← Chapters

မီးတောက်စစ်ပွဲ အင်ပါယာ

Vol. 6 Ch. 83

မီးတောက်စစ်ပွဲ အင်ပါယာ

Vol. 6 Ch. 83

အိမ်တွင်။

လင်းဖန်ဟာ ဆိုဖာ ပေါ်မှာ ဇိမ်နဲ့ထိုင်နေခဲ့ပြီး ပျော်ရွှင်နေခဲ့ပါတယ်။

အရင် အိမ်အဟောင်း နဲ့ယှဥ်ရင် ဒီလိုနေရာမျိုးကသာ လူနေသင့်တဲ့ အိမ်မျိုးပါ။ ဆိုဖာ ၊ TV ပြီးတော့ ရေချိုးခန်း အစုံအလင်ရှိပါတယ်။

စောက်ကျိုးနဲ့ အရင်က ငါ ဘယ်လိုနေရာမှာ နေခဲ့တာလဲ?

မီတာ အနည်းငယ်သာ ကျယ်ဝန်းပြီးတော့ ၊ သန့်စင်ခန်းလည်း မရှိပေ။အခန်းအကျယ်က ခြေလှမ်းအနည်းငယ် လှမ်းရင် ပြည့်နေပါပြီ။သူလုပ်ချင်တာ လုပ်လို့တောင် မရပါဘူး။

နောက်ဆုံးတော့ သူ့ဘဝဟာ ပြောင်းလဲလာခဲ့ပြီး လူလတ် တန်းစား ဘဝကိုရောက်လာခဲ့ပါပြီ။သူ့ရှေ့က TV တွင်တော့ သတင်းများလာနေခဲ့သည်။

"တရုတ်ရဲ့ ထိပ်တန်း MMA ကိုယ်ခံပညာရှင် ဟန်လု ဟာ စွမ်းအားရှစ်မျိုး လက်သီးသိုင်း ပညာရှင် မာစတာ လိုင်လိုင် အား အနိုင်ယူခဲ့ခြင်း"

အဲ့အချိန်မှာတော့ လင်းဖန်ဟာ စွယ်စုံကျမ်းကို စစ်ဆေးနေခဲ့သည်။

ပိုင်ရှင် :: လင်းဖန်

အလုပ်အကိုင် :: ပန်ကိတ်အရောင်းသမားလေး၊ရှေးဖြစ်ဟော မာစတာ ၊ စွမ်းအားရှစ်မျိုး လက်သီးသိုင်း ကိုယ်ခံပညာရှင်။

မစ်ရှင် :: လူထင်ရှားသော ကိုယ်ခံပညာရှင် မာစတာ ဖြစ်လာရန်။

ဆုလာဒ် ::: စွယ်စုံအမှတ် + 20

လက်ရှိ စွယ်စုံအမှတိ :: + 67

သူဟာ တတိယ စာမျက်နှာရှိ ရှင်းပြနိုင်သည့် စာသားကို ကြည့်လိုက်တဲ့ အချိန်မှာ အံ့သြသွားခဲ့သည်။

ငါ ဒါကို တစ်ခြားလူတွေ ကို ဘယ်လို ရှင်းပြရမှာလဲ???

ထပ်ပြောရရင် သူရှငိးပြရင်တောင် လက်တစ်ဆုပ်စာ လူလောက်သာ နားလည် နိုင်မှာပါ။

ဝိုက်ဘို တွင်။

လင်းဖန် ဝိုက်ဘို ကို ဖွင့်လိုက်တဲ့ အချိန်မှာ တစ်ခုခုဖြစ်နေပြီ ဆိုတာ နားလည် လိုက်ပါတယ်။လူတွေ အများကြီးဟာ ဟန်လုနဲ့ လိန်လိန် အကြောင်းကို ဆွေးနွေးနေကြပြီး လျင်မြန်စွာ ပျံ့နှံ့လာခဲ့ပါသည်။

လိမ္မော်ခွံ :: ဒီ ဟန်လု ကစောက်ကြမ်းးကြီးနော်။သူက လိုင်လိုင်ကို ၁၁ စက္ကန့် အတွင်း အလဲထိုး သွားတာ။

ဆင်းရဲသူရဲ့ အခွင့်အရေး :: ဒီကောင်က အရမ်းမောက်မာ လွန်းတယ်။လိုင်လိုင် က တစ်ခြားလူကို အပြင်းအထန် ခံစားရမှာ မလိုလားလို့ အတွင်းအားကို မသုံးခဲ့ဘူး။သူသာ သုံးခဲ့ရင် ဟန်လု လိူ အမှိုက်ကို ရိုက်ချနိုင်မှာ။

ဂေါ်ဖီထုပ် :: လျောက်ပြောမနေနဲ့တော့ ဟန်လုက လူတွေအများကြီးကို ရိုက်ချလာတဲ့ ဖိုက်တာကောင်း တစ်ယောက်။ဒီလူက သူ့အတွက်တော့ ပြိုင်ဘက်မဟုတ်ဘူး။

ဝိုက်ဘိုမှာ ဒီအကြောင်းအရာ တွေကိုပဲ ဆွေးနွေးနေကြပါတယ်။လင်းဖန်ဟာတော့ ဘာတွေ ဖြစ်နေလဲ ဆိုတာ စိတ်ဝင်စားနေခဲ့သညိ။

ယင်းနောက်တွင် သူဟာ ဗီဒီယို တစ်ခုကိုတွေ့လိုက်ရပါတယ်။ဗီိယိုကို ကြည့်ပြီးနောက် တွင် သူ့ဦးနှောက်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။

ကြမ်းတမ်းပြီး ရက်စက်မူ။

ဟန်လု က လိုင်လိုင် ကို လျင်မြနိပြီး လွယ်ကူစွာ အဆုံးသတ် ခဲ့ပါတယ်။တကယ်လို့ သူသာ ဟန်လုနဲ့ တိုက်ခိုက်ရရင် သူလဲ အကြုံးခံရမှာပါ။

ပထမ ခေါင်းစဥ်ကို မြင်ခါစတော့ သူမှာ ယုံကြည်မူရှိပါသေးတယ်။တတိယ မြောက်စာမျက်နှာက စွမ်းအားရှစ်မျိုး လက်သီး သိုင်းပါ။

သူဟန်လု ကို ရိုက်ချနိုင်လိမ့်မယ် တောင် ထင်ထားခဲ့တာပါ။သို့ပေမဲ့ ဗီဒီယို ကြည့်ပြီး တဲ့အချိန်မှာ ဟန်လုနဲ့ မတိုက်ခိုက် ချင်တော့ပေ။

ဒီလက်သီးမျိုးသာ သူကိုယ်ပေါ်ကို ရောက်လာရင် အတော် နာကျင်မှာပါ။ဒီအကြောင်း ထပ်မတွေး ခြင်းကသာ အကောင်းဆုံးဖြစ်သည်။

ယင်းနောက် တွင် လင်းဖန်ဟာ သူ့ပရိတ်သတ်တွေ ပိုမို တိုးပွားလာအောင် ပို့စ်တစ်ခုတင်လိုက်သည်။

"တကယ်တော့ ငါက စွမ်းအား ရှစ်မျိုးလက်သီး သိုင်းကိုလည်း တတ်ကျွမ်းထားတဲ့ မာစတာ တစ်ယောက်ပါ"

ခနလေး အတွင်းမှာပဲ မှတ်ချက်များစွာဟာ တက်လာခဲ့သည်။

ရှင်းမင် ကိုရင်လေး :: -မာစတာ ဗေဒင်ဟော တာကိုပဲ အာရုံစိုက်သင့်တယ်နော်။တို့ ဒီလို ကိစ္စတွေမှာ ဝင်မပါသင့်ဘူး။

မသေချာတဲ့ ကံတရား :: မပြောနဲ့တော့ ၊ မာစတာ လင်း ဗေဒင်ဟောတာ မှန်တယ် ဆိုတာ ဝန်ခံပါတယ်။ ကျွန်တော် သူငယ်ချင်းရဲ့ စလွန်းကို သွားတာ သူက ဆံပင် အစိမ်းရောင်ကြီး ဆိုးပေးလိုက်တယ်။သူဒီလို ဆိုးပေးလိုက်တာ ကျွန်တော်ကို တစ်ခုခု ပြောချင်တာလား?"

"666 ..... မင်းသူငယ်ချင်းက မင်းရဲ့အချစ်ကို မျှော်နေတဲ့ သူငယ်ချင်းကောင်းပဲ ဖြစ်လိမ့်မယ်ဟားဟားး"

လင်းဖန်ဟာ ဒီမှတ်ချက်တွေကို ကြည့်ရင်း တကယ် ဆွံ့အနေခဲ့ပါတယ်။တတိယ မြောက် မစ်ရှင် က လူသိများတဲ့ ကိုယ်ခံပညာရှင် ဖြစ်လာဖို့ပါ။

ငါဒီပုံစံ နဲ့ ဘယ်လို လုပ်ရမှာလဲ,,,?

မေ့လိုက်တော့။သူဒီလောက်အထိ စိုးရိမ် မနေသင့်ပါဘူး။အဆုံးသတ်မှာ အရာရာအဆင်ပြေ သွားမှာပါ။သို့ပေမယ့် တစ်ခြားလူတွေနဲ့ တိုက်ခိုက်ရင် နာကျင်မှာ ကိုတော့ သူ အနည်းငယ် ကြောက်မိသည်။

လင်းဖန် သူ့ဖုန်းကို ပိတ်ဖို့ လုပ်လိုက်တဲ့ အချိန်မှာ ဆောင်းဦးဓားရဲ့ မှတ်ချက်ကို တွေ့လိုက်ရပါတယ်။

ဆောင်းဦးဓား :: မင်းက စွမ်းအားရှစ်မျိုး လက်သီးသိုင်းရဲ့ မာစတာ လား? စောက်ရှက်ကို မရှိဘူး။

ဆောင်းဦးဓား :: ဟန်လုက လက်သီးတစ်ချက်ထိုး လိုက်တာနဲ့ မင်းမျက်နှာ စုတ်ပြတိသွားမယ်။

"အားလုံးပဲ စားစရာ နဲ့ ရေဗူးဆောင်ထား ကြဟေ။မီးတောက် စစ်ပွဲ အင်ပါယာ ဒီကို ရောက်လာနေပြီ ။တိုက်ပွဲဖြစ်တော့မယ် ထင်တယ်"

"ဒီ အင်ပါယာ က စကားလုံးတွေ မဆုံးနိုင်အောင် သုံးနိုင်တယ်။သူနဲ့ ယှဥ်ပြောရင် ဘယ်သူမှ မနိုင်ဘူး။ခနကြာရင် သူ့အကြောင်း မသိသေးတဲ့ လူသစ်တွေနဲ့ တိုက်ပွဲ့ဖြစ်လောက်တယ်"

ဆောင်းဦးဓား :: ဟေးး အရင်ကဟာတွေ မေ့လိုက်ကြတော့။ ဘဝကို နွေရာသီ ပန်းပွင့်လေးလို သာသာယာယာ ရှင်သန်ပြီး ၊ ဆောင်းဦးက သစ်ရွက်လေးလို သေဆုံးကြမယ်။ငါ မင်းတို့ကို မတိုက်ခိုက်ဘူး အမှန်တရားကို ပဲပြောပြနေတာ။

"666 အင်ပါယာ ခေါင်းဆောင်ကြီး တိုက်ပွဲမရှိတော့ အချစ်ရဲ့ ဒသနတွေကို ရေးနေပြီဟေ့။ဒီအခြေအနေက ကြုံရခဲတယ်နော်"

"စစ်ပွဲ မီးတောက် အင်ပါယာကြီးမှာ ဒီလိုနှလုံးသားလည်း ရှိတာပဲ ။ငါတို့ သူ့ကို ဂုဏ်ပြုသင့်တယ်နော်"

ဆောင်းဦးဓားက လင်းဖန်ရဲ့ အ​ေကာင့်ထဲမှာ လူသိများတဲ့ လူတစ်ယောက်ပါ။လင်းဖန် အကောင့် စဖွင့်ကတည်းက သူဒီမှာ ရောက်နေခဲ့တာ ဖြစ်ပြီး တိုက်ခိုက်နေတာ ဖြစ်သည်။

တိုက်ပွဲတိုင်းက ကြမ်းတမ်းခဲ့ပါတယ်။

လင်းဖန်လညိး ဒီကောင် ထူးထူးဆန်းဆန်း တွေဖြစ်နေတယ် လို့ တွေးလိုက်မိပါသည်။သူ ခနကြာအောင် တွေဝေပြီးတဲ့ နောက်မှာတော့ သီးသန့် စာကြောင်း ပို့ရန် ဆုံးဖြတ်လိုက်သည်။

"ဆောင်းဦးဓား မင်းက လူကောင်းလေးပဲ။ငါမင်းအတွက် ဗေဒင်တွက်ပေး ပါရစေ။မင်းကို အမြဲတမ်း ဂရုစိုက်ပေးနေတဲ့ သူနာပြုလေးက မင်းနဲ့ နီးစပ်ဖို့ ကံပါလာတယ်။ဒီနေ့ည ကိုးနာရီ မှာ မင်း သူနဲ့ နီးစပ်အောင် ကြိုးစားကြည့်ပါ။ငါ့ကို ယုံကြည်လိုက် မင်းဘဝ ပြောင်းလဲ သွားလိမ့်မယ်"

ဆောင်းဦးဓားဟာ အိပ်ယာထဲမှာ လှဲနေခဲ့ပြီး မျက်နှာကျတ်ကို ကြည့်ကာ မင်မင် နဲ့ ဖြစ်ခဲ့တဲ့ မတော်တဆ မူကို ပြန်တွေးနေခဲ့ပါတယ်။

သူ့ဆီ စာကျလာတာ တွေ့လိုက်ရတဲ့ အချိန်မှာ လှမ်းကြည့်လိုက်သည်။သူ မာစတာ လင်းမှာ အစွမ်းအစ ရှိမှန်း သိပါတယ်။ဒါပေမယ့် သူကလည်း ဆောင်းဦးဓားပါ။

သူတစ်ခါမှ ဘဝမှာ နောင်တရတဲ့ ကိစ္စမျိုးမလုပ်ဖူးပါဘူး။အနာဂတ်မှာ လည်း လုပ်လိမ့်မည်မဟုတ်ပေ။သူတစ်စုံတစ်ယောက်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ပြီး ရင် အဆုံးထိ တိုက်ခိုက် သွားမှာပါ။

ဆောင်းဦးဓား :: လစ်လိုက်။

ဒီစကားလုံး နှစ်လုံးက ဆောင်းဦးဓားရဲ့ သဘောထားကို ဖော်ပြဖို့ လုံလောက်ပါတယ်။

သူ့ဖုန်းထဲက နာရီကို ကြည့်လိုက်တဲ့ အချိန်မှာ ၈: ၃၀ ဖြစ်သည်။သူဝိုက်ဘို လည်း ထပ်မသုံးချင်တော့ပါဘူး။သူ ဘိုင်တု ဆော့ဝဲကို ဖွင့်လိုက်ပြီး အချစ်နှင့် ပတ်သက်တဲ့ အကြောင်းအရာ များကို ရှာဖွေနေခဲ့သည်။

သူ အချစ်နဲ့ ပတ်သက် ဝန်ခံချက် များကို ဖတ်ပြီးသွားတဲ့ အချိန်မှာ လှုပ်ရှားလာခဲ့သည်။

"လူလိမ် တကယ်လို့ ငါ့နဲ့ သူနာပြုမလေးသာ ချစ်သူဖြစ်သွားရင် ၊ မင်းကို လျော့ပေါ့ပြီး တိုက်ခိုက်ပေးမယ်"

ဆောင်းဦးဓားကို လာလာပြုစုပေးနေတဲ့ဟသူနာ ပြုမလေး တစ်ယောက်ရှိပါတယ်။သူမဟာ ငယ်ရွယ် ချောမောလှပပြီး ၊ တည်ငြိမ်မူရှိပါသည်။သူမရဲ့ ညင်သာတဲ့ စကားလုံးလေးတွေ က သူ့နှလုံးသားကို အရည်ပျော်စေပါတယ်။

၉ နာရီ။

သူနာပြုမလေး ဟာ ဆောင်းဦးဓားကို ပုလင်းချိတ်ပေးပြီး အခန်းပြင် မထွက်ခင် ပြုံးပြသွားခဲ့ပါတယ်။

သူမထွက်သွားတဲ့ အချိန်မှာ ဆောင်းဦးဓားဟာ အပ်ကို ဆွဲနှုတ်လိုက်သည်။

သူ မာစတာ လင်းနဲ့ မတည့်ပေမဲ့လည်း အရင်အဖြစ်အပျက်တွေအရ မာစတာလင်းက စွမ်းဆောင်နိုင်စွမ်း ရှိတဲ့ လူတစ်ယောက်ပါ။

ကြည့်ရတာ မာစတာ လင်းက သူနဲ့ တကယ်အဆင်ပြေ ချင်တဲ့ပုံပါပဲ။သူ့ ဘဝ က ၉ နာရီမှာ ပြောင်းလဲမယ် ဆိုကတည်းက သူဒီအခွင့်အရေးကို လက်လွတ်မခံနိုင်ပေ။

ဆောင်းဦးဓားဟာ သူနာပြုမလေး နဲ့ ချစ်သူတွေ ဖြစ်မဲ့အရေးကို တွေးပြီး စိတ်လှုပ်ရှားလာခဲ့သည်။

သူအခန်းတံခါးကို ဖွင့်ပြီး အမြန်လိုက်သွားလိုက်ပါတယ်။ကြီးမားတဲ့ လူနာဝတ်စုံဟာ သူ့ကို မတားဆီးနိုင်ပေ။

"ဂျင်ဂျင် ခနလေး"

ဆောင်းဦးဓားဟာ လှမ်းအော်လိုက်သည်။

ယင်းနောက်တွင် တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ဟာ ပိုပြီးတောငိ တိတ်ဆိတ်သွားခဲ့ပါတယ်။တစ်ချို့ သူနာပြုတွေဟာ ဆောင်းဦးဓားကို ကြည့်နေခဲ့သည်။

ဂျင်ဂျင် ဟာလည်း ဆောင်းဦးဓားကို လှည့်ကြည့်လိုက်ပါသည်။

**တီးတိုး ပြောသံများ**

ဆောင်းဦးဓားဟာ ဒူးထောက်ချလိုက်ပြီး ပြောလိုက်ပါတယ်။

"ဂျင်ဂျင် မင်းက ကောင်းကင်ကြီးဆိုရင် ငါက လေပြေညှင်းလေး ပါပဲ။ရာသီဥတု တွေဟာ ပြောင်းလဲပေမယ့် မင်းအတွက်တော့ ကိုယ့်ရဲ့ အချစ်က မပြောင်းလဲ ပါဘူး။ဂျင်ဂျင် မင်းကိုယ့်ရဲ့ မိန်းကလေး ဖြစ်ပေးနိုင်မလား"

** ဘေးနားရှိ လူများ အော့အန်သည့် အသံ**

ဒါကိုကြားပြီးတဲ့ နောက်မှာ ဂျင်ဂျင်ဟာ မျက်နှာဖြူဖျော့သွား ပြီး ပြန်လှည့်ပြေးသွားခဲ့ပါသည်။ဆောင်းဦးဓားဟာတော့ ဆွံ့အနေခဲ့သည်။သူ့ရဲ့ မျက်လုံးနဲ့ ပါးစပ်ကတော့ ပွင့်နေခဲ့ပါတယ်။

ယင်းနောက် သူဟာ စိတ်ဆိုးစွာ အခန်းထဲ ပြန်ဝင် သွားခဲ့ပြီး လင်းဖန်ဆီ စာရိုက်လိုက်သည်။

"မင်း#လိုး ၊ လူလိမ် ငါ ဆောင်းဥိးဓား ဘာမှ မလုပ်တော့ ဘူး မင်းကိုပဲ လိုက်တိုက်ခိုက်မယ် "

လင်းဖန် အိပ်ဖို့ ပြင်ဆင်နေသည့် အချိန်တွင် စာတစ်စောင်ကျလာခဲ့သည်။သူ ချက်ချင်း စာပြန်လိုက်ပါတယ်။

"ဟီးဟီး မင်းမှာ အစွမ်းအစရှိရင် လုပ်လိုက်လေ၊ မီးတောက် စစ်ပွဲ အင်ပါယာကြီး။ငါ ဂုဏ်ယူစွာ စောင့်နေမယ်"

ဆောင်းဦးဓား

"မင်း တကယ့် ခွေးသားပဲ ။စောင့်နေလိုက် ငါ့ စစ်တပ်ကို ခေါ်လာပြီး မင်းဝိုက်ဘို ကိုဖျက်ဆီးပြမယ်"

ဆောင်းဦးဓားဟာ အလွန် ဒေါသထွက်နေခဲ့သည်။သူ ဒေါသ ကို မထိန်းချုပ်နိုင်တော့ပါဘူး။

သို့ပေမဲ့ လင်းဖန်ကတော့ ဆောင်းဦးဓားလို ဦးတည်ရာ လျောက်လုပ်တတ်တဲ့ လူမျိုးကို ပညာပေးပြီးတာကို တွေးပြီး သဘောကျနေခဲ့ပါတယ်။ဒါက တကယ်ထိုက်တန်ပါတယ်။

ဒီလို ကောင်မျိုး ငရဲမကျရင် ဘယ်သူ ကျမှာလဲ......?

ဒီကောင် ငရဲကျကျ မကျကျ သူအိပ်ရပါဦးမယ်။ယင်းနောက် သူ ဖုန်လေးကို ပိတ်ကာ အိပ်ယာဝင်လိုက်တော့သည်။

All Chapters