အဲ့ အမူအရာကို ကြည့်
Vol. 5 Ch. 73
နောက်တစ်ရက် ဆေးရုံတစ်ခုတွင်။
ကျောက်ကျန်းယန်ဟာ ကင်ဆာကို စတွေ့တဲ့ အချိန်တုန်းက အရမ်းတွေ ကြောက်နေခဲ့တာပါ။သို့ပေမဲ့ မာစတာ လင်းရဲ့ စကားကို ကြားပြီးတဲ့ နောက်မှာ သူဟာ မျှော်လင့်ချက် တွေ ပြန်နိုးထလာခဲ့သည်။
ဘာကို အစာအိမ် ကင်ဆာလဲ????
ဘာမှ ထွေထွေထူးထူး ဟုတ်တာလည်း မဟုတ်ဘူး။ မာစတာက ငါအသက်ရှည်ရှည် နေရမယ် လို့တောင် ပြောထားသေးတယ်။ဘာကြောက်စရာ ရှိဦးမှာလဲ.........
သို့ပေမဲ့ သူ့မိဘ တွေဟာ သူ့လို မတွေးနိုင်ခဲ့ပါဘူး။
သူတို့သားလေး အစာအိမ် ကင်ဆာ ရှိတယ်လို့ကြားလိုက်တဲ့ အချိန်မှာ ဒါ အစောပိုင်းလား နောက်ပိုင်း လားတောင် ဂရုမစိုက်နိုင်တော့ပေ။သူတို့ဟာ နေ့တိုင်း စားမဝင် အိပ်မပျော် ဖြစ်နေခဲ့ပါတယ်။
အမေ ကျောက်ရဲ့ မျက်လုံးတွေဟာ နီရဲနေခဲ့သည်။
"ဒေါက်တာ ကျွန်မသားလေး အဆင်ပြေသွားမှာပါနော်"
အဖေ ကျောက်ဟာလည်း ဘေးနားမှာ တိတ်ဆိတ်စွာထိုင်နေခဲ့ပါတယ်။သူ့မျက်နှာဟာဆိုးရွားနေခဲ့ပြီး စိုးရိမ်မူများနဲ့ ပြည့်နေခဲ့သည်။
သူ့မှာ ဒီသားလေး တစ်ယောက်တည်း ရှိတာပါ တကယ်လို့ သူသာ တစ်ခုခု ဖြစ်သွားရင် ဘာလုပ်ရမယ် မှန်းတောင် မသိတောလပေ။
ဆရာဝန်ဟာ ပြောလိုက်သည်။
"ကံကောင်းလို အစောပိုင်းအဆင့်မှာ ရှာတွေ့နိင်ခဲ့တာ၊ဒိီတော့ အောင်မြင်မဲ့ ရာခိုင်နှုန်း က များတယ်။ဒါပေမဲ့ ကျုပ်တို့ ဘယ်လောက်ထိ ဂရုစိုက်နိုင်မလဲ အပေါ်မှာပဲ မူတည်တယ်"
ကျောက်ကျန်းယန် ဟာတော့ အစောကြီးကတည်းက စိတ်ပျက်နေခဲ့ပါပြီး။ဘာလို့ဆို ဒီဆေးရုံက အတော်ပျင်းစရာ ကောင်းလို့ပါ။
သူ တိုက်ရိုက်လွင့် တဲ့အချိနိမှာတောငိ ခေါင်းစဥ်ကို ပြောင်းပေးထားခဲ့ပါတယ်။
"အစ်ကိုယန် က အစာအိမ် ကင်ဆာနဲ့ တိုက်ခိုက်နေတယ်"
ကျောက်ကျန်းယန်ဟာ သူ့ပရိတ်သတ်တွေ နဲ့ ပျော်ရွှငိစွာပြောနေရင်း ကနေ သူ့အမေဘက်ကို လှည့်လိုက်ပါတယ်
"အမေ ဘာမှ ပြသနာမရှိဘူး၊ အရမ်းစိုးရိမ် မနေပါနဲ့"
"ဒေါက်တာ ခွဲစိတ် ဖို့ကို မြန်မြနိလေးလုပ်ပေးပါ။ကျွန်တော် လုပ်ရမှာတွေ အများကြီး ရှိသေးတယ်"
ကျောက်ကျန်းယန် ရဲ့ ပြောဆိုနေတဲ့ ပုံစံတွေဟာ အသစ်ရောက်လာတဲ့ ကြည့်ရူသူတွေကို အံ့သြသွားစေ ခဲ့ပါတယ်။
"666 ဒီတိုက်ရိုက် ထုတ်လွင့်မူက စောက်ဆန်းကြီးဟ ငါသာ ကင်ဆာရှိနေတဲ့ လူဆို ကြောက်လွန်းလို့ သေသွားနိုင်တယ်"
"ဟီးဟီး မင်းက အသစ်ကလေးပဲ ဖြစ်မယ်၊မင်း အစ်ကို ယန် ဘယ်လိုလူလဲ ဆိုတာ မသိသေးပါဘူး"
"အစ်ကို ယန် မြန်မြန် ပြန်ကောင်းပါစေလို့ မျှော်လင့်ပါတယ်"
ဒေါင်ယု ခွဲစိတ်ခန်း စင်တာ။
အလုပ်သမားတစ်ယောက်ဟာ အခန်းတစ်ခန်းထဲ ကြည့်ကာ ပြောလိုက်ပါတယ်။
"အစ်ကိုလီ တိုက်ရိုက်လွင့်နေတာကို ကြည့်လိုက်၊သူက အစာအိမ် ကင်ဆာနဲ့ တိုက်ခိုက်နေတယိ ဆိုပြီး တိုက်ရိုက်လွင့်နေတာ"
အစ်ကိုလီဟာ ဒီစင်တာရဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်ပြီး တိုက်ရိုက်လွင့်နေတဲ့ နေရာကို ကြည့်လိုက်ပါတယ်
"ဟုတ်တယ် မဆိုးဘူး၊ ဒီ အစ်ကိုယန်ရဲ့ တိုက်ရိုက်ထုတိလွင့်မူမှာ ကြည့်ရူသူ အနည်းဆုံး လူ တစ်သောင်း ကနေ ၊ လူ နှစ်သိန်း အထိရှိတယ်၊ ထပ်ပြောရရင် သူ့ရဲ့ မှတ်ချက်တွေ အကုန်လုံးက အကောင်းမြင်တဲ့ မှတ်ချက်တွေ ချည်းပဲ"
"ငါတို့နိုင်ငံမှာ ဒီလိုအကောင်းမြင်တဲ့ လူများတဲ့လူမျိုးကို ထောက်ပံ့ရမယ်။သူကို တိုက်ရိုက်ထုတ်လွင့်မူကနေ လက်ဆောင်ပို့လိုက်"
"ကောင်းပါပြီ"
ဒီကောင်လေးက ကင်ဆာရောဂါ ခံစားနေရမှန်းသိတာတောင် အကြောက်အလန့်ကင်းပြီး၊ တည်ငြိမ်နေခဲ့ပါတယ်။ဒါက သူတို့ ဆရာဝန် တွေအတွက်တောင် လေးစားရမှာပါ။
အမေကျောက်ဟာ မျက်ရည်တွေကို သုတ်ကာ မေးလိုက်သည်။
"ယန်ယန် ငါက ဘာလို့ မစိုးရိမ်ပဲ နေရမှာလဲ?"
ကျောက်ကျန်းယန် ဟာ ရယ်မောလိုက်သည်။
"အမေ စိတ်လျော့ပါ၊ မာစတာ လင်းက ဒါတွေ အကုန်လုံးကို မြင်ပြီး သွားပြီ။ကျွန်တော် အနာဂတ်မှာ ပျော်ရွှင်တဲ့ မိသားစုနဲ့တောင် နေရမှာ။အမေ မြေးမလေးတွေ တောင်ရဦးမှာပြီးတော့ သားလည်း အသက်ရှည်ရှည် နေရဦးမှာ၊ သူ့ကို သံသမဖြစ်နဲ့ သားဒီလို ရောဂါကို အစောကြီးတွေ့တာကလည်း မာစတာ လင်းကျေးဇူးကြောင့်"
အခုချိန် ဒီကမ္ဘာပေါ်မှာ သူအယုံကြည်ရဆုံးလူကသုံးယောက် ရှိပါတယ်။သူ့ရဲ့ မိဘနှစ်ပါးပြီးရင် မာစတာ လင်းပါပဲ။
မာစတာ လင်းရဲ့ စကားလုံးတွေဟာ ဆေးဝါးတွေ ကုသမူတွေ ထက်တောင် ပိုပြီး ထူးခြားပါသေးတယ်။
"မာစတာ လင်းက ဘယ်သူလဲ?"
အမေကျောက် ဟာ နားမလည်ပေ။
ကျောက်ကျန်းယန်ဟာ ရယ်မောလိုက်ပြီး အင်တာနက်ပေါ်မှာ မာစတာ လင်းလို့ သူ့ကွန်ပြူတာကနေ ရိုက်ရှာလိုက်ပါတယ်။
ခနကြာတဲ့ အချိန်မှာ မာစတာ လင်းနှင့် ပတ်သက်သည့် သတင်းများဟာ ကွန်ပြူတာ ပေါ်မှာ ကျလာခဲ့ပါတယ်။
"မာစတာ လင်းဟာ မိသားစုတစ်ခုကို အကြံဥာဏ်ပေးခဲ့ပြီး ခရီးစဥ်ပယ်ဖျက်ကာ ကယ်ဆိုးမှ လွတ်မြောက်သွားခဲ့သည်"
"မာစတာ လင်း ကျောင်းဆရာ တစ်ဟောက်ကိုထီလက်မှတ် ဝယ်ခိုင်းလိုက်ပြီး အထူးဆုကြီး ဆွတ်ခူးသွားခဲ့သည်"
"မာစတာ လင်းဟာ ဆယ်လီတွေကို ကြိုတင်ဟောကိန်း ထုတ်ပြီး တစ်ယောက်ချင်းစီ မှန်ကန်လာခဲ့သည်"
မာစတာ လင်းနဲ့ ပတ်သက်တဲ့ ပို့စ်တွေဟာ သိန်းချီပြီး ရှိပါတယ်။အမေကျောက်ဟာ မာစတာ လင်းရဲ့ အရည်အချင်းတွေကို မြင်တဲ့ အချိန်မှာ စိတ်သက်သာရာ ရသွားခဲ့သည်။
ဒီတစ်ကြိမ်တော့ ကျောက်ကျန်းယန်ဟာ မာစတာ လင်းရဲ့ နာမည်ကို အပြည့်အဝ ကြော်ငြာနိုင်ခဲ့ပါပြီ။
.........
တိမ်ဖြူလမ်း။
မာစတာ လင်း..
"မာစတာ လင်း" ဆိုတဲ့ စကားလုံးဟာ ကျယ်ပြန့်ပြီး တော့ အောင်မြင်နေခဲ့ပါပြီ။ဒီနား ဝန်းကျင်မှာ ရှိနေတဲ့ လူတိုင်း တိမ်ဖြူလမ်းက မာစတာ လင်းကို သိကြပါတယ်။
သူ့ရဲ့ ဟောပြောမူတွေက တိကျပါတယ် သို့ပေမဲ့ သူ့ဆိုင်က ပန်ကိတ်တွေဟာ ပိုပြီး အရသာရှိလွန်းလှသည်။
လင်းဖန် ဆိုင်ကို အစောလာခဲ့ပေမဲ့ လည်း မြင်ကွင်းဟာ သူ့ကို အံ့သြသွားစေခဲ့ပါတယ်။
"သူဌေးလေး ရောက်လာပြီလား၊ ငါတို့စောင့်နေတာ အတော်ကြာပြီ၊ ငါတို့ သိပ်ပြီးတောင် စိတ်မရှည်ချင်ကြတော့ဘူး"
"အားလုံးပဲ သေချာတန်းစီးကြပါ၊ တစ်ခြားနေရာဆိုရင် ငါဘာမှမပြောလိုဘူး ၊ ဒါပေမဲ့ ဒီနေရာက သူဌေးလေးရဲ့ ဆိုင် သေချာတန်းမစီတဲ့ လူတွေ ပြီးမှ အဆိုးမဆိုနဲ့နော်"
လင်းဖန်ရဲ့ ဆိုင်ရှေ့မှာ တန်းစီနေကြတဲ့ လူမျာဟား သပ်ရပ်ပြီး ၊ မတွန်းထိုး ၊ ကြားမဖြတ် ကြပါဘူး။အားလုံးဟာ မျှမျှတတရှိပြီး သေချာဦးဆောင် ညွှန်ကြားပေးနေတဲ့ လူတွေ လည်းရှိပါတယ်။
"လူလိမ်ဟထျန် ဘာဖြစ်နေတာလဲ? ဗေဒင်ဟောမဲ့ ေနရာမှာ ဘာလို့ တန်းစီနေတဲ့ လူမရှိရတာလဲ"
လင်းဖန်ဟာ မေးလိုက်သည်။
လူလိမ်ထျန်ရဲ့ မျက်နှာဟာလညိး ပဟေဠိ ဖြစ်နေခဲ့ပါတယ်။
"မသိဘူး ငါအစောကြီး ဆိုင်စဖွင့်ကတည်းက ပန်ကိတ် ဘက်ခြမိးမှာပဲ တန်းစီနေခဲ့ကြတာ"
"အားလုံးပဲ သိပ်ပြီး အလျင်မလိုကြပါနဲ့ လဘက်ရည် တစ်ခွက်လောက်အရင် သောက်ပါရစေ"
လင်းဖန် လည်း သူ့ကိုသူ ဘယ်ချိန်ကတည်းက လဘက်ရည် ကြိုက်သွားလဲ မသိတော့ပါဘူး။မနက်ခင်း လဘက်ရည်တစ်ခွက်ဟာ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဥ်ကို လန်းဆန်းစေသည်။
လင်းဖန် အပြင်ဘက်မှာ တော့ တည်ငြိမ်နေပေမဲ့ စိတ်ထဲမှာ နည်းနည်းတော့ လှုပ်ရှား နေခဲ့ပါတယ်။အခြေအနေတွေက သိပ်မကောင်းပေ။
သူက အခုထိ ဒုတိယမြောက် မစ်ရှင်ကို ပြီးမြောက်သေး တာမဟုတ်ပါဘူး။သူသာ ပန်ကိတ်ကိုပဲ ဆက်ရောင်းနေရင် တစ်သက်လုံးပြည့်တော့မှာ မဟုတ်ပေ။
လင်းဖန် မသိတဲ့ အချက်က ဗေဒင်ဟောချင်တဲ့ လူတွေနဲ့ ပန်ကိတ်စားချင်တဲ့ လူတွေ သဘောတူညီမူ ယူထားကြတယ် ဆိုတာကိုပါ။
သူတို့ ဝီချပ်မှာတောင် ဂရုဖွဲ့ထား ကြပါတယ်။
ဂရုနာမည်က "ပိုကောင်းတဲ့ မနက်ဖြန်အတွက် အတူလက်တွဲ ပြီး လုပ်ဆောင်ကြမယ်"
သူတို့ရဲ့ ရည်မှန်းချက်က အတူတူ တန်းစီကြဖို့ပါ။ပန်ကိတ်မစား ချင်တဲ့ လူတွေက ပန်ကိတ်နေရာမှာ တန်းစီပြီး ဝယ်ခွင့်ရရင် ပိုက်ဆံပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
သို့ပေမဲ့ ဗေဒင်မေးမယ့် အလှည့်ရောက်ရင်လည်း ပန်ကိတ်စားချင်တဲ့ လူတွေပါ လာတန်းစီကြမှာပါ။သူတို့ အရွေးခံရလျင် သူတို့နံပါတ်ကို ဗေဒင်ဟောမယ့် လူများဆီ ပြန်ရောင်းမည်ဖြစ်သည်။
ဒါက နှစ်ဖက်လုံး အိုကေ မယ့် နည်းလမ်းဖြစ်ပြီးနှစ်ဖွဲ့ လုံးကလည်း သဘောတူညီထားကြပါတယ်။
လဘက်ရည် သောက်ပြီးနောက်မှာ လင်းဖန်ဟာ နောက်တစ်ကြိမ်ကြည့်လိုကိသည်။
ဗေဒင် တစ်ယောက်မှ လာမဟောကြဘူးလား??
ဒီတန်းစီနေတဲ့ လူတွေကို လူလိမ် ထျန်က အစောကြီး ကတည်းက နံပါတ် ပေးထားပြီးပါပြီ။
လင်းဖန် နံပါတ် တွေကို စတင်ရွေးချယ်လိုက်သည်။
ရွေးချယ်ခံရတဲ့ လူများဟာ သဘောကျနေကြပြီး အရွေးမခံရတဲ့ လူများဟာလည်း သိပ်စိတ်မကောင်း မဖြစ်ကြပေ။ဘာပဲ ဖြစ်ဖြစ်သူတို့မှာ အခွင့်အရေး ရှိပါသေးတယ်။
9 နာရီ။
တိမ်ဖြူလမ်းဟာ အခုချိန်မှာ အစည်ကားဆုံးပါပဲ။
ကန်ဝမ်ဖန်း ဟာ ရှုးဖိနပ် ဆိုင်မှာ ဖိနပ်တွေ ကြည့်နေခဲ့ခြင်းဖြစ်သည်။သူဟာ အရပ် 1.8 မီတာရှည်ပြီး နေကာ မျက်မှန်ကို ဝတ်ထားကာ အတော်ကို စမတ်ကျနေခဲ့သည်။
"ရှေ့က ဆိုင်က ဘယ်လိုဖြစ်တာတုန်း လူတွေ အများကြီး စီနေပါလား?"
ကန်ဝမ်ဖန်းဟာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
အလုပ်သမားလေးဟာ ပြန်ဖြေလိုက်သည်။
"ဒါက မာစတာ လင်းရဲ့ ဗေဒင်ဟောတဲ့ ဆိုင်လေ။ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ပန်ကိတ်စရောင်းပြီး လူတွေ ပိုများလာခဲ့တယ်"
ကန်ဝမ်ဖန်း ဟာစိတ်ဝင်စားသွားခဲ့သည်။
"ပန်ကိတ်က အဲလောက်တောင် အရသာရှိလို့လား"
"ညီမ အကြိမ်အနည်းငယ် သွားတန်းစီသေးတယ် ဒါပေမယ့် အရွေးမခံရဘူး၊ တစ်ခြားလူတွေ ပြောတာတော့ အရမ်းအရသာရှိတယ်တဲ့"
အလုပ်သမားမိန်းကလေးဟာ ပြောလိုကိသည်။
"မင်းက ဆိုင်နဲ့ ဆယ်မီတာ လောက်ပဲဝေးတာလေ ဒါကိုတောင် တစ်ခါမှ မစားဖူးဘူးလား?"
ကန်ဝမ်ဖန်းဟာ ရယ်မောလိုက်ပါတယ်။သူဒါကို မယုံကြညိပါဘူး။
ကန်ဝမ်ဖန်း ဟာ ကောင်းမွန်သော အစားအသောက် အစီအစဥ်ရဲ့ စပွန်ဆာ ပေးနေတဲ့ လူတစ်ယောက်ပါ။တစ်ချိန်တည်းမှာ သူကိုယ်တိုင်ဟာ လည်း အစားအသောက်ကောင်း ကြိုက်သူဖြစ်သည်။ဒါကြောင့် အစားအသောက်ကောင်း ပရိုဂရမ်ကို စတင်ခဲ့ခြင်းဖြစ်သည်။
သူဟာ လူသိများတဲ့ အစားအသောက် မဂ္ဂဇင်း စာတိုက်ကို လည်းပိုင်ဆိုင်ထားပါသေးတယ်။ဒါဟာ အစားအသောက်လောက မှာတော့ အတော် လွှမ်းမိုးနိင်စွမ်း ရှိသည်။
ဒီမဂ္ဂဇင်းမှာ အစားအသောက်ကောင်းတွေ နဲ့ ရှားပါးတဲ့ အစားအေသာက်တွေ ကိုအမြဲတမ်း ဖော်ပြပေးပါတယ်။
ပိတ်ရက်တိုင်းမှာ မဂ္ဂဇင်းကို ထုတ်ဝေပြီး အစားအသောက်ကောင်းတွေကို ဖော်ပြပေးပါတယ်။မြို့ထဲက အစားအသောက်များကိုလည်း တစ်စုတစ်စည်းထဲ တွေ့ရှိနိုင်ပေသည်။
အလုပ်သမား မိန်းကလေးဟာ ဒီလူ ဒီနားကို မရောက်ဖူးဘူး ဆိုတာ ပြောနိုင်ပါတယ်။ဒါကြောင့် ရှငိးပြပေးလိုက်သည်။
"ဆရာ တစ်ကယ်နားမလည်လိူ့ပါ မာစတာ လင်းက ဗေဒင်ဟောတဲ့နေရာရော ပန်ကိတ်ရောင်းတဲ့ နေရာမှာပါ စည်းမျဥ်းတွေ ချမှတ်ထားတယ်။သူတို့ က ပန်ကိတ်အတွက်တန်းစီ နေကြပေမယ့် အကုန်မရဘူး အကန့်အသတ်ရှိတယ်"
"စည်းမျဥ်းတွေလည်း ရှိသေးတာလား?"
ကန် ဝမ်ဖန်းဟာ ပိုပြီး စိတ်ဝင်စားသွားခဲ့သည်။
"ဟုတ်တယ် ပန်ကိတ်စားပြီးတဲ့ လူတွေက ဖော်မပြနိုင်တဲ့ အမူအရာတွေ ဖြစ်သွားကြတယ်။ဘယ်လို ပြောရမလဲ...ချူကာ အက်ချီဘန် ကာတွန်း ကိုသိလား?"
အလုပ်သမား မိန်းကလေးက ငယ်ရွယ်ပြီး 90ခုနှစ်ဖွားဖြစ်ပါတယ်။ဒါကြောင့် ချူကာ အက်ချီဘန် ကာတွန်းဇာတ်ကား သူမဟာ ငယ်ဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ကန်ဝမ်ဖန် ဟာ ရယ်မောလိုက်သည်။
"အဲ့ကာတွန်းက တောက်ပပြီး အရသာရှိတဲ့ အစားအသောက်တွေ အကြောင်းမလား"
"ဟုတ်တယ် အဲဒါ။ဒီပန်ကိတ်တွေက မတောက်ပပေမဲ့လည်း ပန်ကိတ်စားပြီး ဖြစ်နေတဲ့ လူတွေရဲ့ ပုံစံက ကားတွန်းထဲကနဲ့ တစ်ပုံစံတည်းပဲ။သူတို့ ဆေးစွဲနေသလိူတောင် ထင်ရတယ်"
ကန်ဝမ်ဖန်းဟာ ဆိုင်ဘက်ကို လှမ်းကြည့်လိုက်သည်။
"စစ်မှန်တဲ့ အစားအသောက်ကောင်း တွေက ခန္တာကိုယ် အရသာခံ အဖုလေးတွေကို သာယာမူပေးပြီး ဒီလို အမူအရာတွေ ဖြစ်ပေါ်စေတယ်..."
သူပြောလို့ အပြီးသေးခင်မှာပဲ ကောင်လေးတစ်ယောက်ဟာ ပန်ကိတ်ကို လက်ကကိုင်ထားပြီး တစ်ကိုက်ကိုက်လိုက်တာ တွေ့လိုက်ရပါတယ်။ယင်းနောက် သူ့မျက်နှာဟာ ကြည်နူးမူတွေပေါ်လာပြီး ကန်ဝမ်ဖန်း တောင် ဒီကောင် ဟန်ဆောင် နေတယ်ိလို့ တွေးမိလိုက်ပါတယ်။
မိန်းကလေးဟာ လက်ညိုးထိုးပြလိုက်သည်။
"အဲ့ အမူအရာကို ကြည့် "
ကန်ဝမ်ဖန်းဟာ ခေါင်းယမ်းလိုက်ပြီး ဒါက အရမ်း ချဲကားလွန်းတယ် လို့တွေးလိုက်မိသည်။
"ဒီဖိနပ် တစ်စုံပေးပါ"
ကန်ဝမ်ဖန်းဟာ အနည်းငယ် အံ့သြမိပေမယ့်လည်း မယုံကြည်ဖို့ကို ဆုံးဖြတ်လိုက်ပါတယ်။
ကမ္ဘာပေါ်မှာ အရသာအရှိဆုံး အစားအသောက်တောင် ဒီလို ရှုးသွပ်တဲ့ အမူအရာမျိုး ရှိမှာ မဟုတ်ပါဘူး။
အစားအသောက်ကောင်း ပရိုဂရမ် ထုတ်လွင့်တဲ့ TV ဖန်သားပြင်ပေါ်မှာတော့ ရှိရင်ရှိနိုင်ပါလိမ့်မယ်။ဒါပေမဲ့ အဲတာက တမင်တကာ သရုပ်ဆောင် ထားကြတာပါ.........