ကြောက်မက်ဖွယ်ကောင်းသော
Vol. 6 Ch. 78
"ညီအစ်ကို ငါဒီကို လာခဲ့တာ"
ဝမ်မင်ယန်ဟာ ဆိုင်ထဲကို ဝင်လိုက်ပြီးတော့ ခုံတစ်လုံးယူကာ ထိုင်လိုက်ပါတယ်။
လင်းဖန်ဟာ ပြုံးလိုက်သည်။
"တကယ်ကို ဂုဏ်သရေရှိ ဧည့်သည်တော်ပဲ ဒီနေ့ကော ဘာတွေယူလာခဲ့လဲ"
လူလိမ် ထျန်ဟာ အလျင်အမြန်ပဲ လဘက်ရည်ခွက်ပြင်ကာ စားပွဲပေါ်တင်ပေးလိုကိပါတယ်။
ဝုယန်ဂန်ဟာ ဆိုင်ထဲကို ဝင်လာပြီးတော့ ပတ်ပတ်လည်ကို အရင်တစ်ချက်ကြည့်လိုက်ပါသည်။ တစ်ချိန်တည်းမှာပဲ ဝမ်မင်ယန် နဲ့ စကားပြောနေတဲ့ မာစတာ လင်းဟာ အတော်ငယ်သေးတာ တွေ့လိုက်ရပါတယ်။
အရင်တုန်းကသာ ဆိုရင် သူယုံကြည်မှာ မဟုတ်ပါဘူး။အခုတော့ သူ လုံးဝ ယုံကြည်ပါတယ်။
"ဟဲလို မာစတာလင်း"
ဝုယန်ဂန် ဟာ မာန ကြီးတဲ့လူတစ်ယောက်ပါ။သို့ပေမဲ့ သူလင်းဖန်ကို ယဥ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
ပုံမှန်အရဆိုရင် တော့ လင်းဖန် သူ့ကို ဘာမှမကူညီခဲ့ပါဘူး သို့ပေမဲ့ လင်းဖန်ဟာ သူ့ကို သွယ်ဝိုက်ပြီး အကြံဥာဏ်ပေးခဲ့ပါတယ်။ မာစတာလင်းကို မယုံကြည်မိတဲ့ သူကိုယ်သူပဲ အပြစ်တင်ရမှာပါ။
လင်းဖန် ဝုယန်ဂန် ကို ခေါင်းညိမ့်ပြလိုက်ကာ ပြောလိုက်သည်။
"ကျေးဇူးပြု၍ ထိုင်ပါဦး"
ဝမ်မင်ယန်ဟာ ဝုယန်ဂန်ကို အကူအညီပေးနိုင် ဖို့အတွက် ဒီကို ခေါ်လာခဲ့တာပါ။သူ အနည်းငယ် မျက်နှာပူပေမဲ့ လည်း လာခဲ့ပါတယ်။
ဝုယန်ဂန်ဟာ ဝမ်မင်ယန် ရဲ့ ဘေးနားတွင် ထိုင်လိုက်သည်။ဘီလီယံနာ သူဌေးကြီး နှစ်ယောက် ဒီကို လာလိမ့််မယ်လိုဘယ်သူမှ ထင်ထားကြမှာ မဟုတ်ပါဘူး။
သူတို့ကို ရိုက်ိနှက်ပြီး ပြန်ပေးဆွဲခေါ်သွားရင် တောင် ချမ်းသာ နိုင်ပါတယ်။
"ဒီတစ်ခါ ညီအစ်ကို ဝုကို ဒီကို ခေါ်လာတာက သူ့ကို ကူညီနိုင်မလား ကြည့်ပေးဖို့လေ"
ဝမ်မင်ယန်ဟာ ပြောလိုက်သည်။သူက ပွင့်လင်းပြီးတော့ သစ္စာရှိတဲ့ လူတစ်ယောက်ပါ။ သူ့သူငယ်ချင်းကို ဘယ်လိုအနေအထားပဲ ရောက်နေပါစေ ကူညီပေးမယ့် စိတ်ထားရှိပါတယ်။
လင်းဖန်ဟာ ပြုံးပြီး ပြောလိုက်သည်။
"ဒီက စည်းမျဥ်းတွေ မသိသေးဘူးထင်တယ်"
ဝမ်မင်ယန်ဟာ ရှက်ကိုးရှက်ကန်း ပြုံးကာ ပြန်ပြောလိုက်သည်။
"ဟုတ်တာပေါ့ ဒီက စည်းမျဥ်းတွေကို သိထားပါတယ်။ငါ မင်းကို ခက်ခဲအောင်မလုပ်ပါဘူး၊ ညီအစ်ကို ဝုကို အရင်ဆုံး စကားလေး ဘာလေး ပြောဖို့ ခေါ်လာခဲ့တာ"
သူ လင်းဖန်ရဲ့ စည်းမျဥ်းတွေကို သိထားပြီး ၊ လင်းဖန် ဘယ်လို လူမျိုးလဲ ဆိုတာကိုပါ သိထားပါတယ်။
စည်းမျဥ်းတွေကို ပြောင်းလဲဖို့ဆိုတာက လွယ်ကူတဲ့ အရာမဟုတ်ပါဘူ။သို့ပေမဲ့ စည်းမျဥ်းကို လူကဖန်တီးထားတာ ဆိုတော့ သူကံစမ်းကြည့်တာပါ။
"မာစတာ လင်း ၊ ဘာစည်းမျဥ်းလဲ တကယ်လို့ ပြောင်းလဲဖို့ အဆင်မပြေရင် စည်းမျဥ်းအတိုင်းလုပ်ပါ့မယ်"
အရင်တုန်းက ဝုယန်ဂန်ဟာ ဗေဒင်ပညာကို မယုံကြည်ပါဘူး။သူဟာ အလုပ်ကိုသာ အစွမ်းကုန်ကြိုးစားပြီး ၊ ဇွဲလုံ့လ အပေါ်မှာပဲ ယုံကြည်ခဲ့ပါတယ်။
ဗေဒင်ပညာဆို တာ ပိုက်ဆံအတွက် လိမ်စားနေတယ်လို့ပဲ တွေးထားခဲ့တာပါ။သို့ပေမဲ့ မတော်တဆမှုဖြစ်တဲ့ အချိန်မှာ ဝမ်မင်ယန် ညွှန်ပြတဲ့ ဆရာက တကယ်ကို စွမ်းဆောင်ရည် ရှိမှန်း သိလိုက်ရသည်။
သူတို့ရဲ့ လုပ်ငန်းတွေ အတွက်ဆိုရင် တော့ လင်းဖန်ကို နတ်ဘုရား တစ်ပါးလို ကိုးကွယ်ထားရမှာပါ။
လင်းဖန်ဟာ ဝမ်မင်ယန်ကို ကြည့်လိုက်ပြီး ရယ်ရမလား ငိုရမလား မသိတော့ပါဘူး။ သူက သူဌေးကြီးတစ်ယောက် ဖြစ်ပြီး စကားပြောဖို့ ခေါ်လာတာလို့ ဗြောင်လိမ်နေပါတယ်။
"ခင်ဗျားက တကယ်မဆိုးဘူး အရင်တုန်းက နည်းနည်း မာနကြီးခဲ့တာပဲ ရှိတာ။ စည်းမျဥ်းတွေကို ကျွန်တော်က ချမှတ်ထားတာ ဆိုတော့ ဒီနေ့ လိုက်နာဖို့ မလိုဘူး ဒါပေမဲ့ တစ်ခြားလူတွေကို လိုက်ပြောလို့ မဖြစ်ဘူးနော်"
ဝမ်မင်ယန်ဟာ ပြုံးပြီး လက်မထောင်ကာ ပြောလိုက်သည်။
"ညီအစ်ကို တကယ်သဘောကျ သွားပြီ"
လင်းဖန် ခေါင်းခါယမ်းကာ ပြောလိုက်ပါတယ်။
"နောက်တစ်ခါမရဘူးနော်"
"စိတ်မပူပါနဲ့ နောက်တစ်ခါမဖြစ်စေရဘူး။ နောက်တစ်ခါ ငါမေးချင်ရင်တောင် စည်းမျဥ်းတွေ အတိုင်းပဲ လုပ်ပါ့မယ်"
ဝမ်မင်ယန်ဟာပြောလိုက်သည်။
ဝုယန်ဂန်ဟာ မာစတာ လင်း သူ့မျက်နှာကို သေချာကြည့်နေတာ ခံစားလိုက်ရပါတယ်။သူလည်း ပြန်ကြည့်လိုက်သည်။
"ခင်ဗျားမှာ ကံကောင်းမူတွေ ရှိနေတာပဲ"
ဝုယန်ဂန် ဟာ ခါးသက်စွာ ပြုံးပြီး ပြန်ဖြေလိုက်သည်။
"မာစတာ ကျွန်တော် ဘယ်လို ကံကောင်းနိုင်မှာလဲ။ ကျွန်တော် တစ်ချိန်လုံးကံဆိုးနေတာ"
ငွေတွေ ဘီလီယံချီပြီး ဆုံးရှုံးသွားတာက သူ့ကို စိတ်ဓာတ်ထိုးကျစေပါတယ်။ သူ စိတ်ဓာတ်ကျလွန်းလို့ ငိုတောင် မငိုနိုင်ခဲ့ပါဘူး။
လင်းဖန် သူ့ခေါင်းကို ပြန်မော့ကာ ပြောလိုက်သည်။
"ယုံကြည်လိုက် ၊ မဟုတ်ရင် ခင်ဗျားဘဝ ဘယ်တော့မှ ချောမွေ့ပြီး အောင်မြင်တဲ့ ဘဝကို ပြန်ရမှာ မဟုတ်ဘူး။ဒါက ကြီးမားတဲ့ ဆုံးရှုံးမူကြီး ဆိုတာမှန်တယ်၊ ဒါပေမဲ့ ဒါက ခင်ဗျားဘဝမှာ တစ်ခုတည်းသော အကြီးမားဆုံး အခက်အခဲပဲ"
ဝမ်မင်ယန်ဟာ ဘေးနားမှာ ငြိမ်သက်စွာ နားထောင်နေပြီး ဝင်ပြောလိုက်ပါတယ်။
"ဒါဆို သူပြန်အဆင်ပြေလာပြီး အနာဂတ်မှာကျိန်းသေအောင်မြင်မှာပေါ့"
လင်းဖန် ပြုံးလိုက်ပြီး ဘာမှ အများကြီးထပ်မပြောတော့ပါဘူး။ သူ အများကြီး ပြောရင် မိုးကြိုးပစ်ခံ ရမှာပါ။
"အကြီးအကဲဝု ခင်ဗျားမှာ အသက် ၂၈ ကျော်ကျော် ချစ်သူ တစ်ယောက်ရှိတယ်မလား"
ဝုယန်ဂန် ဟာ ကြောင်အသွားခဲ့သည်။မာစတာလင်း ဒီလောက်အထိ သိနေမယ် လို့ သူမထင်ထားခဲ့ပါဘူး။ သူ ဒီအကြောင်းကို ဘယ်သူကိုမှ တောင် မပြောထားခဲ့ပေ။
ဝမ်မင်ယန်ဟာ ဝုယန်ဂန် တိတ်ဆိတ်စွာနဲ့ လက်ခံတာကို ကြည့်ပြီး အံ့သြသွားခဲ့ပါတယ်။
"ညီအစ်ကို ဒီကိစ္စကို ခင်ဗျားမိန်းမသိရင် ထိန်းချုပ်လို့ မရတာတွေ ဖြစ်သွားနိုင်တယ်နော်"
"ကြည့်ရတာ ငါလည်း ယောက်ျားတစ်ယောက်ပဲလေ၊ တစ်ခါတစ်လေ ကျတော့ ထိန်းချုပ်ဖို့ ခက်တယ်။ မာစတာ လင်း က ဒီကိစ္စကိုတောင် သိနေတယိ"
လင်းဖန် အကြိမ်အနည်းငယ် မျက်တောင်ခတ်ပြီးပြောလိုက်ပါတယ်။
"ကျုပ် ခင်ဗျားကို အရှက်ခွဲဖို့ ပြောတာမဟုတ်ဘူးနော်"
ဝုယန်ဂန်ဟာ ချက်ချင်း မျက်မှောင် ကျုတ်လိုက်ပြီး ရှုပ်ထွေးသွားခဲ့ပါတယ်။
"မာစတာ ဘာကို ဆိုလိုတာလဲ"
"ခင်ဗျား ဒီကို လာတာ အဖြေတစ်ခုကို ရှာချင်လို့ လာတာ မလား၊ ကျွန်တော် အခုပြောလိုက်မယ် ခင်ဗျားဖြစ်တဲ့ ပြသနာ တွေက သူနဲ့ ဆက်စပ်နေတယ်"
"ခင်ဗျားရဲ့ ချစ်သူက ခင်ဗျားကို အရင် ချည်းကပ်ခဲ့တာ ဟုတ်တယ်မလား"
လင်းဖန် မေးလိုက်သည်။
ဝုယန်ဂန်ဟာ ခေါင်းညိမ့်လိုက်ပြီး ပြန်ဖြေလိုက်ပါတယ်။
"ဟုတ်တယ် သူကို ဝိုင်ဘား တစ်ခုမှာ လွန်ခဲ့တဲ့ နှစ်နှစ်က တွေ့ခဲ့တာ ဒီပရောဂျက် ကလည်း သူမကြောင့် ...."
ယင်းနောက် ဝုယန်ဂန်ဟာ မယုံကြည်နိုင်စွာပဲ ခေါင်းမော့လာခဲ့သည်။
"မာစတာ ဒါက မဖြစ်နိုင်ဘူးနော် ဟုတ်တယ်မလား။သူမလည်း ဒီပရောဂျတ်မှာ အရာရာ ဆုံးရှုံးသွားခဲ့တယ်"
ဝုယန်ဂန်ဟာ အံ့သြသင့်စွာပြောလိုက်သည်။
"သူမ နာမည်က ဘယိလိုခေါ်လဲ"
ဝမ်မင်ယန်လဲ ဆွံ့အစွာမေးလိုက်ပါတယ်။
"ဝမ်မင်ဟွန်"
ဝုယန်ဂန်ဟာ ဖြေလိုက်သည်။
"ချီးပဲ သူမလား၊ သူမက ငါ့ကို ပရောဂျတ်မှာပါဖို့ အသည်းအသန် စည်းရုံးနေတာ အံ့သြစရာ မရှိတော့ဘူး"
ဝမ်မင်ယန်ဟာ စိတ်တိုစွာပြောလိုကိသည်။ယင်းနောက် သူဟာ သူ့ပေါင်သူ ရိုက်လိုက်ပြီး
"ချီးပဲ ညီအစ်ကို မင်း ချစ်သူရှိရင် လည်း ငါ့ကိုပြောပြသင့်တယ်။မဟုတ်ရင် ဒီလိုတွေဖြစ်မှာ မဟုတ်ဘူး"
"ငါအခုမှသိတော့တယ် ၊ ဒါက ဘေဂျင်းအတွက် လုပ်နေတဲ့ ပရောဂျက်ကြီးလေ။သူမက ငါ့ကို ဘာလို့ အတင်းခေါ်နေတာလဲ လို့ ငါတွေးနေတာ"
ဝမ်မင်ယန်ဟာ ပြောလိုက်သည်။
လင်းဖန်ဟာ သူ့လက်ဘက်ရည်ကို ပဲ အေးဆေးသောက်လိုက်ပါတယ်။သူတို့ အကုန်နားလည် သွားမှတော့ သူရှင်းပြစရာ မလိုတော့ပါဘူး။
ယင်းနောက် သူဟာ ဖုန်းကို ထုတ်လိုက်ပြီး ဆော့ဝဲ့တစ်ခုကို ဖွင့်ပြလိုက်သည်။
"နောက်နှာရီဆိုရင် ဘေဂျင်းသွားမယ့် လေယာဥ်ရှိတယ်၊ အမှီပြန်ချင်တယ်မလား"
ဝုယန်ဂန် ဟာ ကြောင်အနေခဲ့တာပါ။လင်းဖန်ရဲ့ သတိပေးတာကို ကြားမှ နိုးထလာခဲ့သည်။
"ဟုတ်တယ် အမြန်ပြန်မှရမယ်၊ သူမက ဒီရက်ပိုင်းထူးဆန်းနေတာ အံ့သြစရာ မရှိတော့ဘူ။သူမက အကြွေးတွေများနေလို့ နိုင်ငံခြားမှာထားတဲ့ ရန်ပုံငွေပိုက်ဆံသွားယူချင်တယ် ပြောနေတာ။ငါကတော့ သူမထွက်ပြေးချင်နေတာလို့ပဲ ထင်တယ်"
ဝုယန်ဂန်ဟာ လင်းဖန်ရဲ့ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ပွင့်လင်းစွာပြောလိုက်ပါျယ်။
"မာစတာ ကျေးဇူးပါ ၊ ကျေးဇူးတင်ပါတယ်။ကျွန်တော် ဒါကို မှတ်ထားပါ့မယ် ပြီးတော့ အခြေကျသွားရင် တစ်ခေါက်ပြန်လာပါမယ်"
ယင်းနောက် ဝုယန်ဂန်ဟာ သူ့အိပ်ကပ်ထဲမှ ခရက်ဒက် ကဒ်ကို ထုတ်ကာ ပြောလိုက်သည်။
"မာစတာ ဒါက ကျွန်တော်ရဲ့ လေးစားမူကို ကိုယ်စားမပြုပါဘူး။ဝန်ခံပါတယ် ကျွန်တော် ထပ်မပြောတော့ဘူး အခုတော့ အမြန်ပြန်တော့မယ်"
လင်းဖန် ကတ်ကို ယူထားလိုက်ပါတယ်။ဒါက သူနဲ့ ထိုက်တန်တဲ့ အရာပါ။
ဝမ်မင်ယန်ဟာ လည်း ထလာလိုက်ပြီး လင်းဖန် ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
"ညီအစ်ကို တကယ်တော်လွန်းတယ် ၊ အခုတော့ သူ့ကို လေဆိပ်လိုက်ပို့လိုက် ဦးမယ်။ပြီးမှပဲ တစ်ခေါက်ပြန်လာခဲ့တော့မယ်"
"ဘာပဲ လုပ်ဖို့ဆုံးဖြတ် ဆုံးဖြတ် သူမကို ထိခိုက်အောင် မလုပ်နဲ့ဦး"
လင်းဖန် သတိပေးလိုက်ပါတယ်။ဝုယန်ဂန်ဟာ ခေါင်းညိမ့်ပြကာ ထွက်သွားခဲ့သည်။
သူတို့ ထွက်သွားပြီး နောက်တွင် လင်းဖန်ဟာ ခရက်ဒက်ကတ်ကို ကိုင်ကာကြညိ့လိုက်ပါတယ်။
လူလိမ်ထျန်ဟာ အနားလာပြီး မေးလိုက်သည်။
"အထဲမှာ ဘယ်လောက်ရှိလဲ?"
"သိချင်တယ်မလား"
လင်းဖန် ပြုံးကာ မေးလိုက်သည်။
"အင်း"
လူလိမ်ထျန် ခေါင်းငြိမ့်ကာ ပြန်ဖြေလိုကိသည်။
လင်းဖန် ဖုန်းထဲက ဘဏ်ဆော့ဝဲကို ဖွင့်ပြီး ကဒ်နံပါတ် ကို ရိုက်ထည့် ကြည့်လိုကိပါတယ်။လူလိမ်ထျန်ဟာ အထဲမှ ငွေပမာဏ ကိုမြင်ကာ ဆွံ့အသွားခဲ့သည်။
"ဟားးးးးဟားးးးးး"
လင်းဖန် သဘောကျစွာ ရယ်မောလိုကိပါတယ်။