မတော်တဆ စွမ်းအား
Vol. 6 Ch. 82
"တတိယမြောက် စာမျက်နှာပွင့်သွားခဲ့ပါပြီ၊ တတိယမြောက်စာမျက်နှာ အတွက်၊သင်နှင့်ရင်းနှီးတဲ့ လူတစ်ယောက်၏ ကျွမ်းကျင်မူတစ်ခုကို ရွေးချယ်လိုက်သည်။"
"ထျန်ဟန်မင် ဟာ သင်နဲ့ အတော်ကို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်။ဒါ့ကြောင့် တရုတ်ကိုယ်ခံပညာသိုင်းပညာ များထဲမှ "စွမ်းအားရှစ်မျိုး လက်သီးသိုင်း" ကိုဖွင့်လှစ်ပေးလိုက်သည်။"
စမ်းသပ်ချက် :: ထုံးစံအတိုင်း ၊ ကျော်ကြားတဲ့ မာစတာ လင်းဖြစ်လာရန်။
ဆုလာဒ် ::: စွယ်စုံအမှတ် ၂၀ မှတ်ရရှိပြီးနောက်ထပ်စာမျက်နှာတစ်ခု ဖွင့်လှစ်နိုင်မည်။
မှတ်ချက် :: အသိပညာ အခန်းအသေးဖြစ်တာကြောင့် ပရိုအဆင့်များ မပါဝင်ပေ။
လင်းဖန်ဟာတော့ ဆွံ့အနေခဲ့သည်။လူလိမ် ထျန်ဟာ လင်းဖန်သူ့ကို ထူးဆန်းစွာ ကြည့်နေတာ မြင်တဲ့ အချိန်မှာ ကျောချမ်းသွားခဲ့ပါတယ်။
"မင်းဘာလိုချင်လို့ လဲ"
လူလိမ် ထျန်ဟာ တစ်ခုခုမှားနေတာကို သတိထားမိလိုကိပြီး မေးလိုက်သည်။
လင်းဖန်ဟာ တော့စိတ်ညစ်စွာခေါင်းခါယမ်းလိုက်ပါတယ်။သူ လူလိမ် ထျန်လို လူမျိုးနဲ့ ဘယ်လို တွေ့ခဲ့လဲ ဆိုတာ မသိတော့ပါဘူး။ပထမဆုံး မစ်ရှငိ နှစ်ခုကတင် သူနဲ့ မကင်းတော့ပေ။
"ကျုပ်ကို ရိုးရိုးသားသား ပြောစမ်းပါ၊ စွမ်းအားရှစ်မျိုး လက်သီးသိုင်း အပြင် ခင်ဗျား ဘာတွေ သိထားသေးလဲ"
လင်းဖန်ဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်နေတဲ့ အတွက် မေးလိုက်ပါတယ်။
လူလိမ် ထျန်ဟာ ဒီမေးခွန်းကို ကြားလိုက်တဲ့ အချိန်မှာတော့ ပြုံးလိုက်သည်။
"မင်းက ငါကိုကြောက်နေတာလား၊ ငါက မင်းထူးဆန်းနေပါတယ်လို့ ထင်နေတာ ဒီမေးခွန်းမေးချင်နေတာကို။စွမ်းအား ရှစ်မျိုးလက်သီးသိုင်းအပြင် ငါ ဟင်းချက်တာမှာလည်း တော်တယ်"
"ခနလေး ၊ အရင်တုန်းက လုပ်ခဲ့ဖူးတဲ့ အလုပ်အကိုင်တွေ ပြောကြည့်ပါလား"
"အိုး ဒါက အများကြီးပဲ။ငါ သော့ပြင်ဆရာလည်း တစ်နှစ်ခွဲလောက် လုပ်ဖူးတယ်၊ လမ်းသန့်ရှင်းရေးကို တစ်နှစ် ၊ စာဖိုမှူး ၊ အရောင်းမြင့်တင်ရေး ၊ အနှိပ်သည်......."
လင်းဖန် လူလိမ် ထျန်ရဲ့ အလုပ်တွေကို ကြားတဲ့အချိန်မှာ မေ့လဲမလို တောင် ဖြစ်သွားခဲ့ပါတယ်။
ဒါတကယ်ကြောက်ဖို့ကောင်းတယ် ၊ တကယ်လို့ နောက်စာမျက်နှာကျရင်လည်း လူလိမ် ထျန်ဟာကိုပဲ ကျရင် ငါတော့ အဆုံးသတ်ပြီ......
လင်းဖန် လူလိမ်ထျန်ကို ထပြီး ရိုက်နှက်လိုက်ချင်ပေမယ့် လည်း ၊ မရိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အခန်းခွဲက အသိပညာ "စွမ်အားရှစ်မျိုး လက်သီးသိုင်း " ဟုတ်လား...????
ငါက အဲဒါနဲ့ ဘာသွားလုပ်ရမှာလဲ.....
ကျော်ကြားတဲ့ မာစတာ လင်းဖြစ်လာဖို့ ဆိုရင် သူအနာဂတ်မှာ တိုက်ပွဲတွေ ဆင်နွဲရတော့မှာပါ။သူ ဂိုဏ်းတွေနဲ့တောင် ရန်သူဖြစ်လာနိုင်ပါတယ်။
စွမ်အားရှစ်မျိုး လက်သီးသိုင်းက လေ့ကျင့်ရတာသိပ်မခက်ပေ။သို့ပေမဲ့ ဒီဘက်ခေတ်ကြီးမှာ ကိုယ်ခံပညာဆိုတာက သိပ်ပြီးအသုံးမဝင်ပါဘူး။
ယင်းနောက် လင်းဖန် သူ့ရဲ့ စွယ်စုံကျမ်းကို စစ်ကြည့်လိုက်သည့် အချိန်တွင် စွယ်စုံ အမှတ် ၆၇ မှတ်ရှိနေတာကို တွေ့လိုက်ရသည်။ဒါက တကယ်မဆိုးပေမယ့်လည်း သူကြိုးစားပြီး စုဆောင်းဖို့ လိုအပ်ပါသေးတယ်။
"မေ့လိုက်တော့ ၊ စွမ်းအားရှစ်မျိုး လက်သီးသိုင်းကလည်း မဆိုးပါဘူးလေ။ဒါက ငါ အလျင်မြန်ဆုံး ကိုယ်ခံပညာရှင် ဖြစ်လာမယ့် အခွင့်အရေးပဲ"
အနာဂတ်မှာ သူ ဂန်းစတားတွေကို ကြောက်ဖို့ မလိုတော့ပါဘူး။အရင်တစ်ခါကလို ထပ်ဖြစ်လာရင် အနည်းဆုံးတော့ သူကိုယ့်ကိိုကို ကာကွယ်လို့ ရပါတယ်။
..........
ညအချိန်။
လင်းဖန် ဆိုင်လေးကို ပိတ်ပြီး အိမ်ပြန်လာခဲ့ပါတယ်။
ရှန်ဟိုင်းရဲ့ စားကောင်းသောက်ဖွယ် ပေ့ချ် တစ်ခုတွင်တော့။
လိုင်းပေါ်ရောက်နေတဲ့ လူတွေ အကုန်လုံး လင်းဖန်ရဲ့ ပန်ကိတ်ကိုပဲ ဆွေးနွေးနေကြပါတယ်။
ကမ္ဘာ့အကောင်းဆုံး ပန်ကိတ်.. မင်းမစားဖူးသ၍ မင်းဘဝမှာ ဘာလိုအပ်နေလဲ သိမှာမဟုတ်ဘူး။
ကြက်ဥနှင့်ပေါက်သူ :: ကြောက်စရာပဲ ၊ ဘယ်ကောင်ကများ လက်သရမ်းပြီး ရေးလိုက်တာလဲ။
အဆုံးသတ် သတ်ဖြတ်သူ :: ဘယ်လိုဟာသလဲ?ပန်ကိတ်တစ်ခုက အဲလောက်တောင် ဖြစ်စေပါ့မလား?ဆိုင်ပိုင်ရှင်က ပွဲစီစဥ်သူတွေကို ကြော်ညာခ ဘယ်လောက်တောင် ပေးလိုက်ရလဲ မသိဘူး။
အေးစက်တဲ့ လူကြီး :: ငါတို့က ကမ္ဘာပေါ်မှာနော် ဂိမ်းကစားနေကြတာ မဟုတ်ဘူး။ဒီမှာ ဘာမှော်ဝင် စားသောက်ကုန်မှ မရှိဘူး။ဒါပေမဲ့ မင်းရဲ့ အမူအရာအတွက်လေးစား ပါတယ်။
အိပ်ပျော်နေတဲ့ စောက်ရူးလေး :: ပွဲစီစဥ်တဲ့ လူတွေစားဖူးလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ဒီပန်ကိတ်တွေက တကယ်အရသာရှိလွန်းတယ်။စကားနဲ့ ပြောလို့ရတဲ့ အရာမဟုတ်ဘူး။တစ်ခါစားတာနဲ့ တစ်ဘဝလုံး မှတ်မိသွားလိမ့်မယ်။ငါလည်း တစ်ခါပဲ စားဖူးပြီး ထပ်အရွေးမခံရတော့ဘူး။
အဆုံးသတ် သတ်ဖြတ်သူ ::: အိပ်ပျော်နေတဲ့ စောက်ရူးလေး ငါမင်းကို တစ်ဒေါ်လာပေးမယ် ၊ပါးစပ်ပိတ်ထားတော့။
အိပ်ပျော်နေတဲ့ စောက်ရူးလေး :: အဆုံးသတ် သတ်ဖြတ်သူ , မင်းမစားဖူးရင် ဖင်လာမယားနဲ့၊ ပုံတွေကိုကြည့် မာစတာ လင်းရဲ့ ပန်ကိတ်ကို သားပြီးတဲ့ လူတိုင်း ဒီအမူအရာအတိုင်း ဖြစ်ကုန်ကြတာ ချည်းပဲ။
နောက်ထပ်တစ်ပုံဟာ မာစတာ လင်းရဲ့ ဆိုင်ရှေ့မှာ တန်းစီနေကြတဲ့ လူအုပ်ကြီးရဲ့ပုံပါ။ဒါက တကယ်ပဲ မယုံကြည်နိုင်စရာ ကောင်းပါတယ်။
"မင်းမြင်လား မာစတာ လင်းက တစ်နေ့ကို ပန်ကိတ် ၁၀ လုံးပဲ ရောင်းတာတောင် စားချင်လို့ တန်းစီနေတဲ့ လူတွေ တစ်ပုံကြီး"
အိပ်ပျော်နေတဲ့ စောက်ရူးလေးဟာ ပြန်ပြောလိုက်သည်။
အင်မော်တယ် ဝိညာဥ် :: ဒါတစ်ကယ်ကြီးလားး?ဘယ်လောက်တောင် အရသာရှိလို့လဲ။ငါအဲ့ဆိုင်နဲ့နီးတယ် မနက်ဖြန်သွားကြည့်ရမယ်။
အိပ်ပျော်နေတဲ့ စောက်ရူးလေးဟာ အင်မော်တ
ယ် ဝိညာဥ် ကို စာပြန်လိုက်သည်။
"ဒါပေါ့ အစစ်အမှန်ပဲ၊ကံကောင်းပါစေ။ငါလည်းမစားရတာ ခုနှစ်ရက်လောက်ရှိပြီ။အခုပိုက်ဆံစုပြီး ပွဲစားတွေဆီက ဝယ်နိုင်အောင် လုပ်နေတာ"
("666"
"ဟေး အစားအသောက် စီစဥ်တဲ့ အဖွဲ့က မာစတာ လင်းရဲ့ ပန်ကိတ်ကို ထောက်ခံလိမ့်မယ် လို့ မထင်ထားမိခဲ့ဘူး။မာစတာ လင်းရဲ့ ပန်ကိတ်က ကမ္ဘာမြေကြီးရဲ့ ကောင်းကင်ဘုံပဲ"
.....
လင်းဖန် သူ့ရဲ့ ပန်ကိတ်က ရှန်ဟိုင်းရဲ့ အစားသောက်ကောင်းများ ပေ့ချ်မှာ ဒီလောက်အထိ တွင်ကျယ်နေတာ ကို မသိခဲ့ပေ။
လင်းဖန်သာ သိရင် ရယ်မှာလား ငိုမှာလား ဆိုတာ မပြောနိုင်တော့ပါဘူး။အခုအချိန်မှာ ပန်ကိတ် လုပ်ငန်းက အရံစီးပွားရေးပါ။
မြေအောက် ကားပါကင် တစ်ခုတွင်။
လင်းဖန် သူ့ကားကို ပါကင်ထိုးပြီးနောက်မှာ ဓာလှေကားဆီကို ပျော်ပါးစွာ လမ်းလျောက်နေခဲ့ပါတယ်။
တီတီ တီတီ တီတီ တီတီ...........
အဲ့အချိန်မှာပဲ ဟွန်းတီးသံ အဆက်အပြတ် ထွက်လာခဲ့ပါတယ်။လင်းဖန်ဟာ ဘေးဘက်ကို အလျင်အမြန်ခုန်ရှောင် လိုက်ရသည်။
အနက်ရောင်ကားတစ်စီးဟာ အရှိန်လျင်မြန်စွာဖြင့် လင်းဖန် အနားမှ ဖြတ်မောင်းသွားခဲ့သည်။
"မင်းရူးနေလား? မင်းတို့ နောက်ဘဝမှာ ပြန်မွေးချင်နေတာလား"
လင်းဖန် ကျိန်ဆဲလိုက်သည်။
ဒါက မြေအောက်ကားပါကင် ဆိုတာတောငိ ဒီကောင်တွေက ကားကို အမြန်မောင်းနေကြပါသေးတယ်။
ကားဟာ လုံးဝ အရှိန်မလျော့ပဲ သိပ်မကြာခင်မှာ ပါကင်ထိုးပြီး ရပ်လိုက်ပါတယ်။
လင်းဖန် အလွန်အမင်း စိတ်မကြည်မလင် ဖြစ်သွားခဲ့သည်။သူချက်ချင်းပဲ ကားဆီကို လျောက်သွားလိုက်ပြီး ကားတံခါးကို အားနဲ့ခေါက်လိုက်ပါတယ်။
"ဘာလဲ ??"
ကြွက်သားတွေနဲ့ တောင့်တောင့်တင်းတင်း လူသုံးယောက်ဟာ ကားပေါ်ကနေဆင်း ခဲ့ပါတယ်။
သူတို့ဟာ အနည်းဆုံး အရပ် ၁.၈ မီတာခန့်ရှည်ပြီး စွတ်ကျယ် အက်ျီအနက်ကိုယ်စီ ဝတ်ထားကြသည်။
ဒါဟာ သူတို့ရဲ့ ကြွက်သားများကို ပေါ်နေစေခဲ့ပါသည်။သူတို့ဟာ အတော် ကြောက်ဖို့ကောင်းနေကြသည်။
"မင်းတို့ ဘာလို့ မြေအောက် ကားပါကင်မှာ အမြန်မောင်းနေတာလဲ။ငါ့ကို တိုက်မိတော့မလို့ ဆိုတာ မမြင်ဘူးလား?"
ကားမောင်းတဲ့ လူဟာ မာနကြီးစွာ ပြန်ပြောလိုက်သည်။
"အခု မင်း ဒီမှာ ဘာမှမဖြစ်ပဲ ရပ်နေတာ မဟုတ်ဘူးလား? လစ်တော့ "
လင်းဖန်ဟာ မျက်မှောင်ကျုတ်ကာ ပြန်ပြောလိုက်သည်။
"မင်းလေသံက ဘာဖြစ်နေတာလဲ"
"ခွေးသားမင်းက လာရှုပ်ချင်နေတာလား?"
ကားမောင်းတဲ့ လူကြီးဟာ လက်ကို မြောက်ပြီး လင်းဖန်ကို ရိုက်ဖို့ လုပ်လိုက်ပါတယ်။
ယင်းနောက်တွင် လင်းဖန်ဟာ သူ့ခန္တာကိုယ် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။သူ့လက်ကို လွှဲယမ်းလိုက်ပြီး လူကြီးရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်ပါတယ်။
ဘန်းးးး
လူကြီးဟာ ချက်ချင်း မြေကြီးပေါ် ပစ်လဲကျသွားခဲ့သည်။ လင်းဖန် ရိုက်လိုက်တဲ့ အရှိန်က လျင်မြန်လွန်းလှပြီး လူကြီးရဲ့ ပါးပေါ်ကို မိုးကြိုးပစ်ချလိုက်သလို အားပါလွန်းလှပါတယ်။
လင်းဖန် သူ့ကိုယ်သူ အံ့သြနေခဲ့သည်။
ကျန်တဲ့ နှစ်ယောက်ဟာ ရှေ့ကို တက်လာကြပေမယ့် လင်းဖန်ဟာ စူပါပါဝါ ရနေသလို ခံစားရပါတယ်။
နှစ်ထပ် နှစ်ချက် ဖြတ်ရိုက် လိုက်တဲ့အချိန်မှာ ကျန်တဲ့ နှစ်ယောက်ပါ မြေကြီးပေါ် လဲကျသွားခဲ့သည်။
လင်းဖန်ဟာ မယုံကြည်နိုင်ခဲ့ပေ။အရင်တုန်းက သူ့လက်တွေမှာ ဘာခွန်အားမှ မရှိပေမယ့် အခု အတော်သန်မာ လာခဲ့ပါတယ်။
လင်းဖန်ဟာ အနည်းငယ် ဘဝင်မြင့်သလို ဖြစ်သွားခဲ့သည်။
ငါက အခုဆရာတစ်ဆူဖြစ်သွားပြီ ၊ ဘယ်ကောင့် စောက်ဂရုစိုက်ရမှာလဲ......
စွမ်းအားရှစ်မျိုး လက်သီးသိုင်းက အတော်ကို စွမ်းအားကြီးပါတယ်။သူ့ရဲ့လက်ရှိပညာဟာ လူလိမ် ထျန်ထက် သာလား ဆိုတာတော့ သူမသိပေ။
မြေကြီးပေါ်က သုံးယောက်ဟာ ကြောက်ရွံ့စွာတောင်းပန်နေကြသည်။
"တောင်းပန်ပါတယ် တောင်းပန်ပါတယ်"
လင်းဖန် သူတို့ကို ပြောလိုက်သည်။
"မင်းတို့ နောက်တစိခါ ဂရုစိုက်မောင်းသင့်တယ်။ဒီနေ့ ငါဖြစ်နေလို့ မင်းတို့ကံကောင်းသွားတာ ၊နောက်တစ်ခါဆို မင်းတို့ အသက်ရှင်မှာ မဟုတ်ဘူး"
"ဟုတ် ဟုတ် နောက်တစ်ခါ ဂရုစိုက်ပါ့မယ်"
လင်းဖန် ဒီသုံးကောင်နဲ့ ငြင်းခုန်မနေတော့ပါဘူး။သူဟာ စွယ်စုံကျမ်း ဆီကိုသာ စိတ်ကရောက်နေခဲ့သည်။
ကြည့်ရတာ သူက စွမ်းအားရှိတဲ့ လူတစ်ယောက် ဖြစ်လာတဲ့ ပုံပါပဲ.......