← Chapters

ထပ်မကြွားနိင်တော့ဘူးမလား

Vol. 5 Ch. 70

ထပ်မကြွားနိင်တော့ဘူးမလား

Vol. 5 Ch. 70

"ငါ့မှာက ကုမ္ပဏီတွေ အများကြီးရှိတယ် ၊ မင်းကဘာကို အထူးပြုတာလဲ"

ဝမ်မင်ယန်ဟာ မေးလိုက်သည်။

"အစ်ကို ဝမ် ကျွန်တော် ငွေကြေးစီမံမူပိုင်းနဲ့ ဘွဲ့ရထားတာပါ"

ယန်ရှုရန် အလျင်အမြန်ပဲ ပြန်ဖြေလိူက်သည်။

"ပြသနာ မရှိဘူးမလား"

လင်းဖန်လည်း သိချင်စွာမေးလိုက်သည်။

"ဘာပြသနာရှိရမှာလဲ? ဒါကအသေးအမွှားလေးတွေ ။ရော့ ဒါက ငါ့ နာမည်ကတ် ငါ့ဖုန်းနံပါတ် လည်း အဲ့မှာပါတယ်။မင်းဒီမှာ အထိုင်ကျသွားရင် ဖုန်းဆက်လိုက် ငါအကူန်စီစဥ်ပေးမယ်။မင်းကျေနပ်မှာပါ"

ဝမ်မင်ယန်ဟာ ပြုံးပြီးပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုဝမ်"

သစ်ပင်ကြီးဟာ ကောင်းပင်ဘုံရောက်နေသလို ခံစားလိုက်ရပါတယ်။ဒါက ဘယ်လိုမှ ထင်မှတ်မထားတဲ့ ခံစားချက်ပါ။သူလေထဲမှာ လမ်းလျောက်နေရသလိုပါပဲ။

သူ့လက်ထဲက နာမည်ကတ်သာ အစစ်အမှနိမဟုတ်ဘူးဆို သူအိပ်မက်မက်နေတယ် လိုပဲ ထင်မိမှာပါ။

"ငါကုမ္ပဏီမှာ တစ်ယောက်ယောက်ကို ပြောထားလိုက်မယ်။မင်းသူ့ဆီကနေ သင်ယူပေါ့ ၊ အချိန်ကျလာတဲ့ အချိန်ကျရင် ငါမင်းကို ရာထူးတိုးပေးမယ်။ငါအသေးစိတိတော့ မပြောတော့ ဘူး၊ တကယ်လို့မင်းကြိုးစားရင် တစ်နှစ်ကုန်တိုင်း ဆုကြေးအဖြစ် ဒေါ်လာတစ်သန်း ရစေရမယ်"

ဒါက လင်းဖန်ရဲ့ သူငယ်ချင်းပါ။ဒါကြောင့် ဝမ်မင်ယန် ဟာ ဒီကောင်လေးကို ပစ်ထားလို့မရပါဘူး။သူဟာ ဒီကောင်လေးကို ပျိုးထောင်ပေးပြီး လူယုံအဖြစ် ထားရန် တွေးလိုက်မိသည်။

လင်းဖန် ခေါင်းညိမ့်ပြီး သစ်ပင်ကြီးရဲ့ ပုခုံးကို ပုတ်လိုက်ပါတယ်။

"သစ်ပင်ကြီး မင်းကြိုးစားဖို့လိုတယ်နော်။မင်းက ငါနာမည်ကို ကိုယ်စားပြုထားတာ။အောင်မြင်အောင် ကြိုးစားပြီး နှစ်ကုန်တိုင်း ဘောနပ်တွေ ယူလိုက်စမ်းပါ"

ယန်ရှုရန်ရဲ့ မျက်နှာဟာ ခံစားချက်တွေကြောင့်နီရဲနေခဲ့ပါတယ်။သူနှစ်ကုန်ဘောနပ် ဒေါ်လာတစ်သန်းကို မမျှော်မှန်းရဲပေမယ့်လည်း ခေါင်းညိမ့်လိုက်ပါတယ်။

"စိတ်မပူပါနဲ့ မင်းမျက်နှာပျက်ရအောင် ငါဘယ်တော့မှ မလုပ်ပါဘူး"

အဲ့အချိန်မှာပဲ ဝမ်မင်ယန် ဟာ လင်းဖန်မျက်လုံးထဲမှ ထူးဆန်းသည့် အကြည့်ကို မြင်လိုက်ရသည်။

ဝမ်မင်ယန် လင်းဖန်ရဲ့ မျက်လုံးထဲက ပြောချင်တဲ့ အဓိပါယ်ကို ချက်ချင်းနားလည်လိုက်ပါတယ်။လင်းဖန်က သူ့ကိုအခု ထွက်သွားသင့်ပြီလို့ အချက်ပြနေခဲ့တာပါ။

သူဒီမှာ အကြာကြီးနေရင် လေထုက မပျော်မရွှင်ဖြစ်ရပါလိမ့်မယ်။သို့ပေမယ့် သူ့စိတ်ထဲမှာတော့သိပ်နားမလည် နိုင်ဖြစ်နေခဲ့သည်။

ငါတို့အခု အရာရာအဆင်ပြေနေတာပဲလေ..ဘာလို့ငါ့ကို အလျင်အမြန်ထွက်သွားစေချင်နေတာလဲ...

သို့ပေမယ့် ဝမ်မင်ယန်ဟာ သူလာကတည်းက လေထုကို သတိထားမိခဲ့ပါတယ်။ဒီနေရာမှာလင်းဖန်ကလွဲပြီး ဘယ်သူမှ သူနဲ့စကားပြောဖို့ အဆင့်မမှီပါဘူး။

ဒါကြောင့် သူအလျင်အမြန်ပဲ မတ်တတ်ရပ်ပြီး ပြောလိုက်သည်။

"ကောင်းပြီ ငါတို့အခုသွားတော့မယ် ၊ ငါတို့နှစ်ယောက် သွားစရာတစ်ခုရှိသေးလို့"

"ကောင်းပြီလေ နောက်မှပဲ ကျွန်တော် ဖုန်းဆက်လိုက်တော့မယ်"

လင်းဖန်ဟာ ပြောလိုက်သည်။

"ငါသွားတော့မယ် ပြောတာတောင် မင်းက ထပ်နေဦးလို့ တစ်ခွန်းမှမပြောဘူး။မင်းက ဘယ်လို ညီအစ်ကို မျိုးလဲ ဟားဟားး"

ဝမ်မင်ယန်ဟာ သဘောကျစွာပြောလိုက်သည်။

"ဒီလောက်ထိ ရိုးရှငိးနေဖို့ မလိုဘူးလေ"

လင်းဖန် ပြောလိုက်သည်။

ဝမ်မင်ယန် ပြန်ဖို့ လုပ်တဲ့အချိန်မှာ ယန်ရှုရန်နဲ့ ချန်မိုင်တုန်တို့ဟာ လိုက်ပို့ဖို့ ထရပ်လိုက်ပါတယ်။

"ငါ့ကို လိုက်ပို့ဖို့ မလိုတော့ဘူး၊ အေးဆေးပဲ စကားဆက်ပြောကြ"

ဝမ်မင်ယန်ဟာ ပြောလိုက်ပြီး သူ့မိန်းကလေးနဲ့ ထွက်သွားခဲ့ပါတယ်။

.........

စားပွဲမှာ လူငါးယောက်ပဲ ကျန်ခဲ့တဲ့ အချိန်မှာတော့ လေထုဟာ ပြန်အသက်ဝင်လာခဲ့ပါပြီ။

အစတုန်းကတော့ ကျန်းဂေါင်ယန် နဲ့ဝမ်ရှောင်ယန် တို့ကို မကြာခန နိမ့်ချပြောဆို နေခဲ့တာပါ။သို့ပေမဲ့ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပြီဖြစ်သည်။

ကျန်းဂေါင်ယန် နဲ့ ဝမ်ရှောင်ယန် တို့ဟာ တိတ်ဆိတ်နေပြီး သူတို့ဟာ ရှက်ရွံ့စွာ ထိုင်နေခဲ့ကြသည်။

ကျန်းဂေါင်ယန်ဟာ သူဘယ်လို ခံစားနေရမှန်းတောင် မသိတော့ပါဘူး။သူ့ခေါင်းထဲတွင် အတွေးများဟာ ရှုပ်ထွေးနေခဲ့သည်။

ပန်ကိတ်သည် က ဝမ်မင်ယန်နဲ့ သူငယ်ချင်းတွေလို့ ဘယ်သူက ထင်မှတ်မှာလဲ?

ထပ်ပြောရရင် သူတို့ ဆက်ဆံရေးက သာမှန်ထက် အတော်ပိုပါတယ်။သူတို့ စကားပြောနေတဲ့ အနေအထားရ သူတို့က သာမန်သူငယ်ချင်းတွေတော့ မဟုတ်ပါဘူး။

မလိုအပ်တဲ့ ပညာရေးလား?

ဝမ်မင်ယန် ဆီမှာအလုပ်ရဖို့ အပြိုင်အဆိုင်တွေ အများကြီးရှိတယ်လား?

ဒေါ်လာ နှစ်ထောင် လစာ???

နိုင်ငံခြားက ဘွဲ့လက်မှတ်???

ကျန်းဂေါင်ယန် သူ့မျက်နှာကို ဘယ်နှကြိမ်လောက် အရိုက်ခံရမှန်းတောင် မသိတော့ပါဘူး။သူ့မျက်နှာ တကယ်မနာကျင်ရပေမဲ့ လည်း သူ့အသည်းနှလုံးထဲက နာကျင်နေရပါတယ်။

"လင်းဖန် ရှင်က တကယ့်အကောင်းဆုံး သူငယ်ချင်းပဲ ရှင့်ကို ဘယ်လိုကျေးဇူးတင်ရမယ် မှန်းတောင် မသိတော့ဘူး။ရှင်နဲ့ ခွက်ချင်းတိုက်ပါရစေ"

ပထမဆုံးစပြီး လှုပ်ရှားလိုက်တာက ယန်ရှုရန် မဟုတ်ပါဘူး။သူမရဲ့ ချစ်သူဖြစ်တဲ့ ချန်းမိုင်တုန်ပါ။

ချန်မိုင်တုန်ဟာ သစ်ပင်ကြီး စွမ်းဆောင်နိုင်စွမ်းရှိတယ် လို့ယုံကြည်ထားပေမယ့် လည်း ၊ ဒီလောက်မြန်မြန် အောင်မြင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

အမှန်တကယ်တော့ သူမရဲ့ သူငယ်ချင်းက သူ့မရဲ့ ရည်းစား အကြောင်းပြောတိုင်း ဝမ်းနည်းခဲ့ရတာပါ။

အခာအခြေအနေတွေ ဟာပြောင်းလဲသွားတဲ့ အချိန်မှာတော့ ချန်မိုင်တုန်ဟာ ဘယ်လို တုန့်ပြန်ရမလဲတောင် မစဥ်းစားတတ်တော့ပေ။

"ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး၊ မသောက်နဲ့ ဦး ဝိုင်က စပရိုက်နဲ့ ရောမှသောက်လို့ ကောင်းတာ။ဒီအရသာက ပိုကောင်းတယ်"

လင်းဖန်ဟာ ယန်ရှုရန် တို့အတွက် ဝိုင်ကို စပရိုက်နဲ့ရောလိုက်ပြီး ကျန်းဂေါင်ယန်ကို ကြည့်လိုက်ပါတယ်။

"အရသာ မြည်းကြည့်ဦးမလား"

အရင်တုန်းက ဆိုရင်တော့ ကျန်းဂေါင်ယန် လင်းဖန် ဒီလိုလုပ်တာကို မြင်ရင် အထင်အမြင်သေးမိမှာပါ။အခုတော့ ​ပြောင်းလဲသွားခဲ့သည်။

"ငါ ကိုယ့်ဟာကို လုပ်လိုက်မယ်"

ကျန်းဂေါင်ယန် အလျင်အမြန်ထလိုက်ပြီး စပရိုက်ကို ယူလိုက်သည်။သူ လင်းဖန်အတွက် အရင်ထည့်လိုက်ပြီး ဝမ်ရှောင်ယန် နဲ့ သူ့အတွက်ပါ ထည့်လိုက်ပါတယ်။

ဒီအပြုအမူက သိပ်အကြာခင်က သူပြုမူခဲ့တဲ့ ပုံစံနဲ့ အတော်ကွာခြားနေခဲ့ပါတယ်။

သစ်ပင်ကြီးနဲ့ ချန်မိုင်တုန်ဟာ မျက်လုံးချင်း ဆက်သွယ်လိုက်သည်။သူတို့နှစ်ယောက်လုံးဟာ ဝမ်းသာနေကြပြီး အနာဂတ်ကောင်းတွေကို မျှော်လင့်နေကြပါတယ်။

"ညီအစ်ကိုတို့ သစ်ပင်ကြီး သစ်ပင်ကြီး ကြုံခဲ့ရတာတွေအတွက် ငါစိတ်မကောင်းဖြစ်ရပါတယ်။သစ်ပင်ကြီး ကို ဒီ ကြယ်လေးပွင့်ဆိုင်မှာ အလုပ်လုပ်ဖို့ ငြင်းပယ်ခိုင်းဖို့ ပြောမလို့ပါ။ဘာပဲဖြစ်ဖြစ် သစ်ပင်ကြီးရဲ့ ကြီးမားလှတဲ့ အရည်အချင်းတွေက ဘာမဟုတ်တဲ့ ကြယ်လေးပွင့်ဆိုင်မှာ လုပ်ဖို့မဟုတ်ဘူးလေ။ ဟုတ်တယ်မလား???"

လင်းဖန် ရယ်မောကာပြောလိုက်သည်။

"ဒါမှန်တယ် ငါတစ်ခုလောက်ပြောပါရစေ ၊ သစ်ပင်ကြီးက ယုံကြည်ရတဲ့ လူတစ်ယောက်ဖြစ်ပြီး စွမ်းဆောင်နိုင်စွမ်းတွေလညိးရှိတယ် တစ်လဒေါ်လာ နှစ်ထောင် ဆိုတာက သူ့အတွက်တော့ အမှိုက်လိုပဲ"

ကျန်းဂေါင်ယန် ဟာ ချော်လဲရောထိုင် ဝင်​ချီးကျူးလိုက်သည်။

သို့ပေမဲ့လည်း သူ့ရဲ့ အပြုံးမှာရှက်ရွံ့ မူတွေ ပြည့်နေခဲ့ပါတယ်။သူ့ရဲ့ မောက်မာတဲ့ စိတ်တွေ ၊ ကြွားဝါချင်တဲ့ စိတ်တွေဟာလည်း အခုချိန်မှာ မရှိတော့ပါဘူ။

သူသာ အခုချိန်ထိ ထပ်ကြွားနေဦးမယ်ဆိုရင် သူ့ကို စောက်ရူးလို့ သတ်မှတ်ကြပါလိမ့်မယ်။

သူ့ရှေ့မှာ ရှိတဲ့လူဟာ ဝမ်မင်ယန်နဲ့ ပခုံးချင်းဖက်ပြီး ပြောနိုင်တဲ့ လူတစ်ယောက်ဖြစ်သည်။

"သစ်ပင်ကြီး မင်းက အခုချိန်ကစပြီး ငွေကြေးပိုင်းဆိုင်ရာမှာ အင်ပါယာပဲ။ငါ့ကို မေ့မသွားနဲ့နော်"

လင်းဖန် နောက်လိုက်သည်။

"ကောင်လေး ဖန် မင်းငါကို နောက်နေတာပဲ"

သစ်ပင်ကြီး ရဲ့ မျက်နှာမှာတော့ အပြုံးအကြီးကြီးတစ်ခုရှိနေခဲ့ပါတယ်။ဒါတွေအကုန်ပြီး သွားတဲ့အချိန်ကြရင် သူ့မိဘတွေကို သတင်းကောင်း ပြောပြရပါမယ်။

"လင်းဖန် ရှင့်ကို လေးစားမူပြပါရစေ၊ ကျေးဇူးတင်ပါတယ်"

ချန်မိုင်တုန်ဟာ မတ်တတ်ရပ်ပြီး ခွက်ကို မြောက်ကာ ပြောလိုက်သည်။

သူမစိတ်ထဲမှာ လင်းဖန်ကို တကယ်ကျေးဇုးတင်နေခဲ့တာပါ။သစ်ပင်ကြီးမှာ ဒီလို သူငယ်ချင်းကောင်း ရှိတာ အတော်ကံကောင်းပါတယ်။

သူမနားလည်လိုက်တာက ပိုပြီး ကြီးမြတ်တဲ့လူတွေဟာ ရိုးရိုးရှင်းရှင်းပဲ နေထိုင်ကြပါတယ်။မောက်မာပြီး ကြွားဝါတတ်တဲ့ လူတွေဟာ အဆိုးဆုံးပါပဲ။

သူမ သစ်ပင်ကြီးရဲ့ သူငယ်ချင်းကို ပထမဆုံးမြင်တဲ့အချိန်မှာ အနည်းငယ် အထင်သေးမိခဲ့သည်။

အခုတော့ ကြီးမြတ်တဲ့ လူတွေဟာ ပကာသနတွေ မရှိပဲ နေတယ် ဆိုတာသ ဘောပေါက်ခဲ့ပါပြီ။

"ကောင်းပြီး ငါလည်း မင်းတို့ကို လေးစားပါတယ် နောက်နှစ်အနည်းငယ်မှာ သစ်ပင်ကြီး အင်ပါယာ ထောင်နိုင်တဲ့ အထိအောင်မြင်ပါစေ"

"ကျေးဇူးပဲ ကောင်လေးဖန်"

သစ်ပင်ကြီးဟာ မျက်ရည်တောင် ကျခါနီးနေပါပြီ။သူဟာ ဝိုက်ကို တစ်ချိုင့်တည်း အကုန်သောက်လိုက်သည်။

ကျန်းဂေါင်ယန် ဟာ ရှက်ကိုးရှက်ကန်းထိုင်နေပြီး သူ့မျက်နှာဟာတော့ နီရဲနေခဲ့သည်။

လူတိုင်းဟာ သူတို့နှလုံးသားထဲကနေ ပြီးခံစားကာ သောက်နေကြပါတယ်။

လင်းဖန်ဟာ အများကြီး မသောက်ခဲ့ပေ။ဘာပဲဖြစ်ဖြစ် ဝိုင်ကို စပရိုက်နဲ့ ရောလိုက်တဲ့အချိန်မှာ အတော် ပျော့သွားခဲ့ပါတယ်။

"ဝိတ်တာ ဘေလ်ရှင်းမယ်"

သစ်ပင်ကြီးဟာ အော်လိုက်သည်။

"ငါရှင်းမယ် ငါရှင်းမယ်"

ကျန်းဂေါင်ယန်ဟာ အလျင်အမြန်မတ်တတ်ရပ်ပြီး ဘေလ်ရှင်းဖို့ ပြန်ဆငိလိုက်ပါတယ်။သူ့ပုံစံက သူသာ ဘေလ်မရှင်းရရင် အကုန်လုံးကို စိတ်ဆိုးတော့မယ့်ပုံပါပဲ။

ဒီနေ့ကစပြီး ကျန်းဂေါင်ယန်ဟာ သစ်ပင်ကြီးရှေ့မှာ မောက်မာလို့ ရတော့မှာ မဟုတ်တော့ပါဘူး။

သစ်ပင်ကြီး ကုမ္ပဏီမှာ အလုပ်ရပြီးသွားရင် အရာရာပြောင်း လဲသွားတော့မှာပါ။သစ်ပင်ကြီးရဲ့ အနာဂတ်က ကြီးမားပါတယ်။သူ့ရဲ့ အပြုအမူတွေက သစ်ပင်ကြီးကို စိတ်အနှောက်အယှက်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူ သစ်ပင်ကြီးနဲ့ ဆက်ဆံရေးကောင်း ကိုထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။

အဲ့အချိန်မှာပဲ မန်နေဂျာဟာ လင်းဖန်အနားကို ရောက်လာခဲ့သည်။

"မစ္စတာ လင်း ဒီဝိုင်းရဲ့ စုစုပေါင်း ဘေလ်က ဒေါ်လာ ၆၈၀၀၀ ပါ။ဒါပေမဲ့ အကြီးအကဲ ဝမ်က သူမသွားခင် ရှင်းပေးသွားခဲ့တယ်"

မန်နေဂျာဟာ စိတ်ရှည်စွာ ရှင်းပြလိုက်သည်။

"အိုး သူပေးသွားတာလား? ဒါဆိုရင်လည်း သွားကြရအောင်လေ"

လင်းဖန် မတ်တတ်ရပ်ကာ ပြောလိုက်သည်။

ကျန်းဂေါင်ယန်က တော့ ကြောင်အပြီး ကြည့်နေခဲ့ပါတယ်။

ဒီကောင်က ဝမ်မင်ယန် ကို ဘယ်လိုတွေတောင် ပေါင်းသင်းထားတာလဲ????

သူက ဝမ်မင်ယန်ကို အကူညီတောင်းခဲ့ပေမဲ့လည်း ဝမ်မင်ယန်ကပဲ သူ့ကို ပြန်ဝယ်ကျွေးသွားခဲ့ပါတယ်။လင်းဖန် ရဲ့ ဝမ်မင်ယန်အပေါ် လွှမ်းမိုးနိုင် စွမ်း က စောက်ဆန်းကြီးပါ။

ယန်ရှုရန် နဲ့ ချန်မိုင်တုန် တို့နှစ်ယောက်ဟာ ကျသင့်သည့်ဘေလ်ကို ကြားလိုက်တဲ့ အချိန်မှာ အံ့သြသွားခဲ့သည်။

ဘယ်လောက်တောင် စျေးကြီးလိုက်လဲ...

သစ်ပင်ကြီးဟာ လင်းဖန်ကို ကြည့်လိုက်ပါတယ်။သူ့ရင်ထဲမှာ ရှိတဲ့ လင်းဖန်ရဲ့ပုံရိပ်က ပိုပိုပြီး ကြီးလာနေခဲ့ပါပြီ။သူ့ရဲ့ မျက်လုံးထောင့်မှာတော့ မျက်ရည်များတောင် ရောက်လာခဲ့သည်။

"ဒီနေ့က စပြီး ဒီညီအစ်ကို အတွက်ဆို ငါဘာမဆို လုပ်မယ်"

တင့်တယ်မူ ဆိုတာ တစ်ခြား နည်းလမ်းတွေနဲ့ ပေးခြေလို့ ရတဲ့ အရာမဟုတ်ပါဘူး။

ဒါဟာ ဘဝရဲ့ တင့်တယ်မူတစ်ခုပါ......

All Chapters