← Chapters

မင်းဟာတွေက တစ်ခုမှမကောင်းဘူး

Vol. 5 Ch. 74

မင်းဟာတွေက တစ်ခုမှမကောင်းဘူး

Vol. 5 Ch. 74

ထူးဆန်းတယ်

လင်းဖန် ပန်ကိတ်တွေကို သာကျွမ်းကျင်စွာ လုပ်နေပြီး တစ်ခြားဟာတွေကို သိပ်အများကြီး မတွေးပေ။

ဘာတွေပဲ ဖြစ်နေ ဖြစ်နေ။

သူ့ရဲ့ ပန်ကိတ် ၁၀ ခုကတော့ အလျင်အမြန်ပဲ ရောင်းကုန်သွားခဲ့ပါတယ်။

ပန်ကိတ်ကိုစားလိုက်ကြတဲ့ မြို့သူ မြို့သားတွေ အကုန်လုံး တူညီတဲ့ အမူအရာတွေ အဖြစ်ပြောင်းလဲ သွားခဲ့သည်။

သို့ပေမဲ့ ဒါက အံ့သြစရာ ကိစ္စမဟုတ်ပါဘူးး။နတ်ဘုရား အဆင့်ပန်ကိတ် ဟာ အမှတ်တကယ်ကောင်းမွန်လှပေသည်။

သို့ပေမယ့် ပန်ကိတ် ကိုစားပြီးသွားတဲ့နောက်မှာ သူ့ကို ဘယ်သူမှ စွယ်စုံအမှတ်ထပ်မပေးနိုင်တော့ပေ။

လင်းဖန်ရဲ့ စည်းမျဥ်းတွေနဲ့ ရင်းနှီးတဲ့ လူတွေဟာ အများအားဖြင့် ပုံမှန်ဖောက်သည်တွေပါ။တစ်ချို့ဖြတ်သွားတဲ့ လူများဟာ လင်းဖန်ဆိုင်မှရှုပ်လွန်းတဲ့ စည်းမျဥ်းများကို ကြည့်ပြီး ခေါင်းခါယမ်းလိုက်ကြသည်။

သူတို့ ပန်ကိတ်တစ်ခုအတွက်နဲ့ အချိန်တွေ အများကြီး မဖြုန်းချင်ကြပါဘူး။

အခုအချိန်မှာ လင်းဖန်မှာ စွယ်စုံအမှတ် ၄၀ အထိရှိနေခဲ့သည်။

ဒီပမာဏက များတယ်လို့မဆိုနိုင်ပေမဲ့ နည်းတဲ့ အထဲမှာလည်း မပါဝင်ပါဘူး။ဒီအမှတ်နဲ့ သူ သေးငယ်တဲ့ အကိုင်းအခွဲ အသိပညာလေးတွေကို လှဲလှယ်နိုင်ပါသည်။

သို့ပေမဲ့ လင်းဖန် အမှတ်တွေကို လဲလှယ်ဖို့ မလောသေးပေ။သေးငယ်တဲ့ အသိပညာလေးတွေ က သူ့အတွက် အသုံးမဝင်ပါဘူး။

လူလိမ် ထျန်ဟာ လင်းဖန်ရဲ့ဘေးမှာ ဝင်ထိုင်ရင်း ပြောလိုက်သည်။

"အခြေအနေက အတော် ထူးဆန်းတယ် ၊ ငါကြည့်နေတာ ဗေဒင်ဟောဖို့ ခါတိုင်းလာနေတဲ့ လူတွေက ထူးထူးဆန်းဆန်းတွေ ပြုံးပြီး ပန်ကိတ်ကို သွားစီနေကြတယ်"

"စိတ်မပူနဲ့ အခုမှ အစောကြီးရှိသေးတယ်လေ၊ လောဖို့ မလိုပါဘူး"

လင်းဖန် ပြောလိုက်သည်။

ဒီလူတွေရဲ့ အကြံအစည်က ဘာလဲ ဆိုတာ သူတကယ်စောင့် ကြည့်ချင်ပါတယ်....

ဒီနောက်ကွယ်မှာ တစ်ခုခု ထူးခြားတာ ရှိသည့်ပုံပေါ်သည်။ဒီမှာ လူတစ်ယောက်မှ မရှိတော့ပေ။ဒါကြောင့် လင်းဖန် ဖုန်းကို ထုတ်ပြီး ဝိုက်ဘိူ ကိုဖွင့်ကာ သတင်းအသစ်တွေကို ကြည့်လိုက်ပါတယ်။

လင်းဖန်ကို အံ့သြသွားစေတဲ့ အရာက ဝမ်မင်ယန် ပွဲထုတ်ပေးဖို့ လုပ်နေတဲ့ မိန်းကလေးက သူမရဲ့ အကောင့်ကနေသူ့ကို သီးသန့် စာပို့ထားတာပါ။

ဝုရွှန်းယွဲ့ : မာစတာလင်း , ညီမ "အသံအသစ်" အစီအစဥ်မှာ ဝင်ပြိုင်ခဲ့တယ်။ညီမ ရှန်ဟိုင်း နယ်မြေမှာ လူရွေးတာ အောင်မြင်ပြီးသွားပြီ။

သူတို့နှစ်ယောက် အဲ့နေပြီးကတည်းက တစ်ယောက်ကို တစ်ယောက် မဆက်သွယ်ဖြစ်ကြပါဘူး။လင်းဖန်လည်း မဆက်သွယ်သလို ဝုရွှန်းယွဲ့ကလည်း မဆက်သွယ်ခဲ့ပေ။

လင်းဖန် စာကို ဖတ်ပြီးသည့် အချိန်တွင် အံ့သြသွားခဲ့သည်။

သို့ပေမဲ့ သူမသူ့ကို ​ပျော်စရာ အကြောင်း ဝေမျှကတည်းက သူမကို ဂုဏ်ပြုသင့်ပါတယ်။

လင်းဖန် သူမကို အနီရောင် စာအိပ်လေးပို့ဖို့ ဆုံးဖြတ်လိုက်သည်။အစကတော့ သူ စာအိပ်ထဲမှာ 66.66 ဒေါ်လာ ထည့်ပေးဖို့ပါ။သို့ပေမဲ့ သူ များတယ် လို့တွေးမိလိုက်ပြီး 6.66 ဒေါ်လာသာ ထည့်ပေးလိုက်သည်။

အနီရောင်စာအိပ်လေး ပို့လိုကိသည်။

(N : သူတို့ဆော့ဝဲက ဖုန်းထဲကနေ ပိုက်ဆံပို့လို့ရတယ် ထင်တယ်)

လင်းဖန် : ဆက်ကြိုးစားထား

စတိတ်စဥ် နောက်ဘက်ရှိ နားနေခန်း တစ်ခုတွင်။

ဝုရွှန်းယွဲ့ ဟာ သူမရဲ့ ဖြူဖွေးပြီး သွယ်လျှတဲ့ ခြေထောက်တွေကို ဆိုဖာပေါ် တင်ထားပြီး အနားယူနေခဲ့ပါသည်။သူမ ဖုန်းကို သုံးနေသည့် အချိန်တွင် သူမမျက်နှာမှာ လှပတဲ့ အပြုံးလေးတစ်ခုကို တပ်ဆင်ထားခဲ့သည်။

သူမ လူရွေးပွဲမှာ အောင်မြင်ပြီး ခဲ့ပါပြီ။

သူမရဲ့ ပျော်ရွှင်မူကို ပထမဆုံး မျှဝေတာက သူမမိဘတွေနဲ့ပါ။ယင်းနောက် သူမဟာ မာစတာ လင်းကို စာပို့ပြီး ပြောလိုကိခြင်း ဖြစ်သည်။

တစ်ခြားပြိုင်ပွဲဝင် တွေဟာ ဝူရွှန်းယွဲ့ကိုပဲ ကြည့်နေခဲ့ပါတယ်။

ယောက်ျားလေး များဟာလည်း သူမကို ကြည့်ကာ တံတွေး မျိုချနေခဲ့ကြသည်။မိန်းကလေး ပြိုင်ပွဲ ဝင်များဟာတော့ သူမကို မနာလိူ မူတွေနဲ့ ကြည့်နေကြပါတယ်။

ဖော်မပြနိုင်တဲ့ အလှအပနဲ့ စွဲမက်ဖို့ ကောင်းတဲ့ အသံပိုင်ရှင်။သူမက တကယ် သန်မာတဲ့ ပြိုင်ဘက်တစ်ယောက် ပါ။

ဒိုင်တွေ တောင်မှ ဝူရွှန်းယွဲ့ရဲ့ ဆွဲဆောင်ခြင်းကို ခံရပါတယ်။သူမ စတင်ပြီး မဆိုရသေးခင်မှာပဲ အမှတ်တွေ ရရှိပြီးပါပြီ။

သူမနဲ့ ရင်းနှီးမူ သွားယူချင်တဲ့ ယောက်ျားလေးတွေ အတွက်ကတော့ မေ့လိုက်ဖို့ပဲ တတ်နိုင်ပါတယ်။သူမရဲ့ နောက်မှာရှိတဲ့ လူဟာ ဝမ်မင်ယန် ဖြစ်ပြီး ဘယ်သူမှ ထိလိူ့ မရပေ။

ဒင်

သူမဖုန်းလေးထဲမှ အသံလေးမြည် လာခဲ့ပါတယ်။

ဝူရွှန်းယွဲ့ဟာ အလျင်အမြန်ပဲ ပြောလိုက်ပြီး စာအိပ်လေး ပြန်ပို့ပေးလိုက်ပါတယ်။

"ကျေးဇူးတင်ပါတယ် မာစတာ "

ဒါက ၆၆.၆၆ ဒေါ်လာဖြစ်သည်။

လင်းဖန် ဒါကို မြင်ပြီး ဝမ်းသွားခဲ့ပါတယ်။ဒါက သူပေးလိုက်တာ ထက် ဆယ်ဆတောင် ပြန်ဝင်လာခဲ့တာပါ။

ကြည့်ရတာ ဒါကအလုပ်ဖြစ်ပုံပေါ်သည်။ဒါကြောင့် သူအလျင်အမြန်ပဲ စာအိပ်အနီ လေးထပ်ပို့ပေးလိုက်ပါတယ်။

ဒီတစ်ခါတော့ ကပ်စေးနဲ မနေတော့ပဲ အထဲတွင်

၈၈.၈၈ ဒေါ်လာ ထည့်ပေးလိုက်သည်။

ဝုရွှန်းယွဲ : ကျေးဇူးတင်ပါတယ် မာစတာ၊ဝန်ထမ်းတွေ ခေါ်နေပြီ ညီမသွားတော့မယ်။

ဟင်..

ငါ့ကို ဆယ်ဆ ပြန်မပေး တော့ဘူးလား...

လင်းဖန် ကြောင်အသွားခဲ့သည်။သူအလိမ်ခံ လိုက်ရတယ်လို့ ခံစားမိလိုက်ပါတယ်။

အဲ့အချိန်မှာပဲ အပြင်ဘက်မှ ခေါ်သည့် အသံတစ်ခုကို ကြားလိုက်ရသည်။

"သူဌေး ပန်ကိတ် တစ်ခုလောက်ရနိုင်မလား"

ကန်ဝမ်ဖန်ဟာ ဒီနေရာကို အံ့သြသင့်နေပြီး ရောက်လာခဲ့ခြင်းဖြစ်သည်။သူဒီနား ဝန်းကျင်က အစားအသောက်တွေ ကို လျောက်စားကြည့်ခဲ့ပေမဲ့ လည်း သာမန်မျှရှိတာကို တွေ့ရပြီး စိတ်ပျက်စေခဲ့ပါသည်။

သူက အစားအသောက် အကြီးအကဲတစ်ယောက်ဖြစ်ပြီး သူ့ကို စိတ်ကျေနပ်စေတဲ့ အစားအသောက်တွေ ကို သဘောကျပါတယ်။

တစ်ချို့ အစားအသောက်တွေက အတိတ် ငယ်ဘဝကို တောင် ပြန်ရောက်သွား သလိုပါပဲ။ပါးစပ်ထဲ ထည့်လိုက်တာနဲ့ ခံစားမူအထွတ်အထိပ်ကို ရောက်စေပါတယ်။

ကန်ဝမ်ဖန်း စားခဲ့ဖူးသမျှအစားအသောက်တွေ ထဲမှာ ပါးမား ကြက်ကင် က အရသာ အရမ်းရှိပြီး စိတ်ကျေနပ်မူ ပေးနိုင်ဆုံးအရာပါ။

ပါးမား ကြက်ကင် ကတစ်ခါပြင်ဆင်ဖို့ကို တစ်နှစ်လောကိ အချိန်ပေးရပါတယ်။သို့ပေမဲ့ ပြင်ဆင်နေတုန်းမှာပဲ ကမ္ဘာပေါ်ကစားသောက်ဆိုင်တွေနဲ့ သူဌေးကြီးတွေရဲ့ ကြိုတင် မှာယူမူကို လက်ခံရရှိကြပါသည်။

လူလိမ် ထျန်ဟာ ပြုံးပြီး ပြောလိုက်သည်။

"စိတ်မကောင်းပါဘူး ဒီနေ့အတွက် ကန့်သတ်ချက်ကပြည့် သွားပြီ၊တကယ်လို့ စားချင်တယ် ဆိုရင် နံရံပေါ်က စာ​ကို တစ်ချက်ဖတ်ကြည့်လိုက်ပါ"

ဒီလို အဖြစ်အပျက်တွေက ဖြစ်နေကြဖြစ်ပြီး ၊ လူလိမ် ထျန်ပဲ ရှင်းထုတ်လိုက်တာ များပါတယ်။

ကန်ဝမ်ဖန်း ဟာ အခန်းထဲ တစ်ချက်ကြည့်လိုက်ပြီး နောက်တွင် နံရံဆီသွားကာ ပိုစတာ ကို ဖတ်ကြည့်လိုက်သည်။

ဒါက ပန်ကိတ် ပြုလုပ်နည်း အခြေခံတွေကို ရေးသားထားတာပါ။

အစားအသောက် အကြီးအကဲ အတွက် ဒါကို နားလညိ ဖို့သိပ်မခက်ခဲပေ။

"ဒင် စွယ်စုံအမှတ် + 1"

လင်းဖန် ခေါင်းကို မော့ကာ မတ်တတ်ရပ်လိုက်သည်။သူ ဒီလူကြီး ဒီလောက်မြန်မြန် နားလည်နိုင်လိမ့်မယ် လို့ မထင်ခဲ့မိပေ။

ကန်ဝမ်ဖန်း ဟာ အံ့သြသွားခဲ့သည်။

"မင်းက သူဌေးလား"

လင်းဖန် ခေါင်းပြန်ညိမ့်လိုက်သည်။

"အင်း ခင်ဗျားရဲ့ ပန်ကိတ် မကြာခင်ရလိမ့်မယ် ခနစောင့်"

စွယ်စုံ အမှတ်တက်တာက လင်းဖန်ကို ပျော်ရွှင်စေပါတယ်။ဒီလို ကာစတန်မာ အတွက် ဆိုရင် သူ ပန်ကိတ် ထပ်လုပ်ပေးရလဲ စိတ်မရှိပါဘူး။

ကန်တေမ်ဖန်းဟာ ဒီဆိုင်က ထူးဆန်းတယ်လို့ တွေးမိလိုက်သည်။သူ အစကတော့ သိပ်ပြီး အလေးမထား ပါဘူး။အခုတော့ သူ ပန်ကိတ်ကို အမှနိတကယ် မြည့်ကြည့်ချင်မိသည်။

"ဒါက ကိတ်မှုန့် အနှစ်လား ဒါက ဂျုံမှုန့် အနှစ်နဲ့ ချက်ထားတဲ့ ဟင်းပွဲတွေလား။ဒါက ပန်ကိတ်လုပ်ဖို့ မသင့်တော်ဘူးနော်။ဒါက အရည်အသွေးနိမ့်ပြီး ညှင်သာနေတော့ ဂျုံနယ်ဖို့ ခက်လိမ့်မယ်"

သူက ကျွမ်းကျင်သူ တစ်ယောက်ပါ။သူ အရသာကို မြည်းယုံတင်မကပဲ ပါဝင်ပစ္စည်းတွေ

ကောင်းလား ဆိုးလား ဆိုတာကိုပါ နားလည်ပါတယ်။

ပန်ကိတ်တွေရဲ့ အစက ထိုင်ဝမ်ကနေ လာတာဖြစ်ပြီး စားကောင်းသောက်ဖွယ် အဖြစ်သတ်မှတ်လို့ ရပါတယ်။

ကန်ဝမ်ဖန်းဟာ လင်းဖန်ကို ကြည့်ပြီး ပြောနေခဲ့သည်။

"သူဌေး မင်းရဲ့ ကျွမ်းကျင်မူတွေက တော့ မဆိုးပါဘူး။ဒါပေမဲ့ အခုသုံးနေတဲ့ ဆီတွေက ဟင်းသီးဟင်းရွက် ဆီတွေထင်တယ်နော် ၊ဒါက ပန်ကိတ်လုပ်ဖို့ လို့အပ်တဲ့ ဆီမဟုတ်ဘူး။ဒီဆီနဲ့ ဆို အရသာက ထူးဆန်းနေလိမ့်မယ်"

ကန်ဝမ်ဖန်းဟာ စိတ်ပျက်စွာခေါင်းကို ခါယမ်းလိုက်သည်။

သူဒီဆိုင်က ပေါ်ပျူလာ ဖြစ်ပြီး စည်းမျဥ်းတွေ အများကြီး ရှိတာကြောင့် ထူးခြားလိမ့်မယ် လို့ထင်ထားခဲ့တာပါ။သို့ပေမဲ့ သူကြည့်ပြီး တဲ့ အချိန်မှာ စိတ်ပျက်သွားခဲ့သည်။

တကယ့် စားကောင်းသောက်ဖွယ် ဆိုတာက ပါဝင်ပစ္စည်းတွေက အဓိက ဖြစ်ပြီး ကျွမ်းကျင်မူနဲ့ နည်းပညာက အရံပါ။

အရသာက ကောင်းမွန်နေရင်တောင် စားကောင်းသောက်ဖွယ် လောကအတွက် ဒါကပုံမှန်ပါပဲ။ပုံမှန်လူတွေ မခံစားနိုင်ပေမဲ့ လည်း ကန်ဝမ်ဖန်း လို အသားအသောက် အကြီးအကဲအတွက် အရသာ နည်းနည်း ကွဲနေတာကအစ ခံစားမိပါတယ်။

လင်းဖန် တရုတ်နံနံနဲ့ ဝက်သား အမှုန့်တွေက ယူလိုက်တဲ့ အချိန်မှာ ကန်ဝမ်ဖန်ဟာ ထပ်ပြောလာခဲ့သည်။

"တရုတ်နံနံ က မသန့်ရှင်းဘူး ၊ ဒါကို ပါဝင်ပစ္စည်းအနေနဲ့ ထည့်လိုက်ရင် ပန်ကိတ်ရဲ့ ရနံ့ကို လျော့ကျစေပြီး အရသာကို ထိခိုက်လိမ့်မယ်"

"ဒီဝက်သား အမှုန့်"

ကန်ဝမ်ဖန်းဟာ ဝက်သားအမှုန့် အနည်းငယ်ကို လက်ထဲယူကြည့်လိုက်ပြီး ခံစားကြည့်လိုက်ပါတယ်။

"ဒါက အရည်အသွေးနိမ့် ဝက်သားမှုန့်ပဲ ၊ ပဲမှုန့်နဲ့စားသုံးဆီတောင် ရောထားလိုက်သေးတယ် ဘယ်လိုတွေတောင်လဲ"

လူလိမ် ထျန်ဟာတော့ ဘေးနားမှာ ကန်ဝမ်ဖန်းကို ဆွံ့အစွာကြည့်နေခဲ့ပါတယ်။

ဆရာကြီး လားဟ??

သို့ပေမယ့် လူလိမ် ထျန်ဟာ ကျိတ်ရယ် လိုက်သည်။

ပန်ကိတ်ကို ဘယ်သူပဲစားစား ကိစ္စမရှိပါဘူး၊သူတို့ စားပြီးတဲ့ အချိန်မှာ အမူအရာတွေက တစ်ပုံစံတည်းပါ။

လင်းဖန်ကတော့ တစ်ချိန်လုံး တစ်ခွန်းမှ ပြန်မပြောပေ။

"ကောင်းပြီ မြည်းကြည့်လိုက်ပါဦး"

ကန်ဝမ်ဖန်း ပန်ကိတ်ကို ယူလိုက်တဲ့ အချိန်မှာ လွှမ်းမိုးနိုင်တဲ့ ပန်ကိတ်ရနံ့က သူ့နှာခေါင်းထဲကို ဝင်လာခဲ့ပါတယ်။သူ့မျက်နှာဟာ ပြောင်းလဲသွားသည်။

"ဒီအနံ့က...."

"သူအသိပြန်ဝင် လာရင် ပိုက်ဆံတောင်းဖို့ မမေ့နဲ့ဦး"

လင်းဖန် ပါဝင်ပစ္စည်းတွေက ချလိုက်ပြီး ဆိုင်ထဲကို ပြန်ဝင်သွားလိုက်ကာ ထိုင်ခုံပေါ်တွင် လှဲကာ ထိုက်လိုက်သည်။

"နားလည်ပြီ"

လူလိမ်ထျန်ဟာ ခေါင်း ငြိမ့်ပြီး ပြောလိုက်ပါတယ်။

All Chapters