← Chapters

ဒါကထောင်ခြောက်ပဲ

Vol. 5 Ch. 61

ဒါကထောင်ခြောက်ပဲ

Vol. 5 Ch. 61

ညအချိန်ကို ရောက်လာခဲ့ပါပြီ။ လင်းဖန်ဟာ ဆိုင်ပိတ်ပြီး ပြန်လာခဲ့ပါတယ်။

လင်းဖန် သူ့အလကားရထားတဲ့ ကားလေးကို မောင်းကာ အိမ်ကို ပြန်လာခဲ့လိုက်ပါသည်။ဒါက လင်းဖန် အတွက်ကောင်းကင်ဘုံက ဖန်တီးပေးထားတဲ့ အတိုင်းပါပဲ။

သူနေတဲ့ နေရာအတွက်ကတော့ သူပိုကောင်းတဲ့နေရာတစ်ခုကို ရှာဖို့လိုအပ်နေပါပြီ။သူပိုပြီး အဆင်ပြေတဲ့ အိမ်တစ်အိမ်ကို ရှာရတော့မှာပါ။

သူ့ရဲ့ဇိမ်ခံကားလေးကို အိမ်ရှေ့မှာ ရပ်လိုက်တဲ့ အချိန်မှာပဲ အိမ်နီးချင်းတွေဟာ ဝိုင်းလာခဲ့ကြသည်။လူအိုကြီး ဝမ်ကတော့ သူ့ကို မနာလိုအဖြစ်ဆုံးပါ။သူတို့ ဘာတွေ ဖြစ်နေလဲသိချင်နေကြပါတယ်။

လင်းဖန်က ဘယ်လိုဖြစ်ပြီး ကားနဲ့ဖြစ်သွားတာလဲ.....?

လင်းဖန် ရေမိုးချိုးပြီး အိပ်ယာထဲမှာ လှဲလိုက်ပါတယ်။ယင်းနောက် သူ့ဖုန်းလေးကို ထုတ်လိူက်ပြီး ဝီချပ် ဆော့ဝဲကို ဖွင့်လိုက်ပါသည်။

ဟောဟန်သူ့ကို စာတွေပို့ထာတာ အစောင်တစ်ရာလာက်ရှိပါတယ်။သူမက အတော်ရူးသွပ်တယ် ဆိုပေမဲ့လည်း သူမရဲ့ ဇွဲရှိမူက လေးစားဖို့ကောင်းပါတယ်။

"သူဌေးလေး စာပြန်ဦး၊ မဟုတ်ရင် ငါနင့်ကို သတ်မယ်"

"ငါဗိုက်ဆာနေပြီ ၊ တကယ်လို့ ပန်ကိတ်သာမစားရရင် ဗိုက်အဆာလွန်ပြီး သေလိမ့်မယ်နော်"

"ကျေးဇူးပြုပြီး ဘယိမှာလဲ ဆိုတာပြောပါလား"

ဝီချပ်မှာ သူမပို့တဲ့ စာသားတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။လင်းဖန်သူမကို တကယ်သာမပြန်ချင်ပါဘူး။သို့ပေမယ့် သူပန်ကိတ် အကြောင်းတွေးမိလိုက်တဲ့ အချိန်မှာ ကာစတန်မာတွေကို အားနာစိတ့်ဖြစ်မိပါတယ်။ပန်ကိတ်အရသာက တကယ်ကောင်းတာပါ။

ချန်ရှင်းယီ ဟာလည်းသူ့ကို ဝီချပ်ကနေ ဓာတ်ပုံတွေ ပို့ထားပါသေးတယ်။သူမ ရိုးရာဝတ်စုံတွေကို ဝတ်ထားပြီး ပိုစ့်အမျိုးမျိုးပေးထားတာပါ။

"မာစတာ ညီမ ရဲ့ငယ်ငယ်တုန်းက သူငယ်ချင်းနဲ့အတူ ရုပ်ရှင်တစ်ကားရိုက်နေတာလေ။အခုပို့လိုက်တာက ရုပ်ရှင်ရိုက်နေတုန်း ရိုက်ထားတဲ့ပုံတွေ လှတယ်မလား"

လင်းဖန် ဒီပုံတွေကို ကြည့်လိုက်ပြီး သာမန် စာပြန်လိုက်ပါတယ်။

"အင်း ပုံတွေကလှပါတယ်"

ချန်ရှင်းယီဟာ လင်းဖန် စာပြန်တာမြင်တဲ့အချိန်မှာ စိတ်လှုပ်ရှားပြီး စာပြန်ပို့လိုကိပါတယ်။

"ရှင်ကြိုက်တယ်ဆိုရင် နောက်ဆို ပုံတွေပို့ပေးမယ်"

သို့ပေမယ့် ဒီတစ်ခါ လင်းဖန်ဟာစာမပြန်တော့ပါဘူး။သူ ဝီချပ် ဆော့ဝဲကို ပိတ်လိုက်ပါတယ်။အခုတစ်လော အဖြစ်အပျက်တွေ အများကြီးဖြစ်နေပြီး သူ့ဝိုက်ဘိုမှာ ဘာတွေ ဖြစ်နေလည်း သိချင်မိပါတယ်။

သူ့ဝိုက်ဘိုဟာ လူခြောက်ထောက်ခန့် ပရိတ်သတ်တိုးလာခဲ့ပြီး ဘလူးမှတ် တောင်ရလာခဲ့ပါတယ်။

သို့ပေမယ့် သူဘယ်သတင်းမှာမှ မပါတော့ပါဘူး။တစ်နေ့မှာ မင်းကျော်ကြားနိုင်ပေမဲ့ ၊ အဆုံးသတ်တဲ့အချိန်ကျရင် ဘယ်သူမှ မသိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

"သီးသန့် စာတွေ အများကြီးပါလား"

သူ့ရဲ့ သီးသန့်စာပို့တဲ့နေရာမှာ စာတွေ 999 စောင်တောင် ရောက်နေခဲ့ပါတယ်။

သူဖွင့်လိုက်တဲ့ အချိန်မှာ မေးခွန်းတွေ အများကြီးရှိနေခဲ့ပါတယ်။ တစ်ချို့က သူ့ကိုဗေဒင်တွက်ပေးစေချင်ကြပြီး ၊ တစ်ချို့က သူ့မှာ ကောင်မလေးရှိလားမေးပါတယ်။သူ့ကို လူလိမ်လိူ့ ပြောနေတဲ့ လူတွေလည်း ရှိပါသေးတယ်။

တစိခြားအကြောင်းအရင်းများစွာလည်း ရှိနေပြီး လင်းဖန် အကုန်လုံးကို လိုက်ဖတ်လိုစိတ် မရှိပါဘူး။သူကိုယ်သူ အောင်မြင်တဲ့ လူတစ်ယောက်အဖြစ်သတ်မှတ်ပြီးပါပြီ။သို့ပေမဲ့ တစ်ခြားလူတွေရဲ့ အာရုံကို ဆက်လက်ဖမ်းစားနိင်ဖို့အတွက် သူပို့စ်တစ်ခု အသစ်တင်လိုက်ပါသည်။

"ကျွန်တော် ဝိုက်ဘိုပေါ်မှာ ဗေဒင်မဟောတော့ပါဘူး။တကယ်လို့ ခင်ဗျားတို့ ဗေဒင်မေးချင်တယ်ဆိုရင် "ရှန်ဟိုင်း တိမ်ဖြူလမ်း 8861 - မာစတာလင်း " ဒီလိပ်စာ အတိုင်းလာခဲ့ပါ"

လင်းဖန် ပို့စ်တင်ပြီးတာနဲ့ လူများစွာဟာ like နိပ်ပြီး မှတ်ချက်ပေါင်းများစွာဟာလည်း တက်လာခဲ့ပါတယ်။သူ့အောက်တွင်ရှိသည့်မှတ်ချက်တစ်ခုဟာ ရုတ်တရက် like အများကြီးရပြီး ထိပ်ဆုံးကို တက်လာခဲ့ပါသည်။

ဒါ တမင်တကာ လုပ်လိုက်တာ သေချာပါတယ်။

အသုံးပြုသူ အကောင့်နာမည်ကြောင့် လင်းဖန် ပိုတောင် နားလည် သွားခဲ့သည်။

ဆောင်းဦးဓားနဲ့ ငါးသတ်တဲ့ကောင်လေး

"လူတိုင်းက သူ့ဘဝနဲ့သူနေနေတာ မင်းအလိမ်ညာတွေကို ဖော်ထုတ်ဖို့ မအားကြဘူး။လူလိမ် အခု ဝိုက်ဘိုပါ်ကနေ ထွက်သွား"(Like 6785)

ဒီကောင်က ဘာဖြစ်ရပြန်တာလဲ? ငါသူကို လည်း မစော်ကားဖူးပါဘူး၊ ဘာလို့ ငါကိုလိုက်တိုက်ခိုက်နေတာလဲ...?

ငါကြိုတင် ဟောကိန်းထုတ်တာ ကြောင့်ဖြစ်နိုင်မလား...?

လင်းဖန် ရိုက်ရှာလိုက်တဲ့ အချိန်မှာ ဆောင်းဦးဓားရဲ့ ပေ့ချ်ကို တွေ့လိုက်ပါတယ်။

ဆောင်းဦးဓား အင်တာနက် စစ်တပ်။

ဝန်ဆောင်မူများ : လိုင်းပေါ်တွင် ကြော်ညာခြင်း၊အွန်လိုင်း တိုက်ခိုက်ခြင်း ၊ အွန်လိုင်း စျေးကွက်ထိုးဖောက်ခြင်း။

ဝန်ဆောင်မူအတွက် ဆက်သွယ်ရန် : QQ 137xxx325

ပုံတင်ထားတဲ့ နေရာမှာတော့ ပေါင် ၃၀၀ ခန့်ရှိတဲ့ လူဝကြီး ရဲ့ပုံကို တင်ထားခဲ့ပါတယ်။လင်းဖန်ဟာ အနီးကပ်ကြည့်လိုက်ကာ QQ အကောင့်တွင် သွားအပ်လိုက်သည်။

လင်းဖန် ဒီလူသူ့ကို ဘာလို့တိုက်ခိုက်နေတာလဲ ဆိုတာ တကယ်သိချင်ပါတယ်။ဒီဆောင်းဦးဓားက သူ့ကို တိုက်ခိုက်ရင်း မောသွားတဲ့ ပုံလည်းမရှိပါဘူး။လင်းဖန်ကတော့ သူနဲ့ တိုက်ခိုက်ရတာ မောနေပါပြီ။

လင်းဖန် : ဆောင်းဦးဓားနဲ့ ငါးသတ်တဲ့ကောင်လေး???

အချိန်ခနအကြာမှာ စာပြန်လာတာ တွေ့လိုက်ရပါတယ်။

ဆောင်းဦးဓား : ဘာများလိုအပ်သလဲ သိပါရစေ? ပရိုမိုရှင်း ဝန်ဆောင်မူကို လိုချင်ရင် ၁ ကိုနိုပ်ပါ။အင်တာနက်ပေါ် တိုက်ခိုက်ခြင်း အတွက် ၂ ကိုနိုပ်ပါ။စျေးကွက် စီးပွားရေးအတွက် ၃ ကိုနိုပ်ပါ။စကားပြောချင်တယ်ဆိုရင် စကားတစ်ခွန်းကို တစ်ဒေါ်လာ ကျသင့်ပါတယ်။အကယ်၍ သင့်မှာ ပိုက်ဆံ မရှိဘူးဆိုရင် ကျေးဇူးပြုပြီး လစ်လိုက်ပါတော့။

.........

အိမ်တအိမ်ထဲတွင်။

ဆောင်းဦးဓားဟာ အပြင်ကို သွားဖို့လုပ်နေခဲ့တာပါ။မိန်းကလးတစ်ဦးနဲ့ တွေ့ဖို့အတွက် ဒီနေ့ချိန်းထာခဲ့ပါတယ်။

သူမဟာ သူမရဲ့ ခန္တာကိုယ်ပုံစံကို ဓာတ်ပုံပို့လိုက်ပြီး အတော်လှပတယ်လို့ ပြောလို့ရပြီး သူ့ကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။

သူဒီမိန်းကလေးနဲ့ ချိန်းတွေ့လို့ အရင်စကားပြောနေကျ တစ်ယောက်အပေါ် စိတ်မကောင်းဖြစ်မိပေမယ့် သူမမသိသ၍ အရာရာအဆင်ပြေပါတယ်။

အဲ့အချိန်မှာပဲ စာတစ်စောင်ကျလာခဲ့သည်။

"ငါ မာစတာ လင်းပါ"

သူစာကို မြင်တဲ့အချိန်မှာကြောင် အသွားခဲ့ပါတယ်။ယင်းနောက် ကျယ်လောင်စွာ ရယ်မောလိုက်ပါသည်။ယင်းနောက် သူ့ရဲ့ဝလွန်းတဲ့ ခန္တာကိုယ်ကြီးဟာ လှုပ်နေခဲ့ပြီး၊ လက်လျောက်တွေဟာ ဖုန်းစခရင်ပေါ်မှာ စာပြန်ရိုက်နေခဲ့သည်။

ဆောင်းဦးဓား ::

"ဟားဟား ဘာလဲ ? ကြောက်နေတာလား?ငါသတ် မင်းရဲ့ ဝိုက်ဘိုကို အဆုံးမသတ်ပေးနိုင်ရင် ဒီလောကကနေ ထွက်သွားတော့မယ်"

လင်းဖန်ဟာ ​အဆင်ပြေပြေပဲ စကားပြောချင်နေခဲ့တာပါ။သို့ပေမယ့် ဆောင်းဦးဓား ဒီလိုပြောလာတဲ့ အချိန်မှာ အလျင်အမြန်သာပြန်လိုက်ပါသည်။

"မင်းကို ငါအလကား ဟောပေးလိုက်မယ် ၊ ဒီနေ့က မင်းခွေးဖြစ်မယ့်နေပဲ"

ဆောင်းဦးဓား : လစ်လိုက် ၊ ခွေးဖြစ်မှာကမင်း။

ဒီကောင်က ဘာမှမရှင်းပြပဲ သူ့ကိုတောင် ခြောက်လှန့်ချင်နေခဲ့ပါတယ်။

ငါ ဆောင်းဦးဓား ရပ်တည်နေတာ ဘယ်လောက်ကြာပြီ ထင်လို့လဲ..?

ယင်းနောက် ဆောင်းဦးဓားဟာ သူ့ပစ္စည်းတွေကို ယူလိုက်ပြီး မှန်ရှေ့မှာ ယုံကြည်မူရှိစွာကြည့်လိုက်ပါတယ်။သူဟာ သူ့ကိုယ်သူ ခန်ညားတဲ့ သူတစ်ယောက်လို့ ထင်မြင်နေခဲ့ပါသည်။

လင်းဖန်ဟာတော့ ဆွံ့အနေခဲ့သည်။သူဆောင်းဦးဓားကို အရင်ဘဝက သတ်ခဲ့ပြီး ဒီဘဝမှာ ဆောင်းဦးဓားက သူ့အပေါ် လက်စားပြန်ချေချင်နေတာတောင် ဖြစ်နိုင်ပါတယ်။

"မင်းကို အပြင်မှာမတွေ့စေနဲ့ပေါ့ကွာ ၊မဟုတ်ရင် မင်းရဲ့ ပေါင် ၄၀၀ လောက်ဝတဲ့ ဖင်ကို စောင့်ကန်ပစ်မယ်"

လင်းဖန် စိတ်ဆိုးစွာရေရွတ်လိုက်သည်။

လင်းဖန်ရဲ့ ဝိုက်ဘိုဟာ သူ့ပရိတ်သတ်နဲ့ သူအေးအေးဆေးဆေး ရှိနေခဲ့တာပါ။အခုတော့ ဒီလူက အကြာခနလာလာ ဖြစ်ဆီးနေခဲ့ပါတယ်။အခုဆိုရင် မကောင်းတဲ့ မှတ်ချက်အနည်းငယ်တောင် ရှိနေခဲ့သည်။

သူဟာ ဝိုက်ဘိုပေါ်က အခြေအနေတွေ ကို စောင့်ကြည့်ရင်းပင် အိပ်ပျော်သွားခဲ့ပါသည်။

.................

ဟိုတယ် တစ်ခုတွင်။

ဆောင်းဦးဓားဟာ နောက်ဆုံးတော့ ကောင်မလေးကို တွေ့ပြီးပါပြီ။သူတို့ ညစာကိူ တူတူစားကြပြီးတော့ စကားတွေလည်း အများကြီးပြောကြပါတယ်။

မိန်းကလေးဟာ သူ့ကို စကားပြောတဲ့အချိန်မှာ သူဝနေတဲ့ အတွက် စိတ်အနှောက်ယှက်ဖြစ်ပုံမပေါ်ပါဘူး။သူမက ဝ လေ ပိုပြီး နွေးထွေးလေလို့တောင်ပြောခဲ့ပါသေးတယ်။

ဒါကဆောင်းဦးဓားကို အမှန်တကယ်​ပျော်ရွှင် စေပါတယ်။နောက်ဆုံးတော့ သူနဲ့ သင့်တော်တဲ့ မိန်းကလေးကို တွေ့ခွင့်ရခဲ့ပါပြီ။

ဒါက တစ်ညတည်းဖြစ်ရင်တောင်မှပဲ ဆောင်းဦးဓားအတွက် မေ့လို့ရနိုင်တော့မှာ မဟုတ်ပါဘူး။သူဒါကို တစ်ဘဝလုံး သတိရနေမှာပါ။

ရေချိုးခန်းထဲတွင်။

ဆောင်းဦးဓားဟာ အလျင်အမြန်ပဲ ရေချိုးနေခဲ့ပါတယ်။ဒီမိန်းကလေးက အတော်စိတ်ဝင်စားဖို့ကောင်းပါတယ်။သူမက ဆွဲဆောင်မူရှိတဲ့ အောက်ခံဘောင်းဘီ ပြောင်းဝတ်ချင်တယ်ပြောပြီး သူ့ကို ရေအရင်ချိုးခိုင်းထားခြင်း ဖြစ်သည်။

ဆောင်းဦးဓားဟာ ရေအေးတွေနဲ့ ရေချိုးနေ့ခြင်းဖြစ်ပေမဲ့လည်း သူ့ရင်ထဲမှာ အပူမီးတွေနဲ့ လောင်းကျွမ်းနေခဲ့ပါတယ်။

သူဟာ သီးချင်းလေးညည်းကာ ရေအလျင်အမြန် ချိုးပြီးသွားခဲ့ပါသည်။သူဟာ အောက်ခံဘောင်းဘီတောင် မဝတ်တော့ပဲ ရေချိုးခန်း ဝတ်စုံသာ ဝတ်ပြီးထွက်လာခဲ့ လိုက်သည်။

"ဟေး မင်းဆွဲဆောင်မူရှိတဲ့ အောက်ခံဘောင်းဘီ ဝတ်မှာ မဟုတ်ဘူးလား"

ဆောင်းဦးဓားဟာ မေးလိုက်သည်။

"ငါ ယူလာဖို့ မေ့သွားလို့"

မိန်းကလေးဟာ ဆွဲဆောင်မူရှိစွာ ပြောလိုက်ပါတယ်။

"မင်းမေ့ကျန်ခဲ့လည်း ဘာမှမဖြစ်ပါဘူး။ဒီနေ့က ငါ့ရဲ့ ပထမဆုံးအကြိမ်ဆိုတော့ နည်းနည်းကြောက်နေသေးတယ် မင်းငါကို သင်ပြပေးမှရမယ်နော်"

ဆောင်းဦးဓားဟာ အကြိမ်များစွာ အတွေ့အကြုံရှိပေမယ့်လညိး ဘာမှမသိတဲ့ လူရိုးလေးတသ်ယောက်လို ဟန်ဆောင်နေခဲ့ပါတယ်။

ယင်းနောက် ဆောင်းဥိီးဓားဟာ တံတွေးကိုမျိုချလိုက်ပြီး မိန်းကလေးရဲ့ အဝတ်တွေကိုဖယ်ရှားလိုက်ပါတယ်။

သူအက်ျီကို ဖယ်ပြီးတဲ့အချိန်မှာပဲ သူတို့အခန်းတံခါးဟာ ပွင့်သွားခဲ့ပြီး လူတစ်စုဟာ ဝင်လာခဲ့ပါတယ်။

ဆောင်းဦးဓားဟာ ကြောင်အသွားပြီး မေူလိုကိသည်။

"မင်းတို့ ဘာလူပ်ကြတာလဲ,,?"

ရက်စက်တဲ့ ပုံစံရှိတဲ့လူတစ်ယောက်ဟာ ဆောင်းဦးဓားကို ကုတင်ပေါ်လဲကျသွား အောင် ထိုးလိုကိသည်။

"ခွေးသား မင်းကများ ငါမိန်းမကို အသားယူရဲတယ်? မင်းအသက်ရှင်ရမှာ ပျင်းနေပြီလား?"

"ယောက်ျား သူငါကို မတရားကျင့် ဖို့လုပ်နေတယ်......"

မိန်းကလေးဟာ ပြောပြီး ငိုကြွေးလိုက်ပါသည်။

"ငါ....."

ဆောင်းဦးဓားဟာ အံ့သြသွားခဲ့သည်။သူဒီလူတွေရဲ့ ထောင်ခြောက်ထဲမှာ ရောက်နေပြီဆိုတာ ထင်ရှားပါတယ်။သို့ပေမဲ့ ဒီရက်စက်တဲ့ မျက်နှာနဲ့ လူကိုကြည့်ပြီး ကြောက်လန့်နေခဲ့သည်။

ပေါင်သုံးရာလောက်ရှိတဲ့ အသားတုံးကြီးဟာ ခံစားချက်မဲ့စွာ ကုတင်ပေါ်မှာ လှဲလျောင်းနေခဲ့ပါသည်.......

All Chapters