← Chapters

အသုံးမဝင်တဲ့ လှည့်စားမူ

Vol. 5 Ch. 68

အသုံးမဝင်တဲ့ လှည့်စားမူ

Vol. 5 Ch. 68

ကောင်းကင်ဟာ ပိုပြီး မဲမှောင်လာခဲ့ပါတယ်။

ဒီနေရာဟာ သူအရင်တစ်ခေါက်က လာတုန်းကလို သိပ်ပြီး အရင်းနှီးသလိုပါပဲ။

သူအစတုန်းကတော့ သတိမထားမိပါဘူး၊ သို့ပေမဲ့ သူကားပါကင်ထိုးပြီးတဲ့ နောက်မှာ ကားအကောင်းစားတွေ ပြည့်နေတာကို သတိထားမိလိုက်ပါတယ်။

လင်ဖန် သူ့ကားနဲ့တစ်ခြားကားတွေကို ယှဥ်ပြီးကြည့်လိုက်ပါတယ်။သူ့ကားဟာ တစ်ခြားကားတွေနဲ့ ယှဥ်လိုက်ရင် နိမ့်ကျမနေပဲ အဆင်ပြေပါသည။

လင်းဖန်ရဲ့ သူငယ်ချင်းဟာ အတော်ပျူငှာပါတယ်။သူတို့ မတွေ့ရတာ အချိန်အတော်ကြာပေမဲ့လည်း သူတို့က သူငယ်ချင်းကောင်း အဖြစ်ရှိနေပါသေးတယ်။

လင်းဖန်ဟာ သူငယ်ချင်းဟောင်းနဲ့ ဆုံသည့်အချိန်တွင် အထက်တန်းတုန်းက အကြာင်းတွေတောင် ပြန်သတိရမိပါတယ်။

သူဟာ အဲ့တုန်းက မိန်းကလေးများစွာနဲ့ တွဲခဲ့ပြီးနောက်ဆုံးမှာ သူဒါက အမှာတစ်ခုကျူးလွန်မိသလိူ အမြဲတမ်း နောင်တရနေမိသည်။

အဲ့အချိန်မှာပဲ သူ့ဖုန်းလေးဟာ မြည်လာခဲ့ပါတယ်။

"ကောင်လေး ဖန် မင်းရောက်ပြီလား?"

ယန်ရှုရန်ဟာ မေးလိုက်သည်။

"ငါရောက်နေပြီ"

လင်းဖန် ဝမ်းသာစွာပြောလိုက်ပါတယ်။သို့ပေမယ့် သူတစ်ခုခု လွဲနေတာခံစားမိလိုက်ပါသည်။

သစ်ပင်ကြီး အသံတွေက ဘာဖြစ်လို့ တုန်နေတာလဲ..?

"ဒါဆို ဝင်လာခဲ့လေ"

"ကောင်းပြီ"

ဖုန်းချလို့ အပြီးမှာ လင်းဖန်ဟာ ဆိုင်ပေါက်ဝကို ဝင်လာခဲ့ပါတယ်။သူ သစ်ပင်ကြီးရဲ့ စားပွဲကို ရှာကြည့်လိုက်သည်။

"မာစတာ လင်း ..ဆာ"

မန်နေဂျာ ဟာလင်းဖန်ကို မြင်ပြီး ကောင်တာကနေ ထွက်လာခဲ့သည်။သူချက်ချင်းပဲ လင်းဖန်ကို နှုတ်ဆက်လိုက်ပါတယ်။

ဝမ်မင်ယန်ဟာ ဒီဆိုင်ရဲ့ ပုံမှန်ဖောက်သည် တစ်ယောက်ပါ။မန်နေဂျာ ဟာ ဝမ်မင်ယန်နဲ့ အတော်ရင်းနှီးပါတယ်။ ဝမ်မင်ယန် ဟာစီးပွားရေး အပေးအယူများကို ဒီဆိုင်မှာ လုပ်လေ့ရှိပါသည်။

မန်နေဂျာ ပြီးခဲ့တဲ့ အခေါက် လင်းဖန် နဲ့ဝမ်မင်ယန် လာကတည်းက လင်းဖန်နဲ့ပါ ရင်းနှီးသွားခဲ့သည်။စီအီးအို ဝမ်ရဲ့ အမူအရာက လင်းဖန်ကို ဆက်ဆံတဲ့အချိန်မှာ စီးပွားရေး အပေးအယူ လုပ်တုန်းကနဲ့ မတူပါဘူး။

"ဆျာ, တစ်ယောက်ယောက်ကို စောင့်ဦးမလား၊ ဒါမှ မဟုတ် ထိုင်နှင့်မလား"

မန်နေဂျာ ဟာယဥ်ကျေးစွာ မေးလိုက်သည်။

"ကျွန်တော် သူငယ်ချင်းက အထဲမှာ"

လင်းဖန်ဟာ မန်နေဂျာ သူ့ကို ဆျာ လို့ခေါ်တဲ့အချိန်မှာ အမည်မသိ ခံစားချက်တစ်ခုကို ခံသားလိုက်ရပါတယ်။ဒါက အတော်ကျေနပ်ဖို့ ကောင်တဲ့ ခံစားချက်ပါ။

"မာစတာ လင်းအရင်တစ်ခေါက်တုန်းက လိုဖြစ်မှာကြောင့် ကျွန်တော်တို့ စပရိုက်ကို လေယာဥ်နဲ့မှာထားတယ်။ စပရိုက်ကို ဝိုင်နဲ့ ရောသောက်ရင် အမှန်တကယ်ပဲ အရသာထူးခြားလှတယ်။မြည်းကြည့်ချင်သေးလား?"

"ကောင်းတာပေါ့"

လင်းဖန်​ပြန်ပြောလိုက်သည်။စပရိုက်ကို လေယာဥ်နဲ့ မှာယူတယ် ဆိုတာကြားပြီး လင်းဖန်အနည်းငယ် စိတ်ဝင်စားသွားခဲ့ပါသည်။

"မစ္စတာ လင်း စောင့်ပါဦး ကျွန်တော် အခုပဲ အထူးအော်ဒါ သွားလုပ်ပေးပါမယ်"

မန်နေဂျာဟာ လင်းဖန်ကို ပြောလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။

..........

ယန်ရှုရန်ဟာ နေရထိုင်ရတာ သိပ်အဆငိမပြေတော့ပါဘူး။ချန်မိုင်တုန်ဟာလည်း အတူတူပင်ခံစားနေရသည်။

သူတို့ စားသောက်ဆိုင်ထဲဝင်လာတဲ့ အချိန်မှာ ဒီဆိုင်က ပုံမှန်စားသောက် ဆိုင်တစ်ခုမဟုတ်ဘူး ဆိုတာ သိလိုက်ပါတယ်။

ဝမ်ရှောင်ယန် သူမကို UV စားသောက်ဆိုင်မှာ ဝယ်ကျွေးရမယ်လို့ ပြောတုန်းက ဒီလိုနေရာဖြစ်မယ် လို့မထင်ထားမိခဲ့ပေ။

သူဒီက အခြေအနေကို ကြည့်လိုက်တဲ့အချိန်မှာ ပုံမှန် သိပ်မစားမသောက်ပဲ နေတဲ့ လူတောင်ဒေါ်လာ ခြောက်ထောင်လောက် ကုန်ကျပါတယ်။

သာမန် ဟင်းတစ်ပွဲက ဒေါ်လာတစ်သောင်းလောက် ကုန်ကျပါတယ်။ထပ်ပြောရရင် ဒီမှာ စျေးနှုန်းတွေကိုလည်း ရေးမထားခဲ့ပါဘူး။ဒီကို လာတဲ့ လူတိုင်းဟာ နောက်ဆုံးကျသင့်သည့် ပမာဏကို ဘာမှမမေးပဲ ရှင်းခဲ့ကြသည်။

"သစ်ပင်ကြီး"

လင်းဖန်သူ့ သူငယ်ချင်းရဲ့ ပုခုံးကို နောက်ကနေပုတ်လိုက်ပါတယ်။

ယန်ရှုန်ရန်ဟာ ငွေကြေးအကြောင်းကို တွေးပြီးစိတ်ပူနေခဲ့တာပါ။သူ လင်းဖန်ကို မြင်တဲ့အချိန်မှာတော့ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ကာ ပြန်ပြုံး ပြလိုက်သည်။

ကျန်းဂေါင်ယန် ကတော့ ဘဝင်လေဟပ်နေတဲ့ ပုံစံမျိုးနဲ့ ထိုင်နေခဲ့ပါတယ်။သူလင်းဖန်ကို နှစ်ခေါက်တောင် ပြန်မကြည့်ခဲ့ပေ။

ဝမ်ရှောင်ယန်ဟာ ဂုဏ်ယူစွာပြောလိုက်ပါတယ်။

"ငါဒီကို ဂေါင်ယန်နဲ့ အကြိမ်အနည်းငယ် လာဖူးတယ်၊ ဒီကအစားအသောက်တွေက တကယ်ကိုကောင်းမွန်တယ်"

"ဘာဖြစ်လို့လဲ မိုင်ဒန် ၊ ငါဒီနေရာကို အကြံပေးတာ နင်သဘောတူရဲ့လား တောင်သေချာမမေးခဲ့ရဘူး။ငါနဲ့ ဂေါင်ယန်ပဲ ဝယ်ကျွေးမယ် ဆိုရင်ရောဘယ်လိုလဲ။ သစ်ပင်ကြီးက အလုပ်မရှိသေးတော့ နင်တို့ ပိုက်ဆံချွေတာသင့်တယ်။နင်တို့ ပိုက်ဆံ မရှင်းနိုင်ဘူးဆိုရင် အရမ်းတွန်းအားပေးဖို့ မလိုပါဘူး"

"ဟင်အင် အဆင်ပြေပါတယ်၊ ငါတို့ပဲ ဝယ်ကျွေးပါမယ်"

ယန်ရှုရန်ဟာ ပြောလိုက်သည်။

"မိုက်တယ်"

ဝမ်ရှောင်ယန် ဟာ ပြုံးပြီးတော့ လက်မထောင်ပြလိုက်ပါတယ်။သို့ပေမယ့် သူမမျက်လုံးထဲမှာ အမှန်အကန်ပြော နေတာကတော့

"ဆက်ပြီး သရုပ်ဆောင်နေလိုက်စမ်းပါ ဘေလ်ရှင်းတဲ့အချိန်မှ ဘယ်လိူနေမလဲ စောင့်ကြည့်ဦးမယ်"

ချန်မိုင်တုန်ဟာ ပြုံးလိုက်သသည်

"ငါတို့ပဲ ကျွေးသင့်ပါတယ်။ဘာပဲဖြစ်ဖြစ် ဂေါင်ယန်က ငါတို့ကို ကူညီထားတာတွေ များနေပြီလေ"

လင်းဖန်သူ့ရှေ့မှာ ဖြစ်နေတာတွေကို ကြည့်နေပြီး ဘာတွေဖြစ်နေတာလဲ ဆိုတာ နားလည်လိုက်ပါတယ်။သူဟာ သစ်ပင်ကြီးရဲ့ ပခုံးကို လက်တစ်ဖက်ဖြင့် ပုတ်ပြီး နောက်တစ်ဖက်ကို သစ်ပင်ကြီး လက်ကို ကိုင်ကာပြောလိုကိသည်။

"သစ်ပင်ကြီး မင်းစိတ်မရှိရင် ငါအများကြီးမှာလိုက်မှာနော် စိတ်မရှိဘူးမဟုတ်လား"

လင်းဖန် သူ့ ခရက်ဒက် ကတ်ကို သစ်ပင်ကြီးလက်ထဲထည့်ပေးလိုကိပြီး ပြောလိုက်ပါတယ်။

သစ်ပင်ကြီးဟာ ကြောင်အသွားပြီး လင်းဖန်ကို အထင်ကြီးစွာကြည့် မိသည်။လင်းဖန်က သူ လူအများရှေ့မှာ မျက်နှာမပျက်ရအောင် ကူညီပေးဖို့ လုပ်နေတာပါ။

ဘယ်လို သူငယ်ချင်းကောင်းလဲ.....

"စိတ်မပူနဲ့ ငါ့မှာ ပိုက်ဆံအလုံအလောက်ရှိပါသေးတယ်။မင်းစိတ်ကြိုက်သာ မှာလိုက်"

သစ်ပင်ကြီးဟာ အနည်းငယ် စိတ်သက်သာရာရသွားခဲ့ပြီး ၊ သူ့မျက်နှာလည်း ပိုတောင်ပလာခဲ့ပါတယ်။

ချန်မိုင်ဟာ သစ်ပင်ကြီးရဲ့ ဘေးနားမှာထိုင်နေပြီး သူ့လက်ထဲက လင်းဖန်ရဲ့ ကတ်ကို မြင်လိုက်ပါတယ်။သူမလည်း အနည်းငယ်စိတ်သက်သာရာ ရသွားခဲ့သည်။

သစ်ပင်ကြီးမှာ ဒီလို သူငယ်ချင်းကောင်းရှိလိမ့်မယ် လို့မထင်ထားမိခဲ့ပါဘူး။

ကျန်းဂေါင်ယန်ဟာ စိတ်ထဲကနေ အေးစက်စွာရယ်လိုက်သည်။သူမျကိနှာကတော့ ဘဝင်မြင့်နေတဲ့ မျက်နှာထားနဲ့ပါ။သူဟာ ဒီစားပွဲမှာ လူတိုင်းထက်မြင့်တယ်လို့ ထင်နေမိခဲ့သည်။

ဒီစားပွဲဝိုင်းက လေထုဟာ သိပ်ပြီးတော့ မကောင်းပါဘူး။

ဝမ်ရှောင်ယန်နဲ့ ချန်မိုင်တုန် တို့ဟာ မိတ်ကပ်တွေ အိပ်တွေ အကြောင်းကို ပြောနေကြသည်။

အဲ့အချိန်မှာပဲ ဝမ်ရှောင်ယန် ဟာ အသံကျယ်လာခဲ့ပါတယ်။

"မိုင်ဒန် နင်အဲဒီစျေးပေါတဲ့ တံဆိတ်တွေ သုံးနေတုန်းပဲလား"

"သစ်ပင်ကြီး နင်နေ့လည်တုန်းက လုရှောင်ဟန် နဲ့ အင်တာဗျူးတာ အခြေနေဘယ်လိုရှိလဲ"

လုရှောင်ဟန် ဟာ ကြယ်လေးပွင့်ဆိုင်က မန်နေဂျာ တစိယောက်ပါ။

"ငါ အစမ်းခန့်သုံးလ လုပ်ရမယ်၊ အစမ်းခန့်ကာလအတွင်းမှာ လစာက ဒေါ်လာနှစ်ထောင်၊အစမ်းခန့်ကာလပြီးသွားရင် စစ်ဆေးချက်ကို ဖြေဆိုရမယ် အောင်သွားရင် နှစ်ကုန်ဘောနပ်အပါအဝင် တစ်လကို ဒေါ်လာ သုံးထောင်ရမယ်"

"အာာ လစာကလည်း နည်းလိုက်တာ"

ဝမ်ရှောင်ယန်ဟာ မှတ်ချက်ပြုလိုကိသည်။

ကျန်းဂေါင်ယန်ဟာ ဝမ်ရှောင်ယန် ကိုပြုံးပြီး ပြောလိုကိပါတယ်။

"အခုမှ အလုပ်စလုပ်တဲ့ လူအတွက်ကတော့ အဲ့ပမာဏ ကမဆိုးပါဘူး"

"ဒါက ဘယ်လိုလုပ်လောက်မှာလဲ? ရှင့်လစာနဲ့ ဆိုရင် တစ်ခြားစီပဲ"

ဝမ်ရှောင်ယန်ဟာ နှာခေါင်းရှုတ်လိုက်သည်။သူမ ရည်ရွယ်ချက်ရှိရှိလုပ်တာလား ဆိုတာတော့ ဘယ်သူမှ မပြောနိုင်ပါဘူး။

အဲ့အချိန်မှာပဲ အစားအသောက်တွေဟာ ရောက်လာခဲ့သည်။

"အာာ ငါတို့ ဝိုင်မမှာထားဘူးလေ?"

ဝမ်ရှောင်ယန် ဟာ သူမရှေ့မှ စျေးကြီးတဲ့ ဝိုင်ကို မြင်ကာ ​အလျင်အမြန်ပြောလိုက်သည်။

"ငါမှာထားတာ"

လင်းဖန်ဟာ စပရိုက်ဘူးကို လှမ်းယူလိုက်ပြီး ပြောလိုက်ပါတယ်။

ဝမ်ရှောင်ယန်ဟာ လင်းဖန်ကို နားမလည်နိုင်စွာကြည့်နေခဲ့သည်။

ဒီလို အထက်တန်းကျတဲ့ စားသောက်ဆိုင်မှာ စပရိုက်မှာ မှာလိုက်တာလား.......

ဝမ်ရှောင်ယန် ဟာ လင်းဖန် အနီရောင် ဝိုင်နဲ့ စပရိုက်ကို ရောနေတာကို ကြောင်ပြီး ကြည့်နေခဲ့ပါတယ်။

စောက်ရူးလား......

"သစ်ပင်ကြီး မင်းရဲ့ မေဂျာက ငွေကြေးစီမံခန့်ခွဲမူပိုင်းမှာ ဆိုတာ မှတ်မိပါသေးတယ်။မင်းဘာလို့

ဘဏ်မှာ သွားမလျောက်တာလဲ?"

လင်းဖန် ဝမ်ရှောင်ယန် နဲ့ ကျန်းဂေါင်ယန် သူ့ကိုကြောင်ကြည့်နေတာ အစောကြီးကတည်းက သတိပြုမိပါတယ်။

ယန်ရှုရန် ပြောမလိုလုပ်လိုက်သည့် အချိန်တွင် ကျန်းဂေါင်ယန်ရဲ့ ဖြတ်ပြောခြင်းကို ခံလိုက်ရသည်။

"ရှန်ဟိုင်းက ဘဏ်တွေမှာ သွားယှဥ်ပြိုင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။သူ့အရည်အချင်းနဲ့ ဆိုရင်တကယ်မလုံလောက်ဘူး။ဟိုက အလုပ်သမား

တွေက နှစ်ခါပြန်ကြည့်မှာတောင် မဟုတ်ဘူး"

ကျန်းဂေါင်ယန် ပြောလိုက်သည်။

ယန်ရှုရန်ဟာ ရှက်ကိုးရှက်ကန်း ရယ်လိုကိပါတယ်။

လင်းဖန် ကျန်းဂေါင်ယန် ကိုကြည့်ကာ မေးလိုကိသည်။

"အိုး ကြည့်ရတာ မင်းက ကြယ်တာရာတွေကို အထူးပြုတဲ့ ဘွဲ့ရထားတာ ထင်တယ်"

လင်းဖန် သူဒီ ကျန်းဂေါင်ယန်ကို တစ်ခုခုတော့ ပြန်တုန်ူပြန်ဖို့ လိူတယ်လို့ ခံစားလိုက်ရပါတယ်။တစ်ခါနှစ်ခါဆို သူသည်းခံလို့ ရပါသေးသည်။သို့ပေမဲ့ ဒီ ဂေါင်ယန် က တစ်ခြားလူတွေကို နိမ့်ချပြီး ဆက်ဆံတတ်ပါတယ်။

"အာ ငါ့ ဂေါင်ယန်က ပိုပြီးစွမ်းဆောငိနိုင်တယ်။သူက နိုင်ငံခြားက တက္ကသိုလ်တစ်ခုမှာ နိုင်ငံကိုယ်စားပြုပြီး ဘွဲ့ရခဲ့တာ"

ဝမ်ရှောင်ယန်ဟာ ဂုဏ်ယူစွာပြောလိုကိသည်။

"ဂေါင်ယန် တက္ကသိုလ် နာမည်က ဘာဖြစ်တယ်"

ဝမ်ရှောင်ယန်ဟာ မေးလိုကိသည်။သို့ပေမဲ့ သူမဟာ ကျန်းဂေါင်ယန်ရဲ့ အကြည့်တွေကို သတိထားမိလိုက်ပါတယ်။သူမဟာ သူကြည့်နေတဲ့ နေရာကို ကြည့်လိုက်သည်။

"ဂေါင်ယန် ဘာဖြစ်လို့လဲ?"

ကျန်းဂေါင်ယန်ဟာ သူ့ရှေ့က လူကို လက်ညိုးထိုးပြလိုက်ပါတယ်။

"သူဘယ်သူလဲ သိလား?"

လင်းဖန်ဟာ လှည့်ကြည့်လိုက်ပြီး အနည်းငယ် အံ့သြသွားခဲ့သည်။

"သူကဘယ်သူလဲ?"

ဝမ်ရှောင်ယန်ဟာ ခေါင်းကို ခါယမ်းပြီးမေးလိုက်ပါတယ်။

သစ်ပင်ကြီးနဲ့ ချန်မိုင်တုန် တို့ဟာလည်း မသိကြပေ။

"သူက..သူက ဝမ်မင်ယန်ပဲ ရှန်ဟိုင်းရဲ့ စီးပွားရေးလုပ်ငန်း တွေကို ဦးဆောင်နေတဲ့သူ။သူက ဘီလီယံနဲ့ ချီပြီးတော့ကို ချမ်းသာတယ်။ပိုပြီး အံ့သြဖို့ကောင်းတာက သူကအသက်အရမ်း မကြီးသေးဘူး"

ဝမ်ရှောင်ယန်ဟာ အံ့သြသင့်စွာ ​ကြည့်နေခဲ့သည်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီလီယံနာ ဖြစ်အောင်ကြိုးစားခဲ့တာ ၊ ဘယ်လောက်တောင် တော်လိုက်လဲ.....

"ဂေါင်ယန် ရှင်သူ့ကို မှတ်မိတယ်လား?"

သူမဟာ သူမရဲ့ ချစ်သူကို စိတ်လှုပ်ရှားစွာကြည့်လိုကိသည်။သူမချစ်သူအတွက် သူမဂုဏ်ယူရပါတယ်။

"ငါလည်း သူနဲ့ ညစာစားပွဲတစ်ခုမှာ တွေ့ဖူးခဲ့တာ"

ဂေါင်ယန်ဟာ ပြောလိုက်သည်။

"သူ့ကို ပုဂ္ဂိုလ်ရေးအရ တွေ့ခွင့်ရရင် တကယ်ကောင်းတဲ့ အရာပဲ"

,

ချန်မိုင်တုန်နဲ့ ယန်ရှုရန်ဟာ ခေါင်းကို နိမ့်ထားကြပါတယ်။ဒီလို လူမျိုးက သူတို့နဲ့ ဆိုရင် ကမ္ဘာတွေ ခြားနေသလိုပါပဲ။

"သူက အဲလောက်တောင် ကောင်းလို့လာ?"

လင်းဖန်လည်း အနည်းငယ်အံ့သြသွားခဲ့သည်။သူသစ်ပင်ကြီး ဘက်လှည့်ကာ လေးနက်စွာကြည့်လိုက်ပါတယ်။

ဂေါင်ယန်ဟာ လင်းဖန်ကို ကြည်ပြီး ဝံ့ကြွားစွာပြောလိုက်သည်။

"သူက လက်ရှိရင်းနှီးမြုပ်နှံ့ ထားတာတောင် သုံးဘီလီယံ ဒေါ်လာလောက်ရှိတယ်"

"သူ့လက်အောက်မှာလည်း ကုမ္ပဏီတွေ အများကြီးရှိသေးတယ်၊ သူ့ရဲ့အရည်အချင်းတွေက သာမန်မဟုတ်ဘူး"

ဂေါင်ယန်ဟာ ဂုဏ်ယူစွာပြောနေခဲ့ပါတယ်။သူက ဝမ်မင်ယန်အကြောင်း ပြောနေခဲ့ပေမယ့်လည်း မသိရင် သူ့ကြောင်းသူ ပြောနေတဲ့ ပုံစံနဲ့ပါ။

"အိုး ဒါကောင်းတာပေါ့ သစ်ပင်ကြီးသာ သူ့ရဲ့ ငွေကြေးပိုင်း ဌာနတစ်ခုမှာ အလုပ်ရရင် ပိုပြီးကောင်းလိမ့်မယ်"

,

လင်းဖန်ဟာ ရယ်မောပြီး ပြောလိုကိပါတယ်။

"ဟားဟား"

ကျန်းဂေါင်ယန်ဟာ လှောင်ရယ်လိုကိသည်။

"အိမ်မက်တောင် မမက်နဲ့ ပရောဖက်ဆာ တစ်ယောက်သွားလျောက်တာတောင် ပယ်ချခံရတယ်။သူ ကြယ်လေးပွင့် ဆိုင်မှာ လုပ်တာပဲ ကောင်းမယ် လို့ ငါအကြံဥာဏ်ပေးချင်တယ်"

"သစ်ပင်ကြီး မင်းသူ့ဆီမှာ အလုပ်လုပ်ချင်လား"

လင်းဖန် တည်ငြိမ်စွာပြောလိုက်သည်။

"ကောင်လေး ယန် ငါ့ကို မနောက်ပါနဲ့ကွာ ငါ့မှာ အဲလိုအရည်အချင်းမရှိပါဘူး"

ယန်ရှုရန်ဟာ ရှက်ရွံ့စွာနဲ့ ပြောလိုက်သည်။

"သူ့မှာ အရည်အချင်းရှိရင် တောင် အဆက်အသွယ်မရှိရင် အဲ့မှာသွားလုပ်ဖို့ အဖြစ်နိုင်ဘူး အိပ်မက်မက်မနေနဲ့။မင်းကတော့ နောက်နေတာပဲ တစ်ခြားလူတွေ ကြားရင် အခြေအနေ​ေတွ ဆိုးရွားသွားလိမ့်မယ်"

ကျန်းဂေါင်ယန်ဟာ ပြောလိုက်သည်။

ဝမ်ရှောင်ယန်ဟာ လည်း ချန်မိုင်တုန် ရှက်ကိုးရှက်ကန်း ရယ်မောနေတာကို ကြည့်ပြီး ရယ်မောနေတာကို တွေ့တဲ့အချိန်မှာ ပြောလိုက်ပါတယ်။

"သစ်ပင်ကြီး သူငယ်ချင်းက တကယ်နောက်တတ်တာပဲ"

ချန်မိုင်တုန်ဟာ ရှက်ရွံ့စွာ ရယ်မောလိုက်သည်။ဒီအခြေအနေက အတော်နေရတာ ဆိုးရွားပြီး သူမဖြစ်နိုင်သ၍ အမြန်ဆုံးထွက်သွား ချင်နေပါပြီ။

"ဟားးဟားး"

လင်းဖန် ရယ်မောလိုက်ပြီး ယုံကြည်မူရှိစွာ နောက်လှည့်ပြီး အော်ခေါ်လိုက်ပါတယ်။

"ဝမ်မင်ယန်"

"မင်းရူးနေတာလား..."

ကျန်းဂေါင်ယန် ဆွံ့အသွားခဲ့သည်။သူ့အမူအရာဟာ ပြောင်းလဲသွားခဲ့ပါတယ်။

အဲ့အချိန်မှာပဲ အမျှော်လင့် ထားတဲ့ အရာဟာဖြစ်ပျက်လာခဲ့သည်။

ဝမ်မင်ယန်ဟာ လှည့်ကြည့်လာခဲ့ပါတယ်။သူလင်းဖန်ကို မြင်လိုက်သည့် အချိန်တွင် သူ့ရဲ့ ဂုဏ်သိက္ခာရှိတဲ့ မျက်နှာ အမူအရာမှာ ရင်းနှီးမူများ ပေါ်လာခဲ့သည်။

"အိုး ..ညီအစ်ကို မင်းဒီမှာရောက်နေတာ ငါမမြင်လိုက်ဘူး"

ကျန်းဂေါင်ယန် ဟာရှုပ်ထွေး သွားခဲ့သည်။

ညီအစ်ကိုလား..........?????

All Chapters