ဝိညာဉ်က အလင်းစက်ကွင်းကို ထုတ်လွှတ်လိုက်သည်။

မီးခိုးပြာရောင် ....

အနီရောင် ....

လိမ္မော်ရောင် ....

အဝါရောင် ....

အစိမ်းရောင် ....

အပြာဖျော့ရောင် ....

အပြာရင့်ရောင် ....

အဆီအနှစ်ဝိညာဉ် သတ္တမအဆင့် ဖြစ်သည်။

ခန်းဆောင်ထဲတွင်ရှိသော ရွှေကျီးကလန်၏ အကြီးအကဲလေးယောက်က မျက်လုံးပြူးနေကြသည်။

ရွှေကျီးကန်း၏ အဆီအနှစ်ဝိညာဉ် သတ္တမအဆင့်သည် မိုင်တစ်သိန်းပတ်ဝန်းကျင်တွင် ပြိုင်ဘက်ကင်းသည်။

ကျယ်ပြန့်သော မဟာတောရိုင်းကမ္ဘာတွင် လူဦးရေနည်းပါးသည်။ ကမ္ဘာတစ်ခုလုံး၏ တစ်ရာခိုင်နှုန်းခန့်တွင်သာ လူများ နေထိုင်ကြသည်။

ဟန်တောင်တန်းရွှေကျီးကလန်၏ အပြင်ဘက်သည် မိုင်တစ်သိန်းကျယ်ဝန်းသည်။ သို့သော် ကလန့်ဆယ်ခုခန့်သာ တည်ရှိသည်။

ထိုကလန်တချို့တွင် လူဦးရေ သုံးသောင်းမှ ငါးသောင်းခန့်အထိ ရှိကြသည်။ တချို့ကလန်များကတော့ ဟန်တောင်တန်းရွှေကျီးကလန်ကဲ့သို့ လူဦးရေအနည်းငယ်သာ ရှိသည်။

သို့သော် ကလန်များ၏ခွန်အားကို လူအရေအတွက်ဖြင့် သတ်မှတ်ခြင်း မဟုတ်ပေ။ ကလန်တွင်ရှိသော အသန်မာဆုံးလူ၏ခွန်အားဖြင့် သတ်မှတ်သည်။

ကျွမ်းကျင်သူတစ်ယောက်သည် ကလန်၏ ငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးနိုင်သည်။

မိုင်တစ်သိန်းပတ်ဝန်းကျင်တွင် အဆီအနှစ်ဝိညာဉ် သတ္တမအဆင့်သို့ ရောက်နေသော ဖုန်းကျီရေအိုင်၏ ရေနဂါးနက်ကလန်ခေါင်းဆောင် ဖုန်းကျန်းက အသန်မာဆုံးဖြစ်သည်။

လွန်ခဲ့သော နှစ်သောင်းချီအကြာတွင် ဖုန်းကျန်းက အဆီအနှစ်ဝိညာဉ် ဆဌမအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသော ဟန်တောင်တန်းရွှေကျီးကလန်၏ ခေါင်းဆောင်ဟောင်းနှင့် တိုက်ခိုက်ခဲ့သည်။ သူတို့က သရေကျခဲ့သည်။

ထိုအချိန်တွင် ဟန်တောင်တန်းရွှေကျီးကလန်၏ ခေါင်းဆောင်က မိုင်တစ်သိန်းပတ်ဝန်းကျင်တွင် လွတ်လပ်စွာ သွားလာနိုင်ခဲ့သည်။

ဟန်တောင်တန်းရွှေကျီးကလန်က တိုးတက်ခဲ့သည်။

သို့သော် ‌ခေါင်းဆောင်ဟောင်းက သိသိသာသာ အားနည်းလာခဲ့သည်။ သူက အဆီအနှစ်ဝိညာဉ် အဆင့်ခြောက်တွင် ရှိနေသော်လည်း ရွှေကျီးကန်းသွေးမျိုးဆက်ကို မနိုးထနိုင်ခဲ့ပေ။ သူ၏ တိုက်ခိုက်နိုင်စွမ်းက ရေနဂါးနက်ကလန်၏ ဖုန်းကျန်းနျင့် မယှဉ်နိုင်တော့ပေ။

ဖုန်းကျီရေကန်ကို လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်တွင် လက်လွှတ်လိုက်ရသည်။

လွန်ခဲ့သောနှစ်များတွင် ဟန်တောင်တန်းရွှေကျီးကလန်က ပေးအပ်စရာမရှိတော့ပေ။

အကယ်၍ သူတို့က ပိုင်ဆိုင်မှုများကို ထပ်မံ ပေးအပ်လိုက်လျှင် ရှင်သန်နိုင်တော့မည်မဟုတ်ပေ။

ထို့ကြောင့် အကြီးအကဲနှစ်ယောက်က ကျားသစ်နက်ကလန်၏ လူများနှင့် ရင်ဆိုင်ခဲ့ကြသည်။

ဟန်မူယဲ့၏နောက်တွင်ရှိသော အပြာရောင်ရွှေကျီးပုံရိပ်ကို မြင်လိုက်ရသောအခါတွင် အကြီးအကဲလေးယောက်က စိတ်လှုပ်ရှားနေကြသည်။

ယခုအချိန်တွင် ခေါင်းဆောင်ငယ်က အဆီအနှစ်ဝိညာဉ် သတ္တမအဆင့်တွင် ရှိနေပြီး ရွှေကျီးကန်းသွေးမျိုးဆက်ကိုလည်း နိုးထနိုင်ခဲ့သည်။ ထို့ကြောင့် မိုင်တစ်သိန်းပတ်ဝန်းကျင်ကို ဖိနှိပ်နိုင်လိမ့်မည်။

ဟန်တောင်တန်းရွှေကျီးကလန်က တိုးတက်လာတော့မည်။

“ကောင်းကင်တာအိုက ငါတို့ကို စွန့်ပစ်မထားဘူးပဲ။ ရွှေကျီးကန်းရဲ့ဝိညာဉ်က ငါတို့ ဟန်တောင်တန်းရွှေကျီးကလန်ကို စောင့်ကြည့်နေခဲ့တယ် ....”

ဟန်ယွင်ဟယ်၏မျက်နှာက နီရဲနေပြီး တစ်ကိုယ်လုံးတုန်ခါလျက် ရေရွတ်သည်။

တခြားလူသုံးယောက်ကလည်း မနေနိုင်တော့ပဲ အသံပြုမိကြသည်။ ဟန်တင်းရီက ရှေးခေတ်သီချင်းတစ်ပုဒ်ကို ညည်းနေသည်။

ဟန်မူယဲ့က သူတို့၏ခံစားချက်ကို နားလည်နိုင်သည်။

အဆုံးမရှိသော ဂုဏ်ကျက်သရေကို ပိုင်ဆိုင်ထားသည့် ရွှေကျီးကလန်အတွက် သွေးမျိုးဆက်နိုးထပြီး အရပ်မျက်နှာတိုင်းကို ဖိနှိပ်နိုင်လျှင် ဂုဏ်ယူစရာကောင်းသည်။

ဟန်တောင်တန်းရွှေကျီးကလန်သည် ဤနှစ်များတွင် အလွန်ခက်ခဲနေသည်။

ဟန်‌ယွင်ဟယ်က စိတ်လှုပ်ရှားနေပြီး မျက်နှာထားလေးနက်လာသည်။

တခြားလူများကလည်း စိတ်ထိန်းလိုက်ပြီး အိမ်နီးချင်းကလန်များနှင့် ရင်ဆိုင်ရန် ဆွေးနွေးနေကြသည်။

“လုထန်ကျားသစ်နက်ကလန်က ခြိမ်းခြောက်မှုကြီးတစ်ခုပဲ”

ဟန်တင်းရီက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။

“လွန်ခဲ့တဲ့နှစ်တွေမှာ ကျွန်တော်တို့ကလန်သားတွေက သူတို့ကြောင့် အထိအခိုက်များခဲ့တယ်”

“ကျွန်တော်တို့ရဲ့ ဆေးပင်စိုက်ခင်းနဲ့ အမဲလိုက်နယ်မြေအများစုကိုလည်း သူတို့က သိမ်းယူထားတယ်”

ဟန်ယွင်ချန်က အံကြိတ်ပြီး လက်သီးဆုပ်ထားသည်။

ဟန်တောင်တန်းရွှေကျီးကလန်နှင့် လုထန်ကျားသစ်နက်ကလန်၏ ရန်ငြိုးသည် လွန်ခဲ့သော နှစ်သောင်းချီအကွာတွင် စတင်ခဲ့သည်။ ရွှေကျီးကလန်၏ ခေါင်းဆောင်ဟောင်း ကျဆုံးသွားသောအချိန်တွင် ကျားသစ်နက်ကလန်က သူတို့ကို ဆက်တိုက်ဖိနှိပ်ခဲ့သည်။

ဟန်ယွင်ဟယ်နှင့် ဟန်ချောင်ဟူကလည်း ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

သူတို့က ဟန်မူယဲ့၏ကျင့်ကြံဆင့်ကို မသိခဲ့သောကြောင့် ဟန်တောင်တန်းရွှေကျီးကလန်မှ ထွက်သွားရန် နားချခဲ့သည်။

သို့သော် ယခုအချိန်တွင် ဟန်မူယဲ့၏ခွန်အားကို သိလိုက်ရသည်။ သူတို့က ကြောက်ရွံ့နေရန် မလိုတော့ပေ။

လက်စားချေရမည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး သူတို့ကို ကြည့်သည်။

“အဲဒီလိုဆိုမှတော့ သုံးလနေရင် ဟန်တောင်တန်းရွှေကျီးကလန်က ခေါင်းဆောင်သစ်အမွေဆက်ခံပွဲကို ကျင်းပမယ်။ အဲဒီအချိန်မှာ တခြားကလန်တွေအားလုံးနဲ့ ရန်ငြိုးကို ဖြေရှင်းမယ်”

သူက မိုင်တစ်သိန်းပတ်ဝန်းကျင်ကို ဖိနှိပ်နိုင်သောကြောင့် သည်းခံနေရန် အကြောင်းမရှိပေ။

သို့သော် ယခုအချိန်တွင် ပထမဆုံးပြုလုပ်ရမည့်အရာက ရန်ငြိုးကို ဖြေရှင်းခြင်းမဟုတ်ပဲ ကလန်၏ ခွန်အားကို တိုးမြှင့်ပေးခြင်း ဖြစ်သည်။

ဟန်ယွင်ဟယ်နှင့် တခြားလူများက ခန်းဆောင်ထဲမှ ထွက်သွားကြသည်။ ဟန်မူယဲ့က ရှေ့တွင်ရှိသော သိုးသားရေစာအုပ်ကို လှမ်းယူလိုက်သည်။

ထိုစာအုပ်ထဲတွင် ဟန်တောင်တန်းရွှေကျီးကလန်၏ အချက်အလက်များအားလုံးကို မှတ်သားထားသည်။

ကလန်သားများ၏ ခွန်အားနှင့် ကျင့်ကြံဆင့်၊ သိုလှောင်ရုံတွင်ရှိသော ဝိညာဉ်သတ္တုများ၊ အစားအစာများ စသည်ဖြင့် ရှိနေသည်။

ဟန်တောင်တန်းရွှေကျီးကလန်တွင် အဆီအနှစ်ဝိညာဉ် တတိယအဆင့်သို့ရောက်နေသော လူနှစ်ဆယ်ခန့် ရှိသည်။ အလားအလာအကောင်းဆုံး လူငယ်များသည် ဟန်ကျင်းနှင့် တခြားလူများ ဖြစ်ကြသည်။

မျိုးနွယ်စုတွင် သိုလှောင်ထားသော အစားအစာများ သိပ်မရှိပေ။ နှစ်လခန့်သာ အသုံးပြုနိုင်မည်။

သွေးနှင့်ချီကို အားဖြည့်ပေးနိုင်သော အသားများကို လိုအပ်နေသည်။

အားနည်းနေသော လူအိုကြီးများက ကိုယ်ပိုင်ဝေစုကို လူငယ်များအတွက် ချန်ထားလေ့ရှိသည်။

လက်နက်တိုက်တွင် ယခင်ခေါင်းဆောင်ဟောင်း၏ လေးကိုင်းတစ်ခုသာ ကျန်တော့သည်။

ဟန်မူယဲ့က သိုးသားရေစာအုပ်ကို ပိတ်လိုက်ပြီး သူဖျက်ဆီးခဲ့သော ကျားသစ်နက်ကလန်မှ ကျွမ်းကျင်သူ၏ လှံကျိုးကို ထုတ်ယူသည်။

သွေးနှင့်ချီသည် လှံကျိုးထဲသို့ ဝင်ရောက်သွားသည်။ သူက မှတ်ဉာဏ်များကို မြင်လိုက်ရသည်။

မဟာတောရိုင်းကမ္ဘာတွင် ဖြစ်သော်လည်း သူ၏ စွမ်းရည်က အသက်ဝင်နေဆဲဖြစ်သည်။

ထို့ကြောင့် ဟန်မူယဲ့က အနည်းငယ် စိတ်အေးသွားသည်။

လှံကျိုးထဲတွင် မှတ်ဉာဏ်များ သိပ်မရှိပေ။

ထိုလှံကို အံ့ဖွယ်ဝိညာဉ်အင်မော်တယ်တိုင်းပြည်တွင် ဖန်တီးခဲ့သည်။ ထို့နောက် ကုန်သည်အဖွဲ့များမှတစ်ဆင့် တောရိုင်းမြေတွင်ရှိသော မျိုးနွယ်စုများကို ရောင်းချသည်။

လူသားများအတွက် အဆင့်နိမ့်သော လက်နက်သည် မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်စုများကြားတွင် အလွန်တန်ဖိုးရှိသည်။

မဟာတောရိုင်းကမ္ဘာ၏ ပန်းပဲပညာရပ်သည် အလွန်ရိုးရှင်းပြီး သာမန်နှင့် အစစ်အမှန်လက်နက်အဖြစ် ခွဲခြားထားသည်။

အစစ်အမှန်ဝိညာဉ်အဆင့်၏ အောက်တွင်ရှိသော ကျွမ်းကျင်သူများအားလုံး၏ လက်နက်သည် သာမန်လက်နက်များ ဖြစ်ကြသည်။ ထိုလက်နက်များတွင် အစစ်အမှန်ဝိညာဉ်အင်းကွက် အများဆုံး ကိုးခုသာ ပါဝင်သည်။

အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများက အင်းကွက်ကိုးခုထက် ပိုမိုပါဝင်သော လက်နက်များကို အသုံးပြုပြီး အစစ်အမှန်လက်နက်ဟု ခေါ်ဆိုသည်။

ဟန်မူယဲ့က လှံရှည်တွင် အသိစိတ်မရှိကြောင်း အာရုံခံမိသည်။ ထို့အပြင် ရိုးရှင်းသော အင်းကွက်သုံးခုသာ ပါဝင်သည်။

လှံရှည်၏ ခွန်အားသည် ကြံ့ခိုင်မှုနှင့် ကောင်းမွန်သော သတ္တုများအပေါ်တွင် မူတည်နေသည်။

ဟန်မူယဲ့က လှံရှည်တွင်ပါဝင်သော ဝိညာဉ်သတ္တုကို ကြည့်လိုက်ပြီး အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

အနာဂတ်တွင် ဝိညာဉ်ရတနာအဖြစ် သန့်စင်နိုင်သော အစိမ်းရောင်နေမင်းသံမဏိကို သာမန်လက်နက်တွင် အသုံးပြုထားသည်။

All Chapters