တိုက်ခိုက်ဖို့ကနီးစပ်နေကြပြီ
Vol. 5 Ch. 63
"မာစတာ ခင်ဗျားက တကယ်နတ်ဘုရားလိုပဲ"
လူကြီးတစ်ယောက်ဟာ ပြောလိုကိသည်။
"ခင်ဗျားရဲ့ တည်ရှိမူကို ဆက်ထိန်းထားပြီး၊ အပြင်လောကကြီးကို ကြည့်ရူသရွေ့ အရမ်းခက်ခဲပါတယ် ဆိုတဲ့အရာတွေဟာ မခက်ခဲတော့ဘူး။ခင်ဗျားသားကို တည်ငြိမ်အောင်ထားလိုက် အနာဂတ်ကျရင် ကောင်းမွန်တဲ့ ပြောင်းလဲမူတွေဖြစ်လာလိမ့်မယ်"
လင်းဖန်ပြုံးကာ ပြောလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ် မာစတာ"
လူကြီးဟာ စားပွဲပေါ်ကို ဒေါ်လာ ရာဂဏန်းအနည်းငယ်ကို တင်လိုက်ပြီး ဆိုင်ထဲမှထွက်လာလိုက်ပါတယ်။
သူအပြင်ကို ရောက်သည့် အချိန်တွင် ဆိုင်အအပြင်တွင် တန်းစီနေသည့် လူများကို လက်မထောင်ပြလိုက်သည်။
"မာစတာ လင်းက တကယ့်ကို မာစတာ အစစ်အမှန်ပဲ ၊ ငါဘာမှမမေးရသေးတာတောင် ငါမေးချင်တဲ့ အကြောင်းအရာကို သိနေတယ်"
"ခင်ဗျား အတော်ကံကောင်းတာပဲ"
ဆိုင်ရှေ့မှာ တန်းစီးနေတဲ့ လူအုပ်ကြီးဟာ မနာလိုစွာပြောလိုက်ပါတယ်။သူတို့ဟာ မာစတာ လင်းအပေါ်ပိုပိုပြီး ယုံကြည်လာကြပါတယ်။
တစ်စုံတစ်ယောက်ကသာ မာစတာ လင်းက နတ်ဘုရား တစ်ပါးလို့ပြောလိုက်ရင် ငြင်းမယ့်လူတစ်ယောက်မှ မရှိပါဘူး။
လင်းဖန်ဟာတော့ တည်ငြိမ်သည့် မျက်နှာဖြင့် လဘက်ရည်ကို သောက်နေခဲ့သည်။
"နောက်ထပ် နံပါတ် ၃၃"
တစ်နေ့ကို အကန့်အသတ်နဲ့ ဟောတဲ့ အတွက် လင်းဖန်အရင်ကလို ပင်ပန်းမူများ မရှိတော့ပေ။သူတစ်သက်လုံး ဗေဒင်ဟောစားရင်တောင် အေးဆေးပဲလို့ ခံစားမိလိုက်ပါတယ်။
သို့ပေမယ့် ဒီအတွေးဟာ စက္ကန့်ပိုင်းသာကြားပြီး ပျောက်ကွယ်သွားခဲ့သည်။
"နံပါတ် ၃၃ ကျွန်တော်ပဲ၊ နောက်ဆုံးတော့ အရွေးခံရပြီ"
လူငယ်လေးတစ်ယောက်ဟာ အလျင်အမြန်ရေရွတ်လိုက်ပါတယ်။
လူငယ်လေးဟာ ကုမ္ပဏီပေါင်းများစွာကို အင်တာဗျူးသွားဖြေခဲ့ပြီး အကုန်လုံးကိုကျရံှုးခဲ့ပါတယ်။ယင်းနောက် သူဟာ ကိုယ်ကိုကို ယုံကြည်မူများ ပျက်စီးသွားခဲ့သည်။
မာစတာ လင်းရဲ့ အကြောင်းကို ကြားပြီးတဲ့နောက်မှာ သူဗေဒင်မေးချင်လိူ့ လာတန်းစီနေတာ ဒီနေ့နဲ့ဆို သုံးရက်မြောက်ရှိပါပြီ။
"ကောင်လေး မင်းနေရာကို ငါကိုရောင်း ငါမင်းကို ဒေါ်လာတစ်ထောင်ပေးမယ်"
ချမ်းသာပြီး မာနကြီးပုံပေါ်သည့် လူကြီးတစ်ယောက်ဟာ ပြောလိုကိသည်။
"မရောင်းနိုင်ဘူး"
လူငယ်လေးဟာ တုတ်ကင်လက်မှတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့ပါတယ်။ဒါက သူ့ အနာဂတ်နဲ့သက်ဆိုင်နေတဲ့ အရာပါ။သူဒါကိုသာ ဒေါ်လာ တစ်ထောင်နဲ့ လဲလိုက်ရင် သူ့အနာဂတ်ဟာ မရေမရာဖြစ်သွားနိုင်ပါတယ်။
ဒေါ်လာတစ်ထောင်လား အိပ်မက် ဆက်မက်နေလိုက်........
လင်းဖန်သူတို့ကိုကြည့်နေတဲ့ အချိန်မှာပဲ အပြင်ဘက်က ဆူညံ့ဆူညံ့အသံများကို ကြားလိုက်ရသည်။
အသံများဟာ ဒရမ်တွေ တီးပြီး သံပြိုင်အော်ဟစ်နေသည့် အသံများဖြစ်ပေသည်။
ဘာတုန်းဟ.....?
လင်းဖန် အနည်းငယ် စိတ်တိုသွားခဲ့သည်။
"လူလိမ် ထျန် အပြင်မှာဘာဖြစ်နေတာလဲ? ဆိုင်အသစ်တွေ ဘာတွေ ဖွင့်တာရှိလို့လား??"
"မဟုတ်ဘူး..ကြည့်ရတာ သူတို့ ငါတို့ဆီကိုလာနေတာ ထင်တယ်"
လူလိမ်ထျန်ဟာ အကြည့်တွေကို မြင်နေရပြီး အံ့သြစွာပြောလိုက်ပါတယ်။
ငါတို့ဆီလာတာ....?
လင်းဖန် အချိန်အတော်ကြာအောင် တွေးလိုက်ျပမယ့်လည်း ဘာတွေဖြစ်နေလည်း ဆိုတာ စဥ်းစားမရပါဘူး။သူဘယ်သူကို မှလည်း သွားမရှုပ်ထားခဲ့ပေ။
ဘာတွေဖြစ်နေတာလဲ..?
အဲ့အချိန်မှာပဲ အော်သံတစ်ခုဟာ လင်းဖန်ကို အံ့သြသွားစေခဲ့သည်။
"သူဌေးလေးက ဒီမှာပဲ"
သူကို "သူဌေးလေး" လိူ့ခေါ်လိူက်တဲ့ အချိန်တိုင်း အတိတ်မှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ သူပြန်မြင်ယောင်မိပါတယ်။
"မာစတာ ကျွနိတော်ကို ဗေဒင်တွက်ပေးဦးမှာမလား??"
လူငယ်လေးဟာ ကျောက်လန့်စွာပြောလိုကိသည်။
"ခနလေး အပြင်မှာ တစ်ခုခုဖြစ်နေပြီ ထင်တယ်"
လင်းဖန်ဟာပြောလိုက်ပြီး ဆိုင်ပေါက်ဝကို လျောက်သွားလိုက်ပါသည်။
သူဆီကိုလျောက်လာတဲ့ လူအုပ်ကြီးကို မြင်တဲ့ အချိန်မှာ ဆွံ့အသွားခဲ့သည်။
ဘေးနားဝန်ူကျင်မှ ဆိုင်ပိုင်ရှင်များဟာလည်း အပြင်ကို ထွက်လာခဲကြပါတယ်။
"ဘာတွေဖြစ်နေတာလဲ? တိမ်ဖြူလမ်းက ဘယ်လိုဖြစ်ပြီး လူတွေ ရုတ်တရက်များလာရတာလဲ?"
ရူးဖိနပ်ဆိုင်ပိုင်ရှင်ဟာ မေးလိုက်သည်။
"ကြည့်ရတာတော့ သူတို့ မာစတာလင်းဆီကို လာကြတာထင်တယ်"
နို့အေး ဆိုင်ပိုင်ရှင်ဟာ ပြန်ဖြေလိုက်သည်။
"မာစတာ လင်းက ဘယ်ကများလာတာလဲ? ဒီလူအုပ်ကြီးက ဘာအတွက်လာကြတာလဲ မသိ?"
လူအုပိကြီးဟာလည်း ဆွံ့အနေခဲ့သည်။မာစတာ လင်းဟာ အခုမှဆိုင်ဖွင့်တာ လဝက်လောက်ပဲ ရှိပါသေးတယ်။ဒါတောင် ဒီလောက်လူအုပ်ကြီးကို ဖန်တီးနိုင်နေပါပြီ။
မာစတာလင်းက အတော်စွမ်းဆောင်နိုင်စွမ်း ရှိတာပဲ.....
လူလိမ် ထျန်ဟာလည်း ဆွံ့အနေခဲ့ပြီး လင်းဖန်ကိုမေးလိုကိသည်။
"ကောင်လေး မင်းဒီတစ်ခါရော ဘာပြသနာရှာထားသေးလဲ?"
"ကျုပ်က ဘာပြသနာရှာရမှာလဲ?"
"ဒါဆို ...."
လူ လိမ် ဟာ လူအုပိကြီးကို လက်ညိုးထိုးပြလိာက်ပြီး စကားဆုံးအောင်တောင် မပြောလိုက်ရပေ။
"သူဌေးလေး မင်းကိုရှာရတာ အရမ်းခက်တာပဲ"
သက်လတ်ပိုင်း လူကြီးတစ်ယောက်ဟာ ပြောလိုကိသည်။
"သူဌေးလေး မင်းထွက်သွားပြီးကတည်းက ငါတို့ဘယ်လောကိတောင် နာကျင်နေရလဲ သိရဲ့လား? တစ်ခြားပန်ကိတ်သည်တွေက မင်းနဲ့ယှဥ်ရင် တကယ်အမှိုက်တွေလိုပဲ"
!ငါ့ယောက်ျားကလည်း သူဌေးလေးရဲ့ ပန်ကိတ်ကို ခနခနမေးနေတယ်"
လူအုပိကြီးဟာ ရောက်လာတာနဲ့ အဆက်မပြတ် ပြောနေကြပါတယ်။
လင်းဖန်ဟာ နောက်ကို တောင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။
ဘယ်လိုဖြစ်ပြီး ဒီလိူတွေဖြစ်လာတာလဲ...?
ဒါက ပန်ကိတ်လေးပဲလေ မင်းတို့အုပ်စုဖွဲ့ပြီး ငါ့ဆီကို လာဖို့ လိုလို့လားဟ??
အကြည့်**
လူအုပ်ကြီးဟာ သူတို့နဲ့ အတူပန်ကိတ်ရောင်းတဲ့ လှည်းတစ်စီးပါယူလာခဲ့ကြပါတယ်။
မင်းတို့ ဘယ်ကရလာကြတာလဲ???
လင်းဖန်မသိတာက သူ့ရဲ့ပန်ကိတ်ကို အမှန်တကယ် သစ္စာရှိကြတဲ့ လူများဟာ ပိုက်ဆံစုကြပြီး ပန်ကိတ်လှည်းတစ်စီးနဲ့အတူ ပါဝင်ပစ္စည်းတွေပါ ဝင်လာကြတယ်ဆိုတာကိုပါ။
ဒီနေ့တော့ သူတို့ ပန်ကိတ်ကိုစားရမှ ဖြစ်မှာပါ။သူသာ ဒါကိုသိရင် သွေးတောင်အန်နိင်ပါတယ်။ဘာပဲဖြစ်ဖြစ် ဒါကပန်ကိတ်လေးတစ်ခုပဲလေ။
သို့ပေမယ့် တစ်စံတစ်ယောက်ကို အပြစ်တင်ရမယ်ဆို လင်းဖန်ကိုပဲအပြစ်တင်ရမှာပါ။သူပန်ကိတ်ရဲ့ စွမ်းအားတွေကို လျော့တွက်ခဲ့တာပါ။စွယ်စုံကျမ်းရဲ့ အသိပညာတွေက အဲလောက်ထိမရိုးရှင်းပါဘူး။
ဒီပန်ကိတ်တွေဟာ ကမ္ဘာပေါ်က အရသာအရှိဆုံးအရာများလို့ တောင်ပြောလို့ရပါတယ်။တစ်ကိုက်ကိုက် လိုက်ရုံနဲ့ တစ်ဘဝလုံး မှတ်မိသွားမည်ဖြစ်သည်။
ဟော်ဟန်ဟာတော့ လူအုပိကြီး ကြားထဲမှာရပ်နေပြီး ဒါတွေအကုန်ကို သူမစီစဥ်ထားခြင်းဖြစ်သည်။
သူမက အားလုံးရဲ့ စုပေါင်းအင်အားက လင်းဖန်ကို နေရာမှန်ပြန်ရောက် စေမယ်လို့ မျှော်လင့်နေခဲ့ပါတယ်။
"အားလုံးပဲ ခနနေကြပါဦး"
လင်းဖန် အကူညီမဲ့စွာပြောလိုက်သည်။
လင်းဖန်ဆီမှာ ဗေဒင်ဟောဖို့ စောင့်နေကြတဲ့ လူများဟာလည်း အံ့သြသွားခဲ့ကြပါတယ်။
မာစတာ လင်း ကဗေဒင်ဆရာ မဟုတ်ဘူးလား?
သူကဘယ်တုန်းကစပြီး ပန်ကိတ်သည်ဖြစ်သွားရတာလဲ...?
ဒါမှမဟုတ်ဒီလူတွေ နေရာမှားပြီး ရောက်လာတာလား?? ဒါက ပန်ကိတ်လေးပဲလေကွာ တစ်နေရာရာ သွားဝယ်ကြပါလားဟ???
"ကျွန်တော် အလုပ်ကို ပြောင်းပြီးသွားပြီ၊ နောက်ထပ်ပန်ကိတ်မရောင်း တော့ဘူး၊ အားလုံးအဲ နားလည်မယ်လို့ မျှော်လင့်ပါတယ်"
လင်းဖန်ရဲ့ ပန်ကိတ်ကို မျှော်လင့်ပြီး လာခဲ့ကြတဲ့လူတွေအတွက်ကတော့ ဒီစကားဟာ လက်မခံနိုင်ကြပါဘူး။
"သူဌေးလေး ပန်ကိတ်တွေက အရမ်းကောင်းတယ်။တစ်ခုကို ဒေါ်လာတစ်ရာနဲ့ရောင်း ရင်တောင် ငါတို့ဝယ်ပါ့မယ်ကွာ..."
"ဟုတ်တယ် ဗေဒင်ဟောစား တာကဘာအနာဂတ်မှ မရှိဘူး ၊ ပန်ကိတ်ရောင်းတာကသာ တည်မြဲတဲ့ အလုပ်တစ်ခုနော်"
"သူဌေးလေး ကိုယ့်အနာဂတ်ကို မဖြစ်ဆီးပါနဲ့ကွာ... ပန်ကတ်ရောင်းတာက မင်းရဲ့ အဓိကအလုပ်လေ ဒီလိုလွယ်လွယ်နဲ့ ထွက်သွားလို့ မရဘူးလေ"
ပန်ကိတ်စားချင်တဲ့ လူများဟာ လင်းဖန်ကို အတတ်နိုင်ဆုံး ဆွဲဆောင်နေကြပါတယ်။သို့ပေမယ့် လင်းဖန်ဆီမှာ ဗေဒင်ဟောခွင့်ရဖို့အရေး တန်းစီနေကြတဲ့ လူတွေဟာတော့ သူ့တို့စကားများကြားပြီး စိတိဆိုးလာခဲ့ကြပါသည်။
"နေစမ်းပါဦး ၊ မင်းတို့ဘာပြောလိုက်တာလဲ? မာစတာ လင်းက ဒဏ္ဌာရီလာ မာစတာ တစ်ယောက်ပဲ။မင်းတို့ ပန်ကိတ်စားချင်တယ် ဆိုရင် တစ်ခြားနေရာမှာ သွားဝယ်ကြ"
"ဟုတ်တယ် ၊ ပန်ကိတ်ရောင်လို့ ဘာအနာဂတ်ရှိမှာလဲ မာစတာလင်းက အခုဗေဒင်ဆရာတသ်ယောက်ပဲ၊ သူငါတို့ အနာဂတ်တွေကို ဟောဖို့ရှိသေးတယ် သွားကြတော့"
"မာစတာ လင်းက ပန်ကိတ်မရောင်းတော့ဘူး ပြောနေတယ်လေ၊ ဘာလို့သူ့ကို ခက်ခဲအောင်လုပ်နေကြတာလဲ?""
"ဒီပတ်ဝန်းကျင်မှာ စားကောင်းတဲ့ အစားအသောက်တွေ အများကြီးရှိတယ်..မင်းတို့လို လူမျိုးကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး"
ဗေဒင်မေးဖို့ အချိန်အကြာကြီး စောင့်နေရတဲ့ လူများဟာ မပျော်မရွှင်ဖြစ်လာကြပါတယ်။
ပန်ကိတ်ရောင်းပြီး ဘာကိုတောက်ပတဲ့ အနာဂတ်လဲ ?? စောက်ရူးတွေ.....
မာစတာ လင်းကို အခုကြည့်လိုက် နာမည်တစ်ခုနဲ့ ရပ်တည်နေတာ။မာစတာ လင်းနဲ့ ဗေဒင်ဟောခွင့်ရဖို့အရေး လူတွေအများကြီးကတောင် သောင့်နေကြရတယ်.....
ဘေးနားက ဆိုင်များတွင် စျေးဝယ်နေကြသည့် လူငယ်များဟာ ဒီအခြေအနေတွေကို မြင်ပြီး ဖုန်းတွေ ထုတ်ကာ ရိုက်ကူးနေကြပါတယ်။
"ဒါကပုံမှန်မဟုတ်ဘူးနော် ပန်ကိတ်သည်ကနေ ဘာ်လိုဖြစ်ပြီး ဗေဒင်ဆရာဖြစ်လာတာလဲ?"
ဗေဒင်ကို မယုံကြည်တဲ့ လူငယ်လေးတစ်ယောက်ဟာ ရေရွတ်လိုက်သည်။
"ဒီနေ့ လူတွေက ဒီလိုတောင် သရုပ်ဆောင်နိုင်ေိကြပြီပဲ"
"ဒါကိုရိုက်ကူးပြီး အင်တာနက်ပေါ်ကို တင်လိုက်ကြရတေအာင်"
.....
လင်းဖန်ဟာတော့ အကူညီမဲ့နေခဲ့သည်။
"ကောင်လေး ငါတို့ဒီအခြေအနေကို ထိန်းသိမ်းဖို့တစ်ခုခု လုပ်သင့်တယ်နော် မဟုတ်ရင် သူတို့တကယ် တိုက်ခိုက်ကြတော့မယ်"
လူလိမ်ထျန်ဟာ လင်းဖန်ကို တီးတိုးပြောပြီးသတိပေးလိုကိပါသည်။
"ကျွန်တော် သတိထားမိတယ်"
လင်းဖန်ဟာ ပြန်ဖြေလိုကိသည်။
သူသာ ဒီအခြေအနေကို သေချာမကိုင်တွယ်နိုင်ရင် နှစ်ဖက်စလုံးက အပြင်းအထန်တိုက်ခိုက် ကြတော့မှာပါ။