ငါတက္ကသိုလ်တွေက ကမ်းလှမ်းမူတွေ အများကြီးရခဲ့တယ်
Vol. 5 Ch. 69
"ခင်ဗျားက ကျုပ်ကိုတောင် မဖိတ်တော့ဘူးလား?"
လင်းဖန်ပြောလိုက်သည်။
"ငါ မတွေ့လိုက်လိို့ပါ"
ဝမ်မင်ယန်ဟာ ထိုင်ခုံတစ်လုံးကို ဆွဲကာ လင်းဖန်ဘေးမှာဝင်ထိုက်လိုက်ပါတယ်။
ကျန်းဂေါင်ယန်ဟာ သူ့မြင်နေရတာကို သူမယုံကြည်နိုင်ခဲ့ပေ။သူ့ခန္တာကိုယ်ဟာ လှုပ်တောင် မလှုပ်တောင်နိုင်တော့ပါဘူး။အစက မာနကြီးနေတဲ့ ဂေါင်ယန်ဟာ အခုတော့ တိတ်ဆိတ်ပြီး ရိုးအေးတဲ့ လူတစ်ယောက်ဖြစ်သွားခဲ့သည်။
ယန်ရှုရန်နဲ့ ချန်မိုင်တုန်ဟာ သူတို့ရဲ့ ခေါင်းကို ငုံ့ထားလိုက်ကြပါတယ်။သူတို့ ဝမ်မင်ယန် ဘယ်သူလဲ ဆိုတာမသိကြပေမဲ့လည်း ဂေါင်ယန်ရဲ့ ရှင်းပြမူကနေတဆင့် သူတို့ဟာ ဒီလူရှေ့မှာ အမှိုက်တစ်စ ထက်မပိုဘူးဆိုတာ နားလည်ထားကြပါတယ်။
"ခင်ဗျားက တကယ်တစ်ခုခုပဲ၊ မပြောမဆိုနဲ့ ဝင်ထိုင်ပြီးတော့ ကျုပ်တို့အစားအစာတွေကို စားဖို့လုပ်နေတယ် ဟားးဟားး"
"ဒီနေ့ကတော့ ငါဂုဏ်ယူရမယ့်နေပဲ"
ဝမ်မင်ယန်ဟာ လင်းဖန်ရဲ့ ပုခုံးကိုပုတ်လိုက်ပြီး ပြုံးလိုက်ပါတယ်။
"ခင်ဗျားနဲ့ ပါလာတဲ့ မိန်းကလေးရော၊ သူ့ကိုတစ်ယောက်ထဲထားခဲ့တာလား? ဘယ်လောက်တောင် လူကြီးလူကောင်းမဆန်လိုက်လဲ"
လင်းဖန်ခေါင်းကို လှည့်ပြီးကြည့်လိုက်ပါတယ်။ဝမ်မင်ယန်ရဲ့ မိန်းကလေးဟာ တစ်ယောက်ထဲထိုင်နေခဲ့သည်။သူမဟာ ဝမ်မင်ယန်ရဲ့သူငယ်ချင်း ဘယ်သူမှန်း မသိတာကြောင့် တစ်ယောက်ထဲ ထိုင်နေခဲ့ခြင်းဖြစ်သည်။
"သူမက လှပတာပဲ"
လင်းဖန် မှတ်ချက်ချလိုက်သည်။
ဝမ်မင်ယန်ဟာ ထောက်ခံစွာနဲ့ခေါင်းညိမ့်လိုက်ပါတယ်။သူမက တစ်ကယ်ကို မျက်လုံးဖမ်းစားနိုင်သည်။
"သူမ အဆင်ပြေလား၊ ငါသူမကို ဒီကို လာခိုင်းလိုက်ရမလား"
ဝမ်မင်ယန်ဟာ ပြုံးပြီး မေးလိုက်သည်။
"သေချာတာပေါ့"
လင်းဖန် ခေါင်းညိမ့်ကာပြောလိုကိသည်။
ကျန်းဂေါင်ယန်ရဲ့ နှလုံးခုန်သံတွေဟာ ရပ်တန်သွားသလိုခံစား လိုက်ရပါတယ်။ ဒီစားပွဲမှာ လင်းဖန်နဲ့ ဝမ်မင်ယန် နှစ်ယောက်ထဲသာ စကားပြောနေကြတဲ့ သူတွေပါ။
သုတို့ ပြောနေတဲ့ စကားများဟာ အလွန်နွေးထွေးကြပေမဲ့လည်း ကျန်းဂေါင်ယန်ဟာ အခုထိမယုံကြည်နိုင်သေးပေ။
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှငိက သူမိန်းကလေးအပေါ် ထင်မြင်ချက်ကို လင်းဖန်ကို မေးတယ် ဆိုပါလား.........
ကျန်းဂေါင်ယန် ဟာ အခုချိန်မှာ မျက်နှာပျက်ရမယ်ဆိုရင် တောင်ဒီထိုင်ခုံကနေ ထွက်သွားချင်နေပါပြီ။သို့ပေမဲ့ သူ့ခြေထောက်များးဟာ မလှုပ်နိုင်ခဲ့ပေ။
"ဟေးး အချစ်လေး ဒီဘက်ကို လာခဲ့လေ"
ဝမ်မင်ယန် လှမ်းပြောလိုက်သည်။
မိန်းမလှလေးဟာ ပြုံးလိုက်ပါတယ်။ယင်းနောက် သူမရဲ့ အိတ်ကို ယူကာ ဝမ်မင်ယန်ရဲ့ ဘေးမှာ ပြောင်းပြီးလာထိုင်လိုက်သည်။
လင်းဖန်နဲ့ မိန်းမလှလေးတို့ဟာ အကြည့်ခြင်း ဆုံသွားခဲ့ပါတယ်။သူမရဲ့ မျက်နှာဟာ ပြုံးနေပေမဲ့လည်း သူမတွင် သံသယအနည်းငငယ်တော့ ရှိတေခဲ့သည်။ဒီစားပွဲမှာ ထိုင်နေကြတဲ့ လူတွေအကုန်လုံးဟာ ခေါင်းကိုငုံ့ထားခဲ့ကြပြီး တစ်ယောက်ကတော့ ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့ပါတယ်။
"ဇီလီ ဒါက ငါ့ရဲ့ ညီအစ်ကို လင်းလေ၊ သူကို အစ်ကို လင်း လို့ခေါ်လို့ရတယ်"
ဝမ်မင်ယန်ဟာ မိတ်ဆက်ပေးလိုက်သည်။
"အစ်ကို လင်း"
ဇီလီဟာ ပြုံးပြီး နှုတ်ဆက်လိုက်ပါတယ်။
"ဘယ်လိုထင်လဲ?"
ဝမ်မင်ယန်ဟာ မေးလိုက်သည်။
"အလျင်လိုဖို့ မလိုပါဘူး ၊ နောက်မှ ပြောလည်းရပါတယ်"
"ကောင်းပြီ ငါမင်းကို ယုံတယ်"
ဝမ်မင်ယန်ဟာ ပြောပြီး ရယ်လိုကိပါတယ်။သူ့ရဲ့လေသံအရ လင်းဖန်ကသာ ဒီမိန်းကလေးက သူ့အတွက် မသင့်တော်ဘူးဆိုရင် ချက်ချင်း လမ်းခွဲတော့မယ့်ပုံပါပဲ။
ရှုဇီလီဟာ လင်းဖန်ကို အံ့သြစွာကြည့်လိုက်သည်။သူတို့နှစ်ယောက်ဘာကို ဆိုလိုတာလဲ ဆိုတာ သူမနားလည်ပါတယ်။
ဝမ်မင်ယန် ဒီကောင်လေးကို ဒီလောက်ထိ အလေးထားလိမ့်မယ် လို့ မထင်ထားခဲ့ပေ။
"ဒီတစ်ယောက်က ယန်ရှုရန် ၊ အထက်တန်းတုန်းက ကျွန်တော်ရဲ့ သူငယ်ချင်းကောင်း ၊ ဟိုဘက်က သူ့မိန်းကလေး ချန်းမိုင်တုန်"
လင်းဖန် သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ကျန်တဲ့ နှစ်ယောက်ကိုတော့ သူ မိတ်ဆက်ပေးဖို့ လုံးဝစိတ်မဝင်စားပါဘူး။
"ခေါင်းဆောင် ၊ မဂ်လာပါ"
ယန်ရှုရန် ဟာ ကြောက်ရွံ့စွာ မတ်တတ်ရပ်ပြီးလက်ဆန့်တန်းကာ နှုတ်ဆက်လိုက်သည်။
ဝမ်မင်ယန် ရယ်မောလိုက်ကာလက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။
"အဲလောက်ထိ ရိုသေနေဖို့ မလိုဘူး ၊ လင်းဖန်ရဲ့ သူငယ်ချင်းက ငါရဲ့ သူငယ်ချင်းပဲ အစ်ကိုဝမ်လို့ပဲခေါ်"
"အစ်ကို ဝမ်"
ယန်ရှုရန်ဟာ အလျင်အမြန်ပဲ ခေါင်းညိမ့်လိုက်သည်။ဝမ်မင်ယန် ရဲ့ ပတ်ဝန်းကျင်မှာတော့ တည်ကြည် ခံညားတဲ့ လေထုတစ်ခုရှိနေခဲ့ပါတယ်။
သစ်ပင်ကြီးဟာ အခုမှ ဘွဲ့ရခါစဖြစ်ပြီး ကြောက်လန့်နေခဲ့သည်။
"အစ်ကို ဝမ် "
ချန်မိုင်တုန် ဟာလည်း တုန်လှုပ်စွာ နှုတ်ဆက်လိုက်သည်။
သူမရဲ့ ဥိီးနှောက်က အခုချိန်မှာ နားလည်နိုင်စွမ်းထက်ပိုနေခဲ့ပါပြီ။ယင်းနောက် သူမဟာ ဘေးမှ မိန်းမလှလေးကို ကြည့်လိုက်တဲ့အချိန်မှာ အလွန်အမင်းအံ့သြသွားခဲ့သည်။
" ချမ်းသာသော မိသားစု ဇာတ်ကားထဲက သမီးအဖြစ်သရုပ်ဆောင် တဲ့ မင်းသမီးလား?"
သူမက TV စီးရီးတွေကို ကြည့်ရတာကို သဘောကျပါတယ်။သူမ ရှုဇီလီကို အရင်ကမြင်ဖူးတယ် လို့တွေးနေခဲ့တာပါ။အခုသေချာကြည့်မှ သူမမှတ်မိပြီး အံ့သြသွားခဲ့သည်။
တကယ် ဆယိလီ အကြီးစားပဲ.....
ရှုဇီလီဟာ ရယ်မောပြီး ပြန်ဖြေလိုက်သည်။
"ဟုတ်တယ် အဲ့ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့သေးတယ်"
လင်းဖန်ဟာ လေထုက အခြေအနေသိပ်မကောင်းတော့ တာကို ကြည့်ပြီး ဝမ်မင်ယန်ကို အချက်ပြလိုက်ပါတယ်။
ဝမ်မင်ယန်ဟာ လည်း နားလည်ကာ ဝင်ပြောလိုက်သည်။
"တစ်ခြားတစ်ခုခု ပြောကြရအောင်၊ ငါဒီဝိုင်းကို ရှင်းပေမယ်။ငါိဒီမှာ ဘုရင်တစ်ပါးလို မစားနိုင်ဘူးလေ"
"မန်နေဂျာ"
မန်နေဂျာဟာ ပြေးလာခဲ့သည်။
"စားပွဲရှင်းပေးပါဦး ငါတို့ ဟင်းပွဲ တွေထပ်မှာမလို့"
"ကောင်းပါပြီ အကြီးအကဲ ဝမ်"
မန်နေဂျာ ဟာ ခေါင်းငြိမ့်လိုက်သည်။
........
ကျန်းဂေါင်ယန်ဟာ အေးအေးဆေးဆေး မထိုင်နိုင်တော့ပေ။သူ့ခြေထောက်တွေဟာ ချွေးထွက်နေခဲ့ပါတယ်။ဝမ်ရှောင်ယန်ဟာလည်း သူ့လိုပဲ ခံစားနေခဲ့ရသည်။
သူမဟာ သစ်ပင်ကြီးမှာ ဒီလို သူငယ်ချင်းကောင်း ရှိလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ဒါကို သူမမျက်လုံးနဲ့ သာမမြင်ရရင် သူမကို ရိုက်နှက်ပြီး အတင်းယုံခိုင်းရင်တောငိ ယုံကြည်မှာ မဟုတ်ပေ။
လင်းဖန်ဟာ ကျန်းဂေါင်ယန်ကိုကြည့်ပြီး နှုတ်ခမ်းထောင့်မှ အနည်းငယ် ပြုံးလိုက်သည်။သူပြောချင်တာကတော့ ရှင်းပါတယ်။
မင်းအရင်ကလို မောက်မာဦးလေ...
ကျန်းဂေါင်ယန်ဟာ ဒီအခြေအနေမှာ အသက်တောင် ကျယ်ကျယ်မရူရဲတော့ပါဘူး။သူဟာ ဘောလုံတစ်လုံးလို နေရာမှာပဲ ငြိမ်ငြိမ်ဆိတ်ဆိတ်ထိုင်နေခဲ့သည်။
လင်းဖန်ဟာ သစ်ပင်ကြီး ရဲ့ပုခုံးကို ပုတ်ပြီး မေးလိုက်ပါတယ်။
"မင်ယန် ,ခင်ဗျားတို့ ကုမ္ပဏီမှာ အလုပ်နေရာလေး ဘာလေးရှိသေးလား?"
လင်းဖန်ဟာ မေးလိုက်သည်။
ယန်ရှုရန်ဟာ လင်းဖန်ရဲ့ စကားကို ကြားလိုက်တဲ့အချိန်မှာ ခန္တာကိုယ်တစ်ခုလုံးလှုပ်မရဖြစ်သွားသည်။သူ့ရှေ့မှာ ဖြစ်နေတာတွေကို သူ မယုံကြည်နိုင်တော့ပါဘူး။
ချန်မိုင်တုန် ဟာလည်း မျက်တောင်မခတ်ပဲ ကြည့်နေခဲ့သည်။သစ်ပင်ကြီးရဲ့ သူငယ်ချင်းက အမှန်တကယ် အလုပ်ရဖို့ ကြိုးစားပေးလိမ့်မယ်လို့ မထင်ထားမိခဲ့ပေ။
"နေရာလွတ် ရှိတော့မှာတော့ မဟုတ်ဘူး.... ဒါပေမဲ့ မေးတဲ့လူက မင်းဖြစ်နေတော့ ငါဖန်တီးပေးလို့ရပါတယ် ဘယ်လိုထင်လဲ"
ညစားစားပွဲတွေအများကြီးတက်ပြီး အလုပ်တွေအများကြီးလုပ်ကိုင်လာခဲ့တဲ့ ဝမ်မင်ယန် အတွက်ကတော့ အလုပ်တစ်ခုကို ဖန်တီးပေးချင်ရင် အလွယ်လေးပါ။
ဝမ်မင်ယန် ပထမ တစ်ခွန်းကို ပြောလိုက်သည့်အချိန်တွင် ချန်မိုင်တုန်ဟာ လုံးဝ စိတ်ပျက်သွားခဲ့ပါတယ်။ဝမ်မင်ယန် ဒုတိယတစ်ခွန်းကို ဆက်ပြောလိုက်တဲ့အချိန်မှာတော့ သူမရဲ့ ဝိညာဥ်ကို တစ်ယောက်ယောက် ထုတ်ယူသွားသလို ခံစားလိုက်ရသည်။
ကျန်းဂေါ်ယန်ဟာ ပထမ တစ်ခွန်းကိုကြားသည့် အချိန်တွင် သူ့နှလုံးသားထဲကနေ ကြိတ်ရယ်လိုက်ပါတယ်။ဝမ်မင်ယန်က အလုပ်ခေါ်ဖို့ ပြောရင်တောင် အဲ့လိုနေရာမှာလုပ်ဖို့အရည်အချင်းလိုအပ်ပါသေးတယ်။
သို့ပေမဲ့ ဝမ်မင်ယန်ရဲ့ ဒုတိယစကားဟာ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပါပဲ။
ဒီခွေးသားက ဝမ်မင်ယန်ကို ဘာဆေးတွေ သွားကျွေးထားတာလဲ???
သူတို့က သူငယ်ချင်းတွေ ဆိုရင်တောင် အလုပ်ကိစ္စနဲ့ ပတ်သက်လာရင် လေးလေးနက်နက်ရှိဖို့ လိုအပ်ပါတယ်။
အထူးသဖြင့် ဒီလိုအောင်မြင်နေတဲ့ ကုမ္ပဏီကြီးမှာပါ။လူခေါ်တာ ဒီလိုမျိုးကြုံရာလူ ကိုခေါ်လေ့မရှိကြပါဘူး။
"ဟားဟား ဒီညီအစ်ကိုက အခုမှ ဘွဲ့ရလာခဲ့တာလေ။သူရှန်ဟိုင်းကို အလုပ်လာရှာတာ ကျွန်တော် ကိုတောင်မပြောဘူး။သူ ကြယ်လေးပွင့် ဆိုင်မှာ ဒေါ်လာနှစ်ထောင်နဲ့ အရောင်းဝန်ထမ်းအဖြစ် နေရာရခဲ့တယ်။ဒါက သု့အရည်အချင်းကို ဖြုန်းတီးလိုက်သလိုပဲ။တကယ်လို့ အစ်ကိုဝမ်ရဲ့ ကုမ္ပဏီ မှာသာခန့်ထားနိုင်ရင် ကျွနိတော် တော့ အစ်ကို ဝမ်ကို အကြွေး အကြီးကြီးတင်သွားပြီ"
"သစ်ပင်ကြီး အကြီးအကဲဝမ်ကို သေချာရှင်းပြလိုက်ဦး၊ မင်းဘယ်မှာ ဘွဲ့ရခဲ့လဲ ၊ ဘာမေဂျာလဲဆိုတာ"
လင်းဖန် ယန်ရှုရန်ကို ပြောလိုကိသည်။
"အိုကေ ကောင်းပြီ"
ယန်ရှုရန် လင်းဖန်စကားကို ကြားကာမှ ကြောင်အနေတာက နေနိုးထလာခဲ့ပါတယ်။ယန်ရှုရန်ဟာ သူ့ကိုသူ မိတ်ဆက်ဖို့ ကြောက်ရွံ့စွာ မတ်တတ်ထရပ်လိုက်ပါတယ်။သူ့ ခန္တာကိုယ်ဟာတော့ ယိမ်းယိုင်နေခဲ့သည်။
ဝမ်မင်ယန်ဟာ ဒါကိုမြင်ပြီး ရယ်မောလိုက်ပါတယ်။သူဟာ ခေါင်းကို ယမ်းလိုက်ပြီး ယန်ရှုရန်ကို ထိုင်ဖို့ အချက်ပြ လိုက်သည်။
"ညီအစ်ကို တစ်ယောက်ကို တစ်ယောက်အကြွေးတင်တယ်လို့ မပြောနဲ့ ၊ မင်းအကူညီတောင်းတာကိုသာ ငါမကူညီခဲ့ရင် နေလို့ထိုင်လိူ့ အဆငိပြေမှာ မဟုတ်ဘူး"
"ဒါပေမဲ့ အမှန်တကယ်ပြောရရင် ပညာအရည်အချင်း ဘွဲ့လက်မှတ်က သိပ်အရေးမပါဘူး။အခု အကုန်လုံးလုပ်နေကြတာက နိုင်ငံခြားကို ပိုက်ဆံအကုန်ခံသွားပြီး ၊ ဘွဲ့လေးရ ပြန်လာ လာလုပ်နေကြတာ။ဘာမှ အသုံးမဝင်ဘူး။ငါဆို ဂျူနီယာ ကျောင်းကနေ ဘွဲ့ရခဲ့တာ ပြီးတော့ တက္ကသိုလ် ကမ်းလှမ်းချက်တွေ အများကြီးရခဲ့တယ်။ငါအဲတာတွေ ဘယ်ကို လွင့်ပစ်လိုက်လဲတောင် မမှတ်မိတော့ဘူး"
လင်းဖန် ဒါကို ကြားပြီး ရယ်မောလိုက်ပါတယ်။ယင်းနောက် ကျန်းဂေါင်ယန်ကို အဓိပါယ်ပါပါ တစ်ချက်လှမ်း ကြည့်လိုက်သည်။
ကျန်းဂေါင်ယန်ကတော့ အခုချိန်မှာ တွင်းတစ်ခုကို အလျင်အမြန်တူးပြီး ပုန်းအောင်းနေချင်ခဲ့ပါပြီ။
ငါက နေရာတစ်ခုပဲ ရခဲ့တာလေ........
အခုချိန်မှာ သူ့ရဲ့တည်ရှိမူကို လုံးဝ ဖျက်ဆီးခံလိုက်ရသလို ခံစားနေရပါတယ်။