ဘာလို့အဲလောက်တောင် ချဲ့ကားနေရတာလဲ?
Vol. 5 Ch. 64
"မင်းတို့ ဘယ်လိုများပြောနိုင်ရတာလဲ? သူဌေးလေးက အခုမှ ငယ်ငယ်ရွယ်ပဲရှိသေးတယ် ။သူမင်းတို့လို အကျိုးအကြောင်းမဆင်ခြင်တဲ့ လူတွေကြောင့် နွံနစ်သွားရင် ဘယ်လိုလုပ်မလဲ?"
ခန္ဓာကိုယ် ဝဝနှင့်လူကြီးဟာ အော်လိုကိသည်။သူဟာ လင်းဖန်လုပ်တဲ့ ပန်ကိတ်ရဲ့ သစ္စာရှိ ပရိတ်သတ်တစ်ယောက်ပါ။
သူလင်းဖန်ရဲ့ ပန်ကိတ်ကလွဲလို့ တစ်ခြားပန်ကိတ်တွေဆို စားလို့မရတော့ပါဘူး။တစ်ကိုက်ကိုက်ပြီးတာနဲ့ လွင့်ပစ်လိုက်ရစမြဲပါ။သူဟာ လင်းဖန်ရဲ့ ပန်ကိတ်နဲ့ ယှဥ်ရင် တစ်ခြားပန်ကိတ်တွေကို အမှိုက်တွေလို့အဲ ခံစားရပါတယ်။
"ပန်ကိတ်ရောင်းပြီး ဘယ်လိုလုပ် အနာဂတ်ကောင်းတွေ ရှိနိုင်မှာလဲ? မာစတာ လင်းက တကယ့် မာစတာ တစ်ယောက်ပဲ သူဟောပြောလျုက်တဲ့ အရာတွေက အဓိက အချက်ကို တန်းနေတာတွေ ချည်းပဲ"
"မင်းတို့ ဘယ်ကလာကြတာလဲ? ထွက်သွားကြ မာစတာ လင်းကို လာမနှောက်ယှက်ကြနဲ့"
လင်းဖန်ဆိုင်ရှေ့မှာ တန်းစီနေတဲ့ လူကြီးတစ်ယောက်ဟာ အော်ဟစ်ပြောလိုက်သည်။
"မင်းတို့ သာထွက်သွားသင့်တဲ့ လူတွေ၊ မင်းတို့ သူဌေးလေးရဲ့ ပန်ကိတ်ကို စားဖူးကြလား? မစားဖူးရငိ ပါးစပ်ပိတ်ထားကြ။ဒါက နိုင်ငံတကာကို ထိုးဖောက်ဖို့တောင် ဖြစ်နိုင်ခြေရှိတယ်"
"နိုင်ငံတကာကို ထိုးဖောက်မယ် ? မင်းဘယ်သူ့ကို လာလိမ်နေတာလဲ? ဒီနိုင်ငံမှာ ပန်ကိတ်သည်တွေ မှိုလိုပေါက်နေတာ မင်းဘယ်သူ နိုင်ငံတကာ အဆင့်အထိရောက်တာ မြင်ဖူးလိူ့လဲ?"
"ငါတော့ မယုံဘူး၊ ဟုတ်တယ်မလား?"
"ဟုတ်တယ်၊ ငါလည်းမယုံဘူး"
သူတို့ရဲ့ အခြေအနေတွေဟာ ပိုပိုပြီးတင်းမာလာကြပါပြီ။လူလိမ်မပြောနဲ့ လင်းဖန်တောင် သူတို့ရဲ့ ရူးသွပ်မူကြောင့် ကြောင်အနေခဲ့ပါတယ်။
သူတို့သာ ဒီအချိန််မှာ ဝင်မဖြေရှင်းဖူးဆိုရင် သိပ်မကြာခင် တိုက်ခိုက်ကြတော့မှာပါ။ဒါဟာ အဆုံးသတ်မှာ ယုတ်ဆိုးသွားနိုင်သည်။
သတင်းခေါင်းသည်းအတွက်ကတော့ ရိုးရှင်းပါတယ်။သူဖြစ်နိုင်ခြေရှိတဲ့ သတင်းခေါင်းစည်းတွေကို တောင် တွေးကြည့်ပြီးသွားပါပြီ။
"ပန်ကိတ်စားသုံးသူများနှင့် ဗေဒင်မေးလာကြသူများ အကြီးအကျယ် အငြင်ပွားကြပြီး အဆုံးသတ်မှာ တိုက်ခိုက်ကြခြင်း"
လင်းဖန်ဟာ အနည်းငယ်စိတ်တ်ပျက်နေ ခဲ့သည်။တစ်ခါတစ်လေကျရင် တစ်စုံတစ်ယောက်ဆီ ကောင်းတဲ့ အရာတွေ မလာခင် မကောင်းတာတွေ အရင်ရောက်လာတတ်ပါတယ်။
"အားလုံးပဲ စိတ်အေးအေး ထားကြပါ"
ဟော်ဟန် ဟာ အားလုံးကို တားဆီးလိုက်ပါတယ်။
သူမရဲ့ စကားတစ်ခွန်းတည်းဖြင့် ပန်ကိတ်အတွပ်ရောက် လာကြသည့်သူများဟာဟတိတ်ဆိတ်သွားကြပါသည်။
သူတို့ခေါင်းဆောင်က စကားပြောချင်တဲ့ အတွက်သူတို့ချက်ချင်း တိတ်ဆိတ်ပေးလိုက်ကြပါတယ်။
"သူဌေးလေး ကျေးဇူးပြုပြီး၊ ငါတို့အကုန်လုံးက ရှင့်ရဲ့ သစ္စာရှိ ပရိတ်သတ်တွေလေ။ရှင်ပန်ကိတ်ကို ဆက်ပြီး ရောင်းချပေးနိုင်မလား?"
ဟော်ဟန်ဟာ ဆွဲဆောင်မူရှိစွာပြော လိုက်ပြီး လင်းဖန်ရဲ့ စိတ်ကို ပြောင်းလဲအောင်လုပ်လိုက်ပါတယ်။
ပန်ကိတ်အတွက် ရောက်လာခဲ့သည့် လူများဟာ စိတ်ထဲတွင် ရယ်မောနေ ခဲ့ကြသည်။သူတို့ရဲ့ ခေါင်းဆောင် စကားပြောကတည်းက အရာရာအဆင်ပြေသွားမှာပါ။
သူတို့ရဲ့ ခေါင်းဆောင်က မိန်းမလှလေးတစ်ယောက်ဖြစ်ပြီး သူဌေးလေး အရည်ပျော်ကျသွားစေရန် လုံလောက်ပါသည်။
"မဟုတ်ဘူး ပန်ကိတ်ရောင်းလို့ ဘာအနာဂတ်မှ မရှိဘူး ၊ မာစတာ သူတို့ပြောတာ နားထောင်လိူ့မရဘူးနော်"
ဗေဒင်လာမေးသည့် လူများအဖွဲ့မှတစ်ယောက်သည် ဝင်ပြောလိုက်သည်။သူမက လှပတဲ့ မိန်းကလေး တစ်ယောက်ပါ။သူမဟာ ဟော်ဟန်လောက် မလှပပေမယ့်လည်း၊ သူမမှာ ပိုသာတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ရိုးရှင်းစွာ လှပနေခဲ့ပါတယ်။
ပန်ကိတ်အတွက်ရောက် လာကြသည့် လူများဟာတော့ ဟော်ဟန် ဒီမိန်းကလေးကို အနိုင်ယူကျော်ဖြတ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။နှစ်ဖက်လုံးဟာ လေးစားရတဲ့ မိန်းမလှလေးနှစိယောက်ကို ပွဲထုတ်ထားကြပါတယ်။
လူလိမ်ထျန်ဟာ ဒီမိန်းကလေးနှစ်ယောက်လုံးကို ကြည့်ကာ တံတွေးမျိုချလိုက်ပါတယ်။သူမတို့နှစ်ယောက်လုံး လှပတယ် ဆိုတာ ဝန်ခံရမှာပါ။
အဲ့အချိန်မှာတော့ လင်းဖန် ဘာလုပ်ရမလဲဆိုတာ မသိတော့ပါဘူ။
"ရှင်ကငယ်ငယ်လေးပဲရှိသေးတာလေ၊ ဘယ်လိုဖြစ်ပြီး ဒီလိုအလုပ်ကိုင်လုပ်နေတာလဲ? ရှင်ပန်ကိတ်သာ ဆက်ရောင်းရင် အနာဂတ်မှာ အစားအသောက် အကြီးအကဲတောင် ဖြစ်နိုင်ခြေရှိတယ်"
ဟော်ဟန်ဟာ သူမရဲ့ လက်ကို ခါးပေါ်တင်ကာ ပြောလိုက်ပါသည်။
"ဟေး မာစတာက အနာဂတ်ကို ဟောပြောတဲ့ အစစ်အမှန် မာစတာ တစ်ယောက်ပဲ ။သူ့စကားတွေကို နားထောင်ပြီးသွားရင် ဘဝအတွက်မျှော်လင့်ချက်တွေ ရှိသွားလိမ့်မယ်"
တစ်ခြားမိန်းမလှ လေးဟာ ပြန်လည်ချေပလိုက်သည်။
ဘေးနားပတ်ပတ်လည်ဆိုင်များမှ လူများဟာတော့ အံ့သြနေခဲ့ကြပါတယ်။သူတို့ဟာ အနည်းငယ်တော့ သံသယဖြစ်မိကြပါသည်။
ပန်ကိတ်သည်က ဗေဒင်ဆရာဘယ်လို ဖြစ်လာတာလဲ?
သို့ပေမဲ့ သူတို့ဟာ လင်းဖန်ရဲ့ အရည်အချင်းကိုတော့ လေးစားမိကြသည်။ဒါက တကယ်ကို စွမ်းဆောင်နိုင်စွမ်းရှိတဲ့ မာစတာပါ။
"အားလုံးပဲ တိတ်တိတ်နေပေးပါ"
လင်းဖန်ဟာ အုပ်စုနှစ်စုကြားကို သွားရပ်လိုက်ကာ ပြောလိုက်သည်။သူသာ ဒီပြသနာ ကိုမဖြေရှငိးနိုင်ရင် နောက်ထပ်ဆက်ဖြစ်မလဲ ဆိူတာ မပြောနိုင်ပါဘူ။
"ငါသေချာ စဥ်းစားပါရစေဦး"
လင်းဖန်ထပ်ပေါင်း ပြောလိုက်သည်။
ဒီကိစ္စအတွက်ကတော့ လင်းဖန် သေချာစဥ်းစားမှ ရမှာပါ။သူ အနာဂတ်ဟောပြောခြင်းရဲ့ စမ်းသပ်ချက်ကို မပြီးဆုံးသေးသ၍ သူရပ်တန်လို့ မရပါဘူး။
သို့ပေမဲ့ ပန်ကိတ်ရဲ့ စွမ်းအားဟာလည်း အရမ်းကြီးပြီး အငြင်းအခုန်တွေတောင် ဖြစ်ပွားနိုင်ခဲ့ပါတယ်။
ပန်ကိတ်စားရဖို့ အရေး လူရာချီစုဝေးပြီး ရောက်လာတယ်ဆိုတာ တစ်ခါမှ မြင်ဖူးတဲ့ အရာမဟုတ်ပါဘူး။တကယ်လို့ ဒီအဖြစ်ပျက်ကိုသာ နိုင်ငံခြားသားတွေမြင်ခဲ့ရင် သူတို့အံ့သြသွားပြီး ရေရွတ်ကြပါလိမ့်မယ်။
"သောက်ကျိုးနဲ နိုင်ငံ"
ယင်းနောက် တွင်လင်းဖန်ဟာ အကြံကောင်းတစ်ခုကို စဥ်းစားမိလိုက်သည်။
"ခနလေး"
လူအုပ်ကြီးဟာ သူဌေးလေး ဘာကိုဆိုလိုချင်မှန်း နားမလည်ကြပါဘူး။သူတို့ဟာ လင်းဖန် ဆိုင်ထဲကို ရုတ်တရက် ပြေးဝင်သွားကြတာကိုသာ ကြည့်နေခဲ့ကြပါသည်။
ဆယ်မိနစ်ခန့်အကြာတွင် လင်းဖန်ဟာ ပိုစတာကြီး တစ်ခုနှင့်အတူ ပြန်ထွက်လာခဲ့သည်။ဓ
လင်းဖန်အရာအားလုံးကို တွေးထားပြီးပါပြီ။သူတို့ပန်ကိတ် စားချင်တယ် ဆိုရင် ပန်ကိတ်နဲ့ပတ်သက်တဲ့ အသိပညာတွေကို နားလညိဖို့ လိုအပ်ပါတယ်။
သူသာ ဒီလူအုပိကြီးကို အသုံးချပြီး စွယ်စုံအမှတိတွေ ရအောင်လုပ်နိုင်ရင် ဒါက အံ့သြဖွယ်ရာတစ်ခုပါပဲ။လင်းဖန်ဟာ ပိုစတာ ကို လူလိမ်ထျန်ဆီပေးလိုက်ပြီး နံရံတွင် ကပ်ခိုင်းလိုက်သည်။
"ငါဗေဒင်ဟောတာကိုတော့ ရပ်တန့်လိုက်လို့ မရဘူး၊ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ပြင်းပြတဲ့ဆန္ဒတွေကို အသိအမှတ်ပြုပါတယ်။ဒီပိုစတာ ကပန်ကိတ်အကြောင်းတွေကို ရေးပေးထားတာ။ခင်ဗျားတို့ ဒါကိုသာနားလည် နိုင်ရင် ပန်ကိတ်တစ်ခုစီ ချီးမြင့်ပေးမယ်။ဒါပေမဲ့ လူတိုင်းမှာ တစ်ခေါက်စီပဲ အခွင့်အရေးရှိတယ်နော်"
"အနာဂတ်မှာတော့ တစ်နေ့ကို ပန်ကိတ် ဆယ်ခုစီပဲ လုပ်ပေးမယ်။ခင်ဗျားတို့ ပန်ကိတ်ရဖို့ မဲနိုက်ဖို့လိုလိမ့်မယ်။ကျုပ်ကတော့ ဒီလောက်ပဲလုပ်ပေးနိုင်လိမ့်မယ် ဒါကို သဘောမတူဘူးဆိုရင် တော့ ကျွန်တော်လည်း မကူညီပေးနိင်တော့ဘူး"
လင်းဖန်ဟာ ပြောလိုကိသည်။
"ဆယ်ခုပဲလား ? အဲဒါက အရမ်းနည်းပေမဲ့လည်း ဘာမှမစားရတာထက်စာရင်တော့ တော်ပါသေးတယ်"
"ပိုစတာ ကိုနားလည်းရမယ်ဆိုတာက ဘာလဲ? နည်းနည်း ထူးဆန်းနေသလိုပဲ"
"သူဌေးလေး ရှင်ကတကယ်ကောင်းတာပဲ"
ဟော်ဟန်ဟာ စိတ်လှုပ်ရှားစွာပြောလိုက်ပါတယ်။သူမ လင်းဖန်ကိုတောင် ပြေးဖက်လိုက်ချင်မိသည်။
ဟော်ဟန် အတွက်ကတော့ ဒါကအနိုင်ရတာပါပဲ။သူတို့ နောက်ဆုံးတော့ သူဌေးလေးကို ပန်ကိတ်ပြန်လုပ်ခိုင်းနိုင်ခဲ့ပါပြီ။
အရေအတွက်ကို ကနိ့သတ်ထားပေမဲ့လညိး သူတို့ ပန်ကိတ်ကို စားဖို့ အခွင့်အရေးရှိနေသေးသ၍ ဒါက ဝမ်းသာစရာပါ။
ယင်းနောက် ပန်ကိတ်အတွက်ရောက်လာသည့် သူများ ပိုစတာကို လေ့လာနေသည့်အချိန်တွင် ၊လင်းဖန်ဟာ ဗေဒင်ဟောရန်လာသည့် လူများကို ဆက်လက်ဟောနေခဲ့သည်။လူတစ်ချိုဟာ မျက်မှောင်ကျုတ်နေကြပြီး ပိုစတာမှာရေးထားတာတွေကို နားမလည်ကြပါဘူး။
ဗေဒင်မေးဖို့ အရွေးမခံရတဲ့ လူတွေဟာလည်း ပိုစတာ ကို လာကြည့်လိုက်ကြပါတယ်။သူတို့က ဒီလူတွေကို ရူသွပ်တဲ့ အထိဖြစ်အောင် ပန်ကိတ်ကဘယ်လောက် ကောင်းလို့လဲ သိချင်နေကြပါတယ်။
"စွယ်စုံအမှတ် + 1 "
"စွယ်စုံအမှတ် + 1"
"........."
ရုတ်ရက် လင်ဖန်ဟာ စွယ်စုံအမှတ် ၁၀ မှတ်တက်လာခဲ့ပြီး စုစုပေါင်း စွယ်စုံအမှတ် ၂၃ မှတ်အထိရှိလာခဲ့သည်။
ပုံမှန်ဆိုရင် ဒီလူတွေကို၊ဒီလိုနည်းလမ်းသုံးခြင်းအားဖြင့် အကြောင်းအရာကို နားလည်လိုစိတ်ပိုပြင်းပြလာမှာပါ။အခုတော့ သူစွယ်စုံအမှတ် ၁၀ မှတ်သာရရှိခဲ့ပါသည်။သူတို့တွေဟာ လုံလောက်အောင်ကြိုးစား အားထုတ်မူ မရှိကြတာဖြစ်နိုင်ပါတယ်။
သူ့ရဲ့ ဗေဒင်ဟောပြောခြင်းဟာ အယောက်နှစ်ဆယ် ပြည့်သွားခဲ့ပါပြီ။လင်းဖန် သူတို့ ယူလာတဲ့ ပန်ကိတ်လှည်းဆီကို လျောက်သွားကာ မတ်တတ်ရပ်လိုက်သည်။
"မင်း"
"ပြီးတော့ မင်း"
"မင်းတို့ ဆယ်ယောက်တည်းရှိပေမယ့်လည်း၊ ပိုစတာ ကိုနားလည်တဲ့ အတွက် ပန်ကိတ်ကို စားဖို့အခွင့်အရေးရမယ်"
"ယေးး ငါနောက်ဆုံးတော့ အောင်မြင်သွားပြီ"
ဟော်ဟန်လည်း သူတို့ထဲမှာ အရွေးခံလိုက်ရပြီးစိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည်။သူမဟာ အစက ပိုစတာ မှာရေးထားတာ တွေကို နားမလည်နိုင်ခဲ့ပါဘူး။သို့ပေမယ့် သူမကြိုးစားပြီး အားစိုက် လိုက်တဲ့အချိန်မှာ နားလည်သွားခဲ့ပြီး ပန်ကိတ်စားဖို့ အခွင့်အရေး ရရှိခဲ့ပါတယ်။
"သူဌေးလေး သူတို့နားလည်တယ် ဆိုတာ ဘယ်လိူသိတာလဲ?"
အရွေးမခံရတဲ့ တသ်ယောက်ဟာ စိတ်ပျက်စွာဖြင့်မေးခွန်းထုတ်လိုက်ပါသည်။
လင်းဖန်ဟာ ပြုံးလိုက်ပြီး သူ့ဆိုင်ရှေ့မှာ ချိတ်ထားတဲ့ "မာစတာ" လင်းဆိုတဲ့ ဆိုင်းဘုတ်ကို လက်ညိုးထိုးပြလိုကိပါတယ်။
မေးလိုက်တဲ့ ကောင်းလေးဟာတော့ ဒါကိုကြည့်ပြီး ဆွံ့အသွားခဲ့ပါသည်။
ဟော်ဟန်ဟာ ပထမဆုံးရသည့် ပန်ကိတ်ကို ယူလိုက်ပြီး အရသာကို မြည်းဖို့မစောင့်နိုင်တော့ပါဘူး။သို့ပေမယ့် သူမဟာ ဖုန်းကိုထုတ်ကာ ဓာတ်ပုံအနည်းငယ် ရိုက်လိုက်ပါသည်။
"ငါနောက်ဆုံးတော့ သူဌေးလေးရဲ့ ပန်ကိတ်ကို ပြန်စားရပြီ"
ဟော်ဟန်ဟာ ပြုံးလိုက်ပြီး ကျေနပ်မူကို ခံသားလိုက်ရပါတယ်။
ဟော်ဟန်နဲ့ အစောက ငြင်းခုန်းနေတဲ့ မိန်းကလေးဟာ ဟော်ဟန်ကို ကြည့်ကာ လှမ်းပြောလိုက်သည်။
"ပန်ကိတ်လေး တစ်ခုပဲကို ..နင့်ကြည့်ရတာ အရမ်းပျော်နေသလိုပဲ"
"လာတစ်ကိုက် စားကြည့် ငါတစ်ကိုက်လောက်ကို မတွန့်တိုပါဘူး"
ဟော်ဟန်ဟာ သူမနဲ့ မငြင်းတော့ပါဘူး။သို့ပေမဲ့ သူမ အကြံဥာဏ်တစ်ခုကို တွေးမိလိုက်ပါတယ်။
သူမ ဒီမိန်းကလေးကို သူဌေးလေးရဲ့ ပန်ကိတ်ဘယ်လောက်ကောင်းလဲ မြည်းခိုင်းရပါမယ်။သူမ ဒါကို စားးပြီးရင် နောက်တစ်ခါမစားပဲ နေနိုင်တော့မှာ မဟုတ်ပါဘူး။ဒါဆိုရင် သူမ နောက်ထပ်ရှိုးတစ်ခုကြည့်ရတော့မှာပါ။
"ဟားဟား ကောင်းပြီလေ"
မိန်းကလေးဟာ သူမမျက်နှာမှာ သိပ်ကြိုက်တဲ့ပုံတော့ မပေါ်နေခဲ့ပါဘူး။သို့ပေမယ့် သူမပန်ကိတ်ကို တစ်ကိုက်ကိုက် လိုက်တဲ့ အချိန်မှာ အရာရာတိုင်းဟာ ပြောင်းလဲသွားခဲ့ပါသည်။
ဟော်ဟန်ဟာ ချိုမြတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်ကာ ပန်ကိတ်ကို အလျင်အမြန်ပြန်ဆွဲယူ လိုက်ပါတယ်။
ရုတ်တရက် မိန်းကလေးဟာ ကောင်းကင်ဘုံကိုရောက်သွားသလို ခံစားလိုက်ရသည်။ဒါက လုံးဝကို မထင်မှတ်ထားတဲ့ အရသာ နဲ့ ဒခံစားချက်ပါပဲ။
သူမဘာမှ မခံစားရပေမဲ့ ပျော်ရွင်မူကို ခံစားနေရပါတယ်။သူမပန်ကိတ်ရဲ့ အပြင်ဘက်အခြမ်းကိုသာ စားလိုက်ပေမယ့် အရသာဟာ အရမ်းကောင်းလွန်းနေခဲ့ပ့သည်။သူမ ဒီအရသာကို မေ့လို့ရနိုင်တော့မှာ မဟုတ်ပါဘူး။
"ဒါက...."
မိန်းကလေးရဲ့ မျက်လုံးထဲတွင် အံ့သြမူကြောင့် ပြူးကျယ်နေခဲ့သည်။
ဒီအရသာ ၊ ဒီရနံ့ ၊ ဒီ ခံစားချက် ငြင်းရက်စရာမရှိဘူး...လုံးဝကို ထိန်းချုပ်မထားနိုင်ဘူး...
ကမ္ဘာမြေပေါ်က နိဗ္ဗာန်ဘုံ ၊ တကယ်ကို ကမ္ဘာမြေပေါ်က ကောင်းကင်ဘုံပဲ....
"တစ်ကိုက်လောက် ထပ်ကျွေးလို့ရမလား"
မိန်းကလေးဟာ အစောပိုင်းက သူမပြောခဲ့တဲ့ စကားတွေကို မေ့သွားခဲ့ပြီး တံတွေးမျိုချကာ ပြောလိုက်ပါတယ်။
ဟော်ဟန်ဟာ မိန်းကလေးရှေ့မှာပဲ ပန်ကိတ်ကို အကြီးကြီးတစ်ကိုက်ကိုက်ပြီး အရသာခံစားပြလိုက်ပါတယ်။ဒီခံစားချက်က လုံးဝမမေ့မရနိုင်တဲ့ ခံစားချက်ပါ။
"ငါနင့်ကို ထပ်ကျွေးမှာ မဟုတ်ဘူး"
ဟော်ဟန်ဟာ စားနေရင်းပြောလိုက်သည်။ယင်းနောက် သူမဟာ လှည့်ပြီး ထွက်သွားလိုက်ပါတယ်။
"မဟုတ်ဘူး ငါ သွားတန်းစီရမယ် ၊ ငါဒါကို စားရမှဖြစ်မယ် အရမ်းအရသာရှိလွန်းတယ်"
မိန်းကလေးဟာ ထပ်ပြီး မထိန်းချုပ်နိုင်တော့ပါဘူး။ဗေဒင်ဟောဖို့ ရောက်လာခဲ့ကြတဲ့ လူများဟာ မိန်းကလေးရဲ့ အဖြစ်အပျက်ကိူ ကြည့်ပြီး ဆွံ့အနေခဲ့ကြပါတယ်။
"ဒါတကယ်ကြီးလား သူမ ချဲ့ကားပြီး ပြုမူနေသလိုပဲ"
သူတို့ကို ပိုပြီး အံ့သြစေတာက ပန်ကိတ်ကို ရပြီးစားနေကြတဲ့ လူများဟာ လည်း မိန်းကလေးရဲ့ ခုနက အမူအရာနဲ့ တစ်ထပ်တည်းပါပဲ။
"အရသာရှိတယ်...ဒါ ဒါကအရမ်း အရသာရှိလွန်ူတယ်"
"ငါအချိန်အကြာကြီးစောင့်ခဲ့ရတာ နောက်ဆုံးတော့ ငါ့အိမ်မက်ထဲက ပန်ကိတ်ကို ပြန်စားခွင့်ရခဲ့ပြီ"
"ငါတို့ ဒီလိုပန်ကိတ်သာ ထပ်စားခွင့်မရတော့ရင် ဘာအတွက် အသက်ရှင်နေမှန်းတောင် သိတော့မှာ မဟုတ်ဘူး"
ဒီလူတွေထဲမှာ ပန်ကိတ်စားပြီး မျက်ရည်ကျနေတဲ့ လူတစ်ချို့တောင် ရှိနေခဲ့ပါတယ်။
စောက်ကျိုးနဲ......
ဘေးနားက လူများဟာ သူတို့ကိုကြည့်ကာ နှလုံးသားထဲမှ ဆွံ့အနေကြပါသည်။
မင်းတို့ အဲလောက်ထိ ချဲ့ကားနေဖို့ လိုအပ်လို့လားကွာ....?