← Chapters

အခန်း (၁၀၈၈)

Vol. 78 Ch. 1088

အခန်း (၁၀၈၈)

Vol. 78 Ch. 1088

တစ်ဖက်တွင် ဟန်ယွင်ဟယ်က ပွင့်လင်းစွာ ပြောလိုက်သည်။

“ခေါင်းဆောင်ငယ်ရဲ့ ရွေးချယ်မှုက တကယ်ကောင်းတယ်။ ဆေးပင်မျိုးစေ့တွေနဲ့ဆိုရင် ပိုများတဲ့ ဝိညာဉ်ဆေးပင်တွေကို စိုက်ပျိုးနိုင်လိမ့်မယ်”

သူက အမှန်အတိုင်း ပြောခဲ့သည်။

ထို့အပြင် ဟန်မူယဲ့၏ ရွေးချယ်မှုက မမှားပေ။

ယခုအချိန်တွင် ဟန်မူယဲ့ရှိနေသောကြောင့် ဟန်ယွင်ဟယ်က လှုပ်ရှားရန် မလိုအပ်ပေ။ သူ၏ ဒဏ်ရာများက ဖြည်းဖြည်းချင်း သက်သာသွားလိမ့်မည်။ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်အတွင်း အပြည့်အဝ ပျောက်ကွယ်သွားမည်ဖြစ်သည်။

သို့သော် ခေါင်းဆောင်ငယ်၏ ရွေးချယ်မှုက အလွန်လက်တွေ့ကျနေသည်။

ဟူချန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။ ထို့နောက် ဆေးပင်မျိုးစေ့များကို ပေးလိုက်သည်။

“အကြီးအကဲဟူ၊ ဝိညာဉ်သုံးပါးပန်းပွင့်၊ ကျောက်စိမ်းခြင်ဆီနဲ့ ရွှေဂန္ဓာပန်းအမြစ်ကို ရှာတွေ့ရင် ဟန်တောင်တန်းမှာ ရောင်းလို့ရတယ်”

ဟန်မူယဲ့က ‌ဆေးပင်မျိုးစေ့များကို ယူလိုက်ပြီး စကားပြောသည်။

ဟူချန်က ဆေးပင်များကို မှတ်သားလိုက်ပြီး ပြောသည်။

“တချို့ကလန်တွေမှာ ရှိတယ်။ ဆေးပင်တွေရလာရင် လူလွှတ်ပြီး ပို့ပေးလိုက်ပါမယ်”

ဟူချန်က အရောင်းအဝယ်ကို အဆုံးသတ်လိုက်ပြီး ဆေးခြင်းတောင်များကိုယူ၍ အမြီးဖြူမြေခွေးကလန်သားများနှင့်အတူ ထွက်သွားခဲ့သည်။

သူက ဟန်မူယဲ့ကို ကြည့်သည်။ ထို့နောက် ဟန်ချောင်ဟူနှင့် တခြားလူများကို ဆက်ကြည့်လိုက်ပြီး ပြောသည်။

“သုံးလကြာရင် ဟန်တောင်တန်းကလန်က ခေါင်းဆောင်ဆက်ခံပွဲကျင်းပမယ်လို့ အကြီးအကဲယွင်ဟယ်က ပြောခဲ့တယ်။ ငါ့ကို သတင်းဖြန့်ပေးဖို့ အကူအညီတောင်းထားတယ်။ ခေါင်းဆောင်ငယ်မှာ အမှတ်အသားရှိလား”

နေရာအနှံ့တွင် ကုန်သွယ်နေသော အမြီးဖြူမြေခွေးကလန်က သတင်းဖြန့်ပေးရန် အကောင်းဆုံးဖြစ်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဟန်ကျင်းကို သားရေတချို့ ယူလာရန် ညွှန်ကြားသည်။ သူက လက်မြှောက်ပြီး ရွှေကျီးကန်းသွေးမျိုးဆက်ကို အသက်သွင်း၍ သားရေပေါ်တွင် အမှတ်အသားလုပ်လိုက်သည်။

ထိုအရာသည် ရွှေကျီးကလန်၏ သင်္ကေတဖြစ်ပြီး တခြားလူများက သတင်းကို ယုံကြည်လိမ့်မည်။

မဟာတောရိုင်းကမ္ဘာတွင် အများသုံးဘာသာစကား မရှိပေ။

သို့သော် ကောင်းကင်တစ်သောင်းတိုင်းပြည်နှင့် အံ့ဖွယ်ဝိညာဉ်တိုင်းပြည်က ယဉ်ကျေးမှုထွန်းကားသည်ဟု ပြောကြသည်။

သူတို့က နှစ်သိန်းချီအမွေအနှစ်ကို သယ်ဆောင်ထားပြီး လူနေမှုအဆင့်အတန်း မြင့်မားကြသည်။

ဟူချန်က ဟန်မူယဲ့၏ ရွှေကျီးကန်းအမှတ်အသားနှင့်အတူ ကျေနပ်စွာ ထွက်သွားသည်။ သူက ဟန်တောင်တန်းရွှေကျီးကလန်၏ ခေါင်းဆောင်ဆက်ခံပွဲကို ကြေညာပေးတော့မည်ဖြစ်သည်။

သူတို့ ထွက်သွားသောအခါတွင် ဟန်မူယဲ့က ဟန်ယွင်ဟယ်နှင့် တခြားလူများကို အစည်းအဝေးခန်းဆောင်ထဲသို့ ခေါ်လာခဲ့သည်။ သူက သတ္တုနှစ်ခုကို စားပွဲပေါ်တွင် တင်ထားပြီး ဆေးပင်မျိုးစေ့များကို စိုက်ခင်းအား တာဝန်ယူထားသော ဟန်ချန်ဆီသို့ ပေးလိုက်သည်။

ဟန်ချန်က အဆီအနှစ်ဝိညာဉ် တတိယအဆင့်တွင် ရှိနေသော်လည်း ဆေးပင်များကို စိုက်ပျိုးရာတွင် အလွန်ကျွမ်းကျင်သည်။

“ဒီဆေးပင်တွေအားလုံးက အရင်က ကျွန်တော်တို့စိုက်ခင်းမှာ ရနိုင်တယ်။ ဒါပေမဲ့ ....”

ဟန်ချန်က နောင်တများနှင့် သက်ပြင်းချသည်။

ယခင်က ကလန်သည် ဆေးပင်စိုက်ခင်းများတွင် ဆေးပင်အမျိုးမျိုးကို စိုက်ပျိုးသည်။

နောက်ပိုင်းတွင် ကလန်၏ ဆေးပင်စိုက်ခင်းများက တစ်ခုပြီးတစ်ခု လျော့နည်းလာသည်။ ထို့ကြောင့် အရင်းအမြစ်များအတွက် လဲလှယ်ရုံသာ ကျန်တော့သည်။

“စိတ်မပူပါနဲ့။ နောက်ကျရင် ငါတို့ ဟန်တောင်တန်းရွှေကျီးကလန်က မစိုက်ပျိုးနိုင်လောက်အောင် များပြားတဲ့ ဆေးပင်စိုက်ခင်းတွေကို ရလာလိမ့်မယ်”

ဟန်မူယဲ့က ဟန်ချန်ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

ထိုစကားများကြောင့် ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက ပြုံးလိုက်သည်။

ဟန်ချန်က ဦးညွတ်လိုက်ပြီး ထွက်သွားသည်။

ဟန်မူယဲ့က အဝတ်အိတ်ကို ထုတ်လိုက်ပြီး ဆေးလုံးတစ်လုံးကို ယူသည်။

လုချန်ရှန်ဆီမှ ရရှိလာသော ကုသဆေး ဖြစ်သည်။ ထိုဆေးလုံးသည် ဟူချန်၏ဆေးလုံးထက် အဆပေါင်းများစွာ ပိုကောင်းသည်။

“အကြီးအကဲယွင်ဟယ်၊ ဒါက အကြီးအကဲရဲ့ ဒဏ်ရာတွေကို ကုသဖို့အတွက်ပါ”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

ဟန်ယွင်ဟယ်၊ ဟန်ချောင်ဟူနှင့် တခြားလူများက ခန်းဆောင်ထဲမှ ထွက်လာသည်အထိ ငေးမောနေကြသည်။

ဆေးလုံးက အလွန်ကောင်းသည်။

သူက ဆေးစွမ်းအားကို ခံစားကြည့်နိုင်သည်။

ထိုဆေးလုံး၏ တန်ဖိုးက ဟူချန်ထုတ်ယူလိုက်သော ဆေးလုံးထက် ဆယ်ဆခန့် ပိုများလိမ့်မည်။

ခေါင်းဆောင်ငယ်က ‌ဆေးလုံးကို လဲလှယ်ရန် ဆန္ဒမရှိဟု ထင်ခဲ့သည်။ သို့သော် မလိုအပ်ခြင်း ဖြစ်နေသည်။

“အကြီးအကဲယွင်ဟယ်၊ တံခါးပိတ်ပြီး ကျင့်ကြံလိုက်ပါ။ ကလန်ရဲ့ကိစ္စတွေကို စိတ်မပူပါနဲ့”

ဟန်ချောင်ဟူက ဟန်ယွင်ဟယ်၏ပခုံးကို ပုတ်ပေးလိုက်ပြီး တီးတိုးပြောသည်။

“ခေါင်းဆောင်ငယ်က အကူအညီလိုအပ်နေတယ်”

ဟန်ယွင်ဟယ်က စကားမပြောပဲ ‌‌ခေါင်းညိတ်လိုက်ပြီး ဆေးလုံးနှင့်အတူ ထွက်သွားသည်။

ဟန်ချောင်ဟူ၊ ဟန်ကျင်းနှင့် တခြားလူများက ဒရယ်နှင့် တောဝက်ကို အမဲဖျက်ရန် ထွက်သွားကြသည်။ ခေါင်းဆောင်ငယ်က ဒရယ်၏ ဦးချိုနှင့် အကြောကို လိုချင်သည်ဟု ပြောခဲ့သည်။

ယခုအချိန်တွင် ဟန်မူယဲ့က သတ္တုတုံးနှစ်ခုကို ကိုင်ကြည့်နေသည်။

မီးတောက်သံမဏိက တန်ဖိုးရှိပြီး မီးဒဏ်ကို ခံနိုင်သည်။

ထိပ်တန်းအဆင့် နတ်ဘုရားမီးတောက် မဟုတ်လျှင် မီးတောက်သံမဏိကို အချိန်ကြာအောင် အပူပေးရလိမ့်မည်။

အနာဂတ်တွင် မီးပြင်းဖိုအများစုကို မီးတောက်သံမဏိနှင့် ရောစပ်၍ ပြုလုပ်ထားကြသည်။

ထို့အပြင် မီးတောက်သံမဏိက ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိပြီး သံကြိုးအဖြစ် ဖန်တီးနိုင်သည်။

ဟန်မူယဲ့က မီးတောက်သံမဏိကို ကိုင်ထားပြီး မီးတောက်ကို ထုတ်လွှတ်သည်။

မာကျောသော မီးတောက်သံမဏိက ဖြည်းဖြည်းချင်း အရည်ပျော်လာသည်။

လောကတွင် ‌ရွှေကျီးကန်းမီးတောက်ထက် ပိုမိုပူပြင်းသောမီးတောက်များ သိပ်မရှိပေ။

‌ရွှေကျီးကန်းမီးတောက်က လောကတွင်ရှိသော အရာအားလုံးကို လောင်ကျွမ်းနိုင်သည်။

နတ်ဘုရားအင်းကွက်များသည် သူ့လက်ထဲတွင် ပေါ်လာကြသည်။ ဟန်မူယဲ့က နတ်ဘုရားအင်းကွက်ကို ကိုင်ထားပြီး အရည်ပျော်သွားသော မီးတောက်သံမဏိနှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်သည်။

ဟန်တင်းရီနှင့် ဟန်ကျင်းတို့က ဒရယ်၏ ဦးချိုနှစ်ချောင်းနှင့် ရှည်လျားသော အကြောတချို့ကို လာပို့သောအခါတွင် ဟန်မူယဲ့က မီးတောက်သံမဏိ ကြိုးမျှင်တချို့ကို သန့်စင်ထားခဲ့သည်။

ထိုကြိုးမျှင်များက အလွန်ခိုင်ခံ့သည်။

“ခေါင်းဆောင်ငယ်၊ ဒါက ဒရယ်ရဲ့ ဦးချိုနဲ့ အကြောတွေပါ”

သူတို့က ကျောက်တုံးစားပွဲပေါ်တွင် ပစ္စည်းများကို တင်ထားလိုက်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဦးချိုကို ကောက်ယူကြည့်သည်။ ထို့နောက် ဦးချိုနှစ်ခုကို အနည်းငယ်ပုံသွင်းပြီး ပေါင်းစပ်သည်။

ထို့နောက် မီးတောက်သံမဏိကြိုးမျှင်များကို ဦးချိုတွင် တပ်ဆင်သည်။

ကြိုးမျှင်များအားလုံး ရစ်ပတ်သွားသောအခါတွင် ဦးချိုက လေးတစ်လက်အဖြစ် ပြောင်းလဲသွားသည်။

ဟန်မူယဲ့က လေးကိုင်းကို အကြိမ်ရေအနည်းငယ်ခန့် ဝှေ့ယမ်းကြည့်လိုက်ပြီး ကျေနပ်သွားသည်။

“ဝီ”

ရွှေအလင်းစီးကြောင်းများသည် သူ့လက်ချောင်းတွင် ပေါ်ထွက်လာသည်။

အစစ်အမှန်ဝိညာဉ်အင်းကွက်များသည် လေးကိုင်းပေါ်တွင် ဖြစ်တည်လာကြသည်။

တစ်ခု ....

နှစ်ခု ....

သုံးခု ....

အစစ်အမှန်ဝိညာဉ်အင်းကွက် သုံးခုဖြစ်သည်။

ဟန်တင်းရီနှင့် ဟန်ကျင်းက ပါးစပ်အ‌ဟောင်းသားဖြစ်နေပြီး ဟန်မူယဲ့၏လက်ထဲတွင်ရှိသော လေးကိုင်းကို ကြည့်နေကြသည်။

သူတို့၏ ခေါင်းဆောင်ငယ်က အစစ်အမှန်ဝိညာဉ်အင်းကွက်များကို ထွင်းထုနိုင်မည်ဟု ထင်မထားခဲ့ပေ။

ပန်းပဲနည်းစနစ် ဖြစ်သည်။

ခေါင်းဆောင်ငယ်က မဟာတောရိုင်းကမ္ဘာတွင် အလွန်ရှားပါးသော ပန်းပဲပညာရပ်ကို တတ်မြောက်ထားသည်။ သူက လေးစားထိုက်သော ပန်းပဲပညာရှင်တစ်ဦး ဖြစ်သည်။

ထိုနည်းလမ်းများကြောင့် ဟန်တောင်တန်းကလန်က တိုးတက်လာလိမ့်မည်။

အစစ်အမှန်ဝိညာဉ်အင်းကွက်များက လေးကိုင်းတွင် ပျောက်ကွယ်သွားသောအခါ လေးကိုင်းက ဆယ့်ရှစ်ပေရှည်လျားသော ရွှေနီရောင်လေးကိုင်းတစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။

ဟန်မူယဲ့က အကြောနှစ်ခုကို သေချာရွေးချယ်ပြီး လေးကိုင်းတွင် တပ်ဆင်လိုက်သည်။

“ဝီ”

လေးကိုင်းကို ဆွဲလိုက်သည်။ ရွှေအလင်းတစ်ခု တောက်ပလာသည်။

မြားရှည်တစ်ချောင်း၏ ပုံရိပ်ကို မြင်ရသည်။

မြားရှည် ပေါ်လာသောအခါတွင် ဟန်တင်းရီနှင့် ဟန်ကျင်းက တုန်ခါသွားသည်။

ထိုမြားသည် သူတို့ကို တစ်ခါတည်း သတ်ပစ်နိုင်သည်။

လေးကိုင်းသည် ကြောက်စရာကောင်းသော တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်သည်။

ဟန်မူယဲ့က လေးကြိုးကို ပြန်ချလိုက်ပြီး လေးကိုင်းကို ဟန်တင်းရီဆီသို့ ပေးလိုက်သည်။

“ဟန်တင်းရီက မြားပစ်ကျွမ်းတယ်မဟုတ်လား”

ဟန်တင်းရီက လေးကိုင်းကို ကိုင်ထားပြီး ဆက်တိုက် ပွတ်သပ်နေသည်။ သူက စိတ်ရှုပ်ထွေးနေသည်။

“ခေါင်းဆောင်ငယ်က ဒီလေးကိုင်းကို ဦးလေးတင်းရီဆီ ပေးလိုက်တာလား”

ဟန်ကျင်းက ဟန်မူယဲ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။

ဟန်တင်းရီကလည်း ဟန်မူယဲ့ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

“စိတ်လျော့ပါ။ ဒါက အင်းကွက်သုံးခုပါတဲ့ လေးကိုင်းတစ်ခုပါပဲ”

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ သူတို့နှစ်ယောက်ကို ကြည့်သည်။

“နောက်ကျရင် ကလန်မှာရှိတဲ့လူတိုင်းက ဒီလိုလက်နက်မျိုးကို ပိုင်ဆိုင်ရလိမ့်မယ်”

‘လူတိုင်းက ပိုင်မှာလား’

မိုင်တစ်သိန်းပတ်ဝန်းကျင်တွင် အင်းကွက်သုံးခုပါဝင်သော လက်နက်များ အနည်းငယ်သာ ရှိသည်။

‘ကလန်မှာရှိတဲ့ လူတိုင်းက ဒီလိုလက်နက်မျိုးကို ပိုင်ဆိုင်မှာလား’

ဟန်တင်းရီက အသက်ရှူသွင်းလိုက်ပြီး ဟန်မူယဲ့ကို ဦးညွတ်သည်။ သူက ဒူးတစ်ဖက်ထောက်ထားပြီး လေးကိုင်းကို တင်းကျပ်စွာ ဆုပ်ကိုင်သည်။

“ဟန်တင်းရီက သေဆုံးသည်အထိ ခေါင်းဆောင်ငယ်ကို ခစားပါမယ်”

သူ့ဘေးတွင်ရှိသော ဟန်ကျင်းကလည်း ဒူးထောက်ပြီး ဦးညွတ်လိုက်သည်။

ခေါင်းဆောင်ငယ်က ရွှေကျီးကန်းသွေးမျိုးဆက်ကို နိုးထခဲ့ပြီး အဆီအနှစ်ဝိညာဉ် သတ္တမအဆင့်တွင် ရှိသည်။ ထို့အပြင် ပန်းပဲပညာရပ်ကိုလည်း ကျွမ်းကျင်သည်။

ထိုကျွမ်းကျင်သူမျိုးကို ခစားပြီး ကလန်ကို ပြန်လည်ရှင်သန်လာအောင် ကူညီခြင်းသည် ပုံမှန်သာဖြစ်သည်။

“ထပါ။ ဟန်တောင်တန်းကလန်က ပိုပြီး ကောင်းလာမှာပါ”

ဟန်မူယဲ့က လက်မြှောက်ပြီး သူတို့နှစ်ယောက်ကို ထူပေးလိုက်သည်။

သူက ကလန်ကို ဖြည်းဖြည်းချင်း သိမ်းသွင်းပြီး ခွန်အားတိုးမြှင့်ပေးရန် စီစဉ်ထားသည်။

အစစ်အမှန်ဝိညာဉ်အင်းကွက် သုံးခုပါဝင်သော လက်နက်ဖြင့် ကလန်၏ ကျွမ်းကျင်သူတစ်ယောက်ကို သိမ်းသွင်းနိုင်လျှင် ထိုက်တန်သည်။

ဟန်တင်းရီက လေးကိုင်း၏ အကူအညီဖြင့် အဆီအနှစ်ဝိညာဉ် ပဥ္စမအဆင့် ကျွမ်းကျင်သူကို တိုက်ခိုက်နိုင်လိမ့်မည်။

ထိုသို့ဖြင့် ကလန်တွင် နောက်ထပ် ကျွမ်းကျင်သူတစ်ယောက် ပေါ်ထွက်လာသည်။

“သွေးမျိုးဆက်ကို နိုးထအောင် ဘယ်လိုကျင့်ကြံရမလဲ ကြည့်ရအောင်”

ဟန်မူယဲ့က ခန်းဆောင်ထဲမှ စိတ်လှုပ်ရှားစွာထွက်သွားသော ဟန်တင်းရီနှင့် ဟန်ကျင်းကို ကြည့်လိုက်ပြီး ပြောသည်။

အကယ်၍ သူတို့က သွေးမျိုးဆက်စွမ်းအားကို အပြည့်အဝ မနိုးထနိုင်လျှင်ပင် အနည်းငယ် နှိုးဆွလိုက်ရုံဖြင့် တိုက်ခိုက်နိုင်စွမ်း နှစ်ဆတိုးလာလိမ့်မည်။

ထို့အပြင် ဟန်ချောင်ဟူ၏ အလားအလာကို တိုးမြှင့်ပေးရမည်။ သူက နည်းလမ်းတစ်ခုကို စဉ်းစားရန် လိုအပ်သည်။

ဟန်မူယဲ့က ခန်းဆောင်ထဲတွင် အစီအစဉ်ချနေခဲ့သည်။

....

လုထန်ကျားသစ်နက်ကလန်တွင် ဖြစ်သည်။

အထက်ပိုင်းထန်နယ်မြေ၏ အစိမ်းရောင်အိမ်တစ်လုံးတွင် ကူကျီက ရှေ့တွင်ရှိသော အနက်‌ရောင်ဝတ်စုံနှင့်လူကို စိုးရိမ်စွာ ကြည့်နေခဲ့သည်။

ထိုလူ၏ မျက်နှာထားက မှုန်မှိုင်းနေပြီး မျက်လုံးထဲတွင် ငွေအလင်းတချို့ ရှိသည်။

ဖိအားတစ်ခုသည် ကူကျီဆီသို့ ဆင်းသက်လာခဲ့သည်။

“ဘန်း”

ကူကျီက ပေသုံးဆယ်အကွာအထိ လွင့်စင်သွားသည်။

“ငါက လုထန်ကျားသစ်နက်ကလန်ကို မထိန်းချုပ်နိုင်တော့ဘူးလို့ မင်းထင်နေတာလား”

လူသန်ကြီးက ရှေ့တက်လာပြီး လှံရှည်ဖြင့် ချိန်ထားသည်။

“ဝီ”

လှံထိပ်က ကူကျီ၏လည်ပင်းကို ဖိထားသည်။

All Chapters