← Chapters

ဒါကဒီလောက် မလွယ်ကူနိုင်ဘူး

Vol. 5 Ch. 72

ဒါကဒီလောက် မလွယ်ကူနိုင်ဘူး

Vol. 5 Ch. 72

ရှုဇီလီ က စီးပွားရေးလုပ်ငန်းရှင်တစိယောက်မ ဟုတ်ပါဘူး။ဒါကြောင့် ဘာတွေဖြစ်နေတာလဲ ဆိုတာ သူမမသိပေ။

သို့ပေမဲ့ ဝမ်မင်ယန် အတွက်ကတော့ ဒီအခြေအနေက အတော်ကြောက်စရာ ကောင်းပါတယ်။

"မင်း 365 ပရောဂျက် ကိုသိလား?"

ဝမ်မင်ယန်ဟာ မေးလိုက်သည်။

"အင်း နည်းနည်းတော့ သိတယ်"

ရူဇီလီဟာ ခေါင်းညိမ့်လိုက်သည်။

ဝမ်မင်ယန်ဟာ ကားမှန်တံခါးကို ဖွင့်လိုက်ပါတယ်။

"သိပ်မကြာခင်က ဝုယန်ဂန် ကပရောဂျက်ကြီး တစ်ခုမှာ ရင်းနှီးမြုပ်နှံ့ချင်ခဲ့တယ်။သူက ငါအရင်တုန်းက ဗေဒင်တွက်တာ မှန်တယ် လို့ပြောထားတာ ကို သတိရပြီး မေးဒင်မေးချင်ခဲ့တာ။ဒါပေမဲ့ ဗေဒင်ရောက ပရောဂျက်မှာ တစ်ခုခုဖြစ်တော့မယ် ဆိုတာကို သိပြီး ဝုယန်ဂန်ကို ကိုယ်တိုင်လာတွေ့ဖို့ခေါ်တယ်။ဒါပေါ့ ဝုယန်ဂန် က ဒီအထိလာတွေ့ဖို့ အချိန်မရှိဘူးလေ။ဒါကြောင့် သူ ဗေဒင်မမေးလိုက်ရဘူး"

"ကိုယ်သူငယ်ချင်းက ဝုဂန်ယန် သူ့ဆီကို မလာရင် နောင်တရလိမ့်မယ် လို့တောင် ပြောသေးတယ်။အဲ့ကတည်းက ပရောဂျက်မှာ တစ်ခုခုဖြစ်တော့ မယ်ဆိုတာကို ကိုယ်ရိပ်မိတယ်၊ ဒါကြောင့် ကုမ္ပဏီကို ဒီပရောဂျက်နဲ့ ပတ်သက်တဲ့ ရှယ်ယာတွေ အကုန်ရောင်းထုတ်ဖို့ ညွှန်ကြားခဲ့တယ်။ပြီးတော့ ဘာဆက်ဖြစ်လည်း ဆိုတာ ခန့်မှန်း ကြည့်လေ"

ဝမ်မင်ယန်ဟာ ထူးဆန်းစွာ ပြုံးလိုက်ပါတယ်။သူ့အပြုံးမှာတော့ သူ လင်းဖန်ကို လုံးဝ ယုံကြည်တယ် ဆိုတာ မြင်နေရသည်။

အဲ့အချိန်တုန်းက သူသာ လင်းဖန်ကို အနည်းငယ် သံသယဖြစ်မိခဲ့ရင် အခုချိန် ဝုယန်ဂန် နဲ့ အတူတူ ခံစားနေရလောက်ပါပြီ။

ရူဇီလီဟာ အံ့သြသွားခဲ့ပြီး မေးလိုက်သည်။

"သူငွေတွေ ဆုံးရှုံးသွား နေပြီလား?"

ဝမ်မင်ယန်ဟာ ဒါကို ကြားပြီး သဘောကျစွာရယ်မောလိုက်သည်။

"သူသာ ဒီတိုင်း ဆုံးရှုံးသွားတာ ဆိုရင်၊မေ့ထားပြီး ရှေ့ဆက်နေဦးမှာ ။ဒါပေမဲ့ မဟုတ်ဘူး သူအလိမ်ခံခဲ့ရတာ။ဘယ်သူမှ ဒီလိုဖြစ်လာလိမ့်မယ် လို့မ ထင်ထားခဲ့ဘူးလေ"

"ဘယ်လို?"

ရူဇီလီဟာ အံ့သြသွားခဲ့သည်။

ဝုယန်ဂန် က တကယ်စီးပွားရေးလောက ကို ဦးဆောင်နေတဲ့ သူဌေးကြီးလေ သူဘယ်လိုလုပ် အလိမ်ခံရတာလဲ?

"ဒီကမ္ဘာကြီးမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူး။ကြိုတင်ကာကွယ် မူတွေ အများကြီးလုပ်ထားတဲ့ ဘဏ်တွေတောင် ဘီလီယံချီပြီး အလိမ်ခံရသေးတာပဲ ၊ ဝုဂန်ယန် လည်း လူတစ်ယောက်ပဲလေ"

ဝမ်မင်ယန်ဟာ သူ့ငွေတွေ မပါသွားလို့ တကယ်ဝမ်းသာ နေခဲ့ပါတယ်။

ဒီတစ်ကြိမ်က ငွေပမာဏ သေးသေးလေး မဟုတ်ပါဘူး။ဒေါ်လာ ဆယ်ဘီလီယံ ကျော်ပါတယ်။

ဒီတွက်ချက်တတ်တဲ့ လူလိမ်ဟာ ချမ်းသာတဲ့ လူတွေ အများစုကို ပစ်မှတ်ထားပြီး လုပ်ဆောင်ခဲ့တာပါ။

"ဝုဂန်ယန် က ဒေါ်လာခြောက်ဘီလီယံလောက် အလိမ်ခံလိုက်ရတယ်။သူများပြားလှတဲ့ ကုမ္ပဏီတွေ အဆောက်အဦးတွေ ကိုလက်လွတ်ခဲ့ရတယ်။ဘဏ်တွေကတောင် သူ့ကို ပိုက်ဆံအတွက် ဖိအားပေးနေကြပြီ။ဒီရက်တွေက သူ့အတွက် တကယ်ကို ခက်ခဲတဲ့ နေ့ရက်တွေပဲ။နောက်ရက် အနည်းငယ် ကျရင် သူရှန်ဟိုင်းကို လာလိမ့်မယ်။အဲ့ချိန်ကျမှ မင်း သူဘယ်လောက်အခြေအနေဆိုးနေလဲ သိရလိမ်မယ်"

"ကိုယ်က ကိုယ့်သူငယ်ချင်းကို ယုံတော့ ပရောဂျက်ကနေ ချက်ချင်းနှုတ်ထွက်လိုက်တယိ။တစ်ခြားလူတွေ ဘယ်လောက်ပဲ ခေါ်ခေါ် ဘယ်တော့မှ ဝင်မပါခဲ့ဘူး။လူတိုင်းက ဒီပရောဂျက် မှာ ပါဝင်ရင် 100-200% လောက်ပြန်ရမယ် လို့ယုံကြည်ထားကြတာ"

"အခုတော့ သူငယ်ချင်းကို ယုံကြည်လို့ ဒေါ်လာ သုံးဘီလီယံ ရခဲ့တယ်လေ"

ဝမ်မင်ယန်ဟာ ပြောလိုက်သည်။

"အာ? ဒါက အလိမ်ခံရတာလေ? ရှင်က ဘယ်လို သုံးဘီလီယံ ဝင်ငွေရခဲ့တာလဲ?"

ရုဇီလီဟာ အံ့သြပြီးမေးလိုက်သည်။

ဝမ်မင်ယန်ဟာ ရယ်မောလိုက်သည်။

"ရိုးသားတဲ့ မိန်းကလေး ၊ ငါသာ ဒီပရောဂျက်က မထွက်ခဲ့ရင် ဒီငွေတွေက ဆုံးရှုံးရမယ့် ငွေတွေလေ။ဒီတော့ ဝင်ငွေရရှိတာပဲပေါ့"

ရူဇီလီဟာ ဆယ်လီတစိယောက် ဖြစ်ပေမယ့်လည်း ဒီအခြေအနေက သူမကို ကျောချမ်းစေပါတယ်။

စကားတစ်ခွန်းကြောင့် ကပ်ဆိုးကြီးကို ရှောင်နိုင်ခဲ့တာလား ....??

"အခု သူကဘာလို့ ငါ့အတွက် အရေးကြီးလဲ သိပြီလား?"

ဝမ်မင်ယန်ဟာ ပြောလိုက်သည်။

"အင်း သိပြီ"

"ကောင်းပြီ အပေါ်ထိလိုက်ပို့ပေးမယ်"

ဝမ်မင်ယန်ဟာ ပြောလိုကိပါတယ်။

သူတို့ နှစ်ယောက် ကားပေါ်မှ ဆငိးပြီးသည့် အချိန်တွင်။

သတင်းထောက်တွေဟာ ထောင့်တွေမှာပုန်းနေခဲ့ပါတယ်။ရူဇီလီဟာ ဒီလို အရာတွေနဲ့ ရင်းနှီးနေပြီးပါပြီ။

"မင်ယန် သတင်းထောက်တွေ ဒီမှာရှိနေတယ်"

ရူဇီလီ ဟာ စိတ်လှုပ်ရှားစွာပြော လိုက်သည်။

ဝမိမင်ယန် ဟာ သတင်းထောက်တွေကို မကြိုက်ပဲ ၊ သူ့ကိုယ်ရေးကိုယ်တာ တွေ လူသိရှငိကြားဖြစ်မှာကို မလိုလားဘူး ဆိုတာ သူမသိပါတယ်။

ရူဇီလီ ဘာလုပ်ရမှန်း မသိတဲ့အချိန်မှာ နွေးထွေးတဲ့ လက်တစ်ခုဟာ သူမခါးကို လာဖတ်တာ ခံစားလိုက်ရပါတယ်။

"သူတို့ကို ထားလိုက် ၊ ပြသနာ မရှိဘူး"

ဝမ်မင်ယန်ဟာ လူကြီးလူကောင်း ဆန်စွာပြုံးလိုက်ပြီး သတင်းထောက်တွေ ရှေ့မှာပဲ ခေါ်သွားခဲ့လိုက်ပါတယ်။

ပုန်းနေကြတဲ့ သတင်းထောက်များဟာ ဆွံ့အသွားခဲ့ကြသည်။

သူတို့ လုပ်ကိုင်လာခဲ့တဲ့ သက်တမ်းတစ်လျောက်မှာ ဒီလိုမျိုး သူတို့နဲ့ ပူးပေါင်းကူညီပေးတဲ့ လူကို မတွေ့ဖူးပါဘူး။

"ချက်လ်"

"ချက်လ်"

*ဓာတ်ပုံ ရိုက်သည့် အသံ*

..........

အိမ်ထဲတွင်။

လင်းဖန် ရေချိုးပြီးနောက်တွင် လန်းဆန်းပြီး အေးမြသွားခဲ့သည်။

"ဘယ်လောက် အဆင်ပြေတဲ့ နေ့လေးလဲ"

သူအိပ်ယာ ပေါ်တွက် လှဲပြီး ဖုန်းကို ထုတ်ကာ ဝိုက်ဘိုကို ဖွင့်ကြည့်လိုက်သည်။

လင်းဖန် ဝိုက်ဘိုအကောင့် ကတော့ ထုံးစံအတိုင်း ပါပဲ။

ဆောင်းဦးဓားနဲ့ ငါးသတ်တဲ့ကောင်လေးက သူ့ရဲ့ ပင်တိုင်စံ ပါ။

လူတိုင်း မာစတာ လင်းရဲ့ အကောင့်ကို အမြဲတမ်းတိုက်ခိုက်နေတဲ့ လူရှိတယ် ဆိုတာ သိထားကြပြီး ပါပြီ။အဲ့အကောင့်ပိုင်ရှင်က ဆောင်းဦးဓားပါ။

တစ်ချို့ပရိတ်သတ်တွေဟာ ဆောင်းဦးဓားရဲ့ မှတ်ချက်အောက်မှာ စာပြန်ထားတာ တွေ့ရသည်။

ဆောင်းဦးဓားဟာ သူနဲ့ပတ်သက်ပြီး ထူးထူးခြားခြား ပြသနာရှာမရလို့ ဒီမှာ စကားလုံးတိုက်ပွဲ စတင်လိုက်တာ ဖြစ်နိင်ပါတယ်။

သူ့မှတ်ချက်အောက်တွေ မှတ်ချက်များဟာ သိန်းချီရှိနေ ခဲ့သည်။ဆောင်းဦးဓားဟာ လူတွေအများကြီးကို တစ်ယောက်တည်း ပြန်တိုက်ခိုက်နေခဲ့ပါတယ်။တစ်ချို့ လူတွေဟာ သူ့ကို "စကားလုံးတိုက်ပွဲရဲ့ အင်ပါယာ" လို့တောင် နာမည်ပြောင် ​ပေးထားကြသည်။

မှတ်ချက်တွေကို မြင်တဲ့ အချိန်မှာ လင်းဖန် ခေါင်းကိုသာ ခါယမ်းလိုက်ပါတယ်။

ဒီဆောင်းဦးဓားက အတော် အားယားနေတဲ့ ကောင်ပဲ......

ယင်းနောက် လင်းဖန်ဟာ ပို့စ်တစ်ခုကို တင်လိုက်သည်။

"ဒီနေ့ အထက်တန်းတုန်းက သူငယ်ချင်းဟောင်းကို ပြန်တွေ့ခဲ့ရတယ်။မာစတာ အခုချိနိမှာ စိတ်ကောင်း ဝင်နေတယ်နော်"

ပို့စ်တင်ပြီးတာ နဲ့ လူများစွာရဲ့ မှတ်ချက်များဟာ တက်လာခဲ့သည်။အခုချိန်မှာ လင်းဖန်ဟာ ဖန်တွေအများကြီးရှိတဲ့ အင်တာနက် ဆယ်လီတစ်ယောက်လို့တောင် ပြောလို့ရပါတယ်။

သို့ပေမဲ့ သူသာ တက်ကြွတဲ့ လှုပ်ရှားမူတွေ မရှိရင် ပရိတ်သတ်တွေဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားမည်ဖြစ်သည်။

သူ သီးသန့် စာစောင် တွေကို လိုက်စစ်ဆေး ကြည့်လိုက်ပါတယ်။သို့ပေမဲ့ ဘာမှ ထူးခြားတာ မတွေ့ရပေ။

ကလင် ကလင် ကလင်

အဲ့အချိန်မှာပဲ ဖုန်းကောတစ်ကော ဟာ ဝင်လာခဲ့ပါတယ်။ ခေါ်ဆိုသည့် နံပါတ် ဟာတော့ အမည်မသိနံပါတ် ဖြစ်သည်။

လင်းဖန် မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။

ဘယ်သူက နောက်ကျမှ ခေါ်ရတာလဲ.....?

ဟိုလူ ဖြစ်နိုင်မလား.....??

သူ့အတွေးတွေဟာ ရှုပ်ထွေးသွားခဲ့ပြီး ဖုန်းချတဲ့ ခလုတ်ကို နိပ်လိုက်သည်။

ခနကြာသည့် အချိန်တွင် ဖုန်းလေးဟာ ပြန်မည်လာခဲ့သည်။

ငြင်းပယ်

နောက်တစ်ခါ ထပ်မြည်လာခဲ့သည်။

ဇွဲကောင်းလှချည်လား???

"ဟဲလို ဘယ်သူပါလဲ?"

လင်းဖန် ဖုန်းကိုင်ပြီး မေးလိုက်သည်။

ဝူတန်ဟီဟာ ဒီဖုန်းနံပါတ်ကို တစ်ချိန်လုံး ခေါ်နေတာ ဖြစ်ပြီး နောက်ဆုံး ဖုန်ကိုင်မှ စိတ်သက်သာရရသွားခဲ့သည်။

"ဟဲလို မာစတာ လင်းလား?"

ဝူတန်ဟီဟာ မေးလိုက်သည်။

ဘယ်သူဖြစ်နိုင်မလဲ ??? သူ့ဖုန်းနံပါတ်ကို လူတွေ အများကြီး မသိပေ။

"ဟုတ်ပါတယ် ၊ ဘယ်သူပါလဲ?"

" မျိုးရိုးနာမည် ဝူပါ။ မာစတာ လင်းနဲ့ နည်းနည်း ဆွေး နွေးစရာလေးရှိလို့ပါ"

ဝူတန်ဟီဟာ ပြောလိုက်သည်။

လင်းဖန် အိပ်ချင်နေခဲ့ပါပြီ။ဒီလူက သူ့မျိုးရိုးနာမည် ဝူလို့ ပြောပြီး သူသိတဲ့ လူလည်း မယုတ်ပါဘူး။

"ဗေဒင်မေးချင်တာ ဆိုရင် တော့ ကျွန်တော် ဆိုင်ကို လာမှရမယ်နော်၊ ကျွန်တော် ဖုန်းထဲကနေ ဗေဒင်ဟောပေးမှာ မဟုတ်ဘူး၊ ဖုန်းချလိုက်တော့မယ်"

ဝူတန်ဟီဟာ ဒါကို ကြားပြီး အလျင်အမြန်ပြောလိုက်ပါတယ်။

"မာစတာ လင်းခနနေပါဦး ၊ ဗေဒင်မေးမလို့ မဟုတ်ပါဘူး။ကိစ္စလေးတစ်ချို့ မေးချင်လို့ပါ"

"ဘာကိစ်စလဲ?"

လျန်ကျုံးမှာ ရှိနေတဲ့ ဝူတန်ဟီ ဟာ ဖြည်းဖြည်းချင်းပြောလိုက်ပါတယ်။

"မာစတာ လင်း၊ ဒါကဒီလိုပါ။ကျွန်တော် ချမ်းသာဖို့အတွက် စကားနဲ့တောင် မပြောနိုင်တဲ့အရာတွေ သစ္စာမဲ့တဲ့ လုပ်ရပ်တွေကိူ လုပ်ခဲ့မိပါတယ်။အခု ကျွန်တော့် သမီးလေးမှာ ကံဆိုးမှုတွေ ကြုံနေရတယ် ဒါကို ဘယ်လို ဖြေရှင်းသင့်လည်း မေးချင်လို့ပါ"

"သူမရဲ့ ကံတရားတွေ ဆိုးရွားနေတယ် ဆိုရင် ကံတရားကောင်းမွန်နေတဲ့ လူတစ်ယောက် ကိုရှာပြီး ညီမျှသွားအောငိ လုပ်ပေးလိုက်လေ။ခင်ဗျားဒါကို ဘိုင်ဒု(baidu) မှာရိုက်ရှာလိုက်ရင်တောင်သိနိင်တယ်"

သို့ပေမယ့် လင်းဖန်ဟာ ဒါကို အရေးကြီးတယ်လို့တွေး မိလိုက်သည်။

ဒီလိုကိစ္စမျိုးကို ဒီလောက်လွယ်လွယ်ကူကူ ဖြေရှင်းနိုင်လို့ ရှိရင် မာစတာ လင်းဆိုတာ ရှိမနေသင့်တော့ပေ။

ဘိုင်ဒူက အဖြေအများစုဟာ တစ်လွဲတွေဆိုပေမယိ့လည်း တစ်ချို့ သီအိုရီတွေဟာ ကျစ်လစ်မူရှိပါတယ်။

"မာစတာ လင်း ကျွန်တော်ဒါကို သိပါတယ်။ဒါပေမဲ့ ကျွန်တော် သမီးကို မျှခြေဖြစ်နိုင်လောက်အောင် ကံတရား ကောင်းမွန်တဲ့ လူကို ရှာမတွေ့ဘူး"

ဝူတန်ဟီ ဟာပြောလိုက်သည်။ဝူတန်ဟီ လည်း ဗေဒင်ဟောစား လာတဲ့လူပါ ဒါကြောင့် ဒီနည်းလမ်းကို သူလည်း သိပါတယ်။

"ဒါမဖြစ်နိုင်ဘူး၊ ကျွန်တော် ကံတရားဆိုရင် မျှခြေတစ်ခုမှာရှိတယ် ။ဒါက ကမ္ဘာမှာ အကောင်းဆုံးပဲ။ဒါလုံလောက်ပြီ ဖုန်းချလိုက်တော့မယ်။ဒီပြသနာ က ခင်ဗျားဖန်တီးထားတဲ့အရာတွေ ခင်ဗျား ဒူးထောက်ရမယ် ဆိုရင်တောင် တွေဝေမနေနဲ့ "

လင်းဖန် ပြောပြီး ဖုန်းချလိုက်သည်။

တီ တီ.....

ဝူတန်ဟီဟာ ဖုန်းချတဲ့ အသံကိုကြားပြီး သူအမူအရာဟာ လေးနက်သွားခဲ့သည်။

အဲ့အချိန်မှာတော့ လင်းဖန်ဟာ ရယ်မောနေခဲ့ပါတယ်။

ဟာသ လာလုပ်မနေနဲ့ ....

အကုသိုလ် တွေလုပ်ပြီး ငယ်ရွယ်စဥ်မှာ ချမ်းချမ်းသာသာ နေလာခဲ့တယ်။အခု သူ့အကုသိုလ် တွေ သူ့သမီးဆီပါ ဆက်ပါလာတဲ့ အချိန်ကျမှ အဖြေရှာချင်နေတယ်။

ဒါက အဲ့လောက်မလွယ်ဘူး......

All Chapters