← Chapters

လေးနက်သည့် မျက်နှာ

Vol. 5 Ch. 75

လေးနက်သည့် မျက်နှာ

Vol. 5 Ch. 75

လင်းဖန် ဒီလူက အစားအသောက် အကြီးအကဲ တစ်ယောက်ဖြစ်တယ် ဆိုတာကို သိပါတယ်။သို့ပေမဲ့ သူစကား တစ်ခွန်းမှ မပြောချင်ပေ။

သူ ဒီလူရဲ့ ကျွမ်းကျင်မူတွေကို လက်ခံပါတယ်။ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ဒီလူ ပန်ကိတ်ကို အရင်မြည်းကြည့်သင့် ပါတယ်။

ကန်ဝမ်ဖန်းဟာ မတ်တတ်ရပ်နေးပြီး ပန်ကိတ်ဟာတော့ သူ့လက်အတွင်းမှာ ကိုင်ထားခဲ့သည်။

သူအကြိမ်အနည်းငယ် အနံ့ခံကြည့် လိုက်ပါတယ်။

"ဒါက ပန်ကိတ်ရဲ့ ရနံ့လား ၊ ပြီးတော့ တရုတ်နံနံရဲ့ ရနံ့ ဒါပေမဲ့ ဘယ်လို ဖြစ်နိုင်မှာလဲ? တရုတ် နံနံက ခြောက်နေတယ် ဆိုတာ သေချာတယ်လေ ဒီလို ရနံ့မျိုး ထုတ်ပေးနိုင်သေးလို့လား?"

သူ့ဟာ သူ့ကိုယ်သူ ပြောနေခဲ့ပါတယ်။သူအခုချိန်ထိ တစ်ကိုက်မှ မကိုက်ရသေးပါဘူး။သူပန်ကိတ်က လာတဲ့ ရနံ့ကို သေချာခံစားနေပြီး ဒါက သူ့ကို လွမ်းမိုးထားနိုင်ပါတယ်။

ကန်ဝမ်ဖန်းဟာ ပဟေဠိ ဖြစ်စွာကြည့်နေခဲ့သည်။

"ရနံ့ကတော့ တကယ့်ကို အမှတ်ပြညိ့ပဲ ၊ ဒါက ဘာမဟုတ်တဲ့ ပန်ကိတ်တစ်ခုက လာတာ ဟုတ်ရဲ့လား လို့တောင် သံသယဖြစ်မိတယ်"

သူပန်ကိတ်ရဲ့ အသွင်အပြင်ကို လေ့လာလိုက်ပါသည်။အလွှာတွေဟာ တစ်လွှာ ပြီး တစ်လွှာ ဖုံးလွှမ်းထား တာ တွေ့နေရပြီး အပြင်ဘက် အသားဟာ တော့ကြွပ်ရွနေခဲ့ပါတယ်။

"တကယ့်ကို ပြီးပြည့်စုံတဲ့ အသွင်အပြင်ပဲ"

သူ့လက်ထဲက ပန်ကိတ်ကို ဖော်ပြဖို့ သူ စကားလုံးတွေ တောင် ပျောက်ဆုံးနေခဲ့ပါသည်။

လူလိမ် ထျန်ဟာ ကန်ဝမ်ဖန်း ကို ကြည့်နေခဲ့ပြီး ထူးဆန်းသည်ဟု တွေးလိုက်မိသည်။တစ်ခြားလူတွေဟာ ပန်ကိတ်ကို ရပြီးဆိုရင် ချက်ချင်း တန်းစားကြတာပါ။သို့ပေမဲ့ ဒီလူကတော့ ပန်ကိတ်ကို ကြည့်ပြီး သူ့ကိုယ်သူ စကားတွေ ပြောနေခဲ့သည်။

လင်းဖန် ကုလားထိုင်မှာ မှီကာ ထိုင်နေပြီး အပြင်ဘက်က ကန်ဝမ်ဖန်းရဲ့ အမူအရာကို ကြည့်နေခဲ့သည်။

ကန်ဝမ်ဖန်းဟာ အသက်ကို ပြင်းပြင်း ရူလိုက်ပြီး ပန်ကိတ်ကို စားကြည့်ဖို့ ပြင်လိုက်ပါတယ်။

ဒီ ပန်ကိတ်ရဲ့ သွင်ပြင် ၊ ဒီရနံ့က တကယ့် အမှတ်ပြည့်ပဲ ..ဒါပေမဲ့ အရသာကရော ?? ဒါက ပုံမှန်အရသာပဲ ဖြစ်နေမှာ မဟုတ်ပါဘူးနော်???

ဘယ်အစားမသောက် မဆို ၊ ကောင်းမွန်တဲ့ ပါဝင်ပစ္စည်းတွေ မရှိပဲနဲ့ အရသာကောင်းမှာ မဟုတ်ဘူး။ပြုလုပ်တဲ့လူ ဘယ်လောက်ပဲ ကျွမ်းကျင်နေပါစေ ဒါက စည်းမျဥ်းပဲ ..

သူ ခေါင်းကို ငုံ့ကာ ပန်ကိတ်ကို တစ်ကိုက်ကိုက်လိုက်သည်။

**ခရက်**

ကြွက်ရွပြီး ရှင့်လင်းတဲ့ အသံဟာ ကန်ဝမ်ဖန်းရဲ့ ပါးစပ်ထဲမှာ မြည်သွားခဲ့ပါတယ်။

လူလိမ်ထျန်ဟာ ပါးစပ်ကြီးဟပြီး ကန်ဝမ်ဖန်း ရဲ့ မျက်နှာ အမူအရာကို စောင့်ကြည့်နေခဲ့သည်။သူ့အတွက်ကတော့ တစ်ခြားလူတွေ ပန်ကိတ်စားပြီး ဖြစ်ပေါ်လာတဲ့ အမူအရာတွေက သရုပ်ဆောင်နေသလိုပါပဲ။

အဲ့အချိန်မှာပဲ ကန်ဝမ်ဖန်း ရဲ့ မျက်လုံးကြီးများဟာ ကျယ်သွားပြီး ၊ သူ့ကြည့်ရတာ နွားတစ်ကောင်နဲ့ တောင်တူနေခဲ့ပါတယ်။

သူ့ပါးစပ်ထဲတွင်တော့ သူတစ်ခါမှ မခံစားဖူးတဲ့ အရသာဟာ သူ့အရသာခံ အာရုံကို လှုံ့ဆော်နေခဲ့သည်။

အချိန်တွေဟာ ရပ်တန့်သွားသလိုပါပဲ။ သူ့ဘေးနားမှာ ရှိတဲ့ အရာရာတိုင်းဟာ တိတ်ဆိတ်သွားခဲ့ပါတယ်။

ပန်ကိတ်ရဲ့ မွှေးကြိုင်တဲ့ ရနံ့ ၊ သန်မာလှတဲ့ အရသာစွမ်အား ။မတူညီတဲ့ အရသာတွေဟာ သူ့ပါးစပ်ထဲမှာ တွေ့ဆုံကာ ပေါက်ကွဲထွက်သွားသလိုပါပဲ။

ကန်ဝမ်ဖန်းဟာ ကောင်းကင်ဘုံကို မြင်နေရပါပြီ။

သူ့ကိုသူ မီးတောင်ရဲ့ အစွန်းမှာ ရပ်နေသလို့ ခံစားနေရပါတယ်။သူ့နားဝန်းကျင်မှာ ပူလောင်တဲ့ လေထုဟာ ဝန်းရံနေပြီး သူ့နှလုံးသားဟာလောင်ကျွမ်းနေခဲ့သည်။

ဒါက ကြက်သွန်နီ နဲ့ ငရုပ်သီးရဲ့ အရသာပဲ....

ရုတ်တရက် ကန်ဝမ်ဖန်းဟာ တဆတ်ဆတ် တုန်ရီသွားခဲ့သည်။အေးမြတဲ့ ရေခဲရေ မိုးတွေဟာ သူ့အပေါ်ကို ရွာချလိုက်သလိုပဲ ဖြစ်ပြီး ခုနက ပူလောင်တဲ့ ခံစားမူကို ငြိမ်းသတ်ပေးဖို့ ကြိုးစားနေခဲ့ပါတယ်။

ဒါ..ဒါ တရုတ်နံနံရဲ့ အရသာပဲ လတ်ဆတ်မူကို သယ်ဆောင် လာပေးတယ်...

အေးစက်မူ နဲ့ ပူလောင်မူ ဟာ ရိုက်ခက် သွားခဲ့သည်။

ဖြစ်ပေါ်လာတဲ့ အရသာကတော့ အရသာခံအာရုံ ကြည်နူးမူးတွေ ပေးစွမ်းနေခဲ့ပါတယ်။

အစားအသောက်တွေရဲ့ အကြီးအကဲပဲ....

လူလိမ် ထျန်ဟာ ဘေးနားကနေ ဆွံ့အစွာ ရပ်ကြည့်နေခဲ့သည်။

"စောက်ကျိုးနဲ့ ..မင်းလာတုန်းက ဆရာကြီးစတိုင်နဲ့လေ..အခုတော့ မင်းအမူအရာကတစ်ခြားလူတွေထက်တောင် ပိုဆိုးနေပါလား"

ကန်ဝမ်ဖန်းဟာ စကားတစ်ခွန်းမှ မပြောပေမဲ့ သူအမူအရာတွေဟာ အကုန်လုံးကို ပြောပြနေခဲ့ပါတယ်။သူဟာ စိတ်လှုပ်ရှားနေခဲ့ပြီး လွတ်လပ်မူကို ခံစားနေရသည်။

သူခေါင်းကို ငုံ့ကာ စားလိုက်သည်။

စားးး!!!

စားးး!!! ထပျစားး!!

သူ ပန်ကိတ်ရဲ့ အကပ်အသတ် လေးတွေ တောင် မချန်ထားခဲ့ပါဘူး။

သူထပ်စားလို့ရရင် ပန်ကိတ်ကို ဖုံးအုပ်ထားတဲ့ ပလပ်စတစ် ကိုပါ ဂုဏ်ယူစွား စားပစ်လိုက်ချင်မိပါတယ်။ပလပ်စတစ် မှာ ကျန်တဲ့ အကပ်အသတ်တွေကို လျှာနဲ့ လိုက်ယက်လိုက်ပါသည်။

ယင်းနောက် ကန်ဝမ်ဖန်းဟာ မျက်လုံးကို မှိတ်လိုက်ပြီး ပါးစပ်ထဲမှာ ကျန်နေတဲ့ အကပ်အသတ်တွေ ကို ကုန်စင်အောင် စားနေခဲ့သည်။အကုန်ကုန်ပြီးနောက်.......

လူလိမ် ထျန်ဟာ ကြောင်အနေခဲ့ငည်။

"ငို....ငိုနတောလား "

ကန်ဝမ်ဖန်းရဲ့ မျက်လုံးတွေဟာ ပိတ်ထားပေမဲ့ သူ့မျက်လုံး က မျက်ရည်တွေ စီးကျလာနေတာကို နေရောင်အောက်မှာ မြင်နေရပါတယ်။

ဒါက အရသာတွေ ရဲ့ အထွပ်အထိပ်ပဲ....

သူက အစားအသောက် အကြီးအကဲ တစ်ယောက်ဖြစ်ပြီး သူ့ဘဝရဲ့ ရည်မှန်းချက်က သူ့နှလုံးသားကို ကိုင်လှုပ်နိုင်တဲ့ အစားအသောက်ကို စားရဖို့ပါ။

ကံဆိုးချင်တော့ သူတစ်ခါမှ မခံစားခဲ့ရဖူးပါဘူး သို့ပေမဲ့ ဒီတစ်ခါတော့ သူ့ဆန္ဒတွေဟာ ပြည့်ဝသွားပြီ ဖြစ်သည်။

လင်းဖန်ဟာ လှမ်းကြည့်နေခဲ့ပြီး ဒီလူပုံစံကို သိပ်ဂရုမစိုက်ပါဘူး။ဒါက သူမျှော်လင့်ထားပြီး သားပါ။သူ လဘက်ရည် တစ်ငုံသောက်လိုက်ပြီး ​ေနာက်ကို ပြန်လှဲလိုက်သည်။

"ဒီ ပန်ကိတ်က လူသား ကမ္ဘာမှာပေါ်ထွက် လာသင့်တဲ့ အရသာ မျိုးမဟုတ်ဘူး။ငါ ထိုင်ဝမ် မှာရှိတဲ့ မူရင်း ပန်ကိတ်ရဲ့ အရသာကို စားဖူးပြီးသွားပြီ၊ အဲ့ကဟာတွေက ဒါကို မယှဥ်နိုင်ဘူး"

"ဒါက တကယ်ကို ..တကယ်ကို အရသာရှိလွန်းတယ်"

ကန်ဝမ်ဖန်းဟာ မျက်လုံးကို ပြန်ဖွင့်ပြီး ပြောလိုက်သည်။

တစ်ချိန်တည်းမှာပဲ မြို့သူမြို့သား တွေ ဘာလို့ အဲ့ပုံစံ ဖြစ်နေလည်း ဆိုတာ သူနားလည် သွားခဲ့ပါပြီ။

မဟုတ်ဘူး ဒါတွေက ချဲကားပြီး လူပ်နေကြတာ မဟုတ်ဘူး။ဒါက အမှန်တကယ် ဖြစ်သင့်တဲ့ အမူအရာတွေပဲ...

လူလိမ် ထျန်ဟာ အလျင်အမြန်ပဲ ပြောလိုက်သည်။

"ဆျာ ဒေါ်လာ ၅၀ ကျပါတယ် ၊ အခုရှင်းနိုင်မလား"

ကန်ဝမ်ဖန်းဟာ အလျင်အမြန် ပိုက်ဆံအိပ်ကို ယူလိုက်သည်။

"ဒီ အရသာက ပိုက်ဆံ နဲ့ ရှင်းလို့ရတဲ့ အရာမဟုတ်ဘူး။ဒါပေမဲ့ စျေးနှုန်းတော့ သတ်မှတ်ထားသင့်တယ်"

"ဒီလို ပန်ကိတ်ကို စားရဖို့ဆိုင် ၊ ပိုက်ဆံ ဘယ်လောက်ပဲ ဖြစ်ဖြစ် ငါပေးနိုင်တယ်"

လူလိမ် ထျန်ဟာ ဒီလူ လက်ထဲက ဒေါ်လာတစ်ရာ ဘေလ်ကို မြင်တဲ့ အချိန်မှာ မျက်လုံးအရောင်လက်သွားခဲ့ပါတယ်။

ချမ်းသာတာပဲ...

လင်းဖန် လှမ်းပြောလိုက်သည်။

"စျေးက သတ်မှတ်ထားပြီးသားနော် ပြန်အန်းလိုက်ဦး"

လူလိမ်ထျန်ဟာ ရွေးချယ်စရာ မရှိတော့ပဲ ပြန်အန်ရတော့ မည်ဖြစ်သည်။

ကန်ဝမ်ဖန်းဟာ အလျင်အမြန်ပဲ လင်းဖန်ရှေ့ကို လျောက်သွားလိုက်ပါတယ်။

"သူဌေး နောက်တစ်ခုလောက် လုပ်ပေးပါ။ဘယ်စျေးပဲ ဖြစ်ဖြစ် အဆင်ပြေတယ်"

?လင်းဖန် ခေါင်းကို မော့ကာ ပြန်ငြင်းလိုက်သည်။

"စည်းမျဥ်းက စည်းမျဥ်းပဲ ..မနက်ဖြန်မှ လာပြီး တန်းစီ ပါ"

ကန်ဝမ်ဖန်းဟာ အငြင်းခံလိုက်ရပါတယ်။သို့ပေမဲ့ သူသိပ်မကျေနပ်ပါဘူး။ဒီလိုအရသာ အတွက်က တစ်ခုထဲနဲ့ မလုံလောက်နိုင်ပါဘူး။

သို့ပေမဲ့ စည်းမျဥ်းက စည်းမျဥ်းပါပဲ။သူ စည်းမျဥ်းကို ချိုးဖောက်မှာ မဟုတ်ပေ။

သူက အစားအသောက် အကြီးအကဲ တစ်ယောက်ဖြစ်ပြီး နေရာတိုင်းမှာ စည်းမျဥိးတွေ ရှိတာ သိပါတယ်။ပြီးတော့ ဒီစည်းမျဥ်းတွေက တစ်ဦးတစ်ယောက် အတွက် ပြောင်းလဲပေး လို့ရတဲ့ အရာတွေ မဟုတ်ပါဘူး။

သိူ့ပေမဲ့ သူပန်ကိတ်စားပြီးတဲ့ အချိန်မှာ ဒီပန်ကိတ်က ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတာ ကို နားလည်ပါတယ်။ဒီပန်ကိတ်နဲ့ယှဥ်ရင် တစ်ခြားဟာ တွေက အကုန် ချီးတွေ ပါပဲ။

ဟုတ်တယ်..ဟုတ်တယ် " ချီး " ဒီစကားလုံးကပဲ ကွင်းကွင်းကွက်ကွင် ရှင်းပြလို့ရတယ်။

"သူဌေး ဒီပန်ကိတ်ကို ဘယ်လို ပြုလုပ်လိုက်တာလဲ? ဒါက လူတစ်ယောက်ရဲ့ နှလုံးသားကိုတောင် ကိုင်လှုပ်နိုင်တယ်။ဒါပေမဲ့ ပါဝင်ပစ္စည်းတွေက ပုံမှန်ပဲလေ.. အဆင့်နိမ့် ပါဝင်ပစ္စည်းတွေတောင် ဖြစ်နိုင်သေးတယ်"

ကန်ဝမ်ဖန်းဟာ ဟာစိတ်ရှုပ်ထွေးနေခဲ့ပါတယ်။သူသိသမျှအရာရာတိုင်းက ဒီတစ်ခါတော့ အကုန်လွင့်ပစ်လိူက်ရမလို ပါပဲ။

လင်းဖန်ကတော့ ဒီလူကို စိတ်ရှုပ်စွာ ကြည့်လိုက်သည်။

ဒါက ပန်ကိတ်လေး တစ်ခုပဲလေ မင်းက ဘာလို့ မေးစရာ တွေ အဲလောက်တောင် များနေရတာလဲ.......

ပန်ကိတ်ကို ဘယ်လို လုပ်လဲ ဟုတ်လား???

လက်တွေ နဲ့လေ၊ အသိအသာကြီးပဲ။ငါက တစ်ခြားဘာလဲ လုပ်ရဦးမှာလဲ ? ဘယ်လိုကောင်လဲ.....

သို့ပေမဲ့ သူဒီလူကို ထွက်သွားဖို့ ကြိုးစားရပါမယ်။

လင်းဖန် ပြုံးလိုက်ပြီး ရင်ဘတ်ကို ပုတ်ကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

"နှလုံးသားနဲ့ ပြုလုပ်တာ"

ကန်ဝမ်ဖန်း ဟာ ကြောင်အသွားခဲ့သည်။

"နှလုံးသား?"

လေးနက်တဲ့ မျက်နှာနဲ့ လင်းဖန် ခေါင်းညိမ့်ပြလိုက်ပါတယ်။

"ကျွမ်းကျင်တဲ့ ပန်ချီဆရာ တစ်ယောက်က ပန်ချီရေးဆွဲတဲ့ အချိန်မှာ နှလုံးသားနဲ့ရေးဆွဲတယ်။

ပန်ကိတ်တွေ ဆိုတာ လညိး တူတူပဲ ၊ ပါဝင်ပစ္စည်းဆိုတာ က ဒီတိုင်းအရံပစ္စည်းတွေ ဒါပေမဲ့ ငါ့ရဲ့ နှလုံးသားကို ပန်ကိတ်ထဲ ထည့်ပေးလိုက်တဲ့ အချိန်မှာတော့ အရသာက အတိုင်းထက် အလွန်ပဲပေါ့"

ဟုတ်တာပေါ့ လင်းဖန် ဒီလူကို ဂျင်းထည့်နေတာပါ။

ကန်ဝမ်ဖန်းဟာ ဒီလို ရှင်းပြမူမျိုး ကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်ပြီး ရုတ်တရက် သူအလင်းပွင့် သွားသလို ခံစားလိုက်ရသည်။

"ငါ နားလည်ပြီ"

လင်းဖန် စိတ်သက်သာရာ ရသွားခဲ့သည်။

"ဒါဆိုလည်း မနက်ဖြန်မှ လာပြီး တန်းစီလိုက်၊လူလိမ် ထျန် တို့ ကာစတန်မာကို လိုက်ပို့လိုက်ပါဦး"

ကန်ဝမ်ဖန်းဟာ လင်းဖန်ကို ထပ်မေးချင်ပေမဲ့ လညိး လူလိမ်ထျန်ရဲ့ ကြားဖြတ်ချင်းကို ခံလိုက်ရသည်။

"ဆျာ ဒီမှာ ပြန်အမ်းငွေပါ"

ကန်ဝမ်ဖန်းဟာ လင်းဖန်ကို ထပ်ကြည့်လိုက်ပြီး နှလုံးသားထဲကနေ မှတိထားလိုကိသည်။

သူ့စိတ်ထဲကတော့ ဆုံးဖြတ်ပြီးပါပြီ ဒီလောက်ကောင်းတဲ့ ပန်ကိတ်ကို သူတစ်ယောက်ထဲ မစားသင်ပါဘူး။

ကန်ဝမ်ဖန်း ထွက်သွားပြီးနောက်တွင်။

လူလိမ် ထျန်ဟာ မေးလိုက်သည်။

"လင်းဖန် မင်းတကယ် နှလုံးသားနဲ့ လုပ်ထားတာလား?"

လင်းဖန်မျက်လုံးများ ကျဥ်းသွားကာ လူလိမ်ထျန်ကို စောက်ရူးတစ်ယောက် လို ကြည့်လိုကိသည်။

"ကျုပ်ဖင် ကြီးကို နှလုံးသားပါလား၊ ဒီလူကို မြန်မြန်ပြန်အောင် ဂျင်းထည့်လိုက်တာ"

လူလိမ် ထျန် : "..............."

ပန်ကိတ်က ဘာလို့ အရမ်းအရသာရှိနေရတာလဲ??

ဒီမေးခွန်းကတော့ စွယ်စုံကျမ်းကပဲ ဖြေနိုင်ပါလိမ့်မယ်။

လင်းဖန်တောင်မှ တစ်ခါတစ်ခါ စိတ်ရှုပ်ထွေးမိပါတယ်။ပါဝင်ပစ္စည်းတွေက အတော်ကို အရည်အသွေး နိမ့်ပေမယ့်လညိး ထွက်လာတဲ့ အရသာက နတ်ဘုရား ဆန်လွန်းပါတယ်။

ဘယ်လို ဆန်းကျယ်မူမျိုးလဲ........

All Chapters