မင်းနည်းလမ်းတကျ နားလည်ရင်အကောင်းဆုံးပဲ
Vol. 5 Ch. 67
ရှော့ပင်း စင်တာ ။
ပထမထပ်....ယောက်ျားလေး သန့်စင်ခန်းတွင်။
"အားး ခံစားလို့ကောင်းလိုက်တာ"
လင်းဖန်ရဲ့ လက်တွေခြေထောက်တွေဟာ အနည်းငယ် အကြောသေသလိူဖြစ်နေခဲ့ပါတယ်။သူဟာ ဆိုင်ရှေ့မှာ မိနစ်နှစ်ဆယ်ခန့် ဟမတ်တတ်ရပ်နေခဲ့ခြင်းဖြစ်သည်။
သူ့ခြေထောက်တွေဟာ အနည်းငယ်ပူနေခဲ့ပြီး သူဒါကို ဖြေဖျောက်ဖို့ လိုအပ်ပါတယ်။
ဒီရှော့ပင်း စင်တာဟာ အမှန်တကယ်ပင်နေရာကောင်းတစ်ခုဖြစ်သည်။ လင်းဖန်သူ့ရဲ့ ဗေဒင်ဟော ဆိုင်ခန်းလေးကို ဒီမှာဖွင့်နိုင်ဖို့မျှော်လင့်ပေမယ့် လည်း သူ့မှာ လုံလောက်တဲ့ ငွေကြေးမရှိပါဘူး။
အဲ့အချိန်မှာ ပဲတစ်စုံတစ်ယောက်ဟာ လင်းဖန်ရဲ့ နာမည်ကို ခေါ်သံကြားလိုက်ရသည်။
"ကောင်လေး ဖန်"
လင်းဖန်ကြောင်အ သွားခဲ့ပါတယ်။ဘယ်သူလဲ??
သူ့နာမည်ပြောင် " ကောင်လေး ဖန်" ဆိုတာက အထက်တန်းကျောင်းတုန်း ကနာမည်ပါ။လင်းဖန် လှည့်ကြည့်လိုက်တဲ့ အချိန်မှာ အံ့သြသွားခဲ့ရသည်။
"သစ်ပင်ကြီး..."
သူ့ရှေ့မှာတွေ့လိုက်ရတဲ့ ကောင်လေးဟာ အရပ်ရှည် အသားညိုပြီး ရုပ်ရည်ချောမောပါတယ်။
အထက်တန်းကျောင်းတုန်းက သူနဲ့အတော်ခင်ခဲ့တဲ့ သူငယ်ချင်းကို ဒီလို ရှောပင်းမောမှာ ချီးလာပါရင်း တွေ့ရမယ်လို့ မထင်ထားမိခဲ့ပါဘူး။
"အာ ကောင်လေးဖန် !! တကယ်ပဲ မင်းလား..ငါပထမဆုံး မြင်တဲ့အချိန်မှာ သိပ်တောင်မမှတ်မိဘူး"
ယန်ရှုရန် ဟာ စိတ်လှုပ်ရှားစွာပြောလိာက်သည်။ဒါသူ့ရဲ့ အထက်တန်းကျောင်းက သူငယ်ချင်းဆိုတာတောင် မယုံကြည်နိုင်ခဲ့ပါဘူး။
သူတို့နှစ်ယောက်စလုံးဟာ အထက်တန်းကျောင်းမှာတုန်းက သူငယ်ချင်းကောင်းတွေပါ။သို့ပေမဲ့ တက္ကသိုလ်တက်တဲ့ အချိန်မှာ အရင်ကလောက် မရင်းနှီးကြတော့ပေ။
သူတို့ အမြဲတမ်းမတွေဖြစ်ပေမယ့်လည်း လင်းဖန်အိမ်မှာ ပိတ်ရက်တိုင်း တစ်ပတ်တစ်ခါတာ့ စုခဲ့ကြပါသည်။
"သစ်ပင်ကြီး မင်းရှန်ဟိုင်းလာမယ် ဆိုရင်လည်း ငါ့ကိုတော့ပြောသင့်တယ်လေ။ ငါမင်းကို နေရာအနှံ့လိုက်ပြမှာပေါ့"
လင်းဖန်ရယ်မောကာ ပြောလိုက်သည်။ယင်းနောက်တွင် သစ်ပင်ကြီးနောက်မှ မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက်ကို သတိထားမိလိုက်ပါတယ်။
"သူတို့က ဘယ်သူတွေလဲ?"
လင်းဖန်မေး လိုက်သည်။
"ကောင်လေးဖန် ဒါက ငါ့ရဲ့ကောင်မလေး ချန်မိုင်တုန် ၊မိန်းကလေးက သူမရဲ့ သူငယ်ချင်း ပြီးတော့ ကောင်လေးက သူမရဲ့ ရည်းစား"
"အကုန်ကြည့်ကောင်းတာပဲ"
လင်းဖန်ပြောလိုက်သည်။
"ဟေး ငါ့ကိုပြောစမ်းပါဥိီး၊ မင်းရှန်ဟိုင်းမှာ ဘာတွေ လုပ်နေတာလဲ?"
ယန်ရှုရန် ဟာ ရယ်မောကာ မေးလိုက်သည်။
"ထွေထွေထူးထူးမဟုတ်ပါဘူး တိမ်ဖြူလမ်းမှာ ဆိုင်လေးတစ်ဆိုင်ဖွင့်ထားတယ်။မင်းက ဒီကို အားလပ်ရက် လာခဲ့တာလား?"
လင်းဖန် သိချင်စွာမေးလိုက်သည်။
"အဲလိုပြောလို့ရပါတယ်"
ယန်ရှုရန် ဟာလင်းဖန်ကို ဆက်ပြောလိုကိသည်။
"ငါစာမေးပွဲကို သေချာမဖြေလိုက်နိုင်ဘူးလေ၊ အခုဒီမှာ အလုပ်တစ်ခု ရှာမလို့။ငါ့ကောင်မလေး သူငယ်ချင်းရဲ့ ကောင်လေးက မြို့နဲ့ အတော်ရင်းနှီးတယ်လေ"
လင်းဖန်ဟာ ဒီအကြောင်းကို ကြားပြီး အတော်စိတ်လှုပ်ရှား သွားခဲ့သည်။
"ရှောင်ယန် ငါတို့သွားသင့်ပြီထင်တယ်"
ကျန်းဂေါင်ယန်ဟာ ဒီမှာရပ်နေရတာကို စိတ်ကုန်လာပြီး ပြောလိုက်ပါတယ်။သူဟာလင်းဖန်ကို စိတ်ပျက်စွာတစ်ချက်ကြည့်လိုက်သည်။
ဝမ်ရှောင်ယန် နဲ့ ချန်းမိုင်တုန်ဟာ သူငယ်ချင်းတွေပါ။သူမဟာ ကားနဲ့ တိုက်နဲ့ရှိသည့် ကောင်လေးတစ်ယောက်ကို ရှာနိုင်ခဲ့သည်။သူမဟာ သူဘယ်နေရာရာသွားသွားတစ်ကောက်ကောက် လိုက်ခဲ့ပါတယ်။
သူမဟာ သူမကောင်လေး စိတ်ဆိုးမှာကိုကြောက်ကာ ချန်မိုင်တုန်ရဲ့ လက်ကို ဆွဲလိုက်ပြီး သွားကြရန် အချက်ပြလိုက်သည်။
"သစ်ပင်ကြီး မင်းတို့တစ်ခုခုလုပ်စရာ ရှိသေးရင်သွားကြလေ။ငါမင်းကို ဖုန်းနံပါတ်ပေးထားခဲ့မယ် ကြိုက်တဲ့အချိန်သာ ဆက်လိုက်"
လင်းဖန်ဟာ ပြောလိုကသည်။
"ကောင်းပြီလေ ငါတို့အခြေကျသွားမှ ထပ်တွေ့ကြရအောင်"
ယန်ရှုရန် ဟာ သူ့သူငယ်ချင်းဟောင်းနဲ့ ပြန်တွေ့ပြီး ခနလေးအတွင်းမှာ ထွက်သွားရတော့မှာကို စိတ်ပျက်နေခဲ့ပါတယ်။
ဘာတွေ အလျင်လိုနေတာလဲ?
ယန်ရှုရန်ဟာ လင်းဖန်ကို သူ့ဖုန်းနံပါတ် ပေးလိုက်သည်။
"ကောင်လေးဖန် ငါသွားတော့မယ်"
ယန်ရှုရန်ဟာ လက်ပြလိုက်ကာ ထွက်သွားခဲ့သည်။
လင်းဖန်သူ့ကို ပြုံးပြလိုက်ပါတယ်။သစ်ပင်ကြီးတို့ ထွက်သွားတဲ့ အချိန်မှ လင်းဖန်ဟာလည်းထွက်လာခဲ့လိုက်သည်။
.......
"သစ်ပင်ကြီး ရှင့်သူငယ်ချင်းကဘယ်သူလဲ?"
ချန်းမိုင်တုန်ဟာ ညင်သာစွာ မေးလိုက်သည်။သူမ သစ်ပင်ကြီးနဲ့ တက္ကသိုလ်မှာ တွေ့ကြတာဖြသ်ပြီး လင်းဖန်ကို စိတ်မဝင်စားပါဘူး။သို့ပေမဲ့ သူမ ချစ်သူရဲ့ သူငယ်ချင်းဟာ လူကောင်းလားဆိုတာတော့ သိချင်မိသည်။
ချန်းမိုင်တုန် သူမရဲ့ သူငယ်ချင်းကို ယန်ရှုရန် ကိုကူညီဖို့အကူညီ တောင်းခဲ့တာပါ။သူမဟာ အစကဒီကိစ္စကို သိပ်အလေးနက် မထားခဲ့ပေ သို့ပေမယ့် အခုတော့သိပ်ပြီး ခံစားချက်မကောင်းတော့ပါဘူး။
ဝမ်ရှောင်ယန် ရဲ့ ကောင်လေးဟာ ယန်ရှုရန်ကို ဆက်ဆံတဲ့ ပုံစံတွေဟာ အထင်အမြင်သေးနေသလိုပါပဲ။
သူမတို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ပေမယ့်လညိး ချန်မိုင်တုန် ဟာ ဝမ်ရှောင်ယန်က သူမချစ်သူကို ကြောက်ရတယ်လို့ ခံစားမိပါတယ်။ဒါဟာ သူမကို သိပ်ပြီး သက်တောင့်သက်သာ မဖြစ်စေပေ။
"သူပြောခဲ့တယ်လေ တိမ်ဖြူလမ်းမှာ ဆိုင်ဖွင့်ထားတယ်တဲ့"
ယန်ရှုရန်ဟာပြန်ဖြေလိုက်သည်။
ချန်မိုင်တုန် ဟာဘာမှ ထပ်မမေးတော့ပါဘူး။
"သစ်ပင်ကြီး မင်းက တက္ကသိုလ်မှာ ဘွဲ့ရထားပေမဲ့လညိး ရှန်ဟိုင်မှာက ဘောလုံးဂိမ်း ကစားနေရသလိုပဲ။ငါမင်းကို နေရာအနှံ့ပြပေးမယ် သေချာကြည့်ထား"
ကျန်းဂေါင်ယန်ဟာ ဂုဏ်ယူစွာပြောလိုက်သည်။
ယန်ရှုရန် ဟာ ရှက်ကိုရှက်ကန်း ရယ်လိုက်ပါတယ်။
ချန်မိုင်တုန် ရဲ့ အခြေအနေကတော့ သိပ်စိတ်မကြည်လင်တော့ပေ။
ဝမ်ရှောင်ယန် ဟာတော့ သူ့ကောင်လေးကို ဂုဏ်ယူနေခဲ့ပါတယ်။
.............
မြို့သူ မြို့သားများဟာ လင်းဖန် ကို သိပ်စိတ်မရှည်နိုင်စွာ စောင့်နေခဲ့ ကြပါတယ်။တကယ်လို့ လင်းဖန်သာ သိပ်မကြာခင် ပြန်မလာတော့ ဘူးဆိုရင် သူတို့ ရှောပင်းမော ကိုလိုက်ပြီး ဆွဲခေါ်လာကြတော့မယ့် ပုံပါပဲ။
သို့ပေမဲ့ သိပ်မကြာခင်တွင် လင်းဖန်ဟာ ပြန်ရောက်လာခဲ့သည်။လင်းဖန်ဟာ ကောင်တာရှေ့မှာ ရပ်လိုက်ပြီး ကျန်နေတဲ့ ပစ္စည်းတွေနဲ့ ပြင်ဆင်လိုက်ပါတယ်။
အနက်ရောင်ကားလေးဟာ တိမ်ဖြူလမ်းကို ဖြတ်မောင်း သွားခဲ့ပါတယ်။
ဝမ်ရှောင်ယန်ဟာ ရှေ့နားက ဆိုင်ကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။
"သစ်ပင်ကြီး ၊ ကြည့်လိုက်ဦး ရှင့်သူငယ်ချင်းမလား?သူက ပန်ကိတ်ရောင်းနေတယ်"
"ဟားဟား ဒီကောင် ဘယ်လိူစောက်ကြီးစောက်ကျယ် ပြောရမလဲဆိုတာ သိတာပဲ။ပန်ကိတ်ရောင်းနေပြီးတော့ တိမ်ဖြူလမ်းမှာ ဆိုင်ဖွင့်ထားတယ် လာလုပ်နေတယ်"
ကျန်းဂေါင်ယန်ဟာ မာနကြီးစွာပြောလိုက်ပြီး ကားကို တိမ်ဖြူလမ်းမှ မောင်းထွက်သွားခဲ့ပါတယ်။
"မိုင်ဒန် နင်နဲ့ နင့်ချစ်သူနဲ့ ငါတို့နှစ်ယောက်ကို ညစာကောင်းကောင်း ကျွေးရမယ်နော်။UV ဆိုင်မှာ ကျွေးရမယ်"
"ကောင်းပြီ ကောင်းပြီ"
ချန်မိုင်တုန်ရဲ့ အခြေအနေက သိပ်မကောင်းတော့ပါဘူး။သူမဟာ UV ဆိုင်ဘယ်နားမှာ တောင်မသိပဲ ခေါင်း ညိတ်လိုက်ပါသည်။
...........
ညအချိန်။
ဒီနေ့ဟာ နောက်ထပ် အလုပ်ကောင်းကောင်းလုပ်နိုင်ခဲ့တဲ့ နေ့တစ်နေ့ပါပဲ။လင်းဖန် ဒီမြို့သားတွေ ဘာလို့ ပန်ကိတ်ပဲ ဆက်တိုက်စားချင်နေရတာလဲ ဆိုတာ မသိတော့ပါဘူး။
ငါ့ရဲ့ ဗေဒင်ပညာတွေက ဒီလောက်တိကျတာကို၊ ဒီလူတွေက ဘယ်လိုစားရမလဲ ဆိုတာပဲ သိတယ် ဒါက ဝမ်းနည်းစရာပဲ.......
အဲ့အချိန်မှာပဲ သူ့ဖုန်းလေးဟာ မြည်လာခဲ့ပါတယ်။နံပါတ်ကတော့ ဝမ်ရှုယန် ဆီကပါ။
"အေး သစ်ပင်ကြီး?"
လင်းဖန် ဝမ်းသာစွာ ပြန်ဖြေလိုကိသည်။
"ကောင်လေးဖန် ငါမင်းကို ညစာကျွေးချင်လို့"
ယန်ရှုရန်ဟာ ပြောလိုက်သည်။
"အိုး မဟုတ်တာ ၊ ငါကကျွေးရမှာပေါ့"
လင်းဖန် ပြန်ပြောလိုက်သည်။
"မင်းက နောက်တစ်ခါမှကျွေး၊ ငါကို UV ဆိုင်မှာ လာတွေ့လိုက် အဲတာက အလယ်တောင်ကုန်းလမ်းမှာ။ငါလည်းအခု လမ်းမှာ ..ငါအဲ့ဆိုင်ကိုသေချာ မသိပေမယ့် လည်း မင်းအရင်လာခဲ့လိုက် ငါပြီးမှ ဖုန်းပြန်ဆက်လိုက်မယ်"
"အိုး? UV မှာ ညစာစားမှာလား? ငါ အဲ့ဆိုင်သိတယ် ငါလာခဲ့မယ်"
လင်းဖန် ပြီးခဲ့တဲ့ အခေါက်က စားခဲ့တဲ့ စားသောက်ဆိုင် ကို မှတ်မိလိုက်ပါတယ်။
"ငါ့ကို စိတ်မပူနဲ့ ငါဆိုင်ပိတ်ပြီး လာခဲ့မယ်"
တီ
"လူလိမ် ထျန် ကျွန်တော် အရင်သွားနှင့်မယ် ဆိုင်ပိတ်ဖို့ ကူညီပေးပါဦး"
လင်းဖန် ပြောလိုကိသည်။
"အာ မင်းသူငယ်ချင်းနဲ့ ပျော်ခဲ့ကြပါ။မင်း ဘုရင်ကြီး လိုစားသောက်နေတဲ့အချိန်မှာ ငါအိမ်ကိုတစ်ယောက်ထဲပြန်ပြီး ဆန်ပြုတ်လေး သောက်နေပါ့မယ်"
လူလိမ်ထျန် လင်းဖန်နဲ့ သူ့သူငယ်ချင်း ဖုန်းပြောနေတာတွေကို အကုန်ကြားပါတယ်။သူက လင်းဖန် သူ့ကိုခေါ်သွားမယ်လို့ ထင်ထားခဲ့ခြင်း ဖြစ်သည်။
"အနည်းဆုံးတော့ ခင်ဗျား အချိန်အခါကိုနားလည်သေးတာပဲ။အနည်းဆုံးတော့ ခင်ဗျား မတုံးသေးဘူးပေါ့။ဆိုင်ပိတ်ဖို့ သတိရဦးနော် ကျုပ်သွားတော့မယ်"
လင်းဖန် ကားသော့ကို ယူကာ ကားဆီ လျောက်သွားလိုက်ပါတယ်။
အဲ့ဆိုင်က ဝိုင်အနီရောင်နဲ့ စပရိုက် ကော့တေးက တကယ်မဆိုးပါဘူး။သို့ပေမဲ့ ပြီးခဲ့တဲ့အခေါက် သူသောက်တုန်းကလို ကောင်းကောင်းခံစားရမယ် လို့မတွေးထားပါဘူး။
ဒီတစ်ခါက သူ့သူငယ်ချင်း က ညစာဝယ်ကျွေးတာဖြစ်ပြီး အလွန်အကျွံမကုန်အောင် ထိန်းပြီး စားသောက်ရပါလိမ့်မယ်......