ဒါက စုံတွဲတစ်တွဲ
Vol. 5 Ch. 71
ဝင်ပေါက်ဝတွင်။
"သစ်ပင်ကြီး မင်းဘယ်မှာနေတာလဲ ငါပြန်ပြီး လိုက်ပို့ပေးမယ်"
သူက အခုကိုယ်ပိုင်ကားတစ်စီး ရှိနေပါပြီ။ဒါကြောင့် သစ်ပင်ကြီးကို ကမ်းလှမ်းလိုက်ပါတယ်။
"ငါနေစရာ နေရာရှာမတွေ့သေးဘူး ဒါကြောင့် ဒီနားက ဟိုတယ်တစ်ခုမှာ တည်းမလားလို့"
သူရှန်ဟိုင်းကို ရောက်လာတာ သိပ်မကြာသေးပဲ နေစရာ ရှာမတွေ့သေးပါဘူး။
လင်းဖန်အခုနေနေတဲ့ အိမ်ဟာလည်း သိပ်မကြီးပေ။ဒါကြောင့် သစ်ပင်ကြီးကို သူ့အိမ်ကို လိုက်ခဲ့ဖို့ ဖိတ်လို့ မရပါဘူး။
ကျန်းဂေါင်ယန် နဲ့ဝမ်ရှောင်ယန် တို့နှစ်ယောက်ဟာတော့ ခေါင်းလေးတွေ ငုံ့ကာ ဘေးမှာရပ်နေခဲ့ကြသည်။
နေ့ဘက်တုန်းကတော့ သူတို့ မောက်မာပြီး ကြွားဝါခဲ့ကြပါတယ်။အခုညဘက်မှာတော့ သူတို့ ပြန်ခံစား နေကြရသည်။
ဒီနေ့ သူတို့ရဲ့ ဘဝမှာ သင်ခန်စာအကြီးကြီး တစ်ခုရခဲ့ကြပါတယ်။
"ခနလေးနေဦး ငါကားသွားယူလိုက်ဦးမယ်"
လင်းဖန် သူတို့ကို ပြောလိုက်ပြီး ကားပါကင်ဘက်ကို လျောက်သွားလိုက်သည်။
"ရှောင်ယန် နင်တို့နှစ်ယောက်ကရော"
ချန်မိုင်တုန်ဟာတော့ အခုချိန်မှာ အတော်စိတ်သက်သာရာရ နေခဲ့ပါပြီ။
"ငါ ဂေါင်ယန် နဲ့ ဒီနားဝန်းကျင် လျောက်သွားပြီးမှ ပဲပြန်လိုက်တော့မယ်"
ရှောင်ယန်ဟာ ရှက်ရွံ့စွာပြောလိုက်သည်။
ကျန်းဂေါင်ယန် မှာ လည်း ကာတစ်စီးရှိပြီး သိပ်စျေးမပေါပါဘူး။ဒါဟာ ဒေါ်လာ သောင်ဂဏန်း ကျော်ကျော် ပေးခဲ့ရသည်။အဲ့အချိန်မှာပဲ သူမပါးစပ်ပိတ်ထား သင့်တယ်လို့ ခံစားလိုက်မိသည်။
လင်းဖန် ဘယ်လိုကားမျိုး မောင်းလာမလဲ ဆိုတာ ဘယ်သူမှ မသိပါဘူး။
အရင်တုန်းက ဆိုရင်တော့ ကျန်ဂေါင်ယန်ဟာ သူ့ကား အကြောင်းကို ချက်ချင်းထုတ်ပြောမိမှာပါ။သို့ပေမဲ့ အခုအချိိန်မှာ တော့ သူ စာတတ်သွားခဲ့ပြီ ဖြစ်သည်။
အနက်ရောင် မာစီးတီကား လေးဟာ သူတို့ရှေ့မှာထိုးရပ်သွားခဲ့သည်။
လင်းဖန် ကားမှန်ကို ချကာ ပြောလိုက်ပါတယ်။
"ကားပေါ်တက်"
ယန်ရှုရန်ဟာ ကားကို သေချာကြည့်ပြီး နောက်တွင် တံခါးဖွင့်ကာ တက်လိုက်သည်။
"အမေဇင်း ဒီကားက စျေးပေါမှာ မဟုတ်ဘူး"
ချန်မိုင်တုန်ဟာ ဝမ်ရှောင်ယန် နဲ့စကား အနည်းငယ် ပြောလိုက်ပြီး နှုတ်ဆက်ကာ ကားပေါ်တက်လိုက်ပါတယ်။
ဝမ်ရှောင်ယန်ကတော့ ဖြည်းငြင်းစွာခေါင်း ညိမ့်ပြလိုက်သည်။ဒီနေ့ကတော့ သူမအတွက် ဝမ်းနည်းစရာ နေ့တစ်နေ့ပါပဲ။
ကားမောင်းသွားပြီး နောက်တွင်။
ကျန်းဂေါင်ယန်ဟာ နောက်ဆုံးတော့ လေပူတစ်ချက်မှုတ် ထုတ်လိုက်ပါတယ်။
"ရှောင်ယန် အခုကစပြီး ချန်မိုင်တုန် ရှေ့မှာ ကြွားဝါပြီး မပြောနဲ့တော့"
"အင်း ငါသိပါတယ်။ဒါနဲ့ အဲ့ကားက အရမ်း စျေးကြီးလား?"
သူမကားအကြောင်း သိပ်နားမလည်ပါဘူး။သို့ပေမဲ့ ဒီကားးဟာ လှပပြီး ညိမ့်ညောင်းမဲ့ပုံပါပဲ။တစ်ချက်ကြည့်ရုံနဲ့ ဒီကား ဟာ စျေးမပေါဘူးမှန် နားလည်ပါတယ်။
ကျန်းဂေါင်ယန်ဟာ တဖြည်းဖြည်း ဝေးဝေးသွားတဲ့ ကားကို ကြည့်ကာ ပြောလိုက်သည်။
"အဲ့ကားက ငါ့ကားထက် ခုနှစ်ဆ ရှစ်ဆ လောက်စျေးပိုမြင့်တယ်"
ဝမ်ရှောင်ယန် ဟာဒါကို ကြားပြီး မျက်နှာ ဖြူဖျော့သွားခဲ့သည်။ချန်မိုင်တုန်ရဲ့ ကောင်လေးမှာ ဒီလို သူငယ်ချင်းမျိုးရှိလိမ့် မယ်လို့ သူမမထင်ထား မိခဲ့ပါဘူး။
စကားအနည်းငယ် ပြောလိုက်ယုံနဲ့တင် ချန်မိုင်တုန်တို့ဟာ သူတို့ထက် သာလွန်သွားခဲ့ပါတယ်။
ကျန်းဂေါင်ယန် ဟာလည်း စိတ်သက်သာရာရသွားခဲ့သည်။ကံကောင်းချင်တော့ သူ့ကားကို ကြွားဝါချင်တဲ့ စိတ်ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ မဟုတ်ရင် သူမျက်နှာ ထပ်ပျက်ရဦးမှာပါ။
.......
ကားထဲတွင်။
ယန်ရှုရန်ဟာ လင်းဖန်ရဲ့ ခရက်ဒက်ကို ပြန်ပေးလိုက်ပါတယ်။
"လင်းဖန် ကျေးဇူးပဲ"
"ပြသနာ မရှိဘူး။ငါတို့က ညီအစ်ကိုတွေပဲ လေ ကျေးဇူတင်ဖို့ မလိုပါဘူး။ထပ်ပြောရရင် ဒီနှစ်ယောက်က ငကြွားတွေ။ငါ့ညီအစိကို ရှေ့မှာ လာကြွားနေတာကို ငါခွင့်ပြုထားမယ် ထင်လို့လား"
လင်းဖန် ရယ်မောကာ ပြောလိုက်သည်။ခနအကြာမှာပဲ မူမမှန်တာကို သတိထားမိပြီး ဆွံ့အသွားခဲ့ပါတယ်။
"သစ်ပင်ကြီး မင်းက ဘာဖြစ်လို့ ငိုနေတာလဲ"
ယန်ရှုရန်ဟာ သူ့မျက်ရည်တွေကို သုတ်ကာ ပြောလိုက်သည်။
"ဘာမှမဟုတ်ဘူး ငါခံစား သွားရလို့ပါ"
လင်းဖန်ဟာ လက်တစ်ဖက်က စီယာတိုင်ကို ထိန်းကာ လက်တစ်ဖက်ဖြင့် တစ်ရှုးယူပြီး ရယ်မောကာ ပေးလိုက်ပါတယ်။
"အဲ့အကြောင်းကို စိတ်မပူနဲ့ ၊ မင်းငါကို ညစာကျွေးဖို့ အကြွေးတင်နေတာ ကို ငါမှတ်ထားမယ်"
"သေချာတာပေါ့ မင်းစားချင်သလောက် ငါဝယ်ကျွေးမယ်"
ယန်ရှုရန်ဟာ ရယ်မောပြီး ပြောလိုက်ပါတယ်။
ချန်မိုင်တုန်ဟာတော့ ဒီီအစ်ကို နှစ်ယောက်ကို ဘေးနားကနေကြည့်နေပြီး နွေးထွေးသလို ခံစားလိုက်ရပါတယ်။
သံကြိုး ဟိုတယ်။
လင်းဖန်ဟာ ကားကို ရပ်လိုက်ပြီး ယန်ရှုရန်နဲ့ အချိန်အတော်ကြာအောင် စကားပြောလိုက်ပါတယ်။
"စောစောနား ၊မနက်ဖြန်ကျ နေစရာတစ်ခုရှာ။ပြီးရင် အလုပ်အတွက် ဖုန်းဆက်လိုက်"
ယန်ရှုရန်ဟာ ကားပေါ်မှ ဆင်းပြီး ပြတင်းပေါက်ဆီကို သွားလိုက်ပါတယ်။
"လင်းဖန် ကားကို ဂရုစိုက်မောင်းဦးနော်၊ ငါအလုပ်မများတဲ့ အချိန်ကြမှ ထပ်တွေ့ကြမယ်"
"ကောင်းပြီ ပြသနာ မရှိဘူး"
လင်းဖန် လက်ကာပြပြီး ကားကို မောင်းထွက်သွားခဲ့လိုက်သည်။
ယန်ရှုရန်နဲ့ ချန်မိုင်တုန်ဟာ တဖြည်းဖြည်း ဝေးဝေးသွားတဲ့ ကားလေးကို ကြည့်နေခဲ့ပါတယ်။
"မိုင်တုန် ၊ မင်းအတွက် ငါ အလုပ်ကြိုးစားလုပ်ပါမယ်"
ဒီနေ့ ပြီးသွားတဲ့ အချိန်မှာ ၊ ယောက်ျားတစ်ယောက် အနေနဲ့ အလုပ်ကြိုးစား သင့်တယ် ဆိုတာ နားလည်ခဲ့ပါတယ်။
မဟုတ်ရင် သူသာ အထင်သေးးခံရယုံသာမက ၊ သူ့ မိန်းကလေးလဲ မျက်နှာငယ်ရပါတယ်။
"သစ်ပင်ကြီး ငါနင့်ကို အမြဲ ယုံကြည်ပါတယ်။နင့်မှာ ဒီလို သူငယ်ချင်းမျိုးရှိတာ ကံကောင်းတယ်နင်တစ်နေ့ကျ သူ့ကို ကျိန်းသေ အကြွေးပြန်ဆပ်ရမယ်"
ချန်မိုင်တုန်ဟာ ပြောလိုက်သည်။
ယန်ရှုရန်ဟာ လေးနက်စွာ ခေါင်းညိမ့်လိုက်ပါတယ်။သူဒီအကြွေး ကိုတစ်ဘဝလုံး မှတ်ထားမှာပါ။
.
........
တန်ဖိုးကြီး အဆောက်အဦးများ၏၏ အောက်မှ ကားတစ်စီး အတွင်းတွင်။
ဝမ်မင်ယန်နဲ့ ရူဇီလီ တို့ဟာ အငမ်းမရ နမ်းနေကြပြီး နောက် လူချင်းခွာလိုက်ကြပါတယ်။
"သတင်းထောက်တွေ ငါမင်းကို လိုက်ပို့တာကို မြင်သွားမှာ မကြောက်ဘူးလား"
ဝမ်မင်ယန် ဟာပြုံးပြီး ပြောလိုက်သည်။
ဝမ်မင်ယန်နဲ့ ရူဇီလီဟာ လူချင်းသိတာကြာလှပါပြီ၊ သို့ပေမယ့် သူတို့ စပြီးတွဲတာဟာ ရက်ပိုင်းသာ ရှိသေးသည်။
ခံစားချက်တွေတော့ ကောင်းပါတယ်။သို့ပေမဲ့ သူမက သူ့အတွက် သင့်တော်လား မသင့်တော်လား ဆိုတာတော့ မသိသေးပေ။
ဝမ်မင်ယန်ဟာ ချမ်းသာပြီး ငယ်ရွယ်ပါသေးသည်။သူဟာ များပြားလှသည့် မိန်းကလေးတွေ သဘောကျသည့် လူတစ်ယောက်ဖြစ်သည်။အထူးသဖြင့် အောင်မြင်ကျော်ကြားတဲ့ မိန်းကလေးတွေပါ။
သို့ပေမဲ့ ဒီ ရူဇီလီက သိပ်မဆိုးပေ။သူမဟာ သူ့ကို ဟိုဟာ ပူဆာ၊ ဒီဟာ ပူဆာ နဲ့အာရုံမနောက်စေပဲ စိတ်မသက်မသာ မဖြစ်စေပါဘူး။
သူဟာ ချမ်းသာပေမဲ့ လည်း ဒီလိုအချစ်ရေး အတွပ် ပိုက်ဆံတွေ အများကြီး သုံးပြီး ထင်ရာမစိုင်းချင်ပေ။
"မင်ယန် ငါသတင်းထောက်တွေ မြင်မှာကို မကြောက်ဘူး။အခုက စပြီး ငါတို့တူတူနေလို့ရရင် ငါ ဇနီးကောင်းတစ်ယောက်နဲ့ အမေကောင်းတစ်ယောက် အဖြစ်နေသွားဖို့ ဆန္ဒရှိပါတယ်"
ရူဇီလီဟာ ပြောလိုက်သည်။
ဝမ်မင်ယန် ဟာရယ်မောပြီး ပြောလိုက်သည်။
"ကိုယ်လညိး မင်းကို သဘောကျပါတယ်။ဒါပေမဲ့ တယောက်ယောက် အတည်ပြုပေးတာကို စောင့်ရဦးမယ်"
ရူဇီလီဟာ ပဟေဠိဖြစ်သွားပြီး ဝမ်မင်ယန် ပြောတဲ့ အဓိပါယ်ကို နားမလည်နိုင်ခဲ့ပါဘူး။
ရူဇီလီရဲ့ ပဟေဠိ ဖြစ်နေတဲ့ မျက်နှာကို မြင်ကာ ဝမ်မင်ယန်ဟာ ပြောလိုက်သည်။
"မင်းခနနေ နားလည်လိမ့်မယ်"
ကလင် ကလင် ကလင်
ဖုန်းမြည်လာခဲ့ပါတယ်။
"စကားမပြောနဲ့"
ဝမ်မင်ယန်ဟာ ဖုန်းကို ဖြေလိုက်သည်။
"ဘယ်လိုလဲ?"
"ဘာကို ဘယ်လိုလဲ?"
တစ်ခြားတစ်ဖက်မှာတော့ လက်ဖန်ဟာ ကားပေါ်ကနေပြန်ပြော လိုက်ပါတယ်။
ဝမ်မင်ယန်ဟာ ရယ်မောပြီး ပြောလိုက်သည်။
"ငါ့ မိန်းကလေး အကြောင်းကို ပြောတာ"
ရုဇီလီဟာ ဖုန်းပြောတာကို နားထောင်နေပြီး အမူအရာပြောင်း သွားခဲ့ပါတယ်။ဝမ်မင်ယန် တစ်ယောက်ယောက် ပြောတာ စောင့်ရဦး မယ် ဆိုတာ ဒါကို ပြောတာမှန်း သူမမထင်ထားမိခဲ့ပေ။
ဖုန်းထဲကအသံကို ကြားတာနဲ့ ဒါသူမတို့ တွေ့ခဲ့တဲ့ ကောင်လေးမှန်း နားလည်လိုက်ပါတယ်။ဝမ်မင်ယနိနဲ့ ဒီကောင်လေးက ဘယ်လို ဆက်ဆံရေးလဲ ဆိုတာ သူမမသိပါဘူး။
ရူဇီလီဟာ ဆွံ့အနေခဲ့သည်။သူမနဲ့ ဝမ်မင်ယန် အတူနေဖို့က ဒီကောင်လေး အပေါ်မူတည် နေခဲ့တာလား....?
အဲ့အချိန်မှာတော့ လင်းဖန်ဟာ မာစီးတီးကား ပေါ်မှာ ထိုင်နေခဲ့သည်။သူ ဝမ်မင်ယန် ဘာကို ဆိုလိုလဲ ဆိုတာ အစောကြီးကတည်းက နားလည်ပါတယ်။
ဝမ်မင်ယန် သု့အပေါ်ဒီလောက်အထိ ယုံကြည်လိမ့်မယ်လို့ မထင်ထားခဲ့ပေ။ဒါက သူ့အပေါ် ဖိအား ကျရောက်စေပါတယ်။
သူ့ရဲ့ သစ္စာရှိပရိတ်သတ်တွေတောင် ဝမ်မင်ယန်လောက် ယုံကြည်မှာ မဟုတ်ပါဘူး။
လင်းဖန် နောက်ဆုံးတော့ ပြောလိုက်သည်။
"သူမကို ဘယ်လို ခံစားရလဲ?"
"သူမက ငါ့အတွက် တော်တော် အဆငိပြေတယ် ၊ သူမက စိတ်မညစ်စေဘူး ပြီးတော့ ပြသနာလည်း မရှာဘူး"
ရူဇီလီလို မိန်းကလေးဟာ သူမရဲ့ အဆင့်အတန်းနဲ့ ဆိုရင် သာမန်ယောကျာ်းတစ်ယောက်ကို သူမရှေ့ ဒူးထောက်ဖို့ လုံလောက်ပါတယ်။သို့ပေမဲ့ ဝမ်မင်ယန်ဟာ ဒီအကြောင်းကို စိတ်မပူပါဘူး။
လင်းဖန်ဟာ ဖုန်းကို နားနားကပ်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
"သူမရဲ့ ယောကျ်ား အဖြစ်ရှေ့ဆက်လိုက်၊သူမရဲ့ တာဝန်တွေဟာမွေးဖွားလာလိမ့်မယ်။တကယ် ကောင်းမွန်တဲ့ ဘဝအသစ်တစ်ခုပဲ။ကျုပ် ဒီလောက်ပဲ ပြောပြလို့ရမယ် ၊ အကုန်လုံးကို တစ်ခါတည်း တွက်ချက်ရင် ပြည့်စုံမှာ မဟုတ်ဘူး။ဒီနေ့ ခင်ဗျားကူညီခဲ့လို့ သာ မဟုတ်ရင် ကျုပ်ဒီလောက်ထိ ဖော်ထုတ်ပေးမှာ မဟုတ်ဘူး"
လင်းဖန်ဟာ ပြောလိုက်သည်။
ဝမ်မင်ယန်ဟာ ဒါကို ကြားပြီး ပြုံးလိုက်သည်။
"ငါမင်းကို မကူညီပေးရင်တောင်း ၊ မင်းငါ့အတွက် ဒါကို ဖော်ထုတ်ပေးဦးမှာပါ။ငါတို့က ညီအစ်ကို တွေပဲလေ"
"ကောင်းပြီ ကောင်းပြီ ကျုပ်ဖုန်းချလိုက်တော့မယ်"
တီ တီ
"မင်ယန်"
ရူဇီလီဟာ အခြေအနေတွေကို သိချင်နေခဲ့သည်။ဝမ်မင်ယန်ဟာ ဒါကို မြင်ပြီး ရှင်းပြလိုက်ပါတယ်။
"ငါ့သူငယ်ချင်းက ရှေ့ဖြစ်ဟောနိုင်တယ်လေ။သူက အတော်တိကျတာ၊ ငါသူ့ကို တကယ်ယုံကြည်တယ်"
ရူဇီလီဟာ ဝမ်မင်ယန်ကို သေချာကြည့်ကာပြောလိုက်သည်။
"ဒါဆို သူက ရှင်နဲ့ ကျွန်မက မသင့်တော်ဘူးလို့ ပြောရင် ကျွန်မကို ထားသွားမှာပေါ့"
ဝမ်မင်ယန်ဟာ ကြောက်ရွံ့စွာ ရယ်မောလိုက်ပါတယ်။သူဘာမှ ပြန်မဖြေပေမဲ့ လည်း သူ့အဖြေကရှင်းလင်းပါတယ်။
"မင်ယန် တစ်နေ ငါတို့ လက်ထပ်ပြီးတဲ့ အချိန်ကျမှ သူက ငါ့ကို မသင့်တော်ဘူးလို့ ပြောရင်ရော၊ ငါကို ကွာရှင်းမှာလား"
ဝမ်မင်ယန်ဟာ ခေါင်းကို ခါယမ်းလိုက်သည်။
"ဒါကြောင့်ပဲ ကိုယ်မင်းကို အဖြေကို နားထောင်ခိုင်းတာလေ ဒါပေမဲ့ စိတ်မပူပါနဲ့ နောက်ပိုင်း ဒီလိုဖြစ်လာရင်တောင် မင်းကို ထားခဲ့မှာ မဟုတ်ဘူ"
"ဘာလို့လဲ?"
မိန်းကလေးတွေဟာ အမြဲတမ်း ဘာလို့လဲ ဆိုတဲ့ မေးခွန်းကို သုံးကြပါတယ်။သူတို့က ဒီလိုမေးခွန်းကို မသုံးရရင် သက်သောင့်သက်သာ မရှိကြပါဘူး။
"ဘာလို့လဲ ဆိုတာ အခုကစပြီး မင်းကငါ့မိန်းကလေး မို့လို့ပဲ။အနာဂတ်မှာ ဆိုရွားတာတွေ ဖြစ်လာရင်တောင် အတူတူခံစားကြမယ်။ဒါပေမဲ့ ဒါကဖြစ်လာမှာ မဟုတ်ဘူးဘာလို့လဲ ဆိုတော့ သူကလည်း မင်းရဲ့ သူငယ်ချင်းပဲလေ သူမင်းကို ကူညီလိမ့်မယ်"
ဝမ်မင်ယန်ဟာ ပြနိဖြေလိုကိသည်။
ရူဇီလီ ဒါကိုကြားတဲ့ အချိန်မှာ ကျေနပ်သွားခဲ့ပါတယ်။သို့ပေမဲ့ နောက်ဆုံး စကားကို သိပ်မကျေနပ်ပေ။
"ရှငိသူ့ကို အရမ်းယုံကြည်တယ်လား?"
ဝမ်မင်ယန် သူ့ စီးကရက်ကို မီးညှိလိုက်ပါတယ်။
"ယောက်ျားလေးတွေမှာ အရမ်းသန်မာတဲ့ ဆဌမအာရုံ တစ်ခု ရှိတယ်။ငါ့မှာသာ ဒီလို သန်မာတဲ့ ဆဌမ အာရုံ မရှိရင် အခုလို ချမ်းသာလာမှာ မဟုတ်ဘူး။အခု ငါ့ရဲ့ မသိစိတ်ကနေ သူက အနာဂတ်မှာ ငါ့အတွက်အတော် အရေးကြီးတယ်လို့ ပြောနေတယ်"
"ဒါပေမဲ့ တစ်ချိန်လုံးရှင်ကပဲ ကူညီနေရတာလေ။သူ့ကိုလည်း ကားပေးထားတယ် သူ့သူငယ်ချင်းကို လည်း အလုပ်ပေးတယ်"
ရူဇီလီဟာ ပြောလိုက်သည်။
ဝမ်မင်ယန်ဟာ ထူးဆန်းစွာပြုံးပြီး လက်ချောင်းလေးတွေကို လှုပ်လိုက်ပါတယ်။
"မဟုတ်ဘူး သူက ငါကို ကူညီပြီးသွားပြီ"
"ဘယ်လိုလဲ?"
ရူဇီလီဟာ နားမလည်ခဲ့ပေ။
"ဝူယန်ဂန်ကို သိလား?"
ဝမ်မင်ယန်ဟာ ဆေးလေးမီးခိုးများကို မှုတ်ထုတ်လိုက်ကာ မေးလိုက်သည်။
"သူ့ကို သိတယ်လေ ဘာလို့လဲ?"
ရူဇီလီဟာ ဆယ်လီ တစ်ယောက်ဖြစ်ပြီး သူမရဲ့ အဆင့်အတန်းကလည်း အတော်မြင့်ပါတယ်။ပုံမှန်အားဖြင့် ဝူယန်ဂန် လို သြဇာကြီးတဲ့ သူဌေးကြီး ကိုသိပါသည်။
"သူ ဒီတစိခေါက် ပြသနာအကြီးကြီး တက်နေပြီ...."