← Chapters

သန့်စင်ခန်းသွားဖို့ အဆင်မပြေဘူးနော်

Vol. 5 Ch. 66

သန့်စင်ခန်းသွားဖို့ အဆင်မပြေဘူးနော်

Vol. 5 Ch. 66

နောက်တစ်နေ့တွင်။

လင်းဖန်ဟာ ကားလေးကို တောင်ကုန်းတွေ ၊ ချိုင့်တွေပါ မရှောင်ပဲ မောင်းနေခဲ့ပါတယ်။

သူဟာ ဗေဒင်ဟောစားပြီး ၊ ပန်ကိတ်လေးရောင်းနေပေမယ့် ဒီလိုကားလေးကို ပြင်ဖို့ ၊ ဝယ်ဖိူ့ အတွက်တော့ တတ်နိုင်ပါသေးတယ်။

ဒီကားဟာသိပ်ပြီးမသစ်တော့ပါဘူး။သို့ပေမယ့်လင်းဖန်အတွက်တော့ ဒီကားဟာ လှပပြီး ၊​ေဒါ်လာသိန်းဂဏန်းလောက် တန်ပါသေးတယ်။

ဝမ်မင်ယန်သာ လင်းဖန် ကားကို ဒီလိုမောင်းနေတာမြင်လို့ရှိရင် သွေးအန်သွားနိုင်ပါတယ်။ကားက အနည်းဆုံးတော့ ဒေါ်လာ သိန်းချီတန် သေးပြီး အမှိုက်မဟုတ်ပေ။

အချိန်တွေဟာ အစောကြီးသာရှိနေသေးပြီး လင်းဖန်ကားကို လမ်းကြို လမ်းကြားကနေ ကွေ့ပတ်မောင်းနေခဲ့သည်။လတ်ဆတ်တဲ့ လေထုဟာ သူ့အရည်ပြားကို ထိုးဖောက်ဝင်ရောက်နေပြီး ဒါဟာ ခံစားလို့ အလွန်​ကောင်းနေခဲ့သည်။

တိမ်ဖြူလမ်း။

လူလိမ်ထျန်ဟာ ဒီနေ့အစောကြီးနိုးနေပြီး ဆိုင်ကို အစောလာဖွင့် ထားခဲ့ပါတယ်။

လင်းဖန်ဟာ ဆိုင်ရှေ့ကို ရောက်သည့်အချိန်တွင် အံ့သြသွားခဲ့ပါသည်။သူ့ဆိုင်ရှင့်မှာ တန်းစီတဲ့ လူတွေဟာ လူအုပ်ကြီး ဖြစ်နေခဲ့ပါပြီ။

ဒါက သူမျော်လင်းမထားတဲ့ အရာပါ။

လင်းဖန်ရောက်လာတဲ့ အချိန်မှာ အနီးအနားရှိ ဆိုင်ပိုင်ရှင်များဟာ မိတ်ဆက်လိုက်ကြသည်။

"မာစတာ အလုပ်အကိုင်တွေ ကောင်းနေတယ်နော်"

"အင်း အတော်ကောင်းနေတယ်"

လင်းဖန်ဟာ ရယ်မောကာခေါင်းယမ်းလိုကိသည်။သို့ပေမဲ့ သူ့နှလုံးသားမှာတော့ ဂုဏ်ယူမူတွေ ပြည့်နေခဲ့ပါတယ်။

သူ့အလုပ်အကိုင်ဟာ အတော်ကို ကောင်းမွန်နေပြီး ပတ်ဝန်းကျင်မှ ဆိုင်များ၏ မနာလိုချင်းကို ခံနေရပါသည်။

"သူဌေးလေး ရောက်လာပြီ"

လူအုပ်ကြီးဟာ လင်းဖန်ကို မြင်တဲ့အချိန်မှာ စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်လိုက်ကြပါတယ်။

လူအုပ်ကြီးရဲ့ မျက်လုံးထဲမှာတော့ လင်းဖန်က သူတို့ရဲ့ အိုင်ဒေါ ပါပဲ။

"အားလုံးပဲ မောနင်း"

လင်းဖန်ဟာ ပြုံးလိုက်ကာ အားလုံးကို နှုတ်ဆက်လိုက်သည်။

"သူဌေးလေး နောက်ဆုံးတော့ ရောက်လာပြီပေါ့၊ ကျွန်တော်တို့ အကုန်လုံး ဒီမှာစောင့်နေကြတာ"

"မင်းရဲ့ ပန်ကိတ်က ကမ္ဘာ့အကောင်းဆုံးပဲ ပြီးခဲ့တဲ့နေ့က ငါပန်ကိတ်အကြောင်းပဲ စဥ်းစားနေတာ"

...........

ဘေးနားဝန်ူကျင်မှ ဆိုင်ပိုင်ရှင်များဟာ လင်းဖန်

တို့ဆိုင်ဘက်ကို မနာလိုစွာနဲ့ ကြည့်နေကြပါတယ်။သူတို့ ဆိုင်မှာဒီလိုမျိုး တစ်ခါမှမဖြစ်ဖူးပါဘူး။

ဒီလိုမျိုး ကာစတန်မာတွေကို ဆွဲဆောင်နိုင်ဖို့ဆိုရင် တစ်စုံတစ်ယောက်ဟာ လုံလောက်တဲ့ အရည်အချင်းနဲ့ စွမ်းဆောင်နိုင်စွမ်းတွေ ရှိဖို့ လိုအပ်ပါတယ်။

"မင်းနောက်ဆုံးတော့ ရောက်လာပြီပေါ့။ဒီမှာ အဓိကရုဏ်း တောင်ဖြစ်တော့မလို့"

လူလိမ်ထျန်ဟာ ရယ်မောကာပြောလိုက်သည်။

သူတို့ ဗေဒင်ဟောကတည်းက ဒီလောက်ကြီးမားတဲ့ လူအုပ်ကြီးကို မတွေ့ဖူးပါဘူး။

"တုန်ကင် နံပါတ်တွေပေးပြီးပြီလား"

လင်းဖန်ဟာ မေးလိုက်သည်။

"ငါလွန်ခဲ့တဲ့ တစ်နာရီလောက်ကတည်းက ဝေပေူပြီးသွားပြီ မင်းလာဖို့ကို စောင့်နေတာ"

လူလိမ်ထျန်ဟာ ပြန်ဖြေလိုက်သည်။

"ဒါဆို စလုပ်လိုက်ရအောင်"

လင်းဖန်ဟာ ပန်ကိတ်ကောင်တာ မှာရပ်ပြီး ပါဝင်ပစ္စည်းများကို ကိုင်ကြည့်ကာ ပြောလိုကိပါတယ်။

"အလျင်မလိုကြနဲ့ တန်းစီပြီး ကိုယ့်အလှည့်ကို စောင့်လိုက်ရအောင်"

"နံပါတ် ၁"

"နံပါတ် ၁၈"

"နံပါတ် ၃၆"

..........

"ရက်စ် ငါအရွေးခံရပြီ"

လူငယ်လေးတစ်ယောက်ဟာ တုန်ကင်ကတ်ကို ကိုက်ပြီး အောိဟစ်လိုကိပါတယ်။သူ့ပန်ကိတ်ကို စားရဖို့ မစောင့်နိုင်တော့ပါဘူး။

"ငါလည်း အရွေးခံရပြီ နောက်ဆုံးတော့ မာစတာ လင်းရဲ့ ပန်ကိတ်ကို စားရတော့မယ်"

"မနေ့က ငါစားလိုက်တဲ့ ပန်ကိတ်က တကယ်ကိုနိဗ္ဗာန်ဘုံလိုပဲ၊ မာစတာ လင်းက ဗေဒင်ဟောတာတင် တိကျတာ မဟုတ်ဘူး၊ နတ်ဘုရားလို ပန်ကိတ်တွေလည်း လုပ်နိုင်တယ်၊ပန်ကိတ်သာရှိရင် တစ်ယောက်တည်း နေဆိုရင်လည်း နေနိုင်တယ်"

ဒီမှာ တန်းစီးနေတဲ့ လူတွေအားလုံးဟာ မာစတာ လင်းရဲ့ ပန်ကိတ် ဘယ်လောက်ကောင်းလဲ သိကြပါတယ်။

တန်းစီနေတဲ့ လူတစ်ယောက်ဟာ မိန်းမလှလေး ပြောတာကို ကြားပြီး ရယ်မောလိုက်သည်။

!ဟေးအစ်မ မနေ့ကလည်း ဒီစကားပဲ ပြောတာ မဟုတ်ဘူးလား"

မိန်းကလေးဟာ ရှက်ကိုးရှက်ကန်းဖြင့် လက်ကိုဝေ့ယမ်းကာ ပြောလိုကိသည်။

"ဟုတ်တယ် ငါလညိး မတတ်နိုင်ဘူး"

.........

အလုပ်သွားဖို့ ထွက်လာကြသည့် သူများဟာ လည်း လူအုပ်ကြီးကို မြင်ပြီး သံသယ ဖြစ်စွာကြည့်လိုက်ကြပါတယ်။

"ဒါက ဗေဒင်ဟောတဲဆိုင်မဟုတ်ဘူးလား၊ ပန်ကိတ်လည်း ရောင်းတာပဲလား?"

"ပန်ကိတ်ဆိုင် သေးသေးလေးမှာ လူတွေအများကြီး တန်းစီနေကြတယ်၊ ဒါအမှန်တကယ် မဖြစ်နိုင်ဘူး"

"အမှန် အဖြစ်နိုင်ဘူးဟုတ်လား? ဒါက ကျော်ကြားတဲ့ ဗေဒင်ဆရာ မာစတာ လင်းလေ၊ ပြီးခဲ့တဲ့ ညက ဝိုက်ဘို ဆော့ဝဲကို မသုံးဘူးလား?မာစတာ လင်းကပန်ကိတ်လည်း ရောင်းနေပြီ အရသာကအအရမ်းကောင်းတယ်တဲ့"

အလုပ်သွားဖို့ လူပ်နေကြတဲ့ လူအနည်းငယ်ဟာ လည်း တန်းစီနေကြတဲ့ လူအုပ်ကြီးနဲ့ အတူဝင်ရောပြီး တန်းစီလိူက်ကြပါတယ်။

သို့ပေမဲ့ သူတို့ ဒီမှာ စစ်စတန် ဘယ်လိူအလုပ်လုပ်လဲဆိုတာ ကို မသိကြပါဘူး။

ကောင်လေးတစ်ယောက်ဟာ သူ့ရှေ့မှာ အမျိုးသမီးတစ်ယောက် တန်းစီနေတာတွေပြီး မေးလိူက်သည်။

"အန်တီ ဟိုကပိုစတာက ဘာအတွက်လဲ?"

"မင်း တုန်ကင်ကတ်ပြားရဖို့ အရင်တန်းစီရတာ၊ ပြီးတော့ မင်းအလှည့်ရောက်ရင် ပိုစတာ ကိုကြည့်ပြီး ပန်ကိတ်ရ မရ ဆုံးဖြတ်ပေးမှာ"

မိန်းမကြီးဟာ ရှင်းပြလိုက်သည်။

"ဟားဟား ပန်ကိတ်စားရဖို့ အဲလိုစည်းမျဥ်းရှိသေးတာလား?"

ကောင်လေးဟာ ခေါင်းခါယမ်းပြီး ထွက်သွားခဲ့ပါတယ်။သူပန်ကိတ် ဘယ်လိုအရသာရှိလဲ သိချင်ခဲ့တာပါ။သို့ပေမဲ့ ဒီက စည်းမျဥ်းတွေကို ကြည့်ပြီး ပန်ကိတ်စားဖို့ စိတ်မဝင်စားတော့ပေ။ဒါက ကမ္ဘာ့အဆင့်မှီ ပန်ကိတ်ဆိုရင်တောင် သူအလှုပ်ရှုပ်ခံမှာ မဟုတ်ပါဘူး။

လင်းဖန် ကောင်တာနောက်မှာ ရပ်နေခဲ့ပြီး ၊ ပန်ကိတ် ဆယိခုလုပ်လိူ့ ပြီးသွားပါပြီ။ပန်ကိတ်ရဲ့ ရနံ့ဟာ တိမ်ဖြူလမ်း တစ်လျောက်လုံးကို ပျံ့နှံ့နေပြီး တစ်ခြားလူများကို အရေပျော်ကျသွားခဲ့သည်။

"ဒါဘာ ရနံ့လဲ"

"ရနံ့က အရမ်းဆွဲဆောင်နိုင်လွန်းတယ်"

........

လင်းဖန် လက်နှက်ဖက်ကို ရိုက်လိုက်ပါသည်။

"ဒီ​ေန့အတွက် ပန်ကိတ် ဆယ်လုံးကတော့ ပြည့်ပြီး အားလုံးပဲ အလှည့်ကျ ပိုစတာ ကိုကြည့်ကြပါဦး"

ဒီမှာရှိနေကြတဲ့ လူတွေ အကုန်လုံးပုံမှန်ဖောက်သည်တွေပါ။သူတို့ ဟာ အလှည့်ကျပိုစတာ ကိုကြည့်လိုက်ကြသည်။

သူတို့ကြည့်ပြီးတဲ့ အချိန်မှာ အရွေးခံရတဲ့ လူများဟာ ပန်ကိတ်များရလိုက်ကြပါတယ်။

တစ်ချို့ သစ္စာရှိပရိသတ်များထဲမှ ချမ်းသာတဲ့ လူများဟာ ပန်ကိတ်ရဖို့အရေး ပိုက်ဆံအမြောက်အများ သုံးချင်နေကြပါသည်။

"ကောင်လေး ပန်ကိတ်ရောင်းပေးလို့ရမလား၊စျေးကို မင်းပဲ ဆုံးဖြတ်လေ"

သက်လတ်ပိုင်း လူကြီးဟာ ပြောလိုက်သည်။သူက ကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာ တစ်ယောက်ဖြစ်ပြီး ဝင်ငွေ အတော်ကောင်းပါတယ်။သူလင်းဖန်ရဲ့ ပန်ကိတ်ကို တစ်ခါစားပြီးကတည်းက ထပ်စားချင်နေခဲ့သည်။

သူမနေ့က ကံကောင်းပြီး အရွေးခံခဲ့ရပါတယ်။သူစားပြီးတဲ့နောက်မှာ ပန်ကိတ်အကြောင်းပဲ တွေးနေခဲ့ပြီး ပိုပိုစားချင်နေခဲ့သည်။

"မရောင်းဘူး"

လင်းဖန်အလျင်အမြန်ပဲ ကန်ကွတ်လိုက်သည်။

"ပန်ကိတ် တစ်ခြမ်းအတွက် ဒေါ်လာတစ်ထောင်ပေးမယ်"

ဘးနားကဖြတ်သွား နေကြတဲ့ လူများဟာ ဒါကိုကြားပြီး ဆွံ့အသွာခဲ့ကြပါတယ်။ဒါမဖြစ်နိုင်ဘူးပန်ကိတ်တစ်ခုအတွက် ဒေါ်လာတစ်ထောင် လား။

"ကောင်းပြီလေ"

လင်းဖန် အချိန်အနည်းငယ် စဥ်းစားပြီးတဲ့နောက်မှာ ဒီပိုက်ဆံကို လက်လွတ်မခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။သူဟာ နောက်ထပ်ပန်ကိတ် တစ်ခြမ်းကို ပြုလုပ်လိုက်သည်။

လက်တစ်ဖက်က ပန်ကိတ်ကို ပေးတဲ့ အချိန်မှာ ကျန်တဲ့ လက်တစ်ဖက်နဲ့ ဒေါ်လာတစ်ထောင်ကို ယူလိုက်ပါတယ်။

တကယ်အလုပ်ကောင်းပဲ......

လူလိမ် ထျန်ဟာ လင်းဖန်အနား လာပြီးး ပြောလိုက်ပါသည်။

"ပန်ကိတ် ရောင်းတာက ဗေဒင်ဟောတာထက်ကောင်းနေသလိုပဲနော် ၊မင်းပန်ကိတ် တစ်ခုကို ဒေါ်လာ ငါးရာနဲ့ရောင်းရင်တောင် သူတို့ဝယ်ကြဦးမှာပဲ"

လူလိမ်ထျန်ဟာ လင်းဖန်အတွက် အလုပ်လုပ်ပေးတဲ့ အချိန်က စပြီးအလုပ်နဲ့ လက်နဲ့ မပြတ်ခဲ့ပါဘူး။

ပန်ကိတ်တစ်ခြမ်း အတွက် ဒေါ်လာတစ်ထောင်၊ ဒီဟာကို သူ့မျက်လုံးနဲ့ မြင်ရတာ မဟုတ်ရင် ယုံကြည်နိုင်မှာ မဟုတ်ပေ။

လင်းဖန် လဘက်ရည်ကို သောက်ကာ ရယ်မော

လိုက်ပါတယ်။ပန်ကိတ်စားနေကြတဲ့ လူများရဲ့ ခံစားချက်ကိုကြည့်ပြီး ဂုဏ်ယူနေခဲ့သည်။

တိမ်ဖြူလမ်းတွင် ကျေနပ်သည့် အသံများဖြင့် ဖုံးလွမ်းနေခဲ့သည်။

"ဝိုး အရသာက အရမ်းကောင်းလွန်းတယ်"

"ဒီအရသာ နဲ့ ဒီရနံ့က ဖော်ပြလို့တောင် မရနိုင်တော့ဘူး"

သူတို့ ရဲ့မျက်နှာတွေဟာ ပန်ကိတ်ကို ကိုက်လိုက်တဲ့ အချိန်မှာ လုံးဝပြောင်းလဲသွားခဲ့ပါတယ်။

နဂါးပုံတက်တူးတွေ အပြည့်နဲ့ လူမိုက်ကြီးတစ်ယောက်ဟာ သူ့ခေါင်းပေါ်က သံကြိုးကို ဖယ်လိုက်ပြီး မျက်လုံးကို မှိတ်လိုက်ပါတယ်။

သူ့ရဲ့ ပါးနှစ်ဖက်တွင်တော့ မျက်ရည်များစီးကျလာခဲ့သည်။သူဟာ အလွန်အမင်းဝမ်းသာနေခဲ့ပြီး ပြောလိုက်ပါတယ်။

"အပူအပင်ကင်းတဲ့ ငယ်ဘဝအချိန်တွေ ကို ပြန်ရောက်သွားသလိုပဲ။ငါနောက်တစ်ခါပန်ကိတ်မစားရပဲ မနေနိုင်တော့ဘူး"

ဘေးနားက ဖြတ်သွားဖြတ်လာများဟာ ဒီလိုဆေးစွဲသလို ဖြစ်နေတဲ့ လူများကို မြင်နေကြရပါတယ်။

သူတို့က ဘာလို့ဒီလို ဖြစ်နေကြတာလဲ?ဒါက ပန်ကိတ်လေးပဲလေ...

"မာစတာ လင်းအခုကစပြီး ပန်ကိတ်ရောင်း ပေးပါလား?"

မြို့သားများဟာ တိုက်တွန်ူလိုက်ကြပါသည်။

"ဟုတ်တယ် ဗေဒင်ဟောတာကို အပျင်းပြေလောက်ပဲ လုပ်လေ။ပန်ကိတ်ရောင်းတာက တကယ့်စီးပွားရေးကောင်းပဲ"

လင်းဖန်ဟာရယ်မောလိုက်သည်။သူဒီလို လုပ်လို့မရပါဘူး.....

စွယ်စုံအမှတ် + 1

စွယ်စုံအမှတ် + 1

စွယ်စုံအမှတ်ဟာ ဆက်တိုက်တက်နေ ခဲ့ပြီး ၈ မှတ်အထိ မြင့်တက်လာခဲ့သည်။

အခုဆိုရင် လင်းဖန်မှာ စုစုပေါင်း စွယ်စုံအမှတ်၃၁ မှတ်ရှိနေခဲ့ပါပြီ။ဒါက သူ့အတွက်တော့ တိုးတက်မူကြီးပါပဲ။

အဲ့အချိန်မှာပဲ လင်းဖန်ရဲ့ ဗိုက်ဟာ ရုတ်တရက် နာလာခဲ့သည်။

"ငါကို ခနလောက် အချိန်ပေးကြပါဦး၊ငါဗိုက်နာလာလို့ သန့်စင်ခန်းသွားမှ ရတော့မယ်"

လင်းဖန်ဟာ သူ့ဗိုက်ကို ကိုင်ထားကာ အလျင်အမြန်ပြောလိုက်သည်။

"မာစတာ မြန်မြန်သွားလေ"

"ဒီနေရာက မကောင်းဘူး၊ ဒီနေရာမှာ သန့်စင်ခန်း မရှိဘူး၊ ရှော့ပင်းမော ကိုသွားမှရလိမ့်မယ်"

ဒီနားမှာ သန့်စင်ခန်းတစ်ခုမှ မရှိပဲ လင်းဖန်ဟာတော့ အလျင်လို နေခဲ့ပါပြီ။

လင်းဖန် ကြိုးစားပြုံးလိုက်ပြီး ဆိုင်ကို လူလိမ်ထျန်နဲ့ လွှဲပေးခဲ့လိုက်ပါတယ်။သူဗိုက်နာတာက ရပ်တန့်လို့ရတဲ့ အရာမဟုတ်ပေ။

All Chapters