သူဌေးလေးကို အသက်ရှင်လျက် ဖမ်းဆီးခြင်း
Vol. 5 Ch. 62
မနက်ခင်းအချိန်။
လတ်ဆတ်သော လေထု။
လင်းဖန်ဟာ အသက်ကိုဝဝ ရူလိူက်ပြီး အပျင်းဆန့်လိုက်ပါတယ်။သူဟာ ညတုန်းက ကောင်းမွန်စွာအိပ်စက် ခဲ့ရပါသည်။
သူအိမ်ပြင်ကို ထွက်လိုက်သည့် အချိန်တွင် သူ့ကားနားတွင် ကလေးများဟာ ဝိုင်းနေခဲ့တာကို တွေ့လိုက်ရပါတယ်။သူတို့ဟာ အံ့သြသ့်စွာဖြင့်ကားကို ကိုင်ကြည့်နေခဲ့သည်။
သက်လတ်ပိုင်း မိန်းမကြီးများဟာတော့ သူတို့ကလေးတွေကို ကားကို မထိခိုက်မိစေရန် သတိပေးနေကြပါတယ်။
လင်းဖန် အိမ်ထဲကထွက်လိုက်သည့် အချိန်တွင်လူများဟာ လင်းဖန်ဆီကို ဝိုင်းလာကြသည်။
"လင်းဖန် နင်တော်တော် ကံကောင်းလာတယ်ထင်တယ်။ဒီကားက အတော်စျေးကြီးမှာပဲနော်"
"ဟင်အင်း ဒီကားက သူငယ်ချင်းတသ်ယောက် ပေးထားတာ"
လင်းဖန်ဟာ ပြုံးပြီး ပြန်ဖြေလိူက်သည်။
အိနိနီးချင်းများဟာ တော့သူ့ကို မယုံကြည်ကြပါဘူး။
ဘယ်သူငယ်ချင်းကများ ကားတစ်စီးပေးတဲ့ အထိ စိတိသဘောထား ပြည့်ဝမှာလဲ.....?
အမှန်တကယ်သာ အဲလိုသူငယ်ချင်းမျိုးရှိရင် သူတို့လည်း သူငယ်ချင်းဖြစ်ချင်ပါတယိ။လူအိုကြီးဝမ်ဟာ တော့ လင်းဖန်ကို မနာလိုစွာပြောလိုကိသည်။
"မင်းရဲ့ စပွန်ဆာ အန်တီကြီးက ဘယ်သူဖြစ်မလဲသိချင်မိတယ်၊ သူငယ်ချင်းဟုတ်လား ဟားဟား"
ဒီကားဟာ အလွန်စျေးကြီးပြီး မောင်းရတာ သက်တောင့်သင်သာ ရှိပါတယ်။လင်းဖန် လူအိုဝမ်နဲ့ ပြန်ပြီး ငြင်းခုန်နေဖို့ စိတ်ကူးမရှိပါဘူး။ိလူသူ့ကို မနာလိူဖြစ်နေတာဆိုတာ သူသိပါတယ်။
သူကားတံခါးကို ဖွင့်လိုက်ပြီး ကားထဲဝင်လိူက်ပြီး လူအိုကြီးဝမ် မနာလိုဖြစ်အောင် လက်ဝေ့ယမ်းပြကာ မောင်းထွက်သွားလိုကိသည်။
........
ဆိုင်ထဲတွင်။
ဆိုင်ထဲတွင် ကာစတန်မာ တစိယောက်မှမရှိသေးပဲ လင်းဖန် ဟာ ဖုန်းကိုထုတ်ကာ ဝိုက်ဘိူကိုဖွင့်ကြည့်လိုက်သည့် အချိန်တွင် ဒေါသထွက်လာခဲ့ပါသည်။
ဆောင်းဦးဓားဟာ ရှုးသွပ်သွားတာ ဖြစ်နိုင်ပါတယ်။သူဟာ တစ်ညအတွင်းတွင် မှတ်ချက်ပေါင်း သိန်းချီရေးသား ထားခဲ့ပါသည်။ဒ
"လူလိမ် တကယ့်လူလိမ်"
"သူကလူလိမ်ပဲ အားလုံးပဲ သူ့ကိုမယုံကြပါနဲ့"
"အတော်ဆိုးရွားတဲ့ လူလိမ်ပဲ ၊ ဒီလူ ကျွန်တော့်ကို လိမ်သွားတာ ဒေါ်လာသောင်းချီတယ်"
လင်းဖန် ကြည့်လိိုက်တာနဲ့ ဆောင်းဦးဓား ပိုက်ဆံတွေ အများကြီး အလိမ်ခံလိူက်ရပြီ ဆိုတာသိလိုက်ပါတယ်။သူအရင်နေ့က ဖြစ်ပျက်တာတွေ ကိုသူ့အပေါ်ပဲ စုပုံပေါက်ကွဲနေခဲ့တာပါ။
သူအလိမ်ခံရမှာ ကို လင်းဖန်ဟာ ကြိုသိထားပြီးသားပါ။သို့ပေမယ့် ဆောင်းဦးဓားဟာ မယုံကြည်ခဲ့ပါဘူး။အကျိုးဆက်ရလာဒ်ကတော့ အတော်ဆိုးရွားခဲ့ပါသည်။
ဆောင်းဦးဓားဟာ ဒါကို သာမန် ချိန်းတွေ့တာလို့ပဲ သဘောထားခဲ့တာပါ။သို့ပေမယ့် အမှန်တကယ်တော့ ထောက်ချောက်တစ်ခုဖြစ်နေခဲ့သည်။သူတစ်ည ထဲနဲ့ ဒေ့်လာ သုံးသောင်းခန့် ကုန်ဆုံးသွားခဲ့ပါတယ်။
ဒါကြောင့် သူ့ဒေါသတွေကို လင်းဖန် မှာပေါက်ကွဲနေခြင်းဖြစ်သည်။သူတစ်ညလုံး မအိပ်ပဲ လင်းဖန်ရဲ့ ဝိုက်ဘိူကို တိုက်ခိုက်နေခဲ့တာပါ။
ကြည့်ရတာ ဒီကောင်က မျှော်လင့်ချက်မဲ့နေပြီ ထင်တယ်....?
သူ ဆောင်းဦးဓားကို ဒီတိုင်းပဲ လွတ်ထားဖို့ ဆုံးဖြတ်လိုကိပါတယ်။တကယ်လို့ သူသာ ဆက်ပြီး ငြင်းခုန်နေမယ် ဆိုရင် သူ့ဝိုက်ဘို အကောင့် တကယ် ပျက်စီးသွားနိုင်ပါတယ်။
လူလိမ် ထျန်ဟာတော့ ဘေးနားတွက်ထိုင်နေရင် လင်းဖန် ဖုန်းကိုကြည့်ပြီး တတွတ်တွတ် ရွတ်နေတာကို ကြည့်နေခဲ့ပါသည်။ဒါက အနည်းငယ် ထူးဆန်းပေမဲ့လည်း သူအသားကျနေပါပြီ။
အဲ့အချိန်မှာပဲ လင်းဖန် စွယ်စုံကျမ်းကို လေ့လာကြည့်လိုက်ပါတယ်။စွယ်စုံကျမ်းထဲတွင်များပြားလှတဲ့ အသိပညာ ခေါင်းစဥ်များရှိနေခဲ့ပါသည်။
စွယ်စုံကျမ်းထဲတွင် အဓိကခေါင်းစဥ်နှင့် တစ်ခြား ခေါင်းစဥ်ဟူ၍လည်း ခွဲထားပေးသေးပါတယ်။
သူ့မှာ လောလောဆယ် ၊ စွယ်စုံအမှတ် ၁၃ မှတ်ရှိပါတယ်။ပုံမှန်အားဖြင့် သူဟာ စွယ်စုံကျမ်းရဲ့နောက်တစ်ခန်း ပွင့်အောင် ဆက်ကြိုးစားချင်ပေမယ့်လည်း တဖြည်းဖြည်း လောင်စာကုန်လာခဲ့ပါသည်။
အိုးးးး
အဲ့အချိန်မှာပဲ လင်းဖန် တစ်ခုခုကို တွေ့လိုက်ရပါတယ်။စွယ်စုံကျမ်း အဓိက ခေါင်းစဥ်များကနေ
အကိုင်းအခွဲများ အဖြစ်ထပ်ခွဲထားပါသေးတယ်။
ဥပမာအားဖြင့် ဘာသာစကား ကိုရွေးချယ်လိုက်ရင် ဒါဟာ အဓိက ခေါင်းစဥ်ပါ သို့ပေမဲ့ တရုတ်၊ အဂ်လိပ် ၊ ဂျာမနီ ၊ ကိုရီယား ....ဒါတွေကတော့အကိုင်းအခွဲခေါင်းစဥ်တွေပါ။သူ အဓိက ခေါင်းစဥ်ကို ဖွင့်ဖို့ စွယ်စုံအမှတ် မမှီရင် အကိုင်းအခွဲ ခေါင်းစဥ်ကို ဖွင့်လို့ ရပါတယ်။
ယင်းနောက် ဆေးပညာ ဆိုတဲ့ အဓိကခေါင်းစဥ်ကို ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာ အနောက်တိုင်းနဲ့အရှေ့တိုင်း ဆေးပညာဆိုပြီး ခွဲထားခဲ့ပါတယ်။
သူတရုတ်ဆေးပညာကို ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာ ဆေးဝါးဗေဒ ၊ အပ်စိုက်ကုထုံး ၊တူနာ မက်ဆေ့ ( တရုတ်ဆေးဝါးကုသနည်း များမှ နည်းတစိမျိုး) နဲ့ တစ်ခြားအရာတွေ ပါဝင်ပါတယ်။တရုတ်ဆေးပညာကို ဖွင့်ဖို့ဆိုင် စွယ်စုံအမှတ် တစ်ရာလောက်ကုန်ကျ မှာပါ။
လင်းဖန်ဟာ စွယ်စုံကျမ်းကို သေချာလေ့လာပြီး ပိုပိုပြီး အသေးစိတ်သိရှိရမူများ အပေါ် ဝမ်းသာနေခဲ့ပါတယ်။သို့ပေမဲ့ သူ အင်မော်တယ် ကိုဖွင်နိုင်ဖို့ဆိုရင် လိုနေတဲ့အမှတ်က အရမ်းကြမ်းတမ်းလွန်းလှပါတယ်။သူ စိတ်တောင် မကူးရဲပါဘူး။
"သူဌေးလေး"
သူအတွေးနက်နေတုန်းမှာပဲ အသံတစ်ခုဟာ သူ့ရဲ့ အာရုံကို ဖမ်းစားသွားခဲ့ပါသည်။
သူကို "သူဌေးလေး" လို့ခေါ်တာကို မကြားရတာ အတော်ကြာလှ ပါပြီ။
!တကယ် သူဌေးလေးပဲ"
ငယ်ရွယ်ပြီး ချောမောလှပတဲ့ မိန်းမလေးတစ်ယောက်ဟာ လင်းဖန်တို့ဆိုင်ရှေ့က အထည်ဆိုင်မှာ စျေးဝယ်နေခဲ့တာပါ။သို့ပေမဲ့ သူမ ဘေးပတ်ဝန်ူကျင်ကို ကြည့်မိလိုက်တဲ့အချိန်မှာ ဆိုင်ထဲမှ ပုံရိပ်ဟာ သူ့ကိုအာရုံစိုက်မိစေခဲ့ပါသည်။
ဆိုင်ထဲမှာ ထိုင်နေတဲ့ လူဟာ သူဌေးလေးဖြစ်ပြီး သူမ အချိန်အကြာကြီး မျှော်လင့်နေခဲ့ရတဲ့ သူဖြစ်ပါတယ်။
ဟော်ဟန် ဟာဆိုင်ထဲကို ပြေးဝင်သွားလိုကိပြီး လင်းဖန်ရှေ့မှာ ထိုင်လိုက်ပါတယ်။သူမ ပြေးလွှားနေတဲ့ အချိန်မှာ သူမရဲ့ ရင်သားများဟာ လင်းဖန်ရှေ့မှာ တလှုပ်လှုပ်ခုန်နေခဲ့ပါသည်။
"သူဌေးလေး ၊ နောက်ဆုံးတော့ ရှင့်ကိုတွေ့ပြီပေါ့ ဘာလို့ စာမပြန်တာလဲ"
ဟော်ဟန်ဟာ စိတိဆိုးနေခဲ့ပြီး သူမကြည့်ရတာ ရူးသွပ်နေတဲ့ ကြောင်ပေါက်စလေးနဲ့တောင် တူနေခဲ့ပါတယ်။
"ရှင့်မှာ အသိတရားရောရှိသေး လား? ရှင် ကျွန်မ နှလုံးသား ကိုယူသွားပြီးတော့ ၊ ကျွန်မကို မညာမတာ စွန့်ပစ်ခဲ့တယ်။ရှင်ယောက်ျားတစ်ယောက် မဟုတ်ဘူးလား ပြော?"
ဟော်ဟန်ဟာ စိတ်ဆိုးစွာပြောလိုကိသည်။
သူမပြောတာကို ကြားပြီး လူလိမ်ထျန်ဟာ နှလုံးသားထဲကနေ နာကျင်သလိုခံစား လိူက်ရပါတယ်။သူမပြောတာအရ ဆိုရင် သူမဟာ လင်းဖန်ကို စိတ်ဝင်စားနေတဲ့ပုံပါပဲ။
လင်းဖန်ဟာ ဟော်ဟန်ကို ဆွံ့အစွာကြည့်လိုကိပါတယ်။သူ ဒီလို တည့်တိုးဆန်တဲ့ မိန်ူကလေးနဲ့ တွေ့ရလိမ့်မယ် လို့ မျှော်လင့်မထား မိပါဘူး။
"ရပ်လိုက် ၊ မင်းဘာလိုချင်တာလဲ?"
လင်းဖန်မေးလိုက်သည်။
"ငါ ပန်ကိတ်စားချင်တယ်"
ဟော်ဟန်ဟာ စဥ်းစားမနေပဲ တန်းဖြေလိာက်သည်။
လင်းဖန် လက်ကို ဝေ့ယမ်းပြီး ပြောလိုက်ပါတယ်။
"ကြည့် ငါကပြောင်းလဲသွားပြီ။ငါက ပန်ကိတ်ထပ်ပြီး မရောင်းတော့ဘူး..မင်းဗေဒင်လေး ဘာလေး မမေးချင်ဘူးလာ?"
"သူဌေးလေး ရှင့််လောက်ကျွမ်းကျင်တာကို ၊ ဘာလို့ အလုပ်ကို ပြောင်းလိုက်တာလဲ? ငါ့ကို ပန်ကိတ်လုပ်ပေးပါလား အဲဒါဆို ဗေဒင်တွက်မယ်လေ"
ဟော်ဟန်ဟာ ညှိနှိုင်းလိုကိသည်။
သူမ ပန်ကိတ်မစားရတဲ့ ရက်တွေကို ဖြတ်သန်းရတာ အတော်ကြာခဲ့ပါပြီ။ပန်ကိတ်မစားရတဲ့ ရပာက်တွေဟာ သူမအတွက်တော့ ဘာအဓိပါယ်မှ မရှိသလိုတောင် ခံစားရပါတယ်။
"မိန်းကလေး ငါတကယ်ပဲ အလုပ်ကိုပြောင်းလိုက်ပြီလေ"
လင်းဖန် အကူညီကင်းမဲ့ စွာပြောလိုကိပါတယ်။
"သူဌေးလေး ငါပန်ကိတ်ကို စားရဖို့ ဘာပြနိပေးရမလဲ?"
ဟော်ဟန်ဟာ မေးလိုကိပါတယ်။သူမနောက်ဆုံးမှာ လင်းဖန်ကိုရှာတွေ့ပြီး ပန်ကိတ် စားရမှဖြစ်မယ်လို့ စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။
လင်းဖန် ပြောစရာစကား ကင်းမဲ့နေခဲ့သည်။ဒီမိန်းကလေးဟာ အတော်ခေါင်းမာပြီး သူ့ကို ကူကယ်ရာမဲ့စေပါတယ်။
အဲ့အချိန်မှာပဲ လူအုပ်စုတစု ဟာ သူဆိုင်ရှေ့ကို ရောက်လာခဲ့ကြသည်။လူလိမ် ထျန်ဟာ လူအုပ်ကြီးကို ချက်ချင်းထိန်းချုပ်လိုက်ပြီး တုန်ကင်ကတ်ပြားတွေ ဝေလိုက်ပါတယ်။
"မာစတာ လင်း ကျွန်တော်တို့ရောက်ပြီနော်၊ ဒီနေ့တော့ ကျွန်တော်တို့ အရွေးခံရမှဖြစ်မယ်"
"ခနနေ ဘယ်သူပဲ ရွေးချယ်ခံရပါစေ၊ သူတို့နေရာကို ဒေါ်လာသုံးရာ နဲ့ ဝယ်မယ်"
"ဟားဟားး , ဒေါ်လာ ၃၀၀ ပဲလား ? မင်းက မာစတာ လင်းရဲ့ အဆင့်အတန်းကို သေးသိမ်စေတာပဲ"
"မိန်းကလေး , ကြည့်ပါလား ငါတကယ်အလုပ်များနေတာ ငါပန်ကိတ်ဆက်ပြီး မလုပ်ပေးနိုင်တော့ဘူး"
လင်းဖန်ဟာ ဝင်ပေါက်က လူတွေကို ညွှန်ပြပြီးပြောလိုက်ပါတယ်။
ဟော်ဟန်ဟာလည်း ဒီလောက် လူအများကြီးကို ကြည့်ကာ ဆွံ့အနေခဲ့သည်။သူမက လင်းဖန် လိမ်စားနေတယ် လို့ထင်နေခဲ့တာပါ။
ဒီလူတွေအကုန်လုံး ဗေဒင်ဟောဖို့ လာခဲ့ကြတာလား...?
ဟော်ဟန် ဟာ တိတ်ဆိတ်သွားပြီး ဆိုင်မှ ထွက်လာခဲ့လိုက်ပါတယ်။သူမဒီကို ကျိန်းသေပြန်လာဦးမှာပါ။
လင်းဖန် သူမအသာတကြည် ထွက်သွားတာ မြင်တဲ့အချိန်မှ စိတ်သက်သာ ရာရသွားခဲ့ပါသည်။သို့ပေမယ့် လင်းဖန် မသိသေးတာက ဟော်ဟန် တိုက်ခိုက်ဖို့ ခြေတစ်လှမ်းဆုတ် ပေးလိုက်တယ် ဆိုတာပါပဲ။
ခေါင်းမာတဲ့ သူဌေးလေး၊ ငါနင့်ကို ကျိန်းသေပန်ကိတ်ပြန်ရောင်း ရအောင်လုပ်ပြမယ်.....
ပန်ကိတ်ရောင်းတဲ့ ဘဝနဲ့ ချစ်သူမရနိုင်ပေမယ့်လည်း၊ရှင်သာ ကျွန်မရဲ့ ပန်ကိတ်စားချင်စိတ်ကိုဖြည့်ဆည်းပေးနိုင်ရင်..ရှငိ့ကို ကျွန်မရဲ့ ချစ်သူဖြစ်ဖို့ အခွင့်အရေးပေးမှာပါ။
ယင်းနောက်တွင် ဟော်ဟန်ဟာ သူမရဲ့ ကုမ္ပဏီီပြန်ကာ ဖုန်းထဲမှ ဂရုတစိခုကို ဖွင့်လိုက်ပါတယ်။
ဂရုနာမည် - သူဌေးလေးကို ရှာဖွေရန်
မန်ဘာဝင် - အယောက် ၂၀၀
ဟော်ဟန် :: ငါသေဌေးလေးကို နောက်ဆုံးတော့ ရှာတွေ့ပြီ။
ဂရုဟာ ခနကြာအောင် တိတ်ဆိတ်သွားပြီး ၊ ပြန်လည်း အသက်ဝင်လာခဲ့ပါတယ်။
နံပါတ် 1 - ဘယ်မှာလဲ? သူဌေးလေးက သူ့ဆိုင်ကိူ ဘယ်မှာသွားဖွင့်နေတာလဲ?
နံပါတ် 2 - သူဌေးလေးကို ရှာတွေ့ဖို့က အတော်ခက်ခဲတာ ၊ ဒီနေ့အထိ ပျောက်ကွယ်နေတာပဲကြည့်လေ။
နံပါတ် 3 - ဂရုခေါင်းဆောင် မမလှလှလေးရေ ၊ သူဌေးလေးက ဘယ်မှာလဲ? ငါ ပန်ကိတ်မစားရတာ အရမ်းကြာနေပြီ ထပ်ပြီး တောင့်မခံနိုင်တော့ဘူး။
ဟော်ဟန် - ငါသူ့ကို တိမ်ဖြူလမ်းမှာ တွေ့ခဲ့တာ ဒါပေမဲ့ သူကအလုပ်ပြောင်းသွားပြီ။သူကအခုဗေဒင်ဟောစား နေတာလေ။ငါသူ့ကို ပန်ကိတိရောင်းဖို့ ပြောသေးတယ် ဒါပေမဲ့ သူငါ့ကို ငြင်းလိုက်တယိလေ။
နံပါတ် 4 - စောက်ကျိုး...သူဌေးလေးက တကယ် ဗေဒင်ဟောစားနေတာလား?ဘယ်လိုဖြစ်နိုင်မှာလဲ? ငါတို့ သူ့ကို ဘဝအမှန်ပြန်ပို့ပေးရမယ်။သူဘဝက ဘယ်လိုလုပ်တက်လမ်းရှိတော့ မှာလဲ?
နံပါတ် 5 - ငါတို့အကုန်ပူးပေါင်းပြီး သူဌေးလေးကို ပြန်လာအောင် ကြိုးစားကြရအောင်။
ဟော်ဟန် - ငါသဘောတူတယ်၊ ငါတို့မှာ အင်အား အများကြီးရှိတယ်လေ။ငါတို့ရဲ့ ပန်ကိတ်အတွက် ငါတို့ကြိုးစားဖို့အချိန်ကြပြီ။သုစုစည်းစည်းနဲ့ အတူတကွ လုပ်ကိုင်ကြရအောင်။
"ပြသနာမရှိဘူး ၊ ငါတို့အကုန်လုံး မင်းရဲ့အစီအစဥ် အောက်ကနေ လိုက်ခဲ့မယ်။ပန်ကိတ်ရဖို့အတွက် ငါတို့အကုန်ပေးဆပ်နိုင်တယ်"
"ငါတို့ သူဌေးလေးကို အသက်ရှငိလျက်ဖမ်းပြီး သူ့ဘဝအမှန်ကို ပြန်ပို့ပေးလိုက်ကြအောင်"
"အကောင်းဆုံးကြိုးစားကြမယ်"
"ငါတို့ရဲ့ မစ်ရှင်ကို "သူဌေးလေးကို အသက်ရှငိလျက် ဖမ်းဆီးခြင်း" လို့ခေါ်ကြမယ်"
အဲ့အချိန်မှာ တော့ လင်းဖန်ဟာ လဘက်ရည်ကို သာသာယာယာ သောက်နေခဲ့ပါတယ်။သိပ်မကြာခင်မှာ ပြသနာ အကြီးကြီးတစ်ခုရောက်လာတော့မှာကို သူမသိခဲ့ပါဘူး။