ဒါဆယ်လီတွေလား မှတ်ထားစမ်းပါဦး
Vol. 5 Ch. 65
ညအချိန်ဘက်တွင်။
ပေ့ချ်တစ်ခုဟာ ဝိုက်ဘိုပေါ်မှာ ပို့စ်တစ်ခုတင်ထားခဲ့ပါတယ်။
ဒီပို့စ်ကိုရေးထားခဲ့တာဟာ ကောင်လေးတစ်ယောက်ဖြစ်ပြီး ဝိုက်ဘိုပေါ်မှာ ပရိတ်သတ်တွေအများကြီး မရှိပါဘူး။သို့ပေမယ့် သူဟာ မာစတာလင်းကို မန်းရှင်း ခေါ်ထားပြီး အားလုံးရဲ့ အာရုံစိုက်မူကို ရယူထားခဲ့ပါတယ်။
"နတ်ဆိုးဆန်တဲ့ ပန်ကိတ်တွေက မာစတာလင်းဆီကနေ လာတယ်။သရုပ်ဆောင်တွေရဲ့ အော်စကာ ဆုရတဲ့ အရည်အချင်းတွေကို ကြည့်ပါဦး"
ဒီပို့စ်ဟာ အားလုံးရဲ့ အာရုံစိုက်မူကိုရနေခဲ့ပြီး တစ်နေ့ထဲမှာပဲ မှတ်ချက်ပေါင်း ၇ သိန်းကျော်ရှိပြီး ၈ သိန်းနီးပါးတောင် ကပ်နေခဲ့ပါတယ်။
စတီဗင်0625 : ဘာကို ကောင်းကင်ပေါ်က နိဗ္ဗာန်လဲ? ဗေဒင်ဆရာက ပန်ကိတ်ရောင်းနေတာလား?သူဒီလူတွေကို သရုပ်ဆောင် ဖို့ပိုက်ဆံဘယ်လောက်တောင် ပေးထားလဲမသိဘူး"
လေတံတား ညဘက်သံကြိုး : မာစတာလင်းက စန်းပွင့်နေတာ ၊ သူ့ရဲ့ကံတရားတွေ ကုန်သွားတဲ့အချိန်ကြရင် သူ့ဆိုင်ကို ကြော်ညာဖို့တစ်ခြား တစ်နည်းကို သုံးလိမ့်မယ်။ဒါက မဖြစ်နိုင်တာကြီး။
ရှမြောင် : ငါ့အဲ့အချိန်တုန်းက ဖိနပ်ဆိုင်မှာ ရှိနေတာ ။သူတို့ရဲ့ အမူအရာတွေက သဘာဝကိုတောင် ကျော်လွန်နေသလိုပဲ။ငါတောင် ဒီလိုမျိုးသရုပ်မဆောင်နိုင်ဘူး သူဒီလူတွေကို ဘယ်ကနေခေါ်လာခဲ့တာလဲ မသိဘူး။
ဝိုက်ဘိုအသုံးပြုသူ အများစုဟာ ဒါကိုဟာသတစ်ခုလိုပဲ မှတ်ယူနေကြပါတယ်။သူတို့တွေးနေတာက ဒါကို အမှန်လို့လူတွေအကုန်လုံး စောက်ရူးပါပဲ။
အချစ်မရှိလို့ ကူကယ်ရာမဲ့ : အကုန်လုံးက ချဲ့ကားပြီး သရုပ်ဆောင်နေကြတာ၊ ဒါကပန်ကိတ်လေးပဲလေ အဲလောက်ထိ ဖြစ်ဖို့လိုမလား။
ပရို ငါးဖမ်းသူ(ကြက်သွန်အနှစ်) : မင်းတို့ မယုံမကြည်မဖြစ်သင့်ဘူးနော်။မာစတာ လင်းကဗေဒင်ဟောတာမှာ အရမ်းတိကျတယ်။ငါိဒီနေ့ ကံကောင်းလို့ ပန်ကိတ် စားခွင့်ရတာ။အဲ့တာက အရမ်းအရသာရှိလွန်းတယ်။မင်းတို့မသွားကြည့်ရင် နောင်တရလိမ့်မယ်။ငါမနက်ဖြန် သွားပြီးစောစောသွားတန်းစီ မယ်လို့ဆုံးဖြတ်ထားတယ်"
လူပျက်ဘုရင် တစ်ယောက် : မင်းတို့ "ပရိုငါးဖမ်းသူ (ကြက်သွန်အနှစ်) ကိုယုံကြည်သင့်တယ်နော်။မာစတာလင်းဟောတာ တွေကအရမ်း တိကျတယ်။ငါသူ့ပန်ကိတ်ကို မစားဖူးပေမဲ့ ဘေးနားကနေပြီး ဖြတ်သွားတာတောင် ရနံ့က လုံးဝကို တစ်ခြားဟာတွေနဲ့ ကွဲပြားတယ်။
သိပ်မကြာခင်။
သဘောမတူတဲ့ မှတ်ချက်တွေဟာ စတင်ငြင်းခုန်လိုက်ကြပါတယ်။
တစ်ယောက်က ယုံကြည်တယ် ဆိုရင် နောက်တစ်ယောက်က မယုံကြည်ပြန်ပါဘူး။အဲ့အချိန်မှာ ပွဲကြည့်ဖို့ လာတဲ့ လူတွေလည်း ရှိပါတယ်။
လင်းဖန်ဟာ အိမ်မှာနေပြီး ဝိုက်ဘိုကြည့်နေခဲ့တာပါ။သူ့သတင်းကို ခေါင်းစည်းပိုင်းမှာ မြင်လိုက်တဲ့အချိန်မှာ သူဘာမှသိပ်ပြီး ထူးထူးခြားခြား မခံစားရပါဘူး။ဒါကပုံမှန်ပါပဲ။
လူအများကြီးဟာ ပို့စ်အောကိမှာ ဆွေးနွေးနေကြပြီး ဖြစ်နိုင်ခြေရှိတဲ့ သီအိုရီ တွေကို ပြောနေကြပါတယ်။
လင်းဖန်ဟာ လွန်ခဲ့တဲ့ ရက်တွေတုန်းက ဒီလိုအဲခြေအနေကို ကြုံတွေ့ဖူးပြီးသားဖြစ်ပြီး သိပ်ရင်မခုန်တော့ပေ။
ဒီရက်အနည်းငယ် အတွင်းမှာ သူ့ဝင်ငွေဟာ မိုးထိုးနေပြီး ဒေါ်လာ ခုနှစ်သောင်းလောက်ရှိပါတယ်။
အရင်တုန်း လင်းဖန်ဆိုရင် ဒီပမာဏကို အိပ်မက်ခွင့်ရှိမှာတောင် မဟုတ်ပေ။သူစွယ်စုံကျမ်းကို ရပြီးကတည်းက သူ့ဘဝရဲ့အရာရာတိုင်းဟာ အဆင်ပြေလာခဲ့ပါတယ်။
သူပန်ကိတ်ရောင်းတာကလညိး မဆိုးဘူးလို့ခံစားရပါတယ်။သူသုံးတဲ့ နည်းလမ်းကသူ့စွယ်စုံအမှတ်တွေကို တိုးလာစေမှာပါ။
သူအရင်တုန်းက မြို့သူ မြို့သားတွေကို ပန်ကိတ်ရောင်းပေမယ့်လည်း သူတို့ဟာ သူ့ကိုသိပ်အလေးမထားကြပေ။အခုတော့ သူတို့ပန်ကိတ် ရဖို့ဆိုင် သူရေးထားတဲ့ ပိုစတာကို နားလည်မှရမှာပါ။
သူသာ ပန်ကိတ်တွေ လုံလောက်အောင် ရောင်းပြီး စွယ်စုံကျမ်းမှာ အခန်းတစ်ခန်းဖွင့်နိုင်လို့ရှိရင်...ဟီးဟီး ဒါဟာ စိတ်ကူးကြည့် လို့တောင် မရနိုင်ပေ။
အဲ့အချိန်မှာပဲ လင်းဖန်ဟာ ဝိုက်ဘိုပေါ်မှာ ပို့စ်တစ်ခုကို တင်လိုက်ပါတယ်။
"ကျွန်တော်ရဲ့ အလုပ်ကဗေဒင်ဟောတာ ဖြစ်ပေမဲ့လည်း အရံစီးပွားရေးအနေနဲ့ ပန်ကိတ်ရောင်းပါတယ်။တကယ်လို့ ခင်ဗျားတို့ ကမ္ဘာ့အရသာအရှိဆုံးပန်ကိတ်ကို စားဖူးချင်ရင် ရှန်ဟိုင်း တိမ်ဖြူလမ်း 8861 ကိုလာခဲ့ပါ"
လင်းဖန် ပို့စ်တင်ပြီးနောက်မှာပဲ မှတ်ချက်များစွာဟာ တက်လာခဲ့ပါတယ်။
လူတိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့မှတ်ချက်ကတော့ ဆောင်းဦးဓားရဲ့ မှတ်ချက်ပါ။သူဟာ လင်းဖန်ကို အပြင်းအထန်ကို ဝေဖန်နေခဲ့သည်။
သူ့ရဲ့ မှတ်ချက်ကိုကြည့်ရင်း လင်းဖန်စိတ်ပျက်စွာခေါင်းခါယမ်း လိုက်သည်။သူဒီစောက်ရူးကိုတော့ လွှတ်ထားဖို့ပဲ တတ်နိုင်ပါတော့တယ်...
လင်းဖန်ဟာ သီးသန့်စာစောင် တွေအများကြီးကို လိုက်ကြည့်နေပြီး တစ်ခုဟာတော့ သူ့အာရုံကို ဖမ်းစားသွားခဲ့ပါသည်။
စာပို့သူ အကောင့်နာမည်က ဆယ်လီရဲ့နာမည်နဲ့တူနေခဲ့ပါတယ်။လင်းဖန် အစကတော့ ဒါအကောင့်တုလို့ ထင်နေခဲ့တာပါ သို့ပေမယ့် သူပရိုဖိုင်ထဲ ဝင်ကြည့်လိုက်တဲ့ အချိန်မှာ ဒါအစစ်အမှန် မှန်းသိလိုက်ရသည်။
"မာစတာ လင်း ဗေဒင်မေးချင်လို့ရလားမသိ?"
စာကိုမြင်းပြီ လင်းဖန်ဟာ လှောင်ရယ်လိုက်ပြီးစာပြန်လိုက်ပါသည်။
"မင်းဗေဒင်တွက်ချင်တယ် ဆိုရင် ငါ့ဆိုင်ကိုလာခဲ့ပါ။ငါ ဝိုက်ဘိုကနေ ဗေဒင်မဟောတော့ဘူး"
လင်းဖန် ဝိုက်ဘိုကို ပိတ်ဖို့လုပ်လိုက်တဲ့ အချိန်မှာပဲ ဆယ်လီဟာ စာပြန်လာတာကို တွေ့လိုက်ရသည်။
"ကျွန်တော် ဘယ်သူလဲ သိရဲ့လား?နာမည်က ဝမ်ဟွာ ၊ ဆယ်လီတစ်ယောက်။မာစတာဆိုင်ကို လာဖို့ဆိုတာ ငါ့အတွက် မသင့်တော်ဘူး"
လင်းဖန် သဘောကျသွားပြီး စာပြန်လိုက်ပါတယ်။
"ငါဘယ်သူလဲ သိရဲ့လား? ငါက မာစတာလင်းပဲ။မင်းကို ဒီကနေ ဗေဒင်ဟောဖို့က ငါအတွက် မသင့်တော်ဘူး။မင်းဗေဒင်ဟောချင်ရင် ငါ့ဆိုင်ကိုလာခဲ့ ဒါပေမဲ့ မင်းအရွေးခံရ မခံရကတော့ ငါလည်း မပြောတတ်ဘူး"
ဆယ်လီဟာ စာပြန်လာခဲ့သည်။
"ဟီးဟီး"
လင်းဖန် ဒီ "ဟီးဟီး" ဆိုတဲ့ စကားလုံးကို မြင်ရင် ကြောက်နေခဲ့ပါပြီ။မသိရင် ဒါက တစ်ယောက်ယောက်ကို ချောက်ချခါနီး သုံးတဲ့စကားလုံးလိူမျိုူပါပဲ။
ဒီလို ဆယ်လိီတွေက အမြဲတမ်းတိုက်ခိုက်ဖို့ပဲ ဥိးတည်နေကြပါတယ်။ဒီစကားလုံးနှစ်လုံးက ဘာကိုဆိုလိုတာလဲ မပြောနိုင်ပေ။
လင်းဖန် ငြိမ်မနေနိုင်ပဲ သာချက်ချင်းပြန်လိုက်ပါတယ်။
"ငါပြီးခဲ့တဲ့ နှစ်က နာရီဝယ်လိုက်တယ်"
ဆယ်လီ : ခင်ဗျားဘာကိုဆိုလို ချင်တာလဲ? ဘယ်လိုဖြစ်ပြီး တစ်ခြားလူကို ကြိမ်းဝါးနေတာလဲ။
လင်းဖန် : ငါတကယ် ပြီးခဲ့တဲ့နှစ်က နာရီတစ်လုံး ဝယ်ခဲ့တာ။
ဆယ်လီ: ...........
လင်းဖန် ဒီဆယ်လီကို သိပ်ပြီး ဂရုစိုက်မနေတော့ပါဘူး။သူဟာ ပရိတ်သတ် အနည်းငယ်သာရှိသည့် လူတစ်ယောက်သာဖြစ်သည်။ဒီဆယ်လီက သူ့ကို ပြသနာ လာရှာချင်နေတာပါ။
သိပ်မကြာခင်မှာဘဲ လင်းဖန်ဟာ သူ့ကို ဆယ်လီက တပ် တွဲပြီး တင် ထားတဲ့ ပို့တစ်ခုတပ်လာတာတွေလိုက်ရပါတယ်။
"ဒီတော့ ဒါက ဒဏ္ဌာရီလာ ဗေဒင်ဆရာပေါ့၊ သူဒီလို စကားမျိုးပြောထွက်တယ်လား?"
ဆယ်လီဟာ သူနဲ့ လင်းဖန် ပြောထားတာတွေကို စခရင်ရှော့ ရိုက်ပြီး ပုံတွေတင်ထားခဲ့ပါတယ်။ဒါဟာ သိပ်မကြာခင်ပဲ လူအများရဲ့ အာရုံကို ဖမ်းသားသွားခဲ့သည်။
လင်းဖန်အစက ဒီတိုင်းပဲ ထားလိုက်ချင်တာပါ ၊ ဒါပေမဲ့ ဒီဆယ်လီက အပြုသဘောနဲ့ မဖြေရှင်းချင်ပါဘူး။
"ဘယ်ကမှန်းမသိတဲ့ ဆယ်လီရဲ့ နည်းလမ်းတွေက မှတ်သားထားသင့်ပါတယ်။ငါက ခေါင်းစည်းသတင်းမှာပါနေလို့ ငါ့ကိုအသုံးချပြီး နာမည်ကြီးချင်နေတာလား။ငါက လူတိုင်းကို ညီတူမျှတူပဲ ဆက်ဆံတယ်"
@ကမ္ဘာပေါ်က အဆိုးဆုံး ဆယ်လီ"
လင်းဖန် သူ့ပို့စ်ကို တင်ပြီးတဲ့ နောက်မှာ ချက်ချင်းမှတ်ချက်တွေ တက်လာတာ တွေ့လိုက်ရပါတယ်။
"6666...ကမ္ဘာ့အဆိုးဆုံး ဆယ်လီက ဒဏ္ဌာရီလာဗိုလ်ချုပ် ဝမ်ဟွာ ဖြစ်ပါတယ်"
"ဟုတ်တယ် ဒီဆယ်လီက အရှက်ကိုမရှိဘူး၊ မာစတာ လင်းက ခေါင်းကြီးပိုင်းမှာ ရောက်နေလို့ မာစတာ လင်းကိုအသုံးချပြီး နာမည်ကြီးချင်နေတာ"
"ဒီဝမ်ဟွာ ငါအဲ့ကောင်ကို ကြည့်မရဘူး၊ဒီကောင်က ကြောင်သူတော်"
"ဒီကောင်ရဲ့ အခြေအနေက အကျပိုင်းမှာရောက်နေတာလေ သူမာစတာလင်းဆီမှာ ဗေဒင်မေးပြီး အဆင်ပြေနိုင်မယ် လို့ တွေးနေတာ ဖြစ်မှာပေါ့"
"မာစတာ လင်းက စည်းမျဥ်းတွေနဲ့နေတဲ့ လူတစ်ယောက်ပဲ"
သူရဲ့ အကြံအစည်ကျရှုံးသွားတာကို ကြည့်ပြီး ဝမ်ဟွာဟာ စိတ်တိုနေခဲ့ပါတယ်။
"ယီး မာစတာ လင်း၊ စောင့်နေစမ်း"
...........
လင်းဖန်ဟာ သူ့ကွန်ပြူတာ ရှေ့မှာထိုင်နေပြီး အတော်ပျင်းလာခဲ့ပါတယ်။သူ့ကိုယ်သူ ကာကွယ်တာဟာ သူ့အတွက်ထမင်းစားရေသောက်လို ဖြစ်နေပြီး ဆယ်လီတွေ အတွက်လည်း မထူးခြားပါဘူး။
ကလင် ကလင်
သူ့ဖုန်းလေးဟာ ရုတ်တရက်မြည်လာခဲ့ပြီး ခေါ်ဆိုသူနံပါတ် ကိုကြည့်လိုက်တဲ့အချိန်မှာ ရင်းနှီးနေခဲ့ပါတယ်။
"ဟုတ် အမေ ၊ ဘာဖြစ်လို့လဲ?"
စွယ်စုံကျမ်း မရှိခင်တုန်းက လင်းဖန်ဟာ တကယ်မျှော်လင့်ချက်မဲ့နေပြီး အိမ်ပြန်ဖို့တောင် စဥ်းစားခဲ့ဖူးပါတယ်။
"အဲ့မှာ အခြေအနေ ဘယ်လိုရှိလဲ?"
အမေလင်း ဟာ မေးလိုကိသည်။
"အေးဆေး အနားယူပါ၊ သားဒီမှာ အဆင်ပြေပါတယ်။သား အောက်တိုဘာ ကျရင် ပြန်လာခဲ့မယ်လေ"
"အလုပ်တွေ အလွန်အကျွံမလုပ်နဲ့ ။မင်းအဲဒီမှာ အခြေအနေတွေ မထိန်းထားနိုင်တော့ရင် မင်းအတွက် ပြန်လာဖို့ အိမ်အမြဲတမ်းရှိတယိဆိုတာ သတိရနော်"
အမေ လင်းဟာ ပြောလိုကိသည်။
"အမေ ၊ သားကိုလျော့တွက်နေတာလား? အေးဆေးအနားယူပါ..သား အောက်တိုဘာ ကျပြန်လာရင် အမေ့အတွက် စပရိုက် လုပ်ပေးမယ်"
လင်းဖန် ဝမ်းသာစွာပြောလိုက်သည်။
"ဘာ စပရိုက် ? အခုပြောလို့ မရဘူးလား? မင်းကောင်မလေး ရနေပြီထင်တယ်"
အမေ လင်း ဟာ ရယ်မောလိုကိသည်။
"အရမ်းမမေးနဲ့ သားပြန်လာတဲ့အချိန်မှ သိလိမ့်မယ်"
"ကောင်းပြီ ကောင်းပြီ ထပ်မမေးတော့ဘူး။ကောင်းကောင်းအိပ်ပြီး များများစားနော်။အမေကတော့ ငါ့သား အဟာရ ချို့တဲ့နေပြီလို့ထင်တယ် ၊ သားပြန်လာမှ စားးသောက်ပွဲ လုပ်ပေးရမယ်"
.........
အချိန်အကြာကြီး ဖုန်းပြောပြီး နောက်မှာ လင်းဖန်ဟာ ဖုန်းချလိုက်ပြီး ဖုန်းကို တစ်ညလုံး အားသွင်းဖို့ ပလပ်ကြိုး တပ်လိုက်ပါတယ်။